← Chapters

အခန်း (၇၈၉-၇၉၀)

Vol. 49 Ch. 789-790

အခန်း (၇၈၉-၇၉၀)

Vol. 49 Ch. 789-790

အပိုင်း (၇၈၉)

နယ်စားကတော် ဒီဘိုရာက ရှမ့်လန်ကို တစ်ချက်လှမ်းကြည့်ပြီး ရဲတိုက်ထဲသို့ ဝင်သွား၏။ သူတို့က စာကြည့်ခန်း အပြင်ဘက်တွင် စောင့်ဆိုင်းနေကြ၏။ ရှမ့်လန် တစ်ယောက်တည်း မဟုတ်ဘဲ နောက်ထပ် ပြိုင်ဘက် နှစ်ဦးလည်း ရှိနေသေး၏။ ထိုသူနှစ်ယောက်က ရှမ့်လန်ကဲ့သို့ပင် အရှေ့တိုင်းသား ချောမောသည့် ယောက်ျားပျိုများ ဖြစ်၏။

ခဏအကြာမှာတော့ ဒီဘိုရာက ခမ်းနားလွန်းသည့် ဝတ်စုံရှည်ကို လဲလှယ် ဝတ်ဆင်ကာ ထွက်လာ၏။ သူမက စောဏကကဲ့သို့ စစ်သည်တော်တစ်ဦးနှင့် မတူလှဘဲ မြင့်မြတ်ပြီး လျှို့ဝှက်ဆန်းကြယ်သည့် နတ်မိမယ် တစ်ပါးကဲ့သို့ပင် ပြောင်းလဲသွားခဲ့သည်။

“စကားပြန်လိုအပ်လား။ ကျွန်မရဲ့မိန်းမစိုးတွေက ဘာသာစကားမျိုးစုံ ကျွမ်းကျင်တယ်။” သူမက အာဏာပါပါဖြင့် ပြော၏။

ရှမ့်လန်၏ဘေးရှိ ပြိုင်ဘက်နှစ်ဦးက သူတို့၏ မြင့်မြတ်သည့် မျိုးရိုးများကို ထုတ်ဖော် ကြွားဝါနေ၏။ တစ်ဦးက အရှေ့တိုင်းမှတော်ဝင်မျိုးနွယ်ဖြစ်ပြီး နောက်တစ်ဦးကတော့ အနောက်တိုင်းသို့ စေလွှတ်ခဲ့သည့် သံတမန် မျိုးနွယ် ဖြစ်သည်။

ဒီဘိုရာက ရှမ့်လန်ကို လှမ်းကြည့်၏။ “ရှင်ကရော ဘယ်သူလဲ။”

“ကျုပ်နာမည်က ချူးကျန့်ထျန်း ပါပဲ။ သာမန် အရပ်သားမိသားစုက မွေးဖွားပြီးတော့ ပြည့်တန်ဆာအိမ်မှာ ကြီးပြင်းလာတာပါ။”

ရှမ့်လန်က ပြောင်ကျကျပင် ဖြေသည်။

ဘေးတွင် ရှိနေသည့် ချောမောသည့် လူနှစ်ဦးက နှာခေါင်းကို ပိတ်ပြီး ရှမ့်လန်နှင့် ခပ်ဝေးဝေးသို့ ဖယ်ခွာလိုက်၏။

ဒီဘိုရာက အေးစက်စက် ပြောသည်။ “ကျွန်မရဲ့ယောက်ျား ဆုံးပါးသွားခဲ့တည်းက ကျွန်မက စင်ကြယ်တဲ့ဘဝနဲ့ နေထိုင်ခဲ့တာ။ အခု မြင့်မြတ်တဲ့ အခမ်းအနားတစ်ခုကို ဆင်နွှဲဖို့အတွက် စင်ကြယ်တဲ့ အရှေ့တိုင်းသား မြင့်မြတ်တဲ့ လက်တွဲဖော် တစ်ယောက်ကို လိုအပ်နေတယ်။ ဒါပေမဲ့ ကျွန်မက တစ်ယောက်တည်း လိုချင်တာ။ အရွေးမခံရဘဲ ကျန်ရစ်တဲ့နှစ်ယောက်ကိုတော့ မိန်းမစိုးအဖြစ် သင်းကွပ်ပြီး ကျွန်မရဲ့ အစေခံတွေအဖြစ် ထားရှိမယ်။”

ထိုစကားကြောင့် ရှမ့်လန်နှင့် ကျန်နှစ်ဦးတို့က ချက်ချင်းပဲ မျက်နှာများ ပျက်ယွင်းသွားခဲ့၏။ သူတို့၏ အဖိုးတန် ရတနာများကိုပင် ကျုံ့ထားလိုက်မိသည်။

သက်လတ်ပိုင်းအရွယ် မိန်းမစိုးက ပခုံးကို ပုတ်ကာ ပြော၏။ “ဖြတ်ခံရတဲ့အချိန်မှာ နည်းနည်းတော့ နာရင် နာမှာပေါ့။ ဒါပေမဲ့ ပြီးရင် ဘဝသစ် တစ်ခုကို ရောက်ရှိသွားမယ်။ ဒါက အရမ်းကို ကောင်းတယ်။”

နယ်စားကတော်က ပြောသည်။ “အဆင်သင့် ပြင်ထားကြ။ မနက်ဖြန် ရှင်တို့ကို ကျွန်မ စမ်းသပ်မယ်။ အနိုင်ရရှိတဲ့သူက ကျွန်မရဲ့ယောက်ျား ဖြစ်ပြီးတော့ အဲဒီ နတ်အခမ်းအနားတစ်ခုကို တက်ဖို့ လက်တွဲဖော် ဖြစ်လာလိမ့်မယ်။ ကျန်တဲ့နှစ်ယောက်ကတော့ ချက်ချင်း သင်းကွပ်ခြင်းခံရပြီး ကျွန်မရဲ့မိန်းမစိုးတွေ ဖြစ်လာလိမ့်မယ်။”

..........................

ရှမ့်လန်က သူ၏ အခန်းဆီသို့ ပြန်လာခဲ့၏။ လက်ရှိ ဖြစ်တည်နေသည့် ခံစားချက်များက သူ့ကို ထူးဆန်းသလို ခံစားရစေ၏။ ဤအမျိုးသမီးက မုဆိုးမဘဝနှင့် နေထိုင်ခဲ့သည့် လူတစ်ယောက် ဖြစ်ကြောင်း ရှမ့်လန်က သိရှိ၏။ သူမ၏ တစ်ကိုယ်ရေတကာယ ဘဝက တကယ့်ကို ကန့်သတ်ချက် များပြားလွန်း၏။

ဟုတ်ပေ၏။ ဤသည်မှာ သူမက ကိုယ်ကျင့်တရား မြင့်မားလွန်းသောကြောင့် မဟုတ်ဘဲ ထိုကိစ္စရေးရာများ အပေါ် သူမအနေနှင့် စိတ်ဝင်စားမှု မရှိခြင်းကြောင့်လည်း ဖြစ်နိုင်၏။ ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် ရုတ်တရက် လက်တွဲဖော် တစ်ဦး လိုအပ်လာရသနည်း။ ထို့အပြင် ချောမောသည့် အရှေ့တိုင်းသား တစ်ဦးလည်း ဖြစ်နေရပြန်သည်။

မြင့်မြတ်သည့် နတ်အခမ်းအနား ဆိုသည်ကရော အဘယ်နည်း။ မကြာသေးခင်က ပီကျင်းမြို့တော် အတွင်းသို့ စစ်သည် အမြောက်အမြားက ဝင်ရောက်လာခဲ့ပြီး သူမက သန်မာသည့် ကျွန်စစ်သည်များကို ဆက်တိုက် စုဆောင်းနေဆဲ ဖြစ်၏။

စစ်ပွဲတစ်ခုအတွက် ပြင်ဆင်နေသည်က ထင်ရှား၏။ သူမက မည်သူနှင့် စစ်ခင်းရန် ပြင်ဆင်နေသနည်း။ စုန်းအင်ပါယာနှင့်လား။ ထိုသို့ဆိုလျှင် ဤမြင့်မြတ်သည့် အခမ်းအနား ဆိုသည်က ဖြစ်လာနိုင်ချေရှိသည့် စစ်ပွဲနှင့် မည်သို့ ပတ်သက်သည်နည်း။

ရှမ့်လန်က ဝရန်တာတွင် ထိုင်ပြီး စာအုပ်တစ်အုပ်ကို ဖတ်ရှုနေ၏။ သူ၏ ဘေးပတ်လည်ရှိ ဖယောင်းတိုင်များ က လင်းထိန်နေ၏။ ရုတ်တရက် ဆိုသလို ရဲတိုက်ကြီး တစ်ခုလုံးက ချက်ချင်းပဲ တိတ်ဆိတ်သွားကြောင်း သတိပြုမိ၏။ မျက်စိတစ်မှိတ်အတွင်း မီးရောင်အားလုံးက ငြိမ်းသတ်ခြင်း ခံရ၏။ ရဲတိုက်သာမက ပီကျင်းမြို့ တစ်ခုလုံးက မှောင်မိုက်ကျသွားသည်။

ကျွန်မိန်းမတချို့တို့က တိတ်တဆိတ် ရောက်ရှိလာပြီး ရှမ့်လန်၏ အနားရှိ ဖယောင်းတိုင်များကို ငြှိမ်းသတ်၏။ ပီကျင်းမြို့က တကယ့်ကို ခမ်းနားသည့် မြို့တစ်မြို့ ဖြစ်ပြီး ညဘက်တွင်ပင် မီးရောင်စုံနှင့် လင်းထိန် နေတတ်၏။ လျှပ်စစ်မီး မရှိသော်လည်း ဖယောင်းတိုင်မီးများက မြို့တစ်ခုလုံးကို လင်းထိန်စေသဖြင့် မည်သူမှ မအိပ်သည့် မြို့တော်ဟုပင် တင်စားနိုင်၏။

သို့သော်ငြား ယခု မြို့တစ်ခုလုံးက လျှပ်စစ်ဓာတ်အား ပြတ်တောက်သွားသကဲ့သို့ပင် အမှောင်ထုထဲ၌ နစ်မြုပ်သွားသည်။

“ဒေါင်... ဒေါင်...”

ဧရာမ ခေါင်းလောင်းကြီးက တဖန် မြည်ဟီးလာ၏။ သို့သော်ငြား ယခုတစ်ကြိမ်တွင်တော့ အလျင်စလို မဟုတ်ဘဲ မြင့်မြတ်ပြီး ငြိမ်ညောင်းသည့် အသံမျိုး ဖြစ်နေ၏။ ပြီးနောက် ဆိပ်ကမ်းဆီသို့ သင်္ဘောတစ်စင်း ဆိုက်ကပ်လာသည်ကို ရှမ့်လန်က မြင်၏။

လူတစ်စုက တိတ်တဆိတ်နှင့် ကမ်းပေါ်တက်လာပြီး ပီကျင်းမြို့ထဲသို့ ဝင်ရောက်လာ၏။ ဤသူများက မည်သူမည်ဝါနည်း။ ထိုသူတို့က အဘယ်ကြောင့် ဤမျှ အရှိန်အဝါ ကြီးမားနေရသနည်း။ အဘယ်ကြောင့် ဤမျှ လျှို့ဝှက်နေရသနည်း။ မြို့တစ်မြို့လုံးရှိ မီးများကိုပင် ငြှိမ်းသတ်ရပြီး ထိုလူတို့ကို ကြိုဆိုရသည် အထိပင်။

ဤလူစုက တောင်ထိပ်ပေါ်ရှိ ရဲတိုက်ကြီးဆီသို့ ဖြေးညင်းစွာ လျှောက်လှမ်းလာ၏။ တစ်ယောက်ချင်း စီတိုင်းက အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကြပြီး လက်ထဲတွင် မီးတုတ်များကို ကိုင်ဆောင်ထားကြ၏။ ကြည့်ရသည်မှာ မီးလျှံများ လမ်းလျှောက်နေသည်ဟုပင် ထင်မှတ်မှားရ၏။ ထိုသူတို့ကို ကြည့်ရှုရသည်မှာ ဗေဒင်ဆရာ သို့မဟုတ် ပုရောဟိတ်များနှင့်ပင် ဆင်တူသည်။

ရဲတိုက်တံခါးကြီးက ပွင့်သွားပြီး လျှို့ဝှက်ဆန်းကြယ်သော ပုရောဟိတ်အဖွဲ့က ရဲတိုက်အတွင်းသို့ ဝင်ရောက် သွား၏။

ပြီးနောက် အရာအားလုံးက ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ပီကျင်းမြို့၏ မီးရောင်စုံများက ပြန်လည် လင်းထိန်လာပြီး မအိပ်သော မြို့တော်ကြီးက ပြန်လည် နိုးထလာပြန်သည်။

ရဲတိုက်အတွင်းရှိ ဖယောင်းတိုင်များက ပြန်လည်လင်းထိန်လာပြီး ညအမှောင်ထုတွင် ရဲတိုက်ကြီးက တကယ်ပင် လှပနေ၏။ ပုရောဟိတ်အဖွဲ့ ရောက်ရှိလာခဲ့ခြင်းက အိမ်မက်တစ်ခုအလားပင်။ ဘာမှ မရှိတော့ချေ။ မည်သူကမျှ သတိမပြုမိတော့ချေ။

...........................

နောက်တစ်ရက် နယ်စားကြီးဒီဘိုရာ၏ စာကြည့်ခန်းထဲမှာတော့ သူမက အနီရောင် ဝတ်စုံရှည်ကို လဲလှယ် ဝတ်ဆင်ထားပြီး ဖြစ်သည်။ သူမ၏ နီရဲသည့်ဆံနွယ်များကို ကြည့်ရသည်က မီးလျှံတစ်ခုအလား တောက်ပနေ၏။ သူမ၏ ရင်သားက သဘာဝအတိုင်း C-Size မျိုး ဖြစ်သော်လည်း ဝတ်စုံ၏ ပုံစံကြောင့် D-Size အလား ထင်မှတ်မှားရလောက်အောင် တကယ့်ကို ဆွဲဆောင်မှု ရှိ၏။

အထူးသဖြင့် သူမ၏ ရင်ဘတ်ရှိ ပတ္တမြားလည်ဆွဲက ဝင်းမွတ်နေသော ရင်သားအလှကို ပိုမိုပေါ်လွင်စေပြီး ကြည့်မြင်ရသူတိုင်းကို တံတွေးမျိုချမိစေ၏။ ဤမိန်းမက တကယ့်ကို လှပလွန်းသည်။

“စမ်းသပ်မှု စတော့မယ်။ သစ္စာရှိတဲ့ တာလွန်... အဆင်သင့် ဖြစ်ပြီလား။” နယ်စားကြီး ဒီဘိုရာမေး၏။

မိန်းမစိုးတာလွန်က သင်းကွပ်ရာတွင် အသုံးပြုသည့် ထက်မြက်သည့် အထူး ဓားငယ်လေးကို သူ၏ အင်္ကျီအတွင်းမှ ထုတ်၏။

“စိတ်မပူနဲ့။ ကျုပ်က လက်မြန်ပါတယ်။ ခင်ဗျားတို့ကို သိပ်ပြီး အကြာကြီး နာကျင်အောင် မလုပ်ပါဘူး။”

ရှမ့်လန်နှင့် အခြားသော အရှေ့တိုင်းသား နှစ်ဦးတို့က သူတို့၏ အဖိုးတန် ရတနာများကိုပင် ကျုံ့ထားရ၏။ အကယ်၍ အရွေးမခံရလျှင် ချက်ချင်းပဲ သင်းကွပ်ခံရမှာ ဖြစ်ပြီး ထိုအရာက ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည်။

“ရှင်တို့က အသေးအဖွဲကို အကြီးကြီး လုပ်နေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဘာကြောင့် အရွေးမခံရတဲ့ သူတွေကို သင်းကွပ်ရလဲဆိုရင် ဒါက ကျွန်မရဲ့ စိတ်ထားတည်ကြည်မှုနဲ့ စင်ကြယ်မှုကို သက်သေပြတာပဲ။ အဲဒါမှ မြင့်မြတ်ရာ ရောက်တော့မှာပေါ့။” ဒီဘိုရာက ပြော၏။

ဤသည်က မည်သို့မျှ ယုတ္တိမတန်သည့် အတွေးအခေါ်နှင့် အကြောင်းပြချက်လည်း ဖြစ်သည်။

ဒီဘိုရာက ဆက်ပြော၏။ “ကဲ... ပထမဦးဆုံး စမ်းသပ်မှုကို စမယ်။ မေးခွန်းတစ်ခုကို ဖြေပေးကြပါ။ မီးလျှံ ဆိုတာ ဘာလဲ။ အရှေ့တိုင်းက နှစ်တစ်ရာမျိုးရိုးရှိတဲ့ မင်းသား ခွန်ရမ် အရင်ဆုံး ဖြေပါ။”

ခွန်ရမ်က ရှီလွန်မင်းဆက်မင်းမှုထမ်းတို့၏ အမူအရာအတိုင်း ဂါရဝပြုသည်။ “အရှင်မ... အရှင်မက ကျုပ်ရဲ့ မီးလျှံပါပဲ။ အရှင်မရဲ့ အလှတရားက လောကကြီးတစ်ခုလုံးကို လောင်မြိုက်စေနိုင်ပါတယ်။”

ဒီဘိုရာက နှစ်လိုဖွယ် ပြုံးပြ၏။ ပြီးနောက် ချင်းကုဆိုသည့် လူကို မေး၏။

ထိုသူက ဖြေသည်။ “မီးလျှံဆိုတာ နေမင်းနဲ့ ကြယ်တာရာပါ။”

ဤအဖြေကို နားထောင်ရသည်မှာ တကယ့်ကို အဆင့်မြင့်၏။

ဒီဘိုရာက ရှမ့်လန်ကို လှမ်းကြည့်သည်။ “ချူးကျန့်ထျန်း... ရှင်ရော ဘယ်လိုထင်လဲ။”

ရှမ့်လန်က ပြော၏။ “မီးလျှံဆိုတာ အစိုင်အခဲ၊ အရည်၊ ဓာတ်ငွေ့တွေနဲ့ မတူတဲ့ စတုတ္ထမြောက် အခြေအနေ၊ ပလပ်စမာ တစ်မျိုးပါပဲ။”

ထိုသို့ ဖြေချိန်မှာတော့ ဘေးတစ်ဖက်တွင် ရှိနေသည့် လူအားလုံးက သူ့ကို ကြောင်ကြည့်နေကြသည်။

ဒီဘိုရာက မည်သည့် အမူအရာကိုမှ မပြသချေ။ “ဒုတိယ မေးခွန်း... ကျွန်မရဲ့လက်တွဲဖော်ဖြစ်ရင် ရှင်တို့က ကျွန်မအတွက် ဘာလုပ်ပေးနိုင်မလဲ။”

တစ်ဦးက ကဗျာစပ်ပေးမည်ဟု ဖြေ၏။ နောက်တစ်ဦးက အကြံဉာဏ်များ ပေးမည်ဟု ဖြေ၏။

ရှမ့်လန်ကမူ ခဏလောက် စဉ်းစားသည်။ “ကျုပ်ကတော့ ဖော်လံဖားတဲ့ နေရာမှာတော့ တော်ပါတယ်။”

ထိုသို့ဖြေ၏။ အရှေ့တိုင်းသားများ၏ သိက္ခာကို ချနေသည်ဟု အခြားသောသူများက ထင်ကာဖြင့် အနောက် ခပ်လှမ်းလှမ်းဆီသို့ ရွှေ့သွားကြ၏။

ဒီဘိုရာ၏ မျက်နှာပေါ်ရှိ ကြွက်သားများက အနည်းငယ် လှုပ်ခတ်သွား၏။ လက်သီးကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“တတိယ မေးခွန်း... ဒီလောကကြီးမှာ ဘုရားသခင် ရှိလား။ ရှိရင် သူက ဘယ်လို ပုံစံလဲဆိုတာ ဆွဲပြပါ။”

တစ်ဦးက ဒီဘိုရာ၏ ပုံတူကို ဘုရားသခင်အဖြစ် ဆွဲပြ၏။ နောက်တစ်ဦးက ဘုရားသခင် ဆိုသည်မှာ စိတ်ထဲတွင်သာ ရှိသည်ဟု ဆို၏။ ရှမ့်လန်ကတော့ စက္ကူဖြူပေါ်တွင် အစက်လေး တစ်စက်ကို ချလိုက်၏။

“ဒါက... စင်ကူလာရတီ (Singularity) ပဲ။ စကြဝဠာရဲ့အစကနဦး၊ အရာအားလုံးရဲ့ စုစည်းရာပေါ့။ ဘုရားသခင်ရှိတယ်ဆိုရင် ဒါက ဘုရားတကာတို့ရဲ့ ဘုရားပဲ။”

[သူ ဆိုလိုတာ ရူပဗေဒသဘောနဲ့ ပြောဆိုတာ ဖြစ်မယ်ထင်တယ်ဗျ။ အချိန်၊ နေရာ ၊ ဓာတ်သဘာဝတွေ အဆုံးစွန်ထိ ကြီးထွားလာရသည့် တည်ရှိမှုအစ လို့ ပြောချင်တာ ဖြစ်ပါမယ်။ သင်္ချာမှကျ function အလုပ်မလုပ်တော့တဲ့ အရာမျိုးကို ဆိုလိုတာဆိုတော့ အဲအဓိပ္ပာယ် မဟုတ်နိုင်ပါ။]

ဤအဖြေကို ကျန်သည်နှစ်ဦးက အထင်သေးစွာဖြင့် ကဲ့ရဲ့ကြသော်လည်း ဒီဘိုရာကတော့ အလေးအနက် စဉ်းစားနေပုံပေါ်သည်။

ခဏအကြာမှာတော့ ဒီဘိုရာက ဆုံးဖြတ်လိုက်၏။ “ချူးကျန့်ထျန်း... ရှင်နိုင်ပြီ။ ဒီနေ့ကစပြီး ရှင်က ကျွန်မရဲ့ လက်တွဲဖော်ပဲ။”

ကျန်နှစ်ဦးက မယုံကြည်နိုင်စွာဖြင့် ကန့်ကွက်ကြသော်လည်း စစ်သည်တော်များက ထိုသူတို့ကို အတင်း ဖိနှိပ်ကြ၏။ ပြီးနောက် ထိုသူများက မိန်းမစိုးများ ဖြစ်သွားခဲ့သည်။

ရှမ့်လန်က ထိုအရာကို ကြည့်ရှုရင်း ဦးရေပြားများပင် ထုံကျဉ်လာခဲ့မိ၏။

စာကြည့်ခန်းအတွင်းမှာတော့ ရှမ့်လန်နှင့် ဒီဘိုရာတို့ နှစ်ဦးတည်း ကျန်ရစ်ခဲ့သည်။ “ရှင့်နာမည်က ချူးကျန့်ထျန်း မဟုတ်ဘူးဆိုတာ ကျွန်မ သိတယ်။ ကျွန်မရဲ့မိန်းမစိုးက ရှင့်ရဲ့ နာမည်ဝှက်ကို သုံးနာရီလောက် စဉ်းစားပြီး အဓိပ္ပာယ် ဖော်ခဲ့တယ်။”

သူမက ပြောလိုက်၏။ “ရှင်က အရမ်းကို ထက်မြက်ပေမဲ့ ရိုသေမှုတော့ မရှိဘူး။ အမြဲတမ်း သူတစ်ပါးကို လှည့်စားဖို့ ကြိုးစားနေခဲ့တာပဲ။”

သူမက ရှမ့်လန်ကို အပြစ်ပေးသည့် အနေနှင့် သင်းကွပ်မည်ဟု ခြိမ်းခြောက်သည်။

ရှမ့်လန်က ပြော၏။ “မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ဟိုးစတော့ မလုပ်ပါနဲ့” ဟုပြန်နောက်၏။ ယခုလောကကြီးတွင် ဤပျက်လုံးက အလုပ်မဖြစ်ခဲ့ချေ။

ဒီဘိုရာက ရှမ့်လန်ဘေးသို့ ရောက်ရှိလာပြီး မှန်ထဲသို့ ကြည့်ကာဖြင့် သူတို့နှစ်ဦး လိုက်ဖက်ကြောင်း ပြောကြားသည်။

“ပြင်ဆင်ထားလိုက်... နောက်နှစ်ရက်နေရင် ကျွန်မတို့ မင်္ဂလာဆောင်ကြမယ်။” ပြီးနောက် ထွက်သွား၏။

“မင်္ဂလာဆောင်ကြမယ်။ ဟုတ်လား။” ရှမ့်လန်က ဦးရေပြားများ ထုံကျင်သွားရပြန်၏။ လက်တွဲဖော် ရှာနေခြင်း မဟုတ်ပါလား။ အဘယ်ကြောင့် လက်ထပ်ရပြန်သနည်း။ ဤအခြေအနေက ပို၍ ထူးဆန်းနေသည်။

ဤလှပသည့် နယ်စားကြီးဒီဘိုရာက ယခုနှစ်တွင် အသက် ၃၁ နှစ် ရှိပြီဖြစ်ပြီး မုဆိုးမ ဖြစ်ခဲ့သည်က ၁၀ နှစ် ကျော်ပြီ။ သူမ အနေနှင့် လက်ထပ်လိုလျှင် များပြားလွန်းသည့် ဂုဏ်သရေရှိ မှူးမတ်များထဲမှ ရွေးချယ်နိုင်သော်လည်း အဘယ်ကြောင့် အမည်မသိသည့် အရှေ့တိုင်းသား တစ်ဦးကို ရွေးချယ်ရသနည်း။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျုပ် စာကြည့်ခန်းထဲမှာ စာဖတ်လို့ ရမလား။”

သူမက ပြန်လည်ကာ ဖြေဆိုသည်။ “ရတာပေါ့။ စာကြည့်ခန်းကို ရွှေ့ပေးလိုက်မယ်။”

................

ရှမ့်လန်က နေအိမ်တွင် ဆက်လက် နေထိုင်ပြီး အလွန်မြင့်မြတ် ခမ်းနားသည့် စည်းစိမ်များကို ဆက်လက် ခံစားနေ၏။ ဒီဘိုရာက စာအုပ်များကို ပေးပို့ခဲ့သော်လည်း အများစုက ရှီလွန်မင်းဆက်၏ သမိုင်းနှင့် အနုပညာ များသာ ဖြစ်၏။ စုန်းအင်ပါယာအကြောင်းကို အချက်အလက် တစ်ခုလေးမှ မတွေ့ရချေ။

ဤနှစ်ရက်အတွင်း ရှမ့်လန်၏ဘဝက စိတ်ကူးယဉ်သည်ထက်ပင် ပိုမိုကာ ခမ်းနားလွန်းနေ၏။ ရော့ဆို မိသားစုက ဤမျှထိ ချမ်းသာသည်လား။ ဒီဘိုရာ၏ မင်္ဂလာပွဲအတွက် ရဲတိုက်တစ်ခုလုံးကို အနီရောင် ပိုးထည်များဖြင့် အလှဆင်ထား၏။ မီးရောင်များက အဆက်မပြတ် လင်းထိန်နေ၏။ သူမက အမည်မသိ အရှေ့တိုင်းသားတစ်ဦးနှင့် လက်ထပ်တော့မည်။ ရှမ့်လန်က ဤပွဲကို အကျဉ်းရုံးသာ ပြုလုပ်မည်ဟု ထင်ထားသော်လည်း ဒီဘိုရာက အခမ်းအနားကို တရားဝင် အဆင့်အတန်းမြင့်မြင့် ကျင်းပခဲ့၏။

............

ညမှောင်လာသည့်နှင့်အမျှ ရဲတိုက်ကြီးက လင်းထိန်နေ၏။ ဝိုင်များက ရေကန်ပမာပင် များပြား၏။ စားဖွယ်ရာများက တောအုပ်ပမာ ပေါများပြီး ကျွန်မိန်းမများက တိမ်တိုက်အလား ဝန်းရံနေ၏။ ရာနှင့်ချီသည့် ဂုဏ်သရေရှိ လူကြီးမင်းများက မင်္ဂလာပွဲသို့ ရောက်ရှိလာသည်။

ည ၉ နာရီတွင် မင်္ဂလာပွဲ စတင်ခဲ့၏။ ရှမ့်လန်က နီရဲသည့် ဝတ်စုံကို ဝတ်ဆင်ထားခဲ့ပြီး ဒီဘိုရာကလည်း နီရဲသည့် ဝတ်စုံရှည်ကို ဝတ်ဆင်ထား၏။

အနောက်လောကတွင် မင်္ဂလာပွဲကို နေ့ဘက်၌သာ ကျင်းပလေ့ ရှိသော်လည်း အဘယ်ကြောင့် ယခု ညဘက်တွင် ကျင်းပရသနည်း။

ခန်းမတစ်ခုလုံးတွင် မီးလျှံပုံစံ ပန်းချီကားများနှင့် ပြည့်နှက်နေ၏။ ယခင်ညက ပျောက်ကွယ်သွားခဲ့သည့် ပရောဟိတ်လို မိန်းမများက ပြန်လည် ပေါ်ပေါက်လာခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီး ပရောဟိတ် တစ်ဦးက မင်္ဂလာပွဲကို ဦးဆောင်၏။

နောက်ဆုံးမှာတော့ သူမက ရွှေလက်ကောက်တစ်စုံကို ထုတ်ယူပြီး ရှမ့်လန်နှင့် ဒီဘိုရာတို့၏ လက်ကောက်ဝတ်တွင် တပ်ဆင်ပေး၏။ ရုတ်တရက် မီးလျှံတစ်ခုက တောက်ပသွားသော်လည်း မည်သူ့ကိုမှ မနာကျင်စေခဲ့ပေ။ ဤသည်က မီးနတ်ဘုရား၏ရှေ့မှောက်တွင် ရှမ့်လန်နှင့် ဒီဘိုရာတို့ကို တရားဝင် လင်မယားအဖြစ် အသိအမှတ် ပြုလိုက်ခြင်းပင်။

ရှမ့်လန်က အနောက်လောကသို့ ရောက်လျှင်ရောက်ချင်း အကြောင်းပြချက် မရှိဘဲ နောက်အိမ်ထောင် ကျခဲ့၏။ ထို့အပြင် ဤမင်္ဂလာပွဲ၌ မူလန်နှင့် လက်ထပ်စဉ်ကပင် ပိုမိုကာ ကြီးကျယ်ခမ်းနားနေသေး၏။ ရှမ့်လန်၏ ခင်ပွန်းရာထူးက တရားဝင် ဖြစ်တည်သွားခဲ့ပြီ ဖြစ်ကြောင်း ရော့ဆိုမိသားစု၏ သမိုင်း မှတ်တမ်းသစ်တွင် ရေးမှတ်နိုင်ပြီ ဖြစ်၏။

ထို့နောက် ရှမ့်လန်၏စိတ်ထဲတွင် မေးခွန်းတစ်ခု ပေါ်ပေါက်လာ၏။ မူလန်နှင့် လက်ထပ်စဉ်က သူတို့၌ မင်္ဂလာဦးည ဟူ၍ မရှိခဲ့ချေ။ ယနေ့ကဲ့သို့ ထူးဆန်းသော်လည်း တရားဝင်သည့် မင်္ဂလာပွဲတွင် မင်္ဂလာဦးည အမှန်တကယ် ရှိလာမည်လား။

အပိုင်း (၇၉၀)

လက်ထပ်မင်္ဂလာပွဲအပြီးတွင် ရှမ့်လန်က ထူးခြားဆန်းပြားသည့် အိပ်ဆောင်တစ်ခုအတွင်းသို့ ခေါ်ဆောင်ခြင်းကို ခံရ၏။ ဤအိပ်ဆောင်က အသစ်တည်ဆောက်ထားပုံရလေပြီး ရဲတိုက်ကြီး၏ လေထုနှင့် တစ်မျိုးတစ်ဖုံ ကွဲကွာနေ၏။

ရဲတိုက်ကြီးက နို့နှစ်ရောင် စကျင်ကျောက်များဖြင့် အဓိကတည်ဆောက် ထားခဲ့သော်လည်း ဤအိပ်ဆောင် ကမူ မီးလျှံပမာ နီရဲတောက်ပနေ၏။ ထိုမျှသာ မကသေးချေ။ အိပ်ဆောင်အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် သိသာထင်ရှားသည့်အပူချိန်ကို သူက ခံစားရ၏။

ပီကျင်းမြို့တော်က တစ်နှစ်ပတ်လုံး နွေဦးကာလကဲ့သို့ သာယာပြီး အပူချိန်ကလဲ မနိမ့်ပေ။ ညအချိန် ပြင်ပအပူချိန်က ၂၀ ဒီဂရီ စင်တီဂရိတ်လောက်ပင်ရှိသော်လည်း ဤအိပ်ဆောင်၏အတွင်းတွင် အနည်းဆုံး ၃၀ ဒီဂရီ စင်တီဂရိတ်ခန့်ရှိ၏။ ထို့အပြင် အတွင်း၌ ဖယောင်းတိုင်ပေါင်း မြောက်မြားစွာကို ထွန်းညှိထားသည်။ ကြည့်ရသည်က တကယ်ပင် စိတ်ကူးယဉ်ဆန်လှသော်လည်း တစ်ဖက်တွင်မူ ထူးဆန်းအံ့အားသင့်ဖွယ် ကောင်းနေ၏။ ထုံးတမ်းစဉ်လာ အခမ်းအနားတစ်ခုကဲ့သို့ အလွန်အကျွံ ဖြစ်နေသယောင်ပင်။

ဤအိပ်ဆောင်ကြီးအတွင်း၌ သုံးမီတာပတ်လည်ရှိသည့် အလွန်ကြီးမားသည့် ခုတင်ကြီးတစ်လုံးမှအပ အခြားအရာများ မရှိချေ။ ထိုခုတင်ကြီးကို ရာနှင့်ချီ၊ ထောင်နှင့်ချီသည့် ဖယောင်းတိုင်များက ဝန်းရံထား၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူတို့က မင်္ဂလာဦးညကို အမှန်တကယ် ဆင်နွဲကြမည့်သကဲ့သို့ပင်။ မဟုတ်ပါက ဤမျှလွန်ကဲသော အငွေ့အသက်မျိုး ဖန်တီးထားစရာ မလိုအပ်ပေ။

ရှမ့်လန်က ဤခုတင်ကြီးပေါ်တွင် ပျင်းရိစွာလဲလျောင်းနေရင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က မင်္ဂလာဦးညကို ပြန်လည်ကာ အမှတ်ရနေမိ၏။ အတိအကျ ပြောရမည်ဆိုလျှင် အခန်းလွတ်တစ်ခုထဲ၌ သူတစ်ဦးတည်း ရှိနေခြင်းပင်။

“မိန်းမ... နောက်ဘာတွေပဲ ဖြစ်လာပါစေ။ ငါ့ကိုအပြစ်မတင်နဲ့။ ဒါလေးကိုတော့မှတ်ထား။ မင်းရဲ့ယောကျ်ား ဖြစ်တဲ့ ငါက သိက္ခာတရားတွေ ဆုံးရှုံးသွားတယ်ဆိုရင်တောင် နှလုံးသားထဲမှာ အချစ်ရဆုံးက မင်းတစ်ယောက်တည်းပဲ။ ချစ်သူဆိုလို့လည်’ မင်းတစ်ယောက်တည်းပဲရှိတာ။”

သို့သော်ငြား သူက အနည်းငယ် စိုးရိမ်မိဆဲပင်။ နယ်စားကြီး ဒီဘိုရာ ခြင်္သေ့ကြီးကို နှိပ်စက်ညှင်းပန်းနေသည့် ပုံရိပ်က သူ၏ အာရုံထဲ၌ တဝဲလည်လည်ဖြစ်နေ၏။ ဤမိန်းမကို ကြည့်ရသည်မှာ ချောမောလှပပြီး နုနယ်ပုံပေါ်သော်လည်း တကယ်တမ်းမှာတော့ အလွန်ကြောက်မက်ဖွယ်ရာကောင်းသည့် ထရိုင်နိုဆောရပ် မကြီးကဲ့သို့ပင်။ အကယ်၍ တစ်စုံတစ်ခုသာ ဖြစ်တည်လာပါက သူက တစ်ဝက်တစ်ပျက်နှင့် သေလုနီးပါး ဖြစ်အောင် နှိပ်စက်ခံရမည်လား။

အရေးကြီးဆုံးအချက်က သခင်လေးလန်က မိမိကိုယ်မိမိ ယုံကြည်မှု သိပ်မရှိခြင်းပင်။ သူ၏ စွမ်းဆောင်ရည်က ရှောင်ပင်းကို ဖျက်ဆီးရန်သာတတ်နိုင်၏။ နယ်စားကြီး ဒီဘိုရာကဲ့သို့ ထရိုင်နိုဆောရပ်မကြီးနှင့် တွေ့လျှင် သူ အရှုံးကြီး ရှုံးသွားနိုင်သည်။ သို့သော်ငြား ယောကျ်ားတို့တွင် အမျိုးမျိုးသော စွမ်းဆောင်ရည်များ ရှိသည် မဟုတ်ပါလား။

၁၅ မိနစ်ခန့်ကြာတော့ ဒီဘိုရာက အေးဆေးတည်ငြိမ်စွာ လှမ်းဝင်လာခဲ့၏။ မြောက်များစွာသော ဖယောင်းတိုင်များကြားမှ ခုတင်ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာ၏။ မီးရောင်၏အောက်တွင် သူမက အထူးပင် လှပတင့်တယ်နေ၏။ အထူးသဖြင့် နီရဲနေသည့် ဆံနွယ်များက ဆွဲဆောင်မှုအပြည့် ရှိ၏။

သူမက ရှမ့်လန်၏ ရှေ့သို့ ရောက်လာပြီးနောက် သူမ၏ ဝတ်စုံရှည်ကို ဆွဲဖွင့်၏။ ကျော့ရှင်း စိုပြေလွန်းသည့် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ကိုယ်လုံးက ပေါ်ပေါက်လာ၏။ သူမက ရှမ့်လန်၏ ခါးပေါ်သို့ တိုက်ရိုက်ခွထိုင်ပြီး ထူးဆန်းသည့် ဂါထာတစ်ခုကို ရွတ်ဆိုနေသည်။

“ဘာတွေပြောနေတာပါလိမ့်။” ရှမ့်လန်က ထိုစကားလုံးများကို လုံးဝနားမလည်ချေ။

ပြီးနောက် ဒီဘိုရာက ရှမ့်လန်၏ ဝတ်ရုံကို ချွတ်လိုက်ပြီး သူ၏ ရင်ဘတ်ပေါ်တွင် နက်နဲဆန်းပြားသည့် မန္တာန် အက္ခရာများကို ရေးထွင်း၏။

“နာတယ်။ နာတယ်ဟ။”

သူမက သူမ၏ လက်သည်းများဖြင့် တကယ်ပင် ကုတ်ခြစ်နေခြင်းဖြစ်၏။ ရှမ့်လန်၏ အသားအရေက တကယ့်ကို နုနယ်လွန်းသောကြောင့် အသားပေါ်တွင် နီရဲသည့် အမှတ်အသားများက ချက်ချင်းပဲ ထင်ကျန်သည်။

ဤစာက ဘာစာများရေးသားထားသနည်း။ ရှမ့်လန်၏ ရင်ဘတ်တစ်ခုလုံးက ပြည့်နှက်သွား၏။ ပြီးနောက် သူမက ရှမ့်လန်နှင့် အတူအိပ်စက်နေ၏။

“ဟ ... အတည်ကြီးလုပ်နေတာပဲ။”

........................

တစ်နာရီခန့် ကြာမြင့်ပြီးနောက် အရာအားလုံး ပြီးဆုံးသွားခဲ့၏။ နယ်စားကြီးဒီဘိုရာက ချက်ချင်း ထွက်ခွာသွားခဲ့၏။ ရှမ့်လန်က တစ်ဦးတည်း ကျန်ရစ်ခဲ့၏။ ဖြစ်ပျက်သမျှအရာအားလုံးကို ပြန်လည်ကာ သုံးသပ်နေမိ၏။

ဤလောကကြီးက တကယ်ကို ထူးဆန်းအံ့အားသင့်စရာ ကောင်း၏။ သူမက မည်သူနှင့်မဆို လက်ထပ် နိုင်သည့် မုဆိုးမတစ်ဦး မဟုတ်ပေ။ သိက္ခာကြီးမားသည့် မိန်းမတစ်ဦးဖြစ်သည်။

အစပိုင်းတွင် သူက ချောမောသည့် ဟန်ပြ ယောကျ်ားတစ်ဦးအဖြစ်သာ သဘောထားလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဤသည်က တရားဝင် လက်ထပ်ထိမ်းမြားခဲ့ခြင်း ဖြစ်၏။ အစပထမတွင် သူက ဤလက်ထပ်ပွဲကို အတုအယောင်ဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ် အတူနေလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ရှမ့်လန်အနေနှင့် ဝန်ခံရမည်ဆိုလျှင် ဤနယ်စားကြီး၏ အရသာက တကယ့်ကိုကောင်းမွန်၏။ အဓိကအချက်အားဖြင့် သူကိုယ်တိုင် အားစိုက်ထုတ်ရန်ပင် မလိုခြင်းပင်။ သို့သော်ငြား အရာအားလုံးက တကယ်ပင် ထူးဆန်းနက်နဲလွန်းနေသည် မဟုတ်ပါလား။

.....................

နောက်ပိုင်း ကာလများမှာတော့ ရှမ့်လန်က နယ်စားကြီး၏ ယောက်ျား ဖြစ်လာခဲ့၏။ သူက ရဲတိုက် အတွင်းမှာသာမက တစ်မြို့လုံးအတွင်းမှာ လွတ်လပ်စွာ သွားလာခွင့်ရှိ၏။ အလိုရှိသည့် နေရာတိုင်းကို သွားလာနိုင်၏။ ထိုသို့ဆိုလျှင် ဤမြို့၏ အရှင်သခင်ဖြစ်လာသည်လား။

မဟုတ်ပေ။ လူတိုင်းနီးပါးက သူ့ကို ရိုသေဟန်ပြသော်လည်း အလှမ်းကွာဝေးစွာ ခမ်လှမ်းလှမ်း နေထိုင်၏။ ရဲတိုက်တွင်းရှိ အစေခံမိန်းမများက သူ့အား စကားပြောရန် ဝံ့ရဲခြင်း မရှိကြချေ။ သင်းကွပ်ခံထားရသည့် မိန်းမစိုးကြီး တာလွန်ပင်လျှင် သူ့ကိုတွေ့တိုင်း မီတာအနည်းငယ်အဝေးမှ ချက်ချင်းရပ်တန့်ကာ ဦးညွှတ် အရိုအသေပေး၏။ ပြီးနောက် ဘေးသို့ဖယ်ကာဖြင့် ခေါင်းငုံ့ထား၏။ သူ့ကို မကြည့်ရုံမျှမက အသက်ရှူကိုပင် အောင့်ထား၏။

ရော့ဆိုမိသားစု၏ စစ်သည်တော်များမှာက သူ့အပေါ်ပို၍ အေးစက်ကြ၏။ သူတို့ ဘာပဲလုပ်နေနေ ကျယ်လောင်စွာ ရယ်မောသည်ဖြစ်စေ၊ တိုးတိုးတိတ်တိတ် စကားပြောနေသည်ဖြစ်စေ ရှမ့်လန် ဖြတ်လျှောက်သွားသည်နှင့် တပြိုင်နက် သူတို့၏ မျက်နှာများက ကျောက်ရုပ်ကဲ့သို့ အမူအယာ ကင်းမဲ့သွားခဲ့ပြီး ရှေ့သို့သာ စိုက်ကြည့်နေတတ်သည်။

ထို့အပြင် မီးနတ်ဘုရားကျောင်းမှ ပုရောဟိတ်အနည်းငယ်တို့ကလည်း တစ်ဖန် ပျောက်ကွယ်သွားခဲ့ပုံပေါ်၏။

နယ်စားကြီးဒီဘိုရာက အလွန်အလုပ်ရှုပ်နေပုံလည်းရ၏။ အတူအိပ်စက်ခဲ့သည့်နေ့မှစ၍ ရှမ့်လန်က သူမကို ရက်အတန်ကြာအောင် မတွေ့ရပေ။ သူက နေ့စဉ် မြင့်မြတ်သည့် မှူးမတ်မျိုးနွယ်တို့၏ ဘဝကို ဆက်လက် ခံစားနေရဆဲပင်။

တစ်နေ့မှာတော့ သူက ရဲတိုက်၏အပြင်ဘက်သို့ ထွက်ခွာရန်ကြိုးပမ်း၏။ အဆုံးသတ်မှာတော့ မည်သူကမျှ သူ့ကို တားဆီးခြင်း မပြုပေ။ ရဲတိုက်မှ ထွက်ခွာ၍ ရွှေမြို့တော်အတွင်းသို့ ဝင်ရောက်ခဲ့၏။ တန်ဖိုးကြီးသည့်ဝတ်ရုံများကို ဝတ်ဆင်ပြီး လမ်းမများပေါ်တွင် လျှောက်လှမ်းခဲ့သည်။

မြို့တွင်းရှိ မှူးမတ်အားလုံးတို့က သူ့ကိုရှောင်ဖယ်ကာ ရိုသေဟန်ပြု၏။ သို့သော်ငြား ချမ်းသာသည့် ကုန်သည်နှင့် အရပ်သားများကမူ သူ့အား ရိုသေလေးစားစွာ ဆက်ဆံကြ၏။ ကျေးကျွန်များက သူ့၏ ဝတ်ရုံပေါ်ရှိ တံဆိပ်ကို မြင်သည်နှင့် မြေပေါ်တွင် ဒူးထောက်ကာ ထိုင်၏။

ရှမ့်လန်က ရော့ဆိုမိသားစု သူ့ကိုကာကွယ်ရန် စစ်သည်တော်များ အဘယ့်ကြောင့် မလွှတ်သနည်းဟု သိချင်မိ၏။ အဆုံးသတ်မှာတော့ ဤသည်က လုံးဝ မလိုအပ်သောကြောင့် ဖြစ်ကြောင်း နားလည်လိုက်မိ၏။ အကြောင်းက သူ၏ဝတ်ရုံပေါ်ရှိ ရော့ဆိုမိသားစု အမှတ်အသားတံဆိပ်က အကောင်းမွန်ဆုံးသော အကာအကွယ် ဖြစ်နေသောကြောင့်ပင်။

ရော့ဆိုမိသားစုက ဤမြို့ကို နှစ်ပေါင်းရာနှင့်ချီ အုပ်ချုပ်လာခဲ့၏။ ဤနေရာရှိလူများ၏ ရော့ဆိုမိသားစုအပေါ် သစ္စာစောင့်သိမှုက ရိုးတွင်းချဉ်ဆီထဲထိ စွဲမြဲနေ၏။ သို့သော်ငြား ရှမ့်လန်က တခြားသောသူများနှင့် စကားပြောရန် ကြိုစားသည့်အချိန်တိုင်း ထိုအရာက မအောင်မြင်ခဲ့ချေ။ ဤမြို့တွင် ဘာသာစကားဆိုင်ရာ အဆင့်အတန်း ခွဲခြားမှုက အပြည့်အဝရှိ၏။ အထက်တန်းလွှာများက လက်တင်ဘာသာစကားဟူ၍ သိကြ၏။

ဘာသာစကားပြောဆိုရာတွင်လည်း အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများကမူ ဗီတာ ဘာသာစကားကို ပြောဆိုကြ၏။ ဗီတာဟူသည် မည်သည့်အရာဖြစ်သနည်း။ ဤဒေသရှိလူအများစုက အသားညိုသူများ ဖြစ်၏။ ထိုသူများကို စုပေါင်း၍ ဗီတာမျိုးနွယ်များဟု ခေါ်ဆိုကြခြင်းပင်။ ထိုသူတို့၏ ဘာသာစကားကို ဗီတာဘာသာစကားဟု ခေါ်ဆိုကြသည်။

ဗီတာမျိုးနွယ်စုများက ဤမြို့၏မူရင်းဇာတိများဖြစ်ကြပြီး လူဖြူများက နယ်ချဲ့လာခဲ့ခြင်းဖြစ်၏။ ထိုစဉ်က ရှီလွန်မင်းဆက်က အနောက်လောကတစ်ခုလုံးကို လွှမ်းမိုးခဲ့၏။ အထွတ်အထိပ်သို့ ရောက်နေသည့်အချိန်တွင် ထိုအရာ၏ နယ်နိမိတ်က စတုရန်းကီလိုမီတာ ၁၀ သန်းကျော်ထိ ကျယ်ဝန်းခဲ့၏။

ဤစီရင်စုသည် တစ်ခါက ရှီလွန်မင်းဆက်၏ အောင်နိုင်မှုကို ခံရ၏။ ပထမ ရှီလွန်မျိုးဆက် ဆုတ်ယုတ်လာသည့်အချိန်တွင် ရော့ဆိုမိသားစုက ဤပြည်နယ်၏ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့၏။ တခြားသော စီရင်စု အားလုံးက လွတ်လပ်သော နိုင်ငံများ ဖြစ်လာသကဲ့သို့ ရော့ဆို မိသားစုကလည်း ခြွင်းချက် မဟုတ်ခဲ့ချေ။ သူတို့က ရော့ဆို ပဒေသရာဇ်နိုင်ငံတော်ကို တရားဝင် ထူထောင်ခဲ့၏။

နောက်ပိုင်း ဒုတိယရှီလွန်အင်ပါယာ ထွန်းကားလာချိန်မှာတော့ ရော့ဆိုမိသားစုက ရှီလွန်အင်ပါယာထံ တဖန် သစ္စာခံခဲ့၏။ ဤနေရာကလည်း အင်ပါယာ၏ ပြည်နယ်စီရင်စုတစ်ခု ဖြစ်လာခဲ့ပြန်၏။ သို့သော်ငြား နှစ်တစ်ရာ မပြည့်မီမှာဘဲ ဒုတိယရှီလွန်အင်ပါယာက ထပ်မံပျက်စီးသွားခဲ့ပြန်သည်။

ပီကျင်းစီရင်စုက တဖန် ကိုယ်ပိုင်နိုင်ငံတော် ဖြစ်လာခဲ့ပြန်၏။ ယခုအချိန်၌ နှစ်ပေါင်းရာနှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဗီတာမျိုးနွယ်၏ မျိုးရင်းများက သူတို့ကိုယ်သူတို့ ဤမြေ၏ အရှင်သခင်များ ဖြစ်ခဲ့သည်ကိုပင် မေ့လျော့နေခဲ့ကြ၏။ ဗီတာဘာသာစကားကလည်း အောက်ခြေလူတန်းစားများသုံး ဘာသာစကား ဖြစ်လာ၏။ ဤမြို့ရှိ လူများက လက်တင်ဘာသာစကားပြောဆိုရန် လုံးဝ မသိနားမလည်ကြချေ။

ထို့အပြင် ထို့ထက်ပင် ပိုမိုကာနိမ့်ကျသည့် ဘာသာစကားရှိသေး၏။ ထိုအရာက ကျေးကျွန်များ ပြောဆိုသော ဘာသာစကားဖြစ်ပြီး ခွေးဘာသာစကားဟု ခေါ်ဆို၏။ ခွေးစကားက သာမန်ဘာသာစကား အစစ်အမှန် မဟုတ်ချေ။ ကျေးကျွန်ပိုင်ရှင်များက ကျေးကျွန်များကို ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် တီထွင် ပေးထားသည့် ဘာသာစကားပင်။ စကားလုံးတိုင်း အသုံးအနှုန်းတိုင်းက နိမ့်ကျမှုများနှင့် ပြည့်နှက်နေ၏။

ထို့အပြင် ခွေးဘာသာစကားရှိ စာကြောင်းများက အလွန်တိုတောင်း၏။ စကားလုံး ၁၀ လုံးထက်ပိုသော စာကြောင်းဟူ၍ပင် မရှိချေ။ အကြောင်းမှာ စာကြောင်းများရှည်လွန်းပါက မှတ်သားနိုင်သည့် ဦးနှောက်စွမ်းရည် ပိုမိုကောင်းမွန်လာပြီး ကျေးကျွန်များ ထက်မြက်လာမည်ကို ကျွန်ပိုင်ရှင်များက စိုးရိမ်သောကြောင့်ပင်။ တိရိစ္ဆာန်များကိုပေးသော ညွှန်ကြားချက်များက အလွန်တိုတောင်းသကဲ့သို့ ကျွေးကျွန်ဘာသာ စကားကလည်း ထိုနည်းလည်းကောင်းပင်။

ယခုအချိန်မှာတော့ ရှမ့်လန်ရင်ဆိုင်နေရသည့် ပြဿနာက ဤမျိုးရင်းသားတို့၏ ဗီတာ ဘာသာစကားကိုလည်း မတတ် ကျေးကျွန်များ၏ ခွေးစကားကိုလည်းမသိပေ။ AI ၏ လမ်းညွှန်ချက်အရ သူက လက်တင်ဘာသာ စကားကို အနည်းငယ်တော့ ပြောဆိုနိုင်၏။

သို့သော်ငြား လက်တင်ဘာသာစကားကို ပြောဆိုနိုင်သည့်လူများက ရှမ့်လန် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိကြ၏။ သူတို့က စကားပြောဆိုရန် တားမြစ်ခြင်းကို ခံထားရသကဲ့သို့ပင်။

ရှမ့်လန် တစ်ခွန်းမှပင် ပြောဆိုနိုင်ခြင်း မရှိချေ။ ရှမ့်လန်အနားသို့ ချဉ်းကပ်သွားပါက ထိုသူတို့က လျှင်မြန်စွာ ရှောင်ဖယ်သွား၏။ ထို့ကြောင့် သူက နယ်စားကြီး ဒီဘိုရာနှင့် လက်ထပ်ခဲ့သော်လည်း ရှမ့်လန်မှာမူ ဤမြို့တော်မှလူများအားလုံးတို့၏ ဝိုင်းပယ်ခြင်းကို ခံထားရသလိုပင်။

ထို့ကြောင့် ရှမ့်လန်က စာကြည့်တိုက်သို့ သွားရောက်ပြီး သတင်းအချက်အလက်အမျိုးမျိုးကို ရှာဖွေ၏။ အထူးသဖြင့် စုန်းအင်ပါယာနှင့် ပတ်သက်သည့် အချက်အလက်များကို ရှာဖွေခဲ့၏။ အဆုံးမှာတော့ ဘာတစ်ခုကိုမျှ ရှာဖွေမတွေ့ရှိခဲ့ချေ။

ပီကျင်းမြို့တွင် စာအုပ်ပေါင်း သောင်းနှင့်ချီကာ တည်ရှိနေ၏။ အလွန်ကြီးမားသည့် စာကြည့်တိုက်ကြီး ရှိသော်လည်း စုန်းအင်ပါယာနှင့်ပတ်သက်သည့် စာအုပ်အားလုံးက ဖျက်ဆီးခံထားရ၏။ စုန်းအင်ပါယာ အကြောင်းပါရှိသည့် သာမန်စာအုပ်များရှိလျှင်ပင် ထိုအပိုင်းများကို ဖြတ်ထုတ်ထား၏။ နယ်စားကြီး ဒီဘိုရာက စုန်းအင်ပါယာအပေါ် ရန်လိုမုန်းတီးမှုများ ရှိနေကြောင်း ရှမ့်လန်က ပို၍ ခံစားလာရသည်။

……………

သို့သော်ငြား တစ်နေ့မှာ‌တော့ ရှမ့်လန်က ဤမြို့ရှိလူများ၊ အထူးသဖြင့် ရော့ဆိုမိသားစု၏ စစ်သည်များ အရှေ့တိုင်းသားများအပေါ် ထားရှိသည့် သဘောထားကို သိရှိခဲ့ရ၏။

ထိုနေ့က ရှမ့်လန် ရောက်ရှိလာသည်ကို သတိမပြုမိဘဲ တိုးတိုးတိတ်တိတ် စကားပြောနေ၏။

“အရှေ့တိုင်းသားတွေ အကုန်လုံးက ဟန်ဆောင်ပြီး ယုတ်မာကြတယ်။ အားလုံးက ငရဲသွားသင့်တယ်။ ငါ ကြားတာတော့ အရှေ့တိုင်းသားအများစုက ပြည့်တန်ဆာတွေတဲ့။ ယောကျာ်းတွေ အကုန်လုံးက သူတို့ ဖင်ကို ရောင်းစားရတာ ဝါသနာပါတယ်။”

စစ်သည်တစ်ဦးက ဤသို့ ပြောလိုက်ချိန်မှာတော့ လူပေါင်းများစွာတို့က ထောက်ခံကြ၏။ ဤစကားကို ကြည့်ခြင်းအားဖြင့် အငြိုးအတေးများနှင့် ပြည့်နှက်နေကြောင်းမြင်နိုင်၏။ သို့သော်ငြား ရှမ့်လန် ပေါ်လာသည်နှင့် တပြိုင်နက် သူတို့က ချက်ချင်းပဲ နှုတ်ဆိတ်သွား၏။ ရှေ့ကိုသာ စူးစိုက်ကြည့်နေသည်။

“အင်း... ဟန်ဆောင်ကောင်းတဲ့လူတစ်စုပဲ။”

ပီကျင်းမြို့၏ အထက်တန်းလွှာများက လူဖြူများ ဖြစ်ကြပြီး အလယ်အလတ်နှင့် အောက်ခြေလူတန်းစားများက အသားညိုသည့်လူများ ဖြစ်ကြောင်း ရှမ့်လန်က သိရှိခဲ့ရ၏။

ကျေးကျွန်တစ်ဝက်က လူမဲများဖြစ်ကြပြီး ကျန်တစ်ဝတ်က နေရာအနှံမှ ဖမ်းဆီးလာခဲ့သည့် မျိုးရင်းများ ဖြစ်၏။ သူတို့က အမှန်တကယ်တွင် ဗီတာမျိုးနွယ် အသားညိုသူများဖြစ်ကြသည်။

လူဖြူအုပ်စုက အရှေ့တိုင်းသားများကို အထင်သေးရုံမျှ မကဘဲ အငြိုးအတေးထားကာ လုံးဝရန်လိုနေကြ၏။ ဤအချက်ကိုကြည့်လျှင် စုန်းအင်ပါယာက ချောင်ယောင်းအာ နှင့် ဆက်စပ်မှုရှိနေကြောင်း ရှမ့်လန်အား ပိုမို ယုံကြည်စေ၏။

ရဲတိုက်ဆီသို့ ပြန်ရောက်ပြီးနောက် ရှမ့်လန်က နယ်စားကြီး ဒီဘိုရာကို ထပ်မံတွေ့ရလိမ့်မည် မဟုတ်ဟု ထင်ခဲ့၏။ သို့သော်ငြား လက်ထပ်ပြီး ၇ ရက်မြောက်နေ့မှာတော့ သူမက ရှမ့်လန်၏ အခန်းဆီသို့ ရုတ်တရက်ပေါ်လာပြီး ရှမ့်လန်နှင့်အတူ ထပ်မံအိပ်စက်ခဲ့ပြန်သည်။

မအိပ်စက်ခင် သူမက ထူးဆန်းသည့် စကားလုံးများကို ရေရွက်ဆဲဖြစ်၏။ သူမ၏ လက်သည်းများဖြင့် ရှမ့်လန်၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသည့် အက္ခရာများကို ရေးဆွဲနေဆဲပင်။ တစ်နာရီကြာမြင့်ပြီးနောက် သူမက ထပ်မံ ပျောက်ကွယ်သွား၏။

………….

နောက်ထပ် ၅ ရက် ကုန်ဆုံးသွား၏။ နယ်စားကြီး ဒီဘိုရာက ထပ်မံ ပေါ်ပေါက်လာ၏။ ရှမ့်လန်နှင့်အတူ အိပ်စက်ပြန်၏။ အိပ်စက်ပြီးနောက် သူမက ထွက်ခွာရန်ပြင်သော်လည်း အဆုံး၌ ရှမ့်လန်၏ ဖိထားခြင်းကို ခံရ၏။ ရှမ့်လန်က သူမနှင့်အတူ အိပ်စက်ခဲ့ပြီး သူ တတ်ကျွမ်းခဲ့သည့် အဋ္ဌာရသ ပညာရပ် ၁၈ ရပ်လုံးကို ထုတ်ဖော်ပြလိုက်၏။ ရှမ့်လန်က သူမကို နမ်းရန် ကြိုးစားသော်လည်း သူမက သူ့ကို တွန်းထုတ်ခဲ့သည်။

ဤလောကတွင်ဖြစ်စေ အမိကမ္ဘာမြေတွင်ဖြစ်စေ ထူးခြားသည့် အမျိုးသမီးအုပ်စုတစ်ခု ရှိဆဲပင်။ သူတို့က အတူ အိပ်စက်ခြင်းကို ခွင့်ပြုသော်လည်း အနမ်းကိုတော့ ခွင့်မပြုချေ။ ဤသည်က သူတို့၏ နောက်ဆုံး ဂုဏ်သိက္ခာကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်ပုံပေါ်၏။

…………….

ထို့နောက် ရှမ့်လန်က ဤနယ်စားကြီး ဒီဘိုရာက လုံးဝထူးချွန်ထက်မြက်သည့် တော်ဝင်အမျိုးသမီး တစ်ဦးဖြစ်ကြောင်း တဖြည်းဖြည်းသိရှိလာ၏။ သူမက ကိုယ်ခံပညာတွင် ကျွမ်းကျင်ရုံသာမက စစ်ရေး အတတ်ပညာ၊ စာပေ၊ ဆေးပညာနှင့် ကဗျာအလင်္ကာတို့တွင်လည်း နှံ့စပ်၏။ အတိုချုပ် ပြောရမည်ဆိုလျှင် သူမက ထူးချွန်သည့် တော်ဝင်မျိုးနွယ် အမျိုးသမီးတစ်ဦး တတ်မြောက်ရမည့်အရာအားလုံးကို ကျွမ်းကျင်တတ်မြောက်သည်။

ဟုတ်ပေ၏။ ရှမ့်လန်က ဤကဲ့သို့သော အမျိုးသမီးမျိုးကို မနှစ်သက်ချေ။ အထူးသဖြင့် ထိုသူတို့က အလွန်အမင်း ထူးချွန်လွန်းသောကြောင့် တကယ့်လူသားနှင့် မတူတော့သယောင်ရှိ၏။ ထို့အပြင် သူတို့၏ အနုပညာ ပါရမီကလည်း မိမိကိုယ်ကိုယ် စိတ်ဓာတ်မြှင့်တင်နိုင်ရန်အတွက်သာ ဖြစ်ပုံရပြီး တခြားသောသူများ စိတ်ကျေနပ်စေရန် သို့မဟုတ် တခြားသူများ၏ ချီးကျူးမှုများကို ရယူရန် မဟုတ်ချေ။

All Chapters