အခန်း (၃၁၁)
Vol. 32 Ch. 311
နောက်တစ်စက္ကန့်တွင် လီကွေ့ ဝိညာဉ်ကြွေသားရဲသည် တုပိုင်၏ မျက်နှာဆီသို့ ခုန်အုပ်လာပြီး ယင်း၏ အေးစက်နေသော လက်သည်းများဖြင့် လှမ်းထိလိုက်ရာ ကြက်သီးမွေးညင်းများပင် ထသွားစေလေ၏။ ထို့အပြင် ယင်း၏ ပါးစပ်မှ အဓိပ္ပာယ်မရှိသော သို့မဟုတ် တုပိုင်နားမလည်နိုင်သည့် တီးတိုးရွတ်ဆိုသံများ ထွက်ပေါ်နေလေသည်။
တုပိုင်သည် ယင်းထွက်လာကတည်းက မျက်လုံးများကို မှိတ်ထားခဲ့သဖြင့် ယင်း၏ ပုံသဏ္ဌာန်ကို မမြင်ဖူးရသေးချေ။ သို့သော် လီသရဲဟု ခေါ်ဆိုကြသည့် သားရဲတစ်ကောင် ဖြစ်သောကြောင့် မည်သို့ပုံစံရှိမည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။
သက်ပြင်းရှည်ကြီး တစ်ချက်ချပြီးနောက် တုပိုင်သည် သူ၏ ဓားရှည်ကို ထိုးထုတ်လိုက်ရာ ယင်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် ထိုးဖောက်သွားလေတော့သည်။
“အွတ်... အွတ်...”
ဒဏ္ဍာရီလာများအတိုင်းပင် ၊ ဤဝိညာဉ်ကြွေသားရဲသည် ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများမှလွဲ၍ ကျန်အပိုင်းများမှာ အလွန် အားနည်းလှသဖြင့် ဓားတစ်ချက်တည်းဖြင့်ပင် အလွယ်တကူ သတ်ဖြတ်နိုင်လိုက်လေ၏။
ယင်း၏ သေဆုံးပုံမှာလည်း ထူးဆန်းနေလေသည်။ ယင်းသည် နာကျင်မှုကို မခံစားရသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ဝေဝါးထုံကျင်သွားသည်ကို နားမလည်နိုင်ဘဲ သံသယအနည်းငယ် ဖြစ်သွားရုံသာ ရှိသည်။ ထို့နောက် ချက်ချင်းပင် သေဆုံးသွားလေတော့သည်။
အိပ်မက်စနစ်က ပြောပြဖူးသည်မှာ ဤဝိညာဉ်ကြွေသားရဲသည် ခံစားမှုပင် မရှိသော သက်ရှိတစ်မျိုး ဖြစ်သည်ဟု ဆိုသည်။
မူလက ယင်းသည် သာမန်မိစ္ဆာကောင်လေး တစ်ကောင်မျှသာ ဖြစ်သော်လည်း လူသေအများဆုံး နေရာတွင် ပေါက်ဖွားလာခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာရှိ သေဆုံးသူများမှာ စွမ်းအင်သယ်ဆောင်ရာ နေရာမရှိသဖြင့် သရဲတစ္ဆေ မဖြစ်နိုင်ကြချေ။ သို့သော် အခြားကမ္ဘာမှ စွမ်းအင်များ ကျူးကျော်ဝင်ရောက်လာပြီးနောက် ဤဝိညာဉ်စွမ်းအင်များမှာ တွယ်ကပ်စရာ နေရာရလာခဲ့ကြသည်။ ထို့ကြောင့် ရုတ်တရက် သေဆုံးသွားသူများ၏ ဝိညာဉ်များမှာ ပျောက်ကွယ်သွားခြင်း မရှိဘဲ သရဲတစ္ဆေများ ဖြစ်လာကြလေ၏။
ကမ္ဘာမြေကြီး၏ ပြင်းထန်သော အပြောင်းအလဲများကြောင့် လူအများအပြား ရုတ်တရက် သေဆုံးခဲ့ကြရသည်။ မရေမတွက်နိုင်သော ဝိညာဉ်များ စုစည်းသွားပြီး ဤမိစ္ဆာလေး၏ ဦးနှောက်ထဲသို့ ဝင်ရောက်ကာ ယင်း၏ မျက်လုံးနှစ်လုံးတွင် စုစည်းသွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် ဝိညာဉ်ကြွေအရိပ်၏ အဆိပ်စွမ်းအင်များမှာ ယင်း၏ မျက်လုံးများတွင်သာ စုစည်းနေခြင်း ဖြစ်ပြီး ၊ ဝိညာဉ်ကြွေအရိပ် စွမ်းအင်ဆိုသည်မှာ တကယ်တော့ မရေမတွက်နိုင်သော ဝိညာဉ်များပင် ဖြစ်လေ၏။
ဤကမ္ဘာ၏ နေရာအများစုတွင် သရဲတစ္ဆေများနှင့် ဝိညာဉ်ဆိုးများ မရှိကြချေ။ ကမ္ဘာမြေကြီး အက်ကွဲရာ၏ အနက်ရှိုင်းဆုံးနေရာများ ၊ အခြားကမ္ဘာမှ စွမ်းအင်များ အများဆုံး ဝင်ရောက်ရာ နေရာများတွင်သာ ဤကဲ့သို့သော ဝိညာဉ်စွမ်းအင်များ ရှိနေတတ်သည်။
ဝိညာဉ်ကြွေသားရဲ လုံးဝ သေဆုံးသွားပြီးနောက် တုပိုင် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ယင်း၏ ပုံသဏ္ဌာန်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။ ယင်းသည် လူသားနှင့် တူသော်လည်း အရပ် ၃ ပေခန့်သာ ရှိသော လူပုလေးတစ်ဦးနှင့် တူနေသည်။ ခြေလက်များမှာ သေးသွယ်နေပြီး လက်ဖဝါးလောက်သာ ရှိသော မျက်နှာပေါ်တွင် မျက်လုံးနှစ်လုံးက နေရာအများစုကို ယူထားလေ၏။ အလွန်ထူးဆန်းပြီး ကြောက်စရာကောင်းလှသဖြင့် လီသရဲဟု ခေါ်ဆိုကြသည်မှာ မမှားချေ။
တုပိုင်သည် ယင်း၏ မျက်လုံးများကို ကလော်ထုတ်လိုက်သည်။ တကယ့်ကို အချိန်ကိုက် မိုးရွာချလိုက်သလိုပင်။ သူ၏ ဝိညာဉ်ကြွေအရိပ် စွမ်းအင်များ ကုန်ဆုံးသွားချိန်တွင် နောက်ထပ် ပြန်လည် ဖြည့်တင်းနိုင်မည့် အခွင့်အရေး ရရှိလာ၏။ ယခင်တစ်ကြိမ်က အဆိပ်အပ် ဆယ်ချောင်းခန့်ထံမှ ရရှိခဲ့သော စွမ်းအင်ဖြင့် လူနှစ်ယောက်ကို အနိုင်ယူနိုင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် သားရဲတစ်ကောင်လုံးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝိညာဉ်ကြွေအရိပ် စွမ်းအင်မှာ ယခင်ကထက် ဆယ်ဆမက ပိုများနေပေလိမ့်မည်။
ဝိညာဉ်ကြွေအရိပ် စွမ်းအင် အလုံအလောက် ရှိလာပြီဖြစ်ရာ တုပိုင်တွင် လက်နက်လျှို့ဝှက်ချက် အလုံအလောက် ရှိလာပြီဖြစ်ပြီး ချွေတာသုံးစွဲနေစရာ မလိုတော့ချေ။
မဟာဓားဂိုဏ်း သခင်လေး ယွဲ့လီ၏ အလောင်းနားသို့ ရောက်သောအခါ သူ၏ ဝိညာဉ်များ ပျက်စီးသွားပြီ ဖြစ်သော်လည်း ခန္ဓာကိုယ်မှာ မသေသေးသဖြင့် တဆတ်ဆတ် တုန်နေဆဲပင်။
တုပိုင်သည် တရားထိုင်ကာ မေးလိုက်သည်။
“ဒီလူတွေရဲ့ အတွင်းအားစွမ်းအင်တွေကို စုပ်ယူလို့ ရမလား”
ထူးဆန်းသော အလင်းတန်းက ဖြေလိုက်သည်။
“မရဘူး။ သူတို့ကိုယ်တိုင် သိုင်းပညာကို စွန့်လွှတ်ပြီး ဒန်တျန်ထဲက ရွှမ်းချီတွေကို ထုတ်လွှတ်မှသာ မင်း စုပ်ယူလို့ ရမှာ။ အဲဒါက ပူဇော်သက္ကာ ပြုလုပ်ခြင်း တစ်မျိုးပဲ။ အခု မင်း သူ့ဗိုက်ကို ခွဲကြည့်ရင်တောင် ဘာမှ တွေ့ရမှာ မဟုတ်ဘူး ၊ ဒန်တျန်ဆိုတာ အကောင်အထည် မရှိဘူး”
ထိုသို့ဆိုလျှင် တုပိုင်သည် သူ၏ ဓားဖြင့် ယွဲ့လီ၏ ခေါင်းကို ဖြတ်ပစ်လိုက်လေ၏။ ထို့နောက် အကြီးအကဲ ယွမ်ချီနှင့် အခြား စစ်သည်တော်များကိုပါ တစ်ယောက်ပြီးတစ်ယောက် ခေါင်းဖြတ် သတ်ဖြတ်လိုက်တော့သည်။
နောက်ထပ် အလွန်အရေးကြီးသော ကိစ္စတစ်ခုမှာ ဝိညာဉ်ကြွေသားရဲ၏ မျက်လုံးများထဲမှ အဆိပ်စွမ်းအင်များကို ထုတ်ယူရန် ဖြစ်သည်။ မဟုတ်ပါက မကြာမီ ပျောက်ကွယ်သွားပေလိမ့်မည်။
ဤအချိန်တွင် ကျီပြောင်ပြောင်မှာ ဆိုးရွားလှသော ကာမစိတ်ကြွဆေး၏ နှိပ်စက်မှုကို အကြီးအကျယ် ခံစားနေရပြီး မြေပြင်ပေါ်တွင် နာကျင်စွာ တွန့်လိမ်နေလေ၏။ ပုံမှန်အချိန်ဆိုလျှင် သူမ၏ သိုင်းပညာဖြင့် ဤဆေး၏ အစွမ်းကို ဖိနှိပ်ထားနိုင်မည် ဖြစ်သည်။ သို့သော် ယခုတွင် သူမမှာ ကျင့်စဥ်ဖောက်ပြန်နေပြီး ဒဏ်ရာရနေသဖြင့် ဆရာသခင်အဆင့် စွမ်းအားများကို လုံးဝ အသုံးမပြုနိုင်တော့ချေ။
တုပိုင်သည် ရှေ့သို့ တိုးသွားပြီး ဆေးတစ်လုံးကို ထုတ်ကာ သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။ ဤဆေးမှာ ဆရာသခင်ကြီး နင်ဇောင်ဝူ ကိုယ်တိုင် ဖော်စပ်ထားသော သွေးကြောကုသဆေး ဖြစ်ပြီး တုပိုင် အတွင်းဒဏ်ရာရလျှင် သုံးရန် အမြဲ ဆောင်ထားလေ့ရှိသည်။ ကျီပြောင်ပြောင်၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သဖြင့် ဤဆေးတစ်လုံးတည်းနှင့် မပျောက်ကင်းနိုင်သော်လည်း အနည်းငယ်တော့ သက်သာစေပေလိမ့်မည်။
သို့သော် သူမ၏ ခန္ဓာကိုယ်ထဲရှိ ဆေးစွမ်းမှာ အလွန်ပြင်းထန်လွန်းလှသဖြင့် ကျားသစ်မလေးကဲ့သို့သော သူမ၏ ခန္ဓာကိုယ်မှာ မီးတောက်နေသကဲ့သို့ ပူလောင်နေပြီး ထွက်ပေါ်လာသော အသက်ရှူသံများမှာပင် ဆွဲဆောင်မှုများ ပြည့်နှက်နေကာ တုပိုင်ကို ဝါးမြိုပစ်ချင်နေသည့်အလား ရှိနေလေ၏။ သူမ ထုတ်လိုက်သော အသံများမှာလည်း နာကျင်မှုနှင့် ရောထွေးနေသည်။ မြေပြင်ပေါ်တွင် တွန့်လိမ်နေသော သူမ၏ ကိုယ်ခန္ဓာ အကွေးအကောက်များမှာ မြွေတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သေစေနိုင်လောက်သော ညို့ဓာတ်များ ပြည့်နှက်နေလေ၏။
တုပိုင်၏ ဆေးကြောင့်လော မသိပေ ၊ ကျီပြောင်ပြောင် ရုတ်တရက် သတိရလာပြီး သူမ၏ လှပသော မျက်လုံးများဖြင့် တုပိုင်ကို ကြည့်လိုက်သည်။ သို့သော် သူမသည် ပုံရိပ်ဝါးဝါးကိုသာ မြင်ရပြီး မျက်နှာကို လုံးဝ မမြင်ရချေ။
ကျီပြောင်ပြောင်က တုန်ရီစွာ မေးလိုက်သည်။ “ဟိုလူယုတ်မာတွေ ဘယ်ရောက်သွားပြီလဲ”
တုပိုင်က ဖြေလိုက်သည်။
“သေကုန်ပြီ ၊ ကျွန်တော် ဉာဏ်ဆင်ပြီး သတ်လိုက်ပြီ”
ကျီပြောင်ပြောင်က ပြောလိုက်သည်။ “နှမြောစရာပဲ... ကျွန်မ မျက်လုံး မမြင်ရတော့ဘူး။ မဟုတ်ရင် ရှင် ဘယ်လိုပုံစံလဲဆိုတာ တကယ် သိချင်မိတယ်။ ရှင်က သတ္တိရှိတယ် ၊ ဉာဏ်ကောင်းတယ် ၊ တကယ့်ကို ထူးချွန်တဲ့ ကလေးလေးတစ်ယောက်ပဲ”
ဤစကားကို ကြားသောအခါ တုပိုင် စကားမပြောနိုင်တော့ချေ။ ကလေးဟု ထပ်ခေါ်ခံရပြန်၏။ သူကတော့ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော အလှပဂေး ကျီပြောင်ပြောင်ကို ရွယ်တူဟု သတ်မှတ်ထားသော်လည်း သူမကတော့ သူ့ကို မောင်လေးတစ်ယောက် ၊ ကလေးကြီးတစ်ယောက်အဖြစ်သာ မြင်နေလေသည်။
ကျီပြောင်ပြောင်က ဆက်ပြောသည်။ “ကလေးလေး ၊ ကျွန်မ တစ်ခုခု မှားနေပြီဆိုတာ သိတယ် ၊ စိတ်တွေ လွတ်တော့မလို ဖြစ်နေပြီ။ ကျွန်မ စိတ်ဆန္ဒနဲ့ ကြိုးစားပြီး တောင့်ခံထားလိုက်မယ်။ ရှင် ကျွန်မကို တစ်ခုလောက် ကူညီပေးပါလား”
တုပိုင်က ပြောလိုက်သည်။ “ပြောပါ”
ကျီပြောင်ပြောင်က အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်သည်။
“ကျွန်မနဲ့ ဝေးဝေးမှာ နေပေးပါ။ မဟုတ်ရင် ကျွန်မတို့နှစ်ယောက်စလုံး ဒုက္ခရောက်ကုန်ကြလိမ့်မယ်။ ကျွန်မက တစ်သက်လုံး အိမ်ထောင်မပြုဘူးလို့ ဆုံးဖြတ်ထားသလို ဘယ်ယောင်္ကျားနဲ့မှလည်း နီးစပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး”
“ကောင်းပြီ” တုပိုင်က သဘောတူလိုက်သည်။
ထို့နောက် သူသည် ဝိညာဉ်ကြွေသားရဲ၏ မျက်လုံးနှစ်လုံးကို ယူကာ အဝေးသို့ ထွက်ခွာသွားသည်။ သို့သော် အလွန်အမင်းတော့ ဝေးမသွားရဲချေ။ ကျီပြောင်ပြောင် တစ်ခုခု ဖြစ်သွားလျှင် ဒုက္ခရောက်ပေလိမ့်မည်။ ထို့အပြင် ယခု အရေးအကြီးဆုံးကိစ္စမှာ ဝိညာဉ်ကြွေအရိပ် အဆိပ်စွမ်းအင်များကို ထုတ်ယူရန် ဖြစ်လေသည်။
ကျီပြောင်ပြောင်နှင့် မီတာ ၂၀၀ ခန့် အကွာအဝေးသို့ ရောက်သောအခါ တုပိုင် ထိုင်ချလိုက်ပြီး တရားမှတ်လိုက်သည်။
“ကျွန်တော် ဘာလုပ်ရမလဲ။ ဝိညာဉ်ကြွေအရိပ် အဆိပ်စွမ်းအင်တွေကို သန့်စင်ဖို့ လိုသလား” ထူးဆန်းသော အလင်းတန်းက ဖြေလိုက်သည်။
“မလိုဘူး။ ဝိညာဉ်ကြွေသားရဲရဲ့ မျက်လုံးတွေကို အပေါက်ဖောက်လိုက် ၊ အဲဒီအခါ အဆိပ်စွမ်းအင်တွေ ထွက်လာလိမ့်မယ်။ အဲဒါကို မင်းရဲ့ နဖူးမှာ သုတ်လိမ်းလိုက် ၊ ထင်းရှူးသီးပုံဂလင်းနဲ့ အနီးဆုံးနေရာပေါ့”
တုပိုင် လန့်သွားပြီး ပြောလိုက်သည်။
“ဒါ ၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
“ဟုတ်တယ်” အလင်းတန်းက ပြောသည်။ “ဒါပေမဲ့ ငါ အမြန်ဆုံး ဖမ်းယူလိုက်မှာပါ ၊ မင်းရဲ့ ဦးနှောက်ထဲကို ဝင်ခွင့်ပေးမှာ မဟုတ်ပါဘူး”
တုပိုင်က မေးလိုက်သည်။ “နဖူးမှာ သုတ်တဲ့အခါ ထင်းရှူးသီးပုံဂလင်းကို လှုံ့ဆော်ပေးဖို့ လိုသေးလား” (အသက်သွင်းဖို့လိုသေးလား ဆိုပြီးသုံးမလို့ပဲ ၊ လှုံ့ဆော်က ပိုပြီးသင့်တော်လောက်မယ်။)
“မလိုဘူး။ လုံးဝ လျှော့ချထားပါ ၊ မခုခံပါနဲ့ ၊ ဘာမှ မလုပ်ပါနဲ့” အလင်းတန်းက သတိပေးလိုက်သည်။ “အခုတင် မကဘူး ၊ နောက်ပိုင်းကျရင်ရောပဲ”
'သောက်ကျိုးနည်း ၊ ဒီစကားက အဓိပ္ပာယ်တွေ အများကြီး ပါနေသလိုပဲ ၊ ဘာကို ဆိုလိုတာလဲ'
တုပိုင် သတိပြန်ဝင်လာပြီး ဝိညာဉ်ကြွေသားရဲ၏ မျက်လုံးကြီးနှစ်လုံးကို ကောက်ယူလိုက်သည်။ ယခုအခါ မျက်လုံးများမှာ မှေးမှိန်သွားပြီ ဖြစ်သော်လည်း အတွင်း၌ မရေမတွက်နိုင်သော သရဲတစ္ဆေများနှင့် ဝိညာဉ်ဆိုးများ စုစည်းထားသော အဆိပ်စွမ်းအင်များ ရှိနေဆဲဖြစ်လေ၏။
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် အပ်တစ်ချောင်းဖြင့် မျက်လုံးများကို ဖောက်လိုက်သည်။ ရုတ်တရက်ဆိုသလို အရည်များ ထွက်ကျလာခြင်း မဟုတ်ဘဲ ထူးဆန်းသော အလင်းတန်းများနှင့် မြူခိုးများ ထွက်ပေါ်လာလေ၏။
တုပိုင်သည် မျက်လုံးများ၏ အပေါက်ကို နဖူးပေါ် တင်လိုက်သည်။ ထင်းရှူးသီးပုံဂလင်းနှင့် အနီးဆုံးနေရာ ဖြစ်လေ၏။
တစ်ခဏချင်းမှာပင် တုပိုင်၏ ခေါင်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရပြီး ဘာကိုမှ မသိတော့ဘဲ စိတ်ဝိညာဉ်များ လွင့်ပါးသွားသလို ဖြစ်သွားသည်။ အလွန်အားကောင်းသော ဝိညာဉ်ကြွေအရိပ် စွမ်းအင်များသည် တုပိုင်၏ ထင်းရှူးသီးပုံဂလင်းထဲကို ပြင်းထန်စွာ ဝင်ရောက်လာပြီးနောက် ဦးနှောက်ထဲသို့ ရူးသွပ်စွာ စီးဝင်လာကာ ဦးနှောက်ဧရိယာများကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေလေ၏။
ထိုအချိန်တွင် တုပိုင်၏ ဦးနှောက်အနက်ပိုင်းရှိ အိပ်မက်စနစ်၏ အလင်းတန်းများသည် ရုတ်တရက် ပြန့်ကျဲသွားပြီး မရေမတွက်နိုင်သော ဖိုတွန်များအဖြစ် ပြောင်းလဲကာ ဝင်ရောက်လာသော အဆိပ်စွမ်းအင်များ အားလုံးကို ဝိုင်းရံပိတ်ဆို့လိုက်လေသည်။ အိမ်မက်စနစ်က တုပိုင်၏ ဦးနှောက်ကို ထိခိုက်မှု မရှိစေရန် ကာကွယ်လိုက်ခြင်း ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် ဝင်ရောက်လာသော စွမ်းအင်ပမာဏမှာ ယခင်တစ်ကြိမ်ထက် ဆယ်ဆမက ပိုများနေပြီး ဆက်လက်၍လည်း ဝင်ရောက်နေဆဲ ဖြစ်သည်။ ထူးဆန်းသော အလင်းတန်းများက အဆက်မပြတ် ဖမ်းယူပြီး ဝိုင်းရံထားလိုက်ကြသည်။
တစ်စက္ကန့်... ငါးစက္ကန့်... နာရီဝက်... ၊ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ကြွေအရိပ် စွမ်းအင်များ ဝင်ရောက်မှု ရပ်တန့်သွားသည်။ အိပ်မက်စနစ်၏ အလင်းတန်းများက ယင်းတို့အားလုံးကို လွှမ်းခြုံထားပြီး တုပိုင်၏ ဦးနှောက်ကို ဒုက္ခမပေးနိုင်အောင် တားဆီးထားလိုက်သည်။
ထိုအချိန်တွင် တုပိုင် သတိပြန်ဝင်လာသည်။ ယခုတစ်ကြိမ် ရရှိလိုက်သော ရလဒ်မှာ မျှော်မှန်းထားသည်ထက် ပိုမို ကြီးမားလှပေသည်။ ဖမ်းယူရရှိသော ဝိညာဉ်ကြွေအရိပ် စွမ်းအင်များမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုများနေပြီး အနည်းဆုံး သေစေနိုင်သော စိတ်ဝိညာဉ် တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်နိုင်မည် ဖြစ်သည်။
နောက်တစ်ဆင့်အနေဖြင့် ယင်းတို့ကို ဒန်တျန်ထဲသို့ ပြောင်းရွှေ့ရမည် ဖြစ်သည်။ တုပိုင်သည် အလွန်အားကောင်းသော ထိုစွမ်းအင်များကို ဂရုတစိုက် ထိန်းချုပ်ပြီး သွေးကြောများတစ်လျှောက် ဒန်တျန်ဆီသို့ ဖြည်းညှင်းစွာ ရွှေ့ပြောင်းလိုက်သည်။
သို့သော် ထိုအချိန်တွင် ကာမစိတ်ကြွဆေးမိနေသော ကျီပြောင်ပြောင်၏ အခြေအနေမှာ အဆိုးရွားဆုံး အချိန်သို့ ရောက်ရှိနေပြီ ဖြစ်လေ၏။ လူယုတ်မာ ယွဲ့လီသည် တိရစ္ဆာန်မတစ်ကောင်ထံမှ ထုတ်ယူထားသော အဆိပ်ကို သူမအား တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။ တစ်စက်လောက် သောက်မိရုံဖြင့် စင်ကြယ်သော အမျိုးသမီးတစ်ဦးကို လုံးဝ ရူးသွပ်သွားစေနိုင်သော အဆိပ်မျိုး ဖြစ်ပြီး သူသည် ကျီပြောင်ပြောင်ကို ၁၀ မီလီလီတာခန့် တိုက်ကျွေးခဲ့ခြင်း ဖြစ်သည်။
ကျီပြောင်ပြောင်သည် စိတ်ဆန္ဒဖြင့် အစွမ်းကုန် ထိန်းချုပ်နေသော်လည်း အတွင်းအားများကို အသုံးပြု၍မရ ဖြစ်နေသဖြင့် လုံးဝ မထိန်းချုပ်နိုင်တော့ချေ။ ထိုအဆိပ်များသည် သူမ၏ ခန္ဓာကိုယ်ထဲတွင် မီးတောက်ကဲ့သို့ ပူလောင်သော စွမ်းအင်များအဖြစ် ပြောင်းလဲသွားလေ၏။
သူမ၏ ခန္ဓာကိုယ်မှာ ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်ထားသော မီးတောင်တစ်လုံးကဲ့သို့ ဖြစ်နေသည်။ အလွန် ရင့်ကျက်နေပြီ ဖြစ်သော်လည်း ကျား ၊ မ ဆက်ဆံရေး တစ်ခါမျှ မရှိဖူးချေ။ ယခု မီးစတစ်စကြောင့် ပေါက်ကွဲထွက်လာခြင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်လာတော့မည်။ အကယ်၍ မပေါက်ကွဲနိုင်လျှင် သူမ သွေးကြောများ ပျက်စီးကာ သေဆုံးသွားနိုင်ပေသည်။
ယခုအချိန်တွင် ကျီပြောင်ပြောင်ကို ထိန်းချုပ်နေသည်မှာ ဆင်ခြင်တုံတရား မဟုတ်တော့ဘဲ ရှင်သန်လိုစိတ်နှင့် သဘာဝ ဗီဇစိတ်များသာ ဖြစ်လေတော့သည်။ ထို့ကြောင့် သူမသည် တုပိုင်ရှိရာသို့ အလိုအလျောက် တွားသွားလာခဲ့သည်။ သူမသည် တုပိုင်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကိုးယန်ကျမ်းရင်း၏ စွမ်းအင်အငွေ့အသက်များကို ရလိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူမ၏ ပူလောင်နေသော ခန္ဓာကိုယ်သည် တုပိုင်၏ ကိုယ်ပေါ်သို့ မြွေတစ်ကောင်ကဲ့သို့ ရစ်ပတ်လိုက်ပြီး သူ့ကို မြေကြီးပေါ်သို့ တွန်းလှဲလိုက်ကာ သူမ၏ မွှေးကြိုင်ပြီး ပူနွေးသော နှုတ်ခမ်းလေးဖြင့် သူ့ကို အငမ်းမရ နမ်းရှိုက်လိုက်လေတော့သည်။
သို့သော် တုပိုင်မှာမူ လုံးဝ လှုပ်ရှား၍ မရချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ဝိညာဉ်ကြွေအရိပ် စွမ်းအင်များကို ဒန်တျန်ထဲသို့ ရွှေ့ပြောင်းနေချိန် ဖြစ်သောကြောင့်ဖြစ်၏။ အကယ်၍ ကြားဖြတ် နှောင့်ယှက်ခံလိုက်ရပါက အကျိုးဆက်မှာ ဆိုးရွားလှပေလိမ့်မည်။
ဤနည်းဖြင့် တုပိုင်သည် ကျီပြောင်ပြောင်၏ ဖိထားခြင်းကို ခံလိုက်ရပြီး သူမ စိတ်ကြိုက် ပြုမူသမျှကို ငြိမ်ခံနေရလေတော့လေ၏။ (အဟေးဟေးဟေး 👄)
အပိုင်း ၃၁၁ ပြီး။