စစ်မှန်သောနဂါး
Vol. 38 Ch. 525
ထိုအလှလေးသည် အသက်(၂၀)ဝန်းကျင်ရှိ၏။ သူမက အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး နှင်းကဲ့သို့ ဖြူဆွတ်သော အသားအရောင် ရှိသည်။ သူမက အရပ်မြင့်သော်ငြား ပိန်လွန်းနေတာ မဟုတ်ပေ။ သေးကျဉ်းသောခါး ဖွံ့ထွားသောရင်တို့ ရှိပြီး ခန္ဓာကိုယ်အချိုးအစား အလွန်လှပ၏။ သူမ၌ ဘဲဥပုံမျက်နှာမျိုး ရှိပြီး သူမ၏ ရုပ်ရည်သွင်ပြင်နှင့် အလွန်သဟဇာတရှိစေပြီး သူမကို ကြည့်ကောင်းစေ၏။
ပိုအရေးကြီးဆုံးက သူမ၏ အရှိန်အဝါဖြစ်သည်။ ဖီးနစ်အော်သံနယ်မြေထဲတွင် ကျန်းရီတွေ့ခဲ့ဖူးသည့် အမျိုးသမီးအားလုံးက ရဲစွမ်းသတ္တိရှိပြီး မှန်ကန်ဖြောင့်မတ်သည့် ပုံမျိုးဖြစ်ကာ သူတို့က အရည်အချင်းရှိသော အမျိုးသမီးများနှယ် သူတို့ကိုယ်သူတို့ ပုံဖော်ခဲ့၏။ ယင်းက ဖီးနစ်အော်သံနယ်မြေ၏ အုပ်စိုးသော ပတ်ဝန်းကျင် ဖြစ်ပြီး အမျိုးသမီးများက သာလွန်ကာ အမျိုးသမီးများအားလုံးသည် သူတို့၏ အရည်အချင်းများကို ပြရသည်။ ထို့ကြောင့် အမျိုးသမီးတစ်ဦး၏ သိမ်မွေ့နူးညံ့မှုက သူတို့တွင် ချို့ယွင်နေ၏။
သို့သော် ထိုအမျိုးသမီး၏ အငွေ့အသက်က ချစ်စဖွယ်ကောင်းပြီး နှစ်လိုဖွယ်ကောင်းကာ သူမ၏ လှပသော သွင်ပြင်ကလည်း ဖြည်းဆည်းပေးနေသည်။ သူမက အမျိုးသမီးအဖွဲ့အလယ်တွင် ရပ်နေလျှင် ကြက်ငှက်တစ်စု ဝိုင်းနေသည့် ဖီးနစ်တစ်ကောင်နှင့် တူနေတော့သည်။ ကျန်းရီက လူတိုင်း၏ တည်ရှိမှုကို အပြည့်အဝ လျစ်လျူရှုခဲ့၏။
“မြို့သခင်မကို အရိုအသေပေးပါတယ်”
ထောင်ဖေးက တစ်ချက် ကြည့်ပြီးနောက် မြန်မြန်ဆန်ဆန်ပင် သူမ၏ အဝတ်အစားများကို သေသပ်အောင် ပြုပြင်ကာ အရိုအသေပေး နှုတ်ဆက်လိုက်ပြီး အင်မတန်ရိုကျိုးသည့် သဘောထားကို ပြသနေ၏။ ကျန်းရီ၏ အကြည့်က အလင်းတန်းဖြင့် လက်သွားကာ သူ့စိတ်ထဲ အတွေးများ ပြည့်သွားသည်။ မြို့သခင်မချင်းယွီက အလွန်လှပလွန်းရာ သူမက သူနှင့်နောက်ပိုင်း ဆော့ကစားချင်လျှင် သူက အမှန်တကယ် ခုခံမည်လော။
“ရာရာစစ..”
မြို့သခင်မချင်းယွီ၏ မျက်ဝန်းတို့က အေးစက်သွားပြီး သူမ၏ အစွမ်းထက်သော အရှိန်အဝါတို့ ထိုးတက်လာမည်ကို သူ တစ်ခါမျှ မထင်ခဲ့မိချေ။ သူမက ကျန်းရီကို သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး အော်ပြောလိုက်၏။
“ထောင်ဖေး.. နင်က ဒီကို သူလျှိုတစ်ယောက် တကယ်ခေါ်လာတယ်.. တစ်ယောက်ယောက် ဒီကိုလာပြီး ဒီသူလျှိုကို ဖြေရှင်းလိုက်ကြ”
ထျန်း ထျန်း..
မြို့သခင်မက ချင်းယွီဘေးရှိ သိုင်းပညာရှင်နှစ်ဦးက လက်နက်များကို ချက်ချင်း ဆွဲထုတ်ပြီး ကျန်းရီဆီသို့ တစ်ဟုန်ထိုး ဝင်သွားသည်။ သူတို့ထဲမှ တစ်ဦးက အလွန်ဖြုံလောက်သည့် အရှိန်အဝါများ တည်ရှိနေပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦး ဖြစ်လောက်ပေ၏။
ငါ ဘာလုပ်သင့်လဲ တိုက်ခိုက်ရမလား၊ အညံ့ခံရမလား။
ကျန်းရီ၏စိတ်က မြန်မြန်ဆန်ဆန် တွေးနေသည်။ သူ တိုက်ခိုက်မည် ဆိုလျှင် ဤနေရာရှိ လူတိုင်းကို သတ်ဖြတ်နိုင်ပြီး ပင်လယ်ထဲ ချက်ချင်း ထွက်ပြေးနိုင်၏။ ကောင်းကင်ဧကရာဇ်အဆင့် သိုင်းပညာရှင်က သူ့နောက် လိုက်ချင်လျှင်တောင် သူတို့အတွက် စိန်ခေါ်ရာ ရောက်နေပေမည်။ သူ စတင်တိုက်ခိုက်သည်နှင့် ဤနေရာ၌ အုတ်အော်သောင်းတင်း ဖြစ်သွားနိုင်သည်။ မြို့ထဲရှိ လူတိုင်းကို သတ်ဖြတ်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိပေ။ သူက ဖီးနစ်အော်သံနယ်မြေမှ ထွက်သွားရမည် ဖြစ်ကာ မြေပုံကို ရရန် နောက်ထပ် အခွင့်အရေး ဘယ်တော့မှ ရတော့မှာ မဟုတ်ပေ။ သူသည် အရှေ့ပိုင်း တော်ဝင်နယ်မြေအကြောင်း သတင်းအချက်အလက် မရ၊ အနီးအနားရှိ ပင်လယ်ဒေသအကြောင်းလည်း စုဆောင်းနိုင်တော့မှာ မဟုတ်ပေ။
စွန့်စားကြည့်တာပေါ့။
လူတစ်ဦးသည် အရည်အချင်းလုံလောက်သွားသည်နှင့် ကြောက်စရာ ဘာမှမရှိတော့ပေ။ ကျန်းရီက စွန့်စားရန် ဆုံးဖြတ်ချက် ချလိုက်၏။ သူ မသေတရွေ့ သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြီး လူတိုင်းကို ဖိနှိပ်နိုင်မည် ဖြစ်ကာ သူ ဆန္ဒရှိသည့် အချိန်တိုင်း၌ ထွက်ပြေးနိုင်ပေမည်။
ဝှစ်..
ပုံရိပ်နှစ်ရိပ်က လျင်မြန်စွာ ရောက်ရှိလာပြီး ကျန်းရီက သူ၏ဒန်တျန် ကြယ်စက်လုံးထဲရှိ အတွင်းအားကို မလှည့်ပတ်ရဲချေ။ သူ့ခန္ဓာကိုယ်က မည်သည့်အရှိန်အဝါကိုမှ မထုတ်ပြခဲ့ချေ။ ဓားနှစ်လက်က ဝင်ရောက်လာသည့် အချိန်၌ သူက ကြောက်လန့်နေဟန်ဆောင်ပြီး အမြန်နောက်ဆုတ်ကာ သူ့ရင်ဘတ်ဆီ ဦးတည်လာသည့် ဓားကို ကြည့်လိုက်တော့၏။
“သူ့ကို အသက်ရှင်ခွင့်ပေးလိုက်”
ဓားက ကျန်းရီကို ထိုးစိုက်မိတော့မည့် အချိန်တွင် မြို့သခင်မက ချင်းယွီက ရုတ်တရက် ပြောလိုက်သည်။ ဓားနှစ်လက်က သူ့လည်ပင်းနား ရောက်လာပြီး အတွင်းအားတို့ ဖြာထွက်သွားသည့် ဓားများက ကျန်းရီကို ကြောက်လန့်သွားစေနိုင်သည့် အရှိန်၊ အေးစိမ့်သည့် အရှိန်အဝါတို့ တည်ရှိနေသည်။ ထိုအရာအားလုံးက သူ ဟန်ဆောင်နေခဲ့ခြင်းသာ ဖြစ်၏။
“ဒူးထောက်..”
အသက်(၄၀) အရွယ်ရှိသည့် အမျိုးသမီးကြီးက အော်လိုက်၏။ သူမက ဗာဂျရာနယ်ပယ်တွင် ရှိသော်ငြား ပထမသို့မဟုတ် ဘာဂျာရာနယ်ပယ် ဒုတိယအဆင့်၏ ခွန်အား ရှိသည်။ သူမက ကိုယ်ပိုင်အရည်အချင်းဖြင့် ကျင့်ကြံခဲ့တာ ဖြစ်ရမည်။ ကျန်းရီ၏ အမူအရာက ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် တစ်စုံတစ်ယောက်က သူ့လည်ပင်းပေါ် ဓားသွားတင်တာ သို့မဟုတ် သူ့ကို ရိုက်နှက်လျှင်တောင် သူ သည်းခံနိုင်ပေ၏။ သူ့ကို ဒူးထောက်ရန် ပြောခြင်းက သူ့ကို သတ်တာထက် ပိုခက်ခဲနေပေ၏။ သူက အားလုံးကို ထူးမခြားနား ကြည့်လိုက်ပြီးနောက် အေးတိအေးစက် ပြုံးလိုက်သည်။
“အမျိုးသားတွေရဲ့ဒူးခေါင်းအောက်မှာ ရွှေရှိတယ်၊ မိုးနဲ့မြေ မိဘတွေဆီကိုပဲ ဒူးထောက်လိမ့်မယ်.. ငါ တစ်ကိုယ်တော် ဝံပုလွေကို ဒူးထောက်စေချင်တယ် ဆိုရင် ငါသေလိုက်မယ်..”
ကျန်းရီ၏ အသံက မကျယ်သော်ငြား သူ၏ဖော်ပြချက်က လူတိုင်း၏စိတ်ထဲ မိုးခြိမ်းသံနှယ် ဘုန်းခနဲ ပေါ်လာတော့၏။ ဖီးနစ်အော်သံ နယ်မြေထဲရှိ အမျိုးသားများက အမျိုးသမီးများအတွက် အစေခံများဖြစ်ခဲ့သည်။ နှစ်ပေါင်းတစ်သောင်းကြာ အမျိုးသားများသည် ကျွန်ပြုခံပြီး အနိုင်ကျင့်ခံနေကျ ဖြစ်သည်။ သူတို့၏အသက်က အမျိုးသမီးများ၏ လက်ထဲတွင် ရှိသည်။ ထိုအမျိုးသားများအားလုံးက သူတို့၏ အလျော့မပေး ယောကျ်ားဆန်သည့် သွေးတို့ ဆုံးရှုံးနေခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ဖီးနစ်အော်သံနယ်မြေထဲရှိ အမျိုးသမီးများအားလုံးသည် သူတို့ကို အထင်တသေး ဆက်ဆံကြပြီး သူတို့ကို မျိုးပွားပစ္စည်း ဖျော်ဖြေစရာနှင့် အနိုင်ကျင့်စရာအဖြစ်သာ ဆက်ဆံခဲ့ကြသည်။
မည်သို့ပင် ဆိုစေကာမူ အမျိုးသမီးက အမျိုးသမီးသာ ဖြစ်နေသေး၏။ အမျိုးသားတစ်ဦးက ယန်ဓာတ်ကို ပိုင်ဆိုင်ထားပြီး ယန်သည် လွှမ်းမိုးခြင်းနှင့် စွမ်းအင်ကို ကိုယ်စားပြုကာ အမျိုးသမီးက နူးညံ့မှုနှင့် ကျက်သရေရှိမှုဟူသည့် ယင်ကို ကိုယ်စားပြုလေသည်။ အမျိုးသမီးတစ်ဦးက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ မည်မျှ အစွမ်းထက်စေကာမူ အမျိုးသမီးတစ်ဦးသာ ဖြစ်နေသေးသည်။ သူတို့၏ စိတ်ဝိညာဉ်ထဲတွင် နုနယ်သော မိန်းမပျိုလေးတစ်ဦး ဖြစ်လိုစိတ် ရှိလိုသေးပြီး အစွမ်းထက်သော လူများ၏ ကာကွယ်မှုကို ခံချင်ကာ ချစ်မြတ်နိုးတန်ဖိုးထား ခံလိုစိတ် ရှိကြသည်။
ဖီးနစ်အော်သံနယ်မြေ၏ ပတ်ဝန်းကျင်က ထိုသို့ မဟုတ်ပေ။ ယင်းပြောင်းလဲမှု နောက်ကွယ်တွင် သမိုင်းကြောင်းတစ်ခု ရှိခဲ့သည်။ လွန်ခဲ့သည့်နှစ်တစ်သောင်းခန့်က ဖီးနစ်အော်သံနယ်မြေကို ထူးခြားသော မျိုးနွယ်စု တစ်စုက ကျူးကျော်လာခဲ့ပြီး မျိုးသုဉ်းလုနီးပါး ဖြစ်ခဲ့သည်။ လူတိုင်း စိတ်ပျက်အားငယ်ပြီး အမျိုးသားအများစုက သူတို့၏ဇနီးများ၊ ကလေးများအားလုံးကို စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့၏။ ထိုစဉ်က အသန်မာဆုံး မဟာဧကရာဇ်ကတောင် ထွက်ပြေးသွားခဲ့ပြီး နိုင်လိုမင်းထက် အနိုင်ပြုခြင်းကို ခံနေရသည့် အမျိုးသမီးများကို နောက်တွင် ထားရစ်ခဲ့သည်။ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန်အတွက် အမျိုးသမီးများသည် သူတို့၏သွေးသားများကို အသုံးပြုလျက် သူတို့၏ ကလေးများ၊ သူတို့၏ နယ်မြေကို ကာကွယ်ခဲ့ရသည်။
ပြီးနောက် အမျိုးသမီးတပ်ဖွဲ့ထဲတွင် ဗာဂျရာနယ်ပယ် ပဉ္စမအဆင့်မှ ကောင်းကင်ဧကရာဇ်အဆင့်ကို ချိုးဖျက်တက်နိုင်ရန် တစ်နှစ်သာ အချိန်ယူခဲ့ရသည့် အံ့ဖွယ် အမျိုးသမီးတစ်ဦး ရှိခဲ့၏။ သူမက သုံးနှစ်တိုင် သွေးသံရဲရဲတိုက်ပွဲကို ဆင်နွဲဖို့ရာ အမျိုးသမီးတပ်ဖွဲ့ကို ဦးဆောင်ပြီးနောက် နယ်မြေဆီမှ ထိုထူးခြားသော မျိုးနွယ်စုကို နောက်ဆုံးတွင် မောင်းထုတ်နိုင်ခဲ့သည်။ ထိုစဉ်က အမျိုးသမီးစစ်သည်တော်၏ ခင်ပွန်းဖြစ်သူကလည်း ထွက်ပြေးသွားခဲ့ပြီ ဖြစ်သည်။
အင်မတန်ပြင်းထန်သည့် ဒေါသအမျက်အောက်၌ သူမက အမျိုးသားများအားလုံးကို ထောင်သွင်းအကျဉ်းချစေပြီး သူမ၏ တပ်ဖွဲ့ထဲရှိ စစ်သူကြီးများအားလုံးကို မြို့အသီးသီး၌ မြို့သခင်မများ ဖြစ်ခွင့်ပေးပြီး သူမက သူတို့အားလုံးကို အုပ်စိုးခဲ့သည်။ ထိုဧကရီ၏ လွှမ်းမိုးမှုအောက်တွင် နယ်မြေရှိ အမျိုးသမီးများအားလုံးသည် သူတို့ကိုယ်သူတို့ ခွန်အားများ တက်အောင် စတင်လုပ်ဆောင်ကြ၏။ အမျိုးသားများသည် သူတို့၏ စိန်ခေါ်မှုအများဆုံး အချိန်၌ အားမကိုးနိုင်သောကြောင့် သူတို့သည် အမျိုးသားများကို မည်သည့်အတွက် လိုတော့မည်နည်း။ သူတို့ကိုယ်သူတို့ ခွန်အားမြင့်တင်ပြီး အမျိုးသားများကို သူတို့အောက်တွင် အဘယ်ကြောင့် မထားရမည်နည်း။
နှစ်တစ်သောင်း ကြာခဲ့ပြီ ဖြစ်သောကြောင့် ဖီးနစ်အော်သံနယ်မြေရှိ အမျိုးသမီးများသည် ပိုသန်မာပြီးရင်း သန်မာလာကာ အမျိုးသားများကမူ သဘာဝအတိုင်း ကျွန်ပြုခံလိုက်ရတော့သည်။ ထိုစဉ်က ဧကရီသည် အမျိုးသားများအားလုံး သိုင်းပညာကျင့်ကြံခွင့်မရှိဟု အမိန့်ထုတ်ပြန်ခဲ့သည်။ ကျင့်ကြံကြောင်းရှာဖွေတွေ့ရှိခဲ့လျှင် ခြွင်းချက်မရှိ သတ်ဖြတ်ခံရမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားများသည် သိုင်းပညာ ထပ်မံ မကျင့်ကြံနိုင်သောကြောင့် သူတို့၏ ခန္ဓာကိုယ် တည်ဆောက်ပုံက ပိုအားနည်းလာပြီးနောက် လက်ရှိအခြေအနေ ဖြစ်လာစေတာပင်။
ဤနယ်မြေရှိ အမျိုးသားများ၏ အရိုးထဲထိအောင် ကျွန်သဘာဝက စွဲထင်နေခဲ့ပြီ ဖြစ်သည်။ သန်မာပြီး ယောက်ျားပီသသော သွင်ပြင်ရှိသည့် ထူးချွန်ထက်မြက်သော အမျိုးသားတစ်ဦးရှိခဲ့လျှင်တောင် သူတို့က ရုပ်ရည်သွင်ပြင်သာရှိပြီး စိတ်ဝိညာဉ်က ရှိမှာ မဟုတ်ပေ။
ကျန်းရီကမူ ခြားနားပေ၏။ သူက ပုံမှန်အမျိုးသားတစ်ဦး ဖြစ်ပြီး ခြွင်းချက်မရှိ တစ်ဦးတည်းသောသူ ဖြစ်သည်။ သူသာ သာမန်ဆိုလျှင် ကောင်းကင်ကြယ်တာရာနယ်မြေ၏ ထိပ်၌ မည်သို့ ရပ်တည်နိုင်မည်နည်း။ သူက ရန်သူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး သူ၏ခန္ဓာကိုယ်၌ အရှိန်အဝါ ပြင်းထန်သည့်ဆန္ဒ လွှမ်းမိုးသော အရှိန်အဝါတို့ ရှိနေခဲ့ပြီး ဖြစ်သည်။
မြို့သခင်မချင်းယွီက ကြက်များကြားထဲရှိ ဇာမဏီတစ်ကောင် ဖြစ်ခဲ့လျှင် ကျန်းရီကမူ ဤနယ်မြေရှိ အမျိုးသားများနှင့် ယှဉ်လျှင် စပါးအုံးနှင့် စစ်မှန်သောနဂါးတစ်ကောင်အကြား ခြားနားချက်မျိုး ရှိနေပေမည်။
ဧကရာဇ်၏ အရှိန်အဝါက ခမ်းနားကာ အသိဉာဏ်ထူးရှိသည့်လူ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား အမှန်တကယ် တည်ရှိနေပေသည်။
ယင်းက မရေမတွက်နိုင်သည့် အတွေ့အကြုံများကို ရရှိခဲ့ပြီးနောက် တစ်မူထူးခြားသည့် အရှိန်အဝါ ဖြစ်ပေသည်။ စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးသည် ကျောင်းတော်သားတစ်ဦး၏ အငွေ့အသက်မျိုး ရှိနေသည်နှင့် ဆင်တူသည်။ စီးပွားရေးလုပ်ငန်းတွင် မွေ့လျော်သော အမျိုးသားက ကုန်သည်၏ သွင်ပြင်မျိုး ရှိနေပေမည်။ အမိန့်ပေးနေကျလူက အာဏာရှင်တစ်ဦး၏ အရှိန်အဝါမျိုး ရှိနေပေမည်။ ရန်သူများကို သတ်ဖြတ်ခဲ့သည့်သူသည် လူသတ်သမားတစ်ဦး၏ ရောင်ဝါမျိုး ရှိလိမ့်မည်။ ကျန်းရီထံမှ ထိုအော်သံက ရှိနေသည့် အမျိုးသမီးများအားလုံးကို မှင်တက်သွားစေသည်။ မြို့သခင်မချင်းယွီ၏ မျက်လုံးများကတောင် တဖြတ်ဖြတ်ခတ်သွားပြီးနောက် သူမဘေးရှိ အစေခံ၏ မျက်လုံးထဲ၌ ကြယ်များ မြင်နေရပြီ ဖြစ်သည်။
ကျွတ်.. ကျွတ်..
နောက်တစ်စက္ကန့်တွင် မြို့သခင်မက ချင်းယွီ၏ နုနယ်သော မျက်နှာက အေးစက်သွားတော့သည်။ သူမက ကိုယ်ဖော့လျက် ကျန်းရီဆီသို့ တိုးဝင်လာသည်။ သူမ မျက်လုံးထဲ၌ သတ်ဖြတ်လိုသည့် အရှိန်အဝါများ ပြည့်နေကာ နုနယ်သော လက်ထဲတွင် ကြောက်မက်ဖွယ်ရာ ရောင်ဝါတို့ ပေါ်ထွက်လာ၏။ သူမက ကျန်းရီ၏ ခေါင်းကို ရိုက်ရန် ပြင်ပြီးနောက် ကျယ်လောင်စွာ အော်လိုက်သည်။
“မင်းက သေမှာ မကြောက်ဘူးဆိုမှတော့ ဒီသခင်မက မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်”
မီတာ(၃၀) မီတာ(၂၀) ဆယ်မီတာ သုံးမီတာ..
ထိုနှင်းကဲ့သို့ ဖြူစွတ်သော လက်က ကျန်းရီ၏ မျက်လုံးထဲ၌ ပြန့်ကားလာသည်။ သို့သော် သူက အမူအရာမပြောင်းလဲပေ။ လက်များက သူ့မျက်နှာကို ရိုက်မိတော့မည့် အချိန်တွင် သူက မျက်လုံးမှိတ်ထားလျက် သူ သေမှာ မကြောက်သည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။
သူသည် တိတ်တဆိတ် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ထိုလက်ဝါး အမှန်တကယ် ကျလာခဲ့လျှင် သူ၏ သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ပြီး မြို့သခင်မကို ဖိနှိပ်လျက် သူ သတ်လိုက်မှာပဲ ဖြစ်သည်။
“ဖြန်း..”
ဒေသသခင်မ ချင်းယွီ၏ နုနယ်သောလက်ဝါးက ကျန်းရီ၏ ခေါင်းပေါ် ရိုက်လိုက်သည်။ သို့သော် နောက်ဆုံးအချိန်တွင် အတွင်းအားများကို ရုတ်သိမ်းလိုက်၏။ ကျန်းရီက လွှင့်ထွက်ရုံသာ ထွက်သွားသည်။ ကျန်းရီကို စိမ်းစိမ်းဝါးဝါး ကြည့်ပြီးနောက် အထဲသို့ ဝင်သွားတော့၏။ သူမက တံခါးဝ၌ ရပ်ပြီးနောက် နူးညံ့စွာ ပြောလိုက်တော့သည်။
“အဲဒီသူလျှိုကို ခေါ်လာခဲ့ ဒီသခင်မက ကိုယ်တိုင် ကိုယ်ကျ စစ်မေးမယ်”
အပြင်ဘက်ရှိ အမျိုးသမီးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး မရေမရာ ပြုံးလိုက်ကြသည်။ ဒီကောင်ဆိုးလေး ပုံရိပ်က သူတို့ မြို့သခင်မရဲ့ ရေခဲတောင်နှလုံးသားကို နောက်ဆုံးတော့ အရည်ပျော်သွားစေပြီလား။
***