← Chapters

ယင်ယန် သိုင်းမီးဖို ကျင့်ကြံခြင်း

Vol. 37 Ch. 492

ယင်ယန် သိုင်းမီးဖို ကျင့်ကြံခြင်း

Vol. 37 Ch. 492

အစပိုင်းတွင် အိပ်မက်အတွင်း ရောက်နေသယောင် ခံစားရသော လန်ရီအတွက် အရာရာ နူးညံ့ချိုမြိန်ပြီး တစ်ကိုယ်လုံး နွေးထွေးသော ခံစားချက်များ ပြည့်နှက်နေသည်။ ခပ်တိုးတိုး ညည်းသံများအောက်တွင် သစ်ရွက်ပေါ်မှ နှင်းစက်ကလေးများ အရည်ပျော်ကျသွား၍ အချိန်ကြာလာသည်နှင့်အမျှ မုန်တိုင်းထန်လာ၏။ ယင်ယန် သိုင်းမီးဖို ကျင့်ကြံထားသူများက သာမန်လူများထက် ခံနိုင်ရည်အား ကောင်းမွန်သောကြောင့် ရုပ်ရည်သွင်ပြင် နုနယ်နေသည့်တိုင်အောင် အပြင်းထန်ဆုံး ခံစားချက်များကိုပင် လိုက်ဖက်အောင် ပေါင်းစပ်ပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် လန်ရီသည် ယွမ်ရှောင်ကို တင်းကြပ်စွာ ဖက်ထားရင်း အိပ်မောကျသွားပြီး နှုတ်ခမ်းဖျား၌ ပြီးပြည့်စုံသော အပြုံးလေးတစ်ခု တွဲလွဲခိုနေ၏။

နံနက်ခင်းနေရောင်အောက်တွင် ယွမ်ရှောင် မျက်လုံးဖွင့်လိုက်သောအခါ ရင်ခွင်အတွင်း ပုလဲလုံးလေးပမာ ဖြူစင်၍ ချစ်စရာကောင်းသော မိန်းကလေးကို ဦးစွာ မြင်လိုက်ရသည်။

"တစ်ယောက်တည်း ဆိုပေမယ့် ပထမဆုံးအကြိမ်တွေ ချည်းပါပဲလား"

​ဝတ်ရုံ၏ တစ်နေရာတွင် အနီရောင်များ စွန်းထင်းနေပြီး ရှေးဟောင်းဘိုးဘေးနတ်ဘုရား၏ ကပ်ဘေးလူဝင်စားများသာ လုပ်နိုင်စွမ်း ရှိပေလိမ့်မည်။ အမှန်တကယ်တွင် ၎င်းတို့သည် ချစ်ခြင်းမေတ္တာနှင့် မသက်ဆိုင်ဘဲ လူသားမျိုးနွယ်အတွက် စတေးခံရန် ကံပါလာသော်လည်း ဖန်ဆင်းရှင်အင်မော်တယ်နှင့် အတွေ့၌ ပြောင်းလဲသွားခဲ့၏။

"ဟန်ဆောင်မနေနဲ့တော့။ မင်း နိုးနေပြီမလား"

ယွမ်ရှောင်က လန်ရီ၏ နူးညံ့သော ပါးပြင်လေးကို ကြင်ကြင်နာနာ နမ်းသည်။

"ဟွန့်"

သူမက မျက်လုံး ဖွင့်ကြည့်ရန်ပင် ရှက်ရွံ့နေဆဲ ဖြစ်ပြီး ဖြစ်ပျက်ခဲ့သော အရာများကို ရင်မဆိုင်ရဲပေ။ ထို့နောက် အနမ်းမိုးများ စတင်ရွာကျလာပြီး ပတ်ဝန်းကျင်ပင် ရှက်ရွံ့သွားသယောင် ထင်မှတ်ရကာ မိုးတိမ်များဖြင့် ချစ်သူနှစ်ယောက်ကို ကာကွယ်ပေးလိုက်၏။ မွန်းတည့်ချိန်ရောက်သောအခါ နှစ်ကိုယ်တူ ကျင့်ကြံခြင်းက နှစ်ကြိမ်မြောက် ပြီးဆုံးသွားကာ လန်ရီ၏ ယင်သိုင်းမီးဖို စွမ်းအား သုံးပုံနှစ်ပုံမှာ ယွမ်ရှောင်ထံ ရောက်ရှိသွားသည်။ အကျိုးကျေးဇူး များစွာ ရခဲ့ပြီး ပထမဆုံးအကြိမ်တွင် သူက ယိုယွင်းမှုနယ်ပယ်မှ ဖောက်ထွက်၍ ယင်နယ်ပယ် အစောပိုင်းအဆင့်သို့ တက်နိုင်ခဲ့ကာ နှစ်ကြိမ်မြောက်၌ နောက်ထပ် အဆင့်ငယ်နှစ်ခု ချိုးဖျက်ပြီး အဆင့်မြင့် အဆင့်သို့ ​ရောက်လာ၏။ တစ်ညတည်းဖြင့် သူက အဆင့်များစွာ ချိုးဖျက်နိုင်ခဲ့ပြီး ပါရမီရှင် တစ်ယောက် မှ ထိပ်တန်းကျင့်ကြံသူ ဖြစ်လာခဲ့၍ ယန်နယ်ပယ် ကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်စွမ်း ရှိလာလေသည်။

လန်ရီကမူ စွမ်းအားများ ထုတ်ပေးလိုက်ရသည့်အတွက် အားနည်းသွားကာ ယွမ်ရှောင်နှင့် တိုက်ခိုက်ရေးစွမ်းအား မယှဥ်သာတော့ပေ။ အရေးကြီးသော နောက်ဆုံးအကြိမ်ကို ဆက်လုပ်ချင်သော်လည်း ပင်ပန်းလွန်း၍ မတ်တပ်ပင် မရပ်နိုင်သော သူမ၏ အခြေအနေကြောင့် ယွမ်ရှောင်သည် အနားပေးရန် ဆုံးဖြတ်လိုက်သည်။

"တော်တယ် လန်ရီ။ ငါးစာတော့ ချပြီးပြီ။ ငါးအကြီးကို ဖမ်းဖို့ပဲ ကျန်တော့တယ်"

နှင်းလုံးလေးက စိတ်ချင်းဆက်သွယ်၍ အားပေးအားမြှောက် လုပ်နေသည်။

"ငါ နည်းနည်း ကြောက်တယ်။ အခု အရာအားလုံး ဆုံးရှုံးသွားသလိုပဲ"

သူမ၏ အသံလေးက အားနည်း ဖျော့တော့နေ၏။

"လျှောက်တွေးမနေနဲ့။ တစ်ခုခုကို လိုချင်ရင် ပေးဆပ်ရတာတွေ ရှိမှာပေါ့။ ဒီအရူးက မင်းလက်ထဲမှာ လုံးဝ ဆွဲဆောင်ခံရလိုက်ပြီ"

၎င်းက လေးနက်စွာ ပြော၍ တင်ပျဥ်ခွေ ကျင့်ကြံနေသော ယွမ်ရှောင်ကို ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။ တွက်ချက်မှုအရ နောက်ဆုံးအကြိမ်ပြီးလျှင် လန်ရီက ကြီးကြီးမားမား အသွင်ပြောင်းလဲသွားမည် ဖြစ်ကာ နောက်ပိုင်း၌ သူ့ကို ကစားစရာအဖြစ် ထိန်းချုပ်နိုင်သည်ဟု အပိုင်တွက်ထားပုံရသည်။

"ဒါပေမယ့် ငါ အပြစ်ရှိသလို ခံစားလိုက်ရတယ်။ သူ့ဆီက ခွင့်ပြုချက် မတောင်းခဲ့ဘူး"

သူမက အတွေးနက်နေရင်း ကိုယ့်လိပ်ပြာကိုယ် မလုံတော့ပေ။

"ဘာခွင့်ပြုချက်လဲ မေ့ထားလိုက်။ အခုပြောလိုက်ရင် အခွင့်အရေးကောင်းက ဆုံးရှုံးသွားလိမ့်မယ်။.ငါတို့ အသာစီးရပြီဆိုမှ ရှင်းပြလိုက်။ စဥ်းစားကြည့်စမ်း။ ဒီကောင် မိန်းမကိစ္စ ရှုပ်ထားတာတွေကို မင်း စိတ်မတိုဘူးလား။ ဒီလိုကောင်တွေကို ဆုံးမပေးမှ၊ မဟုတ်ရင် ထင်တိုင်းကြဲနေလိမ့်မယ်။ သူ လိမ္မာအောင် သင်ခန်းစာပေးတယ်လို့ မှတ်ထားလိုက်"

နှင်းလုံးလေး၏ စကားကြောင့် စစ်မင်းသမီး၏ ရုပ်ရည်နှင့် အပြောအဆိုကို သူမ သတိရသွားကာ သဝန်တိုနေမိသည်။

"ဘာတွေ တိုင်ပင်နေကြတာလဲ"

"ဘာ...ဘာမှ မဟုတ်ပါဘူး"

ခေါင်းချင်းဆိုင် ဆွေးနွေးနေသော လန်ရီနှင့် နှင်းလုံးလေးကို ယွမ်ရှောင်က မေးခွန်းထုတ်လိုက်သောအခါ အကြံအစည် မထုတ်ဖူးသော သူမကို ကယောင်ကတန်း ဖြစ်သွားစေသည်။

"အနားယူပြီးပြီလား"

"မရသေးဘူး။ ညီမ...ညီမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရဦးမယ်"

"အော် ဒီလိုလား။ စိတ်ပိုင်းဆိုင်ရာက ဘာကြောင့် လိုအပ်တာလဲ"

တစ်ခုခုကို ရိပ်မိသွားပုံရသော ချစ်သူကြောင့် သူမက အလျင်အမြန် စကားလမ်းကြောင်း ပြောင်းသည်။

"အစ်ကိုရဲ့ ကျင့်ကြံဆင့်က တိုးတက်လာပြန်ပြီလား"

"ဟုတ်တယ်။.မင်းက ငါ့အတွက် ကံကောင်းစေတဲ့ ကြယ်လေးပဲ။ အချစ်ကြောင့် ကျင့်ကြံဆင့် မြင့်တက်လာမယ်ဆိုတာ ထင်တောင်မထားဘူး"

ယွမ်ရှောင်က ချောင်းတစ်ချက်ဟန့်၍ လေးနက်စွာ ပြောလိုက်သောအခါ အပြစ်ရှိသကဲ့သို့ ခံစားနေရသည့် လန်ရီမှာ မျက်နှာပူနေမိသည်။ သူမက ရိုးသား၍ ချစ်စရာကောင်းလွန်းနေပြီး တည်တည်တံ့တံ့နေတတ်သော ချန်ရီနှင့် ယှဥ်လျှင် အကျင့်စရိုက်ချင်း လုံးဝ ကွဲပြားနေသည်။

"ဘယ်အချိန် ဝိညာဥ်ကျောက်ကို နှလုံးသားထဲ ထည့်မှာလဲ။ အခုဆိုရင် လုပ်လို့ရနေပြီလေ"

ကြယ်ပြာက စိတ်ထဲမှ တိုက်တွန်းလိုက်သော်လည်း သူ ခေါင်းခါသည်။

"အခု မဟုတ်သေးဘူး"

"ဘာကြောင့်လဲ။ မင်း ပြောသလိုဆိုရင် ဒါက အမှတ်တရ တစ်ခုပဲ။ တခြားလူ မဟုတ်ဘူးဆို"

၎င်းက ဆက်မေး၏။

"အမှတ်တရ ဆိုရင်တောင် ဒါကို ထည့်လိုက်ရင် လန်ရီက အကုန်သိသွားလိမ့်မယ်။ ဒါဆိုရင် ဘယ်လိုလုပ် နောက်တစ်ကြိမ် ကျင့်ကြံလို့ရမှာလဲ"

ယွမ်ရှောင်က ခေါင်းမော့၍ အတွေးနက်နေပြီး နတ်ဆိုးကိုယ်ပွားနှင့် သွေးကျွန်သည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် မူလကိုယ်သာ ဆက်၍ မတိုးတက်လျှင် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ တက်နိုင်မည် မဟုတ်ချေ။ ပိုမို သန်မာလာရန် လိုအပ်သောကြောင့် အထောက်အကူ ဖြစ်သော တတိယအကြိမ်ကို သူက မလွဲချော်လိုပေ။

"ချန်ရီရဲ့ တတိယအကြိမ်မှာ ဘာတွေ ဖြစ်သွားလဲ မင်း သိတယ်နော်"

"ငါ သတိထားပါ့မယ်။ လန်ရီကိုတော့ အသေမခံတော့ဘူး"

"တကယ်လား။ ချန်ရီရဲ့ ဝိညာဥ်ကျောက်က အမှတ်တရလား ဒါမှမဟုတ် လန်ရီကို သတ်ပစ်မယ့် ချန်ရီလား ဆိုတာ မင်း သေချာရဲ့လား"

ကြယ်ပြာက လေးနက်စွာ မေးခွန်းထုတ်သည်။

"သေချာတယ်"

"ဒါက သေချာတာ မဟုတ်ဘူး။ ဒီလိုဖြစ်လာဖို့ မင်း မျှော်လင့်ထားတာပဲ။ နှစ်ယောက်လုံးကို လက်မလွှတ်နိုင်တော့ ဒါကပဲ လန်ရီရော ချန်ရီကိုပါ ကယ်တင်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလို့ တရားသေ မှတ်နေတာမလား"

"လူသားတွေရဲ့ နက်ရှိုင်းတဲ့ ခံစားချက်တွေကို မင်းနားမလည်ဘူး။ ချန်ရီက လန်ရီရဲ့ အိပ်မက်ထဲမှာပဲ ရှိနေတယ်"

"တော်စမ်းပါကွာ။ ရှေးဟောင်းအင်မော်တယ်ဘိုးဘေးက မင်းနဲ့ လိုက်ညှိပေးနေတာရော မဖြစ်နိုင်ဘူးလား"

ကြယ်ပြာက ဖြစ်နိုင်ချေအားလုံးကို တွက်ချက်ပြနေသည်။ သို့သော် ၎င်း မည်မျှ ဖြောင်းဖြပါစေ၊ ယွမ်ရှောင်သည် ယုံကြည်ချက်ကို စွန့်လွှတ်မည် မဟုတ်ပေ။ သူ၏ မျက်ဝန်းများတွင် ဖြူစင်ရိုးသားသော သိုင်းကျင့်ကြံသူ မိန်းကလေးတစ်ယောက်နှင့် ကြီးစိုး၍ သြဇာအာဏာ ကြီးမားသော ဘုရင်မတစ်ယောက်က ထပ်တူကျနေခဲ့၏။

"အဓိကအနေနဲ့ ကျောက်ရန်ရန် ရှိနေရင် အစ်ကိုကြီးက အဆင်ပြေတယ်ကွ။ ကြယ်ပြာ ဘာမှ သိပ်ပြီး စဥ်းစားမနေနဲ့ "

ထိုအချိန်တွင် တိတ်တဆိတ် နားထောင်နေသော လနီက ယွမ်ရှောင်၏ ဆန္ဒကို နားလည်နေသည့်အလား ဝင်ပြောလိုက်လေသည်။

All Chapters