တစ်ပေါက်တည်းဆို လုံလောက်ပြီ
Vol. 41 Ch. 503
ကျိန့်ကန်းမှာမူ စိတ်မထိန်းနိုင်တော့ဘဲ လျူယောင့် အား မေးမြန်းလိုက်၏။
"သူဋေး..လူသတ်သမားက ရေငုပ်သင်္ဘောနဲ့ လွတ် မြောက်သွားတာကို သူဋေးက ဘာလို့ စိတ်မဆိုးတာ လဲဗျ.."
လျူယောင်က အေးအေးဆေးဆေးပင် ပြုံးကာ ပြန် မေးလိုက်သည်။
"မင်းကော ဘယ်လိုထင်လဲ.."
"သူဋေးက ကျွန်တော်တို့ ဝံပုလွေအဖွဲ့ကို ယုံကြည်မှု ရှိလို့ နေမှာပါ. လူသတ်သမားက ခဏလောက်ထွက် ပြေးသွားနိုင်ပေမဲ့ ကျွန်တော်တို့ အဲ့လူကို ပြန်ရှာနိုင် မယ်လို့ ယုံကြည်နေလို့ မဟုတ်ဘူးလား.."
လျူယောင်က ခေါင်းခါပြလိုက်၏။
"မဟုတ်ဘူး"
ကျိန့်ကန်း၏ မျက်နှာပေါ်တွင် အံ့သြသွားသည့် အရိ ပ်အယောင်များ ယှက်သန်းလာသည်။
"အမ် အကြောင်းရင်းက အဲ့ဒါမဟုတ်ဘူးလား"
လျူယောင်သည် ကျိန့်ကန်းအား သူ၏ လူယုံ တစ် ယောက်ဖြစ်သည့်အတွက် ပွင့်ပွင့်လင်းလင်းပင် ဆ က်ပြောပြလိုက်၏။
"လူသတ်သမားက ရေငုပ်သင်္ဘောပေါ် တက်သွားရင် ကော ဘာဖြစ်လဲ..ဒီကောင် ထွက်ပြေးနိုင်မှာ မဟုတ် ဘူး..ငါ့မှာ အဲဒီရေငုပ်သင်္ဘောကို နစ်မြှုပ်ပစ်ဖို့ နည်း လမ်းရှိတယ်.."
"အာ ဒါကြောင့်ကိုး.."
"သူဋေးမှာ ရေငုပ်သင်္ဘောကို နစ်မြှုပ်ပစ်နိုင်တဲ့ နည်း လမ်းရှိတာကိုး.."
"ဒါကြောင့်လည်း သူဋေးက ဒီလောက် စိတ်အေးလ က်အေး ရှိနေတာ မဆန်းတော့ပါဘူး.."
အခုမှပဲ ကျိန့်ကန်း၏ စိတ်ထဲ၌ ရှင်းရှင်း လင်းလင်း ရှိသွား၏။
.......
ရေငုပ်သင်္ဘောအတွင်းပိုင်းမှာတော့..
ရှောင်ဘင်းသည် ရေငုပ်သင်္ဘောထဲသို့ ရောက်လာ သောအခါ အထဲမှ လူများက အားပေးသည့် လက် ခုပ်သံများဖြင့် ကြိုဆိုလိုက်ကြသည်။အရပ်ရှည်ရှ ည် လူဖြူတစ်ယောက်က သူ့နားသို့ လာပြီး လက်ဝါး ချင်းရိုက်ကာ နှုတ်ဆက်လိုက်၏။
"ဟားဟား..ရှောင်ဘင်း.. မင်း အခု လုံခြုံသွားပြီလာ ..ငါတို့. ဘီယာသောက်ရအောင်.."
သူသည် ရှောင်ဘင်းဆီသို့ ဖန်ခွက်တစ်လုံးအား ကမ် းပေးလိုက်ပြီး ဖန်ခွက်ချင်း တိုက်ကာ တစ်ရှိန်ထိုး မော့သောက်လိုက်ကြသည်။
ရှောင်ဘင်းက သက်ပြင်းချရင်း ပြောလိုက်၏။
"ဟူး..မစ်ရှင် ပျက်သွားတာ စိတ်မကောင်းဘူးကွာ.. လျူယောင်ကို သတ်နိုင်ခဲ့ရင် ကောင်းမှာပဲ..ဒါက ငါ့ရဲ့ လုပ်ငန်းတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ် ပစ်မှတ်လွဲချော်တာပဲ.."
လူဖြူက ရှောင်ဘင်း၏ ပခုံးအား ပုတ်ကာ နှစ်သိမ့် ပေးလိုက်သည်။
"ဘယ်သူမှ မလွဲဖူးဘူးဆိုတာ မရှိပါဘူးကွာ ..ငါ တောင် အရင်က လွဲခဲ့ဖူးတာပဲ..အရေးကြီးတာက မင်း ဘေးကင်းကင်း ပြန်ရောက်လာဖို့ပဲ..မင်းကို အဖွဲ့အစည်းက အများကြီး ရင်းနှီးမြှုပ်နှံပြီး ပျိုး ထောင်ထားတာ..ဒါကြောင့် မင်း ဘာမှမဖြစ်ဖို့က ပထမပဲ.."
ရှောင်ဘင်းလည်း ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။
"သေချာတာပေါ့...ငါတို့ အခု ဒီနေရာကနေထွက်ပြီး အခြေစိုက်စခန်းကို ပြန်ကြမယ်.."
"ယန်နိုင်ငံရဲ့ ရေတပ်က အတော်အားကောင်းတယ်. .ဒါကို..ငါတို့ သတိထားရမယ်..သူတို့ ရေပိုင်နက်ထဲ ကနေ အမြန်ဆုံး ထွက်သွားဖို့က အဓိကပဲ..ဒါပေမဲ့ မင်း..စိတ်မပူပါနဲ့..ငါတို့ ရေငုပ်သင်္ဘောရဲ့ နည်းပည ာက ကောင်းတယ်..ဒီလူတွေ ငါတို့ကို ရှာတွေ့မှာ မဟုတ်ဘူး.."
လူဖြူမှာမူ အလွန်ယုံကြည်မှု ရှိနေ၏။သူတို့သည် လက်ရှိတွင် ရေအောက်၌ ရှာဖွေရေးရေဒါအား ဖျေ ာက်ထားသည့် အနေအထားတွင် ရှိနေကြောင်း သူ သိနေသည်။ယန်နိုင်ငံ ရေတပ် အားကောင်းသည် ဆို ဦးတော့ ပင်လယ်ပြင်ကျယ်ကြီးထဲတွင် သူတို့ ရေငု ပ်သင်္ဘောအား ရှာတွေ့ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည် းပါးပေသည်။
ရေငုပ်သင်္ဘောအတွင်းရှိ လေထုမှာ အေးအေးချမ်း ချမ်း ရှိနေသောကြောင့် ရှောင်ဘင်းလည်း စိတ်သ က်သာရာ ရသွား၏။မကြာခင်မှာပင် သူသည် လုပ် ဖော်ကိုင်ဖက်များနှင့်အတူ ရယ်မောကာပျော်ရွှင်နေ လိုက်သည်။
.......
ရေငုပ်သင်္ဘောနှင့် မဝေးသော နေရာတွင်..
လိပ်ကြီးသည် ထိုပင်လယ်ဧရိယာသို့ ရောက်ရှိလာ ပေသည်။အစပိုင်းတွင် ပင်လယ်ရေမိုင် အနည်းငယ် အတွင်း သူ ရှာဖွေခဲ့သော်လည်း ဘာမှမတွေ့ရပေ။ လျူယောင်သည် အထူးရဲတပ်ဖွဲ့ ၏ ရဟတ်ယာဉ်မှ ရေငုပ်သင်္ဘော နောက်ဆုံး တွေ့ရှိခဲ့သည့် နေရာက လိပ်ကြီးအား ပြောပြလိုက်သည်။
သို့ပေမဲ့ မိနစ် ၄၀ ခန့် ကြာမြင့်သွားပြီ ဖြစ်သည့် အ တွက် ရေငုပ်သင်္ဘောအား ချက်ချင်း မတွေ့ရခြင်းမှာ ပုံမှန်ပင် ဖြစ်၏။လျူယောင်က ညွှန်ကြားလိုက်သ ည်။
"ဒါ ပုံမှန်ပဲ..ဒီလူတွေ တော်တော်ဝေးဝေးကို ရောက် နေလောက်ပြီ..မင်း ရှာဖွေတဲ့ ဧရိယာကို ထပ်ချဲ့လို က်ဦး.."
လိပ်ကြီးသည် လျူယောင်၏ အမိန့်အတိုင်း ရှာဖွေ သည့် ဧရိယာအား ချဲ့ကာ ဂရုတစိုက် ရှာဖွေနေခဲ့ သည်။လျူယောင်သည်လည်း တတိယအမြင် အား အဆက်မပြတ် ဖွင့်ထား၏။လိပ်ကြီးကို ဗဟိုပြုကာ နှစ်ကီလိုမီတာ ပတ်လည်အတွင်းရှိ ပင်လယ်ပြင်နှင့် ရေအောက်ပိုင်း တစ်ခုလုံးအား သူ ရှင်းရှင်းလင်းလ င်း မြင်နေရသည်။
ဤနေရာရှိ ရေအနက်မှာ မီတာ ၁၀၀ မှ ၂၀၀ ခန့်အ ထိ ရှိပြီး ပင်လယ်ကြမ်းပြင်အောက်မှာတော့ မညီမ ညာ ဖြစ်နေသည်ကို လျူယောင် တွေ့နေရသည်။
လိပ်ကြီး၏ ရေအောက်မှာ ကူးခတ်သည့် အမြန်နှု န်းမှာ အလွန်မြန်ဆန်ပေသည်။တစ်နာရီလျှင် ကီလို မီတာ ၃၀၀၊ ၄၀၀ ခန့်အထိ မမြန်သော်လည်း အနည် းဆုံး ၂၀၀ ကီလိုမီတာခန့် ရှိနေသည်။လိပ်ကြီးက ရေအောက်၌ လျင်မြန်စွာ ကူးခတ်ရင်း အာရုံစိုက်၍ ရှာဖွေနေခဲ့သည်။
မိနစ်အနည်းငယ် ကြာသောအခါ လိပ်ကြီးသည် တ စ်ခုခုကို တွေ့ရှိခဲ့၏။ပင်လယ်ပြင်ကျယ်ကြီး၏ အ ရှေ့ဘက်ဆီသို့ ဦးတည်မောင်းနှင်နေသည့် အရာဝ တ္ထုကြီး တစ်ခုအား သူ တွေ့လိုက်ရခြင်းပင် ဖြစ်သ ည်။
ထိုနေရာဆီသို့ လိပ်ကြီး အမြန်ကူးလာခဲ့၏။
ရေအောက် မီတာ ၆၀ မှ ၇၀ ခန့် အနက်တွင် မောင်း နှင်နေသော ရေငုပ်သင်္ဘောကြီး တစ်စီးအား လိပ် ကြီး တွေ့လိုက်ရပြီး ၎င်းသည်၂၀ ကီလိုမီတာ ကျော် အရှိန်ဖြင့် ယန်နိုင်ငံ ရေပိုင်နက်အတွင်းမှ အမြန်ဆုံး ထွက်ခွာရန် ကြိုးစားနေပုံရသည်။၎င်းနေရာမှာ ဟွာ ဟိုင်းမြို့နှင့်ဆို ရေမိုင် ၄၀ အကွာမှာ ရှိနေသည်။
လိပ်ကြီး၏ အသံမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက် နေ၏။
"သခင်ရ... ကျွန်တော် ရှာတွေ့ပြီဗျ.."
လျူယောင်သည်လည်း ထိုအရာအား ရှင်းရှင်းလင်း လင်း မြင်တွေ့ရပြီးနောက် အချက်အလက်များကို အတည်ပြုလိုက်သည်။
"ဟုတ်တယ်... ဒါပဲ..အချက်အလက်တွေ အကုန်တူ တူပဲ.. အဲ့ဒါပဲ ငါ့ကောင့်ရ ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ တဲ့ 'သေမင်း' ဆိုတဲ့ လူသတ်သမား အဲ့ဒီထဲမှာ ရှိတ ယ်.."
လိပ်ကြီးက ဒေါသထွက်ကာ ပြောလိုက်၏။
"ဒါဆို ကျွန်တော် အဲ့ဒါကို ဇကာဖြစ်အောင် လုပ်ပစ် တော့မယ် သခင်..အပေါက် တစ်ဒါဇင်လောက်မှ မ ဖောက်ရရင် ကျွန်တော် မကျေနပ်နိုင်ဘူး"
လျူယောင်က ခဏစဉ်းစားပြီးနောက် တားလိုက် သည်။
"မဟုတ်ဘူး..အပေါက် တစ်ပေါက်ပဲ ဖောက်လိုက်"
"အာ..အပေါက် တစ်ပေါက်တည်းဆိုရင် ပျင်းစရာ ကြီး.. ဘာလို့ အပေါက် တစ်ပေါက်ပဲ ဖောက်ခိုင်းတ ာ ..သခင်ရ.. အားမရစရာကြီးဗျာ"
"ငါ ဒီရေငုပ်သင်္ဘောကို အသုံးလိုတယ်ဟ. .နစ်မြှုပ် ဖို့ဆိုရင် အပေါက်တစ်ပေါက်ပဲ လိုတယ်.."
လျူယောင်က သေချာ ရှင်းပြလိုက်၏။အပေါက်တ စ်ပေါက် ရှိရုံဖြင့် ထိုရေငုပ်သင်္ဘောသည် ရေအောက် မှာရှိသော 'သံခေါင်းတလား' လိုမျိုး ဖြစ်သွားမည် ဖြစ်ရာ အတွင်းမှာရှိသော လူများမှာမူ အသက်ရှင် ရ န်အတွက် မျှော်လင့်ချက် မရှိနိုင်ပေ။
လိပ်ကြီးသည်လည်း လျူယောင်၏ စကားအား မ လွန်ဆန်ဝံ့ပေ။သူသည် ရေငုပ်သင်္ဘော၏ အနောက် ဘက် အသင့်တော်ဆုံး နေရာအား ရွေးချယ်လိုက်၏ ။ထို့နောက် ဧရာမလှံကြီးကို ကိုင်ကာ ထိုနေရာကို အားကုန် သုံး၍ ပြင်းပြင်းထန်ထန် ထိုးစိုက်လိုက်ပေ သည်။
"ဒိန်း.."
အသံကျယ်ကြီး မြည်ဟည်းသွား၏။လိပ်ကြီး၏ ဧရ ာမလှံမှာ ရေငုပ်သင်္ဘော၏ အကာအကွယ် အလွှာ များစွာအား ဖောက်ထွက်ကာ မီတာအတော်နက်နက် အထိ ဖောက်ဝင်သွားပေသည်။
........
ရေငုပ်သင်္ဘောအတွင်းပိုင်းမှာတော့..
ရေငုပ်သင်္ဘောထဲရှိ လူများမှာမူ စိတ်အေးလက်အေ း ရှိနေကြသည်မှာ တစ်နာရီခွဲခန့် ရှိနေ၏။အခုဆို သူတို့သည် ရေမိုင် ၂၀ ခန့် ခရီးပေါက်လာခဲ့ပေသ ည်။
အရပ်ရှည်သည့် လူဖြူက အသံကျယ်ကျယ်ဖြင့် ကြုံးဝါးလိုက်၏။
"ကိုယ့်လူတို့... ငါတို့ လုံးဝ လုံခြုံသွားပြီ..ယန်နိုင်ငံ ရေတပ်တောင် ငါတို့ကို ရှာမတွေ့တော့ဘူး ..ဟား ဟားဟား.."
ဤစကားကြောင့် ရှောင်ဘင်းသည်လည်း စိတ်သက် သာရာရသည့် အမူအရာဖြင့် ပြုံးလိုက်မိသည်။သူ့ အား လိုက်ဖမ်းနေမည်ကို စိုးရိမ်ခဲ့သမျှ အရာအား လုံးမှာလည်း ပျောက်ကွယ်သွားပေသည်။
သို့ပေမဲ့ ရုတ်တရက်...
"ဒိန်း.."
ပြင်းထန်လှသော အသံကြီး တစ်သံမှယ ရေငုပ် သ င်္ဘောတစ်ခုလုံးအား တုန်ခါသွား၏။ရေငုပ် သင်္ဘော ထဲရှိ လူတိုင်းမှာမူ ကြောင်အမ်းသွားကြပြီး သူတို့၏ စိတ်ထဲ၌ "ဒါ ဘာဖြစ်တာလဲ" ဆိုသည့် အတွေး တစ် ခုတည်းသာ ရှိနေသည်။
"ဘာတွေ ဖြစ်ကုန်တာလဲ.."
အရပ်ရှည်သည့် လူဖြူက အော်ဟစ်ကာ မေးလိုက် ၏။မည်သူမျှ ပြန်မဖြေနိုင်ကြဘဲ တစ်ယောက် မျက် နှာ တစ်ယောက် ထိတ်လန့်တကြား ကြည့်နေကြသ ည်။
ထိုစဉ်မှာပင် လူတစ်ယောက်က အသက်လုကာ ပြေး လာ၍ အော်ပြောလိုက်၏။
"မကောင်းတော့ဘူး. မကောင်းတော့ဘူး.. ကျွန်တော် တို့ ရေငုပ် သင်္ဘောမှာ အပေါက်ကြီး တစ်ပေါက် ဖြ စ်သွားပြီး..ပင်လယ်ရေတွေ အများကြီး ဝင်နေပြီဗျ”
လူတိုင်း၏ မျက်နှာများပေါ်တွင် မျှော်လင့်ချက်များ ကင်းမဲ့ကုန်ကြသည်။လူဖြူက အသံကုန် အော်ဟစ် ကာ အမိန့်ပေးလိုက်၏။
"မြန်မြန်..ရေလုံတံခါးကို ပိတ်ပြီး ရေမဝင်အောင် တ ားကြစမ်း.."
"ကျွန်တော် ကြိုးစားပြီးပြီ..ဒါပေမဲ့ ရေလုံတံခါးက ပျက်သွားပြီး ပိတ်လို့မရတော့ဘူး..ပင်လယ်ရေတွေ မကြာခင် ဒီနေရာကို ရောက်လာတော့မယ်. .ကျွန် တော်တို့ ..ဘာဆက်လုပ်ကြမလဲ"
"အပေါ်ပြန်တက်..အရှိန်အပြည့်နဲ့ ရေပြင်ပေါ်ကို အ ခု အမြန်ဆုံး တက်ကွာ.."
လူဖြူက အသည်းအသန် အမိန့်ပေးလိုက်သည်။ယ ခု လက်ရှိ သူတို့ရောက်နေသည့် ရေအနက်မှာ မီတာ ၆၀ ကျော်သာ ရှိသဖြင့် အချိန်မီနိုင်မည်ဟု သူ မျှော် လင့်နေ၏။
ရေငုပ်သင်္ဘော၏ အပြင်ဘက်တွင်မူ လိပ်ကြီးသည် အပေါက်ကြီး တစ်ပေါက် ဖောက်ပြီးနောက် မထွက် ခွာသေးဘဲ ဘေးနားမှာနေ၍ အေးအေး ဆေးဆေး ပွဲကြည့်နေသည်။
ထိုအပေါက်ကြီးထဲမှတဆင့် ပင်လယ်ရေများ တဟု န်ထိုး တိုးဝင်နေသည်အား ကြည့်ကာ လိပ်ကြီးမှာ အ လွန်ပင် ကျေနပ်နေရ၏။