← Chapters

စိတ်ကို ထိုးထွင်းကြည့်ရှုခြင်း

Vol. 173 Ch. 2468

စိတ်ကို ထိုးထွင်းကြည့်ရှုခြင်း

Vol. 173 Ch. 2468

ရီဖူရှင်း၏ အမူအရာက အေးစက်သွားခဲ့သည်။ တစ်ဖက်လူက သူ့အား မေးခွန်းမေးလိုက်သည့်အခါ အဖြေများက သူ့စိတ်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။ သူသည် သူ၏ အတွေးများက ဖတ်ရှုဖော်ထုတ်ခံလိုက်ရမည်ဟု မည်သည့်အခါကမှ ထင်မှတ်ထားခဲ့ခြင်း မရှိပါချေ။

ဗုဒ္ဓစိတ်နယ်လွန်ဆက်သွယ်မှုက အခြားလူများ၏ စိတ်ထဲသို့ ဖောက်ထွင်းမြင်နိုင်ပေသည်။ သူ့ရှေ့မှ ဘုန်းကြီးက သူ မဟာအင်ပါယာ မည်မျှများများ၏ အမွေအနှစ်များကို ပိုင်ဆိုင်ထားကြောင်း သိချင်သည့်အတွက် တမင်သက်သက် မေးခွန်းမေး၍ သူ့ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

သို့သော် ကောင်းကင်ဒေသ၌ လျှို့ဝှက်ချက်ဟူ၍ မရှိပေ။ ကျင့်ကြံသူများစွာက ထိုအကြောင်းကို သိရှိကြပြီး ဖြစ်သည်။ သူတို့သည် သူက အင်ပါယာရီချင်ထဲမှ အမွေအနှစ်ကိုလည်း ဆက်ခံခဲ့ရကြောင်း သိရှိကြသည်။ ရီဖူရှင်းက ထိုအကြောင်းကို အများကြီး မတွေးမိခဲ့ပေ။ တစ်ဖက်လူ၏ စွမ်းရည်ကို သိရှိပြီးနောက် သူက ချက်ချင်းပင် အတွေးများကို ထိန်းချုပ်လိုက်သည်။ သူသည် တစ်ဖက်လူကို စူးစိုက်ကြည့်ရုံမျှ ကြည့်ကာ ပြောလိုက်သည်။ “ဆရာတော်က ထင်ရှားကျော်ကြားတဲ့ ဘုန်းကြီးတစ်ပါးပဲ။ တခြားလူရဲ့ စိတ်ထဲကို ဖောက်ထွင်းကြည့်မယ့် စက်ဆုပ်စရာတစ်ခုခုကို လုပ်လိမ့်မယ်လို့ ထင်မထားမိဘူး။”

သူ့အသံက တည်ငြိမ်သော်လည်း ယခင်ကကဲ့သို့ ယဥ်ကျေးမနေတော့ပေ။ သူတို့၏ အတွေးများကို ဖောက်ထွင်းကြည့်ခံရပြီးနောက် မည်သူကမှ သက်သောင့်သက်သာ ရှိလိမ့်တော့မည် မဟုတ်ပေ။

“ကျုပ်က သိချင်ရုံပါပဲ။ ဒါကြောင့် စိတ်နယ်လွန်ဆက်သွယ်မှုကို သုံးပြီး တစ်ချက်ကြည့်လိုက်ရုံပါ။ ဒကာလေးရီ ဒါကို အရေးစိုက်စရာ မလိုပါဘူး။” ထိုချောမောသည့်ရဟန်းက လက်အုပ်ချီဟန်ပြုကာ ပြုံးရင်း ပြောလိုက်သည်။ “ကျုပ် ဘာမြင်ခဲ့လဲဆိုတာ ဘယ်သူ့ကိုမှ မပြောပါဘူး။ ဒကာလေးရီ မစိုးရိမ်ပါနဲ့။”

ရီဖူရှင်း၏ အကြည့်များက အေးစက်ကာ လျစ်လျူရှုဟန်ရှိသည်။ အခြားသူ၏ စိတ်ထဲသို့ ဖောက်ထွင်းမြင်နိုင်သည့် ကျင့်ကြံသူမျိုးနှင့် ကြုံတွေ့ရသောအခါ သူတို့၏ အတွေးများကို တစ်ချိန်လုံး ထိန်းချုပ်ထားရပေလိမ့်မည်။ ဤခံစားချက်က အလွန် စိတ်မသက်မသာ ဖြစ်စေသည်။ ထိုသို့သော လူများနှင့် ဆက်ဆံရသည့်အခါ အတော်လေး သတိထားရပေလိမ့်မည်။

“သူတော်စင်ကျန်းချန် အဆင်ပြေမပြေ သိချင်မိတယ်။” ထိုဘုန်းကြီးက ဆက်ပြောလိုက်သည်။ သူက သိချင်နေဆဲ ဖြစ်၏။

ဤတစ်ကြိမ်၌ ရီဖူရှင်းက အဖြေကို မတွေးမိအောင် သူ့ကိုယ်သူ ထိန်းချုပ်ခဲ့သည်။ သူက တစ်ဖက်လူကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ သူက ဤလှည့်ကွက်တွင် တစ်ကြိမ်ကျရှုံးသွားခဲ့ပြီး ဖြစ်သည်။ သူက တစ်ဖက်လူဖြစ်စေချင်သည့်အတိုင်း အတွေးများကို တစ်ဖန် ထွင်းဖောက်မြင်ရအောင် လုပ်လိမ့်မည် မဟုတ်ပေ။

ယခုတွင် သူ့ စိတ်ထဲ၌ ထိုဘုန်းကြီးနှင့် မည်သို့ ရင်ဆိုင်ရမည်နည်းသူသော အတွေးတစ်ခုသာ ရှိပေသည်။ ထိုအတွေးများကို ဖတ်ပြီးသည့်အခါ ဘုန်းကြီးက လက်အုပ်ချီဟန်ပြုကာ ပြုံး၍ ပြောလိုက်သည်။ “ကျုပ်က ထုံချန်းဗုဒ္ဓအရှင်ရဲ့ တပည့်တစ်ယောက် ဖြစ်တယ်။ ဒကာလေးရီ မင်း ကျုပ်နဲ့ပတ်သတ်ပြီး မကျေနပ်တာကို နားလည်နိုင်ပါတယ်။ ဒါပေမယ့် အနောက်ဘက်ကောင်းကင်မှာတော့ မင်းရဲ့ တွေးပုံတွေးနည်းက အဓိပ္ပါယ်မရှိဘူး။”

ဤဘုန်းကြီးက အမှန်တကယ်ပင် ထုံချန်းရဟန်း ဖြစ်သည်။ သူ၏ အဆင့်အတန်းက အလွန် မြင့်မားပြီး ထျန်းယင်ရဟန်းနှင့် ယှဥ်နိုင်စွမ်းရှိပေသည်။ မဟုတ်လျှင် သူက ရီဖူရှင်း စိတ်ထဲမှ လျှို့ဝှက်ချက်များကို ဖောက်ထွင်းမြင်နိုင်ရန် ကြိုးစားလိမ့်မည် မဟုတ်ပေ။ ယခုတွင် ဗုဒ္ဓကျင့်ကြံခြင်း အဓိကအင်အားစုများမှ လူများစွာလည်း ရောက်ရှိနေပေသည်။

ရီဖူရှင်းသည် တစ်ဖက်လူက အမှန်ပြောနေကြောင်း သိရှိပေသည်။ အနောက်ဘက်မြင့်မြတ်နယ်မြေတစ်ခုတည်းသာမက မည်သည့်နေရာ၌ဖြစ်စေ ထုံချန်းရဟန်းကို တစ်ခုခု လုပ်ရန်မှာ ရီဖူရှင်းအတွက် မဖြစ်နိုင်လုနီးပါး ဖြစ်သည်။

ရီဖူရှင်းက သူ၏ အကြည့်များကို ရွှေ့ကာ သူတို့ဝန်းကျင်မှ အခြားကျင့်ကြံသူများကို ကြည့်လိုက်သည်။ အများစုက မကောင်းသော ရည်ရွယ်ချက်တို့ဖြင့် ရောက်လာခြင်း ဖြစ်သည်။ အထူးသဖြင့် ကျူးဟိုနှင့် ဂိုဏ်းတူသော သူ့ရှေ့မှ ကျင့်ကြံသူများ ဖြစ်ပေသည်။ သူတို့က ရှန်းယန်ဗုဒ္ဓအရှင် လက်အောက်၌ ကျင့်ကြံခဲ့ကြသည်။

ရှန်းယန်ဗုဒ္ဓအရှင်က ဗုဒ္ဓအယူဝါဒနှင့် စွမ်းရည်များတွင် ကျွမ်းကျင်ခဲ့သည်။ သူက လေဟာနယ်တစ်ခွင်လုံးကို စူးစမ်းလေ့လာနိုင်စွမ်းရှိပြီး ဗုဒ္ဓကျင့်ကြံသူလောက၏ ဗုဒ္ဓအရှင်များထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ဂိုဏ်းက အစွမ်းထက်ဆုံး အင်အားစုများထဲက တစ်ခုဖြစ်ပြီး သူ့လက်အောက်မှ ကျင့်ကြံသူများသည်လည်း ထူးချွန်လှသည်။ ကျူးဟိုက သူ့လက်အောက်ရှိ ထူးချွန်သော ကျင့်ကြံသူများထဲမှ တစ်ယောက်မျှသာ ဖြစ်သော်လည်း မဟာဗြဟ္မာ့ကောင်းကင်အတွင်း မြင့်မားသော အဆင့်အတန်း ရှိသည်။ သို့သော် သူက ကျားနန်မြို့အတွင်း ရီဖူရှင်း၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လူအုပ်ကြီးက ရီဖူရှင်းတို့အဖွဲ့အား စိုက်ကြည့်လိုက်သည်။ သူတို့၏ အကြည့်များက ဗုဒ္ဓရွှေရောင်အလင်းတို့ဖြင့် တောက်ပနေခဲ့ပြီး ထူးခြားဆန်းကြယ်သည့် ခံစားချက်ကို ပေးစွမ်းပေသည်။ သူတို့က ရီဖူရှင်းတို့အဖွဲ့ကို ရိုင်းစိုင်းစွာ စိုက်ကြည့်နေခဲ့သည်။ ယခင်က ကျူးဟိုကဲ့သို့ပင် သူတို့သည်လည်း မည်သည့်စောင့်ထိန်းမှုမှ မထားဘဲ ရီဖူရှင်းတို့အား စစ်ဆေးကြည့်ရှုနေခဲ့သည်။

“နတ်ဘုရားနည်းစနစ်။ အလင်းလမ်းစဥ်...” သူတို့က ဖန်းချွင့်နှင့် ချန်ယိကို ကြည့်ရင်း ရေရွတ်လိုက်သည်။ သူတို့၏ အကြည့်များက ဟွာချင်းချင်းထံ ရောက်ရှိလာသောအခါ ထူးဆန်းသည့် အကြည့်တို့ ဖြစ်ပေါ်လာကာ ပြောလိုက်သည်။ “မင်းက ဗုဒ္ဓကျင့်ကြံသူတစ်ယောက်ပဲ။ ဘာလို့ ဒီလူရဲ့ ဘေးမှာ ရှိနေရတာလဲ။”

ဟွာချင်းချင်းက ထိုစကားပြောလာသူကို ကြည့်ကာ ပြောလိုက်၏။ “ဗုဒ္ဓဝါဒရဲ့ ဝိညာဥ်ကို ကျင့်ကြံခြင်းမှာ မဟုတ်ဘဲ နှလုံးသားထဲမှာပဲ ရှာတွေ့နိုင်တယ်။”

သူတို့က ဟွာချင်းချင်း၏ စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်ကြသည်။ ရီဖူရှင်းကလည်း ပြောလိုက်၏။ “ကျုပ်တို့ ကျားနန်မြို့မှာ ကျူးဟိုကို တွေ့ခဲ့တုန်းက သူက ကျုပ်တို့အပေါ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူခဲ့တယ်။ သူက ကျုပ်ရဲ့ တပည့်နဲ့ တွေ့ခဲ့တဲ့ အချိန်မှာ ချက်ချင်းပဲ ကျုပ်တပည့်ရဲ့ ကျင့်ကြံခြင်းကို ထွင်းဖောက်စစ်ဆေးဖို့ ကြိုးစားခဲ့တယ်။ သူက ပိုပြီး အားကောင်းတာမို့ သူ့ထက် အားနည်းတဲ့ ကျုပ်တပည့်ကို တိုက်ရိုက်ထိန်းချုပ်ပြီး အနိုင်ကျင့်ချင်နေတယ်။ ဒါကြောင့် အချိန်မီပြေးသွားပြီး သူ့ကို သတ်ခဲ့ရတာ။ အစတုန်းကတော့ ကျုပ် တွေးခဲ့တာ သူက ဗုဒ္ဓဂိုဏ်းတွေထဲမှာ သာလွန်ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ပေါ့။ ဒါပေမယ့် သူ့လိုလူမျိုးတွေ အများကြီး ရှိလိမ့်မယ်လို့ လုံးဝ မထင်မိဘူး။ ကြည့်ရတာ ခင်ဗျားတို့အားလုံးကို ကျုပ် အမြင့်ကြီးတွေးထားမိတာပဲ။”

“ဟမ့်” အေးစက်သည့် နှာမှုတ်သံတစ်ခုကို ကြားလိုက်ရသည်။

လူတစ်ယောက်က အေးစက်သော အသံနှင့် ပြောလိုက်သည်။ “ကျုပ်တို့ရဲ့ တပည့်တစ်ယောက်က သူ့ သစ္စာဆိုမှုကို ချိုးဖောက်ခဲ့ရင် ဂိုဏ်းစည်းမျဥ်းနဲ့အညီ အပြစ်ပေးခံရမယ်။ မင်းမှာ ကျုပ်တို့ ဂိုဏ်းရဲ့ တပည့်ကို သတ်ဖို့ ဘာအခွင့်အရေးများ ရှိလို့လဲ။”

“ဘယ်လောက်ကြီး​မြတ်လိုက်တဲ့ ဗုဒ္ဓဂိုဏ်းလဲ။” ချန်ယိက သရော်လိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။ “ခင်ဗျား ပြောတာကို အခြေခံရရင် ခင်ဗျားတို့ ဂိုဏ်းရဲ့ တပည့်က ကျုပ်တို့ကို သတ်ဖို့ကြိုးစားရင်တောင်မှ သည်းခံရုံပဲ တတ်နိုင်မယ်။ ကျုပ်တို့က ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့တောင် မလုပ်ရဘဲ ခင်ဗျားတို့ ဂိုဏ်းက လာဖြေရှင်းပေးမှာကို စောင့်ရမှာပေါ့။ ဒါပေမယ့် ဘာလို့ ပြဿနာတွေကို ခင်ဗျားတို့ ကိုင်တွယ်ဖြေရှင်းပေးဖို့ စောင့်ရမှာလဲ။ ဘယ်လိုရယ်စရာလဲ။”

ချန်ယိပြောသည်ကို ကြားပြီးနောက်၌ပင် တစ်ဖက်လူက မတုန်လှုပ်ခဲ့ပေ။ သူတို့က ဆက်လက်၍ အေးစက်စွာ ပြောလိုက်သည်။ “မင်းတို့အားလုံး ကျူးဟိုကို သတ်ပြီးတော့ တစ်ဖက်ကလန်က လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ပြီး အပြစ်မဲ့လူတွေကို ပါဝင်ပတ်သတ်စေခဲ့တယ်။ ဒီလောက်ရက်စက်ပြီး သွေးဆာတဲ့ လူတွေက ဘယ်လိုတောင် ဗုဒ္ဓဂိုဏ်းအကြောင်း ပြောရဲရတာလဲ။”

“အခု ဗုဒ္ဓပွဲတော်သာ မဟုတ်ခဲ့ရင် ကျုပ်တို့က မင်းတို့ရဲ့ စိတ်ဝိညာဥ်ကို သန့်စင်ပစ်ရလိမ့်မယ်။” နောက်ထပ် ဘုန်းကြီးတစ်ပါးက ရေခဲကဲ့သို့ အေးစက်သော အသံနှင့် ပြောလိုက်သည်။ သူ့ဝတ်ရုံက လေမတိုက်ဘဲ တဖျတ်ဖျတ် လွင့်နေခဲ့ပုံရလေသည်။ သူ့မျက်လုံးများမှ ထိုးထွက်လာသည့် အလင်းတို့က အလွန် မျက်စိကျိန်းဖွယ် ကောင်းလှသည်။

ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ကာ ပြောလိုက်၏။ “ဒီတစ်ကြိမ် ကျုပ် အနောက်ဘက်မြင့်မြတ်နယ်မြေကို လာခဲ့တာ တကယ်ပဲ အမြင်ကျယ်ရပါတယ်။ အရင်တုန်းက ကျုပ် မှော်နက်လောကရဲ့ ကျင့်ကြံသူတွေနဲ့ ဆုံတွေ့ခဲ့ဖူးတယ်။ သူတို့က ရက်စက်ပြီး အညှာအတာကင်းမဲ့စွာ ပြုမူပေမယ့် အနည်းဆုံး သူတို့က ဗုဒ္ဓကို ဆင်ခြေအဖြစ်သုံးပြီး သနားကြင်နာတတ်ချင်ယောင်မဆောင်ထားဘူး။ ကျုပ် အမြင်အရဆို ခင်ဗျားတို့အားလုံးက ဗုဒ္ဓစွမ်းရည်ကို ကျင့်ကြံပေမယ့် တခြားလူတွေကို ထိခိုက်စေခဲ့တယ်။ ခင်ဗျားတို့က မှော်နက်လောကရဲ့ ကျင့်ကြံသူတွေထက်တောင် ပိုဆိုးသေးတယ်။”

ရီဖူရှင်းက အခြားလူများကို အမြဲ ယဥ်ကျေးစွာ ဆက်ဆံတတ်သော်လည်း ထိုလူများက မည်သည့် ယဥ်ကျေးမှုမှ မရှိဘဲ ရီဖူရှင်းတို့ အဖွဲ့၏ စိတ်ဝိညာဥ်များကို သန့်စင်ပစ်မည်ဟု ပြောခဲ့သည်။ ထိုသို့ဖြစ်ပါက သူသည်လည်း နောက်ဆုတ်ရန် မလိုအပ်ပေ။ သူ ပြောလိုက်သည့်စကားများ၌ တစ်ဖက်လူများအပေါ် မည်သည့် မျက်နှာသာပေးမှုမှ မရှိချေ။

ထင်ထားသလိုပင် သူစကားပြောပြီးသွားသည်နှင့် ဗုဒ္ဓ၏ ရွှေရောင်အလင်းတန်းတို့က လေဟာနယ်တစ်ခွင်လုံးကို လွှမ်းခြုံလာခဲ့သည်။  ရီဖူရှင်းက ထိုဗုဒ္ဓအရှိန်အဝါများအလယ်မှ သတ်ဖြတ်လိုစိတ်ကို ခပ်ရေးရေး ခံစားမိနိုင်ပေသည်။ ယေဘုယျအားဖြင့် အေးချမ်းသည်ဟု ယူဆနိုင်သော ဗုဒ္ဓအလင်းရောင်တို့က ထိုအခိုက်အတန့်တွင် ခြောက်ခြားဖွယ် ကောင်းလာပေသည်။

“ချင်းချင်း ပြောတာမှန်တယ်။ ဗုဒ္ဓစိတ်ဝိညာဥ်ကို ကျင့်ကြံခြင်းပေါ်မှာ တွေ့နိုင်တာ မဟုတ်ဘူး။ ခင်ဗျားတို့အားလုံးက ဗုဒ္ဓစွမ်းရည်ကို ကျင့်ကြံကြပေမယ့် ဗုဒ္ဓလို့ ခေါ်ဖို့ မထိုက်တန်ဘူး။” ရီဖူရှင်းက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်က နတ်အလင်းတို့နှင့် ဝန်းရံခံထားရကာ တောက်ပနေခဲ့သည်။ လွှမ်းမိုးဖိနှိပ်နိုင်သော ဗုဒ္ဓအလင်းတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်သည့် ဖိအားတို့ကို သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်နေခဲ့သည်။

“အခုလက်ရှိမှာ ဗုဒ္ဓပွဲတော်ကာလအတွင်းပဲ ရှိသေးတယ်။ ကျုပ်တို့ တိုက်ခိုက်ဖို့အတွက် ရက်နည်းနည်းလောက် စောင့်ဖို့ လိုအပ်လိမ့်ဦးမယ်။” ထုံချန်းရဟန်းက အပြုံးနှင့် ပြောလိုက်သည်။ သူ၏ ဝင်ရောက်နှောက်ယှက်မှုက နှစ်ဖက်ကြားမှ တင်းမာမှုကို ရပ်တန့်သွားစေခဲ့သည်။

“ဗုဒ္ဓက သနားကြင်နာမှုရှိတယ်။ ဒီနေ့သာ ဗုဒ္ဓပွဲတော်မဟုတ်ခဲ့ရင် အနောက်ဘက်လောကမှာ ရှိနေတဲ့ မင်းတို့ရဲ့ စိတ်ဝိညာဥ်တွေ အားလုံးကို သန့်စင်ပစ်မှာ။ အဲဒါမှ မင်းတို့အားလုံး တခြားလူတွေ ဒုက္ခရောက်အောင် ဆက်လုပ်နေတာကို တားဆီးနိုင်မှာ။” ရှန်းယန်ဗုဒ္ဓအရှင်၏ တပည့်တစ်ယောက်က ပြောလိုက်သည်။ ရီဖူရှင်းတို့အဖွဲ့ကို စိုက်ကြည့်နေသည့် သူ့မျက်လုံးများမှ ရွှေရောင်အလင်းတန်းတို့ ထိုးထွက်လာသည်။ ထိုကျင့်ကြံသူထံမှ ထွက်ပေါ်လာသည့် ဗုဒ္ဓအလင်းရောင်က စူးရှလှပေသည်။

“အဲဒီတော့ရော။” ချန်ယိက တစ်ဖက်လူကို ကြည့်လိုက်ပြီး အလင်းစွမ်းအားတို့ကို ထုတ်လွှတ်လိုက်သည်။ ချန်ယိက တစ်ဖက်လူကို စိုက်ကြည့်ရင်း သူ့ မျက်လုံးများမှ အလင်းတန်းတို့ ထွက်ပေါ်လာသည်။ သူက ပြောလိုက်၏။ “ဒီနေ့သာ ဗုဒ္ဓပွဲတော် မဟုတ်ခဲ့ရင် မင်း စီနီယာတွေရဲ့ စွမ်းအားတွေ ချေးငှားလိုက်ရင်တောင်မှ မင်းကိုယ်မင်း သန့်စင်နိုင်ရုံပဲ ရှိလိမ့်မယ်။”

အသစ်ရောက်ရှိလာသည့် ကျင့်ကြံသူများက သာမန်သာ ဖြစ်သည်။ အားအကောင်းဆုံးသည်ပင် ရန်ဟောင်အဆင့် အထွတ်အထိပ်၌ ရှိရုံမျှသာ ဖြစ်ပေသည်။ ချန်ယိက သူတို့ကို မကြောက်ရွံ့ခဲ့ပေ။ သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် ရီဖူရှင်းတို့ အဖွဲ့အား သတ်နိုင်ရန်မှာ ဆုတောင်းရုံသာ ရှိပေလိမ့်မည်။

“လူတိုင်းပဲ ဆန္ဒခြောက်ပါးကောင်းကင်နဲ့ သူတော်စင်ကျန်းချန်တို့ အကြောင်း မမေ့နဲ့။” ထုံချန်းရဟန်းက ထပ်ပြောလိုက်သည်။ သူက လောကအတွင်း ပဋိပက္ခများကို မြင်တွေ့ရန် ဆန္ဒကြောင့် လှုံ့ဆော်ခံလိုက်ရပုံရသည်။ ထိုစဥ်က အရှင်သခင်အဆင့် ကျင့်ကြံသူများသည်ပင် ဆန္ဒခြောက်ပါးကောင်းကင်၌ သုတ်သင်ခံခဲ့ရသည်။ သူတော်စင်ကျန်းချန်က ဗုဒ္ဓကျင့်ကြံသူများ၏ ဂိုဏ်းများကြားတွင် ထိပ်သီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သော်လည်း သူက ထိုကဲ့သို့ အခြေအနေမျိုး၌ သေဆုံးခဲ့ရသည်။

ယခုအချိန်၌ ရီဖူရှင်းက မဟာအင်ပါယာရှန်ကျား၏ နတ်ဘုရားရုပ်ကြွင်းကို ဆုံးရှုံးခဲ့ရလျှင်ပင် သူ၏ ကိုယ်ပိုင်စွမ်းရည်က သေချာပေါက် အလွန် အစွမ်းထက်ပေသည်။ နှစ်ဖက်အဖွဲ့ ရင်ဆိုင် တိုက်ခိုက်ကြလျှင် မည်သူ့စိတ်ဝိညာဥ်များက သန့်စင်ခံရလိမ့်မည်မှာ မသေချာပေ။

All Chapters