← Chapters

အခန်း (၃၀၅)

Vol. 31 Ch. 305

အခန်း (၃၀၅)

Vol. 31 Ch. 305

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၀၅

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

နင်ဇောင်ဝူ ထွက်ခွာသွားပြီးနောက် ကျီချင်းကျူသည်လည်း အစည်းအဝေးခန်းမမှ ထွက်လာခဲ့ပြီး အပြာရောင်နဂါးဂိုဏ်း ခံတပ်၏ ဗဟိုချက်ဆီသို့ လျှောက်လာသည်။ ဤနေရာတွင် ရေကန်တစ်ခု ရှိနေပြီး ပတ်ဝန်းကျင် မီတာရာချီအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။

သူ၏ ပုံရိပ်သည် တစ်ချက်မျှ လှုပ်ရှားသွားပြီးနောက် ကျီချင်းကျူသည် ရေကန်ထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားတော့သည်။ ရေအောက်ထဲတွင် သူသည် အောက်သို့သာ တရစပ် ငုပ်ဆင်းနေလေ၏။

ရေကန်၏ အောက်ခြေသို့ ရောက်သောအခါ လျှို့ဝှက်ယန္တရား အချို့ ရှိနေသည်။ သူသည် ထိုယန္တရားများကို အစဉ်လိုက်အတိုင်း ဖွင့်လိုက်ရာ ရုတ်တရက်ဆိုသလို နက်နဲဆန်းကြယ်သော လျှို့ဝှက်တံခါးတစ်ခု ပွင့်လာလေ၏။ သူသည် ထိုတံခါးထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားပြီးနောက် တံခါးသည်လည်း ချက်ချင်း ပြန်ပိတ်သွားသည်။ ကျီချင်းကူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းလှသဖြင့် ရေမျက်နှာပြင်ပေါ်တွင် ဝဲကတော့ပင် ဖြစ်ပေါ်ချိန် မရလိုက်ချေ။

ရေအောက်ဝင်ပေါက်မှ ဝင်လာပြီးနောက် ကျီချင်းကျူသည် လှေကားထစ်များအတိုင်း အောက်သို့သာ ဆင်းလာလိုက်သည်။ မြေအောက် မီတာ ဆယ်ဂဏန်းအထိ နက်ရှိုင်းသောနေရာသို့ ရောက်သောအခါမှ လမ်းဆုံးသွားလေ၏။ ဤနေရာသည် စားပွဲတစ်လုံး၊ စုတ်တံ၊ မင်အိုး၊ စက္ကူနှင့် မင်ကျောက်ပြားတို့သာ ရှိသော ရိုးရှင်းသည့် လျှို့ဝှက်ခန်းတစ်ခုသာ ဖြစ်သည်။

ဖယောင်းတိုင်ကို ထွန်းလိုက်ပြီးနောက် ကျီချင်းကျူသည် စားပွဲတွင် ထိုင်ကာ အံဆွဲကို ဖွင့်လိုက်သည်။ ထို့နောက် အတွင်းမှ လိပ်ထားသော စာမူတစ်ခုကို ထုတ်ယူလိုက်ရာ မျက်နှာဖုံးပေါ်တွင် စာလုံးလေးလုံးကို တွေ့လိုက်ရသည်။ ယင်းမှာသွေးကြောခြောက်သွယ် နတ်ဓားသိုင်းပင်ဖြစ်လေ၏။

ဤသည်ကား ၊ ဤကမ္ဘာနှင့် လုံးဝမသက်ဆိုင်သော ၊ ဒဏ္ဍာရီလာ အဝေးပစ် အတွင်းအား သုံး သိုင်းကျမ်းပင် ဖြစ်လေ၏။ အဝေးမှနေ၍ ချီစွမ်းအင်ဖြင့် တိုက်ခိုက်နိုင်သည့် တစ်ခုတည်းသော သိုင်းကျမ်းလည်း ဖြစ်သည်။ သူ၏ဆရာသည် ဤရှေးဟောင်းကျမ်းကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပြီး ဤကျမ်းကြောင့်ပင် အသက်ပေးခဲ့ရခြင်း ဖြစ်သည်။

သူသည် စာမျက်နှာများကို တစ်ရွက်ချင်းစီ အလွန်အမင်း အာရုံစိုက်ကာ ဖတ်ရှုနေသည်။ စာမျက်နှာတိုင်းတွင် ရှုပ်ထွေးလှသော ပုံစံများ ၊ စာလုံးများ ၊ ဂဏန်းများနှင့် စာသားများ ပါဝင်နေသည်။

တစ်နာရီခန့် ကြာပြီးနောက် သူသည် စာမျက်နှာ ၂၀၀ ကျော်အထိ ရောက်လာခဲ့သော်လည်း ကျန်ရှိသော နောက်ပိုင်းစာမျက်နှာများမှာ လုံးဝ ဗလာဖြစ်နေသည်။ ဤသည်မှာ ပြည့်စုံသော သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကျမ်း မဟုတ်သေးဘဲ နောက်ထပ် စာမျက်နှာ ၂၀ ခန့် လိုအပ်နေသေးသည်။

ကျီချင်းကျူသည် မင်ကို စတင်သွေးလိုက်ပြီး စုတ်တံကို မင်တို့ကာ ဗလာဖြစ်နေသော စာမျက်နှာများပေါ်တွင် စာများ ၊ ပုံများကို စတင် ရေးဆွဲတော့သည်။ သူ၏ အမြန်နှုန်းမှာ အံ့မခန်း ဖြစ်ပြီး ပုံတိုင်းသည်လည်း အလွန်ပင် တိကျလှပလှသည်။

သုံးနာရီခန့်ကြာသောအခါ ပြီးဆုံးသွားပြီ ဖြစ်သည်။ သူသည် သွေးကြောခြောက်သွယ်ပထမတွဲ၏ နောက်ဆုံး အစိတ်အပိုင်းများကို ဖြည့်စွက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက် သူသည် ထိုသိုင်းကျမ်းကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ဘုရားတစ်ဆူလို ကိုးကွယ်ယုံကြည်နေသည့်အလား ကြည့်နေမိသည်။ ဤအရာသည် ကမ္ဘာပေါ်တွင် တန်ဖိုးအရှိဆုံး အရာဖြစ်ပြီး တစ်လောကလုံးရှိ သိုင်းလောက၏ ဟန်ချက်ကိုပင် ပြောင်းလဲပစ်နိုင်သည့် အရာဖြစ်သည်။

ဤသိုင်းကို တတ်မြောက်သူသည် အဝေးမှနေ၍ ရန်သူကို ချီစွမ်းအင်ဖြင့် တိုက်ခိုက်နိုင်မည်ဖြစ်ပြီး မိမိထက် အဆင့်မြင့်သော ရန်သူကိုပင် အဝေးကနေ သတ်ဖြတ်နိုင်မည် ဖြစ်သည်။ ဤသည်မှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော ပြိုင်ဘက်ကင်း ပြင်ပအားသိုင်း ဖြစ်ပေသည်။

ကျီချင်းကျူသည် ထိုသိုင်းကျမ်းကို ရင်ဘတ်တွင် ကပ်ထားရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

“ဘယ်သူ့ကိုမှ မပေးနိုင်ဘူး… ဘယ်သူ့ကိုမှ မသိစေရဘူး”

သူသည် ဆက်လက်ပြီး နာကျင်စွာ ရေရွတ်နေမိသည်။

“ဆရာ… အနှစ် ၂၀ တောင် ရှိသွားပြီ ၊ ကျွန်တော် ဘာလို့ ဒီသွေးကြောခြောက်သွယ် နတ်ဓားသိုင်းကို မသင်ယူနိုင်သေးတာလဲ။ ဒါက ဆရာ့အတွက် ကလဲ့စားချေဖို့ ကျွန်တော့်ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ပေမင်ဓားဂိုဏ်းကို အမြစ်ပြတ် တစ်ခုတည်းသော အခွင့်အရေးပဲ”

သက်ပြင်းရှည်ကြီး တစ်ချက်ချပြီးနောက် ကျီချင်းကျူသည် သူဖြည့်စွက်ရေးသားထားသော ပြည့်စုံသည့် သွေးကြောခြောက်သွယ် နတ်ဓားသိုင်းကျမ်းကို မီးပုံပေါ်တင်ကာ ရှို့လိုက်တော့သည်။ ခဏချင်းမှာပင် အဖိုးမဖြတ်နိုင်သော ထိုသိုင်းကျမ်းသည် ပြာအဖြစ် ပြောင်းလဲသွားသည်။ ထိုကဲ့သို့သော ပြာများသည် ဤလျှို့ဝှက်ခန်း၏ နေရာအတော်များများကို ဖုံးလွှမ်းနေပြီ ဖြစ်သည်။

သွေးကြောခြောက်သွယ် နတ်ဓားသိုင်းသည် ကျီချင်းကျူ၏ မှတ်ဉာဏ်ထဲတွင် အမြဲရှိနေသည်။ သူသည် ညတိုင်း ဤလျှို့ဝှက်ခန်းသို့ လာကာ သူ၏ မှတ်ဉာဏ်ထဲမှ သိုင်းကျမ်းကို ပြန်လည် ကူးယူလေ့ရှိသည်။ သိုင်းကျမ်းတစ်ခုလုံး ပြန်ကူးရန် တစ်လတိတိ ကြာသော်လည်း ကူးပြီးသည်နှင့် ချက်ချင်း ပြန်မီးရှို့ပစ်လေ့ရှိသည်။

ဤနည်းဖြင့် သူသည် သိုင်းကျမ်းကို ဘယ်တော့အခါမှ မေ့လျော့မည် မဟုတ်သလို ၊ ဘယ်တော့အခါမှလည်း အပြင်သို့ ပေါက်ကြားသွားမည် မဟုတ်ချေ။

**--**--**--**--**--**--**--**

အမည်မသိ တောင်ထိပ်ပေါ်တွင်။

လီဝမ်ဝမ်၏ စကားကို ကြားပြီးနောက် တုပိုင်က မေးလိုက်သည်။

“ဒီကမ္ဘာက မတူဘူးလား။ အပျိုစင်ဘဝ ပျက်စီးသွားရင် တကယ်ပဲ အဲဒီလောက် နာကျင်တာလား”

လီဝမ်ဝမ်က ချွဲနွဲ့စွာဖြင့် ဖြေလိုက်သည်။

“ဟုတ်တယ်လေ”

တုပိုင်က ပြောလိုက်သည်။

“ကျွန်တော်က နာမာကို မကြောက်ပါဘူး။ လာပါ အစ်မလှလှလေးရယ်… အစ်မအတွက်ဆိုရင် မီးပင်လယ်ထဲ ဆင်းရ ဆင်းရ ၊ ဓားတောင်တက်ရ တက်ရ… ဒီလောက် နာတာလေးကတော့ ဘာမှမဟုတ်ပါဘူး”

လီဝမ်ဝမ်က သူ့ကို တစ်ဖန် ပြန်နမ်းလိုက်ပြီးနောက် သူမ၏ နူးညံ့သော လျှာလေးဖြင့် တုပိုင်၏ မျက်နှာကို ယက်ကာ တိုးတိုးလေး ပြောလိုက်သည်။

“လိမ္မာတဲ့ မောင်လေး… မင်းရဲ့ ပါးစပ်က တကယ် ချိုတာပဲ ၊ မင်းရဲ့ မျက်နှာလေးကလည်း တကယ် လှတာပဲ”

လီဝမ်ဝမ်က ဆက်ပြောသည်။

“ဒါပေမဲ့ နှမြောစရာပဲ… အစ်မက အထူးသိုင်းပညာတစ်မျိုးကို ကျင့်ကြံနေတာဆိုတော့ အပျိုစင်ဘဝကို ဖျက်လို့ မရသေးဘူး။ အဲဒါကြောင့် မောင်လေးနဲ့ အခုချက်ချင်း နှစ်ကိုယ်တူ မကျင့်ကြံနိုင်သေးဘူး။ အဲဒါကို မောင်လေး သည်းခံနိုင်မလား။ အခု အစ်မက အဆင့် ၈ ကို ရောက်နေပြီ။ အဆင့် ၉ ကို ရောက်တာနဲ့ အမတို့ နှစ်ကိုယ်တူ ကျင့်ကြံလို့ ရပြီ။ မကြာတော့ပါဘူး”

အကယ်၍ တုယန်သာ ဤနေရာမှာ ရှိနေလျှင် ဤစကားများသည် အလွန်ရင်းနှီးနေသည်ကို သတိထားမိပေလိမ့်မည်။

လီဝမ်ဝမ်က ထပ်ပြောလိုက်သည်။

“အဲဒီမတိုင်ခင်မှာ အမတို့ ကစားပွဲတစ်ခု ကစားရအောင်လား။ အရမ်း အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ကစားပွဲတစ်ခုလေ”

တုပိုင်က မေးလိုက်သည်။

“ဘာကစားပွဲလဲ”

လီဝမ်ဝမ်က ရှင်းပြလိုက်သည်။

“အစ်မ မောင်လေးကို အိပ်မက်မက်တယ်ဆိုတာ တကယ်ပါ။ ဒါပေမဲ့ အိပ်မက်ထဲမှာ ဇာတ်သိမ်းက နှစ်မျိုးရှိတယ်။ တစ်ခုက ကောင်းတယ် ၊ နောက်တစ်ခုက ဆိုးတယ်။ အဲဒါကြောင့် အစ်မလည်း ဝေခွဲမရဖြစ်နေတာ။ မောင်လေးကို နမ်းရမလား ၊ ဒါမှမဟုတ် သတ်ပစ်ရမလားဆိုတာ မသိဘူး။ အဲဒါကြောင့် ကစားပွဲတစ်ခု ကစားကြမယ်”

လီဝမ်ဝမ်က ထပ်မံ ပြောကြားလိုက်သည်။

“မောင်လေးက ကံတရားရဲ့ သားတော်လို့ ကြားတယ်။ ဒါကြောင့် တုပိုင်ဆိုတဲ့ နာမည်နဲ့ မောင်လေးက သေမှာ မဟုတ်ဘူး မလား။ ရှားလုံလူမျိုးစုမှာ မောင်လေး လုပ်ခဲ့တဲ့ သူရဲကောင်းဆန်တဲ့ ပုံပြင်တွေကို အစ်မ ကြားပြီးပြီ။ ခေါင်းကိုးခုမြွေနတ်ဘုရားဆီကနေ အသက်ရှင်ရက် ပြန်လာနိုင်ခဲ့တယ် ၊ ချွေ့ဖိန်ထင်ကို သတ်ခဲ့တယ် ၊ ပြီးတော့ ရှားလုံရွှိုကို အစ်မရဲ့ လီမိသားစုနယ်မြေကို တိုက်ခိုက်ဖို့ စေခိုင်းခဲ့တယ်။ မောင်လေးက တကယ်ကို ရဲရင့်ပြီး သတ္တိရှိတာပဲ”

ဤအချိန်တွင် တုပိုင်သည် ဆက်ပြီး ဟန်မဆောင်တော့ဘဲ ခါးသီးစွာ ပြုံးလိုက်တော့သည်။ သူက တိုက်ရိုက်ပင် မေးလိုက်သည်။

“လီဝမ်ဝမ်… မင်း ရှားလုံရွှိုကို ဘယ်လို သိမ်းသွင်းလိုက်တာလဲ”

လီဝမ်ဝမ်က ဖြေလိုက်သည်။ “သူကပဲ လူတွေကို လိုက်သိမ်းသွင်းချင်နေတာပါ။ သူ့ရဲ့ လူရိုင်းစစ်တပ်ကို အစ်မက အနိုင်ယူလိုက်ပြီးတဲ့နောက် သူ ထွက်ပြေးလို့ ရပေမဲ့ မပြေးဘူး။ အစ်မကို မြင်တာနဲ့ သူက အစ်မကို လက်ထပ်ချင်တယ် ၊ အိပ်ချင်တယ်လို့ ပြောတော့တာပဲ။ အဲဒီနောက်မှာ သူက အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ထဲကို အကြောင်းပြချက် မရှိဘဲ ဝင်လာခဲ့တယ်။ သူက သန်မာတာကြောင့် အမတို့က သူ့ကို ဒုတိယခေါင်းဆောင် အဖြစ် ခန့်ထားလိုက်တာ”

တုပိုင် နားလည်သွားပြီ ဖြစ်သည်။ ရှားလုံရွှိုသည် အရေးနိမ့်သွားပြီးနောက် လီဝမ်ဝမ်အား ထူးခြားသူတစ်ဦးအဖြစ် ခံစားလိုက်ရခြင်း ဖြစ်သည်။ သူသည် သူမကို သိမ်းပိုက်ပြီး အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့တစ်ခုလုံးကို ရယူရန် ရည်မှန်းထားပုံရသည်။

လီဝမ်ဝမ်က ဆက်လက် မေးမြန်းလိုက်သည်။

“မောင်လေးကရော… ခေါင်းကိုးခုမြွေနတ်ဘုရားဆီကနေ ဘယ်လို လွတ်လာတာလဲ”

တုပိုင်က ရှင်းပြလိုက်သည်။

“သူက မေးခွန်းသုံးခု မေးတယ် ၊ ကျွန်တော်က အကုန်မှန်အောင် ဖြေလိုက်လို့ သူက ကျွန်တော့်ကို လွှတ်ပေးလိုက်တာ”

လီဝမ်ဝမ်က ရယ်မောရင်း မေးလိုက်သည်။

“သူမေးတာက… ဘယ်ဟာက သူ့ရဲ့ တကယ့်ခေါင်းလဲ ၊ သူအသက် ဘယ်လောက်ရှိပြီလဲ ၊ နောက်ထပ် ဘယ်နှစ်နှစ် အသက်ရှင်နိုင်မလဲဆိုတာ မဟုတ်လား”

တုပိုင် အံ့သြသွားရသည်။ ဤမိစ္ဆာမလေးက ဘယ်လိုလုပ် သိနေရသနည်း။

လီဝမ်ဝမ်က ညင်သာစွာ ပြောလိုက်သည်။

“မောင်လေးက ခေါင်းကိုးခုမြွေနတ်ဘုရားဆီကနေ ပထမဆုံး ထွက်လာနိုင်တဲ့သူ မဟုတ်ပါဘူး။ မောင်လေးရဲ့ ရှေ့က စနစ်ရှင်ကလည်း ထွက်လာနိုင်ခဲ့ဖူးတယ် ၊ ဒါပေမဲ့ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပေါ့။ မောင်လေးက မြွေနတ်ဘုရားရဲ့ တွင်းနက်ထဲကနေ အသက်ရှင်ရက် ပြန်လာတယ်ဆိုကတည်းက အစ်မ သံသယဝင်ခဲ့တာ”

ထို့နောက် လီဝမ်ဝမ်က စိန်ခေါ်လိုက်သည်။

“လိမ္မာတဲ့ မောင်လေး… အရင်က မြွေနတ်ဘုရားဆီကနေ အသက်ရှင်ခဲ့ဖူးတယ်ဆိုတော့ ၊ အခုလည်း အဲဒီလို သေမင်းကစားပွဲမျိုး ထပ်ကစားရအောင်လား။ မောင်လေး နောက်ထပ် အံ့ဖွယ်တစ်ခုကို ဖန်တီးနိုင်မလား ကြည့်ရအောင်”

တုပိုင်က ငြင်းဆိုလိုက်သည်။

“အဲဒါကြီးက သိပ်မကောင်းဘူး ထင်တယ်”

လီဝမ်ဝမ်က အတင်းအကျပ် ပြောလိုက်သည်။

“မရဘူး… အစ်မက ကစားချင်တာ။ မောင်လေးသာ အသက်ရှင်ရက် ပြန်ထွက်လာရင် ၊ အစ်မ မောင်လေးနဲ့ ယင်-ယန် နှစ်ကိုယ်တူ ကျင့်ကြံဖို့ စောင့်နေမယ်”

တုပိုင်က စိတ်ထဲကနေ ဒေါသတကြီး ဆဲရေးလိုက်သည်။

‘နင့်မေလင်ကို နှစ်ကိုယ်တူကျင့်ကြံတာလား ၊ ကောင်မစုတ်ရဲ့’

လီဝမ်ဝမ်သည် သူမ၏ ဆွဲဆောင်မှုရှိသော အမူအရာများကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“တုပိုင်… မင်း ငါနဲ့ အဆုံးအထိ ရူးချင်ယောင်ဆောင်နေလိမ့်မယ်လို့ ငါ ထင်နေတာ”

ထို့နောက် သူမသည် တုပိုင်၏ လက်ကို ဆွဲကိုင်ကာ ကျယ်ပြောလှသော ချောက်ကမ်းပါးကြီးတစ်ခု၏ နှုတ်ခမ်းဝသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်သည်။

“ဒီမှာလည်း အရမ်းနက်တဲ့ ချောက်ကြီး တစ်ခု ရှိတယ်။ ဒီအောက်မှာ ဘာရှိလဲဆိုတာ ခန့်မှန်းကြည့်မလား။ ငါတော့ မပြောပြဘူး ၊ မင်းဘာသာမင်း ဆင်းကြည့်လိုက်တော့။ ငါ ပြောနိုင်တာကတော့… ဒီအောက်မှာ ရှိတဲ့အရာက ခေါင်းကိုးခုမြွေနတ်ဘုရားထက် အများကြီး ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာပဲ”

သူမက ဆက်လက် ခြိမ်းခြောက်လိုက်ပြန်သည်။

“တူညီတဲ့အချက်ကတော့ ဒီအောက်က အကောင်ကလည်း လူသားစားရတာကို ကြိုက်တယ်။ အချိန်အတိုင်းအတာ တစ်ခုရောက်တိုင်း ငါတို့က လူတွေကို အရှင်လတ်လတ် ဒီထဲကို ပစ်ချပြီး သူ့ကို ကျွေးရတယ်။ တုပိုင်… မင်းက အရမ်းကံကောင်းတဲ့သူဆိုတော့ သေမှာမဟုတ်ဘူးလို့ ငါ ယုံကြည်တယ်”

ဤချောက်နက်ကြီးထဲတွင် အေးစက်သော လေများ ဝှေ့ယမ်းနေပြီး သေမင်း၏ အနံ့အသက်များ ရနေသည်။ ယခင် ခေါင်းကိုးခုမြွေနတ်ဘုရား၏ တွင်းနက်နှင့် နှိုင်းယှဉ်လျှင် ဤနေရာသည် ငရဲနှင့် ပိုတူနေပြီး တုပိုင်သည် ဝိညာဉ်များ၏ အော်ဟစ်သံများကိုပင် ကြားနေရသလို ခံစားနေရသည်။

လီဝမ်ဝမ်သည် တုပိုင်ကို ချောက်ထဲသို့ တွန်းချရန် ပြင်လိုက်သည်။

တုပိုင်က တားလိုက်သည်။

“နေဦး ကျွန်တော့်ဘာသာကျွန်တော် ခုန်ချမယ်”

လီဝမ်ဝမ်က အမူအရာပြန်ပြောင်းလိုက်ပြီး ချွဲနွဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။

“ကောင်းပြီလေ မောင်လေး… မောင်လေးက တကယ် သတ္တိရှိတာပဲ”

တုပိုင် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီးနောက် အံတင်းတင်းကြိတ်ကာ အောက်သို့ ခုန်ချလိုက်တော့သည်။

**--**--**--**--**--**--**--**

ချောက်နက်ကြီးသည် အမှန်တကယ်ပင် အလွန်တရာ နက်ရှိုင်းလှသည်။ မီတာ တစ်သောင်း ရှိမရှိ မသိသော်လည်း ကီလိုမီတာ အတော်များများ ရှိသည်မှာတော့ သေချာသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ မည်သည့် အကာအကွယ်မျှ မရှိဘဲ တုပိုင်သည် အရှိန်ပြင်းပြင်းဖြင့် အောက်သို့သာ ကျဆင်းနေခဲ့သည်။

သူသည် အောက်ခြေသို့ရောက်ကာ အသားတစ်စစီ ဖြစ်တော့မည်ဟု ထင်နေချိန်တွင် ၊ ရုတ်တရက်ဆိုသလို သူသည် လေထဲတွင် ရပ်တန့်သွားသည်။

“ရှူး…”

ပြင်းထန်သော အင်အားတစ်ခုက သူ့ကို ဆွဲငင်လိုက်သည်။ ဤအရာမှာ ဘာနည်း။ မည်ကဲ့သို့ မိစ္ဆာမျိုးဖြစ်သည်နည်း။ သို့သော် နောက်တစ်စက္ကန့်တွင် ထိုအရာသည် ပါးစပ်ကို ဟလိုက်ပြီး အငမ်းမရ စတင် ဝါးမြိုတော့သည်။

တုပိုင်၏ ခန္ဓာကိုယ်ရှိ သွေးများသည် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားပြီး ထိုထူးဆန်းသော လူ၏ ပါးစပ်ထဲသို့ လျင်မြန်စွာ ပျံဝင်သွားတော့သည်။ အစွယ်များလည်း မရှိ ၊ တုပိုင်၏ လည်ပင်းကို ကိုက်နေစရာလည်း မလိုဘဲ လေထဲကနေ သွေးကို တိုက်ရိုက် စုပ်ယူနေခြင်း ဖြစ်သည်။

“အားဟားဟားဟားးး”

“ဘယ်လောက်တောင် လတ်ဆတ်တဲ့ သွေးလဲ”

“အရသာရှိလိုက်တာ… တကယ် အရသာရှိတယ်”

ဤချောက်နက်ကြီး၏ အောက်တွင် လူတစ်ယောက် ရှိနေခြင်း ဖြစ်သည်။ မိစ္ဆာထက်ပင် ပို၍ ကြောက်စရာကောင်းသော လူတစ်ယောက် ဖြစ်သည်။ သူ့တွင် လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်လုံး မရှိတော့ဘဲ ဖြတ်တောက်ခံထားရသည်။

တစ်ကိုယ်လုံးကို သံကြိုးများဖြင့် ဖောက်ထွင်းထားပြီး ချောက်ကမ်းပါး၏ ကျောက်နံရံတွင် အရှင်လတ်လတ် ရိုက်နှက် ချည်နှောင်ထားခြင်း ခံထားရကာ လေထဲတွင် တွဲလောင်း ဖြစ်နေသည်။ သူသည် အသက်ဘယ်လောက်ရှိပြီမှန်း မသိနိုင်လောက်အောင် အိုမင်းနေပြီး တကယ်ကို မိစ္ဆာတစ်ကောင်နှင့် တူနေသည်။

လီဝမ်ဝမ်က ဤထဲရှိအရာမှာ ခေါင်းကိုးခုမြွေနတ်ဘုရားထက် ပိုကြောက်ဖို့ကောင်းသည်ဟု ပြောခဲ့သည်မှာ မမှားချေ။ မှန်ပေသည် ၊ ဤကမ္ဘာတွင် လူသားများသည် ထူးဆန်းသော သားရဲများထက် အမြဲတမ်း ပို၍ ကြောက်စရာကောင်းလှသည်။ မိစ္ဆာမလေး ပြောခဲ့သည့် စုပ်ခံရပြီး သေရမည်ဆိုသည်မှာ ပန်းမွေ့ရာပေါ်မှာ သေရခြင်း မဟုတ်ဘဲ မိစ္ဆာလက်သည်းအောက်တွင် သေရခြင်း ဖြစ်ပေသည်။

အပိုင်း ၃၀၅ ပြီး။

All Chapters