← Chapters

အပြောင်းအလဲ

Vol. 53 Ch. 737

အပြောင်းအလဲ

Vol. 53 Ch. 737

စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ သူတော်စင်မီးတောက်အား ဇူယွမ်မှ ငြှိမ်းသက်လိုက်သောကြောင့် အံ့အားသင့်သွားကြရသည်။ အချို့မှာ မယုံကြည်နိုင်သဖြင့် မျက်လုံးများကိုပင် အကြိမ်ကြိမ်အခါခါ ပွတ်သပ်မိကြ၏။

ထိုသည်မှာ သူတော်စင်မီးတောက် ဖြစ်သည်။

ထို့အပြင် ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသော အဆင့်မြင့်ကျင့်ကြံသူများကိုပင် ဗလာနတ္ထိအဖြစ် ပြောင်းလဲပျောက်ကွယ်သွားစေနိုင်သော အရာလည်းဖြစ်သည်။

သို့သော် ထိုသူတော်စင်မီးတောက်အား နတ်ဘုံခန်းဝါ အခြေတည်အဆင့်သာရှိသော လူငယ်လေးမှ ငြှိမ်းသက်နိုင်ခဲ့သည်။

ထိုသည်မှာ မည်သို့မျှ ယုံကြည်နိုင်ဖွယ် မရှိပေ။

ကလန်ခေါင်းဆောင် ချင်းယန်၊ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့နှင့် အခြားသူများမှာ နားမလည်နိုင်စွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ရှုလိုက်မိကြသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာလည်း သူ၏သူတော်စင်မီးတောက်ကိုပင် အစစ်အမှန် ဟုတ်ရဲ့လားဟု သံသယဝင်သွားရသည်။

ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသောအချိန်တွင် ဇူယွမ်မှ နန်းဆောင်သခင် ရှန့်ယွမ်အားကြည့်ကာ ပြုံးလိုက်သည်။ "ကြွက်တစ်ကောင်လိုမျိုး အမှောင်ထဲမှာပဲ နေရဲတဲ့သူက အစစ်အမှန် သူတော်စင်အဆင့်ကို ထိတွေ့ခွင့်ရလိမ့်မယ်လို့ ထင်တောင်မထင်ထားမိဘူး။"

ထိုစကားများ ကြားလိုက်ရသောအခါတွင် နန်းဆောင်သခင် ရှန့်ယွမ်မှာ အံ့အားသင့်လျက် မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ သူ၏မျက်ဝန်းများ၌ ကြောက်ရွံ့မှု အရိပ်အယောင်များလည်း ယှက်သန်းလာရလေသည်။

"မျိုး...မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းလား..." သူ၏အသံမှာ တုန်ရီနေလျက် ရှိသည်။ ရှန့်ယွမ်၏ စိတ်ခံစားချက်များ မည်မျှပင် ရှုပ်ထွေးနေသည်ကို သူ၏ပုံစံအား ကြည့်ရှုရုံမျှဖြင့်ပင် အလွယ်တကူ ခန့်မှန်းနိုင်ပေသည်။

နန်းဆောင်သခင် ရှန့်ယွမ်မှာ မျက်လုံးအပြူးသားဖြင့် ဇူယွမ်အား ကြည့်ရှုနေမိသည်။ ပြင်ပရုပ်ရည်လက္ခဏာသည် ဇူယွမ်ဖြစ်နေပါသော်လည်း ထိုလူငယ်လေး၏ ခန္ဓာကိုယ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခုအား ခံစားနေမိသည်။

ထိုတည်ရှိမှုမှာ သူနှင့်ကောင်းစွာရင်းနှီးကျွမ်းဝင်နေလေသည်။

အတိတ်ကာလများ၌ ၎င်းတည်ရှိမှုသည် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးအား ကြီးစိုးထားခဲ့ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ပင် ခန့်ငြားထည်ဝါလွန်းခဲ့သည်။ ရှန့်ယွမ်သည်ပင် ၎င်း၏အကြံအစည်များကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ရပြီး ပြင်ပ၌ တစ်စွန်းတစ်စမျှပင် ထုတ်မပြရဲခဲ့ပေ။

သူ၏တုန်လှုပ်နေသောအသံကြောင့် စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ အံ့အားသင့်သွားသည်။

လူတိုင်းမှာ မယုံကြည်နိုင် ဖြစ်သွားကြရသည်။

၎င်းတို့၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများနှင့်အတူ လေးစားမှု အရိပ်အယောင်များ ယှက်သန်းသွားရလေသည်။

ထိပ်သီးအဆင့်မြင့်ကျင့်ကြံသူများဖြစ်သော ဖန်ဆင်းရှင် ဓားဦးသျှောင်သခင်တို့၏ အမူအရာများသည်ပင် ပြောင်းလဲသွားရသည်။ ယခုအချိန်ရှိ အဆင့်မြင့်ကျင့်ကြံသူများအားလုံးသည် အတိတ်တစ်ချိန်က ကန်ရွှမ်းကောင်းကင်ဒေသ၏ အရှင်သခင်ထံတွင် အရိပ်ခိုလှုံခဲ့ဖူးသူများသာ ဖြစ်သည်။

"ဆရာသခင်လား..." ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ အလွန်အံ့အားသင့်သွားရသည်။

တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ မတည်ငြိမ်တော်ပဲ ခန္ဓာကိုယ်တစ်ခုလုံး တုန်လှုပ်နေရသည်။

အားလုံးမှ အံ့အားသင့်နေကြစဉ်မှာပင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုလိုက်သည်။ "မတွေ့တာကြာပြီနော် ရှန့်ယွမ်..."

နန်းဆောင်သခင် ရှန့်ယွမ်မှာ ထိတ်လန့်သွားရပြီးနောက် ချက်ချင်းဆိုသလို အဝေးသို့ ပုန်းရှောင်လိုက်သည်။

"ရှန့်ယွမ် မင်းဘာလို့ပြေးနေရတာလဲ။ သူက ဇူယွမ့်ရဲ့ခန္ဓာကိုယ်ကို ငှားယူထားတဲ့ စိတ်ဝိဉာဉ် အပိုင်းအစတစ်ခုသာသာပဲ။ မင်းက အစစ်အမှန် သူတော်စင်တစ်ယောက်လေ။ ဘာကြောက်စရာရှိလို့လဲ။" ဒေါသတကြီး အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။

"လဲ့ကျွမ်း......မင်း....." ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ စကားဆိုလိုက်သူအား စူးစိုက်ကြည့်ရှုလိုက်ကြသည်။

လဲ့ကျွမ်းမှာ ခံစားချက် ကင်းမဲ့နေဟန်ဖြင့် နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုနေလျက် ရှိသည်။ အကယ်၍ ရှန့်ယွမ်သာ ထွက်ပြေးသွားပါက ၎င်းတို့၏ အစီအစဉ်များမှာ ပျက်သုန်းသွားရလိမ့်မည် ဖြစ်သည်။

လဲ့ကျွမ်း၏ ကျယ်လောင်လှသော အော်ဟစ်သံကြောင့် နန်းဆောင်သခင် ရှန့်ယွမ်မှာ အသိစိတိပြန်ဝင်လာရသည်။ သူသည် ရှက်ရွံ့လွန်းသဖြင့် မျက်နှာတစ်ခုလုံး နီရဲသွားရ၏။ အတိတ်ကာလ၌ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား အလွန်ကြောက်ရွံ့ခဲ့ရသောကြောင့် ယခုပြန်လည်တွေ့ဆုံလိုက်ရသောအခါတွင်လည်း အသိစိတ်များ ခေတ္တပျောက်ကွယ်သွားရခြင်း ဖြစ်သည်။

နန်းဆောင်သခင် ရှန့်ယွမ်၏ အမူအရာမှာ ပျက်ယွင်းသွားရသည်။ အစောပိုင်းက သူ၏အပြုအမူကြောင့် ဤနေရာတွင် ရှိနေသော ကလန်ပေါင်းများစွာမှ အဆင့်မြင့်ကျင့်ကြံသူများသည် ယခုဆိုလျှင် လျှို့ဝှက်စွာ လှောင်ရီနေလောက်ပြီပင်။

မြင့်မြတ်သောနန်းတော်၏ နန်းဆောင်သခင်ဖြစ်သော သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ကြီးကျယ်ခမ်းနားလှသည့် ရှန့်ယွမ်သည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းနှင့် မျက်နှာချင်းဆိုင်ရန်ပင် သတ္တိမရှိပဲ ထွက်ပြေးခဲ့သည်တဲ့လား....

နန်းဆောင်သခင် ရှန့်ယွမ်မှာ အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်သည်။ သူသည် သာမန်လူတစ်ယောက် မဟုတ်သောကြောင့် ရှက်ရွံ့စိတ်များအားဖုံးကွယ်ကာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား အားယူ၍ ပြုံးပြလိုက်သည်။

"အဲ့တော့ မင်းသေသွားတုန်းက မင်းရဲ့စိတ်ဝိဉာဉ် အပိုင်းအစတစ်ခုကို ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထဲမှာ ထားခဲ့တာပေါ့။"

"ဒါပေမယ့် အခုမင်းက စိတ်ဝိဉာဉ်အပိုင်းအစတစ်ခုပဲလေ။ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရဲ့အကူအညီကြောင့်သာ အခုချိန်ထိ စွမ်းအင်တချို့ ရှိနေသေးတာမလား။" နန်းဆောင်သခင် ရှန့်ယွမ်မှာ လက်ရှိဇူယွမ်အားကြည့်ကာ သုံးသပ်လိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအကြောင်း သိရှိလိုက်ရပြီးနောက်တွင် နန်းဆောင်သခင် ရှန့်ယွမ်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားရသည်။

အံ့အားသင့်နေသော အကြည့်များစွာ၏အောက်၌ပင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ဆန်းကြယ်သောနေရာငယ်အတွင်းမှထွက်၍ မိုးကြိုးလျှပ်စီးကန်ထက်သို့ ဆင်းသက်လိုက်သည်။

"မင်းရဲ့အသိဉာဏ်က နည်းနည်းတိုးတက်လာပြီပဲ။ ဒါပေမယ့် ငါ့ရဲ့လက်ကျန်စွမ်းအင်နဲ့တင် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားကို မင်းဆီက ကာကွယ်ဖို့ လောက်နေပြီလေ။"

ဇူယွမ်မှာ ခပ်ဖွဖွရယ်မောလိုက်ပြီးနောက် ကလန်ခေါင်းဆောင် ချင်းယန်အားကြည့်ကာ သက်ပြင်းချလိုက်သည်။ "ချင်းယန်....မင်းနဲ့ငါ ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။"

ကလန်ခေါင်းဆောင် ချင်းယန်၊ တောင်ထွတ်ဆရာသခင် မျက်ခုံးဖြူ ပိုင်မေ့၊ တောင်ထွတ်ဆရာသခင် လင်ကျွမ်းနှင့် အခြားသူများ၏ မျက်ဝန်းများမှာ မျက်ရည်များဖြင့် နီရဲလာရသည်။ ၎င်းတို့မှာ စိတ်ခံစားချက်များ ပြည့်လျှံစွာဖြင့် ဇူယွမ်အား အရိုအသေပေးလိုက်ကြသည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ပြုံးကာပြောလိုက်သည်။ "ငါက ဇူယွမ်ရဲ့ခန္ဓာကိုယ်ကို ခဏငှားထားရုံပါ။ မင်းတို့သူ့ကို အရိုအသေပေးဖို့ မလိုပါဘူး။"

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ မျက်ရည်မဆယ်နိုင် ဖြစ်နေကြရသည်။ ယခုကဲ့သို့ အချိန်မျိုး၌ပင် ဆရာသခင်မှာ ကျင့်ဝတ်ထုံးတမ်းများကို အလေးထားနေဆဲ ဖြစ်သည်။ နှစ်ပေါင်းများစွာ ကြာမြင့်သွားပါသော်လည်း ဆရာသခင်မှာ ယခုအချိန်ထိ ပြောင်းလဲသွားခြင်း မရှိပေ။

"ဆရာသခင်..." ရွှမ်အဖိုးအိုမှာ စိတ်ခံစားချက်များ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအနီးသို့ လာရောက်နှုတ်ဆက်လိုက်သည်။

ရင်းနှီးနေသော မျက်နှာများအား တွေ့ရှိလိုက်ရသောကြောင့် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်ဝန်းများမှာ နွေးထွေးမှု အရိပ်အယောင်များ ဖြတ်သန်းသွားရသည်။ ထို့နောက် သူသည် တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းအား စူးစိုက်ကြည့်ရှုလိုက်သည်။

တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှာ ခံစားချက်ကင်းမဲ့နေဟန်ဖြင့် ပြန်လည်ကြည့်ရှုလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ဖြည်းညင်းစွာ စကားဆိုလိုက်သည်။ "လဲ့ကျွမ်း....မင်းကငါ့ကို တကယ်အံ့သြစေတာပဲ။"

"မင်းဘေးမှာငါ့ကို ထားပေးတာနဲ့ ငါကမင်းကို ညီငယ်လေးလို ချစ်ခင်ပေးရမှာလား။" တောင်ထွတ်ဆရာသခင် လဲ့ကျွမ်းမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ပြုံးကာပြောလိုက်သည်။ "မင်းထင်ချင်သလိုထင်ပါ။ ဒါပေမယ့် ငါသေသွားတုန်းက ချင်းယန်နဲ့ တခြားသူတွေကို သံသယဝင်ခဲ့ပေမယ့် မင်းအပေါ်တော့ ယုံကြည်ခဲ့တယ်။"

လဲ့ကျွမ်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြန်၍ပြောလိုက်သည်။ "အခုဒါတွေပြောနေလို့ရော ဘာထူးတော့မှာလဲ။"

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ လက်ကိုခါယမ်းကာ စကားဆိုလိုက်သည်။ "ငါဒါတွေ ပြောနေတယ်ဆိုတာ မင်းကိုလမ်းမှန်ကို ပြန်ရောက်လာဖို့ မျှော်လင့်နေသေးလို့ မဟုတ်ပါဘူး။  မင်းရဲ့နှလုံးသားထဲမှာ ရှိနေတဲ့ ငါ့ကိုအနိုင်ရချင်တယ်ဆိုတဲ့စိတ်က တကယ်တော့ အထင်ကြီးလောက်စရာ ရည်မှန်းချက်မျိုးပါပဲ။"

"မျိုးနွယ်စုခေါင်းဆောင် သူကလျန်းယီကို အသုံးချပြီး သူမရဲ့စိတ်ဝိဉာဉ်ကို သူမကိုယ်တိုင် ဖျက်စီးပစ်အောင် လုပ်ခဲ့တယ်။ ကျွန်တော်တို့ သူ့ကို လွှတ်ပေးလိုက်လို့မရဘူး။" တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှ အမုန်းတရားများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် လဲ့ကျွမ်းအားကြည့်ကာ ပြောလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ ပြန်၍ပြောလိုက်သည်။ "ဒီနေ့ ငါ့ရဲ့ရန်သူက ရှန့်ယွမ်ပဲ။ လဲ့ကျွမ်းကတော့ အနာဂတ်မှာ မင်းတို့အခွင့်အရေးရလာရင် သူနဲ့ငါရဲ့ ဆက်ဆံရေးတွေကို ထည့်တွေးပေးနေဖို့ မလိုတော့ဘူး။"

ကလန်ခေါင်းဆောင် ချင်းယန်နှင့် အခြားသူများမှာ ဆရာသခင်သည် အခြားသော အကြောင်းကိစ္စများကို နောက်မှသာ ကိုင်တွယ်ဖြေရှင်းစေလိုကြောင်း သဘောပေါက်လိုက်ကြသည်။

"လျန်းယီကတော့....."

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ သက်ပြင်းရှည်တစ်ချက် ချလိုက်သည်။

ထို့နောက် အင်္ကျီလက်မောင်းအိုးအား ခါယမ်းလိုက်သောအခါတွင် ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ တုန်လှုပ်လာရပြီးနောက် သလင်းပုတီးစေ့တစ်ခု ထွက်ပေါ်လာသည်။

ထိုလင်းလက်နေသော သလင်းပုတီးစေ့အတွင်းတွင် မှေးမှိန်နေသော ပုံရိပ်တစ်ခု ရှိနေလေသည်။

"ဒါက...." တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ပုတီးစေ့အတွင်းရှိ ပုံရိပ်အား ကြည့်ရှုလိုက်ပြီးနောက် တုန်ရီစွာဖြင့် ပြောလိုက်သည်။ "ဒါက လျန်းယီရဲ့ စိတ်ဝိဉာဉ်လား။"

"ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားရဲ့ စွမ်းအင်တချို့ကို အခုချိန်ထိ ငါသုံးလို့ရနေတုန်းပဲ။ လျန်းယီက ဒီနေရာမှာ သူမကိုယ်သူမ ဖျက်စီးသွားတာဆိုတော့ သူမရဲ့စိတ်ဝိဉာဉ်ကို ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထဲမှာ ကာကွယ်ပေးလို့ ရခဲ့တယ်။"

"လင်ကျွမ်း....သူမကို မင်းနဲ့အတူထားပြီး အမြဲနွေးထွေးနေအောင် ထားပေးပါ။ တစ်ရက်ရက်ကြရင် သူမပြန်ပြီး ရှင်သန်လာလိမ့်မယ်။"

တောင်ထွတ်ဆရာသခင် လင်ကျွမ်းမှာ ဂရုတစိုက်ဖြင့် သလင်းပုတီးစေ့အား ရယူလိုက်သည်။ သူသည် တစ်ကိုယ်လုံး တုန်ခါလာလျက် မျက်ဝန်းထက်မှ မျက်ရည်စများ ပါးပြင်ပေါ်သို့ လိမ့်ဆင်းကျလာလေသည်။

တောင်ထွတ်ဆရာသခင်မ လျန်းယီ သူမကိုယ်သူမ ဖျက်စီးပစ်ခဲ့စဉ်က သူမည်မျှပင် ခံစားခဲ့ရကြောင်း စိတ်ကူးကြည့်ရန်ပင် ခက်ခဲလွန်းလှသည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ သူ့အတွက် မျှော်လင့်ချက် အလင်းမျှင်လေးတစ်ခု ပြန်လည်ယူဆောင်လာပေးခဲ့သည်။

"ကျေးဇူးတင်ပါတယ် မျိုးနွယ်စုခေါင်းဆောင်..." လင်ကျွမ်းမှ တုန်ရီစွာဖြင့် စကားဆိုလိုက်သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ခေါင်းအားခါယမ်းလိုက်ပြီးနောက် ကောင်းကင်ထက်ရှိ ကွပ်မျက်ခြင်းပန်းချီကားအား ကြည့်ရှုလိုက်သည်။ ပန်းချီကား အတွင်းမှ ယောင်ယောင်၏ပုံရိပ်မှာ မျိုးနွယ်စုခေါင်းဆောင် ရောက်ရှိနေမှုကို သိရှိနေဟန် ရှိသည်။

သူမသည် အနည်းငယ်မျှ တွေဝေနေပြီးနောက် မျက်ခုံးနှစ်ခုကြားမီ အက်ကွဲနေသော ချိပ်စည်းမှာ ရပ်တန့်သွားတော့သည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း ရောက်ရှိလာပြီဖြစ်သောကြောင့် ဇူယွမ်မှာ အန္တရာယ်ရှိတော့မည် မဟုတ်ပေ။

ယောင်ယောင်၏အနီးတဝိုက်မှ လေထုမှာ အက်ကွဲသွားပြီးနောက် သူမသည် လေဟာနယ်ထဲသို့ ခြေလှမ်းလိုက်သည်။ ပန်းချီကားအတွင်းမှ သူမ၏ပုံရိပ် ပျောက်ကွယ်သွားကာ မိုးကြိုးလျှပ်စီးကန်ထက်၌ ပေါ်ပေါက်လာလေသည်။

နန်းဆောင်သခင် ရှန့်ယွမ်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။

သူသည် ယောင်ယောင်ကိုရော၊ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းကိုပါ မကြောက်ရွံ့ပါသော်လည်း ၎င်းတို့နှစ်ဦးပေါင်း တိုက်ခိုက်လာပါက အခြေအနေမှာ ဆိုးရွားသွားလိမ့်မည် ဖြစ်သည်။

နန်းဆောင်သခင် ရှန့်ယွမ်မှ အတွေးများကြား နစ်မြောနေစဉ်မှာပင် ယောင်ယောင်၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ သူမသည် ခေါင်းအားမော့လျက် အဆုံးမရှိသော ကောင်းကင်အား မော့ကြည့်လိုက်သည်။

ထိုအချိန်မှာပင် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အမူအရာမှာလည်း ပိုမိုခက်ထန်လာရသည်။ သူသည် ကန်ရွှမ်းကောင်းကင်ဒေသ၏ အကာအကွယ်အတွင်း ဝင်ရောက်ရန် ကြိုးစားနေသော ပြင်းထန်လွန်းလှသည့် စွမ်းအင်လှိုင်းများကို ခံစားနေမိသည်။

ဒီစွမ်းအင်က.....

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားရသည်။ ထိုသည်မှာ တော်ဝင်နန်းတော်ပင် ဖြစ်သည်။

သူသည် လေးနက်သောမျက်ဝန်းများဖြင့် ယောင်ယောင်အား ကြည့်ရှုလိုက်သည်။

ကြည့်ရတာ နောက်ကျသွားပြီ ထင်ပါတယ်...

All Chapters