← Chapters

အခန်း (၃၁၀)

Vol. 31 Ch. 310

အခန်း (၃၁၀)

Vol. 31 Ch. 310

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၁၀

မူရင်းစာရေးဆရာ - Silent Cake And Ptries

ဘာသာပြန် - Author Chang’e 🌕

ဤတစ်ကြိမ်တွင် တုပိုင်သည် သူ၏ ဒန်တျန်အတွင်း ကျန်ရှိနေသော ဝိညာဉ်အရိပ် ဝိညာဉ်တိုက်ခိုက်မှု စွမ်းအင်အားလုံးကို အကြွင်းမဲ့ ထုတ်လွှတ်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်ရန်သူမှာ ထန်ယန်ထက် များစွာ အင်အားကြီးမားလှသောကြောင့် ဖြစ်ပေသည်။

တုပိုင်၏ ဓားချီ ထွက်ပေါ်လာချိန်တွင် ယွဲ့လီက လုံးဝ ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဓားချီမှာ ဆဌမအဆင့် သိုင်းပညာရှင်တစ်ဦး၏ အဆင့်မှာသာ ရှိကြောင်း သူ ရှင်းရှင်းလင်းလင်း ခံစားမိသောကြောင့် ဖြစ်သည်။ သူ၏ ဓားမှာ တုပိုင်ကို နှစ်ခြမ်းခွဲပစ်ရန် အရှိန်အဟုန်ဖြင့် ဆင်းသက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် နက်နဲဆန်းကြယ်ပြီး ထိတ်လန့်ဖွယ်ကောင်းသော စွမ်းအင်တစ်ခုသည် သူ၏ မျက်လုံးများနှင့် ဦးနှောက်ထဲသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေ၏။

“အားးးးးးး” သူတို့ တစ်သက်တာတွင် မကြားဖူးလောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်သည့် နာကျင်မှုအပြည့်ဖြင့် အော်ဟစ်သံကြီး ထွက်ပေါ်လာသည်။ မဟာဓားဂိုဏ်း ဂိုဏ်းချုပ်၏သား ၊ တတိယအဆင့် သိုင်းပညာရှင်တစ်ဦးဖြစ်သူ ယွဲ့လီ၏ ဦးနှောက်မှာ ရုတ်တရက် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရလေ၏။ သူ၏ မျက်စိအာရုံမြင်ကွင်းတစ်ခုလုံးမှာ ဖြူဖွေးသော အလင်းတန်းများ ပေါ်လာပြီးနောက် အမှောင်ထုထဲသို့ ကျဆင်းသွားတော့သည်။ ယွဲ့လီ၏ ခန္ဓာကိုယ်မှာ လေထဲတွင် တိုက်ရိုက်ပင် လွင့်ထွက်သွားလေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လူတိုင်း မှင်သက်သွားကြသည်။ ယွဲ့လီ၏ သိုင်းပညာမှာ တုပိုင်ထက် များစွာ သာလွန်ကြောင်း လူတိုင်း သိကြသော်လည်း သူသည် အော်ဟစ်ကာ လွင့်ထွက်သွားရသည်။ ဘာတွေ ဖြစ်ပျက်သွားသည်ကို မည်သူမျှ နားမလည်နိုင်ကြချေ။

မဟာဓားဂိုဏ်းမှ အကြီးအကဲ ယွမ်ချီသည် လေထဲတွင် ယွဲ့လီကို အမြန်ဖမ်းယူလိုက်ပြီး သူ၏ နားထင်သို့ စွမ်းအင်များ ပို့လွှတ်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် မဟာဓားဂိုဏ်းမှ စစ်သည်တော် ဆယ်ဂဏန်းကျော်မှာ တုပိုင်ကို ဝိုင်းရံထားလိုက်ကြလေ၏။

တုပိုင်သည် တဖြည်းဖြည်း နောက်ဆုတ်ရင်း ကျီပြောင်ပြောင်၏ အနားသို့ ကပ်ကာ မေးလိုက်သည်။

“မိန်းကလေးကျီ ၊ အဆင်ပြေရဲ့လား”

ကျီပြောင်ပြောင်က မေးလိုက်သည်။

“ရှင်က ဘယ်သူလဲ”

တုပိုင်က ဖြေလိုက်သည်။

“လမ်းသွားလမ်းလာ တစ်ယောက်ပါ ၊ မတရားတာ မြင်လို့ ဓားထုတ်ကူညီလိုက်တာပါပဲ”

ကျီပြောင်ပြောင်က ပြောလိုက်သည်။

“ရှင့်နာမည်ကို ပြောပြပါ ၊ ကျွန်မသာ အသက်ရှင်ရက် ပြန်ထွက်သွားနိုင်ရင် ကျွန်မတို့ အပြာရောင်နဂါးဂိုဏ်းက ရှင့်ရဲ့ကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်”

မျှော်လင့်ထားသည့်အတိုင်း ယွဲ့လီမှာ ထန်ယန်ထက် များစွာ အင်အားကြီးလှပေသည်။ အကြီးအကဲ ယွမ်ချီ၏ အတွင်းအား ကူညီမှုကြောင့် နာရီဝက်ခန့်အကြာတွင် သူ သတိပြန်ရလာသည်။ ထိုအချိန်တွင် မဟာဓားဂိုဏ်းမှ စစ်သည်တော်များမှာ တုပိုင်ကို ဝိုင်းထားကြပြီ ဖြစ်ရာ အမိန့်တစ်ချက်ပေးလိုက်သည်နှင့် တုပိုင်ကို ဝိုင်းရိုက်ရန် အသင့်ရှိနေကြလေ၏။

ယွဲ့လီသည် နာကျင်စွာဖြင့် ပြန်ထိုင်လာသည်။ သူ၏ ဦးနှောက်မှာ ကွဲအက်မတတ် နာကျင်နေဆဲဖြစ်ပြီး အချို့သောအရာများကိုပင် မမှတ်မိတော့သလို ခံစားနေရသည်။

စစ်သည်တော်ခေါင်းဆောင်က ပြောလိုက်သည်။

“သခင်လေး ၊ ကျွန်တော်တို့ သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ရမလား”

မဟာဓားဂိုဏ်း သခင်လေးယွဲ့လီသည် တုပိုင်ကို စိုက်ကြည့်ကာ အေးစက်စွာ မေးလိုက်သည်။

“ခုနက ငါ့ဦးနှောကကို တိုက်ခိုက်လိုက်တာ ဘာလဲ။ ဘာလို့ လုံးဝ ကာကွယ်လို့ မရတာလဲ”

ဤစကားကို ကြားသောအခါ ကျီပြောင်ပြောင်သည်လည်း အံ့သြစွာဖြင့် တုပိုင်ကို မယုံကြည်နိုင်သလို ကြည့်လိုက်မိသည်။ သို့သော် သူမမှာ ကျင့်စဥ်ဖောက်ပြန်မှုကြောင့် မြင်ကွင်းများ ဝေဝါးနေပြီး မှောင်လည်း မှောင်နေသဖြင့် တုပိုင်၏ ရုပ်ရည်ကို မမြင်ရချေ ၊ သူ၏ အနံ့နှင့် အသံကိုသာ မှတ်သားထားနိုင်လေ၏။

တုပိုင်က ဘာမှ ပြန်မပြောချေ။

ယွဲ့လီက ထိတ်လန့်စွာ ပြောလိုက်သည်။

“စိတ်ဝိညာဉ် တိုက်ခိုက်မှုလား။ အဲဒါ စိတ်ဝိညာဉ် တိုက်ခိုက်မှု မဟုတ်လား”

ရုတ်တရက် အနားရှိ အကြီးအကဲ ယွမ်ချီ တုန်လှုပ်သွားကာ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး ၊ မဖြစ်နိုင်တာ။ နှစ်ပေါင်းထောင်ချီတဲ့အထိ ဆရာသခင်ကြီးတွေ အများကြီးက စိတ်ဝိညာဉ် တိုက်ခိုက်မှုတွေ ဖန်တီးဖို့ ကြိုးစားခဲ့ကြပေမဲ့ အကုန်လုံး ကျရှုံးခဲ့ကြတာပဲ”

ယွဲ့လီက ပြောလိုက်သည်။

“တကယ်ပါ အကြီးအကဲ ၊ သူ ပစ်လိုက်တဲ့ ဓားချီက ဆဌမအဆင့်ပဲ ရှိပေမဲ့ ကျနော်ရဲ့ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက် တိုက်ခိုက်တဲ့ အရမ်းကြောက်စရာကောင်းတဲ့ စွမ်းအင်တစ်ခု ပါလာတယ်။ အဲဒါကို လုံးဝ ကာကွယ်လို့ မရဘူး”

ရုတ်တရက် အကြီးအကဲ ယွမ်ချီမှာ ဝမ်းသာအားရ ဖြစ်သွားလေ၏။ သူသည် တုပိုင်၏ အရှေ့သို့ တစ်ခဏချင်း ရောက်လာကာ တုပိုင်၏ လည်ပင်းတွင် ဓားတင်ပြီး အေးစက်စွာ မေးလိုက်သည်။

“သခင်လေးရဲ့ ဦးနှောက်နဲ့ စိတ်ဝိညာဉ်ကို ဘယ်လို တိုက်ခိုက်တာလဲ။ အဲဒီနည်းလမ်းကို အခုချက်ချင်း လွှဲပေးစမ်း”

ယွဲ့လီသည်လည်း ဦးနှောက်ကွဲမတတ် နာကျင်မှုကို အောင့်ခံကာ တုပိုင်၏ အရှေ့သို့ လာပြီး ပြောလိုက်သည်။

“ဒီလျှို့ဝှက်နည်းစနစ်ကို ပေးရင် မင်းကို အသက်ရှင်ခွင့်ပေးမယ် ၊ မဟုတ်ရင်တော့ မင်း ဒီလောကထဲကို မွေးဖွားလာတဲ့အတွက် နောင်တရသွားစေရမယ်”

ကျီပြောင်ပြောင်က ဘေးမှနေ၍ ပြောလိုက်သည်။

“ယွဲ့လီ ၊ မင်းရဲ့ ပစ်မှတ်က ငါပဲ။ သူ့ကို လွှတ်ပေးလိုက်ပါ ၊ သူက အပြစ်မရှိတဲ့လူပါ။ နင်က သိုင်းကျမ်းကို လိုချင်တာ မဟုတ်လား။ ငါတို့ အပြာရောင်နဂါးဂိုဏ်းက နင့်ကို ပေးပါ့မယ် ၊ အဖိုးတန်တဲ့ အဝေးပစ်သိုင်းကျမ်းကိုတောင် နင်ကို ပေးနိုင်တယ်”

ယွဲ့လီက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“ကောင်းပြီလေ ၊ ငါ တကယ် လိုချင်တာက မင်းရဲ့ ခန္ဓာကိုယ်ပဲ။ ခဏနေရင် မင်းကို ကျေနပ်အောင် လုပ်ပေးပါ့မယ်။ ငါ့ဦးနှောက် တိုက်ခိုက်ခံလိုက်ရပေမဲ့ အောက်က ညီလေးက အကောင်းတိုင်းပဲမလို့ ပြဿနာမရှိဘူး”

ထို့နောက် သူက ဓားကို တုပိုင်၏ ပေါင်ကြားသို့ တင်ကာ ခြိမ်းခြောက်လိုက်သည်။

“ငါ့ဦးနှောက်ကို တိုက်ခိုက်တဲ့ လျှို့ဝှက်နည်းစနစ်ကို ပေးစမ်း ၊ မဟုတ်ရင် မင်းကို ကုန်းကုန်းတစ်ယောက် ဖြစ်သွားအောင် ငါ ကိုယ်တိုင် အဆုံးစီရင်ပေးရလိမ့်မယ်”

တုပိုင်မှာ ကုန်းကုန်းတစ်ယောက် ဖြစ်နေပြီ ဖြစ်သော်လည်း နောက်တစ်ကြိမ် ထပ်ပြီး အဖြတ်ခံရမှာကိုတော့ လုံးဝ မလိုလားချေ။ ကျီပြောင်ပြောင်မှာ စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“ယွဲ့လီ ၊ သူ့ကို လွှတ်လိုက် ၊ ငါ့ဆီပဲ လာခဲ့”

သူမသည် သူရဲကောင်းဆန်သော စိတ်ဓာတ်ရှိသူ ဖြစ်ပေသည်။ အခြားသူများကို အမြဲ ကာကွယ်ပေးလေ့ရှိသူ ဖြစ်ရာ ၊ တစ်စုံတစ်ဦးက သူမကို ကယ်တင်ရင်း သေဆုံးသွားရမည်ဆိုလျှင် သူမအနေဖြင့် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ချေ။

သူမသည် တုပိုင်ကို မမြင်ရသော်လည်း သူနှင့် ရင်းနှီးသည်ဟု ခံစားနေရသည်။ ပထမဆုံးအနေဖြင့် တုပိုင်၏ အသံကို နားထောင်ခြင်းအားဖြင့် သူသည် အလွန်ငယ်ရွယ်သေးကြောင်း သိနိုင်ပေသည်။ ဤမျှ ငယ်ရွယ်သောသူက သူမ အန္တရာယ်ဖြစ်နေသည်ကို မြင်သောအခါ အသက်ကို ပဓာနမထားဘဲ လာရောက်ကယ်တင်ခြင်းကို ကျီပြောင်ပြောင် အဘယ်ကြောင့် အထင်မကြီးဘဲ နေမည်နည်း။

ထို့အပြင် ဤလူငယ်သည် ယွဲ့လီ၏ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သည်ဆိုကတည်းက သူသည် သိုင်းပါရမီရှင်တစ်ဦး ဖြစ်ရပေမည် ၊ ထို့ကြောင့် သူ အသက်မဆုံးရှုံးသင့်ချေ။

ကျီပြောင်ပြောင်က အားကုန်ဟိန်းဟောက်လိုက်သည်။

“ယွဲ့လီ ၊ ငါ့ဆီပဲ လာစမ်း ၊ သူ့ကို လွှတ်ပေးလိုက်”

သူမသည် ကျင့်စဥ်ဖောက်ပြန်နေသော်လည်း ဓားဘုရင်၏ သမီးပီပီ အရှိန်အဝါ အပြည့်ရှိနေဆဲပင်။ သို့သော် အော်ဟစ်ပြီးနောက် သူမသည် သွေးတစ်လုတ် ထပ်မံ အန်ထုတ်လိုက်ရပြန်သည်။ နောက်ဆုံးတွင် သူမသည် မခံနိုင်တော့ဘဲ မေ့လဲသွားလေတော့၏။

ယွဲ့လီက မျက်လုံးကို ဝေ့ဝဲကြည့်ကာ ဓားကို တုပိုင်၏ ပေါင်ကြားမှ ဖယ်လိုက်ပြီး ကျီပြောင်ပြောင်၏ ဘေးသို့ လာသည်။ သူသည် ရင်ဘတ်ထဲမှ ဆေးပုလင်းကိုထုတ်ကာ သူမ၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်လေ၏။

ယွဲ့လီက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“ကောင်လေး ၊ မင်းက ကိုယ့်အသက်ကိုတောင် ဂရုမစိုက်ဘဲ သူ့ကိုလာ ကယ်တာဆိုတော့ အရမ်း သဘောကျနေတာ ဖြစ်ရမယ်။ ဒီလိုလုပ်လေ ၊ ငါ့ဦးနှောက်ကို တိုက်ခိုက်တဲ့ လျှို့ဝှက်နည်းစနစ်ကို ပေး ၊ မဟုတ်ရင်တော့ မင်းရဲ့ ရှေ့မှာတင် ကျီပြောင်ပြောင်ကို တစ်ခါပြီးတစ်ခါ ငါ ဖျက်ဆီးပြမယ်။ ဘာပဲဖြစ်ဖြစ် သူက အခု သတိမေ့နေတာဆိုတော့ ဘာမှ ပြန်မလုပ်နိုင်ဘူး။ ပြီးတော့ ငါ သူ့ကို အတော်ပြင်းတဲ့ စိတ်ကြွဆေး တိုက်ထားတာ ၊ ခဏနေရင် သူ ဘယ်လိုထန်လာမလဲဆိုတာ မင်း မြင်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် သူက ပြန်မတွန်းလှန်ရုံတင်မကဘဲ ငါ့ရဲ့ ညှဉ်းပန်းမှုတွေကို အငမ်းမရ တုံ့ပြန်လာလိမ့်မယ် ၊ အဲဒီကျရင် မင်းလည်း မျက်စိပွင့်သွားတာပေါ့”

ပြောပြီးနောက် ယွဲ့လီသည် သူ၏ အဝတ်များကို စတင် ချွတ်တော့သည်။ ခဏချင်းမှာပင် သူသည် အတွင်းခံဘောင်းဘီတစ်ထည်သာ ကျန်တော့ရာ တကယ့်ကို ရွံရှာဖွယ်ကောင်းသော ပုံစံ ဖြစ်နေလေ၏။

ယွဲ့လီက ရက်စက်စွာ ပြောလိုက်သည်။

“ကောင်လေး ၊ မင်း ကျီပြောင်ပြောင်ရဲ့ ခန္ဓာကိုယ်ကို မမြင်ဖူးသေးဘူး မလား ၊ ငါလည်း မမြင်ဖူးသေးဘူး။ အခု မင်းရှေ့မှာတင် သူ့ကို အဝတ်ဗလာဖြစ်အောင် ချွတ်ပြမယ် ၊ အကုန်လုံးကို ပြမယ်။ သူရဲ့ ကိုယ်လုံးကိုယ်ပေါက်က တကယ့်ကို ပြိုင်ဘက်ကင်းပဲ။ ဘယ်သူနဲ့မှ မတူဘူး ၊ ကျားသစ်မလေးတစ်ကောင်လိုပဲ ၊ တကယ့်ကို ဆွဲဆောင်မှု ရှိလွန်းတယ် ၊ အဟေးဟေးဟေး”

ယွဲ့လီက ထပ်မံ ဟိန်းဟောက်လိုက်သည်။ “မပြောဘူးလား လျှို့ဝှက်နည်းစနစ်ကို မပေးဘူးလား”

သူသည် ကျီပြောင်ပြောင်၏ အဝတ်များကို ဆွဲဖြဲရန် လက်လှမ်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ အားလုံး၏ ရှေ့တွင် ပေါ်လာတော့မည့်အခြေအနေသို့ ရောက်ရှိသွားလေသည်။

ဤနေရာမှာ မှောင်နေသဖြင့် စစ်သည်တော်တစ်ဦးက ကျီပြောင်ပြောင်၏ ခန္ဓာကိုယ်ကို သေချာမြင်နိုင်ရန် မီးတုတ်တစ်ခုကိုပင် ထွန်းညှိလိုက်လေ၏။ မဟာဓားဂိုဏ်းမှ လူအားလုံးမှာ အကြီးအကဲ ယွမ်ချီအပါအဝင် ကျီပြောင်ပြောင်ကို အငမ်းမရ ကြည့်နေကြသည်။

မီးရောင်အောက်တွင် တုပိုင်သည်လည်း ကျီပြောင်ပြောင်၏ ကိုယ်လုံးကိုယ်ပေါက်ကို မြင်လိုက်ရသောအခါ အံ့သြသွားရသည်။ သူမသည် စပါးအုန်းမြွေအရေခွံဖြင့် ပြုလုပ်ထားသော ကျပ်ထုတ်နေသည့် ဝတ်စုံကို ဝတ်ထားရာ ၊ အချိုးအစားမှာ တကယ့်ကို ဆွဲဆောင်မှုရှိပြီး အားအင်များ ပြည့်နှက်နေလေ၏။ အနောက်တောင်ပိုင်း၏ အထူးခြားဆုံး အလှပဂေး လေးဦးထဲမှ တစ်ဦးဟု အဘယ်ကြောင့် တင်စားခံရသည်ကို နားလည်နိုင်ပေသည်။ တကယ့်ကို ကျားသစ်မလေးတစ်ကောင်ကဲ့သို့ပင် ခန္ဓာကိုယ်က ရှယ်မိုက်၏။

ယွဲ့လီက ရယ်မောရင်း အော်ဟစ်လိုက်သည်။

“ငါ ဆွဲဖြဲတော့မယ်ဟေ့ ၊ အားလုံး ကျီပြောင်ပြောင်ရဲ့ ကိုယ်လုံးကို ကြည့်ဖို့ ပြင်ထားကြစမ်း ၊ အဟေးဟေးဟေး”

“သုံး… နှစ်… တစ်”

တုပိုင်က ပြောလိုက်သည်။

“နေဦး ကျွန်တော် ပြောပြမယ် ၊ သူ့ကို လွှတ်ပေးလိုက်ပါ”

ဤစကားကို ကြားသည်နှင့် ယွဲ့လီက ချက်ချင်း ရပ်တန့်သွားသည်။ သူသည် နှမြောတသစွာဖြင့် ကျီပြောင်ပြောင်၏ အဝတ်များကို လွှတ်လိုက်ပြီး တုပိုင်၏ အရှေ့သို့ လာကာ ပြောလိုက်သည်။

“တကယ့်ကို သံယောဇဉ်ကြီးတဲ့ ကောင်လေးပဲ”

ယွဲ့လီ၏ စိတ်ထဲတွင်တော့ ဤနည်းစနစ်ကို ရသည်နှင့် တုပိုင်ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ပြီး ကျီပြောင်ပြောင်ကို တစ်ခါပြီးတစ်ခါ ထပ်မံ ဖျက်ဆီးပစ်ရန်သာ စဉ်းစားထားလေ၏။ မည်သို့ပင်ဖြစ်စေကာမူ သူ့အတွက် ဘာမှ ဆုံးရှုံးစရာ မရှိချေ။

ယွဲ့လီက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“မင်းကို ကလောင်နဲ့ စက္ကူ ပေးရမလား။ သေချာ စဉ်းစားပြီး ဒီလျှို့ဝှက်နည်းစနစ်ကို အကုန် ရေးပေးစမ်း ၊ မဟုတ်ရင်တော့ မင်းရဲ့ အိပ်မက်ထဲက နတ်ဘုရားမလေးကို ငါ ဘယ်လို နင်းခြေပြမလဲဆိုတာ ထိုင်ကြည့်နေရလိမ့်မယ်”

ဤလူတစ်စုကို သေချာပေါက် သတ်ရပေမည် ၊ မဟုတ်ပါက တုပိုင်နှင့် ကျီပြောင်ပြောင်တို့ နှစ်ဦးလုံး သေရမည့်အပြင် ၊ ကျီပြောင်ပြောင်မှာလည်း အရှက်တကွဲ ဖြစ်ပြီးမှ သေဆုံးရပေလိမ့်မည်။ သို့သော် တုပိုင်မှာ ဆဌမအဆင့် သိုင်းပညာရှင် တစ်ဦးသာ ဖြစ်ပေသည်။ ဤလူ ဆယ်ဂဏန်းကျော်ကို သတ်ရန်မှာ မဖြစ်နိုင်သလို ၊ သူ၏ ဝိညာဉ်အရိပ် စွမ်းအင်များမှာလည်း ကုန်ဆုံးသွားပြီ ဖြစ်သည်။ လူတစ်ယောက်ကို သတ်ရန်ပင် ခက်ခဲလှရာ ၊ လူအများကြီးကို တစ်ပြိုင်နက် သတ်ရန်မှာမူ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။

တုပိုင်က ပြောလိုက်သည်။

“တကယ်တော့ ဒီလျှို့ဝှက်နည်းစနစ်ကို အခုလေးတင် သင်ယူခဲ့တာပါ။ ဒီတွင်းနက်ကြီးရဲ့ အနက်ပိုင်းမှာ ဂူသင်္ချိုင်းတစ်ခု ရှိတယ်။ အဲဒီထဲက အခေါင်းပေါ်မှာ စာလုံးတွေနဲ့ ပုံစံတွေ အများကြီး ရှိတယ် ၊ အဲဒါက ဒီလျှို့ဝှက်နည်းစနစ်ရဲ့ အနှစ်သာရပဲ”

ယွဲ့လီက မေးလိုက်သည်။

“မင်းကို ငါက ဘာလို့ ယုံရမှာလဲ”

တုပိုင်က ဖြေလိုက်သည်။

“ခင်ဗျား ကျွန်တော့်ကို အချိန်မရွေး သတ်လို့ရတာပဲ ၊ ဒါက အရမ်း လွယ်ပါတယ်”

ယွဲ့လီနှင့် အကြီးအကဲ ယွမ်ချီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်ကြသည်။

ယွဲ့လီက မေးလိုက်သည်။

“ဘယ်လောက် ဝေးသေးလဲ”

တုပိုင်က ဖြေလိုက်သည်။

“ဆယ်လီလောက် ဝေးပါတယ်”

ယွဲ့လီက ပြောလိုက်သည်။

“မင်း ငါတို့ကို ခေါ်သွားစမ်း။ ငါတို့ဆီက ပြေးလို့မရဘူးဆိုတာ မင်း သိပါတယ်။ တစ်ခုခု မူမမှန်တာနဲ့ မင်းရဲ့ လက်ခြေတွေကို ငါ ချက်ချင်း ဖြတ်ပစ်မယ်”

တုပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိတယ်”

“ပြောစမ်း”

တုပိုင်က ပြောလိုက်သည်။

“မိန်းကလေး ကျီပြောင်ပြောင်ကို မထိပါနဲ့ ၊ သူ့ကို ဒီမှာပဲ ထားခဲ့ပါ”

ယွဲ့လီက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ သူ့ကိုလည်း ခေါ်သွားရမယ်။ အဲတာမှ မင်း တစ်ခုခု အကြံပက်စက်လာရင် သူ့ကို သုံးပြီး မင်းကို ခြိမ်းခြောက်လို့ ရတာပေါ့”

တုပိုင်က ပြောလိုက်သည်။

“ဒါဆို သူ့ကို ကျွန်တော် ကျောပိုးသွားမယ် ၊ ခင်ဗျားတို့ သူ့ကို မထိရဘူး”

ယွဲ့လီက ရယ်မောရင်း ပြောလိုက်သည်။

“ဟားဟားဟား ၊ မင်းက မိန်းမလှလေးကို နီးနီးကပ်ကပ် ထိတွေ့ချင်လို့ကိုး ၊ ရတယ်လေ ၊ မင်းဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်”

ယွဲ့လီအနေဖြင့် တုပိုင်ကို ခဏလောက် သဘောကောင်းပြလိုက်ခြင်း ဖြစ်သည်။ ကျီပြောင်ပြောင်၏ ခန္ဓာကိုယ်ကို ခဏ ထိတွေ့ရုံမျှဖြင့် ဘာမှ မဖြစ်နိုင်ချေ ၊ နောက်ပိုင်းကျမှ သူ စိတ်ကြိုက် ကစားရမည် မဟုတ်ပါလော။

တုပိုင်သည် ကျီပြောင်ပြောင်ကို ကျောပိုးလိုက်လေ၏။ သူမသည် တကယ့်ကို အရပ်ရှည်လှပေသည် ၊ တုပိုင်ထက်ပင် အနည်းငယ် ပိုမြင့်နေသလို ရှိသည်။ သူမ၏ ခန္ဓာကိုယ်မှာ တုပိုင် ထိတွေ့ဖူးသမျှထဲတွင် အံ့သြစရာ အကောင်းဆုံးပင် ဖြစ်သည်။ သူမ သတိမေ့နေသော်လည်း သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အားအင်များကို တုပိုင် ရှင်းရှင်းလင်းလင်း ခံစားနေရလေ၏။

ယွဲ့လီက တုပိုင်၏ ပေါင်ကို ဓားဖြင့် ခပ်ဖွဖွ တစ်ချက် ထိုးလိုက်ပြီး ပြောလိုက်သည်။

“မြန်မြန် သွားစမ်း ၊ မဟုတ်ရင် သူ့ရဲ့ အဝတ်တွေကို ချွတ်ခိုင်းပြီးမှ မင်းကို ကျောပိုးခိုင်းရမလား”

တုပိုင်မှာ နာကျင်သွားပြီး သွေးများ စီးကျလာလေ၏။

တုပိုင်သည် ကျီပြောင်ပြောင်ကို ကျောပိုးပြီး ရှေ့သို့ လျှောက်လှမ်းလာသည်။ မဟာဓားဂိုဏ်းမှ စစ်သည်တော် ဆယ်ဂဏန်းကျော်မှာ သူ့ကို ဝိုင်းရံထားကြရာ ထွက်ပြေးရန် လုံးဝ မဖြစ်နိုင်ချေ။ ထို့အပြင် သူတို့ကို မည်သည့် ထောင်ချောက်ထဲသို့မှ ခေါ်သွားရန်လည်း မဖြစ်နိုင်ပေ။ ဤတွင်းနက်ကြီးမှာ တကယ့်ကို ဝင်္ကပါတစ်ခုကဲ့သို့ပင် ဖြစ်လေ၏။

တုပိုင်သည် သူတို့ကို ဦးဆောင်ကာ ရှေ့သို့သာ လျှောက်လှမ်းနေသည်။ ကျီပြောင်ပြောင်၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပူရှိန်းလာပြီး အသက်ရှုသံများမှာလည်း မြန်ဆန်လာသည်။ သူမ သတိမေ့နေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ ဂနာမငြိမ် တွန့်လိမ်လာလေ၏။ သေချာသည်မှာ ယွဲ့လီ တိုက်ကျွေးလိုက်သော ဆေးမှာ စတင် အာနိသင်ပြနေပြီ ဖြစ်သည်။

ယွဲ့လီ၏ အသက်ရှုသံများမှာလည်း ပိုမို ပြင်းထန်လာသည်ကို တုပိုင် ခံစားမိသည်။ ကျီပြောင်ပြောင်၏ ထန်နေသောအခြေအနေမှာ ယွဲ့လီနှင့် မဟာဓားဂိုဏ်းမှ လူအားလုံးကို ပြင်းထန်သော စိတ်လှုပ်ရှားမှုနှင့် ဆွဲဆောင်မှုများကို ပေးနေခြင်း ဖြစ်လေ၏။

‘အိပ်မက်ထဲက အရာအားလုံး အတိအကျ ဖြစ်ပါစေလို့ပဲ ဆုတောင်းရတော့မယ်။ ဒီတိရစ္ဆာန်တစ်အုပ်ကို မသတ်နိုင်ရင် အကျိုးဆက်က ကြောက်စရာကောင်းလိမ့်မယ်’

တုပိုင်သည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းနေသည်။ ထိုအချိန်တွင် ယွဲ့လီက မအောင့်နိုင်တော့ဘဲ ကျီပြောင်ပြောင်၏ တင်ပါးကို လှမ်းကိုင်လိုက်လေ၏။ တုပိုင်က အသာအယာ ရှောင်တိမ်းလိုက်ရာ ယွဲ့လီ၏ လက်ယုတ်မာမှာ လွဲချော်သွားလေသည်။

ယွဲ့လီမှာ ဒေါသထွက်သွားပြီး ကျီပြောင်ပြောင်၏ ဘောင်းဘီကို ချွတ်ပစ်ရန် ပြင်လိုက်သည်။

တုပိုင်က ရုတ်တရက် ပြောလိုက်သည်။

“ဒီမှာ ၊ ရောက်ပြီ”

မှန်ပေသည် ၊ ဤနေရာပင် ဖြစ်လေ၏။

ဤနေရာတွင် ကျောက်တိုင် ဆယ်ဂဏန်းကျော် ရှိနေပြီး ကျောက်တိုင်တိုင်းတွင် လူသားများ နားမလည်နိုင်သော ထူးဆန်းသော စာလုံးများနှင့် သင်္ကေတများ ရှိနေသည်။ အိပ်မက်ထဲက အတိုင်း အတိအကျပင် ဖြစ်လေ၏။ ယွဲ့လီမှာ အလွန် ဝမ်းသာသွားပြီး ဂူသင်္ချိုင်းနှင့် ကျောက်အခေါင်းကို အမှန်တကယ် မြင်တွေ့လိုက်ရလေသည်။ အခေါင်းအတွင်းပိုင်းတွင်လည်း စာလုံးများ ၊ သင်္ကေတများနှင့် ပုံစံများစွာ ထွင်းထုထားသည်ကို တွေ့လိုက်ရလေ၏။

သေချာသည်မှာ ဤကောင်လေး လိမ်မပြောချေ ၊ စိတ်ဝိညာဉ် တိုက်ခိုက်မှု၏ လျှို့ဝှက်ချက်မှာ တကယ်ပင် ဤနေရာမှာ ရှိနေခြင်း ဖြစ်သည်။

နောက်တစ်စက္ကန့်တွင် ယွဲ့လီ၏ ဓားသည် တုပိုင်၏ လည်ပင်းသို့ ရောက်လာပြီး သူက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်သည်။

“မင်း တကယ် လိမ်မပြောဘူးပဲ ၊ ငါတို့ကို စိတ်ဝိညာဉ် တိုက်ခိုက်မှုရဲ့ လျှို့ဝှက်ချက်ဆီ ခေါ်လာပေးနိုင်တယ်။ ဒီလျှို့ဝှက်ချက်က ဘယ်လောက် ကြီးကျယ်တယ်ဆိုတာ မင်း မသိပါဘူး။ ဒါကို ရရင် ငါတို့ မဟာဓားဂိုဏ်းဟာ တစ်လောကလုံးရှိ သိုင်းလောကကို စိုးမိုးနိုင်လိမ့်မယ်။ ငါမင်းကို ဒီအတွက် တကယ့်ကို ကျေးဇူးအများကြီး တင်ပါတယ်။”

တုပိုင်က ပြောလိုက်သည်။ “စိတ်ဝိညာဉ် တိုက်ခိုက်မှု သိုင်းကျမ်းကိုလည်း ရပြီဆိုတော့ ကျွန်တော်တို့ကို လွှတ်ပေးပါတော့”

ယွဲ့လီက ပြောလိုက်သည်။ “မင်းက တကယ်ကို ရိုးသားတာပဲ ၊ ငါက မင်းကို ဘယ်လိုလုပ် လွှတ်ပေးမှာလဲ။ မင်း ငါတို့ကို ဒီလျှို့ဝှက်ချက်ဆီ ခေါ်လာပေးကတည်းက မင်း သေဖို့ပဲ ရှိတော့တာပေါ့ ၊ ဟားဟားဟား စိတ်မပူပါနဲ့ ၊ မင်းရဲ့ နောက်က မိန်းမလှလေးကိုတော့ ငါ ရက်ပေါင်းများစွာ ကြာအောင် ဖျက်ဆီးပေးပါ့မယ် ၊ မဟုတ်ရင် နှမြောစရာကြီး ဖြစ်သွားမှာပေါ့”

တုပိုင်၏ စိတ်ထဲတွင် အချိန်ရေတွက်မှု စတင်လိုက်သည်။

‘သုံး… နှစ်… တစ်’

“သေပေတော့ အရူး” ယွဲ့လီက သူ၏ ဦးနှောက်နာကျင်မှုကို အောင့်ခံကာ ဓားကို မြှောက်ပြီး တုပိုင်၏ ခေါင်းကို ခုတ်ချလိုက်လေ၏။

အချိန်စေ့သွားပြီ ဖြစ်သည်။ တုပိုင်၏ အချိန်ရေတွက်မှု ပြီးဆုံးသွားလေ၏။ “မဟာဓားဂိုဏ်းက အရူးတွေ အကုန် သေကြစမ်း”

တုပိုင်သည် သူ၏ အားအရှိဆုံးသော အင်အားဖြင့် မျက်လုံးကို တင်းတင်းမှိတ်လိုက်ပြီး ဘယ်ဘက်သို့ ရှောင်တိမ်းလိုက်လေ၏။ တစ်ချိန်တည်းမှာပင် အလွန်တရာ ကြောက်စရာကောင်းသော သားရဲကြီး ၊ အနှိုင်းမဲ့သော သားရဲကြီး တစ်ကောင်သည် လျှပ်စီးလက်သကဲ့သို့ ထွက်ပေါ်လာလေတော့သည်။

ယင်းမှာ ဝိညာဉ်သားရဲ ပင် ဖြစ်လေ၏။ ဝိညာဉ်အရိပ်ဟုလည်း ခေါ်ကြလေသည်။

တုပိုင်၏ စိတ်ဝိညာဉ် တိုက်ခိုက်မှု စွမ်းအင်များ၏ အရင်းအမြစ်လည်း ဖြစ်ပေသည်။ ယင်း၏ မျက်လုံးနှစ်လုံးမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော စွမ်းအင်များနှင့် အဆိပ်အတောက်များ ပြည့်နှက်နေလေ၏။ ယင်း၏ မျက်လုံးကို ကြည့်မိသူတိုင်းမှာ တစ်ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲသွားရမည်ဖြစ်ပြီး ၊ ဝိညာဉ်များပင် ပျက်စီးကာ အလောင်းကောင်များအဖြစ်သို့ ပြောင်းလဲသွားရပေလိမ့်မည်။

သို့သော် ယင်း၏ မျက်လုံးကြီးနှစ်လုံးမှာမူ အလွန်ပင် ဆန်းကြယ်လှပပြီး သေစေနိုင်လောက်သော ဆွဲဆောင်မှုများ ရှိနေလေ၏။ ယင်းသည် လျှပ်စီးကဲ့သို့ ထွက်ပေါ်လာရာ လူတိုင်းကို အငိုက်မိသွားစေသည်။ တုပိုင်မှလွဲ၍ မဟာဓားဂိုဏ်းမှ လူအားလုံးမှာ မျက်လုံးများကို အပြူးသားဖြင့် ဝိညာဉ်သားရဲ ၏ မျက်လုံးများကို စိုက်ကြည့်မိသွားကြလေတော့သည်။

ရုတ်တရက်ဆိုသလို သူတို့၏ ဦးနှောက်ထဲတွင် နျူကလီးယား ပေါက်ကွဲသွားသည့်အလား ခံစားလိုက်ရလေ၏။ စိတ်ဝိညာဉ်များ အားလုံးမှာ လုံးဝဥဿုံ ပျက်စီးသွားလေတော့သည်။ သူတို့၏ ဝိညာဉ်များ လွင့်စင်သွားရပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် တုပိုင်၏ ကျောပေါ်ရှိ ကျီပြောင်ပြောင်၏ ဆေးရှိန်မှာ လုံးဝ တောက်လောင်လာပြီး သူမ၏ ခန္ဓာကိုယ်မှာ မြွေတစ်ကောင်ကဲ့သို့ တွန့်လိမ်နေလေတော့၏။

အပိုင်း ၃၁၀ ပြီး။

အချစ်ကလေးတွေ ဖတ်ရင်းစိတ်မရှည်ဖြစ်လာမယ်ဆိုးလို့ စေတနာနဲ့ ၊ အရမ်းအရစ်ရှည်တဲ့ ဟာတွေကို ဖျက်ပြီး တော်ရုံလောက်ပဲ လုပ်ပေးထားတယ်ဗျ။ 😛

ပြီးတော့ အပိုင်းတွေက ကြိုရေးထားတာ ကြာပြီဆိုတော့ စိတ်တိုင်းမကျတဲ့နေရာတွေ လိုက်ပြင်ရင်းနဲ့ တစ်ခါတလေကြရင် တစ်ပိုင်းလုံးနီးပါး ပြန်ရေးမိသွားကော။ 😅

တစ်ချိန်တည်းမှာ ကြိုရေးထားတာကို မှီပြီး မရပ်သွားအောင် အပိုင်း ၅၀၀ နောက်ပိုင်းကိုလည်း ကြိုရေးနေရတာမလို့ ကြာနေတာပါဗျ။ အားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ။ ၃၂ က ည ၁၀ ကျော်ရင်မစောင့်နဲ့တော့နော် ၊ မနက်ကြမှ ထွက်ပေးမယ်ဗျ။ 💖

All Chapters