← Chapters

ကြီးမားလှသော ဘဏ္ဍာတိုက်

Vol. 41 Ch. 509

ကြီးမားလှသော ဘဏ္ဍာတိုက်

Vol. 41 Ch. 509

ဤစစ်ဆင်ရေးတွင် လျူယောင်သည် တစ်ဖက် သ တ်အသာစီးရနေသော စစ်ဦးစီးချုပ်တစ်ဦးနှင့် တူ နေ၏။

သူသည် တတိယအမြင်ဖြင့် အရာအားလုံးကို အပေါ် စီးမှ ရှင်းလင်းပြတ်သားစွာ မြင်နေရသည်။နှစ်ကီလို မီတာ ပတ်လည်အတွင်းရှိနေသော ကျွန်းကလေးသ ာမကဘဲ ပတ်ဝန်းကျင်၌ ကျယ်ဝန်းလှသော ပင် လ ယ်ပြင်ကြီးကိုပါ သူ၏မျက်စိအောက်တွင် မြင်နေရ ၏။

ရေအောက်တွင်လည်း လိပ်ကြီးနှင့်နဂါးနက်တို့ ရှိနေ သည်ကို မြင်နေရသလို၊ကောင်းကင်ယံမှ လေထီး ဖြ င့် ဆင်းသက်လာသည့် ကျိန့်ကန်းတို့အဖွဲ့ဝင် ၁၈ ယောက်ကိုလည်း သူ မြင်နေရသည်။ကျိန့်ကန်းတို့ အဖွဲ့သည် မြေပြင်ပေါ်သို့ ချောမွေ့စွာ ဆင်းသက် နိုင်ခဲ့၏။

ကျွန်းပေါ်ရှိ ရန်သူများကလည်း ၎င်းတို့ရောက်လာ သည်အား လုံးဝရိပ်မိခြင်းမရှိသည်ကို တွေ့ရသော အခါ စစ်ဆင်ရေးစတင်ရန် အချိန်တန်ပြီဟု လျူ ယောင် ဆုံးဖြတ်လိုက်သည်။

သူသည် အရင်ဆုံး လိပ်ကြီးနှင့် ဆက်သွယ်လိုက်ပြီး နဂါးနက်အား ရေအောက်မှာရှိသော တွင်းကြီးထဲသို့ ဝင်ရောက်တိုက်ခိုက်ခိုင်းရန် နှင့် လိပ်ကြီးကိုယ်မူ ကျွန်းအပြင်ဘက်တွင်သာ စောင့်ဆိုင်းနေရန် အမိန့် န့်ပေးလိုက်သည်။လိပ်ကြီးအား ထိုတွင်းထဲသို့ လျူ ယောင် မဝင်ခိုင်းရခြင်းမှာ သူ၏တည်ရှိမှုကို လျှို့ ဝှက်ထားလိုသောကြောင့်ဖြစ်၏။

နဂါးနက်ကမူ ထိုသို့မဟုတ်ပေ။

သူသည် လွန်ခဲ့သော အချိန်ကတည်းက လူမြင်ကွင်း တွင် ပေါ်ထွက်ခဲ့ဖူးပြီးသားဖြစ်သည်။အတ္တလန္တိတ် သမုဒ္ဒရာအတွင်း၌ သင်္ဘောကြီးများ နစ်မြုပ်စဉ်က လည်း လူအချို့က ဗီဒီယိုမှတ်တမ်းတင်ထား နိုင်ခဲ့ သဖြင့် သမုဒ္ဒရာထဲတွင် ထူးဆန်းသော သတ္တဝါကြီး တစ်ကောင် ရှိနေသည်အား ကမ္ဘာက သိထားပြီးသာ း ဖြစ်၏။

သို့ပေမဲ့ လိပ်ကြီးကိုမူ ကမ္ဘာကြီးက တစ်ခါမျှ မမြင် ဖူးသေးဘဲ လျူယောင်တစ်ဦးတည်းကသာ သူ၏ တည်ရှိမှုအား သိရှိထားခြင်းဖြစ်သည်။

လျူယောင်၏ အမိန့်ကို ရပြီးနောက် နဂါးနက် ဘ က်သို့ ခေါင်းလှည့်ကာ လိပ်ကြီး ပြောလိုက်၏။

"ငနက်ကောင်..မင်းအတွက် အခွင့်အရေးရောက်လာ ပြီ..မင်း..ဒီတွင်းပေါက်ကြီးထဲ ဝင်ပြီး အထဲက လူအ ကုန်လုံးကို သတ်..ပစ္စည်းအားလုံးကိုလည်း အကုန် ဖျက်ဆီးပစ်လိုက်တော့.."

ထိုစကားကို ကြားရသောအခါ နဂါးနက်သည် စိတ် ထဲ၌ လှုပ်ရှားလာခဲ့သည်။မူလက ထိုကဲ့သို့သော အ ခွင့်အရေးမျိုးအား အကိုကြီးလိပ်သာ ရလိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုမူ မိမိကိုယ်တိုင် တွင်းထဲဝင်၍ စိတ်ကြိုက်ဖျက်ဆီးခွင့်ရသဖြင့် ဝမ်း သာမဆုံး ဖြစ်နေပေသည်။

သူသည် မွေးရာပါ ဖျက်ဆီးရေးသမားတစ်ဦး ဖြစ် သောကြောင့် လူသတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့တွင် အထိန်းအကွပ်မဲ့အောင် စိတ်အားထက်သန်သူလည်း ဖြစ်၏။သူသည် ဘာစကားမျှ ပြန်မပြောတော့ဘဲ လူမြင်ခံရမည်ကိုလည်း မစိုးရိမ်တော့ဘဲ ကြီးမားလှ သော တွင်းပေါက်ကြီးထဲသို့ ချက်ချင်းပင် တွားသွား ဝင်လာခဲ့သည်။

နဂါးနက်ကြီး တွင်းထဲဝင်သွားသည်ကို မြင်ပြီးနော က် လျူယောင်က ကျိန့်ကန်းအား ဖုန်းဆက်လိုက်၏ ။

ကျိန့်ကန်းနှင့် ဝံပုလွေအဖွဲ့ဝင်များတွင် အဆင့်မြင့် ဆက်သွယ်ရေးကိရိယာများ ပါသောကြောင့် လျူ ယောင်နှင့် တိုက်ရိုက်စကားပြောနိုင်ရုံသာမက အဖွဲ့ သား အချင်းချင်းလည်း အဆက်အသွယ်မပြတ် ရှိ နေကြသည်။

"ကန်း... မင်းတို့ အခု စတင်လှုပ်ရှားလို့ရပြီ.."

ကျိန့်ကန်းက အံ့သြစွာဖြင့် ပြန်မေးလိုက်၏။

"ဗျာ..သူဋေးက.. ကျွန်တော်တို့ရဲ့ အခြေအနေကို တ ကယ်ပဲ မြင်နေရတာလားဗျ.."

"သေချာတာပေါ့.. မင်းရဲ့ ညာဘက်မှာ သစ်ပင်ကြီး တစ်ပင်နဲ့ ကျောက်တုံးအမည်းကြီးတစ်တုံး ရှိတယ် ..မင်း.ဘယ်ဘက်မှာ ဝံပုလွေအဖွဲ့ဝင်နှစ်ယောက် ရှိ တယ်..မဟုတ်ဘူးလား.."

ကျိန့်ကန်းမှာမူ ဘေးဘီသို့ ဝေ့ဝဲကြည့်လိုက်သော အ ခါ လျူယောင်ပြောသည်မှာ တစ်ထပ်တည်း မှန်ကန် နေသည်အား တွေ့လိုက်ရသည်။

သူဋေးက မည်သို့သိနေသနည်းဆိုသည်အား ကျိန့် ကန်း ဆက်မစဉ်းစားတော့ဘဲ မိမိတို့၏ အခြေအနေ ကို အပေါ်စီးမှ ကြည့်ရှုလမ်းညွှန်ပေးနေခြင်းသည် မိမိတို့အတွက် အလွန်အားသာချက် ဖြစ်ကြောင်းသ ာ သူ လက်ခံလိုက်၏။

"တက်..ငါတို့..တိုက်ကြမယ်..."

ကျိန့်ကန်းသည် ချက်ချင်းပင် အမိန့်ပေးလိုက်ရာ ဝံ ပုလွေအဖွဲ့သုံးဖွဲ့စလုံးသည် ဗီလာအိမ်ကြီးဆီသို့ တိ တ်တိတ်လေး ချဉ်းကပ်လာကြသည်။လျူယောင် ကလည်း စကားပြောစက်မှတစ်ဆင့် ဗီလာ၏ မည် သည့်နေရာတွင် လူရှိသည်၊မည်သည့်နေရာတွင် စ က်သေနတ်များ ရှိသည်အား အသေးစိတ် လမ်းညွှန် ပေးနေ၏။

တစ်ချိန်တည်းမှာပင် နဂါးနက်သည်လည်း တွင်းပေါ က်ထဲမှ တွားဝင်လာပြီးနောက် အတွင်းပိုင်းရှိ ရေပြင် ပေါ်သို့ ရောက်လာခဲ့သည်။ထိုနေရာတွင်မူ အလွန် ကျယ်ဝန်းလှပြီး လူများသာမက အဆောက် အဦးမျ ားစွာနှင့် စက်ကိရိယာများစွာတို့ဖြင့် ပြည့်နှက်နေ ပေသည်။

"အလို..ဘာကောင်ကြီးလည်းဟ.."

နဂါးနက်ပေါ်လာသည်အား တစ်စုံတစ်ယောက်က သတိပြုမိပြီး အော်ဟစ်လိုက်သောအခါ နေရာတစ် စ်ခုလုံး ဆူပူအုံကြွလာ၏။ရေထဲမှ ထွက်ပေါ်လာသ ည့် ထိုမျှကြီးမားသော သတ္တဝါကြီးအား မြင်လိုက်ရ သောအခါ လက်နက်ကိုင်ထားသူများနှင့် ကျွမ်းကျင် လူသတ်သမားများပင်လျှင် ကြောက်လန့် တကြား ဖြစ်ကုန်ကြသည်။

"အား လုပ်ပါဟ..မြန်မြန်..မြန်မြန်ပစ်.."

"ဒိုင်း..ဒိုင်း..ဒိုင်း.."

ခဏအကြာတွင်မူ သတိပြန်ဝင်လာသူအချို့မှာ နဂါး နက်အား ပစ္စတိုများဖြင့် ဝိုင်းပစ်ခတ်လိုက်ကြသည်။ သို့ပေမဲ့ ထိုကျည်ဆံများက နဂါးနက်အတွက်မူ အ ယားပြေရုံံလောက်ပင် ရှိ၏။စက်သေနတ်များ၊ရိုင်ဖ ယ်များဖြင့် အပြင်းအထန် ပစ်ခတ်ကြသော်လည်း မည်သို့မျှ အသုံးမဝင်ခဲ့ချေ။

ယခင်က လိပ်ကြီးနှင့်တိုက်ခိုက်စဉ်ကလည်း တန် ၂ ၀၀ ရှိသော သတ္တုစပ်စတီးလ်လှံကြီးဖြင့် အရှိန် ပြင်း စွာ ထိုးနှက်ခံရစဉ်ကပင် နဂါးနက်၏ အရေခွံမှာ အ နည်းငယ်သာ ပွန်းပဲ့ခဲ့ခြင်းဖြစ်၏။ယခု ကျည်ဆံမျာ းကမူ သူ့အသားပေါ်တွင် အစွန်းအထင်းတောင် ချ န်ရစ်ထားနိုင်ခဲ့ခြင်း မရှိပေ။

နဂါးနက်သည်လည်း သိုးအုပ်ထဲသို့ ဝင်လာသည့် ကျားနာတစ်ကောင်ကဲ့သို့ပင်။

သူ၏ ကြီးမားထက်မြက်လှသော လက်သည်းကြီး များဖြင့် တစ်ချက်ရိုက်လိုက်တိုင်း လူတစ်ယောက်မှ ာ စက္ကန့်ပိုင်းအတွင်း အပိုင်းပိုင်းအစစ ဖြစ်သွား ရ သည်။ထိုနေရာရှိ အဆောက်အဦးများနှင့် အပန်းဖြေ စခန်းများသည်လည်း နဂါးနက်၏ ဖျက်ဆီးမှုဒဏ် ကို မခံနိုင်ဘဲ မိနစ်ပိုင်းအတွင်းမှာပင် အပျက်အစီး ပုံများအဖြစ်သို့ ပြောင်းလဲကုန်၏။

နဂါးနက်က အတွင်းပိုင်းတွင် သောင်းကျန်းနေစဉ် မှာပင် ကျိန့်ကန်းတို့အဖွဲ့သားများက အပြင်ဘက်မှ ဝင်ရောက်တိုက်ခိုက် နေကြသည်။

လျူယောင်၏ တိကျသော လမ်းညွှန်မှုကြောင့် ရန် သူများ၏ အနေအထားအား အကုန်သိနေသဖြင့် ၎င် းတို့သည် အထိအခိုက်မရှိဘဲ ဗီလာထဲသို့ အလွယ် တကူ ကျူးကျော်ဝင်ရောက်နိုင်ခဲ့၏။ထို့နောက် ဓာ တ်လှေကားဖြင့် မြေအောက်စခန်းအတွင်းသို့ ဆက် လက်ဝင်လာခဲ့ကြသည်။

ဤမြေအောက်စခန်းမှာ အလွန်ကြီးမားလှ၏။ဘာ တာကုမ္ပဏီက ငွေအင်အား၊ လူအင်အားများစွာ သုံးစွဲထားသည့် စီမံကိန်းကြီးပင် ဖြစ်ပေသည်။

သို့ပေမဲ့ ယခုအခါတွင်မူ ထိုနေရာသည် သတ်ကွင်း တစ်ခု ဖြစ်ခဲ့ရ၏။လက်နက်ကိုင်များစွာမှာလည်း ဝံ ပုလွေအဖွဲ့သားများအား လုံးဝ ယှဉ်ပြိုင်နိုင်စွမ်း မရှိ ကြပေ။နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ဝံပုလွေ ကြေးစား အဖွဲ့ဝင်များမှအပ အသက်ရှင်ကျန်ရစ်သူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။

ကျိန့်ကန်းက ပျော်ရွှင်စွာ အစီရင်ခံလိုက်၏။

"သူဋေး... မစ်ရှင် ပြီးဆုံးသွားပါပြီခဗျ. ရန်သူတွေ အားလုံးကို ငရဲမင်းဆီ ပို့ဆောင်ပေးလိုက်ပါပြီ.."

လျူယောင်က ချီးကျူးစကားပြောရင်း ညွှန်ကြား လိုက်သည်။

"အင်း မင်းတို့ အားလုံး စွမ်းဆောင်ရည် ကောင်းကြ ပါတယ်..အထဲမှာ အဖိုးတန်တာတွေ ရှိမရှိ သေသေ ချာချာ ရှာကြည့်လိုက်ဦး..."

ဝံပုလွေအဖွဲ့ဝင်များသည်လည်း နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲဖြင့် အနှံ့အပြား ရှာဖွေခဲ့ကြကာ အသက်မသေသေးသည့် သူများကို တွေ့ရင်လည်း နောက်ဆက်တွဲ ပြဿနာများမရှိစေရန် တစ်ခါတည် း အပြတ်ရှင်းပစ်လိုက်ကြ၏။

နဂါးနက်မှာမူ သူ၏ တာဝန်ပြီးဆုံးသဖြင့် လိပ်ကြီး ရှိရာ အပြင်ဘက်သို့ ပြန်ရောက်လာခဲ့သည်။

ဝံပုလွေအဖွဲ့သားများသည် ရှာဖွေရေးပြုလုပ်နေစဉ် မှာပင် မြေအောက်ခန်းအတွင်းမှ ထူးဆန်းသော အ ခြေအနေများအား တွေ့သောအခါ ကျိန့်ကန်းထံ အစီ ရင်ခံလိုက်ကြ၏။လျူယောင်ကမူ မြေအောက်တွင် ဖြစ်ပျက်ခဲ့သည့် အရာများအား စိတ်မပူရန် ပြောလို က်သဖြင့် ကျိန့်ကန်းတို့သည်လည်း ဆက်လက်ရှာ ဖွေလိုက်ကြသည်။

မကြာမီမှာပင် လုံခြုံရေးအလွန်တင်းကျပ်ထားသော ဘဏ္ဍာတိုက်တစ်ခုအား တွေ့ရှိခဲ့ကြ၏။

ထူထဲလှသော သတ္တုစပ်တံခါးကြီးကို ခက်ခက်ခဲခဲ ဖွင့်လိုက်ပြီးနောက် အတွင်းတွင် မြင်တွေ့လိုက်ရ သော မြင်ကွင်းကြောင့် ဝံပုလွေအဖွဲ့သားများမှာ အံ့ သြမှင်သက်သွားကြရသည်။ ထိုမျှများပြားလှသော ပစ္စည်းများကို သူတို့ တစ်သက်နှင့်တစ်ကိုယ် တစ် ခါမျှ မမြင်ဖူးခဲ့ကြပေ။

အစီအရီ စီထားသော အမေရိကန်ဒေါ်လာများမှာ တောင်ပုံရာပုံရှိနေပြီး ရွှေတုံးများ၊ရှေးဟောင်းပစ္စည် းများနှင့် တန်ဖိုးကြီး ပန်းချီကားများစွာကိုလည်း ကျိန့်ကန်း တွေ့လိုက်ရ၏။

"သူဋေးရေ ဒီလူတွေရဲ ဘဏ္ဍာတိုက်ကို တွေ့ပြီဗျ"

ကျိန့်ကန်းက လျူယောင်ထံသို့ ချက်ချင်း အစီရင် ခံ လိုက်ရာ လျူယောင်ကိုယ်တိုင်ပင် အံ့သြဝမ်းသာ သွားရသည်။ထိုမျှ များပြားလှသော အကျိုးအမြတ် များ ရလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

လျူယောင် ထိုပစ္စည်းများကို အမြန်ဆုံး ရေတွက် ကြည့်လိုက်ရာ အမေရိကန်ဒေါ်လာ ငွေသားသက် သက်ပင် တစ်ဘီလီယံကျော် ရှိနေ၏။ရွှေတုံးများမှာ လည်း တစ်ကီလိုဂရမ်စီ ရှိကြပြီး စုစုပေါင်း ၇,၂၀၀ ကီလိုဂရမ်ခန့် ရှိသည်။

ရှေးဟောင်း ပစ္စည်းများနှင့် ပန်းချီကားများ၏ တန် ဖိုးကိုမူ သူ အတိအကျ မခန့်မှန်းနိုင်သော်လည်း အ ရေအတွက်မှာမူ ရာနှင့်ချီ၍ ရှိနေပေသည်။

ဘာတာကုမ္ပဏီ၏ အကြီးအကဲများသည် ဤကဲ့သို့ သော အဖိုးတန်ပစ္စည်းများကို စုဆောင်းရသည်မှာ သူတို့၏ ဝါသနာဖြစ်ဟန်တူပြီး ဘဏ်တွင် သိမ်းဆ ည်းထားခြင်းထက် ဤလျှို့ဝှက်စခန်းတွင် ထားခြင်း က ပိုမိုလုံခြုံသည်ဟု ယုံကြည်ထားပုံရ၏။သို့ပေမဲ့ ထိုအရာအားလုံးသည် အခုတော့ လျူယောင်၏ ပိုင် ဆိုင်မှုများ ဖြစ်လာခဲ့ပေသည်။

ထိုပစ္စည်းများအား တစ်ခုမှမကျန်အောင် ယူဆောင် သွားရမည်ဟု လျူယောင် စိတ်ထဲကနေ ဆုံးဖြတ် ချက်ချလိုက်၏။

All Chapters