ကန်ရွှမ်း၏တိုက်ပွဲ
Vol. 53 Ch. 739
ကောင်းကင်မှာ အက်ကွဲသွားပြီးနောက် ကြီးမားလှသော ရွှေရောင်မျက်ဝန်းတစ်ခု ပေါ်ထွက်လာသည်။ အဆင့်ကျင့်ကြံသူများမှာ ဆန်းကြယ်သော စွမ်းအင်တစ်စုံတစ်ရာအား အာရုံခံမိသောကြောင့် ကောင်ကင်ထက်သို့ မော့ကြည့်လိုက်သောအခါတွင် ကြောက်ရွံ့ထိတ်လန့်ကုန်ရသည်။
ကလန်ခေါင်းဆောင် ချင်းယန်တို့ကဲ့သော ကြောက်မက်ဖွယ် စွမ်းအင်များ ပိုင်ဆိုင်ထားကြသူများသည်ပင် အထိတ်တလန့် ဖြစ်ကုန်ကြရ၏။
"တော်ဝင်နန်းတော်လား...."
စောင့်ကြည့်နေသော အဆင့်မြင့်ကျင့်ကြံသူများမှာ ကြောက်ရွံ့မှုများကို မထိန်းချုပ်နိုင်စွာဖြင့် တုန်လှုပ်ခြောက်ခြားကုန်ရသည်။
ကန်ရွှမ်းကောင်းကင်ဒေသအတွင်းရှိကြသော အဆင့်မြင့်ကျင့်ကြံသူများအားလုံးမှာ တော်ဝင်နန်းတော်အား သိရှိထားကြသည်။ တော်ဝင်နန်းတော်သည် လွန်စွာကြောက်မက်ဖွယ်ကောင်းကြောင်းလည်း နားလည်ထားကြပေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းသည်ပင် တော်ဝင်နန်းတော်၏လက်ချက်ဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်။
ထျန်းယွမ်ကမ္ဘာကြီး၏ ကောင်းကင်ဒေသ ကိုးခုလုံးရှိ သက်ရှိသတ္တဝါများအားလုံး ပေါင်းစည်းလိုက်မှသာ တော်ဝင်နန်းတော်အား ဆန့်ကျင်နိုင်လိမ့်မည် ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသအတွင်းရှိ တိုက်ပွဲတစ်ခုအား တော်ဝင်နန်းတော်မှ ရောက်ရှိလာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားကြပေ။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ လွန်စွာလေးနက်ခက်ထန်နေပြီး နန်းဆောင်သခင် ရှန့်ယွမ်အား ဂရုပင်မစိုက်တော့ချေ။ သူသည် ယောင်ယောင်၏ဘေးတွင်ရပ်လျက် ကောင်းကင်ထက်မှ ရွှေရောင်မျက်ဝန်းကြီးအား ကြည့်ရှုနေလျက် ရှိသည်။
အလွန်ဝေးကွာသော နေရာမှပင် ၎င်းရွှေရောင်မျက်ဝန်းကြီးအတွင်း ပါဝင်နေသော ပြင်းထန်လှသည့် စွမ်းအင်များကို ခံစားနေရသည်။
ရွှေရောင်မျက်ဝန်းကြီးသည် တော်ဝင်နန်းတော်၏ အမှတ်အသားတစ်ခုဖြစ်ပြီး အနိမ့်ဆုံးအနေဖြင့် အစစ်အမှန် သူတော်စင်သုံးဦး၏ စွမ်းအင်များနှင့် ညီမျှပေသည်။ ထို့ကြောင့် ကန်ရွှမ်းကောင်းကင်ဒေသ၏ အကာအကွယ်ဖြစ်သော စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်အား ဖောက်ထွင်းနိုင်ခြင်း ဖြစ်သည်။
"ဒါပေမယ့် ကြည့်ရတာ သူတို့စွမ်းအင်တွေကိုပဲ ပို့လွှတ်နိုင်ပြီး သူတို့ကိုယ်တိုင် ကန်ရွှမ်းကောင်းကင်ဒေသထဲ ဝင်မလာနိုင်သေးတဲ့ပုံပဲ။" မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှ တိတ်တဆိတ် မှတ်ချက်ပြုလိုက်သည်။
အတိတ်ကာလများ၌ တော်ဝင်နန်းတော်မှ ကန်ရွှမ်းကောင်းကင်ဒေသအတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းမှာ ရှန့်ယွမ်မှ အစစအရာရာ စီစဉ်လုပ်ဆောင်ပေးခဲ့သောကြောင့် ဖြစ်သည်။ ယခုအခါတွင် ထိုကဲ့သို့ ကြိုတင်စီစဉ်ထားမှုများ မရှိသဖြင့် တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများသည်ပင် ကန်ရွှမ်းကောင်းကင်ဒေသသို့ ဆင်းသက်ဝင်ရောက်ခြင်း မပြုနိုင်ကြပေ။
သို့သော် ၎င်းတို့၏ အစစ်အမှန် သူတော်စင်အဆင့် သုံးဦးနှင့်ညီမျှသော စွမ်းအင်များကို ပို့လွှတ်နိုင်ခြင်းသည်ပင် လွန်စွာကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။
ဝုန်း....
ကြီးမားလှသော ရွှေရောင်မျက်ဝန်းကြီးမှာ လေဟာနယ်အတွင်းမှ ဆင်းသက်လာပြီးနောက် အဆုံးအစမဲ့သော စွမ်းအင်များ ပါဝင်နေသည့် ဖြူလွှလွှ လျှပ်စီးတစ်ခု ပေါ်ပေါက်လာကာ ယောင်ယောင့်ထံ ဦးတည်ပျံဝဲသွားသည်။
ယင်းဖြူလွှလွှ လျှပ်စီးပေါ်ပေါက်လာမှုကြောင့် မြေပြင်မှာ ပြင်းထန်စွာ တုန်ခါသွားရပြီး များပြားလှသော လေဟာနယ်များ ဖြစ်ပေါ်သွားရသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ လေးနက်ခက်ထန်စွာဖြင့် လက်ဟန်အမျိုးမျိုး ပြောင်းလဲလိုက်ပြီးနောက် ကြမ်းတမ်းလှသော ချီစွမ်းအင်များအား ထွက်ပေါ်စေလိုက်သည်။ ထိုချီစွမ်းအင်များမှာ ကြီးမားလှသော ကြေးပြားကိုးခုအဖြစ် ပြောင်းလဲသွားလေသည်။ ကြေးပြားတစ်ချပ်ချင်းစီသည် ပေတစ်သောင်းကျော်မျှ ကျယ်ပြန့်ပြီး ကောင်းကင်ကိုပင် ကာစီးထားရန် လုံလောက်သည်။
"မိုးပြာရောင်ငရဲအလင်း...."
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အော်ဟစ်သံနှင့်အတူ ကြေးပြားချပ်ကြီးကိုးခုမှာ စတင်လည်ပတ်လာသည်။ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်များအား ကြေးပြားချပ်များမှ စုပ်ယူလိုက်ပြီးနောက် မိုးပြာရောင်အလင်းတန်းများ ထွက်ပေါ်လာတော့သည်။
ဝုန်း.....
မိုးပြာရောင် အလင်းတန်း ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ အရာဝတ္ထုများအားလုံးမှာ အရည်ပျော်ကျကုန်ရသည်။
ဝုန်း....
စောင့်ကြည့်နေသော အကြည့်များစွာ၏အောက်၌ပင် မိုးပြာရောင်အလင်းတန်းနှင့် ဖြူလွှလွှ လျှပ်စီးတို့ တွေ့ဆုံသွားကြပြီးနောက် စူးရှတောက်ပလှသော အလင်းတန်းများ ထွက်ပေါ်လာကာ နေရောင်ကိုပင် ဖုံးအုပ်သွားသည်။
၎င်းတွေ့ဆုံမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များကို ကန်ရွှမ်းကောင်းကင်ဒေသရှိ သက်ရှိသတ္တဝါ တဝက်ကျော်မှ ခံစားလိုက်ရသည်။
မိုးပြာရောင်အလင်းတန်း၏ နှောင့်ယှက်မှုကြောင့် ဖြူလွှလွှ လျှပ်စီးမှာ ယောင်ယောင်အား မထိခိုက်စေနိုင်ခဲ့ပေ။
ရွှေရောင်မျက်ဝန်းကြီးမှာ ခက်ထန်သွားဟန် ရှိသည်။ ထို့နောက် များပြားလှသော ဖြူလွှလွှ လျှပ်စီးများ ထွက်ပေါ်လာတော့သည်။
ဝုန်း....
ယင်းဖြူလွှလွှ လျှပ်စီးများတွင် ပြင်းထန်လှသော အဖျက်စွမ်းအားများ ပါဝင်နေလျက် ရှိသည်။ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် ထိုလျှပ်စီးများ ပေါင်းစည်းသွားကာ ဧရာမ သားရဲကြီးတစ်ကောင် ပေါ်ထွက်လာသည်။
ထိုဧရာမသားရဲကြီးမှာ ခေါင်းကိုးလုံး ပါရှိနေပြီး ၎င်း၏ခန္ဓာကိုယ် တစ်ခုလုံး၌ လျှပ်စီးမိုးကြိုးများ လျှပ်ပြေးနေလေသည်။
"ဝေါင်း....."
အဖြူရောင် မိုးကြိုးသားရဲကြီးမှာ ကောင်းကင်ထက်မှ ချက်ချင်းဆိုသလို ပျံဝဲဆင်းသက်လာသည်။ ယင်းသားရဲကြီးသည် မဟူရာရေကန်ကို မဆိုထားနှင့် ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးကိုပင် ဖျက်စီးနိုင်လောက်သည်။
"ခေါင်းကိုးလုံးမိုးကြိုးဖြူသားရဲ...."
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏အမူအရာမှာ ခက်ထန်သွားရသည်။ အတိတ်ကာလ၌ပင် ထိုကဲ့သို့သော ကြောက်မက်ဖွယ်စွမ်းအင်အား သတိလက်လွတ် ရင်ဆိုင်ရဲခဲ့ခြင်း မရှိပေ။
"ငါမင်းရဲ့စွမ်းအင်ကို ခဏငှားဖို့လိုနေပြီ။"
ဆန်းကြယ်သောနေရာငယ်အတွင်း ရှိနေသော ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားမှာ ပြင်းထန်စွာ တုန်လှုပ်လာပြီးနောက် ချက်ချင်းဆိုသလို မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ရှေ့သို့ ရောက်ရှိလာသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ထွက်ပေါ်နေသော အရှိန်အဝါများ ပြောင်းလဲသွားလေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ဤကန်ရွှမ်းကောင်းကင်ဒေသ တစ်ခုလုံးအား ပိုင်စိုးထားသကဲ့သို့သော အရှိန်အဝါများ ထွက်ပေါ်လာသည်။
ယခုဆိုလျှင် ကျယ်ပြန့်လှသော ကန်ရွှမ်းကောင်းကင်ဒေသ တစ်ခွင်လုံးအား အလိုရှိသလို ခြယ်လှယ်နိုင်ပြီ ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား ကြည့်ရှုနေရင်းဖြင့် မနာလိုစိတ်များ တဖွားဖွား ပေါ်ထွက်လာရသည်။ ထိုသည်မှာ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးအား အလိုရှိသလို ကြီးစိုးခြယ်လှယ်နိုင်သည့် ကောင်းကင်ဦးသျှောင်တစ်ဦး၏ အရှိန်အဝါတဲ့လား။
ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားထံမှ မိုးပြားရောင်မြူခိုးများ ထွက်ပေါ်နေလျက် ရှိသည်။
ထိုမြူခိုးလုံးများအတွင်း ပတ်ဝန်းကျင်မှ ချီစွမ်းအင်များ အလျင်အမြန် ပေါင်းစပ်လာလေသည်။
မိုးပြာရောင် မြူခိုးများမှာ တဖြည်းဖြည်း ပြန့်ကားလာပြီးနောက် ကောင်းကင်တစ်ခွင်လုံးအား ကြီးစိုးသွားသည်။ ထို့နောက် မြူခိုးများအတွင်းမှ မိုးပြာရောင်နဂါးတစ်ကောင် ထွက်ပေါ်လာသည်။
ထိုနဂါးကြီးမှာ ကြီးမားလွန်းလှပြီး ကြေးခွံတစ်ချပ်စီတိုင်းသည် တစ်ပေမျှ ကျယ်ပြန့်သည်။ နဂါးကြီးမှ ဟိန်းဟောက်လိုက်သောအခါတွင် စောင့်ကြည့်နေကြသော အဆင့်မြင့်ကျင့်ကြံသူများ၏ နှလုံးသားအတွင်းပိုင်း၌ ကြောက်ရွံ့စိတ်များ ဖြစ်ပေါ်သွားရသည်။
"ဝေါင်း...."
မိုးပြာရောင်နဂါးကြီးမှာ ခေါင်းမော့လျက် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ထို့နောက် အမြှီးအား ယမ်းခါလိုက်သောအခါတွင် လေထုမှာ အက်ကွဲသွားရလေသည်။ မျက်စိတမှိတ်စာမျှသော အချိန်အတွင်းမှာပင် မိုးပြာရောင် နဂါးကြီးသည် ကောင်းကင်ထက်သို့ ဆန်တက်လျက် ကန်ရွှမ်းကောင်းကင်ဒေသထံ ဆင်းသက်လာနေသော ခေါင်းကိုးလုံးမိုးကြိုးဖြူသားရဲနှင့် တွေ့ဆုံသွားသည်။
ဝုန်း.....
ကမ္ဘာကိုပင် ဖျက်စီးနိုင်လောက်သော သားရဲနှစ်ကောင်၏ တွေ့ဆုံမှုသည် စကြာဝဠာအတွင်း ဥက္ကာခဲနှစ်ခု တိုက်မိသကဲ့သို့ ပြင်းထန်လှသည်။ ၎င်းတို့ တွေ့ဆုံမှုမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များသည် ကမ္ဘာမြေပြင် တစ်ခွင်လုံးအား လွှမ်းခြုံသွားလေသည်။
မဟူရာရေကန် ကောင်းကင်ထက်မှ စောင့်ကြည့်နေကြသော အဆင့်မြင့်ကျင့်ကြံသူများမှာ သားရဲနှစ်ကောင်၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် အထိတ်တလန့် ဖြစ်ကုန်ကြရသည်။ အလွန်ဝေးကွာသော အရပ်မှ ကြည့်ရှုနေခြင်း ဖြစ်ပါသော်လည်း ထွက်ပေါ်လာသော စွမ်းအင်လှိုင်းဂယက်များသည် ၎င်းတို့၏ နှလုံးသားများအား ကြောက်ရွံ့တုန်လှုပ်စေသည်။
ထိုမျှပြင်းထန်လှသော တိုက်ပွဲမျိုးသည် ကမ္ဘာမြေပြင် တစ်ခွင်လုံးကိုပင် ပျက်စီးသွားစေနိုင်ပေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ အဆက်မပြတ် ခုခံတိုက်ခိုက်နေမှုကြောင့် အကာအကွယ် အပြင်ဖက်တွင် ရှိနေကြသော တော်ဝင်နန်းတော်မှ အဆင့်မြင့်ကျင့်ကြံသူများ အမျက်ဒေါသ ထွက်ကုန်ကြရသည်။ ဖြူလွှလွှ လျှပ်စီးများမှာ အကာအကွယ်မှတဆင့် တစ်ခုပြီးတစ်ခု ဝင်ရောက်လာနေလျက် ရှိသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ ဆက်လက်ခုခံကာကွယ်နိုင်ရန် ကန်ရွှမ်းသူတော်စင်တံဆိပ်ပြားအား အသုံးပြုနေရသည်။
နှစ်ဖက်စလုံးမှာ အလျှော့မပေးပဲ အပြင်းအထန် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ကန်ရွှမ်းကောင်းကင်ဒေသ အပြင်ဖက်မှ စကြာဝဠာမူလတော်ဝင်သတ်ဖြတ်ခြင်းအစီအရင်သည် အလွန်အားကောင်းသောကြောင့်သာ မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ အသက်ရှူနိုင်နေခြင်းပင်။ ထိုသို့မဟုတ်ပါက သူ၏လက်ရှိအခြေအနေဖြင့် တော်ဝင်နန်းတော်အား ခုခံတိုက်ခိုက်ရန်မှာ လွန်စွာခက်ခဲနေပေလိမ့်မည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ တော်ဝင်နန်းတော်နှင့် တိုက်ခိုက်နေရသောကြောင့် မည်သူကမှ နန်းဆောင်သခင် ရှန့်ယွမ့်အား သတိမထားမိကြပေ။ ထိုအချိန်တွင် နန်းဆောင်သခင် ရှန့်ယွမ်၏ မျက်ဝန်းများမှာ ဆန်းကြယ်သော အဖြူရောင်အလင်းတန်းများ လင်းလက်သွားသည်။
သူ၏ဦးခေါင်းထက်တွင် ရှိနေသော သူတော်စင်မီးတောက်မှာလည်း သူတော်စင်မီးလျှံကြာပန်းအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။
၎င်း၏ကျင့်ကြံခြင်းအဆင့်မှာ အစစ်အမှန် သူတော်စင်အဆင့်သို့ ထပ်မံရောက်ရှိခဲ့ပြီ ဖြစ်သည်။
နန်းဆောင်သခင် ရှန့်ယွမ်မှာ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးနေအောင် ပြုံးလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းမှာ တစ်စုံတစ်ခုအား အာရုံခံမိလိုက်ဟန်ဖြင့် နန်းဆောင်သခင် ရှန့်ယွမ်အား ကြည့်ရှုလိုက်သည်။
"တော်ဝင်နန်းတော်ရဲ့ တော်ဝင်ချီစွမ်းအင်လား..."
"မကောင်းတော့ဘူး။ တော်ဝင်နန်းတော်က သူတို့ရဲ့ တော်ဝင်ချီစွမ်းအင်တွေကို ရှန့်ယွမ်ဆီ တိတ်တိတ်လေး ပို့ပေးနေတယ်။"
တော်ဝင်နန်းတော်သည် မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းအား တိုက်ခိုက်နေသည်ဟု ထင်ရပါသော်လည်း အမှန်တကယ်တွင် တစ်ဖက်လှည့်ဖြင့် ၎င်းတို့၏စွမ်းအင်များကို ရှန့်ယွမ်ထံ ပေးပို့နေခြင်း ဖြစ်သည်။
"ဟားဟား....ကန်ရွှမ်း...ငါမင်းကိုပြောပါတယ်။ ဒီနေ့မင်းကံမကောင်းပါဘူးလို့။"
နန်းဆောင်သခင် ရှန့်ယွမ်မှ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ထို့နောက် သူ၏ပုံရိပ်မှာ ပျောက်ကွယ်သွားကာ ယောင်ယောင်၏ရှေ့၌ ပြန်လည်ပေါ်ထွက်လာပြီးနောက် သူမအား လက်ဝါးဖြင့် ရိုက်ရန်ဟန်ပြင်လိုက်သည်။
"မင်းဘယ်သူလဲဆိုတာ ငါဒီနေ့ရအောင် ဖော်ထုတ်ပြမယ်။"