← Chapters

အတူတကွ မြှုပ်နှံခြင်း

Vol. 38 Ch. 528

အတူတကွ မြှုပ်နှံခြင်း

Vol. 38 Ch. 528

သူက လေပြည်လေညင်းအသွင် ပြောင်းလဲသွားပြီး မက်မွန်ဥယျာဉ်တစ်ဝိုက် လှည့်ပတ်သွားနေပုံရသည်။ သူ့စိတ်ထဲရှိ ပုံရိပ်က ပြောင်းလဲလာပြီး သူက အခန်းထဲ၌ ပေါ်လာတော့သည်။ သူက မက်မွန်ဥယျာဉ်တစ်ခုလုံးကို စစ်ဆေးရန် ပြင်ဆင်နေပြီး လွတ်မြောက်ရန် နည်းလမ်းရှိလားဆိုတာ ကြည့်နေ၏။

ညတာက မှောင်နေ၏။ လူအများစုက အိပ်ပျော်နေကြပြီ ဖြစ်သော်ငြား တာဝန်ကျနေသည့် အစောင့်များစွာ ရှိသည်။ ချင်မျိုးနွယ်စု၏ စည်းမျဉ်းများ အလွန်တင်းကျပ်တာ ကျန်းရီ ဝန်ခံရမှာပဲ ဖြစ်သည်။ ညနက်နေပြီဖြစ်သော်ငြား ထိုအစောင့်များက သတိမလစ်ဟင်းရဲဘဲ ကင်းလှည့်နေကြ၏။

ပုံရိပ်များ ပြောင်းလဲသွားပြီးနောက် ခမ်းနားသော နန်းတော်တစ်ခုသည် ကျန်းရီ၏ စိတ်ထဲတွင် ပေါ်လာတော့သည်။ ထိုနန်းတော်က သူရှိနေသည့် နေရာထက် အဆပေါင်းများစွာ ပိုကြီးမားသည်။ နန်းတော်တစ်ခုလုံးက နှင်းဖြူရောင် ကော်ဇောခင်းထားပြီးနောက် အလယ်တွင် အိပ်ရာကြီးတစ်ခု ရှိသည်။ တောင်ဘက်၌ တလက်လက် တောက်ပနေသော မီးများ ရှိနေပြီး လှုပ်ရှားနေသော မီးများက အလင်းရောင်ပေးစွမ်းပြီး အခန်းထဲ၌ မီးများ တဖြတ်ဖြတ် လင်းနေစေသည်။ ယင်းက လွှမ်းမိုးနိုင်စွမ်းရှိသော ပုဂ္ဂိုလ်တစ်ဦး ပိုင်ဆိုင်သည့် အတွင်းခန်း ဖြစ်လောက်ပေသည်။

“အမ်..”

ရုတ်တရက်တွင် အခန်း၏ ပုံရိပ်က ကျန်းရီ၏ စိတ်ထဲ ပေါ်လာပြီး သူ၏စိတ်ဝိညာဉ်က ရုတ်တရက် လှုပ်ခါသွားကာ ခန္ဓာကိုယ်က တုန်ယင်သွားတော့သည်။ ပုံရိပ်က စိတ်ထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားပြီးနောက် ထူးဆန်းသည့် အခြေအနေကနေ သူ ထွက်သွားရန် ကြိုးစားခဲ့၏။

ဂလု..

သူ၏ မျက်လုံးက ပြူးကျယ်လာပြီးနောက် တံထွေးကို အလိုလို မျိုချလိုက်မိတာ အသက်ရှုနှုန်းက မြန်လာတော့သည်။ မြို့သခင်မချင်းယွီ၏ အဝတ်ဗလာကျင်းလျက် ခန္ဓာကိုယ်က တစ်ဖက်လူနှင့် ပွတ်သပ်လျက် ရမက်ပြင်းသော အပြုအမူများကို ဆောင်ရွက်နေ၏။ သို့သော် တစ်ဖက်လူက အမျိုးသမီးတစ်ဦး ဖြစ်နေသည်။

ခွီ ခွီး..

သူက ရယ်မောလိုက်ပြီးနောက် အစောပိုင်းက မြို့သခင်မချင်းယွီသည် သူ့ကို ဓာတ်ကျသည်ဟု သူ ယူဆခဲ့သည်။ ယခုမူ မြို့သခင်မချင်းယွီက အမျိုးသားများကို မနှစ်သက်ဘဲ အမျိုးသမီးများကိုသာ နှစ်သက်သောကြောင့် ယင်းက ရယ်စရာတစ်ခု ဖြစ်ခဲ့ပုံရသည်။

“အရင်ဆုံး ကြိုးစားပြီး အဲဒီအခြေအနေထဲ ထပ်ဝင်ကြည့်ရအောင် မြို့သခင်မချင်းယွီရဲ့ သတင်းတွေ ရှာကြည့်ရတာပေါ့”

သူသည် လှုံ့ဆော်နိုင်စွမ်းရှိပြီး ကြမ်းတမ်းသော မြင်ကွင်းကို မြင်ချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ မြို့သခင်မချင်းယွီနှင့် သူမ၏ အချစ်တော်ကြားရှိ ပြောဆိုမှုကို ဖော်ထုတ်ချင်တာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ အတွေးတစ်ချက်ဖြင့် ကျန်းရီက အစောပိုင်းက ထူးဆန်းသော အခြေအနေထဲ ထပ်မံ ဝင်ရောက်သွား၏။

ကံဆိုးသည်မှာ ယခုအခေါက်တွင် သူ၏စိတ်ကို တည်ငြိမ်အောင် မထားနိုင်ဘဲ ထိုမြင်ကွင်းများက သူ့စိတ်ထဲတွင် ပေါ်လာ၏။ ထိုသို့သော ဆွဲငင်မှုက လှုံ့ဆော်နိုင်သော မြင်ကွင်းတစ်ခု ဖြစ်သည်။

မိနစ်(၃၀)ခန့် ကြာပြီးနောက် ကျန်းရီက သူ၏သတိတရားကို မထိန်းနိုင်သေးဘဲ သွေးကြောများဖောင်းစေသော မြင်ကွင်းကသာ ဆက်တိုက် ပေါ်လာနေ၏။ သူက လျှာကိုက်ပြီးနောက် သတိပြန်ဝင်လာအောင် နာကျင်စေလိုက်သည်။ သူ့ကိုယ်သူ ကျိန်ဆဲလိုက်၏။

“ဒါ ဘယ်အချိန်မို့လို့လဲ မင်း ဘာတွေ တွေးနေတာလဲ ကျန်းရီ.. ရှောင်နူနဲ့ ကျန်တဲ့သူတွေက အသက်အန္တရာယ်ရှိတဲ့ အခြေအနေမှာ..”

အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း၏ ဖိအားကြောင့် ဖြစ်ဟန်တူသည်။ ကျန်းရီက နောက်ဆုံးတွင် စိတ်အေးအေး ထားနိုင်သွားသည်။ သူက မိုးကြိုးပင်လယ်ထဲရှိ မြင်ကွင်းဆီသို့ သူ့စိတ်အာရုံများကို ဖြည်းဖြည်းချင်း စုစည်းလိုက်သည်။ သူ၏ စိတ်နှလုံး အောက်ခြေထဲ၌ လှည့်ကွက်တစ်ခု ရှိတာကို သဘောပေါက်သွားသည်။ သူက တစ်စုံတစ်ခုကို အပြည့်အဝ အာရုံစိုက်သရွေ့ ထိုထူးဆန်းသော အခြေအနေထဲ ဝင်ရောက်ရန် ဖြစ်နိုင်ပေ၏။ နောက်ဆုံးတွင်မူ ထိုအခြေအနေထဲ အောင်မြင်စွာ ထပ်မံ ဝင်ရောက်နိုင်ခဲ့ပြန်သည်။ သူ့စိတ်ထဲ၌ ပုံရိပ်များစွာ ပေါ်လာပြီးနောက် နောက်ဆုံးတွင် ဒေသသခင်မချင်းယွီ၏ အတွင်းခန်းဆီသို့ မြန်မြန်ဆန်ဆန် ကြည့်လိုက်နိုင်၏။ သူက စိတ်သက်သာရာရပြီး သက်ပြင်းချလိုက်သည်။ ထိုသို့တိုင် အနည်းငယ် စိတ်ပျက်နေ၏။ အိပ်ရာပေါ်ရှိ လူနှစ်ယောက်က ကြမ်းတမ်းသော အပြုအမူများ ရပ်တန့်ပြီး ဖြစ်နေကာ တစ်ယောက်နှင့်တစ်ယောက် ထွေးပွေ့နေကြသည်။ သူတို့ခန္ဓာကိုယ်၏ အရေးကြီး အစိတ်အပိုင်းများကလည်း အလင်းဖျော့ဖျော့ဖြင့် လွှမ်းခြုံခံထားရ၏။ သူတို့၏ နှင်းကဲ့သို့ ဖြူစွတ်သော ပခုံးနှင့် ပန်းနုရောင်သန်းသော ကျောပြင်တို့က အထင်းသား ပေါ်နေပြီး ပြီးပြည့်စုံသည့် ခြေတံရှည်လေးချောင်း ရှိနေသည်။

မြို့သခင်မချင်းယွီက ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ပင် တစ်ဖက်အမျိုးသမီး၏ ပွေ့ဖက်မှုတွင် ဤနုနယ်သော ခန္ဓာကိုယ်က တုန်လှုပ်နေသေးဆဲ ဖြစ်ကာ ပန်းပေါ်၌ ရှက်သွေးဖြာနေ၏။ နဖူး၌ ချွေးများ စို့နေပြီး နားထင်၌ ဆံပင်များ ကပ်နေပြီး သူမကို အလွန်ဆွဲဆောင်မှု ရှိပုံပေါ်စေ၏။

သူမက မျက်လုံးမှိတ်လိုက်ပြီး နီထွေးသော နှုတ်ခမ်းကို အနည်းငယ်ဟကာ အသက်ပြင်းပြင်း ရှုလိုက်၏။ နုနယ်သော ခန္ဓာကိုယ်က တုန်လှုပ်သွားသောအခါ မျက်တောင်များလည်း လှုပ်ခါသွား၏။ အံ့ဩဖွယ် အခိုက်အတန့်ကို နှစ်ခြိုက်ခံစားနေသေးသည်။ သူမ၏ လှပသောခြေတံရှည်တစ်စုံက ကျန်သည် အမျိုးသမီး၏ ခြေတံနှင့် အတူတကွ လိမ်ယှက်သွားပြီးနောက် သွေးဆူစေသော မြင်ကွင်းကို ပြသနေသည်။

ကျန်သည့် အမျိုးသမီးကလည်း အတော်လေး ကြည့်ကောင်းသည်။ သို့သော် သူမသည်လည်း ဤနယ်မြေပေါ်ရှိ ကျန်သည့် အမျိုးသမီးများနှင့် တူညီစွာပင် ရဲစွမ်းသတ္တိနှင့် တက်ကြွမြူးတူးမှုတို့ အပြည့်ရှိနေပြီး အမျိုးသမီးဆန်သည့် ဘက်ခြမ်း မရှိပေ။ သူမ၏ နူးညံ့သော မျက်လုံးများက ပွေ့ဖက်မှုထဲတွင် ရှိနေသော မြို့သခင်မချင်းယွီကို ကြည့်နေသည်။ လက်တစ်ဖက်က မြို့သခင်မချင်းယွီ၏ ဆံပင်များကို သပ်တင်ပေးနေပြီး ကျန်လက်တစ်ဖက်က မြို့သခင်မ၏ ပန်းနုရောင်နောက်ကျောကို ပွတ်သပ်ပေးနေ၏။

“အွန်း..”

ဒေသသခင်မချင်းယွီက စိတ်ပြင်းပြမှုတို့ ထပ်မံ ပေါ်လာပုံရကာ ခေါင်းမော့ပြီး တစ်ယောက်နှင့်တစ်ယောက် နမ်းရှိုက်နေပြန်သည်။ သူတို့၏ လျှာများကလည်း လိမ်ယှက်နေပြီးနောက် နမ်းရှိုက်သည့်အသံ ပေါ်ထွက်လာကာ ကျန်းရီကို ထိုရှုပ်ထွေးနေသည့် အခြေအနေထဲမှ တွန်းထုတ်လုနီးပါး ဖြစ်သွားစေခဲ့သည်။

ကံကောင်းသည်မှာ ကျန်းရီက ယခုအခေါက်တွင် ပိုစိတ်တည်ငြိမ်နေပြီး သူ့စိတ်က အတွေးများစွာ ရှိမနေတော့ပေ။ သူက အကျပ်အတည်းမှ လွတ်မြောက်အောင် ကူညီပေးနိုင်သော အချက်အလက်ရှာရန် ရောက်လာတာ ဖြစ်သည်။ စိတ်ကို နိုးဆွစေသည့် အခမဲ့ပွဲကို ကြည့်ရန် ရောက်လာတာ မဟုတ်ပေ။

ကျန်းရီက ဤအခြေအနေက သိပ်ဆန်းကြယ်လွန်း၍လား မသိ။ မြို့သခင်မချင်းယွီသည် သူ၏ အံ့ဩဖွယ် အခိုက်အတန့်ထဲ နစ်ဝင်နေ၍လားမသိ၊ သူတို့၏ အပြုအမူများသည် တခြားသူ၏ စောင့်ကြည့်မှုအောက်၌ ကျရောက်နေတာကို သတိမပြုမိခဲ့ပေ။ အတော်ကြာပြီးနောက် သူတို့နှစ်ယောက်သည် နောက်ဆုံးတွင် စိတ်ကျေနပ်မှုကို ရရှိသွား၏။ ခဏတာ အနားယူပြီးနောက် မြို့သခင်မချင်းယွီ၏ ရှက်သွေးဖြာနေသော အမူအရာက ပျောက်ကွယ်သွားပြီး သူမ၏ တလက်လက် တောက်ပနေသော မျက်ဝန်းများက ပုံမှန်သတိတရားတို့ ပြန်ရောက်လာသည်။

မြို့သခင်မချင်းယွီက ရုတ်တရက် မေးလိုက်သည်။

“အစ်မကြီး... ဧကရီက ဘာစာမှ ပြန်မပို့ဘူးလား”

“မပို့ဘူး”

တစ်ဖက်အမျိုးသမီးက ခေါင်းခါကာ ပြောလိုက်သည်။

“ဧကရီက တံခါးပိတ် ကျင့်ကြံနေတာများလား.. မဟုတ်ရင် သူ အကြောင်းပြန်မှာပဲ ပြီးခဲ့တဲ့ သုံးလလုံး ဧကရီက ပျော်ပါးဖို့အတွက် ကျွန်မတို့ကို မဆင့်ခေါ်ခဲ့တာ သိသင့်တယ်.. သူက အခုလောက်ဆိုရင် စိတ်ဝိညာဉ်တာအိုပုံစံ အက်ကွဲမှုကို သန့်စင်နေတာ ဖြစ်မှာ”

“သေစမ်း..”

ကျန်းရီက ထိတ်လန့်ပြီး ဆွံ့အသွား၏။ ဒီဖီးနစ်အော်သံနယ်မြေရဲ့ ဧကရီကရော အမျိုးသားတွေကို မကြိုက်ဘူးလား။ အမျိုးသမီးတွေကို နှစ်သက်တဲ့သူလား။

နယ်မြေပေါ်ရှိ အမျိုးသမီးအများစုသည် အမျိုးသားများကို အထင်သေးကြောင်း သူ တွေးမိသွားသည်။ သူတို့ကိုတောင် သဘောမတွေ့တာ ဖြစ်နိုင်သည်။ သူတို့အဖို့ အမျိုးသားများကို စိတ်ဝင်စားခြင်း မရှိတာ သဘာဝကျပေ၏။

“အဲဒီသူလျှိုကို ဘယ်လို ဖြေရှင်းသင့်လဲ”

မြို့သခင်မချင်းယွီက ကျန်းရီ၏ အပြုအမူများကို တွေးမိချိန်၌ အနည်းငယ် သက်ပြင်းချလိုက်သည်။ သူက တစ်စက္ကန့်ခန့် ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်သည်။

“ကျွန်မတို့တွေ သူ့ကို ခေါင်းဖြတ်သင့်လား အစတုန်းကတော့ သူ့ကို ဝိညာဉ်ကျွန်အဖြစ် သန့်စင်ဖို့ ဧကရီဆီ ပေးချင်ခဲ့တာပဲ အဲဒီလူက ခွန်အားရှိတယ် တခြားဘယ်သူမှ သူ့ကို သန့်စင်နိုင်မှ မဟုတ်ဘူး အစောတုန်းက ကျွန်မသာ သူ့ကို အကွက်မချခဲ့ရင် ကျွန်မတို့အားလုံး သေနေလောက်ပြီ ဟူး.. ရဲစွမ်းသတ္တိစစ်သူကြီးတစ်ယောက် ဆုံးရှုံးရတာ နောင်တရဖို့ကောင်းတယ်.. အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲက ပင်လယ်နတ်ဆိုးတွေက တိုက်ခိုက်ခဲ့တာလေ ဒီတစ်ခေါက် ဖီးနစ်အော်သံနယ်မြေက သွေးမြေအဖြစ် ထပ်ပြောင်းနိုင်တယ် ဧကရီက ဒီဟာကို ဒေါသထွက်နေမှာပဲ ဟုတ်တယ် မဟုတ်လား”

“သူ့ကို သတ်လိုက်”

တစ်ဖက်အမျိုးသမီး၏ မျက်ဝန်းများက အေးစိမ့်ဖွယ် အလင်းတန်းတို့ဖြင့် တဖြတ်ဖြတ်လက်နေ၏။

“အဲဒီလူက သိပ်ကို တုန်လှုပ်ဖို့ကောင်းတယ် သူ့ကို အသက်ရှင်ခွင့်ပေးတာက ထိခိုက်နစ်နာမှုပဲ ဖြစ်စေမှာ.. သူက တောက်ပခြင်းသူရိန်နယ်မြေ ဒါမှမဟုတ် ပုန်းကွယ်နဂါးနယ်မြေက သူလျှိုတစ်ယောက် ဆိုရင် ဘယ်လိုလုပ်မလဲ”

“ကောင်းပါပြီ အခုချက်ချင်း သတ်လိုက်မယ်..”

မြို့သခင်မချင်းယွီက ရုတ်တရက် ထလိုက်ပြီး သူမ၏ ပြစ်မျိုးမှဲ့မထင် ခန္တာကိုယ်က အပြည့်အဝ ပေါ်လာတော့သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က လှုပ်ခတ်သွားပြီး သူ၏သတိကို မထိန်းနိုင်တော့ဘဲ ထိုအခြေအနေထဲမှ ချက်ချင်း ထွက်သွား၏။ မြို့သခင်မ ချင်းယွီက လက်ရှိတွင် အဝတ်အစားဝတ်နေပြီး ဤနေရာသို့ လာရန် ပြင်ဆင်နေတာ ဖြစ်နိုင်ပေသည်။ ဤနေရာနှင့် သူမ၏ နန်းတော်က သိပ်မဝေးပေ။ ဤနေရာသို့ ရောက်လာရန် အချိန်အနည်းငယ်သာ လိုအပ်သည်။

“မကောင်းတော့ဘူး..”

ကျန်းရီသည် ထိုအခြေအနေထဲ ထပ်မံ ဝင်ရောက်နိုင်သော်ငြား ကျန်သည့် အရည်အချင်းများအားလုံးကို သုံးနိုင်ခြင်း မရှိချေ။ မြို့သခင်မချင်းယွီက ဤနေရာသို့ ရောက်လာလျှင် သူ့၌ ကျန်သည့် အကြံမရှိပါက သူသေရမှာပဲ ဖြစ်သည်။

သူက ခေါင်းငုံ့လိုက်၏။ မျက်လုံးထဲ၌ အေးစိမ့်စိမ့် အလင်းတန်းတို့ ဖျတ်ခနဲ ပေါ်လာပြီး စိတ်ထဲလျင်မြန်စွာ တွေးနေတော့သည်။ အချိန်က တတိတိ ကုန်ဆုံးသွး၏။ ခဏအကြာတွင် အခန်းတံခါး၏ ကန့်သတ်မှုက ရုတ်တရက် လင်းလာတော့သည်။ မြို့သခင်မချင်းယွီက အစောင့်နှစ်ဦးကို ခေါ်လျက် ဤနေရာသို့ လာတာပဲ ဖြစ်သည်။

“တိုင်းတစ်ပါးသားသူလျှို သေဖို့ ပြင်ထားလိုက်”

မြို့သခင်မချင်းယွီသည် အထဲသို့ ဝင်လာပြီးနောက် ကျန်သည့်စကားများ ပြောပြီး အချိန်ဖြုန်းမနေပေ။ သူမက အော်ဟစ်ပြီးနောက် ကျန်းရီဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာသည်။ သူမလက်က တမလွန်လောက တစ္ဆေလက်သည်းများနှင့် ကျန်းရီ၏ခေါင်းကို ဆုတ်ဖြဲတော့မည့်မယောင် ဖြစ်နေသည်။ သူမ၏ လက်မှ ရောင်ဝါ တည်ရှိမှုတို့ကလည်း ကြောက်မက်ဖွယ် ကောင်း၏။ သူ တိုက်ခိုက်ခံခဲ့ရလျှင် ခေါင်းတစ်ခုလုံးက ဖရဲသီးကဲ့သို့ အခွဲခံရနိုင်သည်။

ပြီးနောက် ကျန်းရီက မော့လိုက်သည်။ သူ့အမူအရာထဲ၌ ကြောက်လန့်ရိပ်တစ်စွန်းတစ်စ မရှိချေ။ ထိုအစား သူက ယုံကြည်ချက် ရှိရှိ ပြုံးပြီး ပြောလိုက်၏။

“မြို့သခင်မက ကျုပ်ကို သတ်လိုက်စမ်းပါ ဖီးနစ်အော်သံ နယ်မြေက လူအားလုံး ကျုပ်နဲ့အတူ မြှုပ်နှံခံရမှာ ဖြစ်တဲ့အတွက် ကျုပ်ဝမ်းသာမိတယ်”

***

All Chapters