← Chapters

ပြောင်ပြသွားခြင်း

Vol. 41 Ch. 502

ပြောင်ပြသွားခြင်း

Vol. 41 Ch. 502

"ဗိုလ်ကြီး ဟိုလူ..ဟိုလူ.. ပင်လယ်ထဲ ခုန်ချသွားပါပြီ ..”

အဖွဲ့ဝင်တစ်ဦး၏ အော်သံကြောင့် အထူးရဲတပ်ဖွဲ့မှ ဗိုလ်ကြီး၏ မျက်နှာမှာမူ ပျက်ယွင်းသွား၏။

"ဘာ..ထွက်ပြေးသွားတာလား.."

ဒေါသကို မထိန်းနိုင်တော့သည့် ဗိုလ်ကြီးသည် စက် သေနတ်ကို ကိုယ်တိုင်ဆွဲယူကာ ပင်လယ်ပြင်ထဲသို့ ကျည်ဆန်ကုန်သည်အထိ တရစပ် ပစ်ခတ်လိုက်သ ည်။သို့ပေမဲ့ လူသတ်သမားမှာမူ ပင်လယ်ပြင်ကျယ် ကြီးထဲတွင် ပျောက်ကွယ်သွားပြီပဲ ဖြစ်၏။

"တောက်..ဒီလိုဖြစ်မယ်မှန်းသိရင် အစောကြီးကတ ည်းက အသေပစ်သတ်လိုက်ရမှာကွာ.."

ဗိုလ်ကြီးသည် နောင်တကြီးစွာဖြင့် ကျိန်ဆဲနေသော် လည်း အရာရာမှာ နောက်ကျသွားခဲ့၏။မိမိတို့မျက် စိရှေ့တွင်ပင် လူသတ်သမား လွတ်မြောက်သွားခြင်း မှာ အထူးရဲတပ်ဖွဲ့ဝင်များအတွက် အကြီးမားဆုံး သော အရှက်ရမှုနှင့် စိတ်ပျက်မှုပင် ဖြစ်ပေသည်။

ထိုစဉ်မှာပင်..

"အုန်း.."

ကျယ်လောင်လွန်းသော ပေါက်ကွဲသံကြီးနှင့်အတူ လူသတ်သမား မောင်းလာခဲ့သည့် အော်တော်ဘုတ် သည် အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။ယခု တော့ သက်သေအထောက်အထားဟူ၍ ဘာမျှ မကျ န်တော့ဘဲ အားလုံး ပြာကျသွားပေသည်။

"ဗိုလ်ကြီး... ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ"

ဗိုလ်ကြီးဆိုသူသည် သက်ပြင်းကို လေးလံစွာချရင်း ကွပ်ကဲရေးစင်တာသို့ အစီရင်ခံလိုက်၏။

"ဟူး..ခေါင်းဆောင်... ကျွန်တော် အပြစ်ခံယူဖို့ အသ င့်ပါပဲ..လူသတ်သမားက...လွတ်မြောက်သွားပါပြီ.."

ထိုသတင်းကြောင့် ဟွာဟိုင်းမြို့မှ အထူးရဲတပ်ဖွဲ့ ကွ ပ်ကဲရေးစင်တာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား သည်။အဆင့်မြင့်အရာရှိကြီးများ၏ မျက်နှာများမှာ လည်း ဒေါသကြောင့် ကြည့်မကောင်းအောင် ဆိုးရွာ းနေ၏။

ရဲဌာနအကြီးအကဲမှာမူ နေရာမှာတင် ဒေါသပေါက် ကွဲကာလက် အောက်ငယ်သားများအား ဆူပူကြိမ်း မောင်းနေပေသည်။

"မင်းတို့ ဘာတွေလုပ်ခဲ့ကြတာလဲ..ငါက မစ္စတာလျူ ကို ဘယ်လိုမျက်နှာနဲ့ သွားပြောရမလဲ.."

မစ္စတာလျူဆိုသည်မှာ ဤဟွာဟိုင်းမြို့တွင် ဩဇာ တိက္ကမကြီးမားသည့် ယူနီဗာဆယ်လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌပင် ဖြစ်၏။သူ့ကို လုပ်ကြံရန် ကြိုးစားသည့် လူသတ်သမားအား လက်လွတ်စပယ် လွှတ်ပေးလို က်ရခြင်းသည် ရဲဌာနအကြီးအကဲအတွက် အမှန်တ ကယ်ပင် ရှက်စရာကောင်းနေသည်။

……

ပင်လယ်ပြင်ပေါ်တွင်မူ ရဲတပ်ဖွဲ့မှ ရဟတ်ယာဉ်သည် မထွက်ခွာသေးဘဲ မီတာရာဂဏန်းအမြင့်၌ ပျံဝဲနေ ၏။

"ခဏစောင့်ဦး..အဲဒီ့လူ ပေါ်လာတာနဲ့ ချက်ချင်းပစ် . ."

ဗိုလ်ကြီးမှာ ဤကဲ့သို့ အမိန့်ပေးလိုက်သော်လည်း သေမင်းကဲ့သို့ ကမ္ဘာ့ထိပ်တန်းလူသတ်သမားတစ်ဦး သည် ထိုကဲ့သို့ ကလေးကွက်လေးအား လုပ်ပြမည် မဟုတ်ကြောင်း သူကိုယ်တိုင်လည်း သိနေသည်။

ရေအောက်မှ မျက်နှာပြင်နှင့် မီတာဆယ်ဂဏန်း အ နက်တွင်မူ သေမင်းခေါ်ရှောင်ဘင်းသည် ရော်ဘာ ရေငုပ်ဝတ်စုံနှင့် အောက်စီဂျင်ဘူးအား လွယ်ထား ကာ အေးအေးလူလူ ရေကူးနေ၏။သူသည် ဘာကို မျှ စိုးရိမ်ပူပန်ခြင်း မရှိပေ။

ဤမျှ နက်ရှိုင်းသော ရေအောက်တွင် သေနတ်ကျည် ဆန်များပင် သူ့ကို မထိခိုက်နိုင်ကြောင်း ရှောင်ဘင်း သိနေသည်။မိနစ် ၃၀ ခန့်အကြာ၌ ရှောင်ဘင်းသည် ကီလိုမီတာ အနည်းငယ်အကွာအဝေးထိ ရောက်ရှိ လာ၏။

ထိုစဉ်မှာပင် သိပ်မဝေးသော ရေအောက်၌ ဧရာမ အရိပ်မည်းကြီးတစ်ခု ရွေ့လျားလာနေသည်။၎င်းသ ည် အဖွဲ့အစည်းမှ သူ့ကို လာရောက်ကြိုဆိုသည့် ရေ ငုပ်သင်္ဘောပင် ဖြစ်၏။၎င်းရေငုပ်သင်္ဘောသည် ဖြ ည်းဖြည်းချင်း ရေပေါ်သို့ ပေါ်ထွက်လာပြီးနောက် အ ဖုံးပွင့်လာကာ လူတစ်ယောက် ထွက်လာသည်။

ရှောင်ဘင်းသည်လည်း ထိုလူ၏ အကူအညီဖြင့် ရေ ငုပ်သင်္ဘောအတွင်းသို့ အမြန်ဝင်လိုက်၏။နှစ်ကီလို မီတာခန့် အကွာအဝေးရှိ ရဟတ်ယာဉ်ပေါ်မှ မှန်ဘီ လူးဖြင့် ကြည့်နေသည့် ရဲသားက အလျင်အမြန် အော်ပြောလိုက်သည်။

"ဗိုလ်ကြီး..၃ နာရီဘက်မှာ ရေငုပ်သင်္ဘောတစ်စီး ရှိ နေတယ်.."

"ဘာ..ရေငုပ်သင်္ဘော ဟုတ်လား.."

ဗိုလ်ကြီးမှာမူ ၎င်းသည် ရေတပ်ကများလားဟု ထင် မှတ်လိုက်သော်လည်း တစ်ခုခုကို ရိပ်မိသွားကာ ချ က်ခြင်းပင် အမိန့်ပေးလိုက်၏။

"အရှိန်တင်ပြီး အဲဒီဘက်ကို မြန်မြန်မောင်း.."

ရဟတ်ယာဉ်သည်လည်း ရေငုပ်သင်္ဘောရှိရာ နေရာ သို့ လျှပ်တစ်ပြက် ရောက်ရှိလာသည်။ရဟတ်ယာဥ် ပန်ကာများမှ တိုက်ခတ်သောလေကြောင့် ရေပြင်တွ င် လှိုင်းလုံးကြီးများ ထလာ၏။ဗိုလ်ကြီးက မှန်ဘီလူ းဖြင့် သေချာကြည့်လိုက်ရာ ရော်ဘာရေငုပ်ဝတ်စုံ ဝတ်ဆင်ထားသည့် ရေငုပ်သမားတစ်ဦးမှာ ရေငုပ် သင်္ဘောပေါ် တက်နေသည်အား သူ မြင်လိုက်ရသ ည်။

"အဲဒါ သေမင်းပဲ သေချာတယ်.. ဒီလူပဲ.."

ထိုစဉ်မှာပင် ဗိုလ်ကြီးကို ပို၍ ဒေါသထွက်စေသည့် အမူအရာတစ်ခုကိုပါ လူသတ်သမားက လုပ်ပြလို က်၏။သေမင်းသည် သူ၏ မျက်မှန်ကို ချွတ်လိုက် ကာ ရဟတ်ယာဉ်ပေါ်မှ ရဲများအား အောင်ပွဲခံသည့် အမူအရာဖြင့် လှောင်ပြောင်လိုက်သည်။

"ဒိန်း.."

ထို့နောက် တံခါးအဖုံးအား အသံမြည်အောင် ပိတ် လိုက်ကာ ရေငုပ်သင်္ဘောထဲ ဝင်လိုက်၏။

"တောက်..အဲဒီကောင် တကယ် စိန်ခေါ်သွားတာပဲ.."

"ဒက်..ဒက်..ဒက်..ဒက်"

ဗိုလ်ကြီးသည်လည်း ဒေါသတကြီးဖြင့် စက်သေန တ်ကို ဆွဲယူကာ ပစ်ခတ်လိုက်သော်လည်း ကျည်ဆ န်များမှာမူ ရေငုပ်သင်္ဘော၏ သံမဏိကိုယ်ထည်အာ းထိုးမဖောက်နိုင်ဘဲ လွင့်စင်ကုန်ကြသည်။

ရေငုပ်သင်္ဘောသည်လည်း ရေအောက်သို့ ဖြည်းဖြ ည်းချင်း ပြန်လည်ငုပ်လျှိုးကာ ပျောက်ကွယ်သွား၏ ။အထူးရဲတပ်ဖွဲမှ ဗိုလ်ကြီးသည် ဘာမှမတတ်နိုင်သ ည့်အဆုံး ရဟတ်ယာဉ်တံခါးအား လက်သီးဖြင့် ပြင် းပြင်းထန်ထန် ထုရိုက်ရင်း ကျန်ရစ်ခဲ့သည်။

"သူဋေး.. ရဲဘက်က အစီရင်ခံစာ ရောက်လာပါပြီ. . သေမင်းဆိုတဲ့လူက ရေငုပ်သင်္ဘောတစ်စီးနဲ့ ထွက် ပြေးသွားတာပါခဗျ.."

ကျိန့်ကန်းသည် လျူယောင်၏ ရုံးခန်းထဲသို့ စိတ်ပျ က်အားငယ်စွာဖြင့် ဝင်လာကာ အစီရင်ခံလိုက်၏။

"ကျွန်တော့်ကို အပြစ်ပေးပါသူဋေး.. ဒါပေမဲ့ သူဋေး စိတ်မပူပါနဲ့ ကျွန်တော်တို့ အဲ့ကောင်ကို တစ်ကမ္ဘာ လုံးလိုက်လံ ရှာဖွေသွားမှာပါ"

သို့ပေမဲ့ ကျိန့်ကန်းအား အံ့သြစေသည်မှာ သူဋေး၏ တုံ့ပြန်မှုပင်။လျူယောင်သည် ဒေါသထွက်ခြင်း၊စိ တ်ပျက်ခြင်း အလျဉ်းမရှိဘဲ အလွန်ပင် တည်ငြိမ်နေ ကာ အေးအေးဆေးဆေး ပြောလိုက်သည်။

"ရဲက ပို့လိုက်တဲ့ အချက်အလက်တွေ ငါ့ကို ပြ"

အစီရင်ခံစာကို သေချာဖတ်ကြည့်ပြီးနောက် လျူ ယောင် မှတ်ချက်ပေးလိုက်၏။

"ဒီအဖွဲ့အစည်းက တကယ်ကို မရိုးသားဘူးပဲ.. သေ မင်းကို လာခေါ်တာ M နိုင်ငံထုတ် ရေငုပ်သင်္ဘောပဲ"

ကျိန့်ကန်းက မျက်နှာ ညိုးငယ်စွာနှင့် ရှင်းပြလိုက် သည်။

"ဟုတ်ပါတယ် သူဋေး အဲ့ဒါက ၁၉၆၀ ပြည့်လွန်နှစ် တွေက ထုတ်လုပ်ခဲ့တဲ့ အကြီးဆုံးနဲ့ အဆင့်မြင့်ရိုးရာ စွမ်းအင်သုံး ရေငုပ်သင်္ဘောမျိုးပါခဗျ..ရေပေါ် ပြန် မတက်ဘဲ လပေါင်းများစွာ ခရီးသွားနိုင်လို့ ရှာဖွေဖို့ ကတော့ တကယ် ခက်ခဲပါလိမ့်မယ်ခဗျ.."

သို့ပေမဲ့ လူသတ်သမား ထွက်ပြေးလွတ်မြောက်သွာ းခြင်းအပေါ် သူဋေးက အဘယ်ကြောင့် ဤမျှ စိ တ်အေးလက်အေး ဖြစ်နေရသနည်းဆိုသည်ကိုမူ ကျိန့်ကန်းမှာ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေရ ၏။

All Chapters