ချုပ်နှောင်ထားသော သားရဲ
Vol. 38 Ch. 527
ကျန်းရီသည် သတိလစ်နေသည့် အခြေအနေမှ ပြန်နိုးလာ၏။ သူ သတိဝင်လာလာချင်း မလှုပ်နိုင် မျက်လုံးတောင် မဖွင့်နိုင်ပေ။ သူက တစ်ခဏတာ မလှုပ်ရှားဘဲ နေနေပြီး အပြည့်အဝ စိတ်တည်ငြိမ်သွားသည်အထိ စောင့်ပြီးနောက် လေးနက်စွာ ဆင်ခြင်သုံးသပ်လိုက်သည်။ ရှေးဦးစွာ သူမသေခဲ့ပေ။ လက်ရှိအခြေအနေ မည်မျှ ဆိုးရွားစေကာမူ မသေခြင်းက သူ့အတွက် အကောင်းဆုံး အခြေအနေ ဖြစ်သည်။ သူ မသေသေးသရွေ့ သူ့အတွက် မျှော်လင့်ချက် ရှိနေပေ၏။ မျှော်လင့်ချက် ရှိသရွေ့ သူ လက်လျှော့မှာ မဟုတ်ပေ။
သူသည် ဂရုမဲ့မှုကြောင့် ထိုသို့သော တန်ပြန်တိုက်ခိုက်မှုကို ခံစားခဲ့ရတာပဲ ဖြစ်သည်။
သူ သတိလစ်သွားရခြင်းမှာ ဤနယ်မြေပေါ်ရှိ သိုင်းပညာရှင်များအားလုံးကို အထင်သေးပြီး သူ၏ကိုယ်ပိုင်ခွန်အားကို ယုံကြည်ချက် လွန်ကဲနေသောကြောင့် သူ့ကိုယ်သူ အားရကျေနပ်စေခဲ့သည်။ ထိုအကြောင်းကြောင့် လက်ရှိအခြေအနေထဲ ကျရောက်စေခဲ့တာပဲ ဖြစ်သည်။ ယခုအချိန်တွင် သူ သင်ခန်းစာရခဲ့ပြီး ဖြစ်ကာ သူ့အပြုအမူများထဲတွင် ချင့်ချိန်စဉ်းစားမှုတို့ တိုးလာပြီဖြစ်သည်။
ခြင်္သေ့တစ်ကောင်တောင် ယုန်တစ်ကောင်ကို ဖမ်းရန်အတွက် အားကုန်သုံးရသည်ဟူသော ဆိုရိုးစကားကို သူ နားလည်သွား၏။ မည်သည့်အခြေအနေတွင်မဆို သူ့ရန်သူကို လျှော့မတွက်မှ ရပေမည်။ မဟုတ်လျှင် ယင်းက နောက်ဆက်တွဲ ဆိုးကျိုးဖြစ်ပေလိမ့်မည်။
စိတ်တည်ငြိမ်သွားပြီးနောက် သူ့ခန္ဓာကိုယ်ကို စတင်စစ်ဆေးတော့၏။ စစ်ဆေးပြီးနောက် သူသည် ခါးသက်စွာ ပြုံးလိုက်သည်။ သူ့တစ်ကိုယ်လုံးက ရေခဲတမျှအေးစက်သော သံမဏိချိန်းကြိုးများဖြင့် တုတ်နှောင်ခံထားရပြီး အသားကောက်ညှင်းထုပ်နှင့် တူညီနေတော့သည်။ သူ့အတွင်းအားကိုလည်း လှည့်ပတ်နိုင်ခြင်း မရှိကြောင်း သဘောပေါက်သွား၏။ ထိုသံမဏိချိန်းကြိုးများ၌ ထူးဆန်းသည့် အရာရှိနေပြီး ထောင်ဖေး သူ့ကို တုတ်နှောင်စဉ်က သုံးခဲ့သည့် ရှေးဟောင်းနွယ်ကြိုးများနှင့် တူညီသည့် အာနိသင် ရှိနေပေသည်။
သူ မလှုပ်ခဲ့ပေ။ နိုးလာသည့် လက္ခဏာတောင် မပြဘဲ အပြင်ပတ်ဝန်းကျင်ရှိ လှုပ်ရှားမှုကိုသာ နားဆင်နေ၏။ အနားတွင် မည်သူမျှမရှိကြောင်း အတည်ပြုပြီးနောက် သူ မျက်လုံးမဖွင့်ဘဲ ကောင်းကင်စိတ်အာရုံကို တိတ်တဆိတ် ဖြန့်ကျက်ကာ အနားပတ်ဝန်းကျင်ရှိ အခြေအနေကို စစ်ဆေးလိုက်သည်။
ရှီး ရှီး..
ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်လိုက်သည်နှင့် သူ့စိတ်ဝိညာဉ်တွင် နာကျင်မှု ခံစားလိုက်ရကာ တစ်ကိုယ်လုံးသည် ပြင်းပြသည့် နာကျင်မှုကို ခံစားလိုက်ရပြီးနောက် ကြွက်သားများကလည်း တွန့်ရှုံ့ကုန်၏။
သူ၏စိတ်ဝိညာဉ်ကို ကုသရန်အတွက် မီးဝိညာဉ်ပုလဲသည် ဆန်းကြယ်စွမ်းအားကို မပို့နိုင်ခဲ့ပေ။ ထို့ကြောင့် ဆယ့်ငါးမိနစ်ခန့် ဝေဒနာခံစားပြီးနောက် သူ ပြန်သက်သာလာတော့သည်။ သူ့တစ်ကိုယ်လုံး ချွေးစေးများ ရွှဲနေပြီး နောက်ကျောကလည်း စိုထိုင်းနေပြီဖြစ်သည်။
အစောပိုင်းက သူသည် ပြင်းပြသည့် နာကျင်မှုကို ခံစားခဲ့ရသောကြောင့် မအော်မိအောင် သူ့ကိုယ်သူ တောင့်ခံထားရသည်။ ထိုကဲ့သို့ နာကျင်မှုမျိုးက အင်မတန် နာကျင်စေပြီး သူ့ကို သတိထပ်မေ့လုနီးပါး ဖြစ်သွားစေ၏။ သူက အသက်ပြင်းပြင်း နှစ်ချက်ခန့် ရှုသွင်းလိုက်ပြီးနောက် သူ့ကိုယ်သူ တည်ငြိမ်အောင် ဖိအားပေးလိုက်သည်။ ထိုအခိုက်အတန့်တွင် မျက်လုံးဖွင့်လိုက်၏။
သူသည် သူ့နားတစ်ဝိုက်တွင် ဘာမှမရှိသည့် သေးငယ်သော အခန်းလေးထဲမှာ ချုပ်နှောင်ခံထားရသည်။ အခန်းက နက်မှောင်နေပြီး နံရံပေါ်တွင် သံမဏိချိန်းကြိုးများ ရှိနေသည်။ ထွက်ပေါက်က ပိတ်ထားကာ အစောင့်အကြပ် မရှိပေ။ မီးဝိညာဉ်ပုလဲ ရှေးဟောင်းနတ်ဘုရားလက်စွပ်..”
ကျန်းရီက သူ အင်္ကျီလက်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ရာ သူ့အင်္ကျီလက်ထဲတွင် ဝှက်ထားသည့် မီးဝိညာဉ်ပုလဲနှင့် ရှေးဟောင်းနတ်ဘုရားလက်စွပ်တို့ မရှိတော့တာကို သဘောပေါက်သွားသည်။ နောက်ဆုံးတွင် သူ့မျက်နှာပေါ်၌ ကြောက်လန့်သည့် အမူအရာပေါ်လာ၏။ မီးဝိညာဉ်ပုလဲမရှိဘဲ သူ၌ တမလွန်လောက တစ္ဆေမီးလျှံများ မရှိတော့ဘဲ သူ၏အသန်မာဆုံး တိုက်ခိုက်နည်းကို ဆုံးရှုံးသွားမှာပဲ ဖြစ်သည်။ ပိုအရေးအကြီးဆုံးက ဧကရီနန်းတော်သည် မီးဝိညာဉ်ပုလဲထဲတွင် ရှိနေတာ ဖြစ်၏။
သူက ပတ်ဝန်းကျင်ကို စစ်ဆေးရန်အတွက် ကောင်းကင်စိတ်အာရုံကို အသုံးမပြုနိုင်သောကြောင့် သူ၏ သတ်ဖြတ်ခြင်းဆန္ဒကိုလည်း အဆင်အခြင်မဲ့ မထုတ်ဖော်နိုင်ပေ။ သတ်ဖြတ်ခြင်းဆန္ဒက ဝိညာဉ်စွမ်းအား၏ ခွန်အား အသုံးပြုရန် လိုအပ်သည်။ သံမဏိချိန်းကြိုးများက သူ့ဝိညာဉ်စွမ်းအားကို ပိတ်ထား၏။ တစ်နည်းဆိုရလျှင် လက်ရှိ သူက ဒုက္ခိတ ဖြစ်နေပြီး ဘာမှမလုပ်နိုင်တော့ချေ။
“သတ်ဖြတ်ခြင်းဆန္ဒ..”
သူက အံကြိတ်ပြီးနောက် သူ၏သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်ရန် အသင့်ပြင်လိုက်သည်။ သူ ထင်သည့်အတိုင်း သတ်ဖြတ်ခြင်းဆန္ဒကို ထုတ်ဖော်လိုက်သည်နှင့် သူ့ဦးနှောက်သည် မိုးကြိုးအပစ်ခံရသည့်အလား နာကျင်မှုကို ခံစားနေရသည်။ ယခုအခေါက်တွင် သူက သည်းမခံနိုင်တော့ဘဲ နာကျင်စွာ အော်ဟစ်လိုက်ပြီးနောက် သူ၏အသံက တစ်ခန်းလုံး ပဲ့တင်သံ ထွက်သွားသည်။
“ဒါက ဘယ်လို သံကြိုးမျိုးတွေလဲ ငါ့အတွင်းအားကို ချိပ်ပိတ်ရုံတင်မကဘူး စိတ်ဝိညာဉ်စွမ်းအားကိုလည်း ချိပ်ပိတ်နိုင်ရတာလဲ”
ပင့်သက်ရှိုက်လိုက်ပြီးနောက် ကျန်းရီသည် သူ့ကို အသားဖက်ထုပ်နှယ် တုပ်နှောင်ထားသည့် သေးငယ်သော သံမဏိချိန်းကြိုးများကို လှည့်ကြည့်လိုက်မိသည်။ ခဏအကြာ၌ သူက သတ်ဖြတ်ခြင်းဆန္ဒကို လှည့်ပတ်ရန် ပြင်ဆင်လိုက်ရာ သူ၏ စိတ်ဝိညာဉ်ထဲသို့ ထူးဆန်းသော စွမ်းအင်များက သံမဏိချိန်းကြိုးကနေ လျင်မြန်စွာ တိုးဝင်လာတာကို အာရုံခံမိသည်။ ယင်းက သူ့ စိတ်ဝိညာဉ်ကို နာကျင်စေတာပဲဖြစ်သည်။
“စိတ်အေးအေးထား စိတ်အေးအေးထား..”
ကျန်းရီက ခေါင်းခါလိုက်ပြီး သူ့နဖူးပေါ်ရှိ ချွေးများ လွင့်ပျယ်သွားတော့သည်။ လက်ရှိ သူက မည်သည်ကိုမျှ မကြောက်လန့် မည်သည့် ဆူညံမှုများ မပြုလုပ်တော့ပေ။ မဟုတ်လျှင် သူက မြို့သခင်မချင်းယွီ၏ လူများကို သတိပေးသလို ဖြစ်သွားခဲ့ပါက သူ့ကိုယ်သူ ကယ်တင်ရန် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားရန် အချိန်ရတော့မှာ မဟုတ်ချေ။
ယခုအချိန်တွင် သူက ကျန်းရှောင်နူ၊ ကျန့်ဝူရွှမ်းနှင့် ကျန်သည့်သူများ ရင်ဆိုင်ရမည့် အန္တရာယ်ကို မမှန်းဆရဲတော့ချေ။ သူ တွေးမိသည်နှင့် စိတ်နှလုံး နာကျင်လာပြီး အခြေအနေက ပိုတောင် ဆိုးသွားပေလိမ့်မည်။
“သတ်ဖြတ်ခြင်းဆန္ဒနဲ့ အတွင်းအားကို လှည့်ပတ်လို့ မရဘူး၊ မီးဝိညာဉ်ပုလဲက မရှိတော့ဘူး၊ အတွင်းအား မရှိရင် ငါက ကောင်းကင်ချုပ်ငြိမ်းခြင်း ချော်ရည် မှော်အတတ်ကိုလည်း သုံးနိုင်မှာ မဟုတ်ဘူး ဘုံကိုးဘုံရဲ့နဂါးမီးလျှံကိုလည်း ထုတ်နိုင်မှာ မဟုတ်ဘူး၊ ငါ့ကိုယ်ငါ ကယ်တင်ဖို့ တခြားဘာနည်းလမ်း ရှိသေးလဲ”
ကျန်းရီက ခဏတာ ဂရုတစိုက် စဉ်းစားပြီးနောက် သူ၏ မည်သည့် အရည်အချင်းများကိုမျှ မသုံးနိုင်မှန်း သိလိုက်ရသည်။ သူသည် သံမဏိချိန်းကြိုးများမှ လွှတ်အောင် ရုန်းနိုင်မှာ မဟုတ်ပေ။ သူက လှောင်အိမ််ထဲတွင် ချုပ်နှောင်ခံထားရသော သားရဲတစ်ကောင် ဖြစ်လာပြီး မြို့သခင်မချင်းယွီကို စောင့်ဆိုင်းရန်သာ ရှိသည်။
“မရဘူး ငါ အလျှော့ပေးလို့ မရဘူး၊ ရှောင်နူနဲ့ကျန်တဲ့သူတွေက ဧကရီနန်းတော်ထဲတွင် ရှိနေသေးတယ် ငါ မသေသေးပေမဲ့ မြို့သခင်မချင်းယွီက အချိန်တိုအတွင်း မီးဝိညာဉ်ပုလဲနဲ့ ဧကရီနန်းတော်ကို အပြည့်အဝ သန့်စင်နိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ အချိန်ဆွဲနေရင် ပြဿနာတွေ သေချာပေါက် တိုးလာမှာပဲ စဉ်းစားစမ်း စဉ်းစားစမ်း၊ ငါ ဒီနေရာက ထွက်ဖို့ အကြံ တွေးရမယ်”
ကျန်းရီက အံကြိတ်လိုက်ပြီးနောက် အကြိမ်ရေအနည်းငယ် ငြီးတွားလိုက်ကာ သူ မျက်လုံးမှိတ်ပြီး သူ စိတ်အေးအေးထားရန် သူ့ကိုယ်သူ ဖိအားပေးလိုက်၏။ စိုးရိမ်ပူပန်နေသည့် အချိန်တွင် အကြံကောင်းတစ်ခု ပေါ်ထွက်လာမှာ မဟုတ်ပေ။
ဆယ့်ငါးမိနစ်ခန့် အနားယူပြီးနောက် ကျန်းရီက သူ၏ စိတ်တည်ကြည်မှုကို ရရှိလာသည်။ သူ၏ အရည်အချင်းများအားလုံးကို လျင်မြန်စွာ တွေးတောပြီးနောက် မည်သည့် အရည်အချင်းကများ ဤအကျပ်အတည်းကနေ လွှတ်မြောက်အောင် ကူညီပေးနိုင်မလဲ ဆိုသည်ကို စတင်တွေးတောနေ၏။
အချိန်က တတိတိ ကုန်ဆုံးသွားပြီး ကျန်းရီက အတွေးထဲ နစ်နေတော့သည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် သူ့မျက်လုံးများ လင်းထိန်လာ၏။ နောက်ဆုံးတွင် ထူးဆန်းသော အကြံကို သူ တွေးမိလိုက်သည်။
သူသည် အထီးကျန်အရှေ့ပိုင်း ပင်လယ်ထဲ၌ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ် အလိုက်ခံခဲ့ရပြီး မိုးကြိုးပင်လယ်ထဲသို့ ဝင်ရန် ဖိအားပေးခံခဲ့ရသည်။ မိုးကြိုးပင်လယ်ထဲသို့ ဖြတ်သန်းခဲ့စဉ်က သူသည် အင်မတန်ထူးဆန်းသည့် အခြေအနေထဲ ကျရောက်သွား၏။ ထိုအခိုက်အတန့်၌ သူက မိုးနှင့်မြေဖြင့်တစ်သားတည်း ဖြစ်သွားသလို ခံစားရသည်။ သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အာရုံခံနိုင်လာ၏။ ထိုအခြေအနေက သူ၏ ကောင်းကင်စိတ်အာရုံကို အသုံးပြုပြီး စိတ်အာရုံကို စစ်ဆေးနိုင်ခြင်းနှင့် ဆင်တူပေသည်။ သို့သော် သဘောတရားကမူ ကျော်လွန်နေပြီး ကွဲပြားနေပေ၏။ ကောင်းကင်စိတ်အာရုံက အရည်အချင်းတစ်ခု ဖြစ်ပြီး အစောပိုင်းအခြေအနေကမူ အင်မတန်ထူးဆန်းသည့် အချိန်တစ်ခုသာ ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုနိုင်ချေ။ သူက ထိုအခြေအနေထဲ ဝင်ရောက်ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးနိုင်ခဲ့လျှင် သူ့ကိုယ်သူ ကယ်တင်ရန်အတွက် နည်းလမ်းတစ်ခု ရှာတွေ့နိုင်ပေမည်။ သို့သော် ထိုအခြေအနေထဲ သူ မည်ကဲ့သို့ ဝင်ရောက်ရမည်နည်း။
ကျန်းရီက ထိုအခြေအနေကို နားလည်သဘောပေါက်ခြင်း မရှိ၊ မည်သို့ ဝင်ရောက်ခဲ့မိမှန်း မသိပေ။ သူက ဝင်္ကပါအတွင်း၌ ရတနာကို မတော်တဆ ရှာတွေ့ခဲ့မိသည့် လမ်းပျောက်နေသော ကလေးတစ်ဦးနှင့်တူသည်။ ယင်းက ကောင်းကင်ကို ဖီဆန်နေသော ကံကောင်းမှုသာ ဖြစ်သည်။ တစ်စုံတစ်ယောက်က ဝင်္ကပါထဲသို့ အဆင်အခြင်မဲ့ ထွက်သွားခဲ့လျှင်တောင် ထိုရတနာသိုက်ကို ထပ်မံရှာတွေ့နိုင်တော့မှာ မဟုတ်ပေ။
ကျန်းရီက မျက်လုံးမှိတ်လိုက်ပြီးနောက် အငြိမ်းချမ်းဆုံး အခြေအနေထဲသို့ သူ၏စိတ်နှလုံးကို ဝင်ရောက်ခွင့် ပေးလိုက်သည်။ ထိုနေ့က အဖြစ်အပျက်များကို သူ စတင်ပြန်တွေးတောနေ၏။ သူ လက်ရှိကြုံနေရသည့် အခြေအနေများအားလုံးကို မေ့ထားရန် သူ့ကိုယ်သူ ပြောပြီးနောက် အာရုံစူးစိုက်မှုများကို ထိုနေ့က အဖြစ်အပျက်များဆီသာ သွင်းထားလိုက်သည်။
သူ ဝန်ခံရပေမည်။ ကျန်းရီ၏ စိတ်နှလုံးက အမှန်တကယ် ဖြုံလောက်ပေ၏။ သူက လက်ရှိတွင် ကပ်ဘေးနှင့် ရင်ဆိုင်နေရပြီး မည်သည့်အရည်အချင်းကိုမှ အသုံးပြုနိုင်ခြင်း မရှိပေ။ သူ၏ရတနာများအားလုံး ခိုးယူခံလိုက်ရပြီး ကျန်းရှောင်နူနှင့် ကျန်သူများ၏ ရှင်သန်မှုကို မသိရသေးချေ။ ထိုကဲ့သို့ အခြေအနေအောက်၌ အရာအားလုံးကို သူက အမှန်တကယ် မေ့လျော့ပြီး သူ ရှိနေသည့်နေရာကိုတောင် မေ့နေ၏။ သူ၏ စိတ်အာရုံသည် မိုးကြိုးပင်လယ်ထဲတွင် ရှိနေသည့်နေ့ရက်ဆီသို့ ပြန်ရောက်သွားတော့၏။
ကောင်းကင်ထဲ၌ တိမ်ဆိုင်တိမ်မည်းတို့ လွှမ်းမိုးနေပြီး မိုးကြိုးနဂါးတို့ ဟိန်းနေ၏။ လေပြင်းများက ပြင်းထန်သည့် မိုးသီးလှိုင်းများဖြင့် ဝေ့တိုက်နေကာ ပင်လယ်လှိုင်းများကလည်း ဒေါသတကြီး လှိမ့်တက်လာတော့သည်။ ရုတ်တရက် သူက မိုးကြိုးပင်လယ်ဆီ ပြန်ရောက်သွားခဲ့သည်။ သူ၏ဝိညာဉ်နှင့် သတိတရားတို့က ဆန်းကြယ်သော မြင်ကွင်းဖြင့် ဆွဲယူခံလိုက်ရပြီးနောက် သူသည် ဇင်အခြေအနေထဲသို့ ဝင်ရောက်သွားခဲ့၏။
ဘီး..
သူ၏ တစ်ကိုယ်လုံးက ရောင်ခြည်များ တောက်ပလာပြီးနောက် သူသည် ထိုဆန်းကြယ်သည့် အခြေအနေထဲ ထပ်မံ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူက ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်း ဖြစ်လာတာကို ခံစားမိပေသည်။ သူက ဤနန်းတော်နှင့် တစ်သားတည်း ဖြစ်နေတာကိုတောင် အာရုံခံမိသည်။ သူက မိုးနှင့်မြေဖြစ်ပြီး မိုးနှင့်မြေက သူဖြစ်ပေသည်။ သူ၏ စိတ်ထဲ၌ ပုံရိပ်များစွာ ပေါ်လာ၏။
ယင်းက ကောင်းကင်စိတ်အာရုံ မဟုတ်ပေ။ ထူးဆန်းသည့် အခြေအနေ တစ်မျိုးဖြစ်၏။ ချိန်းကြိုးများက ပုံမမှန်သည့် ပြောင်းလဲမှု မရှိ၊ သူ့စိတ်ဝိညာဉ် တိုက်ခိုက်မခံရပေ။ ယင်းအခြေအနေက ကောင်းကင်စိတ်အာရုံနှင့် အလွန်ကွဲပြားခြားနားတာ သိသာနေပေသည်။ ကောင်းကင်စိတ်အာရုံက အရည်အချင်းတစ်ခု ဖြစ်ပြီး ဤအရာကမူ မူမမှန်သည့် ဖြစ်စဉ်တစ်မျိုးဖြစ်သည်။ ဆန်းကြယ်သော တည်ရှိမှုက ကောင်းကင်နှင့် မြေကြီးမှ တည်ရှိနေပေသည်။
သူက မျက်လုံးဖွင့်ရန်မလို ကောင်းကင်စိတ်အာရုံကို သုံးရန်မလိုဘဲ ပတ်ဝန်းကျင်တစ်ခုလုံးကို ခံစားမိ၏။ တံခါးအပြင်ဘက်၌ အစောင့်နှစ်ယောက် တိတ်တဆိတ် စောင့်ဆိုင်းနေပြီး မရေမတွက်နိုင်သည့်လူများစွာက ဤအခန်းအပြင်ဘက်၌ ရှိနေတာကို အာရုံခံမိသည်။ သူက လရောင် ကြယ်ရောင်နှင့် ညင်သာသော လေပြည်နှယ် ရေအိုင်၏ လှိုင်းဂယက်ငယ်တို့ကို အာရုံခံမိသည်။ မက်မွန်တောထဲမှ မက်မွန်ပွင့်များ၏ သင်းရနံ့ကိုလည်း သူ ရလိုက်သည်။ ယခုအချိန်တွင် သူ၏ တစ်ကိုယ်လုံးက ကောင်းကင်နှင့် မြေကြီးမှ ပျောက်ကွယ်သွားပြီး မက်မွန်ဥယျာဉ်နှင့် တစ်သားတည်း ပေါင်းစပ်သွားသလိုပင်။ သူက လေပွေတစ်ချက် နန်းတော်မှ အုတ်ခဲတစ်လုံး ရေအိုင်ထဲမှ ငါးတစ်ကောင်တောင် ဖြစ်နိုင်ပေသည်။
***