ဘုရားရေ..ငါမြင်နေရတာတွေက တကယ်ပဲလား
Vol. 41 Ch. 510
အပြင်ဘက်၌ ကင်းစောင့်နေသည့် ဝံပုလွေအဖွဲ့ဝင် အနည်းငယ်မှလွဲ၍ အများစုမှာ ဘဏ္ဍာတိုက်၏ တံ ခါးဝသို့ စုရုံးရောက်ရှိနေကြ၏။
ဘဏ္ဍာတိုက်အတွင်းရှိ ဝင်းလက်တောက်ပနေသော ရွှေတုံးများနှင့် တောင်ပုံရာပုံ ဖြစ်နေသည့် ဒေါ်လာ အထပ်လိုက်ကြီးများအား မြင်လိုက်ရသောအခါ လူ တိုင်း၏မျက်နှာပေါ်တွင် ဖုံးဖိမရသော ပျော်ရွှင် ကြ ည်နူးမှုများဖြင့် ပြည့်နှက်နေပေသည်။
"ဘုရားရေ. ပစ္စည်းတွေ..ဒီလောက်အများကြီး ရှိလိ မ့်မယ်လို့ ကျွန်တော်တစ်ခါမှ မထင်ထားမိဘူးဗျာ.."
"ဒီတစ်ခါတော့ ငါတို့ တကယ်ကို ချမ်းသာပြီဟေ့.."
"ဒါတွေ မြင်ရတာ တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင် းတယ်.. ငါတော့ အရမ်းကြိုက်တာပဲ"
ဤကဲ့သို့ ဝံပုလွေအဖွဲ့ဝင်များ တစ်ယောက်တစ် ပေါ က် ပြောဆိုသံများ ထွက်ပေါ်နေကြ၏။
ကျိန့်ကန်းသည်လည်း အဖွဲ့ဝင်များ၏ စကားကို နာ းထောင်ရင်း မိမိရှေ့မှ ရတနာပုံကြီးကို ကြည့်ကာ စိတ်ထဲမှ တွေးနေမိသည်။
"ညဘက် အစာမရှိဘဲ မြင်းမဝနိုင်သလို..အငိုက်ဖမ်း ခွင့် မရဘဲ လူမချမ်းသာနိုင်ဘူးဆိုတဲ့ စကားက တ ကယ် မှန်တာပဲကွာ.."
ထိုမျှ များပြားလှသော ကြွယ်ဝချမ်းသာမှုမျိုးမှာ စ စ်ဆင်ရေးမစတင်မီက ကျိန့်ကန်း လုံးဝမျှော်လင့် မ ထားခဲ့သည့် အရာဖြစ်ပြီး ဤသည်မှာ တကယ့်ကိုပ င် မထင်မှတ်ဘဲ ရရှိလိုက်သော ဆုလာဘ်ကြီးပင် ဖြ စ်ပေသည်။
သူသည် အလွန်အမင်း ပျော်ရွှင်နေသလို စိတ်လှုပ်ရှ ားမှုကိုလည်း မထိန်းနိုင်တော့ဘဲ လူအများရှေ့မှာပ င် သူ၏ ပျော်ရွှင်မှုမှာ ဗူးပေါ်ရေသျှံသလိုမျိုး ပေါ်လွ င်နေ၏။
နောက်ဆုံး၌မူ ကျိန့်ကန်းက အားရပါးရ အော်ဟစ်ပ စ်လိုက်သည်။
"ညီအစ်ကိုတို့ရေ... ငါတို့ တကယ်ကြီး ချမ်းသာသွား ပြီဟေ့..."
"ဟေး ဟုတ်တယ် ..ကျွန်တော်တို့ ချမ်းသာပြီဗျ.."
သူ့အသံဆုံးသည်နှင့် ဘဏ္ဍာတိုက်တံခါးဝတွင် ဝမ်း သာအားရ အော်ဟစ်အားပေးသံများ ဆူညံ လာ၏။ ခုနက တိုက်ပွဲဝင်နေရသဖြင့် စိတ်ဖိစီးနေသမျှမှာ အ ခု အချိန်တွင်မူ လုံးဝကို ပျော်ရွှင်ကြည်နူးဖွယ်ကော င်းသော ပတ်ဝန်းကျင်တစ်ခုအဖြစ်သို့ ပြောင်းလဲနေ ပေသည်။
ထို့နောက် ကျိန့်ကန်းက ပစ္စည်းများကို နောက်တစ်ခါ ပြန်ကြည့်ကာ ဝံပုလွေအဖွဲ့သားများအား အမိန့်ပေး လိုက်၏။
"လူတချို့က ပစ္စည်းထည့်ဖို့ ဘူးတွေသွားရှာကြ.. ကျန်တဲ့သူတွေက ဒီပစ္စည်းတွေကို ဘူးထဲထည့်.. ဒါ မှမဟုတ် ထုပ်ပိုးပြီး အကုန်ယူသွားကြမယ်.."
သူ၏ အသံထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေကာ ဝံပုလွေအဖွဲ့ဝင်များကလည်း ရွှင်လန်းစွာဖြင့် ပစ္စ ည်းထည့်စရာများ ရှာဖွေရန် နေရာအနှံ့သို့ ခွဲထွက် လာကြသည်။
ဤမျှများပြားသော ရတနာများအပေါ် ကျိန့်ကန်းက စိတ်ချလက်ချ ရှိနေ၏။
အကြောင်းရင်းမှာ သူ၏ သူဋေးလျူယောင်က အ သားစားမည်ဆိုလျှင် မိမိတို့ကဲ့သို့ လက်အောက် င ယ်သားများကိုလည်း ဟင်းရည်သောက်ခွင့် ပေးမည် မှာ သေချာသောကြောင့်ဖြစ်သည်။မိမိသူဋေးသည် တစ်ဦးတည်း အတ္တကြီးသည့် လူစားမျိုး မဟုတ်ဘဲ ဆုလာဘ်များအား ထိုက်ထိုက်တန်တန် ပေးတတ်သူ ဖြစ်ကြောင်း သူကောင်းကောင်းသိနေ၏။
ဤပစ္စည်းများ၏ ၁၀ ပုံ ၁ ပုံ သို့မဟုတ် အပုံ ၂၀ ပုံ ၁ ပုံကိုသာ ဆုအဖြစ် ပေးလိုက်လျှင်ပင် ကျိန့်ကန်း နှင့် အဖွဲ့ဝင် ၁၈ ယောက်စလုံးမှာမူ တစ်သက်စာ ချ မ်းသာသွားနိုင်လောက်သော ပမာဏပင် ဖြစ်သည်။ လူတိုင်း ခွဲဝေယူမည်ဆိုလျှင်ပင် အလွန်များသော ငွေကြေးဖြစ်ရာ ဤစစ်ဆင်ရေးမှာ တကယ်ကို တွ က်ခြေကိုက်သည့် စစ်ဆင်ရေးတစ်ခုပင် ဖြစ်၏။
ဝံပုလွေအဖွဲ့ဝင်များက ပစ္စည်းများကို စတင်ထုပ်ပိုး ခဲ့ကြပြီး သယ်ယူရန် အသင့်ပြင်နေစဉ် ကျိန့်ကန်းက လျူယောင်ထံသို့ အစီရင်ခံလိုက်သည်။
"ပစ္စည်းအားလုံးကို ရေတွက်လို့ ပြီးပါပြီ..သူဋေး အ မေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် ငွေသား.. ရွှေ ၇,၂၀၀ ကီလိုဂရမ်နဲ့ ရှေးဟောင်းပန်းချီကား ရာပေ ါင်းများစွာ ရှိနေပါတယ်ခင်ဗျာ.."
တစ်ဖက်မှ လျူယောင်ကလည်း ပြန်လည်ဖြေဆို လို က်၏။
"ဟုတ်ပြီ..ငါတို့ရဲ့ သင်္ဘော မကြာခင် ရောက်လာ တော့မယ်.မင်းတို့ အဆင်သင့်ပြင်ထားလိုက်.."
ဝံပုလွေကြေးစားအဖွဲ့သည် လေယာဉ်ဖြင့် တိုက်ရို က်လာခဲ့သဖြင့် သင်္ဘောထက် ပိုမြန်နေခြင်းဖြစ်သ ည်။လျူယောင်သည် စစ်ဆင်ရေးမစတင်မီကပင် ကြိုတင်စီစဉ်ထားပြီးဖြစ်ရာ ဤကျွန်းနှင့် အနီးဆုံးရှိ ကုန်တင်သင်္ဘောတစ်စင်းအား အမြန်ဆုံးလာရန် အ မိန့်ပေးထားပြီးသားဖြစ်၏။
ထိုသင်္ဘောမှာ မူလက တောင်အမေရိကမှ ဟွာဟိုင်း မြို့သို့ သတ္တုများ သယ်ဆောင်လာသော သင်္ဘောတ စ်စင်းဖြစ်ပြီး.ခရီးစဉ်အရ နှစ်နာရီမှ သုံးနာရီအတွင်း ဤကျွန်းသို့ ဆိုက်ရောက်နိုင်ပေသည်။
သူဋေးနှင့် စကားပြောပြီးနောက် ကျိန့်ကန်းသည် ဝံပု လွေအဖွဲ့သားများအား တိုက်တွန်းလိုက်၏။
"ကဲ..အားလုံး မြန်မြန်လုပ်ကြ..ငါတို့သင်္ဘောက နော က် နှစ်နာရီ..သုံးနာရီဆို ရောက်တော့မယ်.."
ဝံပုလွေအဖွဲ့ဝင်များမှာလည်း စွမ်းအင်များ ပြည့်ဝ နေကြပြီး ပစ္စည်းများအား အပြိုင်အဆိုင် ထုပ်ပိုးက ာ ဘဏ္ဍာတိုက်ထဲကနေ ဆိပ်ခံတံတားပေါ်သို့ တစ် သုတ်ပြီးတစ်သုတ် သယ်ထုတ်လိုက်ကြသည်။
မကြာမီတွင် ဆိပ်ခံတံတားပေါ်၌ ရွှေတုံးများနှင့် ဒေါ် လာများ ထည့်ထားသော ဘူးများဖြင့် ပြည့်နှက်လာ ခဲ့၏။
ကျွန်းပေါ်တွင် ရှာဖွေလို့ရသမျှ စက္ကူဘူး၊ပလတ်စ တစ်ဘူးနှင့် ပလတ်စတစ် ခြင်းတောင်းများကိုပါ အ သုံးချခဲ့သော်လည်း ပစ္စည်းများက များလွန်းသဖြင့် မလောက်မငှ ဖြစ်နေရသည်။နောက်ဆုံးတွင် ပလတ် စတစ်အိတ်များနှင့် ကုလားကာများကိုပါ အသုံးပြု ကာ ထုပ်ပိုးချည်နှောင်ပြီး ဆိပ်ခံတံတားဆီသို့ အပ င်ပန်းခံ သယ်ယူလိုက်ကြ၏။
နှစ်နာရီ၊သုံးနာရီခန့် အလုပ်များနေကြရသဖြင့် လူ တိုင်းပင်ပန်းနေသော်လည်း လူတိုင်း၏ စိတ်ထဲတွင် မူ စိတ်အားထက်သန်မှုများ လွှမ်းမိုးနေပြီး မည်မျှပ င်ပန်းပါစေ တန်ဖိုးရှိသည်ဟု ခံစားနေကြရသည်။ ဤသည်မှာ ဒေါ်လာဘီလီယံနှင့်ချီ ရှိသော ရတနာပုံ ကြီးပင် မဟုတ်ပေလော။
မကြာမီမှာပင် ကျွန်းနှင့် မလှမ်းမကမ်းတွင် တန်ချိန် တစ်သိန်းကျော်ရှိသော ကုန်တင်သင်္ဘောကြီး တစ်စ င်းမှာ ဆိပ်ခံတံတားဆီသို့ ဦးတည်လာသည်ကို လူ တိုင်း မြင်လိုက်ရသည်။
သင်္ဘောကြီးသည် မီတာ ရာဂဏန်းခန့်အကွာတွင် ရ ပ်တန့်လိုက်ပြီး သင်္ဘောပေါ်မှ လှေငယ်များအား လွ န်လိုက်ကြ၏။ကျိန့်ကန်းသည်လည်း ဝံပုလွေအဖွဲ့ သားများနှင့် သင်္ဘောသားများအား စုစည်းကာ လှေ ငယ်များပေါ်သို့ ပစ္စည်းများ တစ်ခုပြီးတစ်ခု တင်ခိုင် းလိုက်သည်။
သင်္ဘောသားများမှာလည်း အလွန်စူးစမ်းချင်စိတ်ပြ င်းပြနေကာ မေးမြန်းလိုက်၏။
"ဒီပစ္စည်းတွေက ဘာတွေလဲဗျ..အရမ်းလေးတာပဲဗျ ာ ..”
ကျိန့်ကန်းမှာမူ ပြုံး၍ ပြတ်ပြတ်သားသား ပြန်ဖြေ လိုက်သည်။
"မမေးသင့်တာကို မမေးနဲ့.. အာရုံစိုက်ပြီး အလုပ်လု ပ်.." ဝံပုလွေကြေးစားအဖွဲ့ဝင်များမှာလည်း စည်းက မ်းကြီးသူများပီပီ အထဲတွင် ဘာရှိလဲဆိုသည်အား လုံးဝ ထုတ်မပြောကြပေ။ပစ္စည်းများအား လှေငယ် များဖြင့် ကုန်တင်သင်္ဘောကြီးပေါ်သို့ စနစ်တကျ သ ယ်ယူပို့ဆောင်နေကြ၏။
သို့ပေမဲ့ မမျှော်လင့်ထားသော အဖြစ်အပျက် က လေးတစ်ခု ဖြစ်လာခဲ့သည်။ပစ္စည်းများ သယ်ဆော င်နေစဥ်မှာပင် သင်္ဘောသားနှစ်ယောက်က ဘူးတစ် ခုအား မတော်တဆ လွှတ်ချမိလိုက်ရာ အောက်သို့ ပြုတ်ကျကာ ပျက်စီးသွား၏။ထိုဘူးထဲတွင် ဒေါ်လာ သန်းဆယ်ဂဏန်းခန့် ရှိနေပြီး ဘူးမလုံလောက် သဖြ င့် ကုလားကာများဖြင့်သာ ထုပ်ပိုးထားခြင်းဖြစ်သ ည်။
ချည်နှောင်ထားသည်မှာ မခိုင်မာသဖြင့် ဒေါ်လာများ လွင့်စင်ကာ ဆိပ်ခံတံတားပေါ်သို့ ပြန့်ကျဲသွား၏။ ထိုမျှများပြားသော ဒေါ်လာများအား မြင်လိုက်ရ သောအခါ သင်္ဘောသားများမှာ အံ့သြတုန်လှုပ်ကုန် ကြသည်။
"ဘုရားရေ... ငါ မြင်နေရတာတွေက တကယ်ပဲလား "
"ငါ့ဘဝမှာ ဒီလောက်များတဲ့ ဒေါ်လာတွေကို တစ်ခါ မှ မမြင်ဖူးဘူးကွာ.."
"အား..ငါ့သွေးပေါင်ချိန်တွေ တက်လာပြီ..ကယ်ကြ ပါဦး"
"ဒါဆို ငါတို့ ခုနက ကူသယ်နေတာ ဒေါ်လာတွေပေါ့ .ဘုရားရေ. ငါ ဒါကို တစ်သက်လုံး ဒါကို ကြွားနေ လို့ရပြီဟေ့.."
သင်္ဘောသားများမှာမူ တစ်ယောက်တစ်ပေါက်အော် ဟစ်နေကြ၏။
ကျိန့်ကန်းလည်း ထိုအခြေအနေကို မြင်သောအခါ ဝံပုလွေအဖွဲ့ဝင်နှစ်ဦးအား ဒေါ်လာများ အမြန်ကော က်၍ ပြန်ထုပ်ခိုင်းလိုက်သည်။ဤကဲ့သို့ မတော်တ ဆမှုလေး တစ်ခု ရှိခဲ့သော်လည်း နောက်ဆုံးတွင်မူ ပ စ္စည်းအားလုံးကို သင်္ဘောပေါ်သို့ အောင်မြင်စွာ တင် နိုင်ခဲ့ကြ၏။
သင်္ဘောကပ္ပတိန်မှာမူ လျူယောင်၏ ဖုန်းလက်ခံ ရ ရှိထားပြီးသားဖြစ်ရာ ကျိန့်ကန်းတို့အဖွဲ့အား အစစ အရာရာ ကူညီပေးခဲ့သည်။ကျိန့်ကန်းတို့ထံ၌ လက် နက်အပြည့်အစုံ ရှိနေသည်ကို မြင်ရသော်လည်း က ပ္ပတိန်သည် အလိုက်သိသူဖြစ်သဖြင့် မည်သည့် မေး ခွန်းမျိုးကိုမျှ မမေးမြန်းခဲ့ပေ။
ကျိန့်ကန်း၏ တောင်းဆိုချက်အရ ပြင်ဆင်ပေးထား သော အခန်းထဲသို့ ပစ္စည်းအားလုံး ထည့်လိုက်ကာ လုံခြုံရေးအတွက်မူ ဝံပုလွေအဖွဲ့ဝင်များအား စောင့် ခိုင်းလိုက်၏။
"ဘော်..ဘော်.."
နောက်ဆုံး၌ ရှည်လျားသော သင်္ဘောဟွန်းသံကြီးနှ င့်အတူ ကုန်တင်သင်္ဘောကြီးသည် ထိုကျွန်းမှ ထွက် ခွာလာကာ ဟွာဟိုင်းမြို့ဆီသို့ ဦးတည်၍ မောင်းလာ ခဲ့ပေသည်။