← Chapters

အခန်း (၃၁၆)

Vol. 32 Ch. 316

အခန်း (၃၁၆)

Vol. 32 Ch. 316

​အဓိကအချက်မှာမူ သူမ၏ အလှတရားသည် သက်ဝင်လှုပ်ရှားပြီး သူရဲကောင်းဆန်ကာ အလွန် လှပသော်လည်း အမျိုးသားပီသသော ဟန်ပန်အမူအရာမျိုး ရှိနေခြင်းပင် ဖြစ်၏။ သူမ၏ အရပ်အမြင့် ၆ ပေခန့်ရှိပြီး ကြံ့ခိုင်သန်စွမ်းကာ ကျားသစ်မလေးတစ်ကောင်ကဲ့သို့သော ခန္ဓာကိုယ်အချိုးအစားနှင့် ပေါင်းစပ်လိုက်သောအခါ သူမ၏ အလှသည် ပို၍ ပေါ်လွင်နေပေသည်။

​သူမကို ထူးခြားဆွဲဆောင်မှုအရှိဆုံး အလှပဂေးအဖြစ် တင်စားခေါ်ဝေါ်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။ သူမသည် ညှို့ဓာတ်ပြင်းသော လီဝမ်ဝမ်နှင့် လုံးဝ ကွဲပြားခြားနားသော်လည်း နှလုံးသားကို ဖမ်းစားနိုင်စွမ်းမှာမူ တန်းတူညီမျှ ရှိလှ၏။ ကံဆိုးမိုးမှောင်ကျသော တိုက်ဆိုင်မှုတစ်ခုသာ မဟုတ်ခဲ့ပါက တုပိုင်သည် ဤကဲ့သို့သော သူရဲကောင်းဆန်ပြီး သိုင်းပညာထူးချွန်သော အလှမယ်နှင့် ပတ်သက်မိမည် မဟုတ်ပေ။ သူမ၏ ကမ္ဘာတွင် သူမသည် အမျိုးသားတစ်ဦးကို လိုအပ်သူ မဟုတ်ချေ။

​ကျီပြောင်ပြောင် ဝင်လာပြီးနောက် သူမ၏ ပထမဆုံးအကြည့်သည် တုပိုင်ထံသို့ ရောက်ရှိလာ၏။ သူမသည် အရင်ဆုံး ထိတ်လန့်သွားပြီးနောက် အံ့အားသင့်သွားကာ မယုံနိုင်သော အမူအရာများပင် ပေါ်လာသည်။ သူမ၏ ဒုတိယအကြည့်သည် ရှောင်မူကျစ်ထံသို့ ရောက်ရှိသွား၏။ သူမသည် အရင်ဆုံး ကြောင်အံ့သွားပြီးနောက် နှိုင်းယှဉ်မရနိုင်သော ဝမ်းမြောက်ခြင်းများ သူမ၏ ရင်ထဲတွင် လှိုင်းထသွားတော့သည်။

​ကျီပြောင်ပြောင်သည် စိတ်လှုပ်ရှားစွာဖြင့် လျှောက်လာပြီး ဝမ်းသာအားရ ပြောလိုက်သည် “ဂိုဏ်းတူမောင်လေး မူကျစ်… ဒါ နင်လား။ နင် အသက်ရှင်နေသေးတာလား။ နင် မသေဘူးပေါ့။ နင် မသေဘူးပေါ့။ ဒါ တကယ့်ကို ဝမ်းသာစရာပဲ။ ဆရာက ငရဲပြည်ကနေ ငါတို့ကို ကောင်းချီးပေးနေတာပဲ”

သောက်ကျိုးနည်း နတ်ပြည်မဟုတ်ဘဲ ငရဲပြည်ဖြစ်၏။

​ကျီချင်းကျူက ပြောလိုက်သည် “ပြောင်ပြောင်… သမီးနဲ့ မူကျစ်က ငယ်ငယ်ကတည်းက စေ့စပ်ထားပြီးသားလေ။ အဖေတို့ အားလုံးက သူ သေသွားပြီလို့ ထင်ခဲ့ကြလို့ စေ့စပ်ပွဲက အခုထိ ကြန့်ကြာနေခဲ့ပြီး သမီးလည်း လက်ထပ်ဖို့ အကောင်းဆုံးအရွယ်ကို ကျော်လွန်သွားခဲ့ပြီ။ အခု သူက စေ့စပ်ထားတာကို အကောင်အထည်ဖော်ဖို့ ပြန်လာခဲ့ပြီ။ သမီးတို့နှစ်ယောက်က ငယ်ချစ်ဦးတွေလို့ ပြောလို့ရတာပဲ။ ဒီနေ့ပဲ သမီးတို့ရဲ့ လက်ထပ်ပွဲကို အတည်ပြုလိုက်ကြမလား”

​တုပိုင်က ကျီပြောင်ပြောင်ကို ကြည့်နေပြီး စကားတစ်ခွန်းမျှ မပြောဘဲ သူမ၏ ရွေးချယ်မှုကိုသာ စောင့်ဆိုင်းနေ၏။ သူမသည် စေ့စပ်ထားပြီးသား ၊ ငယ်ချစ်ဦးဖြစ်ပြီး ရုတ်တရက် ပြန်ပေါ်လာသော ရုပ်ချောချော ရှောင်မူကျစ်ကို ရွေးချယ်မည်လော။ သို့မဟုတ် သူမ၏ အသက်ကို ကယ်တင်ခဲ့ဖူးသော နာမည်ဆိုးဖြင့် ကျော်ကြားသည့် လူယုတ်မာတိမ်တိုက်အောက်က မိစ္ဆာသခင်ကို ရွေးချယ်မည်လော။

​ကျီပြောင်ပြောင်က တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည် “ရှင်… ကျွန်မနဲ့အတူ အပေါ်ထပ်ကို လိုက်ခဲ့”

​ထို့နောက် သူမသည် လှေကားထစ်များအတိုင်း ဦးဆောင်တက်သွား၏။ ကျီပြောင်ပြောင်၏ အမူအရာမှာ အလွန် အေးစက်နေသဖြင့် သူမ၏ ဖခင် ကျီချင်းကျူသည် သမီးဖြစ်သူ၏ တုံ့ပြန်မှုကို ကျေနပ်အားရနေသည်။ တုပိုင်သည် ကျီချင်းကျူကို ဦးညွှတ်ပြီးနောက် ကျီပြောင်ပြောင်၏ နောက်သို့ လိုက်ပါသွား၏။ သူသည် လှေကားထစ်များစွာကို တက်ခဲ့ရပြီး မျှော်စင်၏ အမြင့်ဆုံးထပ်သို့ ရောက်ရှိသွားသည်။

​ဤသည်မှာ ကျီပြောင်ပြောင်၏ အိပ်ခန်းလော။ အမြင့်ဆုံးထပ်မှာ ရှိနေပြီး မီတာ ၂၀ ၊ ၃၀ လောက် မြင့်မားလှပေသည်။

​ကျီပြောင်ပြောင်က ပြောလိုက်သည် “ဒီနေရာမှာ ငါတို့ ပြောတာကို သူတို့ မကြားနိုင်ဘူး။ ရှင်က တိမ်တိုက်အောက်က မိစ္ဆာသခင် မဟုတ်ဘူး။ ကျွန်မ သူ့ကို မြင်ဖူးသလို တိုက်လည်း တိုက်ခိုက်ဖူးတယ်။ ရှင်က အရမ်း ငယ်ရွယ်ပုံရတယ်။ ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ။ ရှင်က ဘယ်သူလဲ”

​သူမ၏ အသံမှာ အလွန် တိုးညှင်းပြီး သူတို့နှစ်ဦးသာ ကြားနိုင်၏။ တုပိုင်သည် ချက်ချင်းပင် ဗျာများသွားတော့သည်။ သူ၏အကြောင်းကို အမှန်အတိုင်း ပြောပြသင့်ပါသလော။ အဓိကအချက်မှာ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်နေခြင်းပင် ဖြစ်၏။ ထို့အပြင် အရှေ့ဘက်ကွပ်ကဲရေးရုံးမှ တပ်မှူးငယ် တုပိုင်က ကျီပြောင်ပြောင်ကို လာရောက်တင်တောင်းခြင်းသည် ရှင်းလင်းသော ရည်ရွယ်ချက်ဆိုး ရှိနေသည်မှာ ထင်ရှားလှပေသည်။

​ကျီပြောင်ပြောင်က တစ်လုံးချင်း ပြောလိုက်သည် “ကျွန်မ အမှန်တရားကိုပဲ လိုချင်တယ်။ ပြီးတော့ ရှင့်ဆီက စကားတစ်ခွန်းပဲ လိုချင်တယ်”

​သူမ၏ လှပသော မျက်ဝန်းများက တုပိုင်၏ မျက်လုံးများကို စိုက်ကြည့်နေပြီး ပြတ်သားသော ဆုံးဖြတ်ချက်များ ပြည့်နှက်နေ၏။ တုပိုင်သည် အံကြိတ်ပြီး တိုးတိုးလေး ပြောလိုက်သည် “ကျွန်တော်က ပိုင်ဆယ်စီရင်စုရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး ယာယီတပ်မှူးငယ် တုပိုင်ပါ”

​ဤစကားကို ပြောရန်အတွက် တုပိုင်သည် သတ္တိအမြောက်အမြား မွေးခဲ့ရသည်။ သူသည် မိန်းမစိုးတစ်ယောက် ဖြစ်နေပါလျက်နှင့် သူများသမီးကို လာရောက်၍ လက်ထပ်ခွင့် တောင်းရဲသည် မဟုတ်ပါလော။ သို့သော် ဤအချိန်၌ပင် အတွင်းခန်းတံခါး ပွင့်သွားပြီး အမျိုးသမီးတစ်ဦး ထွက်လာကာ တုပိုင်ကို အလွန်အမင်း အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ တုပိုင်၏ ဦးရေပြားများ ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရသည်။ သူ၏ခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရခြင်း ဖြစ်၏။

​မမကြီး သွေးကွမ်ရင် ၊ သူမသည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေရသနည်း။

**--**--**--**--**--**--**--**

လွန်ခဲ့သော စက္ကန့်သုံးဆယ်သို့ ပြန်သွားရလျှင်။

​ကျီပြောင်ပြောင်က မေးလိုက်သည် “ဒီနေရာမှာ ကျွန်မတို့ ပြောတာကို သူတို့ မကြားနိုင်ဘူး။ ရှင်က တိမ်တိုက်အောက်က မိစ္ဆာသခင် မဟုတ်ဘူး။ ကျွန်မ သူ့ကို မြင်ဖူးသလို တိုက်လည်း တိုက်ခိုက်ဖူးတယ်။ ရှင်က အရမ်း ငယ်ရွယ်ပုံရတယ်။ ကျွန်မကို အမှန်အတိုင်း ပြောစမ်းပါ။ ရှင်က ဘယ်သူလဲ”

​ရုတ်တရက် တုပိုင်၏ စိတ်ထဲတွင် စနစ်၏ သတိပေးသံများ ပြည့်နှက်သွား၏။

အိမ်မက်စနစ်က ပြောလိုက်သည် “စနစ်ရှင် ၊ သင့်ရဲ့ အမည်မှန်ကို လုံးဝ ထုတ်ဖော်လို့ မရပါဘူး ၊ လုံးဝ မရပါဘူး”

​တုပိုင် သတိရှိနေစဉ်အတွင်း ဤအိမ်မက်စနစ်က စကားပြောလာခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ ဤသို့ ပြုလုပ်ခြင်းသည် စွမ်းအင် အမြောက်အမြား ကုန်ဆုံးစေမည်မှာ သေချာသော်လည်း အိပ်မက်စနစ်က တုံ့ဆိုင်းခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်၏။

​တုပိုင်၏ စိတ်အသိက ပြန်ပြောလိုက်သည် “ဒါဆို လှည့်စားရာ မရောက်ဘူးလား။ ကျွန်တော်နဲ့ သူမရဲ့ အနာဂတ် ဆက်ဆံရေးကကော ဘယ်လို ဖြစ်သွားမလဲ”

အိမ်မက်စနစ် ပြောလိုက်သည် “အရမ်း ရင်းနှီးသွားမှာပါ”

​တုပိုင်က ပြန်ပြောလိုက်သည် “ဒါဆိုရင် လှည့်စားမှုတစ်မျိုး မဖြစ်ဘူးလား။ ကိုယ်နဲ့ အရင်းနှီးဆုံးလူကို လှည့်စားရမှာလား”

အိမ်မက်စနစ်က ပြောလိုက်သည် “ဒါဆို ဘာဖြစ်လဲ။ သင် ရယူချင်တာက အမြင့်ဆုံးမစ်ရှင်လေ။ အရေးကြီးတဲ့ အချိန်ရောက်ရင် ဘယ်သူ့ကိုမဆို စွန့်လွှတ်လို့ ရတယ်။ မိန်းမတစ်ယောက်လောက်ကတော့ ပြောစရာတောင် မလိုဘူး။ လူတိုင်းက သင့်ရဲ့ ကိရိယာတွေ သက်သက်ပါပဲ”

​တုပိုင်က မေးလိုက်သည် “ခင်ဗျားပြောတဲ့ ဘယ်သူမဆို ဆိုတဲ့အထဲမှာ မွေးစားအဖေကော ပါသလား”

စနစ်ကက ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည် “လိုအပ်လာရင် ဘယ်သူ့ကိုမဆို စွန့်လွှတ်ရမှာပဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ မစ်ရှင်က မကြုံစဖူး ကြီးမြတ်ပြီး ၊ မကြုံစဖူး အရေးကြီးလို့ပဲ”

​ထိုအချိန်တွင် ကျီပြောင်ပြောင်သည် တုပိုင်ကို သူမ၏ လှပသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး လုံးဝ ရိုးသားစွာဖြင့် ပြောလိုက်သည် “ကျွန်မ အမှန်တရားကိုပဲ နားထောင်မယ်။ ပြီးတော့ ရှင့်ဆီက စကားတစ်ခွန်းပဲ နားထောင်မယ်”

​စနစ်က ထပ်မံ သတိပေးလိုက်သည် “သင့်ရဲ့ အမည်မှန်ကို လုံးဝ ၊ လုံးဝ ထုတ်ဖော်လို့ မရပါဘူး”

​တုပိုင်သည် အံကြိတ်ပြီး တိုးတိုးလေး ပြောလိုက်သည် “ကျွန်တော်က ပိုင်ဆယ်စီရင်စုရဲ့ အရှေ့ဘက်ကွပ်ကဲရေးရုံး ယာယီတပ်မှူးငယ်တုပိုင်ပါ”

​ချက်ချင်းပင် တုပိုင်၏ စိတ်ထဲမှ အိပ်မက်စနစ်၏ ပုံရိပ်က စူးစူးဝါးဝါး အော်ဟစ်လိုက်သည် “စနစ်ရှင်က စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ပြီ။ စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်ပြီ။ နောက်ဆက်တွဲဆိုးကျိုးတွေကို ခန့်မှန်းလို့ မရနိုင်တော့ဘူး”

​ထိုအချိန်၌ပင် အတွင်းခန်းတံခါး ပွင့်သွားပြီး အမျိုးသမီးတစ်ဦး ထွက်လာကာ တုပိုင်ကို အလွန်အမင်း အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်၏။ သူမသည် တုပိုင်ကို သူမ၏ အသက်နှင့်ရင်းပြီး ချစ်မြတ်နိုးခဲ့သော သွေးကွမ်ရင်ပင် ဖြစ်သည်။

သူမသည် တုပိုင်ကို မြင်မြင်ချင်းပင် မှတ်မိလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူသည် သူမ အချစ်ဆုံး အမျိုးသားတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သူမ၏ အကြည့်များတွင် အံ့သြခြင်းများ ဦးစွာ ဖြစ်ပေါ်လာပြီးနောက် သည်းမခံနိုင်လောက်အောင် ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်သွားသည်။

​မမကွမ်ရင်သည် အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိနေပါသနည်း ဆိုသည်ကို တုပိုင် စဉ်းစား၍ပင် မရတော့ပေ။ သို့သော် ကျီပြောင်ပြောင်သည် တုပိုင်၏ မျက်နှာအမူအရာကိုသာ စိုက်ကြည့်နေသဖြင့် ဤအသေးစိတ်အချက်ကို သတိမထားမိလိုက်ပေ။

​တုပိုင်ဟူသော အမည်ကို ကြားပြီးနောက် ကျီပြောင်ပြောင်သည် အနည်းငယ် တုန်လှုပ်သွားပြီး ပြောလိုက်သည် “ရှင်က ကုန်းကုန်းခွေးတစ်ကောင်လား”

​တုပိုင်က ခေါင်းညိတ်ပြီး ပြောလိုက်သည် “ဟုတ်ပါတယ်”

​ကျီပြောင်ပြောင်က မေးလိုက်သည် “ဒါဆို ဘာလို့ လာပြီး လက်ထပ်ခွင့် တောင်းတာလဲ။ ရှင် ကျွန်မကို ချစ်လို့လား”

​သူ၏ စိတ်ထဲမှ စနစ်က ပြောလိုက်သည် “သူ့ကို လုံးဝ လေးစားအားကျလို့ပါလို့ ပြောလိုက်ပါ။ သင့်ရဲ့ ရည်ရွယ်ချက်အမှန်ကို လုံးဝ ၊ လုံးဝ မပြောပါနဲ့”

​ထိုအချိန်တွင် သွေးကွမ်ရင်သည်လည်း သူမ၏ လှပသော မျက်လုံးကြီးများဖြင့် တုပိုင်ကို စိုက်ကြည့်နေပြီး သူ၏ အဖြေကို စောင့်မျှော်နေ၏။ အကယ်၍ တုပိုင်က ကျီပြောင်ပြောင်ကို ချစ်သည်ဟု ဖြေလိုက်ပါက သူမသည် အလွန်အမင်း ဝမ်းနည်းကြေကွဲပြီး စိတ်ပျက်မိပေလိမ့်မည်။

တုပိုင် အခြားအမျိုးသမီးများကို လက်ထပ်ခြင်းကို သူမ ခွင့်လွှတ်နိုင်သော်လည်း နှလုံးသားရေးရာနှင့် ပတ်သက်ပြီး လိမ်ညာပြောဆိုခြင်းကိုမူ သူမ သည်းမခံနိုင်ပေ။

အထူးသဖြင့် သူမ၏ ရှေ့မှောက်တွင် အခြားအမျိုးသမီးတစ်ယောက်ကို ချစ်ပါသည်ဟု ပြောခြင်းကိုပင် ဖြစ်၏။ တုပိုင်အနေဖြင့် ဤမျှတိုတောင်းသော အချိန်အတွင်း ကျီပြောင်ပြောင်အပေါ် ချစ်မိသွားရန် မဖြစ်နိုင်ပေ။ ကျီပြောင်ပြောင်က မည်မျှပင် ထူးချွန်နေပါစေ။

​ကျီပြောင်ပြောင်၏ လှပသော မျက်လုံးကြီးများသည်လည်း တုပိုင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေ၏။ သူ၏ မျက်နှာပေါ်မှ အမူအရာ တစ်ခုတစ်လေကိုမျှ လွတ်သွားမခံလိုသည့်အလားပင် ဖြစ်သည်။ တုပိုင်သည် လိမ်ညာမှုပေါင်းများစွာ ပြုလုပ်ခဲ့ဖူး၏။ သူ လိမ်ညာလိုက်တိုင်း အလွန် မှန်ကန်ကြောင်း ၊ အပြစ်အနာအဆာကင်းကြောင်း သက်သေပြနိုင်ခဲ့သည်။

​သို့သော် အမျိုးသမီးများတွင် အလိုလိုသိစိတ်ဟူသည် ရှိကြ၏။ ယုံကြည်လောက်စရာ အကောင်းဆုံး လိမ်ညာမှုများကိုပင် သူတို့ ထောက်လှမ်းသိရှိနိုင်သည်။ လိမ်ညာမှုများက အမျိုးသမီးများကို လှည့်စားနိုင်ခြင်းမှာ သူတို့ကိုယ်တိုင်က အလိမ်ခံချင်စိတ် ရှိနေသောကြောင့်သာ ဖြစ်၏။

အိမ်မက်စနစ်က ပြောလိုက်သည် “ကျီပြောင်ပြောင်က ကတိတည်တဲ့သူပါ။ မြင့်မြတ်ခြင်းဆိုတာ မြင့်မြတ်တဲ့သူတွေရဲ့ မှတ်ကျောက်ပဲ။ ဒါကြောင့် သင့်ရဲ့ ရည်ရွယ်ချက်အမှန်ကို လုံးဝ မပြောပါနဲ့။ သူက သင့်ရဲ့ လိမ်ညာမှုကို ရိပ်မိရင်တောင် ကိစ္စမရှိပါဘူး။ သူ့ရဲ့ တန်ဖိုးက သင့်အတွက် အပြာရောင်နဂါးဂိုဏ်းရဲ့ အင်အားကို ငှားရမ်းဖို့နဲ့ သွေးကြောခြောက်သွယ် နတ်ဓားသိုင်း လျှို့ဝှက်ကျမ်းကို ရယူဖို့ သက်သက်ပါပဲ”

​တုပိုင်၏ စိတ်အသိက ပြန်ပြောလိုက်သည် “ခင်ဗျားက တကယ့်အသက်ရှင်နေတဲ့အရာ မဟုတ်ဘူး။ ခင်ဗျားက အကျိုးအကြောင်း အဆီလျော်ဆုံး တွေးခေါ်နိုင်ပေမဲ့ ခံစားချက်တွေကို နားမလည်နိုင်ဘူး”

​ထို့နောက် သူက ကျီပြောင်ပြောင်ကို ပြောလိုက်သည် “အရှေ့ဘက်ကွပ်ကဲရေးရုံး ပိုင်ဆယ်စီရင်စုမှာ ခြေကုပ်ယူနိုင်ဖို့နဲ့ တာ့နင်အင်ပါယာရဲ့ အကျိုးစီးပွားအတွက် ကျွန်တော် ခင်ဗျားကို လက်ထပ်ခွင့် တောင်းရတာပါ”

​ဤစကားကို ပြောလိုက်သည်နှင့် တုပိုင်၏ စိတ်ထဲရှိ အိပ်မက်စနစ်၏ အလင်းရောင်မှိန်မှိန် ပုံရိပ်မှာ လုံးဝ တိတ်ဆိတ်သွားတော့၏။ သို့သော် မမကြီး သွေးကွမ်ရင်က တုပိုင်၏ စကားကို ကြားလိုက်သောအခါ သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး သူမတစ်ကိုယ်လုံး အသက်ဝင်လာသကဲ့သို့ ဖြစ်သွားကာ သူမ၏ မျက်ဝန်းများတွင် ထိန်းချုပ်မရနိုင်သော ချစ်ခြင်းမေတ္တာများ ပြည့်နှက်သွားလေတော့၏။ တုပိုင်က သူမကို စိတ်ပျက်အောင် မလုပ်ခဲ့ပေ။ ဤသည်မှာ သူမ ချစ်မြတ်နိုးရသော အမျိုးသား ၊ သူမ လေးစားအားကိုးရသော အမျိုးသားပင် ဖြစ်သည်။

​ကျီပြောင်ပြောင်သည် ဤစကားကို ကြားသောအခါ သူမ၏ မျက်လုံးများလည်း ရုတ်တရက် တောက်ပလာပြီး အလွန် သဘောကျသွား၏။ ကျီပြောင်ပြောင်က ပြောလိုက်သည် “ဒါဆိုရင် ကျွန်မကို ရှင် ကယ်ခဲ့တာပေါ့”

​တုပိုင်က ပြောလိုက်သည် “အဲဒါက မတော်တဆ ဖြစ်သွားတာပါ ၊ ဒါပေမဲ့ ဖြစ်ကို ဖြစ်လာရမယ့် ကိစ္စတစ်ခုပါပဲ။ ကျွန်တော်က မတရားတာ တွေ့ရင် ဓားထုတ်ပြီး ကူညီတတ်ပါတယ်။ နောက်တစ်ကြိမ် ကြုံလာရင်လည်း ဒီအတိုင်းပဲ ရွေးချယ်မိဦးမှာပါ”

​ကျီပြောင်ပြောင်က တုပိုင်ကို ခဏမျှ ကြည့်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်မ နားလည်ပါပြီ။ ဒီအမှန်တရားတွေကို ကျွန်မကို ပြောပြလိုက်တဲ့အတွက် နောက်ဆက်တွဲဆိုးကျိုးက အရမ်း ပြင်းထန်မလား”

​တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည် “အရမ်း ပြင်းထန်ပါတယ်”

​ပြင်းထန်ရုံမျှမကပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အိပ်မက်စနစ်၏ အမိန့်ကို ဖီဆန်ခဲ့သောကြောင့် ဖြစ်၏။ ဤနေ့ ရောက်လာလိမ့်မည်ဆိုသည်ကို သူ ကြိုတင်သိရှိနေခဲ့သော်လည်း ဤမျှ မြန်မြန်ဆန်ဆန်နှင့် ရုတ်တရက်ကြီး ရောက်လာလိမ့်မည်ဟုမူ သူ ထင်မထားခဲ့ပေ။

​ကျီပြောင်ပြောင်က သွေးကွမ်ရင်ကို ဆွဲခေါ်လိုက်ပြီး ပြောလိုက်သည် “ဒါက ကျွန်မရဲ့ သူငယ်ချင်းကောင်း သွေးကွမ်ရင်ပါ။ သွေးနဂါးဂိုဏ်းရဲ့ ခေါင်းဆောင်ပေါ့။ သူမ ဘာလို့ ဒီမှာ ရောက်နေလဲဆိုတာ ရှင် သိလား”

​တုပိုင်သည်လည်း အလွန် သိရှိလိုနေ၏။ မမကြီး သွေးကွမ်ရင်သည် အဘယ်ကိစ္စကြောင့် ဤနေရာသို့ ရောက်ရှိနေပါသနည်း။

​ကျီပြောင်ပြောင်က ဆက်လက်ပြောဆိုသည် “အန်နမ်နိုင်ငံဘက်မှာ အဆုံးအဖြတ် တိုက်ပွဲက စတင်နေပြီလေ။ တာ့နင်အင်ပါယာရဲ့ စစ်သည်တွေ နေ့တိုင်း မရေမတွက်နိုင်အောင် သေဆုံးနေကြရတယ်။ ဆေးဝါးရိက္ခာတွေလည်း အရမ်း ပြတ်လပ်နေတယ်။ သွေးကွမ်ရင်က ဆေးဝါးရိက္ခာတွေ ဝယ်ယူရာမှာ ကူညီပေးဖို့အတွက် ပိုင်ဆယ်မြို့ကို တိတ်တဆိတ် လာခဲ့တာပါ။ ရှင်လည်း သိတဲ့အတိုင်းပဲ အနောက်တောင်ပိုင်း စော်ဘွားမဟာမိတ်အဖွဲ့ရဲ့ အဓိက ထုတ်ကုန်တွေထဲက တစ်ခုက ဆေးဝါးလေ။ ဒါပေမဲ့ လီမိသားစုက တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားပြီး တာ့နင်အင်ပါယာ စစ်တပ်ကို ရောင်းချခွင့် မပေးဘူး။ ကျွန်မတို့ အပြာရောင်နဂါးဂိုဏ်းကတော့ အမြောက်အမြား ဝယ်ယူလို့ ရတယ်။ ဒါပေမဲ့ ကျွန်မအဖေက တာ့နင်အင်ပါယာကို ကူညီဖို့ တားမြစ်ထားတဲ့အတွက် သွေးကွမ်ရင်က အခေါက်တိုင်း တိတ်တဆိတ် လာနေရတာ”

​အပိုင်း ၃၁၆ ပြီး။

All Chapters