← Chapters

အခန်း (၃၀၄)

Vol. 31 Ch. 304

အခန်း (၃၀၄)

Vol. 31 Ch. 304

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၄

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

“အဲဒီနေ့က တွေ့တုန်းကတော့ ရှင့်မျက်နှာက တခြားလူတွေရဲ့ အိပ်မက်ထဲက ပုံစံနဲ့ တူနေတာ သေချာပေမဲ့ ၊ ရှင်က ကူးပြောင်းလာသူ ဖြစ်မယ်လို့တော့ လုံးဝ မသေချာခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကူးပြောင်းလာသူတွေဆီမှာ ရှိတတ်တဲ့ ထူးခြားတဲ့ အနံ့မျိုး ရှင့်ဆီကနေ မရခဲ့လို့လေ” လီဝမ်ဝမ်က ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ ဒီနေ့တော့… ရှင့်ဆီကရတဲ့ အနံ့က အရမ်းကို ရင်းနှီးလွန်းနေတယ်။ ဒါကြောင့် ကျွန်မ သေချာသွားပြီ… ရှင်က ကူးပြောင်းလာသူတွေထဲက ကျွန်မရဲ့ မောင်လေးပဲ”

ထိုသို့ပြောပြီးနောက် သူမသည် တုပိုင်၏ မျက်နှာနားသို့ ကပ်ကာ တုပိုင်၏ ကိုယ်သင်းနံ့ကို ညင်သာစွာ ရှူရှိုက်လိုက်လေ၏။

သောက်ကျိုးနည်း။ ဤမျက်နှာလေးက လှလွန်းနေပြီး သူမရဲ့ ဟန်ပန်ကလည်း ဆွဲဆောင်မှု ပြင်းထန်လွန်းနေသည်။ ယောင်္ကျားတွေကို အသက်တိုစေနိုင်သည့် အလှတရားမျိုးပင်။

ဤကဲ့သို့သော အမျိုးသမီးမျိုးသည် ယောင်္ကျားများကို သတ်ဖြတ်ရန် အတွက် အလွန်သင့်တော်လှသည်။ ၉၅ ရာခိုင်နှုန်းသော ယောင်္ကျားများသည် သူမ တစ်ချက်ကြည့်လိုက်ရုံဖြင့် ကျရှုံးသွားကြလိမ့်မည်။ သူမက အဆိပ်တိုက်ကျွေးနေလျှင်တောင် တွေဝေခြင်းမရှိဘဲ သောက်သုံးမိကြပေလိမ့်မည်။

တုပိုင်သည် ယခုအချိန်တွင် မိန်းမစိုးတစ်ယောက် ဖြစ်နေသေးသော်လည်း သူ့ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုကတော့ ယခင်က မရှိခဲ့ဖူးသော လေးစားသမှုမျိုးဖြင့် တင်းမာထောင်မတ်လာလေသည်။

သောက်ကျိူးနည်း။ ဤအမျိုးသမီးသည် ကုန်းကုန်းတစ်ယောက်၏ ရွှေဂျိုးလေးကိုပင် ထောင်မတ်လာအောင် လုပ်နိုင်စွမ်းရှိနေလေ၏။ ဤအရာမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နေပြီ ဖြစ်သည်။

“ငါ့ဆရာ ၊ အရင်က ကူးပြောင်းလာသူက မင်းလောက် ပါရမီမရှိဘူး။ သူက သိုင်းရူးတစ်ယောက် သက်သက်ပဲ။ မင်းလောက် စိတ်ဝင်စားဖို့ မကောင်းဘူး” လီဝမ်ဝမ်က ပြောလိုက်သည်။

တုပိုင်သည် ပါရမီဆိုသည့် စကားလုံးကို ကြားလိုက်ရသောအခါ စိတ်လှုပ်ရှားသွားသည်။

ဟုတ်ပေ၏။ သူတုပိုင်သည် ပါရမီအပေါင်းတို့ဖြင့် ပြီးပြည့်စုံသော ကောင်ချောလေးတစ်ယောက်ဖြစ်ပေသည်။ ထိုကဗျာကောင်းများ ၊ စာစီစာကုံးများအားလုံးကို သူ့သည်သာ ရေးခြင်းဖြစ်ပြီး ကူးချထားခြင်းမဟုတ်ပေ။ တုပိုင်ရဲရဲကြီးပြောရဲသည်မှာ ယခင်က စနစ်ရှင်ဟောင်းသည် သိူင်းရူးပိသစွာပင် သိုင်းဝတ္ထုတွေကိုဘဲ ထိုင်ဖတ်နေပြီး သူတုပိုင်လို ကဗျာတွေကို စိတ်ဝင်စားသည် ကောင်မဟုတ်ပေ။

တုပိုင်က မေးလိုက်သည်။ “အဲဒီ စီနီယာရဲ့ အထောက်အထားက ဘာလဲဟင်။ ကျွန်တော် တကယ် သိချင်မိလို့ပါ”

လီဝမ်ဝမ်က ပြောလိုက်သည်။ “ကမ္ဘာပေါ်မှာ အံ့သြစရာအကောင်းဆုံး မီးနတ်ဘုရားဘာသာရဲ့ ဒုတိယဂိုဏ်းချုပ်ပဲ”

တုပိုင် လျှာထွက်သွားမိသည်။ ထိုဂုဏ်ပုဒ်သည် တကယ်ကို အရှိန်အဝါကြီးမားလှသည်။ မီးနတ်ဘုရားဘာသာသည် ကမ္ဘာပေါ်တွင် အကြီးဆုံး အင်အားကြီးအဖွဲ့အစည်း နှစ်ခုအနက် တစ်ခုဖြစ်ပြီး အင်ပါယာ ဒါဇင်ကျော်နှင့် လူဦးရေ သန်းရာပေါင်းများစွာကို ထိန်းချုပ်ထားသည်။

ထို့အပြင် သူမ၏ ဆရာ ၊ တုပိုင်၏ ရှေ့က စနစ်ရှင်ဟောင်းသည် ဒုတိယဂိုဏ်းချုပ် နေရာကို ရရှိခဲ့သည်ဆိုတော့ တကယ်ကို ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်စွမ်း ရှိခဲ့ပုံရသည်။ ထို့နောက် ဒုတိယဂိုဏ်းချုပ်သည် လီမိသားစု၏ နယ်မြေသို့ ရောက်လာပြီး လီဝမ်ဝမ်၏ ဆရာ ဖြစ်လာခဲ့သည်။ သေချာပေါက် သူသည် တာ့နင်အင်ပါယာ တစ်ခုလုံးကို သိမ်းပိုက်လိုခြင်း ဖြစ်ပေလိမ့်မည်။ တာ့နင်အင်ပါယာသည် မီးနတ်ဘုရားဘာသာ၏ နောက်ဆုံးနှင့် အကြီးမြတ်ဆုံး ပစ်မှတ်ဖြစ်သည်။

ယခုမှ တုပိုင် နားလည်သွားတော့သည်။ ထို ကူးပြောင်းလာသူ စီနီယာသည် အဘယ်ကြောင့် ကဗျာများ ကူးယူခြင်း မပြုခဲ့သနည်းဆိုလျှင် သူ့တာဝန်မှာ မီးနတ်ဘုရားဘာသာ အတွင်း၌ ကြီးထွားလာရန် ဖြစ်သောကြောင့်ပင်။ ထိုနေရာသည် တရုတ်ယဉ်ကျေးမှု မဟုတ်သည့်အတွက် ကဗျာကူးယူခြင်းသည် အသုံးမဝင်ခဲ့ပေ။

တုပိုင်က မေးလိုက်သည်။ “ဒါဆို ခင်ဗျားဆရာက ဘာလို့ အသတ်ခံလိုက်ရတာလဲ”

“မင်း ထင်တာ မှားနေပြီ” လီဝမ်ဝမ်က ပြောလိုက်သည်။ “ဖြစ်နိုင်တာကတော့ ဒီကမ္ဘာနဲ့ မသက်ဆိုင်တဲ့ သိုင်းပညာတွေကို ငါ့ကို သင်ပေးလိုက်လို့ ဖြစ်မယ်”

တုပိုင်၏ နှလုံးသား တုန်ခါသွားသည်။ ‘ကျိုယန်ကျမ်းရင်းတော့ မဖြစ်ပါစေနဲ့။’

ထို့နောက် သူက ချိုသာစွာ မေးလိုက်သည်။ “ဥပမာ… ဘယ်လို သိုင်းပညာမျိုးလဲဟင်။ အစ်မလှလှလေး”

“ဥပမာ ကျိုယင်းကျမ်းရင်နဲ့ တခြား ဒဏ္ဍာရီလာ အတွင်းအားသိုင်းတွေပေါ့” လီဝမ်ဝမ်က တုပိုင်၏ မေးစေ့ကို ပင့်မလိုက်ပြီး ပြောလိုက်သည်။ “ဒါမှမဟုတ်ရင် လူတစ်ယောက်က ဘယ်လိုလုပ် ဒီလောက် လှပပြီး ဒီလောက် ဆွဲဆောင်မှု ရှိနိုင်မှာလဲ”

ငါ့လခွမ်း။ တုပိုင်၏ ခေါင်းထဲတွင် ဤစကားလုံးသာ ပေါ်လာသည်။ လီဝမ်ဝမ် လေ့ကျင့်ခဲ့သည်မှာ ဒဏ္ဍာရီလာ လျှို့ဝှက်ကျမ်းစာအုပ် ကျိုယင်းကျမ်းရင်းဖြစ်နေသည်။

လက်စသတ်တော့ စနစ်ရှင်တစ်ယောက်စီ ကျင့်ကြံရတဲ့ အတွင်းအားတွေက မတူကြချေ။ သိသာလှစွာပင် ဤကျိုယင်းကျမ်းရင်း ဆိုသည်မှာ စနစ်ရှင်ဟောင်း၏ နာမည်ဖြစ်ပြီး ဤအတွင်းအား လျှို့ဝှက်သိုင်းကျမ်းသည်လည်း ဤကမ္ဘာနှင့် လုံးဝ မသက်ဆိုင်သည့် အရာဖြစ်သည်။

တုပိုင်၏ ကျိုယန်ကျမ်းရင်းနှင့် သူမ၏ ကျိုယင်းကျမ်းရင်း ၊ ဤသည်က မည်သို့သော သဘောတရားနည်း။ တစ်ခုနှင့်တစ်ခု တွန်းကန်နေကြမည့် ဆန့်ကျင်ဘက်များလော ၊ သို့တည်းမဟုတ် အပြန်အလှန် ဖြည့်ဆည်းပေးနိုင်သည့် အရာများလော။ အဖုနှင့် အချိုင့်ကဲ့သို့ အံဝင်ခွင်ကျ ဖြစ်နေမည့် အရာမျိုး ဖြစ်နေမည်လော။

တုပိုင်က မေးလိုက်သည်။ “တောင်းပန်ပါတယ် ၊ အစ်မရဲ့ ဆရာက ယောင်္ကျားလား ၊ မိန်းမလား”

လီဝမ်ဝမ်က ချွဲနွဲ့စွာ ပြောလိုက်သည်။ “အစတုန်းကတော့ ယောင်္ကျားပါပဲ ၊ နောက်ပိုင်းကျတော့ ယောင်္ကျားတစ်ဝက် မိန်းမတစ်ဝက် ဖြစ်သွားရော။ သူက သူ့ကိုယ်သူ တုန်းဖန်ပုပိုင် ဖြစ်သွားပြီလို့တောင် နောက်ပြောင်ခဲ့သေးတယ်။ မောင်လေး… တုန်းဖန်ပုပိုင် ဆိုတာ ဘာအဓိပ္ပာယ်လဲဟင်”

ဤမိစ္ဆာမလေးက သူ့ကို မောင်လေးဟု ချစ်စဖွယ် ခေါ်လိုက်သံကို ကြားရသောအခါ တုပိုင် တစ်ကိုယ်လုံး ပျော့ခွေသွားမတတ် ဖြစ်သွားသည်။

ဒါပေမဲ့ စနစ်ရှင်ဟောင်းက ဘာလို့လဲ…

သို့သော် စနစ်ရှင်ဟောင်းက သူ၏ လျှို့ဝှက်သိုင်းကျမ်းကို တခြားသူကို ပြန်သင်ပေးလိုက်လို့ အိပ်မက်စနစ်ရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတာ ဖြစ်တန်ရာ၏။

“တုန်းဖန်ပုပိုင် ဆိုတာ မိန်းမထက် ပိုလှတဲ့ ယောင်္ကျား ၊ သိုင်းလောကမှာ ပြိုင်ဘက်ကင်းသူလို့ အဓိပ္ပာယ်ရတယ်” တုပိုင်က ပြောလိုက်သည်။

လီဝမ်ဝမ်က ပြောလိုက်သည်။ “အစ်မက ကမ္ဘာ့နံပါတ်တစ် သိုင်းပညာရှင် ဆိုတဲ့ ဘွဲ့ကို လိုချင်တယ်။ မောင်လေးက အစ်မနဲ့ မပြိုင်ဘူး မဟုတ်လား”

“မပြိုင်ပါဘူး ၊ မပြိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဒီဘဝ အကြီးမားဆုံး ဆန္ဒက ယောင်္ကျားပြန်ဖြစ်ဖို့ ၊ ဇနီးမယား သုံးယောက် လေးယောက်လောက် ယူပြီး တစ်သက်လုံး စည်းစိမ်ယစ်ပြီး နေသွားဖို့ပါပဲ” တုပိုင်က ဆက်ပြောလိုက်သည်။ “ဒါပေမဲ့ အစ်မကို တွေ့ပြီးတဲ့နောက် ကျွန်တော့်ရဲ့ စိတ်ကူးတွေ လုံးဝ ပြောင်းလဲသွားပြီ။ အစ်မလှလှလေး ၊ ကျွန်တော် ဘာလို့ ဒီ ပိုင်ဆယ်စီရင်စုကို လာပြီး တပ်မှူးငယ် လာလုပ်လဲဆိုတာ သိလား”

လီဝမ်ဝမ်က မျက်လုံးလေး ပြူးကာ စူးစမ်းချင်စိတ်ဖြင့် အပြစ်ကင်းစင်စွာ မေးလိုက်သည်။ “ဘာလို့လဲဟင်… မောင်လေး”

တုပိုင်၏ အောက်ပိုင်းတစ်နေရာသည် နောက်တစ်ကြိမ် တင်းမာလာပြန်သည်။ ဒီမိန်းမက တကယ်ကို နတ်ဆိုးမလေးပင် ဖြစ်သည်။

တုပိုင်က စွဲလမ်းနေသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အစ်မအတွက်လေ… အစ်မလှလှလေးရယ် ၊ ပြီးခဲ့တဲ့တစ်ခေါက် အစ်မကို မြင်ပြီးကတည်းက ကျွန်တော့်စိတ်ထဲမှာ အစ်မပဲ ရှိတော့တယ်။ အစ်မအတွက်နဲ့ ကျွန်တော် ဘွဲ့ယူစာမေးပွဲမှာ ပထမရအောင် ဖြေခဲ့တယ်။ ပြီးတော့ ပိုင်ဆယ်စီရင်စုမှာ တာဝန်ကျဖို့ ရွေးချယ်ခဲ့တယ်။ ဒီနေရာက အရမ်း အရမ်းကို အန္တရာယ်များမှန်း သိပေမဲ့ ဒါက အစ်မနဲ့ အနီးဆုံးနေရာလေ။ အစ်မကို ရံဖန်ရံခါလောက် မြင်တွေ့ခွင့်ရရင်ပဲ ကျွန်တော် ကျေနပ်ပါပြီ”

“အစ်မရယ်… ကျွန်တော် အစ်မကို ရူးသွပ်မတတ် ချစ်မိသွားပြီ”

တုပိုင် ပေါက်ကရတွေ လျှောက်ပြောနေချိန်တွင် သူ၏ မျက်လုံးများက အလွန် ရိုးသားဟန် ပေါက်နေသည်။ တကယ်တမ်း အမှန်အတိုင်း ပြောသည့်အချိန်များတွင်မူ ရှောင်ဖယ်ရှောင်ဖယ် လုပ်တတ်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတစ်ရံတွင် မိန်းမတစ်ယောက်ရှေ့၌ အမှန်အတိုင်းပြောရသည်မှာ ရှက်စရာကောင်းသောကြောင့် ဖြစ်သည်။

“တကယ်လား” လီဝမ်ဝမ်က ပြောလိုက်သည်။ “ဒါဆို မင်း ဘာလို့ လီချန်ချန်ကို သတ်လိုက်တာလဲ”

“အဲဒီ ကောင်မစုတ်လား” တုပိုင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “သူက ဘယ်နေရာမှာ အစ်မနဲ့ ယှဉ်လို့ရမှာလဲ။ အစ်မရဲ့ ခြေမတစ်ချောင်းလောက်တောင် မမီပါဘူး။ ဒီကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း အလှပဂေးဆိုလို့ တစ်ယောက်ပဲ ရှိတယ်။ အဲဒါ အစ်မပဲ။ ကျွန်တော် သူ့ကို သတ်လိုက်တာက အစ်မတစ်ယောက်တည်းသာ ထူးခြားပြိုင်ဘက်ကင်း ဖြစ်စေချင်လို့ပါ” တုပိုင်သည် မျက်လုံးဖွင့်လျက်ဖြင့် ဆက်လက် လိမ်ညာနေလိုက်သည်။

လီဝမ်ဝမ်က သူမ၏ လှပသော မျက်လုံးများဖြင့် ဝိုးတဝါး ကြည့်ကာ ဆွဲဆောင်မှုရှိစွာ ပြောလိုက်သည်။ “လိမ္မာမောင်လေး ၊ အစ်မက မင်းကို အထင်လွဲခဲ့မိတာပဲ။ မင်းက ပိုင်ဆယ်စီရင်စုကို ပြဿနာ လာရှာတယ်လို့ ထင်နေခဲ့တာ။ အဲဒါကြောင့် အစ်မစိတ်ထဲ မကောင်းဖြစ်ပြီး လာမေးတာပါ”

တုပိုင်က ပြောလိုက်သည်။ “ဘယ်ကသာလဲ အစ်မရယ်။ အစ်မ ကျင့်ကြံထားတာက ကျိုယင်းကျမ်းရင်း ဆိုတော့ ၊ ကျွန်တော် ဘာအတွင်းအား ကျင့်ကြံထားလဲ ခန့်မှန်းကြည့်ပါလား”

“ဘာလဲဟင်” လီဝမ်ဝမ်က သူမ၏ လက်သီးဆုပ်လေးများကို ရင်ဘတ်ပေါ်တင်လိုက်ပြီး စိတ်လှုပ်ရှား မျှော်လင့်နေသည့် ပုံစံဖြင့် မေးလိုက်သည်။ “မဖြစ်နိုင်တာက… ကျိုယန်ကျမ်းရင်းများလား”

တုပိုင် ခေါင်းညိတ်လိုက်ပြီး ပြောသည်။ “ဟုတ်ပါတယ် ၊ ကျွန်တော် ကျင့်ကြံတာ ကျိုယန်ပါ။ ကျွန်တော်တို့မှာ ကျိုယန် တစ်ယောက် ၊ ကျိုယင်း တစ်ယောက် ရှိနေကြပြီ။ ကျွန်တော်တို့က သဘာဝတရားက ဖန်တီးပေးထားတဲ့ စုံတွဲပါပဲ။ ကျွန်တော်တို့သာ ယင်နဲ့ ယန် ပေါင်းစပ်လိုက်မယ်ဆိုရင် သေချာပေါက် ကမ္ဘာ့အကောင်းဆုံး သိုင်းပညာရှင်တွေ ဖြစ်လာမှာပါ”

ထို့နောက် တုပိုင်က ရိုးသားဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “အစ်မ… ကျွန်တော်တို့ နှစ်ကိုယ်တူကျင့်ကြံကြရအောင်”

လီဝမ်ဝမ်၏ မျက်နှာလေး နီရဲသွားပြီး ရှက်သွေးဖြာကာ ပြောလိုက်သည်။ “ဒီမှာကြီးလား… ဘေးနားမှာ လူတွေ ရှိနေတယ်လေ… ရှက်စရာကြီး”

ထို့နောက် သူမက ရုတ်တရက် အံကြိတ်ပြီး ပြောလိုက်သည်။ “ကောင်းကင်နဲ့ မြေကြီးရဲ့ အနှစ်သာရတွေ ပြည့်ဝနေတဲ့ နေရာကောင်းလေးတစ်ခုကို အစ်မ သိတယ်။ အဲဒီကို သွားပြီး နှစ်ကိုယ်တူကျင့်ကြံကြမယ်”

တုပိုင်က ပြောလိုက်သည်။ “တကယ်လား… ဘယ်နေရာလဲ”

လီဝမ်ဝမ်က ပြောလိုက်သည်။ “အစ်မနောက်လိုက်ခဲ့ ၊ အဲဒီနေရာကို ခေါ်သွားပေးမယ်။ ကျွန်မတို့ သွားပြီး နှစ်ကိုယ်တူကျင့်ကြံကြတာပေါ့”

ထို့နောက် လီဝမ်ဝမ်သည် တုပိုင်ကို ခေါ်ဆောင်သွားတော့သည်။ သူမက ခြေဖျားလေးဖြင့် အသာအယာ တို့ထိလိုက်ရုံဖြင့် ပြတင်းပေါက်မှတဆင့် တိုက်ရိုက် ပျံထွက်သွားလေသည်။

ဆရာသခင်ကြီး နင်ဇောင်ဝူ မရှိသလို ၊ မည်သူကမျှလည်း တုပိုင် အခေါ်ခံလိုက်ရသည်ကို သတိမထားမိလိုက်ကြပေ။

တုပိုင် လုံးဝ အံ့အားသင့်သွားရသည်။ ဤမိစ္ဆာမလေး၏ သိုင်းပညာအဆင့်အတန်းက မည်မျှအထိ မြင့်မားနေသနည်း။

သူမသည် တုပိုင်ကို ခေါ်ဆောင်သွားပြီး လမ်းလျှောက်နေသည်ဟုပင် မဆိုသာဘဲ ကောင်းကင်ပေါ်တွင် ပျံဝဲနေသကဲ့သို့ ဖြစ်နေသည်။

ခေါင်မိုးပေါ်တွင် ခြေဖျားဖြင့် အသာအယာ တို့ထိလိုက်ရုံဖြင့် ဆယ်မီတာကျော် ပျံဝဲသွားပြီးနောက် ညင်သာစွာ ပြန်ကျလာသည်။

လခြမ်းကွေးအောက်တွင် သူမသည် နတ်သမီးတစ်ပါးကဲ့သို့ လှပပြီး စုန်းမတစ်ကောင်ကဲ့သို့ ဆွဲဆောင်မှု ရှိနေသည်။

“အစ်မ… ကျိုယင်းကျမ်းရင်း ကို ကျင့်ကြံလာတာ ဘယ်လောက်ကြာပြီလဲ” တုပိုင် မေးလိုက်သည်။

လီဝမ်ဝမ်က ချစ်စဖွယ်အသံလေးဖြင့် ပြော၏။ “ဆယ်နှစ်ကျော်ပြီ”

တုပိုင်က ပြောလိုက်သည်။ “အဲဒီတုန်းက အစ်မရဲ့ဆရာက ဒီကမ္ဘာနဲ့ မသက်ဆိုင်တဲ့ သိုင်းပညာတွေကို တိတ်တဆိတ် သင်ပေးခဲ့တာလား”

“ဟုတ်တယ် ၊ လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အများကြီး သင်ပေးခဲ့တယ်။ အားလုံးက ဒီကမ္ဘာနဲ့ မသက်ဆိုင်တဲ့ ဒဏ္ဍာရီလာ သိုင်းပညာတွေချည်းပဲ။ ဒါကြောင့် မဟုတ်ရင် အစ်မက ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးမှာလဲ။ မဟုတ်ရင် ရှားလုံရွှိုက ဘယ်လိုလုပ် အစ်မခြေရင်းမှာ ဝပ်တွားခယနေမှာလဲ” လီဝမ်ဝမ်က ချွဲနွဲ့စွာ ပြောလိုက်သည်။

တုပိုင်က မေးလိုက်သည်။ “ဒါဆို အစ်မရဲ့ဆရာက ဘယ်အချိန်တုန်းက အသတ်ခံလိုက်ရတာလဲ”

“လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကပါ” လီဝမ်ဝမ်က ပြန်ဖြေသည်။

အကယ်၍ ဤကမ္ဘာသို့ မကူးပြောင်းမီကတည်းက ယခင်စနစ်ရှင်ဟောင်းသည် လီဝမ်ဝမ်အား အခြားကမ္ဘာမှ သိုင်းပညာရပ်များကို သင်ကြားပေးခဲ့သည်ဆိုလျှင် သူသည် စောစီးစွာကပင် သုတ်သင်ရှင်းလင်းခြင်း ခံရသင့်သည် မဟုတ်ပါလော။ အဘယ်ကြောင့် ယခုအချိန်ကျမှ ဖြစ်ရသနည်း။

သို့သော် ယခုအချိန်တွင် အိပ်မက်စနစ်သည် စွမ်းအင်အမြောက်အမြား အကုန်အကျခံပြီး တုပိုင်ကို သင်ကြားပေးမည့်အစား ကျိုယန်ကျမ်းရင်းသိုင်းကျင့်စဉ်ကို ဒန်တျန်နှင့် သွေးကြောများထဲသို့ တိုက်ရိုက် ထွင်းထုပေးခဲ့ခြင်း ဖြစ်ကြောင်း တုပိုင် နားလည်သွားသည်။ အကြောင်းမှာ ယခင်ကဲ့သို့ သိုင်းပညာများ ပေါက်ကြားသွားမည့် အဖြစ်ဆိုးမျိုး ထပ်မဖြစ်စေလို၍ ဖြစ်သည်။

ထိုသို့ဖြင့် မိစ္ဆာမလေးသည် တုပိုင်နှင့်အတူ ပျံသန်းလာခဲ့သည်။ ပိုင်ဆယ်မြို့မှ ထွက်ခွာလာပြီး မိုင်ရာချီဝေးကွာသော နေရာသို့ ရောက်ရှိလာကာ တောင်တန်းတစ်သိန်း းထဲသို့ ဝင်ရောက်လာခဲ့သည်။ တောင်တန်းတစ်သိန်းသည် အဆုံးအစမဲ့ ကျယ်ပြောလှသည်။

နာရီအနည်းငယ် ကြာပြီးနောက် လီဝမ်ဝမ်သည် နောက်ဆုံး၌ ရပ်တန့်လိုက်ပြီး တိမ်တိုက်များကြား ထိုးဖောက်ဝင်ရောက်နေသည့် ရှုခင်းအလွန်လှပသော တောင်ထိပ်တစ်ခုပေါ်သို့ ရောက်ရှိလာလေ၏။

“လိမ္မာတဲ့မောင်လေး… မင်း တကယ်ပဲ အစ်မနဲ့ ယင်-ယန် နှစ်ကိုယ်တူကျင့်ကြံချင်တာ သေချာရဲ့လား” လီဝမ်ဝမ်က ချွဲနွဲ့စွာ ပြောလိုက်သည်။ “အစ်မ ပြောထားမယ်နော်… အစ်မက ကျိုယင်းကျမ်းရင်း အပြင် တခြားသော မိစ္ဆာသိုင်းတွေကိုလည်း လေ့လာထားသေးတယ်။ ခဏနေလို့ မင်းနဲ့ အစ်မ နှစ်ကိုယ်တူကျင့်ကြံကြရင် မင်းရဲ့ အတွင်းအားတွေကို စုပ်ယူလိုက်မိပြီး မင်းသေသွားလိမ့်မယ်”

တုပိုင်က ခပ်တည်တည် ပြောလိုက်သည်။ “ပန်းမွေ့ရာအောက်မှာ သေလို့ သရဲဖြစ်ရရင်တောင် ရိုမန်းတစ် ဆန်ပါသေးတယ်”

ထို့နောက် တုပိုင်သည် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်ပြီး မျက်လုံးကို မှိတ်ကာ ပြောလိုက်သည်။ “လာလေ အစ်မ… ကျွန်တော့်ဆီက အားလုံးကို စုပ်ယူလိုက်ပါ… ညှာမနေပါနဲ့”

လီဝမ်ဝမ်သည် သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ညင်သာစွာ ကိုင်းညွတ်လိုက်ပြီး လှပသော မျက်နှာလေးဖြင့် အနားသို့ ကပ်လာကာ သစ်ခွပန်းရနံ့သင်းသော လေငွေ့လေးများကို မှုတ်ထုတ်ရင်း ချွဲနွဲ့စွာ ပြောလိုက်သည်။

“လိမ္မာတဲ့မောင်လေး… အစ်မ လာပြီနော်။ နည်းနည်းတော့ နာမယ် ၊ သည်းခံနော်”

အပိုင်း ၃၀၄ ပြီး။

All Chapters