ကောင်းကင်ပေါ်မှ ဆင်းသက်လာခြင်း
Vol. 41 Ch. 508
နဂါးနက်မှာမူ တကယ်ကို ဝမ်းနည်းမိ၏။
ဤသည်မှာ သူ၏ အမြန်ဆုံးနှုန်းဖြင့် ကူးနေသော် လည်း သူ့ အကိုကြီးကတော့ နှေးကွေးလွန်းသည် ဟုဆိုကာ အပြစ်တင်နေဆဲပင်။ခဏ ရေကူးပြီးနော က် နောက် လိပ်ကြီး၏ အရှိန်မြှင့်ခိုင်းသော စကား များကြောင့် နဂါးနက်မှာမူ လိပ်ကြီးအား လုံးဝ လ က်လျှော့လိုက်ရသည်။
"အကိုကြီးက တကယ်ကို အကိုကြီးပီသပါပေတယ် ဗျာ.."
လိပ်ကြီးသည် နဂါးနက်၏ အရှိန်ကို သိပါလျက်နှင့် တမင်မထီမဲ့မြင်ပြုနေကာ သူ့အရှိန်ကိုမူ တစ်နာရီ လျှင် မိုင် ၁၂၀ မှ ၁၅၀ ကြားတွင်သာ ထိန်းထားခဲ့၏ ။နဂါးနက် မလိုက်နိုင်တော့သည်ကို မြင်လျှင် သူသ ည် အနည်းငယ် နှေးပေးလိုက်ကာ နဂါးနက် သူ့ အန ားသို့ နည်းနည်းလေး နီးကပ်လာသည်နှင့် တစ်ပြိုင် နက် အရှိန်ကို ပြန်တင်လိုက်ပြန်သည်။
မိုင်ပေါင်းများစွာအား တစ်ဆက်တည်း ကူးခတ်ပြီး နောက်တွင်မူ နဂါးနက်မှာ အလွန် မောပန်းနွမ်းနယ် လာကာ လိပ်ကြီးအား တောင်းဆိုလိုက်ရ၏။
"အကိုကြီး ကျွန်တော်တို့ ခဏလောက် နားလို့ရမလ ား ..ကျွန်တော် တကယ်ကို ပင်ပန်းနေပြီဗျ."
လိပ်ကြီးကလည်း သဘောတူကာ ပြန်ဖြေလိုက်သ ည်။
"အေး နားလို့တော့ ရပါတယ်..ဒါပေမဲ့ မင်းသွားပြီး အစာရှာချေ.. ငါကတော့ ဒီမှာပဲ စောင့်နေမယ်..ငါက ငါးကြီးတွေမှ စားတာနော် ..အကောင်သေးလေးတွေ ဆို ငါ့သွားကြားတောင် မဆန့်ဘူး.."
"မလုပ်ပါနဲ့ အကိုကြီးရာ.. ကျွန်တော် အရမ်းပင်ပန်း နေပြီဗျ ကျွန်တော်တို့ နှစ်ယောက်လုံး အစာသွားရှာ ကြမယ်လေ."
နဂါးနက်က ဤကဲ့သို ပြောသော်လည်း လိပ်ကြီးမှာ မူ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။
"မရဘူး.. ငါက အကြီးပဲ..မင်းက ငါ့အတွက် အစာ သွားရှာပေးရမယ်.."
နဂါးနက်က ထပ်မံ၍ သနားစဖွယ် တောင်းဆိုလိုက် ၏။
"အစ်ကိုကြီး..ကျေးဇူးပြုပြီး ကျွန်တော့်ကို သနားပါ ဗျာ ..ကျွန်တော် တကယ်ကို ပင်ပန်းနေပါပြီ. .ဒါမှ မ ဟုတ်ရင် ပြန်ရောက်တဲ့အခါကျရင် အကိုကြီးအတွ က် ငါးရှဉ့်ကြီး နှစ်ကောင် ဖမ်းပေးပါ့မယ်ဗျာ.."
ထိုအခါမှ လိပ်ကြီးက သဘောတူလိုက်သည်။
"မရဘူး..နှစ်ကောင်က နည်းလွန်းတယ်.. အနည်းဆုံး ငါးကောင် ဖြစ်ရမယ်.."
"လေးကောင်ဗျာ..အနည်းဆုံး လေးကောင်ပဲ ဖမ်းပေ းနိုင်မယ်.."
"လေးကောင်ဆိုလည်း လေးကောင်ပေါ့ကွာ.."
နောက်ဆုံးတွင်မူ လိပ်ကြီးက သဘောတူလိုက်ကာ ပြန်ပြောပြီးနောက် နဂါးနက်သည် အသက်ရှူအောင့် လိုက်ကာ ရေမိုင်ပေါင်း ရာနှင့်ချီ ရေကူးခဲ့ရသဖြင့် အလွန်ပင်ပန်းနေပေသည်။ထို့ကြောင် ဤနေရာတွင် ဆယ်မိနစ်ခန့် နားပြီးမှ ဗိုက်ဖြည့်ရန် အစာသွားရှာလို က်၏။
လိပ်ကြီးမှာမူ စွမ်းအင်များ အပြည့်ရှိနေပြီး ပင်ပန်း နေသည့်အရိပ်အယောင် လုံးဝမပေါ်ပေ။
သူသည် အဝစားနိုင်ရန်အတွက် အဝေးသို့ အစာရှာ ရန် ရေကူးလာခဲ့သည်။လိပ်ကြီးနှင့် နဂါးနက်တို့ သ ည် ခရီးစဥ်တစ်လျှောက်လုံး အချိန်ယူကာ နားလိုက်၊ သွားလိုက် လုပ်ခဲ့ကြသဖြင့် တောင်ပစိဖိတ်သမုဒ္ဒရာ မှာရှိသော လူသူမဲ့ကျွန်းငယ်လေးသို့ ရောက်ရှိရန် သုံးရက်တိတိ ကြာမြင့်ခဲ့၏။
"မင်းကိုက တအားနှေးလွန်းတယ်.. ငါ တစ်ယောက် တည်းဆို တစ်ရက်တောင် မကြာဘဲ ရောက်နေပြီ..မ င်းကို ခေါ်လာလို့သာ သုံးရက်တောင် ကြာသွားတာ ကွ.."
လိပ်ကြီးက ဒေါသတကြီး ပြောလိုက်ရာ နဂါးနက် မှာ တုန်တုန်ယင်ယင်နှင့် ပြန်ပြောလိုက်၏။
"အကိုကြီးက.. အကြီးဆိုတော့ ကျွန်တော့်ထက် ပိုမြ န်မှာ သေချာတာပေါ့.. အား... ကျွန်တော်တအား ပင် ပန်းနေပြီ..နောက်ဆုံးတော့ ရောက်လာပြီဗျာ ကောင် းလိုက်တာ.."
လိပ်ကြီးသည် နဂါးနက်အား မျက်မှောင်ကြုတ်၍ ကြည့်ကာ ကြီးမားသော ခေါင်းတစ်ဝက်ကိုသာ ရေ ပေါ်မှာဖော်ရင်း အဝေးမှ ကျွန်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေကာ လျူယောင့်ထံသို့ သတင်းပို့ လို က်သည်။
"သခင်ရေ..ကျွန်တော်တို့ ရောက်ပြီဗျ.."
ယနေ့မှာ စနေနေ့ဖြစ်သဖြင့် လျူယောင်သည် ဗီလာ အိမ်ကြီးထဲ၌သာ ရှိနေပြီး အပြင်သို့ မသွားရသေး ပေ။လိပ်ကြီးထံမှ သတင်းရသည်နှင့် တိရစ္ဆာန်ထိန် းချုပ်ရေး ချပ်ပြားအား အရင်ဆုံး ဖွင့်လိုက်သည်။ ချပ်ပြားမျက်နှာပြင်ရှိ ကမ္ဘာ့မြေပုံပေါ်တွင် လိပ်ကြီး ၏ တည်နေရာကို ကြည့်လိုက်သောအခါ တောင်ပစိ ဖိတ်သမုဒ္ဒရာရှိ ကျွန်းငယ်လေးအနီးသို့ ရောက်နေ သည်ကို လျူယောင် မြင်လိုက်ရသည်။
လျူယောင်က တတိယအမြင်အား ထပ်မံ ဖွင့်ကြည့် လိုက်သောအခါ လိပ်ကြီးနှင့်အတူ မလှမ်းမကမ်းမှာ ရှိနေသော နဂါးနက်ကိုပါ မြင်လိုက်ရ၏။
"မင်းတို့ နောက်ဆုံးတော့ ရောက်လာပြီပဲ.. ငါထင်ထားတာထက်တောင် ပိုမြန်နေသေးတယ်.."
လိပ်ကြီးက ဒေါသထွက်ကာ ပြန်ဖြေလိုက်သည်။
"အဲ့တာ နဂါးနက်ကြောင့်ပါ သခင်ရ.. သူက အရမ်း နှေးကွေးနေလို့..ကျွန်တော်တစ်ယောက်တည်းဆို အ စောကြီးတည်းက ရောက်နေပြီ"
လျူယောင်က ပြုံးလျက် ပြန်ပြောလိုက်၏။
"ထားလိုက်ပါတော့..သူ့ကို အပြစ်မတင်ပါနဲ့ကွာ.. သုံးရက်အတွင်း ရေမိုင်ပေါင်းထောင်ချီ ကူးလာနိုင် တာကိုပဲ မင်းတို့ တော်တယ်လို့ ငါထင်ပါတယ်.."
ထို့နောက် လျူယောင်က စိုးရိမ်စွာ မှာကြားလိုက်သ ည်။
"မင်းတို့..သတိလည်းထားအုံး..မြွေအမြီးကို မနင်းမိ စေနဲ့..မင်းရဲ့မစ်ရှင်က အဲဒီကျွန်းပတ်ဝန်းကျင်ကို ထောက်လှမ်းဖို့ပဲ..မင်းတို့..လှုပ်ရှားမှုမှန်သမျှကို ဘ ယ်သူမှ မသိစေနဲ့.."
"အိုကေဘာ သခင်ရ..ကျွန်တော် အခုချိန်ကစပြီး သ တိထား ကူးခတ်ပါ့မယ်.."
လိပ်ကြီးက ပြန်ပြောကာ နဂါးနက်ကိုပါခေါ်၍ ထို ကျွန်းဆီသို့ သတိကြီးစွာဖြင့် ကီလိုမီတာ နည်းနည်း လေး ကူးခတ်လာခဲ့သည်။သာမန်ကျွန်းများနှင့် မတူ သည်မှာ ထိုကျွန်းပတ်ဝန်းကျင်မှာ ရှိသော ရေအော က်ဘက်ပိုင်းမှာ အလွန်နက်ရှိုင်းနေခြင်း ဖြစ်၏။
ရေအနက်မှာမူ မီတာဆယ်ဂဏန်းမှ မီတာတစ်ရာ ကျော်အနက်အထိ ရှိနေကာ အထူးသဖြင့် ကျွန်း၏ အနောက်ဘက်ခြမ်းတွင် မီတာ ၁၅၀ ကျော်အထိ ပို နက်နေသည်။
"သခင်ရေ..ကြည့်ပါဦးဗျ"
လိပ်ကြီးက ပြောလိုက်၏။ကျွန်း၏ အနောက်ဘက် ခြမ်းသို့ လိပ်ကြီး ရောက်လာသောအခါ ရေအောက် မီတာ ဆယ်ဂဏန်းခန့်တွင် ကြီးမားသော တွင်းပေါ က်ကြီးအား တွေ့လိုက်ရသည်။ထိုတွင်းပေါက်မှာ သ ဘာဝအလျောက် ဖြစ်ပေါ်နေခြင်း မဟုတ်ဘဲ လူလုပ် ထားခြင်း ဖြစ်ပုံရကာ ရေငုပ်သင်္ဘောကြီးများပင် ဝင်ထွက်နိုင်လောက်အောင် ကြီးမားသည်။
လျူယောင်မှာလည်း ထိုသို့သော ရေအောက်တွင်း ပေါက်ကြီးကို မြင်လိုက်ရသဖြင့် အံ့သြရကာ ဒီလူ တွေ၏ ရေငုပ်သင်္ဘောများမှာ ဤနေရာမှပင် မကြာ ခဏ ဝင်ထွက်နေကြခြင်းဖြစ်မည်ဟု သူ တွေးမိလို က်သည်။
"အင်း..ငါ ခန့်မှန်းတာ တကယ်မှန်နေတာပဲ..အဲ့ဒါက ရေငုပ်သင်္ဘောတွေ ဝင်ထွက်တဲ့ လမ်းကြောင်းပဲ. .ဒီ အပေါက်ကနေ ဝင်သွားရင် အထဲမှာ ကြီးမားတဲ့ နေ ရာလွတ်ကြီး ရှိလိမ့်မယ်.."
"သခင်ရ..ကျွန်တော် တိတ်တိတ်လေး ဝင်သွားကြ ည့်ရမလား.."
လျူယောင်သည်လည်း စုံစမ်းရန် လိုအပ်သဖြင့် ခွ င့်ပြုလိုက်၏။
"အင်း သတိလည်းထားအုံး..အဖမ်းမခံရစေနဲ့.."
သခင့်ဆီမှ ခွင့်ပြုချက်ရသည်နှင့် လိပ်ကြီးသည် န ဂါးနက်အား တွင်း၏ အပြင်ဘက်၌ စောင့်ခိုင်းထား ပြီး သူကိုယ်တိုင် ထိုတွင်းပေါက်ကြီးထဲသို့ သတိထာ းကာ ကူးခတ်ဝင်လာခဲ့သည်။ရေအနက် မီတာ နှစ် ရာ၊သုံးရာခန့် ကူးပြီးနောက်တွင် အလင်းရောင်များ စွာအား လိပ်ကြီး မြင်လိုက်ရ၏။
အတွင်းပိုင်းတွင်မူ ဘောလုံးကွင်းထက်ပင် ပိုမိုကြီးမ ားသော နေရာလွတ်ကြီးတစ်ခု ဖြစ်နေကာ လူအရိ ပ်များသာမက တံခါးများ၊မြေပြင်ပေါ်သို့ တက်သည့် ဓာတ်လှေကားများကိုပါ လိပ်ကြီး တွေ့လိုက်ရသည် ။
လိပ်ကြီးသည် ခေါင်းပင်မဖော်ရဲဘဲ ရေအောက်ထဲ ကနေသာ တိတ်တိတ်လေး ချောင်းကြည့်လိုက်၏။ လျူယောင်မှာမူ တတိယအမြင် ရှိနေသဖြင့် အရာ အားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
ဘာတာကုမ္ပဏီအနေဖြင့် ဤမျှကြီးမားသော စီမံကိ န်းအတွက် ငွေကြေးအမြောက်အမြား အသုံးပြုထား သည်ကို မြင်တွေ့ရသဖြင့် သူ အံ့သြမိခဲ့ရသည်။ပတ် ဝန်းကျင်အား သေချာစွာ အကဲခတ်ပြီးနောက် လျူ ယောင်က အမိန့်ပေးလိုက်၏။
"လိပ်ကြီး..မင်း..အခု ပြန်ထွက်လာလို့ ရပြီ.."
လိပ်ကြီးလည်း လာရာ လမ်းကြောင်းအတိုင်း တိတ် တိတ်လေး ရေကူးကာ ပြန်ထွက်လာလိုက်သည်။
တစ်ချိန်တည်းမှာပင် ပေ ၁၀,၀၀၀ အမြင့်၌ လေယာ ဉ်တစ်စင်း ပျံသန်းနေ၏။ထိုလေယာဉ်ပေါ်တွင် ပါ လာသူများမှာ သာမန်ခရီးသည်များ မဟုတ်ဘဲ လ က်နက်အပြည့်အစုံတပ်ဆင်ထားသည့် ဝံပုလွေကြေ းစားအဖွဲ့ဝင်များ ဖြစ်ကြသည်။ကျိန့်ကန်းကိုယ်တို င် အဖွဲ့အား ဦးဆောင်လာခြင်းဖြစ်ရာ စုစုပေါင်း အ ဖွဲ့သုံးဖွဲ့မှ အဖွဲ့ဝင် ခြောက်ယောက်စီ ပါဝင်ပေသည်။
လျူယောင်ထံမှ ကျွန်းအခြေအနေနှင့် ပတ်သက်သ ည့် ဖုန်းခေါ်ဆိုမှုအား လက်ခံရရှိထားသဖြင့် ကျိန့်က န်းဦးဆောင်သော အဖွဲ့ဝင်များသည် ကျွန်းအကြော င်းအား ပိုမိုနားလည်ကာ ယုံကြည်မှု အပြည့် ရှိနေ ကြ၏။
နာရီအနည်းငယ်ကြာပြီးနောက် လေယာဉ်မှာ ကျွန်း ငယ်လေး၏ အထက်သို့ ရောက်ရှိလာသည်။ကျိန့်က န်းက လူတိုင်းအား အမိန့်ပေးလိုက်၏။
"အားလုံး အဆင်သင့်ဖြစ်ပြီ..လေထီးနဲ့ခုန်ချ အစီအ စဥ်အတိုင်း လုပ်ကြစို့.."
"ဟုတ်ကဲ့.."
အားလုံးက ပြိုင်တူ ဖြေကြားပြီးနောက် ယူနီဖောင်း များ ဝတ်ဆင်ထားသည့် ဝံပုလွေအဖွဲ့ဝင် ၁၈ ယော က်သည် ကောင်းကင်ပေါ်မှ တစ်ယောက်ပြီးတစ် ယောက် ခုန်ချလိုက်ကြသည်။
သူတို့၏ ပစ်မှတ်မှာ ထိုကျွန်းပင် ဖြစ်၏။
ထိုဘာတာကုမ္ပဏီသည် လျူယောင်အား သတ်ရန် လူသတ်သမား စေလွှတ်ခဲ့သဖြင့် သူတို့ကလည်း လ က်စားချေရန် အသင့်ပြင်ထားခြင်း ဖြစ်ကာ ပထမ အဆင့်အနေဖြင့် ထိုကုမ္ပဏီ၏ အခြေစိုက်စခန်းအာ း သိမ်းယူရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။
ပေထောင်ချီ အမြင့်မှ ခုန်ချလာကြသော ဝံပုလွေ အ ဖွဲ့ဝင်များသည် လေထီးများကို ဖွင့်ကာ ကျွန်းဆီသို့ ဦးတည်ကာ ဆင်းသက်လာကြ၏။ဘာတာကုမ္ပဏီမှ လူများသည် ကောင်းကင်ပေါ်မှ ရန်သူများ ဆင်းသ က်လာလိမ့်မည်ဟု လုံးဝမထင်ထားသဖြင့် ကြိုတင် ကာကွယ်ထားခြင်းလည်း ရှိမနေပေ။
ဤကျွန်းမှာ လျှို့ဝှက်အခြေစိုက်စခန်း ဖြစ်သော် လ ည်း အပြင်ပန်းကြည့်လျှင် သာမန် ပုဂ္ဂလိက ပိုင်ကျွ န်းတစ်ခုကဲ့သို့ပင်။ဘာတာအနေဖြင့် ဤသို့ ဟန်ဆေ ာင်ထားခြင်းသည် အကောင်းဆုံး ကာကွယ်ရေးန ည်းလမ်းလို့ ယူဆထားခြင်း ဖြစ်လောက်ပေမည်။
ကျိန့်ကန်း အပါအဝင် ဝံပုလွေအဖွဲ့ဝင် ၁၈ ယောက် စလုံးသည် ကျွန်းပေါ်သို့ ချောမွေ့စွာ ဆင်းသက်နိုင် ခဲ့ကြသည်။
လေထဲမှ ကြည့်လျှင် ထိုကျွန်းမှာ သေးငယ်သည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် တစ်စတုရန်း ကီလိုမီတာကျော် ကျယ်ဝန်းသဖြင့် လုံးဝ မသေးင ယ်လှပေ။ကျိန့်ကန်းတို့ အဖွဲ့သည် ဆိပ်ခံတံတားနား မှ ဗီလာအိမ်ကြီးနှင့် ဝေးရာအရပ်၌ ဆင်းသက်ခဲ့ကြ ၏။လျူယောင်သည်လည်း ထိုအရာအားလုံးကို တ တိယအမြင်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မှု ကြည် နေသကဲ့သို့ ရှင်းလင်းစွာ သူ မြင်တွေ့နေရသည်။
လိပ်ကြီးနှင့်နဂါးနက်တို့မှာမူ ပြန်မသွားကြသေးဘဲ ကျွန်းအနီးနားမှ ရေအောက်ထဲတွင် ရှိနေကြ၏။