← Chapters

ပင်လယ်တစ်ခုလုံးက ငါ့ နယ်မြေပဲ

Vol. 41 Ch. 501

ပင်လယ်တစ်ခုလုံးက ငါ့ နယ်မြေပဲ

Vol. 41 Ch. 501

ရုံးခန်းထဲသို့ လျူယောင် ဝင်လာပြီးနောက် သက် တောင့်သက်သာရှိလှသော ဆိုဖာထိုင်ခုံကြီးပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

သို့ပေမဲ့ သူ၏ စားပွဲပေါ်တွင် အစီအရီရှိနေသော အ ရေးကြီးစာရွက်စာတမ်းများနှင့် အစီရင်ခံစာများကို မူ သူ စိတ်မဝင်စားနိုင်သေးပေ။

လျူယောင် စိတ်ထဲမှ တွေဝေစွာ ရေရွတ်လိုက်သ ည်။

"ဒီလူ ထွက်ပြေးလွတ်မြောက်သွားတာလည်း ဖြစ်နို င်တာပဲ..ဒါပေမဲ့ သေချာတော့ မပြောနိုင်သေးဘူး.."

အကြောင်းရင်းမှာ ထိုလူသတ်သမားသည် ကမ္ဘာ့ထိ ပ်တန်း လူသတ်သမား ဆယ်ဦးစာရင်းဝင် တစ်ယော က်ဖြစ်နေ သောကြောင့်ပင်။မည်သည့် စစ်ဆင်ရေး ကိုမျှ မလုပ်ဆောင်မီ ထွက်ပြေးရမည့် လမ်းကြောင်း အပါအဝင် ဖြစ်နိုင်ခြေရှိသမျှ အခက်အခဲအားလုံး ကို ကြိုတင်တွက်ဆထားတတ်သည့် အကျင့်က ၎င် းထံ၌ ရှိလောက်ပေမည်။

လျူယောင် ထိုသို့ စဉ်းစားနေစဉ်မှာပင် ကျိန့်ကန်းက စိတ်ပျက်အားငယ်နေသည့် မျက်နှာပေးဖြင့် တံခါး အား ဝုန်းခနဲဖွင့်ကာ ဝင်လာခဲ့သည်။

"သူဋေး... အဲဒီလူ လွတ်သွားပြီဗျာ.."

လျူယောင် အနည်းငယ် အံ့အားသင့်သွားပြီး ခပ်မြ န်မြန် မေးလိုက်၏။

"အမ် ဒီလူ ဘယ်လိုဖြစ်ပြီး လွတ်သွားရတာလဲ.."

"အဲဒီလူက ဆိုင်ကယ်ကို ရူးသွပ်စရာ ကောင်းလော က်အောင် မောင်းတာ သူဋေးရ.. မနက်ခင်း အလုပ် သွားချိန် လူအုပ်ကြီးကြားထဲမှာ အဲ့လူက ကျွန်တော် တို့ လိုက်မမီအောင် လုပ်သွားတာ..ကျွန်တော်တို့ ဆို င်ကယ်နှစ်စီးပဲ အမှီ လိုက်နိုင်ခဲ့တယ်"

ကျိန့်ကန်းက ရှင်းပြလိုက်သည်။

"ပိုပြီး ရှင်းရှင်းပြောရရင် အဲဒီလူရဲ့ဆိုင်ကယ်မောင်း နှင်မှုစွမ်းရည်က တကယ့်ကို ထူးချွန်လွန်းတယ်ဗျာ.. ကျွန်တော်တို့ လူတွေက အမြဲတမ်း ခြေလှမ်းတစ်လှ မ်း နောက်ကျနေခဲ့တာ..နောက်ပြီး သူက အနီးဆုံး ဆိပ်ခံတံတားကို ရွေးပြီး အဲဒီမှာ မော်တော်ဘုတ်တ စ်စီးကိုလည်း ကြိုတင်ပြင်ဆင်ထားပြီးသား သူဋေး ရ.."

"အခု အဲ့လူက မော်တော်ဘုတ်နဲ့ ပင်လယ်ထဲကို ထွ က်ပြေးသွားပြီ..ဟိုမှာ သူ့ကို လာကြိုမယ့်လူ ရှိ မရှိ တော့ မသေချာဘူး..ဒါပေမဲ့ ကျွန်တော့်အထင်တော့ ဒီလူ ပင်လယ်ထဲမှာပဲ တစ်ယောက်ယောက်နဲ့ ချိတ် ဆက်မိသွားနိုင်တယ်.."

လျူယောင်က မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

"ရဲတွေရဲ့ ရဟတ်ယာဉ်ကော... ထွက်ခွာသွားပြီလား"

"ဒီတစ်ခါတော့ ရဲတွေ ပေါ့ဆသွားတယ်..သူဋေး .. ရ ဟတ်ယာဉ်က နည်းနည်း နှေးနေတယ်..မဟုတ်ရင် တော့ သေမင်းရဲ့ ဆိုင်ကယ်မောင်းနှင်မှုစွမ်းရည် ဘ ယ်လောက်ကောင်းကောင်း ရဟတ်ယာဉ်ရဲ့ အရှိန်ကို လွတ်မှာမဟုတ်ဘူး..အခုချိန်ဆိုရင်တော့ ရဲတွေရဲ့ ရ ဟတ်ယာဉ်က ဆိပ်ခံတံတားကိုရောက်ပြီး လိုက်လံ နေလောက်ပါပြီ..သူဋေး.."

ကျိန့်ကန်းက ရှည်လျားစွာ ဆက်ပြောပြီးနောက် အ မိန့် တောင်းခံလိုက်သည်။

"သူဋေး. ကျွန်တော်တို့လူတွေကို မော်တော်ဘုတ်နဲ့ လိုက်ခိုင်းမလား"

လျူယောင်က လက်ကာပြရင်း အေးဆေးစွာ ပြန် ဖြေလိုက်၏။

"မလိုဘူး..ဒီ လူသတ်သမားက ပင်လယ်ထဲ ရောက် သွားရင်တောင် လွတ်မှာမဟုတ်ပါဘူး..ရဲနဲ့ပဲ မင်း အဆက်အသွယ် လုပ်ထားလိုက်ပါ..ငါတို့လူတွေ လို က်စရာ မလိုဘူး"

"ဟုတ်ကဲ့ပါ သူဋေး.."

ရုံးခန်းထဲမှ ကျိန့်ကန်း ထွက်လာစဉ်မှာပင် သူဋေးက ဘာကြောင့် ဒီလောက်ထိ ယုံကြည်မှု ရှိနေရသလဲ ဆိုသည်ကို သူ တွေးမရသော်လည်း သူဋေး ၏အမိ န့်ကိုသာ တသွေမတိမ်း လိုက်နာလိုက်သည်။

လျူယောင် ယုံကြည်မှု အပြည့်ရှိနေသည်မှာ အဆန် းမဟုတ်ပေ။အကြောင်းရင်းမှာ ပင်လယ်တစ်ခုလုံး သည် သူ၏ နယ်မြေဖြစ်နေသောကြောင့်ပင်။

လူသတ်သမားသည် ပင်လယ်ထဲသို့ ထွက်ပြေးသွား ခြင်းဖြစ်ရာ ပင်လယ်ပြင်တွင် တစ်စုံတစ်ယောက်က သူ့ကို လာခေါ်သွားလျှင်ပင် လွတ်မြောက်ရန်မှာ မ ဖြစ်နိုင်ပေ။အခုတော့ ပင်လယ်သည် ၎င်း၏ သင်္ချိုင် းကုန်းသာ ဖြစ်လာနိုင်ပေသည်။

ကျိန့်ကန်း ထွက်သွားပြီးနောက် လျူယောင်သည် လိပ်ကြီးနှင့် ဆက်သွယ်ကာ အခြေအနေကို အတိုချု ပ် ရှင်းပြလိုက်သည်။

"ဘာ..တစ်ယောက်ယောက်က သခင့်ကို လုပ်ကြံဖို့ ကြိုးစားတာလား..ဒါ... ဒါ ဘယ်လိုမှ မဖြစ်သင့်ဘူး အဲ့လူက မကောင်းဆိုးဝါးပဲ...

လိပ်ကြီးသည် ရုတ်တရက် အလွန်အမင်း ဒေါသထွ က်သွား၏။လျူယောင်၏ အမိန့်ကိုပင် မစောင့်ပဲ ချ က်ခြင်းဆိုသလိုပင် ပြောလိုက်သည်။

"ကျွန်တော် သခင့်ဆီကို အခုချက်ချင်း လာခဲ့မယ်.."

လိပ်ကြီး၏ လက်ရှိနေရာမှာ ဟွာဟိုင်းမြို့နှင့် သိပ်မ ဝေးလှပေ။သူ၏ အမြန်နှုန်းဖြင့်ဆိုလျှင် အများဆုံး နှစ်နာရီအတွင်း ရောက်နိုင်ပေသည်။ထို့အပြင် သေ မင်းဆိုသူသည် မော်တော်ဘုတ်ဖြင့် ပင်လယ်ထဲသို့ အသည်းအသန် ထွက်ပြေးနေခြင်းဖြစ်ရာ လိပ်ကြီး နှင့် တွေ့ရန်မှာ အချိန် နှစ်နာရီပင် ကြာလိမ့်မည် မဟု တ်ပေ။

ပင်လယ်ရေအောက် မီတာဆယ်ဂဏန်းအနက်တွင်မူ လိပ်ကြီးသည် ဟွာဟိုင်းမြို့ဘက်သို့ လျင်မြန်စွာ ကူ းခတ်လာနေ၏။သူ၏ အရှိန်မှာ တစ်နာရီလျှင် ရေ မိုင် ၄၀၀ ကျော်အထိရှိရာ ဝေဟင်ရှိ လေယာဉ်တစ်စ င်းနီးပါးလောက် မြန်ဆန်ကာ ကျည်ဆန်ရထားထက် ပင် အဆပေါင်းများစွာ ပိုမြန်နေသည်။

တန်ချိန်ရာပေါင်းများစွာ လေးလံသည့်အပြင် ဉာဏ် ရည်မြင့်မား၍ လူသားများနှင့် ဆက်သွယ်နိုင်သော ဤလိပ်ကြီး၏ ဖြစ်တည်မှုမှာ သိပ္ပံပညာဖြင့် ရှင်းပြ ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်သလောက်ပင်။

........

ပင်လယ်ရေပြင်ပေါ်၌

ရှောင်ဘင်း ခေါ် သေမင်းသည် မော်တော်ဘုတ်ကို လျှပ်စီးလျှပ်သကဲ့သို့ မောင်းနှင်နေပြီး စက်၏ အရှိ န်အား အဆုံးစွန်ထိ တင်ထား၏။နောက်သို့ သူ လှည့် ကြည့်လိုက်သောအခါ ကမ်းရိုးတန်းကိုလည်း မမြင် ရတော့သလို ဆိပ်ကမ်းကိုလည်း မမြင်ရတော့ပေ။

ထိုအခါမှ ရှောင်ဘင်း တစ်ယောက် စိတ်အေးသွားရ သည်။

သူသည် လက်ကိုမြှောက်ကာ အချိန်ကို စစ်ကြည့်လို က်၏။နောက်ထပ် မိနစ် ၃၀ သို့မဟုတ် တစ်နာရီ အ တွင်း သူ့ကို လာကြိုမည့်သူများနှင့် ဆုံတွေ့နိုင်မည် ဖြစ်ကြောင်း သူသိလိုက်သည်။ထို့နောက် အထူးဖုန်း အား ကောက်ကိုင်ကာ လှိုင်းနှုန်းချိန်ညှိ၍ သူ စတင် ခေါ်ဆိုလိုက်သည်။

"ဟယ်လို ရှောင်ဘင်း ခေါ်နေပါတယ် ..အမကြီးသို က်ကို ရှောင်ဘင်း ခေါ်နေပါတယ်.."

အကြိမ်အနည်းငယ် သူ ပြောပြီးနောက် ဖုန်းထဲမှ အ သံတစ်သံ ထွက်ပေါ်လာ၏။

"ငါ အမကြီးသိုက်ပဲ..သတ်မှတ်ထားတဲ့ ပင်လယ်ဧရိ ယာမှာ အသင့်စောင့်နေပါတယ်..အမြန်လာခဲ့ပါ.."

ထိုစကားကြောင့် ရှောင်ဘင်းမှာမူ လုံးဝ စိတ်အေး သွားရ၏။

"စိတ်မပူပါနဲ့ အမကြီးသိုက်..ကျွန်တော် နောက် မိနစ် ၃၀ ကျော်လောက်ဆို ရောက်ပါပြီ.. ကြိုဆိုဖို့ အဆင် သင့်ပြင်ထားပါ"

ဤကဲ့သို ပြန်ပြောပြီးနော် လမ်းညွှန်ချက်အတိုင်း အ ရှိန်ပြင်းစွာ ရှောင်ဘင်း မောင်းလာခဲ့သည်။သို့ပေမဲ့ မိနစ်အနည်းငယ် ကြာသောအခါ၌ စိတ်အေးလက် အေး ရှိနေသော ရှောင်ဘင်း၏ မျက်နှာ အမူအရာ မှာ ရုတ်တရက် ပျက်ယွင်းသွား၏။

သူ အနောက်သို့ လှည့်ကြည့်လိုက်ရာ သူ့ဘက်သို့ ဦး တည်ပျံသန်းလာသော ရဟတ်ယာဉ်တစ်စင်းအား တွေ့လိုက်ရသောကြောင့်ပင်။ရှောင်ဘင်း၏ နှလုံး သားထဲကနေ ထိတ်ခနဲ ဖြစ်သွားပြီး ရေငုပ် ဝတ်စုံအ ား ခပ်မြန်မြန်ပင် သူ ဝတ်ဆင်လိုက်သည်။

သူသည် အမြဲတမ်း အစီအစဉ် (B)အား ပြင်ဆင်ထာ းတတ်သူဖြစ်ရာ ရဟတ်ယာဉ် လိုက်လာလျှင် ရေ ထဲငုပ်၍ ထွက်ပြေးရန် ကြိုတင် စီစဉ်ထားပြီးသား ဖြစ်၏။ရေငုပ်ဝတ်စုံများအား သူဝတ်ဆင်ပြီးချိန်၌ ရဟတ်ယာဉ်မှာမူ သူ၏ ခေါင်းပေါ်သို့ ရောက်နေပြီ ဖြစ်ကာ သူနှင့်ဆို မီတာ ၁၀၀ ကျော် အမြင့်တွင်သာ ကွာဝေးတော့သည်။

"ရှေ့က မော်တော်ဘုတ် .. ချက်ချင်းရပ်ပြီး စစ်ဆေး တာကို ခံယူပါ.. ထပ်ပြောမယ်... ခုချက်ချင်းရပ်ပေး ပါ.." ရဲများ၏ အော်သံများက ဟိန်းထွက်လာသည် ။

ရှောင်ဘင်းမှာမူ ထိုအသံများအား မကြားချင်ယော င်ဆောင်ကာ အရှိန်အပြည့်ဖြင့်သာ ရှေ့သို့ ဆက်မေ ာင်းနေ၏။တစ်ဖက်တွင်လည်း သူသည် ရဟတ်ယ ာဉ်၏ အခြေအနေအား အကဲခတ်နေပြီး ရဟတ်ယ ာဥ်ပေါ်မှ သေနတ်များဖြင့်ပစ်ခတ်လာသည်နှင့် ရေ ထဲသို့ ခုန်ဆင်းရန် သူပြင်ဆင်ထားသည်။

ရေမငုပ်မီ၌ လာကြိုမည့်သူအား ရှောင်ဘင်း ထပ်မံ အကြောင်းကြားလိုက်၏။

"ရှောင်ဘင်း ခေါ်နေပါတယ်... အခြေအနေ ပြောင်း သွားပြီ.. ယန်နိုင်ငံ ရဟတ်ယာဉ်က ကျွန်တော့်ကို မိ သွားပြီ.. ကျွန်တော် အခု ရေငုပ်တော့မယ်.. အစီအ စဉ် နံပါတ် (၂) အတိုင်း ဆက်လုပ်ပါ့မယ်.."

"လက်ခံရရှိပါတယ်... အစီအစဉ် (၂) အတိုင်း ဆက် သွားကြမယ်.."

ထိုသို့ အဆက်အသွယ် လုပ်ပြီးနောက် ရှောင်ဘင်း သည် မော်တော်ဘုတ်အရှိန်အား လျှော့မချဘဲ ဆက် လက် မောင်းနှင်နေသည်။ရဟတ်ယာဉ်ပေါ်တွင်မူ ရဲ အရာရှိများက စောင့်ကြည့်နေကြသည်။

"ဗိုလ်ကြီး...ဒီလူ ရပ်တန့်မယ့်ပုံ မပေါ်ဘူးဗျ.."

အထူးရဲတပ်ဖွဲ့ မှ ဗိုလ်ကြီးက ချက်ခြင်းပင် အမိန့်ပေ း လိုက်၏။

"ရှောင်လီ... အဲ့လူကို သတိထပ်ပေးလိုက်..မရပ်ရင် ပစ်မယ်လို့ ပြောလိုက်.."

"အောက်ကလူ နားထောင်ပါ...မော်တေယ်ဘုတ်ကို ချက်ချင်းရပ်ပါ..မဟုတ်ရင် ကျွန်တော်တို့ ပစ်ရပါလိမ့်မယ်.."

သို့ပေမဲ့ မော်တော်ဘုတ်ကတော့ တုပ်တုပ်မျှ မလှုပ် ဘဲ ရှေ့သို့သာ ဆက်မောင်းနေဆဲပင်။

"ရှောင်ကျန်း..ပစ်လိုက်တော့.." ဗိုလ်ကြီး၏ အော်သံ နှင့်အတူ စက်သေနတ်သံများ ထွက်ပေါ်လာသည်။

"ဒက်..ဒက်..ဒက်..ဒက်.."

ကျည်ဆန်တချို့မှာ ရေပြင်ကို ထိမှန်ကာ ရေပွက်မျ ား ထသွားသလို တချို့မှာမူ မော်တော်ဘုတ်၏ ကို ယ်ထည်အား ဖောက်ထွက်သွား၏။ထိုအခြေ အနေ ကို မြင်သည်နှင့် ရှောင်ဘင်းသည် ကြိုတင်ပြင်ဆင် ထားသော ဖောက်ခွဲရေးခလုတ်အား နှိပ်ကာ ပင်လ ယ်ထဲသို့ ခုန်ချလိုက်ပေသည်။

"ဝုန်း.."

ရေအနက်ပိုင်းသို့ သူ ငုပ်ဆင်းလာစဉ် ရေပြင်အား ဖြတ်သန်းလာသည့် ကျည်ဆံ လမ်းကြောင်းများအာ း ဆယ်မီတာ အကွာအဝေးမှနေ၍ ရှောင်ဘင်း လှ မ်းမြင်နေရ၏။

All Chapters