ရေငုတ်သင်္ဘောအား ဆယ်ယူခြင်း
Vol. 41 Ch. 505
"ဘော်..ဘော်.."
ဟွာဟိုင်းမြို့၏ ဆိပ်ခံတံတားတစ်ခုတွင် ဖြစ်သည်။
ဘလူးဝေးလ်ဆယ်ယူရေးသင်္ဘောကြီးသည် ဥသြ သံများ ဆူညံစွာပေးကာ ဆိပ်ကမ်းမှ စတင်ထွက်ခွာ လာခဲ့သည်။၎င်းနှင့်အတူ တန်ချိန်တစ်သိန်းကျော် အလေးချိန်ရှိသည့် စူပါသင်္ဘောကြီးတစ်စီးလည်း လိုက်ပါလာ၏။
ထိုသင်္ဘောသည်လည်း သာမန်သင်္ဘောမျိုးမဟုတ် ဘဲ ပင်လယ်အောက်ခြေမှာရှိသော သတ္တုအပိုင်း အ စများနှင့်အနက်ရောင်သတ္တုချောင်းများအား သယ် ယူရန် အထူးထုတ်လုပ်ထားခြင်း ဖြစ်သည်။
ဤသင်္ဘောကြီး အမည်ကိုမူ “လူသတ်ဝေလငါး” ဟု ခေါ်ဝေါ်ပြီး ၎င်း၏ဧရာမအရွယ်အစားမှာ တန်ချိန် သိန်းနှင့်ချီ၍ သယ်ဆောင်နိုင်စွမ်းရှိ၏။ထူးခြားချက် မှာ ကျယ်ပြောလှသည့် ပွင့်လင်းမြင်သာသည့် ကုန် တင်ဂိုဒေါင်ပင် ဖြစ်သည်။ ပွင့်လင်းမြင်သာသော ကု န်တင် ဂိုဒေါင်ဟု ခေါ်ဆိုသည်ထက် “ပွင့်လင်းမြင်သ ာသောကုန်းပတ်” ဟု ခေါ်ဆိုခြင်းက ပို၍ဆီလျော် ပေလိမ့်မည်။
မီတာ ၃၀၀ ကျော် ရှည်လျားပြီး အကျယ်ဆုံး နေရာ ၌ မီတာ ၄၀ ကျော်ရှိသည့် ဤကြီးမားလှသော ကုန်း ပတ်သည် စတုရန်းမီတာ ထောင်နှင့်ချီ၍ ကျယ်ဝန်း ပေသည်။ထိုနေရာတွင် မီးခိုးနက်ရောင်နှင့်အနက်ရေ ာင် သတ္တုအပိုင်းအစများ၊သတ္တုချောင်းများစွာအာ း တင်ဆောင်နိုင်၏။
ထို့အပြင် နောက်ထပ်ထူးခြားချက်မှာ ကုန်းပတ်၏ ခိုင်မာတောင့်တင်းမှုဖြစ်ပြီး အလွန်အမင်းလေးလံ သည့် အရာဝတ္ထုများ ဖိထားသော်လည်း ဘာပြဿ နာ တစ်စုံတစ်ရာမျှ ရှိမနေပေ။
“ဘလူးဝေးလ်”သည် ရှေ့မှ မီတာရာနှင့်ချီ အကွာအ ဝေးမှ ဦးဆောင်ကာ မောင်းနှင်နေပြီး “လူသတ်ဝေ လငါး” က နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
“ကပ္ပတိန်..ကျွန်တော်တို့သွားမယ့်နေရာက ရေမိုင်ဆ ယ်ဂဏန်းလောက်ပဲ ဝေးတာလားဗျ...”
သင်္ဘောသားတစ်ဦးက မေးလိုက်ရာ ကပ္ပတိန်ရမ်ဇီ ကွမ်းက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ်..ရေမိုင်လေးဆယ်ပဲ ဝေးတယ်. .နှစ်နာရီ အတွင်း ငါတို့..ရောက်နိုင်ပါတယ်..”
“ကပ္ပတိန်.. ကျွန်တော်တို့ ဒီတစ်ခေါက်..တကယ်ပဲ ရေငုပ် သင်္ဘောကို ဆယ်ယူမှာလား”
ကပ္ပတိန်ရမ်ဇီကွမ်းကလည်း တစ်စုံတစ်ရာ ဖုံးကွယ် ခြင်းမရှိဘဲ အတည်ပြုကာ ပြောလိုက်၏။
“ဟုတ်တယ်..၁၉၇၀ ပြည့်လွန်နှစ်တွေမှာ M နိုင်ငံက တည်ဆောက်ခဲ့တဲ့ ရိုးရာစွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စီးပဲ..ရေအောက်မှာ တန်ချိန် ၂၈၀၀ ကျော်ရှိပြီး ဆယ်ယူမယ့် အလေးချိန်ကတော့ တန်ချိန် ၃၀၀၀ လောက် ရှိလိမ့်မယ်..”
“ဘုရားရေ... တကယ် ရေငုပ်သင်္ဘောကြီးပဲ..”
“ဒါဆို..ကျွန်တော်တို့ ရေငုပ်သင်္ဘောကို ဆယ်ယူရ တော့မှာပေါ့..ဒါက အိပ်မက်မက်နေသလိုပဲဗျာ..”
“M နိုင်ငံက ရေငုပ်သင်္ဘောကို ကျွန်တော်တို့ ဆယ် ယူနိုင်လိမ့်မယ်လို့ တကယ် မျှော်လင့်မိတယ်ဗျာ..”
M နိုင်ငံ၏ ရေငုပ်သင်္ဘောကို ဆယ်ယူရမည်ဟူသော သတင်းကြောင့် သင်္ဘောသားများမှာ တစ်ယောက် ပြီးတစ်ယောက် စိတ်ဓာတ်များ တက်ကြွလာကာ ဦး တည်ရာ နေရာသို့ အမြန်ဆုံးရောက်ရှိရန် မျှော်လင့် နေကြသည်။
နှစ်နာရီခန့် ရေကြောင်းခရီး နှင်ပြီးနောက် ဘလူးဝေ း လ်နှင့် လူသတ်ဝေလငါးတို့သည် သတ်မှတ်ထား သော ပင်လယ်ဧရိယာသို့ ရောက်လာခဲ့၏။ကပ္ပတိန် ရမ်ဇီကွမ်းမှာမူ လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်များအား ကြည့်ရှုစစ်ဆေးကာ တည်နေရာမှန်ကန်ကြောင်း အ တည်ပြုပြီးနောက် အမိန့်ပေးလိုက်သည်။
“ရေငုပ်စက်ရုပ်ကိုချပြီး ရေအောက်ပစ်မှတ်ကို ရှာ တော့..”
ဤသည်မှာ ပထမဆုံးအဆင့်ပင် ဖြစ်၏။ရေငုပ် သ င်္ဘော၏ တည်နေရာနှင့် ပင်လယ်အောက်ခြေမှ အ ခြေအနေကို အတည်ပြုပြီးမှသာ ဆယ်ယူမည့် အစီ အစဉ်ကို အချောသတ်၍ ရေငုတ်သမားများအား ရေထဲစေလွှတ်ခြင်းနှင့် အခြားလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရမည်ဖြစ်သည်။
ဘလူးဝေးလ်ပေါ်မှ ရေငုပ်စက်ရုပ်အား စတင်ချလို က်ပြီး လူတိုင်းသည် မိမိတို့အလုပ်ကို စနစ်တကျ လုပ်ဆောင်နေကြ၏။
........
ဟွာဟိုင်းမြို့မှ ရဲဌာန....
ဟွာဟိုင်းရဲဌာန၏ ခေါင်းဆောင် ကျန်းကျင်းရှန်သ ည် စိတ်အနှောင့်အယှက် ဖြစ်နေရသည်။သူတို့၏ မျက်စိရှေ့တွင် လူသတ်သမား လွတ်မြောက်သွားသ ည့်အတွက် သူ အလွန် အရှက်နေမိ၏။ထို လူသတ် သမားသည် ရေငုပ်သင်္ဘောပေါ် တက်သွားသည်အာ း သိလိုက်ရကတည်းက လုံးဝလွတ်မြောက်သွားပြီ ဟု ကျန်းကျင်းရှန်က ယူဆထားခြင်းဖြစ်၏။
သို့ပေမဲ့ အခြေအနေများသည် မည်သူမျှ မထင်မှတ် ထားသည့်ဘက်သို့ ပြောင်းလဲသွားခဲ့သည်။
“ခေါင်းဆောင်..ရေငုပ်သင်္ဘော နစ်မြုပ်သွားတာကို အတည်ပြုပြီးပါပြီ..ဒီသတင်းကို ယူနီဗာဆယ်လုပ် ငန်းစုက အထူးပေးပို့လာတာပါ.. လွန်ခဲ့တဲ့နှစ်နာရီအ ကြာတုန်းက သူတို့ရဲ့ ဆယ်ယူရေးသင်္ဘောဘလူးဝေ းလ်နဲ့ လူသတ်ဝေလငါး သင်္ဘောတို့ဟာ ရေငုပ်သ င်္ဘောကို ဆယ်ယူဖို့ ထွက်ခွာသွားပါပြီခဗျ..”
ကျန်းကျင်းရှန်းက ခေါင်းညိတ်ပြကာ မှတ်ချက်ပြု လိုက်၏။
“အာ..ရေငုပ်သင်္ဘောကို တကယ်ဆယ်ယူနိုင်တာကိုး .အင်အားတချို့မရှိဘဲ ဒါမျိုး လုံးဝမလုပ်နိုင်ဘူး..”
ရဲအရာရှိက ထပ်မံ မေးမြန်းလိုက်သည်။
“ခေါင်းဆောင်..ရေငုပ်သင်္ဘောကို ဆယ်ယူပြီး ပြန် သယ်လာရင် ကျွန်တော်တို့ ဘာဆက်လုပ်ဖို့ လိုမလဲ ခင်ဗျာ..”
ကျန်းကျင်းရှန်းက ချက်ချင်းပင် ညွှန်ကြားလိုက်၏။
“မင်းတို့ ယူနီဗာဆယ်လုပ်ငန်းစုနဲ့ အပြည့်အဝ ပူးပေါ င်းဆောင်ရွက်ပါ..ပြီးတော့ လုပ်ကြံသူရဲ့ ဝိသေသလ က္ခဏာတွေကို အတည်ပြုဖို့အတွက် မင်းတို့ အလုပ် ကိုသေချာ အာရုံစိုက်လုပ်ပါ..”
နောက်ဆုံးတော့ ကမ္ဘာ့ထိပ်တန်း ပရော်ဖက်ရှင်နယ် လုပ်ကြံသူတစ်ဦးသည် ဟွာဟိုင်းမြို့တွင် သေဆုံးခဲ့ ရ၏။ကျန်းကျင်းရှန်းအတွက်မူ မျက်နှာပွင့်စရာ ဖြစ် လာပြီး ယခင်က သူ ခံစားနေရသော စိတ်ပျက်အား ငယ်မှုများလည်း ပျောက်ကွယ်သွားပေသည်။သူ ခေ တ္တစဉ်းစားပြီးနောက် ဖုန်းကိုကောက်ယူကာ စစ်တပ် မှ အကြီးတန်းခေါင်းဆောင်တစ်ဦးထံ ခေါ်ဆိုလိုက် သည်။
ကျန်းကျင်းရှန်က အခြေအနေကို အတိုချုပ် အစီရင် ခံလိုက်ရာ မမျှော်လင့်ဘဲ စစ်တပ်မှ ဒါရိုက်တာရှန် သည် အလွန်အမင်း စိတ်ဝင်စားမှုပြလာပြီး အံ့အား သင့်သည့် လေသံဖြင့် ထပ်မံမေးမြန်းလိုက်၏။
“ဘာ မင်းပြောတာ..M နိုင်ငံရဲ့ ရေငုပ်သင်္ဘောဆိုတာ တကယ်ပဲလား”
“ဟုတ်ပါတယ်..ကျွန်တော်တို့ သိရသလောက်တော့ M နိုင်ငံက တည်ဆောက်ထားတဲ့ ရေငုပ်သင်္ဘောလို့ ထင်ပါတယ်..ကျွန်တော် ဓာတ်ပုံပို့ပေးပါမယ်ခဗျ.. ခင်ဗျားတို့ စစ်တပ်ဘက်က ဒါကို ထပ်ပြီး အတည် ပြုနိုင်ပါတယ်”
“ကောင်းပြီလေ..ရေငုပ်သင်္ဘောရဲ့ ဓာတ်ပုံတွေကို ချ က်ချင်းပို့လိုက်ပါ..”
ကျန်းကျင်းရှန်မှာမူ မပေါ့ဆရဲသဖြင့် ဖုန်းချလိုက်သ ည်နှင့်တစ်ပြိုင်နက် ရေငုပ်သင်္ဘော၏ ဓာတ်ပုံများ အား ချက်ခြင်းပင် ပေးပို့လိုက်သည်။
စစ်တပ်မှ အကြီးအကဲရှန်ယုံယွမ်သည်လည်း ရေငု ပ်သင်္ဘော၏ ဓာတ်ပုံကို ချက်ချင်းပင် လက်ခံရရှိခဲ့ ၏။ထိုဓာတ်ပုံသည် ရေငုပ်သင်္ဘော ရေပေါ်သို့ တက် လာစဉ်က ရဟတ်ယာဉ်ပေါ်မှ အထူးရဲတပ်ဖွဲ့ဝင်များ ရိုက်ကူးထားခြင်း ဖြစ်သောကြောင့် အလွန်ပင် ရှင်း လင်းလှသည်။
ရေငုပ်သင်္ဘော၏ မျက်နှာပြင်များအား မြင်တွေ့ရ သဖြင့် ကျွမ်းကျင်သူဖြစ်သော ရှန်ယုံယွမ်သည် တ စ်ချက်ကြည့်လိုက်ရုံနှင့် ဤသည်မှာ ၁၉၇၀ ပြည့်လွ န်နှစ်များက တည်ဆောက်ခဲ့ပြီး ဆယ်နှစ်ကျော်ကြာ အသုံးပြုမှု ရပ်ဆိုင်းထားသည့် M နိုင်ငံ၏ ရေငုပ်သ င်္ဘောဖြစ်ကြောင်း အတပ်ပြောနိုင်ခဲ့သည်။
၎င်းသည် ရှေးဟောင်းပစ္စည်းအဆင့်ဟု သတ်မှတ်နို င်သော်လည်း ရှန်ယုံယွမ်၏ အမြင်တွင်မူ အလွန်တ န်ဖိုးရှိပေသည်။စစ်တပ်အနေဖြင့် ဤရေငုပ်သင်္ဘော အား ရယူကာ သုတေသနများကို အသေး စိတ်ပြုလု ပ်ရမည်ဟု သူတွေးမိလိုက်၏။
၁၉၇၀ ပြည့်လွန်နှစ်များက နည်းပညာဖြစ်သော်လ ည်း ထိုခေတ်က အဆင့်မြင့်ဆုံး ဒီဇယ်-လျှပ်စစ်စွမ်း အင်သုံး ရေငုပ်သင်္ဘောအား ကိုယ်စားပြုနေသည်။ ထိုနည်းပညာကို နားလည်သဘောပေါက်ခြင်းမှာ စ စ်တပ်အတွက်မူ အကျိုးကျေးဇူး များစွာရှိလာပေလိ မ့်မည်။
“ကိုယ့်ကိုယ်ကိုသိပြီး ရန်သူရဲ့အခြေအနေကိုသိရင် စစ်ပွဲတစ်ရာမှာ ဘယ်တော့မှ အန္တရာယ်မဖြစ်ဘူး”
ဆိုသည့် ဆို့ရိုးစကားအတိုင်းပြိုင်ဘက်၏ အကြော င်းကို သိထားခြင်းက အကောင်းဆုံးပင်။ ထို့အပြင် စစ်တပ်အတွက် သင်ယူစရာ နည်းပညာတချို့လည် း ရှိနေသည်။ခေတ်မီရိုးရာစွမ်းအင်သုံး ရေငုပ်သ င်္ဘောများ၏ နည်းပညာအများစုမှာ ဤ M နိုင်ငံ ရေ ငုပ်သင်္ဘောအမျိုးအစားမှ ဆင်းသက်လာပြီး နည်းပ ညာအဆင့်မြှင့်တင်ထားခြင်းပင် ဖြစ်၏။
ရှန်ယုံယွမ်သည် အထက်သို့ အခြေအနေများအား အစီရင်ခံလိုက်ရာ စစ်တပ်၏ အဆင့်မြင့် ခေါင်း ဆောင်များပါ ချက်ချင်း သိသွားကြသည်။၁၉၇၀ ပြ ည့်လွန်နှစ်များက M နိုင်ငံထုတ် ရေငုပ်သင်္ဘောသည် စစ်တပ်မှ ထိပ်ပိုင်း ခေါင်းဆောင်များ၏ အာရုံစိုက် မှုကိုပါ ရလာခဲ့၏။
အမှန်စင်စစ် လျူယောင်ကိုယ်တိုင်ကပင် ဤကဲ့သို့ သော ရှေးဟောင်းအဆင့် ရေငုပ်သင်္ဘောမျိုးသည် စစ်တပ်မှ အဆင့်မြင့် အရာရှိကြီးများ၏ အာရုံစိုက် မှုအား ခံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤအချိန်၌ လျူယောင်သည် ရုံးခန်းထဲရှိ ဆိုဖာပေါ် တွင် ထိုင်နေ၏။စားပွဲပေါ်တွင် ရေနွေးငွေ့များ ထနေ သည့် ကော်ဖီခွက်တစ်ခွက် ရှိနေပြီး သူသည် တိုက်ရို က်ထုတ်လွှင့်မှုအား ကြည့်ရှုနေပေသည်။လိပ်ကြီးမှ ာ ဆယ်ယူရေးနေရာနှင့် မီတာရာဂဏန်းခန့်သာ ဝေ းကွာသောကြောင့် တတိ ယအမြင်မှတစ်ဆင့် အရ ာအားလုံးကို လျူယောင် ရှင်းရှင်းလင်းလင်း မြင် နေရသည်။
“ဘလူးဝေးလ်"သည် ပင်လယ်အောက်ခြေ၌ နစ်မြု ပ်နေသောရေငုပ်သင်္ဘောအား အောင်မြင်စွာ ရှာတွေ့ သွားရုံသာမက ရေငုပ်သမားများစွာသည်လည်း ရေ အောက်မှာပင် သံမဏိကြိုးများအား ရေငုပ်သင်္ဘော ၏ကိုယ်ထည်၌ တစ်ခုပြီးတစ်ခု တပ်ဆင်နေကြ၏။
ဤအလုပ်မျိုးသည် အချိန်အတော်ယူရပြီး အလျင် စလိုလုပ်၍ မရပေ။လူတိုင်းက စနစ်တကျ အဆင့် ဆင့် လုပ်ကိုင်နေကြသည်။
သံမဏိကြိုးတပ်ဆင်သည့်အလုပ် မပြီးဆုံးမီမှာပင် ဘလူးဝေလ်းနှင့်“လူသတ်ဝေလငါး” ပေါ်ရှိ သင်္ဘော သားများသည် အဝေးမှ သင်္ဘောတစ်စီး ချဉ်းကပ် လာသည်အား တွေ့လိုက်ရ၏။
“ကပ္ပတိန်ဟိုမှာ သင်္ဘောတစ်စီး ဒီဘက်ကို လာနေတ ာ တွေ့လား..”
ကပ္ပတိန်ရမ်ဇီကွမ်းသည်လည်း မှန်ဘီလူးအား အမြ န်ကောက်ယူကာ ကြည့်လိုက်၏။၎င်းမှာ ကမ်းခြေ စောင့်သင်္ဘောဖြစ်ပြီး သင်္ဘောပေါ်တွင် လွှင့်ထူထား သည့် အမျိုးသားအလံကို မြင်လိုက်ရသော အခါမှ သူ စိတ်သက်သာရာ ရသွားခဲ့သည်။
“ဒါ ငါတို့ရဲ့ ကမ်းခြေစောင့်စစ်သင်္ဘောပါ..ဘာမှ စိ တ်မပူကြနဲ့”
ကမ်းခြေစောင့်စစ်သင်္ဘောသည် မီတာရာနှင့်ချီ အ ကွာအဝေးမှ မောင်းနှင်လာပြီး ဆယ်ယူရေးလုပ်ငန်း အား နှောင့်ယှက်မူ မရှိစေရန် အနီးသို့ ကပ်မလာဘဲ ရပ်တန့်နေ၏။သို့ပေမဲ့ လူတိုင်းကို ပို၍အံ့အားသင့် စေသည်မှာ ကမ်းခြေစောင့်စစ်သင်္ဘော ရောက်လာ ပြီး မကြာမီမှာပင် အခြား စစ်သင်္ဘောနှစ်စီး ထပ်မံ ရောက်ရှိလာခြင်းပင် ဖြစ်သည်။
ဘလူးဝေးလ်ပေါ်မှ သင်္ဘောသားများမှာမူ မယုံကြ ည်နိုင်လောက်အောင် ဖြစ်နေကြ၏။
“ဒါက ဘာတွေဖြစ်နေတာလဲ... ပထမဆုံး ကမ်းခြေ စောင့်စစ်သင်္ဘော ရောက်လာတယ်..အခုတော့ စစ် သင်္ဘောနှစ်စီးပါ ထပ်ရောက်လာပြန်ပြီ..တစ်စီးက အကြီးကြီးပဲဗျာ..”
သင်္ဘောသားများမှာမူ ဤကဲ့သို့ တအံ့တသြ တွေး နေကြပေသည်။