← Chapters

တစ်ခုတည်းသော ရွေးချယ်မှု ...ဖြတ်တောက်ခြင်း

Vol. 91 Ch. 1261

တစ်ခုတည်းသော ရွေးချယ်မှု ...ဖြတ်တောက်ခြင်း

Vol. 91 Ch. 1261

မန်ဟို၏မျက်လုံးများက ရေခဲနေသည့်အလား အေးစက်နေသော်လည်း သူသည် စိတ်ထဲတွင် သက်ပြင်းမောချနေမိသည်။ မျိုးနွယ်စုတစ်စု အင်အားဆုတ်ယုတ်လာသည့်အချက်အား လက်ခံနိုင်သော်လည်း ယခုလို အောက်တန်းကျမှု၊ အကျင့်သိက္ခာပျက်ပြားမှုကတော့ ရွံစရာကောင်းသည်။ သူတို့ကို အသက်ရှင်လျက် ထားပေးလျှင်လည်း .... အမှန်တကယ် အလကားသာ ဖြစ်မည်။

ပြောရလျှင် ဘိုးဘိုးမန်၏ သွေးဆက်သည် ယခုတွင် မနာမကျန်းဖြစ်နေသော ၊ ကျင့်ကြံခြင်းအခြေခံပျက်စီးနေသော လူအိုကြီးများနှင့် အမျိုးသမီး၊ ကလေးငယ်များသာ ကျန်ခဲ့၍ ဆင်းရဲခက်ခဲလာခဲ့ပြီး အင်အားချည့်နဲ့နေသော အခြေအနေတွင် ဖြစ်၏။ အငယ်မျိုးဆက်မှာလည်း အစေခံများအဖြစ် အောက်ကျို့နေကြရသလို၊ အကြီးပိုင်းမျိုးဆက်မှာလည်း ဖျားနာအားနည်းနေကြသည်။ သို့သော် မာန်တော့ ရှိကြသေးသည်၊ စိတ်လည်း မာကြသေးသည်။ သူတို့သည် မိသားစုအဖြစ် စုစုစည်းစည်း ရှိနေကြဆဲဖြစ်၍ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဦးပြန်မော့လာနိုင်လိမ့်မည်။

မန်ရူ၊ မန်ချိန်နှင့် စောစောက မိန်းကလေးနှစ်ယောက်၏ နှလုံးအိမ်ထဲရှိ စိတ်ဓာတ်အားမာန်ကိုလည်း ခံစားကြည့်၍ရသည်။ သူတို့အားလုံး အနာဂတ်အတွက် သူတို့၏မျှော်လင့်ချက်ကို ခေါင်းမာမာ ဆုပ်ကိုင်ထားဆဲဖြစ်သည်။

သို့သော် ကျန်မန်မျိုးနွယ်ဝင်များနှင့်ပတ်သက်၍မူ မန်ဟိုမှာ အတော်လေး စိတ်ပျက်မိလေသည်။

“ဒီလို ဆန်ကုန်မြေလေးကောင်တွေကိုတောင် သခင်လေးလို့ ခေါ်ကြတယ်တဲ့လား” မန်ဟိုက ခေါင်းခါရမ်းလိုက်သည်။ နဝမတောင်ပင်လယ်မှ အစပြု၍ လက်ရှိအဋ္ဌမတောင်ပင်လယ်တွင် တဒင်္ဂနေထိုင်နေသည့်အတောအတွင်း သခင်လေးများနှင့် ဂိုဏ်းမင်းသားများအပါအဝင် ရွေးချယ်ခံမျိုးစုံကို သူ မြင်ခဲ့ဖူးသည်။ သို့သော် ယခု မန်မျိုးနွယ်စုတွင် မြင်နေရသော လူ့အောက်တန်းစားများကိုတော့ သူ တစ်ခါမှ မမြင်ခဲ့ဖူးပေ။

“ပုပ်နေတဲ့အမြစ်နဲ့ ရင်ဆိုင်ရတဲ့အခါ ရွေးချယ်စရာတစ်ခုပဲ ရှိတယ်... ဖြတ်တောက်ပစ်တာပဲ” မန်မျိုးနွယ်ကျင့်ကြံသူများ သူ့ကို တိုက်ခိုက်နေကြစဉ် မန်ဟို၏မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။ သူသည် ညာလက်ချောင်းကို လှုပ်ရှားရင်း ထစ်ချုန်းသံကြီးအား လေတွင် ပြည့်နှက်သွားစေပြီး လှိုင်းဂယက်များအား အရပ်လေးမျက်နှာသို့ ဖြာထွက်သွားစေ၏။

မျက်စိတစ်မှိတ်အတွင်း လှိုင်းဂယက်များက ပတ်၀န်းကျင်‌တွင် ပြည့်နှက်သွားပြီး ၎င်းတို့ထိတွေ့လိုက်သည့် ကျင့်ကြံသူအားလုံးမှာ မည်သည့်ကျင့်ကြံခြင်းအဆင့်ပင် ဖြစ်စေကာမူ ချက်ချင်း ပေါက်ကွဲပြာကျကုန်လေသည်။

လှိုင်းဂယက်များသည် အရာအားလုံးကို လွှမ်းခြုံ၍ ပြာချပစ်ရင်း ဖြာထွက်သွား၏။ စောစောက မောက်မာ၀င့်ကြွားနေခဲ့သော သခင်လေးနှစ်ယောက်မှာ ထွက်ပြေးနိုင်သည့်အစွမ်းအစပင် မရှိလိုက်ပေ။ အချိန်တိုလေးအတွင်း သူတို့သည် လှိုင်းဂယက်များ၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။ မှန်သည်။ သူတို့က လှိုင်းဂယက်များကို ခုခံဖို့ ကြိုးစားလိုက်သဖြင့် အသက်ကယ်‌မှော်အစွမ်းများက ဒိုင်းများအသွင် ဖြစ်တည်လာသည်။

သို့သော် ၎င်းတို့က အသုံးမ၀င်။ အချိန်အနည်းငယ်သာ ဆွဲပေးနိုင်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။ လူငယ်နှစ်ယောက်၏မျက်လုံးများက ဝိုင်းစက်ပြူးကျယ်သွားပြီးနောက် သူတို့လည်း ဘန်းခနဲ ပြာကျသွားတော့၏။

သူတို့နောက်ရှိ ကျင့်ကြံသူအားလုံးလည်း ပြာကျသွားခဲ့လေပြီ။

မကြာမီ မန်ဟို၊ မန်မျိုးနွယ်မိန်းကလေးများနှင့် ကျန်အမျိုးသမီးနှစ်ယောက်သာ ကျန်ခဲ့၏။ ကျန်ရှိသူတိုင်း ပြာဘ၀ရောက်သွားခဲ့လေပြီ။

အရာအားလုံးမှာ အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့သဖြင့် မိန်းကလေးများမှာ အသက်ရှူဖို့ရန်ပင် မေ့လျော့နေပြီး တဆတ်ဆတ် တုန်ရီလျက် ကြက်သေသေနေကြသည်။ မန်ရူမှာမူ အင်မော်တယ်‌နယ်ပယ်အကြောင်း မသိနားမလည်သည့် ငတုံးမလေးဖြစ်လင့်ကစား သူမအစ်ကိုကြီးမန်ချိန် ယခု ထုတ်လွှတ်လိုက်သည့်စွမ်းအားမှာ‌ သေချာပေါက် အင်မော်တယ်တစ်ဦး၏ စွမ်းအားမဟုတ်ကြောင့် နားလည်နိုင်သေးလေသည်။

တူညီသောသွေးဆက်မှ ကျန်မိန်းကလေးနှစ်ယောက်ကမူ မျက်လုံးများ ပို၍ ပြူးကျယ်သွားကြသည်။ သူတို့၏ကျင့်ကြံခြင်းအခြေခံသည် မန်ရူထက် များစွာ မြင့်မားသည့်အတွက် သဲလွန်စများတွေ့ရှိသွားကြ၏။ သူတို့က အံ့ဩထိတ်လန့်မှု၊ လေးစားမှုတို့ဖြင့် တုန်ရီနေလျက် မန်ဟို့ကို လှမ်းကြည့်သည်။

မန်ရူက တခဏ တွန့်ဆုတ်နေပြီးနောက် ပြော၏။"အစ်ကိုကြီး မန်ချိန်။ အစ်ကိုကြီးက....."

သူမ စကားမပြောပြီးခင် သူမ၏၀မ်းကွဲအစ်မတစ်ယောက်က သူမဆက်မပြောနိုင်အောင် လက်ဖြင့်ကာလိုက်သည်။

မန်ဟိုက နူးညံ့ကြင်နာသော အကြည့်ဖြင့် မိန်းကလေးသုံးယောက်ကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အဝေးသို့ လှမ်းကြည့်လိုက်ပြီး သူ့အမူအရာက ပြန်လည်၍ တင်းမာအေးစက်သွား၏။ ရုတ်တရက် သူ့ထံမှ အစွမ်းထက်သော အရှိန်အဝါက ကောင်းကင်ကို မှေးမှိန်၍ မြေပြင်များကို တသိမ့်သိမ့် တုန်ခါနေစေရင်း ပတ်၀န်းကျင်ကို လွှမ်းခြုံသွားလေ၏။ ပတ်ပတ်လည်ရှိ အဆောက်အအုံများမှာ ဖိအားဒဏ်ကို မခံနိုင်တော့လေရာ မကြာမီ အက်ကွဲသံများကို ကြားလာရသည်။

ထို့နောက် အဆောက်အအုံတစ်ခုပြီးတစ်ခု တဝုန်းဝုန်း ပြိုကျလာသည်။ ဤအခိုက်အတန့်တွင် မတူညီသော နေရာနှစ်ခုမှ အလင်းတန်းတစ်ဒါဇင်ကျော် သူတို့ထံ ပျံသန်းလာနေသည်ကို မြင်ရနိုင်သည်။ ဒေါသနှင့် အသတ်အဖြတ်စိတ်ဆန္ဒတို့ ပြည့်နှက်နေသည့် ဟိန်းဟောက်သံတို့ ပဲ့တင်ထွက်လာ၏။

"မန်မျိုးနွယ်စုမှာ ဘယ်သူက ရမ်းကားနေရဲတာတုန်း"

"မင်းသေချင်နေသလား" ဒေါသတကြီးကြိမ်းမောင်းသံနှစ်သံက မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာကာ တုန်ခါလှိုင်းနှစ်လှိုင်းအား မန်ဟို့ထံ လိမ့်ထွက်လာစေသည်။

မန်ဟိုက လာနေသော ကျင့်ကြံသူများကို အေးတိအေးစက်သာကြည့်ရင်း ရပ်နေ၏။ သူတို့အကြားရှိ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံမှာ‌ ရှေး‌ဟောင်းနယ်ပယ်မဟာစက်၀န်းအဆင့်သာ ဖြစ်ပြီး ကျန်ရှိသူများမှာ ထိုအဆင့်နှင့် များစွာဝေးကွာလေသည်။

“ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ ဆုံးဖြတ်ဖို့တောင် မင်းတို့ကောင်တွေ မစဉ်းစားတော့ဘူးလား” သူက အေးစက်စက် ပြောသည်။ “မင်းတို့ကို အသက်ချမ်းသာပေးရင်လည်း အလကားပဲ” သူက ရှေ့တစ်လှမ်းတက်ကာ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ ခေါင်းဆောင်နေရာရှိ ဝတ်ကောင်းစားလှများနှင့် သက်လတ်ပိုင်းကျင့်ကြံသူ၏အရှေ့တွင် ဖြစ်သည်။ ထိုလူ၏မျက်လုံးများက ဒေါသကြောင့် နီရဲနေသော်လည်း မန်ဟို သူ့အရှေ့တွင် ပေါ်လာသည်နှင့် သူ့မှာ တဆတ်ဆတ် တုန်သွားပြီး သူ၏အမျက်ဒေါသသည် အံ့ဩထိတ်လန့်မှုအဖြစ် ပြောင်းလဲသွားတော့၏။

မန်ဟို ယခုလို ဖျတ်ခနဲ ပျောက်ကွယ်၍ ဘွားခနဲ ပြန်ပေါ်လာအောင် မည်သည့်နည်းလမ်းကို အသုံးပြုခဲ့လဲ သူ မသိသော်လည်း ယင်းက အရေးမကြီးသေး။ အရေးအကြီးဆုံးက ... မန်ဟို့ထံမှ ထုတ်လွှတ်နေသော အဆုံးမဲ့စွမ်းအားကို သူ ခံစားနေရသည်။ ၎င်းသည် ခေါင်းဆောင်ကြီးတစ်ဦး၏ရှေ့မှောက်တွင် ရပ်နေသည့်အခါ ခံစားရမည့် ဖိအားထက်ပင် ပို၍ပြင်းထန်နေ၏။

ထိုလူမှာ အထိတ်တလန့်နှင့် .... “မင်း.. “

မန်ဟို့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒက ထိုလူ၏ဦးရေပြားကို ပေါက်ကွဲတော့မည့်အလား ထုံကျင်သွားစေသည်။ သူ့မှာ ကြောက်မက်ဖွယ်စွမ်းအားကြောင့် ကြောက်လန့်စွာ နောက်ဆုတ်လိုက်မိ၏။

“နှေးလွန်းတယ်” မန်ဟိုက ခေါင်းလည်းခါ၊ အင်္ကျီလက်စကိုလည်း ခါရမ်းရင်း ပြောသည်။ လေမုန်တိုင်းကြီးတစ်လုံးက ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော လေဆင်နှာမောင်းကြီးတစ်လုံးအသွင်ပြောင်းရင်း လိမ့်ထွက်ပြန့်ကားလာလေသည်။

မန်ဟိုက စကားပြောပြီးပြီးချင်း ရှေ့တစ်လှမ်းတက်လိုက်ပြီး မိန်းကလေးသုံးယောက်မှာတော့ ရင်တမမဖြင့် သူ့အနောက်မှ လိုက်လာသည်။ သို့သော် သူတို့ သိပ်ဝေးဝေးလံလံမသွားနိုင်ခင် အလင်းတန်းကိုးတန်းက သူတို့ထံ ချဉ်းကပ်စပြုလာသည်။ ၎င်းကား မန်မျိုးနွယ်စုရှိ မည်သူမဆို မြင်ရသည့်တိုင်အောင် အလွန်ထင်ရှားကြီးမားပေ၏။

လေဆင်နှာမောင်းကြီးက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် သက်လတ်ပိုင်းလူနှင့် သူ့အနောက်ရှိ ကျင့်ကြံသူများကို တိုက်ခတ်ပစ်လိုက်သည်။ သူတို့သည် အကြောက်အကန် ပြန်တိုက်ခိုက်ကြသော်လည်း လေဆင်နှာမောင်းကြီးအတွက် သူတို့ကို လွှမ်းခြုံသွားရန် တခဏသာ ကြာလိုက်ပြီး မချိတင်ကဲအော်သံများ ဆူညံလာတော့၏။ ဧရာမလက်ကြီးတစ်ဖက်က လေဆင်နှာမောင်းတစ်ခုလုံးကို သွေးနီရောင်ခြယ်မှုန်းနေသည့်အလားပင်။

မန်မျိုးနွယ်စုတစ်စုလုံး ဖိန့်ဖိန့်တုန်သွားကြသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများ ဈာန်ဝင်စားနေရာမှ ထွက်လာကြပြီး ကောင်းကင်ကို မော့ကြည့်ပြီးနောက်တွင် အံ့အားသင့်နေသောအမူအရာများဖြင့် လေပေါ် ချက်ချင်း ပျံတက်သွားကြတော့၏။

“ချုံခိုတိုက်ခိုက်မှု”

“အပြင်မျိုးနွယ်စုတစ်စု ကျူးကျော်လာနေပြီ”

“ရန်သူမျိုးနွယ်စု ကျူးကျော်တိုက်ခိုက်နေပြီ။ လခွမ်း ဘာလို့ မျိုးနွယ်စုရဲ့ မဟာမန္တန်ဝင်္ကပါက အသက်ဝင်မလာတာလဲ”

အလန့်တကြားအော်သံများ ဟိန်းထွက်လာပြီး မျိုးနွယ်စုတစ်စုလုံး ဆူညံပွက်လောရိုက်ကုန်ကြသည်။ လူရိပ်ကိုးခုသည်လည်း လေဆင်နှာမောင်းကြီးထံသို့ မတူညီသောအရပ်မျက်နှာကိုးခုမှ ဦးတည်လာနေကြလေပြီ။

သူတို့၏အနောက်မှ ပို၍ပင်များပြားသောလူရိပ်များ လိုက်ပါလာကြပြီး သူတို့၏ကျင့်ကြံခြင်းအခြေခံစွမ်းအားများ လိမ့်ထွက်လာသည့်အခါ မန္တန်ဝင်္ကပါတစ်ခုသဖွယ် ဖြစ်လာသည်။ သူတို့သည် လေဆင်နှာမောင်းကြီးထံသို့ တန်းတန်းမတ်မတ် ပျံသန်းသွားမည့်အစား လှည့်ပတ်ပျံသန်းနေကြ၏။ မကြာမီ ကျင့်ကြံသူများသည် မန်ဟို ရပ်နေသောနေရာကို လွှမ်းခြုံထားသည့် ဧရာမဝဲကြီးတစ်ဝဲကို ဖော်ဆောင်လိုက်ကြသဖြင့် ကောင်းကင်ထက်တွင် အရောင်အဝါများ ပြိုးပြိုးပြက်ပြက် လက်လာတော့၏။

မန်ရူမှာ ကြောက်လန့်တုန်ရီနေသလို ကျန်မန်မျိုးနွယ်မိန်းကလေးနှစ်ယောက်လည်း ထိုနည်းတူပင်။ မန်ဟိုကမူ သူတို့ကို ဝေဟင်ထက်မှ ငုံ့ကြည့်နေပြီး မဆိုစလောက် ပြုံးပြသည်။ ထိုအပြုံးတွင် သူတို့ကို စိတ်အေးသွားစေသည့် အစွမ်းပါရှိနေသယောင်ပင်။ မိန်းကလေးသုံးယောက် ခံစားနေရသော ကြောက်ရွံ့ထိတ်လန့်မှုတို့ကား ချက်ချင်းဆိုသလို ပျောက်ကွယ်သွားတော့၏။

မန်ဟိုက ချာခနဲ လှည့်သွားသည်။ သူသည် ဝင်္ကပါကို ဦးဆောင်လာနေသော ကျင့်ကြံသူကိုးယောက်နှင့် သူတို့၏နောက်လိုက်များကို လျစ်လျူရှုရင်း အဝေး၌ တုံ့ခနဲ ရပ်နေခဲ့ပြီး မလှုပ်တော့သော ကျင့်ကြံသူတစ်ယောက်ကို လှမ်းကြည့်လိုက်၏။

သူက အဘိုးကြီးတစ်ဦးဖြစ်ပြီး မန်ဟို့အကြည့် သူ့အပေါ် ကျရောက်လာသည့်အခါ အသက်ရှူကြပ်သွားပြီး တဆတ်ဆတ်တုန်ရီလာပြီးနောက် နောက်ဆုတ်သွားတော့သည်။

သို့သော် သူ နောက်တစ်လှမ်းလှမ်း လိုက်သည့်အချိန်မှာပင် မန်ဟိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ဒုတိယလေဆင်နှာမောင်းကြီးတစ်လုံးက လူအုပ်ကြီးကို ဖြတ်တိုက်၍ မချိတင်ကဲ အော်သံများကို ဆူညံနေစေရင်း အဘိုးကြီးထံ ပြေးဝင်သွားသည်။ အဘိုးကြီးတွင် အင်အားကြီးမားသောကျင့်ကြံခြင်းအခြေခံ ရှိပါသော်လည်း အရေးမပါတော့သလို၊ မည်သည့်နတ်ဘုရားစွမ်းရည်များနှင့် မည်သည့်မှော်ပစ္စည်းများကိုဖြစ်စေ ထုတ်လွှတ်စေကာမူ အချည်းနှီးပင်။ သူ့မှာ လေမုန်တိုင်းကြီး၏ ဝါးမြိုခြင်း ခံလိုက်ရတော့သည်။

အချိန်အနည်းငယ်ကြာသော် ဒုတိယလေမုန်တိုင်းကြီးလည်း သွေးချင်းနီသွားသည်။

မန်ဟိုက ဘေးဘီဝဲယာကို အေးစက်စွာ ကြည့်ရင်း လေလယ်တွင် ပျံဝဲနေသည်။ လေဆင်နှာမောင်းကြီးနှစ်လုံးက အနားတစ်ဝိုက်တွင် တဝေါဝေါလည်နေပြီး ၎င်းတို့ကို အသေအချာကြည့်ပါက ဆာလောင်နေသောမျက်ဝန်းများဖြင့် အပြင်ကို စိုက်ကြည့်နေသည့် အရိုင်းဝံပုလွေကြီးနှစ်ကောင် ပုန်းလျှိုးနေသည်ကို မြင်ရနိုင်သည်။

“သွားကြစို့” မန်ဟိုက အေးဆေးတည်ငြိမ်စွာ ပြောသည်။ ယနေ့ သွေးဆက်အားလုံးကို သူ သုတ်သင်ပစ်မည်မဟုတ်ပေ။ သူသည် ကလေးမများကို ပြန်ခေါ်လာခိုင်းသည့် ဘွားဘွားမန်၏အမိန့်အတိုင်း လုပ်ဆောင်နေရုံသာ ဖြစ်၏။ ထိုမျှသာမက မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါမှာ အစက အသက်ဝင်မလာခဲ့သော်လည်း ယခုလေးတင် သူ ပြုလုပ်ခဲ့သည့် သတ်ဖြတ်မှုများက တဝုန်းဝုန်းမြည်သံများကို ဆူညံနေစေလေပြီ။

လှိုင်းများလည်း ဖြာထွက်စပြုလာပြီး ၎င်းတို့အထဲတွင် ကြောက်မက်ဖွယ်စွမ်းအားကို မန်ဟို ခံစားလိုက်ရသည်။ ထိုစွမ်းအားက သေချာပေါက် ... မန်မျိုးနွယ်စု၏ အကာအကွယ်မန္တန်ဝင်္ကပါဖြစ်၏။

“ထွက်သွားဖို့ စိတ်တောင်မကူးနဲ့” ကိုးယောက်ထဲမှ တစ်ယောက်က ကြိမ်းဝါးသည်။ တုံ့ပြန်သည့်အနေဖြင့် မန်ဟိုက ထိုလူ့ကို လှည့်ကြည့်လိုက်သည်။ ဤလူသည် တာအိုနယ်ပယ်နှင့် လွန်စွာနီးကပ်နေပြီဖြစ်သော ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံခြင်းအခြေခံနှင့် မျိုးနွယ်စုအကြီးအကဲတစ်ဦး ဖြစ်ပေ၏။ သို့သော် သူက လက်ကြီးတစ်ဖက် သူ့လည်မျိုကို ဆုပ်ကိုင်လိုက်သလို ခံစားလိုက်ရသဖြင့် တုံ့ခနဲ ရပ်သွားသည်။ ထို့နောက် သူ့မျက်ဝန်းများ၌ အံ့ဩထိတ်လန့်မှုတို့ ဖြတ်ပြေးသွားပြီး သူ့မှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် နောက်ဆုတ်ကာ သွေးအလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။

အကြည့်တစ်ချက်က အကြီးအကဲတစ်ဦးကို ဒဏ်ရာအပြင်းအထန်ရသွားစေရာ ကျန်ရှိသူတိုင်းအား ပင့်သက်ရှိုက်လိုက်ရစေသည်။ သူတို့သည် မန်ဟို မည်မျှကြောက်စရာကောင်းကြောင်း ခံစားရသော်လည်း.... ဤမျှကြောက်စရာကောင်းလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

“တာအို... တာအိုနယ်ပယ်” အကြီးအကဲက တုန်ရီနေသောအသံဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ကျင့်ကြံသူကိုးယောက်ကို အဖက်ဆက်မလုပ်ဘဲ မန်ဟိုက အလွန်တရာစိတ်လှုပ်ရှားနေကြသော မန်ရူနှင့် ကျန်မိန်းကလေးနှစ်ယောက်နှင့်အတူ သူ့လမ်းသူ ဆက်သွားသည်။ မိန်းကလေးသုံးယောက်သည် မန်ဟို့ကို ကြည့်သောအခါ စိတ်အားထက်သန်လာပြီး လေးစားရိုသေစိတ်တို့ တဖွားဖွား ဖြစ်ပေါ်လာတော့သည်။ သူတို့အတွက် မန်ဟိုက သူတို့သွေးဆက်တွင် မိုးထိလုအောင် မြင့်မားနေသော တောင်ကြီးတစ်လုံး၊ မည်သည့်လေဒဏ်မိုးဒဏ်ကိုမဆို ကာဆီးတောင့်ခံပေးနိုင်သော လူတစ်ယောက်ဖြစ်ပေသည်။

ကျင့်ကြံသူကိုးယောက်မှာ သူ့အား မတားရဲကြတော့ပေ။ ဧရာမဝဲမန္တန်ဝင်္ကပါကြီးလည်း ရပ်တန့်သွားပြီး ၎င်းကို အားဖြည့်ပေးနေသော ကျင့်ကြံသူများမှာ ထိတ်လန့်နေသောအမူအရာများဖြင့် မန်ဟို့အတွက် လမ်းဖယ်ပေးနေကြသည်။ မန်ဟိုကမူ အေးအေးဆေးဆေး ဖြတ်သွားလေသည်။

အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်ငြိမ်သက်နေသည်။ မြေပြင်ထက်တွင် မန်မျိုးနွယ်ဝင်များသည် သူတို့၏အိမ်များ၊ အဆောက်အဦများ၏အရှေ့၌ ထွက်ရပ်ရင်း ကောင်းကင်ထက်တွင် ဖြစ်ပျက်နေသောအရာကို တအံ့တဩ မော့ကြည့်နေကြလေ၏။ မန်ဒဲ့လည်း ဝတ်ပြုကျောင်းတစ်ကျောင်းထဲတွင် လုံးလုံးလျားလျား မှင်သက်နေသော မျက်နှာထားဖြင့် မန်ဟို့ကို မော့ကြည့်နေသည်။

မန်မျိုးနွယ်စု၏ နောက်တစ်နေရာတွင် မန်ဟို၊ မန်ရူနှင့် ကျန်သွေးဆက်တူမိန်းကလေးနှစ်ယောက်ကို မော့ကြည့်နေသော မိန်းကလေးသုံးယောက်ရှိသည်။ ဤမိန်းကလေးများမှာ နှလုံးသားကို ဓားချွန်ချွန်ဖြင့် ထိုးစိုက်ခံနေရသကဲ့သို့ နာကျင်ခံစားနေရဟန် ရှိလေသည်။

သူတို့သည် ပြန်ဖို့ ငြင်းဆန်၍ တခြားမျိုးနွယ်ဝင်များ၏အစေခံများအဖြစ်သာ ဆက်လက်နေထိုင်ဖို့ ရွေးချယ်ခဲ့သော သွေးဆက်တူများ ဖြစ်ကြ၏။

သူတို့က သွေးဆက်ကို စွန့်ပစ်ခဲ့သည့်အတွက် သွေးဆက်ကလည်း သူတို့ကို ဖယ်ကျဉ်ခဲ့လေပြီ။

ဤအခိုက်အတန့်တွင် ရုတ်တရက် စူးစူးရှရှအလင်းရောင်တစ်ရောင်က မန်မျိုးနွယ်ဘိုးဘေးစံအိမ်၏ အလယ်တည့်တည့်ရှိ ဧရာမရုပ်တုကြီးထံမှ ဖြာထွက်တောက်ပလာသည်။

“မင်းနာမည်ပြောစမ်း”

All Chapters