နောက်ကွယ်မှလူ
Vol. 41 Ch. 507
ဟွာဟိုင်းမြို့တွင်မူ အချိန်ပိုင်းသတင်း၊နေ့စဉ် သတ င်းစာ၊ဟွာဟိုင်းရဲတပ်ဖွဲ့ရဲ့ တရားဝင်အကောင့် စသ ည်တို့၌ သတင်းတစ်ခုအား ထုတ်ပြန် ကြေညာလိုက် ၏။
ဤသတင်းသည် "ကမ္ဘာ့ထိပ်တန်းလူသတ်သမား သေမင်းအား ဟွာဟိုင်းမြို့မှာ ပစ်သတ်ခဲ့သည်" ဆို သည့် သတင်းပင် ဖြစ်သည်။
သတင်းမှ တိုတောင်းလှသော်လည်း အချက်အလ က်များစွာ ပါဝင်နေ၏။ဟွာဟိုင်းမြို့မှ မြို့သူမြို့သာ းများမှာမူ ထိုသတင်းအား WeChat ၌ ပြန်လည် မျှဝေကြပြီး လူများစွာကလည်း ပူပူနွေးနွေး ဆွေး နွေးငြင်းခုံနေကြသည်။
"လခွမ်း..ကမ္ဘာ့ထိပ်တန်းလူသတ်သမားက ကျွန်တေ ာ်တို့ ဟွာဟိုင်းမြို့မှာ သေသွားတာပဲကျွန်တော်တို့ ရဲအရာရှိတွေက တကယ် အစွမ်းထက်တာပဲဗျာ.."
"ငါ ဒီလူသတ်သမားကို ကျိန်ဆဲတယ်.. သူ့လုပ်ငန်း သက်တမ်းတစ်လျှောက်မှာ လူပေါင်းများစွာကို သ တ်ခဲ့တာပဲ..ဒီလူသတ်ခဲ့တာတွေက ချမ်းသာတဲ့ စီးပွ ားရေးသမားတွေ ဒါမှမဟုတ် စစ်ရေးနဲ့ နိုင်ငံရေး န ယ်ပယ်က နာမည်ကြီးပုဂ္ဂိုလ်တွေပဲဟ.."
မြို့သူမြို့သားများမှာ ထိုအကြောင်းအရာသာ ဆွေး နွေးနေကြ၏။လျူယောင်သည် WeChat ပေါ်မှ လှု ပ်ရှားမှုတွေအား သတိထားမိသော်လည်း ဤသည်မှ နောက်တစ်နေ့မနက် သူ့ရုံးခန်းထဲ ရောက်သည့် အခါ မှပဲ ဖြစ်သည်။မနေ့ညက ဟွာဟိုင်းမြို့၏ သတင်း အစီရင်ခံစာအား သူ မြင်ခဲ့ပေမဲ့ သူက ကြည့်ရုံပဲ ကြ ည့်လိုက်ပြီး စိတ်ထဲမှာ သိပ်မထားခဲ့ပေ။
ထို လူသတ်သမား သေဆုံးသွားသည့်အတွက် လျူ ယောင် စိတ်အေးနေရသည်။အနည်းဆုံးတော့ သူ့ ပ တ်ပတ်လည်တွင် ယင်ကောင်တွေလိုမျိုး စိတ်ရှုပ်စရ ာတွေ မရှိတော့ဘဲ သန့်ရှင်းအေးချမ်းတဲ့ ဘဝမှာ နေထိုင်နိုင်ခဲ့၏။WeChat ပေါ်မှ သတင်းအား လျူ ယောင် ဖတ်ပြီးနောက် ကော်ဖီသောက်ရင်း သူ့စိတ် ထဲမှာ ဤကဲ့သို့ တွေးနေမိသည်။
"သေမင်းနောက်ကွယ်က အဖွဲ့အစည်းက အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး အရမ်းနက်ရှိုင်းတဲ့နေရာမှာ ပုန်းအောင်းနေတာပဲ..ကျိန့်ကန်းနဲ့ တခြားလူတွေက လည်း ခုထိ မစုံစမ်းနိုင်သေးဘူး.. နောက်ကွယ်က အဖွဲ့အစည်းကို အတည်ပြုပြီးတာနဲ့ ဒီလူတွေကို လွှ တ်ထားလို့တော့ မရဘူး.."
.......
ဥရောပမှ အထပ်မြင့်ရုံးခန်းတစ်ခု၌..
လူလတ်ပိုင်းအရွယ် လူဖြူတစ်ယောက်၏ မျက်နှာ မှာမူ နည်းနည်း အကျည်းတန်သည်။သူသည် ခုနက ပဲ သူ့လက်အောက်ငယ်သား၏ အစီရင်ခံစာအား နာ းထောင်ပြီးခဲ့၏။အခြေအနေတွေက ဒီလိုမျိုး ဖြစ် လာလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ပေ။
"ဒီသတင်းက တကယ်လား.သေမင်းက.. တကယ် သေသွားတာလား..ငါတို့ရဲ့ ရေငုပ်သင်္ဘောကလည်း ယန်နိုင်ငံစစ်တပ်လက်ထဲကို ရောက်သွားတာလား.."
"အဲဒါ လုံးဝအမှန်ပါပဲသူဋေး.. ဟွာဟိုင်းမြို့က သတ င်းမီဒီယာတွေမှာလည်း ဒီကိစ္စကို သတင်းတင်ထား ပြီးသားပါ..ဒါ့အပြင် သေမင်းရဲ့ ဓာတ်ပုံတွေနဲ့ ရေငု ပ်သင်္ဘောရဲ့ ပုံတွေကိုလည်း သတင်းထဲမှာ ထည့်သွ င်းပြသထားပါတယ်ခဗျ.."
လူလတ်ပိုင်းအရွယ် လူဖြူက ခွက်တစ်ခွက်ကို ကေ ာက်ကိုင်ပြီး ကြမ်းပြင်ပေါ်သို့ အားနဲ့ ပစ်ပေါက်လို က်ကာ ဒေါသတကြီး အော်ပြောလိုက်၏။
"သေချာ စုံစမ်းစမ်း..သေမင်းနဲ့ တခြားလူတွေဘယ် လိုသေဆုံးသွားတယ်..အဲဒီအချိန်က ဘာတွေ ဖြစ်ခဲ့ တယ်ဆိုတာကို သေချာအာရုံစိုက်ပြီး ရှာဖွေစမ်း.."
ထိုလူဖြူမှာ အမှန်တကယ်ပင် စိတ်ဆိုးနေပေသည်။ သူ အချိန်အကြာကြီး ရင်းနှီးကာ ပျိုးထောင်ခဲ့သည့် ထိပ်တန်းလူသတ်သမား ရှောင်ဘင်းသည် ဟွာဟိုင်း မြို့၌ သေဆုံးသွားသည်ကို သူသည် လုံးဝ လက်မခံ နိုင်အောင် ဖြစ်ခဲ့ရ၏။
ထိပ်တန်းလူသတ်သမားတစ်ယောက်အား လေ့ကျင့် ပျိုးထောင်ပေးဖို့ဆိုသည်မှာ လုံးဝ မလွယ်ကူပေ။
ရှောင်ဘင်း သေဆုံးသွားရသည့်အတွက် သူ့လက်ထဲ မှာမူ ထိပ်တန်းလူသတ်သမားတစ်ယောက် လျော့န ည်းသွားကာ သူ့ အင်အားတွေလည်း အများကြီး ဆုံ းရှုံးခဲ့ရ၏။
"ကျွန်တော်တို့ အတတ်နိုင်ဆုံး စုံစမ်းပါ့မယ် သူဋေး.. သတင်းတစ်ခုခု ရတာနဲ့ သူဋေးဆီ ချက်ချင်း အစီ ရင်ခံပါ့မယ်ခဗျ.."
လူလတ်ပိုင်းအရွယ် လူဖြူသည် သူ့လက်အား ဝှေ့ ယမ်းလိုက်သောအခါ ထိုလက်အောက်ငယ်သားမှာ ချက်ချင်းပင် နောက်ပြန်ဆုတ်ကာ ထွက်ခွာသွားပေ သည်။ထိပ်တန်းလူသတ်သမားတစ်ယောက် ဆုံးရှုံး ရသည့်အပြင် ဤကိစ္စက လူသတ်သမားလောက၌ ရယ်စရာ ဖြစ်လာမှာကိုလည်း သူ စိုးရိမ်နေခဲ့၏။
အမှန်တကယ်ပင် ဤဖြစ်ရပ်သည် နိုင်ငံတကာ လူ သတ်သမားအသိုင်းအဝိုင်းတစ်ခုလုံးဆီသို့ လျင်မြန် စွာ ပျံ့နှံ့သွားသည်။ကမ္ဘာ့ထိပ်တန်းလူသတ်သမား ဆယ်ဦးစလုံးမှာ ထိုဖြစ်ရပ်အား သိသွားကြကာ တ စ်ယောက်ချင်းစီက ပြင်းပြင်းထန်ထန် တုံ့ပြန်လိုက် ကြ၏။
"ဘာ.သေမင်း..သေသွားပြီ ဟုတ်လား.."
"ယန်နိုင်ငံက တကယ်ပဲ ပရော်ဖက်ရှင်နယ် လူသတ် သမားတွေအတွက် တားမြစ်နယ်မြေပဲ ..နောက်ဆို ငါတို့. မစ်ရှင်လက်ခံရင် ယန်နိုင်ငံကို ပို သတိထားမှ ရမယ်.."
ဤဖြစ်ရပ်သည် လျူယောင် မျှော်လင့်ထားသည့် အတိုင်း "မျောက်ကိုသတ်ပြီး ကြက်ကိုကြောက်အေ ာင် လုပ်ပြတဲ့" အခန်းကဏ္ဍကနေ အဓိက ပါဝင်ခဲ့ ၏။ကမ္ဘာထိပ်တန်းလူသတ်သမား ဆယ်ဦးအပါ အ ဝင် လူ သတ်သမား များစွာမှာမူ လုံးဝ ကြောက်လန့် သွားကြသည်။
နှစ်ရက် ကြာသွားခဲ့တာတောင်မှ ထိုဖြစ်ရပ်၏ အ ကျိုးဆက်တွေက မပျောက်ပျက်သေးသလို တချို့ လူတွေကလည်း ထိုဖြစ်ရပ်အား အခုချိန်ထိ ပြောနေ ကြတုန်းပင်။
ဝံပုလွေကြေးစားအဖွဲ့၏ စုံစမ်းမှုသည် နောက်ဆုံး တော့ တွေ့ရှိချက် အသစ်တွေ ရလာခဲ့၏။ထူထဲလှ သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစ်အုပ်ကို ကိုင်ကာ စိတ်လှုပ်ရှားစွာနှင့် လျူယောင့်၏ ရုံးခန်း ထဲသို့ ကျိန့်ကန်း ဝင်လာခဲ့သည်။
"သူဋေး..ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ စုံစမ်းမှု တ စ်ခု ပြုလုပ်နိုင်ခဲ့ပါပြီ..ဒါက စုံစမ်းစစ်ဆေးရေး အစီ ရင်ခံစာပါ..ကျေးဇူးပြုပြီး ကြည့်ရှုပေးပါဦး"
လျူယောင်သည် ကျိန့်ကန်းအား ချီးကျူးသလိုမျိုး ပုံစံနှင့် တစ်ချက် ကြည့်လိုက်ကာ ပြန်ပြောလိုက် ၏။
"အိုး.မင်းတို့.. ဒီလောက်မြန်မြန်နဲ့ ရှင်းရှင်းလင်းလင်း စုံစမ်းနိုင်တာပဲ..တော်တယ်..."
ချီးကျူးစကား ပြောပြီးနောက်တွင် လျူယောင်သ ည် စာအုပ်အား စတင် လှန်ကြည့်လိုက်သည်။သူက အရမ်းကို အလေးအနက်ထားပြီး ကြည့်သော်ကြော င့် မိနစ် ၂၀ ကနေ ၃၀ အထိ ကြာသွားခဲ့၏။ကျိန့်ကန် းမှာမူ လျူယောင် စုံစမ်းစစ်ဆေးရေး စာအုပ်အား ဖတ်ပြီးသည့်အထိ စိတ်ရှည်လက်ရှည်နှင့် ဘေးနား မှာ တိတ်တိတ်လေး ရပ်စောင့်နေခဲ့သည်။
လျူယောင်က အစီရင်ခံစာအုပ်အား ပိတ်လိုက်ကာ လေးနက်စွာ ပြောလိုက်၏။
"လူသတ်သမားရဲ့..နောက်ကွယ်က ကမ္ဘာ့ထိပ်တန်း ၅၀၀ စာရင်းဝင်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်နေလိမ့်မ ယ်လို့ ငါ တကယ်မထင်ထားခဲ့ဘူး"
ကျိန့်ကန်းကလည်း ရိုသေစွာ ပြန်ပြောလိုက်သည်။
"ကျွန်တော်တို့လည်း မထင်ထားခဲ့ပါဘူး သူဋေး.. အ စကတော့ ကျွန်တော်တို့ မှားယွင်းမှု တစ်ခုခု လုပ်မိ ပြီလို့တောင် ထင်ခဲ့တာ..ဘာတာ လို့ခေါ်တဲ့ ဒီဥရောပ ကုမ္ပဏီကြီးက အပေါ်ယံမှာ ကမ္ဘာ့ထိပ်တန်း ၅၀၀ စ ာရင်းဝင် ဖြစ်နေပြီး နောက်ကွယ်မှာတော့ ဒီလိုမျိူး မကောင်းမှုတွေ လုပ်ဆောင်နေတာက တကယ်ပါပဲ ခဗျ.."
"သူတို့က လူသတ်သမားတွေကို လေ့ကျင့်ပေးဖို့နဲ့ ပြုစုပျိုးထောင်ဖို့အတွက် နှစ်စဉ် ငွေအမြောက်အ မြား သုံးစွဲကြတယ်သူဋေး.. ပြီးတော့ လုပ်ကြံရေး မစ်ရှင်တွေကိုလည်း လက်ခံကြတယ်.. သေမင်းက သူတို့ရဲ့ ထူးချွန်တဲ့ လူသတ်သမားတွေထဲက တစ် ယောက်ပါပဲ"
"သူတို့ရဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အတွက် M နိုင်ငံ ကနေ အနားပေးထားတဲ့ ရိုးရာစွမ်းအင်သုံး ရေငုပ် သင်္ဘောတစ်စီးကို ရဖို့ အများကြီး ကြိုးစားခဲ့ကြတ ယ်..အဲ့လူကို.. သူတို့က 'အမကြီးသိုက်' လို့ ခေါ်ပါတ ယ်ခဗျ.."
"သူတို့က တောင်ပစိဖိတ်က လူမဲ့ကျွန်းတစ်ခုပေါ်မှာ လျှို့ဝှက်အခြေစိုက်စခန်း တစ်ခုလည်း ရှိတယ်..နှစ် ပေါင်းများစွာ လုပ်ကိုင်လာပြီးနောက်မှာတော့ အဲ့ဒါ က ရိုးရိုးလူမဲ့ကျွန်း မဟုတ်တော့ပါဘူး.."
"အပေါ်ယံမှာတော့ ပုဂ္ဂလိကကျွန်းတစ်ကျွန်းလို့ ထင် ရပြီး ဆိပ်ခံတံတားတစ်ခုနဲ့ ဗီလာတစ်ခုပဲ ရှိတာပါ.. ဒါပေမဲ့ မြေအောက်ကိုတော့ အကုန်နီးပါး ဖောက်ထ ားပြီး အတွင်းထဲမှာ ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်ခဗျ."
ကျိန်းကန်းသည် သူ ရရှိထားသည့် အချက်အလက် များအား ရှည်လျားစွာ ရှင်းပြလိုက်၏။
လျူယောင်က အချက်အလက်တွေကို နောက်တစ် ခေါက် ပြန်လှန်ကြည့်ပြီး စာရွက်ပေါ်မှ ဂြိုဟ်တုပုံ အား ထောက်ပြကာ ပြောလိုက်သည်။
"မင်းပြောတာ ဒီလူမဲ့ကျွန်းလား..ငါ ဒါကို ယူချင် တ ယ်.." စုံစမ်းရေး အချက်အလက်တွေထဲ၌ ကျွန်း၏ ဂြိုဟ်တုပုံတွေသာမကဘဲ တိကျသည့် တည်နေရာ၊ လတ္တီတွဒ်နဲ့ လောင်ဂျီတွဒ်တွေကိုလည်း ရှင်းရှင်းလ င်းလင်း မှတ်သားထား၏။
ကျိန့်ကန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော်တို့ ချက်ချင်း အရေးယူပြီး သူတို့ကို သ တ်ဖို့ လူစေလွှတ်လိုက်ပါ့မယ် သူဋေး.."
လျူယောင်မှာမူ ခေါင်းခါယမ်းလိုက်ကာ ပြောလိုက် ၏။
"မလောပါနဲ့..ကိုယ့်ကိုယ်ကိုယ်သိပြီး ရန်သူကိုသိရင် စစ်ပွဲတစ်ရာမှာ ဘယ်တော့မှ အန္တရာယ်မဖြစ်ဘူး.. ဝံပုလွေကြေးစားအဖွဲ့က အစွမ်းထက်ပေမဲ့ မလိုလား အပ်တဲ့ ထိခိုက်မှုတွေကို ရှောင်ရှားဖို့အတွက် မလော ကြရအောင်.."
"ဟုတ်ကဲ့ပါ သူဋေး.. ကျွန်တော် သူဋေးရဲ့စကားကို နားထောင်ပါ့မယ်ခဗျ.."
"မင်းတို့ အဆင်သင့်ပြင်ထားပြီး ငါ့သတင်းကို စော င့်နေ..အချိန်တန်တာနဲ့ ဒီအခြေစိုက်စခန်းကို အပြီး အပိုင် ဖျက်ဆီးပစ်ကြမယ်.."
ကျိန့်ကန်းနှင့် ခဏစကားပြောပြီးနောက်မှာတော့ လျူယောင်သည် ထိုင်ခုံပေါ်မှာ ထိုင်၍ စုံစမ်းစစ် ဆေးရေး အစီရင်ခံစာအား နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်။
"ဒီကုမ္ပဏီက တကယ်ကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ် ထားတာပဲ .. ဒီလောက်လျို့ဝှက်ချက်တွေအများကြီ း ကို ဝံပုလွေအဖွဲ့က စုံစမ်းနိုင်ခဲ့တာ..သူတို့ရဲ့ ထေ ာက်လှမ်းရေးက တကယ်ကို ကောင်းမွန်လာပြီပဲ.."
ပြီးနောက်မှာတော့ လိပ်ကြီးနှင့် ဆက်သွယ်လိုက်ပြီး ထိုနေရာအား သွားရောက် စုံစမ်းရန် လျူယောင် အ မိန့်ပေးလိုက်၏။
လျူယောင်အတွက် ဝမ်းသာစရာကောင်းသည်မှာ ၁၀ ရက်ကျော်ကြာ ပတ်သွားနေသည့် နဂါးနက် ပြန် လာပြီဖြစ်ကြောင်းနဲ့ သူတို့နှစ်ကောင် အဲဒီကျွန်းကို အတူတူ သွားကြမည်ဟူ၍ လိပ်ကြီးက ပြောလိုက် သည်။
လျူယောင်ကလည်း သဘောတူလိုက်၏။
ဤသို့ဖြင့် လိပ်ကြီးနှင့်နဂါးနက်တို့သည် မြောက်ပစိ ဖိတ်သမုဒ္ဒရာကနေ တောင်ပစိဖိတ်သမုဒ္ဒရာဆီသို့ ထွက်ခွာလာကြသည်။အကွာအဝေးမှာ ရေမိုင် ၄၀၀ ၀ ကျော် ရှိသော်လည်း သူတို့၏ အမြန်နှုန်းမှာ အရ မ်း မြန်ဆန်နေ၏။
လိပ်ကြီးသည် တစ်နာရီကို ရေမိုင် ၄၀၀ အထိ ရော က်နိုင်ကာ နဂါးနက်မှာမူ ပို၍ နှေးသော်လည်း ရေမိုင် ၁၅၀ လောက်မှာ ပြဿနာ မရှိပေ။တစ်ရက်လျှင် ရေမိုင် ၁၀၀၀ ကျော် ကူးခတ်ဖို့ဆိုသည်မှာ သူတို့ အ တွက်တော့ ပြဿနာကြီးကြီးမားမား မရှိလှပါပေ။
" နှစ်ရက်၊သုံးရက်အတွင်း ငါတို့ အဲ့ကျွန်းကို ရောက် တော့မယ်.."
"မြန်မြန်ကူး..ဒီထက် မြန်မြန်ကူးကွ.."
လိပ်ကြီးက ရှေ့ကနေ ဦးဆောင်ပြီး ကူးခတ်နေ၏။ နောက်ကျနေသည် နဂါးနက်ကိုမူ အချိန်တိုင်း လှော င်ပြောင်သည့် ပုံစံမျိုးနှင့် ကြည့်ကာ ပြောလိုက်သည် ။
"မင်းက ဘာလို့ ဒီလောက်နှေးနေတာလဲ..လိပ်လိုတွာ းသွားနေသလိုပဲကွာ..."
နဂါးနက်မှာမူ မျက်နှာလေး ညိုးငယ်စွာနှင့် စိတ်ထဲ ကနေ တိတ်တိတ်လေး ရေရွတ်လိုက်၏။
"အကိုကြီးရယ်... ဒါက ကျွန်တော့်ရဲ့ ကန့်သတ်ချက် ပဲလေ..ကျွန်တော် ဒီထက်ပိုပြီး မြန်အောင် သွားလို့ မရတော့ဘူးဗျ.