ပင်လယ်အောက်ခြေသို့ နစ်မြုပ်သွား ခြင်း
Vol. 41 Ch. 504
လိပ်ကြီးမှာမူ အလွန်ပင် စိတ်လှုပ်ရှားနေကာ ပျော်ရွှ င်စွာဖြင့် အစီရင်ခံလိုက်၏။
"ဟီးဟီး..သခင်ရ... ရေငုပ်သင်္ဘောထဲကို ပင်လယ် ရေတွေ အလုံးအရင်းနဲ့ ဝင်နေပြီဗျ..ကြည့်နေလိုက်.. မိနစ်ပိုင်းအတွင်းမှာတင် ဒီကောင်ကြီး နစ်မြုပ်သွား တော့မှာဗျ.."
လျူယောင်သည်လည်း တတိယအမြင်မှတစ်ဆင့် ရေငုပ်သင်္ဘော၏ အခြေအနေကို အမြဲမပြတ် စောင့် ကြည့်နေသည်။ထိုစဉ်မှာပင် ရေငုပ်သင်္ဘောထဲမှ လူ များသည် နစ်မြုပ်မည့်ဘေးကို သတိထားမိသွားပုံ ရ ပြီး ရေပေါ်သို့ အတင်းပြန်တက်ရန် ကြိုးစားနေသ ည်အား သူ မြင်လိုက်ရသည်။
ထို့ကြောင့် လျူယောင်က သတိပေးလိုက်၏။
"ငါ့ကောင်ကြီး... ရေငုပ်သင်္ဘောက ရေပေါ်ကို ပြန် တက်ဖို့ ကြိုးစားနေတယ်..မင်း သတိထားမိလား.."
လိပ်ကြီးလည်း သတိပြုမိသောကြောင့် ချက်ခြင်း ဆိုသလိုပင် ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်..သခင်ရ အဲ့ဟာကြီး..တကယ်ပဲ အပေါ် ကို ပြန်တက်နေတာပဲ.."
လိပ်ကြီး ထိုသို့ ပြောနေစဉ်မှာပင် ရေငုပ်သင်္ဘော၏ ရေပေါ်တက်နှုန်းမှာ ပိုမိုမြန်ဆန်လာ၏။အစောပိုင်း က သေချာမကြည့်လျှင် မသိသာသော်လည်း ယခုမှ ာမူ တစ်ချက်ကြည့်လိုက်ရုံဖြင့် အပေါ်သို့ အရှိန်အ ပြည့်ဖြင့် တက်နေကြောင်း ထင်ရှားနေပေသည်။
"ရေထဲကို ကိုယ်တိုင်ငုပ်ဝင်သွားပြီးမှ အခုကျမှ အ တင်းပြန်တက်ချင်နေတာလား..ဟားဟား."
လျူယောင်သည်လည်း ထိုရေငုပ်သင်္ဘောအား ပင် လယ်အောက်ခြေသို့ နစ်မြုပ်သွားသည်ကိုသာ မြင် လိုသူဖြစ်ရာ ပြန်တက်လာမည့် အခွင့်အရေးကို လုံး ဝ သူ ခွင့်မပြုနိုင်ပေ။လျူယောင်က အထူးတလည် ခိုင်းစေရန်ပင် မလိုဘဲ လိပ်ကြီးသည် တန်ချိန် ၂၀၀ ကျော် လေးလံလှသော သူ၏ ဧရာမလှံကြီးဖြင့် ရေ ငုပ်သင်္ဘောအား အပေါ်မှ ခွန့်အားအပြည့်ဖြင့် ဖိချပ စ်လိုက်သည်။
တန်ချိန် ၂၀၀ ကျော်ရှိသော လှံ အလေးချိန်၏ ဖိအာ းမှာလည်း မနည်းလှပေ။
ရေထဲတွင် ရှိနေသော်လည်း ထိုလှံကြီး၏ သက်ရော က်အားကြောင့် ရေငုပ်သင်္ဘော၏ ရေ ပေါ်တက်နှုန်း မှာ သိသိသာသာ နှေးကွေးသွား၏။လိပ်ကြီးက ထပ် မံ၍ အားကုန်ဖိချလိုက်သည့်အခါတွင်မူ ရေငုပ် သ င်္ဘောသည် အပေါ်သို့ ပြန်မတက်နိုင်တော့ဘဲ အော က်ထဲသို့ ပြန်လည် နစ်မြုပ်သွားရပေသည်။
ရေငုပ်သင်္ဘောအတွင်း၌မူ ခေါင်းဆောင်ဖြစ်သူ လူ ဖြူက ရေပေါ်သို့တက်ရန် အော်ဟစ်အမိန့်ပေးပြီး နောက် ရေအနက်တိုင်း ကိရိယာအား ကြည့်လိုက် သောအခါ အနက်ပေ လျော့ကျသွားသည်ကို မြင် တော့မှသာ သက်ပြင်းချနိုင်လိုက်သည်။
"ဟူး ဘုရားသခင် မကျီစယ်ပါနဲ့ဗျာ.."
သူ စိတ်ထဲကနေ တိတ်တိတ်ကလေး ဆုတောင်းမိ လိုက်၏။
"ပင်လယ်ရေတွေ အထဲကို အကုန်မဝင်ခင် ငါတို့ ရေ ပေါ်ရောက်မှဖြစ်မယ်.. ဒါမှ အသက်ရှင်ဖို့ လွတ်လမ် းရှိမှာ..မဟုတ်ရင်တော့ သေလမ်းပဲ.."
သို့ပေမဲ့ သူ၏ မျှော်လင့်ချက်မှာ အချိန်ခဏလေး အတွင်းမှာပင် ပျက်စီးသွားသည်။ရေအနက်တိုင်း ကိရိယာမှ ဂဏန်းများသည် ရပ်တန့်သွားရုံသာမက ဘဲ အောက်သို့ ပြန်လည်ထိုးဆင်းနေသည်အား သူ တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
"အိုးမိုင်ဂေါ့.မဖြစ်နိုင်တာ.."
ရေငုပ်သင်္ဘောမှာမူ ရေပေါ်တက်မည့် စနစ်အား အ ပြည့်အဝ ဖွင့်ထားဆဲဖြစ်ပြီး ပါဝါစနစ်ကလည်း အ လုပ်လုပ်နေ၏။ဖိသိပ်လေများကလည်း ရေများကို အပြင်သို့ ပြန်တွန်းထုတ်နေသည်။သို့ပေမဲ့ ရေငုပ် သင်္ဘောမှာ အဘယ်ကြောင့် အောက်သို့ ပြန်နစ်နေရ သနည်း။
"ခေါင်းဆောင်ရ.. ကျွန်တော်တို့ ရေငုပ်သင်္ဘောကြီး နစ်နေပြီဗျ.."
တစ်စုံတစ်ယောက်က ထိတ်လန့်တကြား အော်ဟစ် လိုက်သဖြင့် လူတိုင်းမှာ ရေအနက်တိုင်းတာသည့် ကိရိယာပေါ်သို့ ကြည့်လိုက်ကြ၏။ရေငုပ်သင်္ဘော မှာ အမှန်တကယ်ပင် နစ်မြုပ်နေခြင်း ဖြစ်သည်။ မူလက မီတာ ၆၀ အနက်တွင် ရှိနေရာမှ အခု မီတာ ၇၀၊၈၀ စသည့် အရှိန်အဟုန်ဖြင့် ကျဆင်းနေ၏။
“အိုးမိုင်ဂေါ့ မီတာ ၈၀၊ ၉၀၊ ၁၀၀..”
တစ်စုံတစ်ခုသော အားကြီးက ရေငုပ်သင်္ဘောကို အ ပေါ်မှနေ၍ ပင်လယ်အောက်ခြေသို့ ဖိချနေ သကဲ့သို့ ပင်။ခေါင်းဆောင်လူဖြူ၊ရှောင်ဘင်းနှင့် အဖွဲ့သားမျ ားမှာမူ ထိုအဖြစ်အပျက်အား လုံးဝ မယုံကြည်နိုင် ကြချေ။
ဤမျှ ကြီးမားလှသော ရိုးရာစွမ်းအင်သုံး ရေငုပ် သ င်္ဘောကြီးတစ်စီးကို မည်သည့်အရာက ထိုအင်အား ဖြင့် ဖိချနိုင်မည်နည်း။
သို့ပေမဲ့ လက်တွေ့တွင်မူ ရေအနက်မှာ ဆက်တိုက် တိုးလာနေ၏။
"အမေ့ရေ..ရေတွေ ဝင်လာပြီဗျာ.."
တစ်စုံတစ်ယောက်၏ အော်ဟစ်သံနှင့်အတူ ပင်လ ယ်ရေများသည် အထဲသို့ အလုံးအရင်းဖြင့် တိုးဝင် လာပြီး တစ်မိနစ်မပြည့်ခင်မှာပင် သူတို့၏ ဒူးဆစ် အထိ မြင့်တက်လာသည်။လူသတ်ရာတွင် မျက်တေ ာင်မခတ်သည့် ရှောင်ဘင်းကဲ့သို့ လူသတ်သမားပင် လျှင် ဤအချိန်တွင် မျက်နှာဖြူဖျော့ကာ မျှော်လင့် ချက်မဲ့နေခဲ့၏။
လိပ်ကြီးသည် ရေငုပ်သင်္ဘောကို မီတာ ၁၀၀ ကျော် အနက်သို့ ရောက်သည်အထိ သူ၏ လှံကြီးဖြင့် ဆ က်တိုက် ဖိထားခဲ့သည်။အကယ်၍ ဤနေရာသည် ရေအနက် မီတာထောင်ချီရှိသည့် နေရာမျိုးသာ ဆို လျှင် ရေငုပ်သင်္ဘောမှာ ပင်လယ်ကြမ်းပြင် အောက် ခြေအထိ ရောက်သွားမည်မှာ သေချာလှသည်။
ကံကောင်းထောက်မစွာ သို့မဟုတ် ကံဆိုးစွာဖြင့် ဤ နေရာရှိ ရေအနက်မှာ မီတာ ၁၀၀ သာ ရှိနေ၏။
လိပ်ကြီးသည် ရေငုပ်သင်္ဘောအား ပင်လယ်အောက် ခြေနှင့် ကပ်နေအောင် မိနစ်အနည်းငယ်ကြာ ဖိထား ပြီးနောက် အပေါက်ထဲကနေ ရေများ အပြည့်ဝင်သွ ားပြီး ထပ်မံဝင်စရာ နေရာမရှိတော့သည့် အချိန် ကျမှသာ လိပ်ကြီးသည် သူ၏ လှံကြီးအား ပြန်ရုပ် သိမ်းလိုက်သည်။
လျူယောင်က ရေငုပ်သင်္ဘောအား ပြန်လည်စစ်ဆေ းကြည့်ရာ လိပ်ကြီး လွှတ်လိုက်ပြီးနောက်တွင် ရေ ပေါ်သို့ ပြန်တက်မလာတော့သလို လှုပ်ရှားမှုလည်း မရှိတော့သည်ကို တွေ့ရသဖြင့် စိတ်အေးသွားကာ ခေါင်းညိတ်ပြလိုက်၏။
ထိုသို့ဖြင့် လူသတ်သမားသေမင်းသာမက သူ၏ အ ပေါင်းအပါ တစ်စုလုံးမှာလည်း ပင်လယ်အောက် ခြေတွင် ဤကဲ့သို့ နိဂုံးချုပ်ခဲ့ရသည်။
လျူယောင် သက်ပြင်းတစ်ချက်ချရင်း စဉ်းစားမိသ ည်။
"အင်း..ဒီလူတွေဟာ ဒီလောက်အဝေးကြီးကို အားစို က်ထုတ်ပြီး ပြေးခဲ့ကြပေမဲ့ နောက်ဆုံးတော့ ပင်လ ယ်အောက်ခြေမှာပဲ ဇာတ်သိမ်းသွားရတာပဲ.. အစက တည်းက သေမင်းကိုသာသတ်ပစ်နိုင်ရင် ပိုကောင်း မှာ..ဒါဆိုရင် အခုလို လူတွေအများကြီးနဲ့ ရေငုပ် သ င်္ဘောတစ်စီး ဆုံးရှုံးတာမျိုး ဖြစ်လာမှာမဟုတ်ဘူး.."
သို့ပေမဲ့ ထိုမျှလောက် လူအများအပြား သေဆုံးသွာ းခြင်းအပေါ် လျူယောင်အနေဖြင့် မည်သည့် သနာ းစိတ်မျှ ရှိမနေပေ။ဤလူတွေအားလုံးမှာ မကောင် းမှုများကို ကျူးလွန်ထားသူများဖြစ်ပြီး သေသင့် သူများသာ ဖြစ်ပေသည်။
အထူးသဖြင့် သေမင်းဆိုသူမှာလည်း ငွေကြေးအတွ က်ကြောင့် လူပေါင်းများစွာအား သတ်ဖြတ်ခဲ့သည့် တရားခံပင် ဖြစ်၏။
"ငါ့ကောင်ကြီး... ကောင်းတယ်..မင်းရဲ့ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီ.."
"ကောင်းပြီလေ..အခု မင်းလုပ်ချင်တာ ဆက်လုပ်နိုင် ပြီ.. မင်းကို ရက်နည်းနည်းလောက် ငါ အနားပေးလို က်မယ်.."
"အိုခေဘာသခင် " လျူယောင် ချီးကျူး လိုက်သော ကြောင့် လိပ်ကြီးမှာ အနီးအနီးတွင် ပျော်ရွှင်စွာ လှ ည့်ပတ်ကူးခတ်နေပြီး လှံကြီးအား ကိုင်ကာ ထိုနေရာ မှ ထွက်ခွာသွားပေသည်။
လိပ်ကြီး ထွက်သွားပြီးနောက် လျူယောင် စိတ်ထဲမှ ရေရွတ်လိုက်၏။
"သေမင်းလည်း သေသွားပြီ..ရေငုပ်သင်္ဘောကလ ည်းမီတာ ၁၀၀ ကျော်မှာ မြုပ်နေပြီဆိုတော့.. ဒီရေ ငုပ်သင်္ဘောကို ငါ ပြန်ဆယ်ယူရမယ်..ပြီးတော့ သေ မင်းရဲ့ အလောင်းကိုလည်း ထုတ်ယူရမယ်.. ဒါမှသာ လူသတ်သမားလောက တစ်ခုလုံးက ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တဲ့ သေမင်းဆိုတဲ့လူဟာ ဘယ်လိုဇာတ်သိ မ်းသွားလဲဆိုတာကို သိသွားကြမှာ.."
လျူယောင်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်။
'မျောက်ကိုသတ်ပြီး ကြက်ကိုပြ' သည့် နည်းလမ်းဖြ င့် နောက်ထပ် လူသတ်သမားများအား သူ့ကို မနှော င့်ယှက်ရဲအောင် သတိပေးလိုခြင်း ဖြစ်၏။လျူယေ ာင်သည် မည်သည့် လူသတ်သမားကိုမှ မကြောက် သော်လည်း ထိုအနှောင့်အယှက်များကြောင့် အလုပ် ရှုပ်ရမည်ကိုသာ သူ စိတ်ပျက်နေခြင်း ဖြစ်သည်။
ထို့နောက် လျူယောင်သည် ဖုန်းကိုကောက်ယူကာ ကပ္ပတိန်ရမ်ဇီကွမ်းထံ ဆက်သွယ်လိုက်၏။ထို အဖွဲ့ အား ရေငုပ်သင်္ဘော နစ်မြုပ်သည့်နေရာသို့ ဘလူး ဝေးလ်သင်္ဘောဖြင့် သွားရောက်စေပြီး ဆယ်ယူရေး လုပ်ငန်းများ စတင်ရန် လျူယောင် အမိန့်ပေးလိုက် သည်။
ထိုနေရာသည် ဟွာဟိုင်းမြို့နှင့်ဆို ရေမိုင် ၄၀၊၅၀ ခန့် သာ ဝေးကွာပြီး ရေအနက်မှာလည်း မီတာ ၁၂၀ မှ ၁၃၀ ခန့်သာ ရှိသဖြင့် ဆယ်ယူရန် အလွန်အမင်း ခ က်ခဲသော နေရာမျိုး မဟုတ်ပေ။တစ်ခုတည်းသော အခက်အခဲမှာ ရေငုပ်သင်္ဘော၏ အလေးချိန်မှာ တ န်ချိန် ၂၄၀၀ မှ ၂၈၀၀ ဝန်းကျင် ဖြစ်နေ၏။
သို့ပေမဲ့ လျူယောင်သည် ကပ္ပတိန်ရမ်ဇီကွမ်းတို့၏ အရည်အချင်းအား အပြည့်အဝ ယုံကြည်ထားပေသ ည်။
ညွှန်ကြားချက်များ ပေးပြီးနောက် လျူယောင်သည် ကျိန့်ကန်းထံသို့ ထပ်မံ ဖုန်းခေါ်ဆိုလိုက်၏။
"ကျိန့်ကန်း..မင်းအတွက် သတင်းကောင်းရှိတယ်… သေမင်း သေသွားပြီ..သူတို့ရဲ့ ရေငုပ်သင်္ဘောလည်း နစ်မြုပ်သွားပြီ..အခု အဲဒီသင်္ဘောကို ဆယ်ဖို့ ငါ အ မိန့်ပေးထားပြီးပြီ.."
"ဗျာ..သေမင်း သေသွားပြီလား.."
ကျိန့်ကန်းသည် အံ့အားသင့်လွန်းသဖြင့် စကားပင် ပြောမထွက်နိုင်ဘဲ ဖြစ်သွားရသည်။
"ကောင်းလိုက်တာ... နောက်ဆုံးတော့ အဲဒီလူသတ် သမားကြီး သေသွားပြီပေါ့.." ဤကဲ့သို့ ဝမ်းသာအာ းရ ပြောနိုင်ရန် စက္ကန့်အနည်းငယ်လောက် ကျိန့်က န်း အချိန်ယူလိုက်ရသည်။
သူ့မျက်နှာပေါ်၌ လေးစားကြည်ညိုမှုများ ပြည့်နှက် လာပြီး ဝမ်းသာအားရ ပြောလိုက်၏။
"သူဋေး... ခင်ဗျားက တကယ်ကို အစွမ်းထက်တာပဲ ..ရေငုပ်သင်္ဘောကို နစ်မြုပ်ပစ်မယ်လို့ ပြောခဲ့ပြီး သိ ပ်မကြာခင်မှာပဲ တကယ်ကြီး လုပ်နိုင်ခဲ့တာပဲဗျာ."
လျူယောင်က ပြုံးလျက် ခေါင်းညိတ်လိုက်ကာ ပြန် ဖြေလိုက်သည်။
"အင်း..မင်းကိုငါ အရင်ကတည်းက ပြောဖူးတယ် လေ... ပင်လယ်ပြင်ဆိုတာ ငါ့ရဲ့ နယ်မြေပဲလို့.. အဲ ဒီလူက ပင်လယ်ထဲကို ပြေးဝင်သွားတာဟာ သူ့သေ တွင်းကို သူတူးလိုက်တာနဲ့ အတူတူပဲ..ဟားဟား.."
"သူဋေးပြောတာ မှန်တယ်..ဟားဟားဟား.."
လျူယောင် ဤကဲ့သို့ ပြောလိုက်ရာကျိန့်ကန်းလည်း သဘောကျစွာဖြင့် အားရပါးရ ရယ်မောလိုက်ပေသ ည်။