အလှလေး
Vol. 38 Ch. 524
ထောင်ဖေး၌ ရွေးချယ်စရာ မရှိတော့ချေ။ သူမက နားမထောင်လျှင် ချက်ချင်းသေဆုံးမည် ဖြစ်သော်ငြား ကျန်းရီကို ကြိမ်နက်မြို့သို့ ခေါ်သွားပေးခဲ့လျှင် သူမက အသက်ရှင်ရန် အခွင့်အရေးတစ်ခု ရှိပေ၏။ ထို့ကြောင့် သူမက ဒုတိယမြောက်ကိုသာ ရွေးချယ်လိုက်သည်။
ထောင်ဖေးနှင့် ကျန်းရီက အတွင်းဆောင်ခန်းထဲ၌ သုံးရက်တာ နေခဲ့သည်။ ထောင်ဖေးက ဒဏ်ရာရနေသေးဆဲ ဖြစ်၏။ ထို့ကြောင့် သူတို့ အပြင်မထွက်ရဲချေ။ ကျန်းရီက သူ၏ ရှေးဟောင်းနတ်ဘုရားလက်စွပ်ထဲ၌ စားနပ်ရိက္ခာများစွာ ရှိသည်။ သူတို့ စားသောက်ရန်အတွက် စိုးရိမ်ပူပန်ရန် မလိုပေ။ အနေရခက်သည့် တစ်ခုတည်းသော အရာက သူတို့သည် သူတို့ကိုယ်သူတို့ ဖြေလျော့ရအုံးမည် မဟုတ်လား။ အတွင်းဆောင်က ဆီးအိုးရှိသော်ငြား ကျန်းရီက အခက်တွေ့နေသည်။ အထူးသဖြင့် ထောင်ဖေး ဆီးသွားသည့် အချိန်တွင် ဖြစ်ကာ ရေကျသည့် အသံက သူ၏အတွင်းမီးကို လောင်မြိုက်စေတာ မလွဲမသွေပင် ဖြစ်သည်။
ကျန်းရီက ယခုဆို အသက်(၁၈)နှစ် ပြည့်ပြီ ဖြစ်သည်။ သူသည် စုလော့ရွှယ်နှင့် အတူရှိစဉ်က မြင်ဖူး ထိတွေ့ဖူး နမ်းရှိုက်သင့်သည့်အရာများ နမ်းရှိုက်ဖူးသော်ငြား အစစ်အမှန်ကို မတွေ့ကြုံဖူးပေ။ သာမန်နေ့ရက်များတွင် ဆိုပါက သူ သည်းခံနိုင်သည်။ သို့သော် ရေကျသံကို ကြားသည့် အချိန်၌ သူ့စိတ်၌ ပုံရိပ်အချို့ အလိုလို ပေါ်လာပေ၏။ ကံကောင်းသည်မှာ သူ့၌ အလှပဂေးများစွာ ရှိနေတာပဲ ဖြစ်သည်။ ဤထောင်ဖေးက ကြည့်ကောင်းကောင်း ကြည့်ကောင်းနိုင်သော်ငြား စုလော့ရွှယ် ကျန်းရှောင်နုတို့နှင့် ယှဉ်သည့်အရာ သူမက ချို့တဲ့နေသေးသောကြောင် သူ့ကိုယ်သူ ထိန်းချုပ်ထားနိုင်ရုံမျှရှိသေး၏။
သုံးရက်ကြာပြီးနောက် ထောင်ဖေး၏ ဒဏ်ရာများ အပြည့်အဝ ပြန်ကောင်းလုနီးပါး ဖြစ်သွားသည်။ ထောင်ဖေးက ဗိုက်ပွင့်သွားကောင်း ပွင့်သွားနိုင်သော်ငြား ယင်းက အပေါ်ယံဒဏ်ရာသာ ဖြစ်ပြီး ချီသွေးကြောများ အရိုးများ ထိခိုက်ခြင်း မရှိချေ။ ထို့ကြောင့် ကျန်းရီ၏ သာလွန်သော အားဖြည့်ဆေးများဖြင့် သူမက အလွန်လျင်မြန်စွာ ပြန်ကောင်းလာတော့သည်။
ဘီး..
အတွင်းခန်းထဲရှိ ကန့်သတ်ချက်များ ဖွင့်လိုက်ပြီးနောက် ထောင်ဖေးသည် ပန်းရောင်နန်းတော်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး ကျန်းရီနှင့်အတူ ယှဉ်တွဲ လိုက်ပါကာ ခေါင်းငုံ့ထားလျက် လိုက်လာသည်။ ရံရွှေတော်(၂)ဦးက ကျန်းရီ တည်တည်ငြိမ်ငြိမ် လျှောက်နေတာကို မြင်သည့် အချိန်၌ သူတို့က အံ့အားသင့်သွား၏။
ထောင်ဖေး၏ ဆာလောင်မှုဖြင့် သုံးရက်တိုင်တိုင် ကစားခံရပြီးနောက် ကျန်းရီ မြဲမြံစွာ လမ်းလျှောက်နိုင်သေးခြင်းမှာ အံ့ဩဖွယ် ကောင်းလှပေ၏။ ယခင်က ကျန်သည့် ယောက်ျားများ ဆိုလျှင် ထောင်ဖေး ဆော့ကစားခံရပြီးနောက် အားအင်ကုန်ခမ်း စွမ်းအားကင်းမဲ့ကာ ခွေးသေတစ်ကောင်နှယ် ဖြစ်သွားတော့သည်။
“မြင်းလှည်းပြင်ထားလိုက်.. ဒီအရှင်မက ကြိမ်နက်မြို့က ဒေသသခင်မဆီ သွားလည်မလို့..”
ထောင်ဖေးက လက်ကာပြလျက် ရံရွှေတော်နှစ်ဦးက ချက်ချင်းပင် သွားရောက်စီစဉ်တော့သည်။ အပြင်ဘက်ရှိ အမျိုးသမီးအစောင့်များကလည်း ကျန်းရီကို ဂရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လိုက်၏။ သူတို့ မြင်ထားပုံအရ ထောင်ဖေးသည် ကျန်းရီ၏ လုပ်ဆောင်ချက် ကောင်းမွန်သည်ဟု တွေးမိသောကြောင့် မြို့အရှင်မချင်းယွီ ဆော့ကစားရန်အတွက် သူ့ကို ပေးအပ်ရန် ပြင်ဆင်နေတာပဲ ဖြစ်သည်။ သူတို့၌ သူ့ကို မြည်းစမ်းရန် အခွင့်အရေး မရှိတော့ဟု ဆိုလိုတာပဲ ဖြစ်၏။
မြင်းလှည်းက အလွန်ခမ်းနားပေ၏။ ယင်းက ရထားလုံးပျံဟု ခေါ်ဆိုလျှင် ပိုတိကျလောက်ပေမည်။ ယင်းက ရှေးဟောင်းနတ်ဘုရား စစ်ရထားလုံးနှင့် ဆင်တူသည့် အလွန်ခမ်းနားသော ရထားလုံးပျံ ဖြစ်ပေသည်။ အရှေ့၌ ရထားလုံးကို ဆွဲရန် ထူးဆန်းသော သွင်ပြင်ဖြင့် နတ်ဆိုးသားရဲနှစ်ကောင် ရှိပေ၏။ ထိုနတ်ဆိုးသားရဲများက တောင်ပံများပါသည့် သမင်နှင့်ဆင်တူသော အဆင့်(၃) နတ်ဆိုးသားရဲများ ဖြစ်ပေသည်။ သမင်တိုင်းက သူတို့၏ ကိုယ်ထည်ကို လှပသည့် အနက်ရောင်သားမွေးများဖြင့် အုပ်ထား၏။ ကျန်းရီက ထောင်ဖေးနှင့်အတူ ရထားလုံးပျံထဲ ဝင်လိုက်သည်။ နတ်ဆိုးသားရဲနှစ်ကောင်က ခပ်သွက်သွက် ပြေးလျက် မြင်းလှည်းကို မြန်မြန်ဆန်ဆန်ဆွဲကာ ကောင်းကင်ထဲသို့ တက်သွားတော့သည်။ ပြီးနောက် အလင်းစီးကြောင်းအဖြစ် ပြောင်းလဲပြီး အရှေ့အရပ်ဆီသို့ ဦးတည် ပျံသွားတော့၏။
ကောင်းကင်ထဲ ရောက်သည်နှင့် ကျန်းရီ၏ အသက်မဲ့သော မျက်ဝန်းများနှင့် ရှက်ရွံ့သော အမူအရာများ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူက ခမ်းနားသောသခင်တစ်ပါးတဖွယ် မြင်းလှည်း၏ ထိုင်ခုံပေါ်၌ ထိုင်နေသည်။ ထောင်ဖေးက အသိတရားရှိသောကြောင့် မြန်မြန်ဆန်ဆန် ဘေး၌ ဒူးထောက် ထိုင်ချလျက် သူ၏ ခြေထောက်နှင့် နောက်ကျောကို နှိပ်နယ်ပေးနေသည်။
ရထားလုံးပျံ၏ အရှိန်က မမြန်ဘဲ ကျို့ဝူသားရဲ၏ အရှိန်နှင့် တူလောက်ပေသည်။ ကျန်းရီက အနည်းငယ် နှေးနေသည်ဟု တွေးမိသော်ငြား သူသည် ယာ့ဇီသားရဲကို ဆင့်ခေါ်ရဲခြင်း မရှိပေ။ ထို့ကြောင့် မျက်လုံးမှိတ်လျက် အနားယူလိုက်သည်။
လမ်းတစ်လျှောက်က ငြိမ်းချမ်းနေပြီး ဖီးနစ်အော်သံ နယ်မြေ၏ လုံခြုံရေးက အလွန်ကောင်းမွန်ပေ၏။ လမ်းလယ်တွင် နှောင့်ယှက်မည့် ဓားပြများ မရှိပေ။ သူတို့က နတ်ဆိုးသားရဲများနှင့် ကြုံတွေ့ရခြင်းလည်း မရှိ။ ကျန်းရီသည် ရထားလုံးထဲတွင် တစ်ရက်တာ အိပ်စက်ပြီး ကျန်နှစ်ရက်အတွက် မှော်ပညာများကို နားလည်သဘောပေါက်အောင် ဆင်ခြင်နေပြီး ကြိမ်နက်မြို့သို့ မကြာမီ၌ ရောက်သွားတော့သည်။
သူက မှော်ပညာများကို လေ့လာနေ၏။ သူသည် ကောင်းကင်ကွယ်ပျောက်မီးတောင် ချော်ရည်နှင့် ထူးခြားခြင်းအဆင့်ကို ရောက်ရှိရန် ဝေးကွာနေသေး၏။ သူ၏ အသင်္ချေကိုယ်ခွဲသည် ဆယ်ကိုယ်ခွဲနိုင်ရုံမျှသာ ရှိပြီး ကိုယ်ခွဲတစ်ထောင် ခွဲနိုင်ဖို့ ဝေးကွာနေသေး၏။ သူသည် ကိုယ်ခွဲ(၁၀)ကိုယ်ကို ဆန္ဒရှိသလို ထိန်းချုပ်နိုင်စွမ်း ရှိပေ၏။ သူတို့က မလှုပ်ရှားနိုင်သည့် ကိုယ်ခွဲများကဲ့သို့ မဟုတ်ပေ။
“သခင်.. ကြိမ်နက်မြို့က ကျွန်မတို့ရှေ့ ရောက်နေပါပြီ”
ထောင်ဖေးက အသံက ကျန်းရီကို ကျင့်ကြံနေသည့် အခြေအနေမှ နိုးထလာစေ၏။ သူက မြင်းလှည်းရှိ ပုတီးကာလိပ်ကို ဖြတ်ကျော်လျက် ခေါင်းညိတ်လိုက်ကာ ခမ်းနားသော မြို့တစ်မြို့ကို မြင်လိုက်ရသည်။ ဤမြို့က ကောင်းကင်ကြယ်တာရာမြို့ထက် ပိုကြီးပြီး အပြာနုရောင်ကျောက်ဖြင့် တည်ဆောက်ထားတာပဲ ဖြစ်သည်။ မြို့ရိုးများက မီတာ(၆၀)ခန့် မြင့်မားပြီး မြို့ရိုးအောက်တွင် ရပ်နေချိန်၌ လူတစ်ဦးသည် မထင်ရှားသည့် ခံစားချက်ကိုသာ ရရှိမှာပဲ ဖြစ်၏။ ထူထဲသော နံရံများ၌ မရေမတွက်နိုင်သည့် စစ်သားများ စောင့်ကြပ်နေပြီး ခြေသုံးလှမ်းစာ ကွာခြားလျက် တည်ရှိပေ၏။ ထင်သည့်တိုင်း စစ်သည်တော်များအားလုံးက အမျိုးသမီးများ ဖြစ်ပြီး သူတို့က ရှိန်လောက်ပေ၏။ ကျန်းရီက မြို့ရိုးပေါ်၌ စိတ်ဝိညာဉ်မျောလွင့် ခရီးသွား သိုင်းပညာရှင်တစ်ရာနီးပါးကို အာရုံခံမိလိုက်သည်။
ချင်မျိုးနွယ်စု ကြိမ်နက်မြို့က ဖီးနစ်အော်သံတိုင်းပြည်ရှိ အဓိက မျိုးနွယ်စု (၁၅)စုထဲမှ တစ်စု ဖြစ်သည်။ ထိုမျိုးနွယ်စုများ၏ အုတ်မြစ်က အင်အားကြီးလှပေ၏။ သူတို့က ကောင်းကင်ဧကရာဇ်ပညာရှင် မရှိကောာင်း မရှိသော်ငြား ကျန်းရီသည် သူ့စွမ်းအင် (၁၀၀)ရာခိုင်နှုန်းကျော် အာရုံစူးစိုက်ရမှာပဲ ဖြစ်သည်။ ရန်သူပညာရှင်များက ထူးခြားသော အရည်အချင်းအချို့ ရှိကောင်းရှိနိုင်သောကြောင့် သူသည် မည်သို့မည်ပုံ ဖြစ်သွားသည်မသိ ထိခိုက်သွားနိုင်၏။ သူ ဂရုမစိုက်ဘဲ နေခဲ့လျှင် ဤနေရာတွင် ကျရှုံးသွားနိုင်သည်။
ကျန်းရီက မျက်တောင်ခတ်လျက် တည်ကြည်သော အမူအရာဖြင့် ညွှန်ကြားလိုက်သည်။
“ငါ့ကို သခင်လို့ ခေါ်တာ ရပ်လိုက်တော့၊ အခုကစပြီး ငါက မင်းရဲ့အိမ်မွေးအမျိုးသားအသစ်လေးလေ၊ ငါ့ကို ဒေသသခင်မချင်းယွီဆီ ပေးမှာ .. နားလည်လား”
သူသည် မြို့သခင်မချင်းယွီကို မသတ်ဖြတ်ဘဲ မြေပုံရယူကာ ဤနေရာမှ ချက်ချင်း ထွက်ပြေးသွားမှာပဲ ဖြစ်သည်။ မဟုတ်လျှင် ဤနယ်မြေရှိ ဧကရီကို သတိပေးမိသလို ဖြစ်သွားပြီး သူ့၌တောင်ပံ ရှိနေလျှင်တောင် ထွက်ပြေးနိုင်မှာ မဟုတ်ပေ။ ခရမ်းရောင်ဆံနွယ်မိန်းမပျို လိုက်ပါခဲ့သည့် အချိန်ကကဲ့သို့ သူ ကံကောင်းတော့မှာ မဟုတ်ချေ။
“အမ်..”
ထောင်ဖေးသည် အခြေအနေ၏ လေးနက်မှုကို သိသည်။ သူမက မည်သည့်ဟာကွက်ကိုမျှ မထုတ်ပြခဲ့ပေ။ မဟုတ်လျှင် သူတို့ စစ်ဆေးခံရသည့် အချိန် ကျန်းရီက မြို့သခင်မချင်းယွီကို ဖြေရှင်းနိုင်ခဲ့လျှင်တောင် သူမ သေရပေလိမ့်မည်။ ရွေးချယ်စရာ မရှိတော့ဘဲ သူမ၌ ကောင်းမွန်သည့် အမျိုးသားအိမ်မွေးလေး တစ်ယောက် ရှာတွေ့ထားကြောင်းနှင့် သူမကိုယ်တိုင် မခံစားရဲသောကြောင့် ဒေသအရှင်မဆီ လာပေးကြောင်း ပြောခဲ့ရသည်။
ဝှစ်..
ကျန်းရီနှင့် ထောင်ဖေးက မြို့ရိုးနား ကပ်လာသည့် အချိန်၌ ရထားလုံးများစွာက ပျံလာပြီး ထောင်ဖေး၏ ရထားလုံးကို မြင်သောအခါ သူတို့ မတိုက်ခိုက်ခဲ့ပေ။ အမျိုးသမီးစစ်သူကြီးများထဲမှ တစ်ဦးက လက်သီးနှစ်ဖက်ကို ဆုပ်လျက် မေးလိုက်တော့သည်။
“မြို့အရှင်မထောင်လား..”
“စစ်သူကြီးရုန်ကို နှုတ်ဆက်ပါတယ်”
ထောင်ဖေးက ရထားလုံးပျံထဲမှ ထွက်လာပြီးနောက် ပြုံးပြီး အရိုအသေ ပေးလိုက်သည်။
“မြို့ထဲမှာ အရှင်မရှိလား၊ အရှင်မနဲ့ အရေးကိစ္စတချို့ ပြောဖို့ ရှိလို့ပါ”
“အရှင်မက မက်မွန်ဥယျာဉ်မှာ ရှိနေပါတယ် မြို့သခင်မထောင်က ကိုယ်တိုင်သွားလို့ရပါတယ်”
စစ်သူကြီးက ထောင်ဖေးနှင့် သိကျွမ်းပုံပေါ်၏။ သူမက အာရုံစိုက်မနေဘဲ လက်ကာပြကာ ပြောလိုက်သည်။ ထောင်ဖေးက မြင်းလှည်းထဲသို့ ပြန်လာပြီးနောက် မြို့ဆီသို့ ဦးတည်သွားလိုက်သည်။ ကျန်းရီက သူ့အောက်ရှိမြို့ကို တစ်ချက် ချောင်းကြည့်လိုက်၏။ အမှန်တကယ် မျက်စိပွင့်စရာ ဖြစ်နေသည်။ ဤမြို့၌ အနည်းဆုံးလူဦးရေ(၁၀သန်းကျော်) ရှိပေသည်။ မြင့်မားသည့် အဆောက်အအုံများ လူနေအိမ်များ များစွာ ရှိပေသည်။ လမ်းကလည်း စည်ကားသိုက်မြိုက်နေပြီး ဆူညံသံများဖြင့် ပြည့်နှက်နေ၏။
ဤမြို့သည် ထောင်ဖေးမြို့ကဲ့သို့ပင် အမျိုးသားများ အားလုံးက အစေခံများဖြစ်ပြီး အမျိုးသမီးများက အုပ်စိုးသူများ ဖြစ်ကြပေသည်။ အချို့သော အမျိုးသမီးများဆိုလျှင် အမျိုးသားများကို ခွေးတစ်ကောင်နှယ် ကြိုးဖြင့် ချည်နှောင်ထားသေး၏။ သူတို့အားလုံးက ဘောင်းဘီအတိုကိုသာ ဝတ်ထားလျက် တင်ပါးများပေါ်နေသည်။ သူတို့အားလုံး၌ ရှက်အန်းအန်း အမူအရာ ရှိကြပေသည်။
ရံဖန်ရံခါတွင် ကောင်းကင်ကို ဖြတ်လျက် ရထားလုံးများ ပျံသန်းသွားလေ့ ရှိသည်။ ထိုရထားလုံးများအား လူတိုင်း မစီးနင်းနိုင်တာ သိသာနေပေ၏။ အဆင့်အတန်းတစ်ခု မရှိဘဲ လေထဲတွင် ပျံသန်းခွင့် မရှိပေ။
သူတို့က မြို့၏မြောက်ဘက်အရပ်ဆီသို့ ပျံသန်းသွားနေစဉ် ကျန်းရီက မက်မွန်ပွင့်များကို ကြည့်လိုက်မိ၏။ ယင်းက ကျယ်ဝန်းသည့် ဧရိယာတစ်ခု ဖြစ်သည်။ မြို့၏ ကြီးမားသော ဧရိယာက မက်မွန်ပွင့်များ စိုက်ပျိုးရန်အတွက် သုံးခဲ့လျှင် မက်မွန်ပွင့်ဥယျာဉ်ထဲ၌ နေထိုင်သည့်သူက အတော်လေး လွှမ်းမိုးနိုင်စွမ်း ရှိသူ ဖြစ်ရပေမည်။ အမျိုးသမီးစစ်သူကြီး ပြောသည့်အတိုင်း ဒေသသခင်မချင်းယွီက ဤနေရာတွင် နေထိုင်သည်။
ရထားလုံးက မက်မွန်ဥယျာဉ်၏အပြင်ဆီသို့ ဖြည်းဖြည်းချင်း ဦးတည်သွားနေ၏။ ခြံဝန်းအပြင်ဘက်တွင် အစောင့်များစွာ ရှိနေပြီး ဦးဆောင်လာသည့်သူက စိတ်ဝိညာဉ်မျောလွင့်ခရီးသွား အမြင့်ဆုံးအဆင့် စစ်သည်တော် ဖြစ်ပြီး အသက်(၃၀) ရှိပုံပေါ်သော်ငြား အလွန်ဆွဲဆောင်မှု ရှိသေးသည်။
သူမသည် အာရုံမစိုက်ဘဲ ထောင်ဖေးကို တစ်ချက်သာ ကြည့်လိုက်၏။ သို့သော် အနောက်တွင် ကျန်းရီ ပေါ်လာသည်ကို မြင်သောအခါ သူမ မျက်လုံးများ လက်သွားတော့သည်။ သူမက ပြုံးပြီး ပြောလိုက်တော့၏။
“ထောင်ဖေး.. ဒီလိုပစ္စည်းကောင်းမျိုး နင် ဘယ်ကနေ ရှာတွေ့တာလဲ သူက သန်မာပြီး နည်းနည်းလေး အရိုင်းဆန်းတယ်”
ထောင်ဖေးက ပြီတီတီ ပြုံးပြီးနောက် အရိုအသေပေးလိုက်၏။
“စစ်သူကြီးဖေး အဆွဲဆောင်မခံရရင် ပိုကောင်းမယ်နော်၊ ဒီအကောင်ပေါက်လေးကို ကျွန်မလတ်တလောကမှ ဖမ်းလာတာ၊ ကျွန်မတောင် သူနဲ့ မဆော့ရသေးဘူး၊ ဒေသအရှင်မဆီကို ပေးဖို့ ပြင်ဆင်နေတာလေ သတင်းစကား ပါးခိုင်းရင် ပြဿနာများ ရှိမလားဒ”
အမျိုးသမီးစစ်သူကြီးသည် ထူးဆန်းသည့် အကြံဉာဏ်များ မရှိရဲတော့ချေ။ ကျန်းရီကို သူမ ကြည့်မိသည့် အချိန်၌ ကျန်းရီတစ်ကိုယ်လုံးကို ဝါးမျိုချင်ပုံရ၏။ ကျန်းရီက ရင်ထဲ၌ ကျိန်ဆဲလိုက်သော်ငြား အပြင်ဘက်တွင် ကြောက်လန့်သည့်ပုံ ပြနေသည်။
အမျိုးသမီးစစ်သူကြီးက သတင်းပို့ရန် သွားသည့် အချိန်တွင် သူမက မြန်မြန်လေး နောက်ဆုတ်လာပြီး တည်ကြည်လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ထောင်ဖေး.. မင်း ဝင်သွားလို့ ရပြီ ဒါပေမဲ့ ခန်းမထဲမှာ အရင်စောင့်လိုက်.. အရှင်မက ဧည့်သည်တချို့နဲ့ တွေ့စရာ ရှိသေးတယ်”
အစောင့်တစ်ဦးက ဦးဆောင်သွားလျက် ထောင်ဖေးသည် သူမတင်ပါးကို လွဲခါလျက် လျှောက်လိုက်ပြီး ကျန်းရီနှင့်အတူ ဝင်လာတော့သည်။ သူတို့က ဆီးပန်းပွင့်များကို ဖြတ်ကျော်လျက် ရေအိုင်လေးနားတွင် ရှိသော အဆောက်အအုံများစွာကို တွေ့လိုက်ရသည်။ မြင်ကွင်းက ကောင်းကင်ဘုံတမျှနှယ် လှပနေပေ၏။ အစောင့်က ထောင်ဖေးနှင့် ကျန်းရီကို ခန်းမတစ်ခုဆီသို့ ဦးဆောင်ခေါ်သွားပေးပြီး ထိုနေရာမှ လူအချို့ ထွက်လာတော့သည်။ ကျန်းရီက မျက်လုံးများကို ဝေ့ဝိုက်ကြည့်ပြီး ငယ်ရွယ်သည့် မိန်းမပျိုလေးကို ကြည့်မိသည့် အချိန်၌ မျက်လုံးက ချက်ချင်း လက်သွားတော့သည်။
ယင်းက ကျက်သရေရှိသည့် အလှပဂေးတစ်ဦး ဖြစ်ပေ၏။
***