စစ်တပ်ပိုင် သင်္ဘောကျင်းမှ တောင်းဆို လာခြင်း
Vol. 41 Ch. 506
"ဟေး ကြည့်လိုက်အုံး.."
"ဟိုမှာလည်း ငါးဖမ်းသင်္ဘော နှစ်စီးတောင်ပါလား.."
"ဟုတ်တယ်..တကယ်ကို ငါးဖမ်းသင်္ဘော တွေပဲ.. သူတို့လဲ..သတင်းကြားလို့ လာကြည့်ကြတာနေမှာ.. ဒီလောက်အဝေးကြီးအထိ လာကြည့်မယ်လို့ မထင် ထားမိဘူးဗျာ.."
သတင်းကြားပြီး ရောက်လာကြသည့် ငါးဖမ်းသ င်္ဘောတွေကို မြင်လိုက်ရတော့ သင်္ဘောသားတွေ အားလုံး အံ့သြသွားကြသလို တစ်ဖက်မှာလည်း အားတက်သရော ဖြစ်နေကြ၏။ရောက်လာသည့် ငါးဖမ်းလှေတွေကလည်း ဘလူးဝေးလ်သင်္ဘောရဲ့ ဆယ်ယူရေးလုပ်ငန်းအား အနှောင့်အယှက်ဖြစ်မှာ စိုးလို့လားမသိ မီတာရာချီ အကွာအဝေးကနေပဲ အကဲခတ်နေကြသည်။
ဤအခြေအနေကို ကြည့်ပြီး လျူယောင် ပြုံးလိုက် မိ၏။ဆယ်ယူရေးလုပ်ငန်းက အတိုင်းအတာတစ် ခုအထိ ကြီးကျယ်လွန်းနေကာ အနီးနားမှ သင်္ဘော တွေအား ဆွဲဆောင်သလို ဖြစ်သွားခြင်းပင်။
'ဘလူးဝေးလ်' ရော 'လူသတ်ဝေလငါး'ပါ တကယ့် ကို ဧရာမသင်္ဘောကြီးတွေ မဟုတ်ပေလော။အထူး သဖြင့် 'လူသတ်ဝေလငါး' ဆိုရင် တန်ချိန်တစ်သိန်း ကျော်တောင် ရှိနေပေသည်။
လျူယောင်က စိတ်အေးလက်အေး တွေးလိုက်မိ ၏။
"ဒါက ငါတို့ ဆယ်ယူမယ့် ရေငုပ်သင်္ဘောပဲ.."
"သူတို့ရဲ့ ရေငုပ်သင်္ဘောကြီးကို ငါတို့ ဆယ်ယူသွား ပြီဆိုတာ သိရင် M နိုင်ငံက ဘယ်လိုတုံ့ပြန်မလဲ တောင် မသိဘူး"
အလုပ်တွေ အဆင့်ဆင့်လုပ်ပြီးတဲ့နောက်တွင်မူ သံ မဏိကြိုးတွေ တပ်ဆင်ပြီးစီးသည်မို့ ဆယ်ယူဖို့မှာ အသင့်ဖြစ်သွားခဲ့သည်။သင်္ဘောသားတစ်ယောက်က အပြေးအလွှား ရောက်လာကာ ခွင့်တောင်းလိုက် ၏။
"ကပ္ပတိန် အားလုံး အဆင်သင့်ဖြစ်ပါပြီ.. စတင်ဆ ယ်ယူရတော့မလားဗျ.."
ကပ္ပတိန်ရမ်ဇီကွမ်းက မလှမ်းမကမ်းမှ ပရိသတ်တွေ ကို တစ်ချက်ကြည့်ပြီး လက်ပတ်နာရီအား ငုံကြည့် လိုက်သည်။
"အင်း..နေ့လယ် ၂ နာရီ ၂၁ မိနစ်. ငါ့လူတွေ ဒီနေရာ မှာ အလုပ်လုပ်နေကြတာ သုံးနာရီနီးပါး ရှိနေပြီပဲ.."
"ကောင်းပြီ..ဆယ်ယူရေး... စတင်စေ.."
ကပ္ပိန်ရမ်ဇီကွမ်း၏ အမိန့်သံမှာ ဟိန်းထွက်လာ၏။
ဘလူးဝေးလ်မှ တန်ချိန် ၆၀၀၀ အထိ မနိုင်တဲ့ ဧရာမ ကရိန်းကြီးမှာ စတင်လည်ပတ်နေပေသည်။လျော့ရဲ နေသည့် သံမဏိကြိုးတွေဟာ တဖြည်းဖြည်း တင်း လာပြီး ပင်လယ်အောက်ခြေမှ ရေငုပ်သင်္ဘောအား တစ်လက်မချင်း ဆွဲတင်နေခဲ့၏။လျူယောင်မှာမူ ပင်လယ်အောက်ခြေမှ အခြေအနေအား မျက်မြင် ကိုယ်တွေ့လိုမျိုး ရှင်းရှင်းလင်းလင်း မြင်နေရသည်။
ဤလုပ်ငန်းစဉ်မှာ အရမ်းကို သတိထားနေရပြီး အ လွန် နှေးကွေးနေပေသည်။မီတာ ၁၀၀ ကျော်အနက် မှ ရေငုပ်သင်္ဘောမှာ ရေမျက်နှာပြင်ပေါ် ရောက်ဖို့ မိနစ် ၂၀ လောက် အချိန်ယူလိုက်ရ၏။
"ကြည့်... ရေငုပ်သင်္ဘော ပေါ်လာပြီကွ.."
"ဟေး... နောက်ဆုံးတော့ ရေပေါ်ရောက်လာပြီဟေ့”
"ဝိုး... မသေးဘူးပဲ..ရေအောက်မှာ တန်ချိန် ၂၈၀၀ ကျော် ရှိတာ မဆန်းပါဘူးကွာ.."
လူတိုင်း၏ ဝမ်းသာအားရ အော်ဟစ်သံတွေနဲ့အတူ ရေငုပ်သင်္ဘောကြီးဟာ ရေမျက်နှာပြင်ပေါ်သို့ ခန်းန ားထည်ဝါစွာ ပေါ်ထွက်လာခဲ့သည်။လှိုင်းလေက နည်းနည်းကြမ်းနေသည်မို့ ရေငုပ်သင်္ဘောမှာ ယိုင်နဲ့ နဲ့ ဖြစ်နေပေမဲ့ ဘလူးဝေးလ်၏ ကျွမ်းကျင်မူကြော င့် တည်တည်ငြိမ်ငြိမ်ပင် ဆက်လက်ဆွဲတင်နိုင်ခဲ့၏။
မလှမ်းမကမ်းမှာ ရှိသော ငါးဖမ်းသင်္ဘောပေါ်မှ လူ တွေကလည်း ရင်တထိတ်ထိတ်နှင့် လှမ်းကြည့် နေ ကြသည်။
"ဘုရားရေ ဒါ M နိုင်ငံက ရေငုပ်သင်္ဘောလား.. ပြီးခဲ့ တဲ့ လအနည်းငယ်တုန်းကလည်း ငါတို့လူတွေ အဲဒီ လိုဟာမျိုး ဆယ်ယူခဲ့သေးတယ်လို့ ကြားတယ်.."
"ဒါမှမဟုတ် နစ်မြုပ်နေတဲ့ ရတနာသင်္ဘောကြီးလား"
"ဟျောင် အဲ့ဒါက ရေငုပ်သင်္ဘောကြီးဟ.."
ခဏအကြာမှာတော့ သူတို့၏ သံသယတွေမှာ အကု န်ရှင်းလင်းသွား၏။ရေငုပ်သင်္ဘောကြီး တစ်စီးလုံး ပေါ်လာတာကို မြင်လိုက်ရတော့ ငါးဖမ်းသမားတွေ ဟာ လည်ပင်းတွေဆန့်ပြီး စိတ်လှုပ်ရှားစွာ အော်ဟ စ်လိုက်ကြသည်။တီဗီထဲမှာပဲ မြင်ဖူးတဲ့ ရေငုပ်သ င်္ဘောကြီးအား အပြင်မှာ အနီးကပ် မြင်ရတာဟာ ထိုလူတွေအတွက်တော့ တကယ့်ကို အံ့ဩစရာပင်။
ထိုရေငုပ်သင်္ဘောအား ဆယ်ယူပြီးနောက်မှာမူ 'လူ သတ်ဝေလငါး' သင်္ဘောကြီးမှာ အနားသို့ ဖြည်းဖြည် းချင်း ကပ်လာခဲ့၏။မီတာ ၂၀-၃၀ အကွာအဝေးကို ရောက်သည့်အခါ၌ ရေငုပ်သင်္ဘောအား 'လူသတ်ဝေ လငါး' ၏ ကျယ်ဝန်းလှသော ကုန်းပတ်ပေါ်သို့ အော င်မြင်စွာ ဆွဲတင်နိုင်ခဲ့သည်။
သင်္ဘောသားတွေလည်း ဝိုင်းဝန်းကာ သံမဏိကြိုး တွေ ဖြုတ်၍ ရေငုပ်သင်္ဘောအား စနစ်တကျ ပြင် ဆင်ကြလိုက်၏။
"ဟာ... ရေငုပ်သင်္ဘော နောက်မြီးမှာ အပေါက်ကြီးပ ါလား.."
"ဒါ လက်နက်တစ်ခုခုနဲ့ အတိုက်ခံရတာ ဖြစ်မယ်.. မ ဟုတ်ရင် ဒီလိုကြီး နစ်နေမလား.."
လူအားလုံးမှာ စိတ်ဝင်တစားနှင့် ဝိုင်းကြည့်နေကြသ ည်။ဖုန်းတွေသာ ပါလာခဲ့လျှင် ထိုမြင်ကွင်းအား ဓာ တ်ပုံရိုက်ကာ "M နိုင်ငံ၏ ရေငုပ်သင်္ဘောကို ငါတို့ ဆယ်ယူလိုက်ပြီဟေ့.." ဆိုပြီး လူမှုကွန်ရက်ပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာ တင်မိကြမှာ သေချာလှပေသည် ။
မကြာခင်မှာပဲ ဟွာဟိုင်းမြို့သို့ သင်္ဘောနှစ်စီးလုံး ပြ န်လည်မောင်းလာခဲ့၏။လျူယောင်လည်း စိတ်အေး သွားရကာ သူ့ ရုံးခန်းထဲ၌ ပြန်ထိုင်နေတုန်းမှာပင် ဖု န်းတစ်လုံး ဝင်လာခဲ့သည်။
"ဟယ်လို ကျွန်တော် လျူယောင်ပါ.."
"မင်္ဂလာပါ မစ္စတာလျူ..ကျွန်တော်က 'တုန်းဟိုင်' သ င်္ဘောကျင်းက ကျိုးကျွင်းပါ..ခင်ဗျားတို့က M နိုင်ငံ ရဲ့ ရေငုပ်သင်္ဘောတစ်စီးကို ဆယ်ယူနိုင်ခဲ့တယ်လို့ ကြားပါတယ်..အဲဒီရေငုပ်သင်္ဘောကို ကျွန်တော်တို့ ဆီ လွှဲပြောင်းပေးလို့ ရမလားခင်ဗျာ.. ဈေးနှုန်းကို တော့ မစ္စတာလျူ စိတ်ကြိုက် ညှိနှိုင်းလို့ ရပါတယ် .."
လျူယောင်မှာ အံ့ဩသွားရသလို ရယ်လည်း ရယ် လည်းရယ်ချင်လာ၏။စစ်တပ်ပိုင် သင်္ဘောကျင်း ဖြ စ်သည့် 'တုန်းဟိုင်'သင်္ဘောကျင်းက ဒီလောက် မြန် မြန် ဖုန်းဆက်လာလိမ့်မည်လို့ သူ လုံးဝ မထင်ထား ခဲ့ပေ။
"မစ္စတာကျိုး..ဒီရေငုပ်သင်္ဘောက ၁၉၇၀ ပြည့်လွန် နှစ်တွေကဟာဗျ..အပေါက်လည်း ပါတယ်..တကယ့် ရှေးဟောင်းပစ္စည်းကြီးကို ခင်ဗျားတို့ တကယ်ပဲ လို ချင်တာလား.."
ဖုန်းတစ်ဖက်မှ ကျိုးကျွင်းက ပြတ်ပြတ်သားသားပဲ ပြန်ဖြေလိုက်၏။
"သေချာတာပေါ့..အဲဒီခေတ်က အဆင့်မြင့်ဆုံး ဒီဇ ယ်-လျှပ်စစ် နည်းပညာကို သုံးထားတာလေ.. ကျွန် တော်တို့မှာ ခုချိန်ထိ လေ့လာစရာ နည်းပညာတွေ အများကြီး ရှိပါသေးတယ်.."
လျူယောင် ခဏ စဉ်းစားမိလိုက်သည်။
"ဒီလူက..ဒီရေငုပ်သင်္ဘောလေးကိုတောင် ဒီလောက် တန်ဖိုးထားနေရင်..ပင်လယ်အောက်ခြေ မီတာ ၁၀၀ ၀ ကျော်မှာ နစ်မြုပ်နေတဲ့ M နိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘောကြီးအကြောင်းသာ သိရင် ဒီလူ ဘယ် လိုတောင် ဖြစ်သွားမလဲ မသိဘူး.."
"အင်း ငါလောလောဆယ်တော့ မပြောသေးတာ အ ကောင်းဆုံးပဲ နျူကလီးယား ရေငုပ်သင်္ဘောကြီးက အရမ်းနက်တဲ့နေရာမှာ ရှိနေတာမို့ ဆယ်ယူဖို့က မဖြ စ်နိုင်ဘူး လိပ်ကြီးသာ တန်ချိန်သောင်းချီကို ရွှေ့နိုင် တဲ့အထိ ကြီးထွားလာတဲ့တစ်နေ့မှ အဲဒီသင်္ဘောကြီး ကို ကမ်းနားအထိ ဆွဲလာပြီးမှ ငါ ပြောပြလိုက်မယ် ကွာ.."
"ကောင်းပါပြီဗျာ..ခင်ဗျားတို့ လိုအပ်တယ်ဆိုရင် ကျွန်တော် အားတက်သရော ကူညီမှာပါ ..ဒီရေငုပ် သင်္ဘောကိုလည်း ခင်ဗျားတို့ကို ကျွန်တော်.. အခမဲ့ လွှဲပေးလိုက်ပါ့မယ်.."
ကျိုးကျွင်းတစ်ယောက်မှာမူ ဖုန်းထဲကနေ လျူယော င်အား ကျေးဇူးတွေ တဖွဖွ တင်နေမိသည်။နိုင်ငံ၏ ရေငုပ်သင်္ဘော နည်းပညာကဏ္ဍအတွက် ဤသည်မှ ာ နိုင်ငံအတွက် တကယ့်ကို ကြီးမားသည့် ပံ့ပိုးမှု တစ်ခုပင် မဟုတ်ပေလော။