← Chapters

အခန်း (၂၁၉)

Vol. 22 Ch. 219

အခန်း (၂၁၉)

Vol. 22 Ch. 219

သူ၏ သားနှင့်သမီးဖြစ်သူတို့ စားသောက်ဆိုင်အတွင်း အပြင်းအထန် တိုက်ခိုက်နေကြသည်ဟု ကြားသိရသောအခါ ယန်ပါးဟိုသည် ဒေါသထွက်နေသော ခြင်္သေ့တစ်ကောင်အလား စားသောက်ဆိုင်အတွင်းသို့ ဝုန်းခနဲ ဝင်ရောက်လာတော့သည်။

စားသောက်ဆိုင်အတွင်းတွင် စားပွဲ၊ ကုလားထိုင်များနှင့် ကြမ်းပြင်များမှာ ကြေမွပျက်စီးနေသည်။ ယန်ချန်းရွှယ်မှာမူ တစ်ကိုယ်လုံး စိုရွှဲနေပြီး ဆံပင်များ ဖရိုဖရဲဖြစ်ကာ မှင်သက်နေရှာသည်။ သူမ၏ ပါးပြင်မှာလည်း မုန့်လုံးသွတ်ထားသကဲ့သို့ ဖောင်းကားနေ၏။ ယန်ချန်းလန်မှာလည်း စိတ်မသက်မသာဖြစ်နေသော မျက်နှာထားဖြင့် မလှုပ်မယှက် ရပ်နေသည်။

ယန်ပါးဟိုသည် ဦးစွာပထမ ယန်ချန်းလန်၏ လက်လှုပ်ရှားနေသည်ကို မြင်လိုက်ရသဖြင့် အတိုင်းမသိ ဝမ်းသာသွားမိသည်။

ချန်းလန်ရဲ့လက်က တကယ်ပဲ ပြန်လှုပ်ရှားနိုင်ပြီလား။

သို့သော် သူ၏အကြည့်က ဘေးနားတွင် ကြောက်လန့်နေသော ဟွမ်ချွဲနှင့် အေးဆေးတည်ငြိမ်နေသော ယွင်ရှန်းတို့ထံသို့ ရောက်သွားသောအခါ မျက်နှာပျက်သွားသည်။

ဒီမှော်ဆရာမလေး….နောက်တစ်ခါလား။ ငါသွားတဲ့နေရာတိုင်းမှာ သူ့ကို ဘာလို့ တွေ့နေရတာလဲ။

စားသောက်ဆိုင် ကြမ်းပြင်ပေါ်ရှိ မှော်ပညာအသုံးပြုထားသော အမှတ်အသားများနှင့် လဲကျနေသော ယန်မိသားစု ကိုယ်ရံတော်များကို မြင်ရသောအခါ ယန်ပါးဟို၏ စိတ်ထဲတွင် ပို၍ပင် မခံမရပ်နိုင် ဖြစ်လာသည်။ ယန်ပါးဟို၏ အယူအဆအရ ယန်မိသားစုဝင်တစ်ဦး အမှားလုပ်ခဲ့လျှင် အပြစ်ပေးရမည်ဖြစ်သော်လည်း ထိုကိစ္စမှာ မိသားစုအတွင်း၌သာ ရှိနေသင့်သည်။

ယန်ချန်းလန်က ယန်ချန်းရွှယ်ကို ဆုံးမခြင်းမှာ မိသားစုရေးဖြစ်သည်။ သို့သော် ဤမှော်ဆရာမလေးမှာ ပြင်ပလူတစ်ဦးသာဖြစ်ပြီး သူမက ယန်ချန်းရွှယ်နှင့် သူမ၏သားအပေါ် လက်ပါခဲ့ခြင်းမှာ ယန်ပါးဟိုအတွက် လုံးဝ လက်ခံနိုင်စရာ မရှိပေ။

"စစ်သူကြီးယန်... ရှင် ရောက်လာတာ အတော်ပဲ။ ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်ကိုယ်တိုင်ပဲ ကြည့်လိုက်ပါဦး"

ယွင်ရှန်းက အေးအေးဆေးဆေးပင် ပြောလိုက်သည်။

"အဖေ... အစ်ကိုက သမီးကို ရိုက်တယ်။ သူ ယုယုကိုပါ သတ်ဖို့ ကြံနေတာ"

ယန်ချန်းရွှယ်သည် ယန်ချန်းလန်၏ ပါးရိုက်ချက်ကြောင့် မှင်သက်နေရာမှ ယန်ပါးဟိုကို မြင်သည်နှင့် တငိုငိုတရည်ရည်ဖြင့် တိုင်တန်းတော့သည်။

သူမသည် ဒူးနှစ်ဖက်လုံး ကျိုးနေသော ထန်ယွီကို ဆွဲခေါ်ကာ ယန်ပါးဟိုရှေ့တွင် ဒူးထောက်လျက် သားအမိနှစ်ယောက်လုံး မရပ်မနား ငိုယိုနေကြသည်။ သူမသည် ဖခင်ဖြစ်သူ၏ အကျင့်ကို ကောင်းစွာသိသည်။ အစ်ကိုကြီး ယန်ခန်းဟိုင် အိမ်တော်မှ ထွက်သွားကတည်းက ဖခင်၏မျက်လုံးထဲတွင် မိသားစုမျိုးဆက် ပြတ်တောက်မသွားရေးမှာ အရေးကြီးဆုံး ဖြစ်လာခဲ့သည်။

ဒုတိယအစ်ကို ယန်ချန်းလန်မှာလည်း မသန်စွမ်းမှုကြောင့် အိမ်ထောင်ပြုရန်နှင့် သားသမီးယူရန် အမြဲငြင်းဆန်ခဲ့သည်။ ထို့ကြောင့် သူတို့၏ ယုယုမှာ အသုံးမကျသော်လည်း ယန်အိမ်တော်၏ တစ်ဦးတည်းသော မျိုးဆက်သစ် မျှော်လင့်ချက် ဖြစ်လာခဲ့သည်။

"ချန်းရွှယ်... ဟူး..."

ပြတ်သားသော စရိုက်ရှိသည့် ယန်ပါးဟိုသည် မိမိလူ မိမိဘက်သားဆိုလျှင် အလွန်အမင်း ကာကွယ်တတ်သူဖြစ်သည်။

သားအမိနှစ်ဦး၏ သနားစဖွယ် အခြေအနေကို မြင်လိုက်ရသောအခါ သူ၏ ဒေါသများမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။ သူသည် လမ်းခရီးတွင်ပင် အိမ်တော်၏ လျှို့ဝှက်သတင်းပေးများထံမှ အဖြစ်အပျက် အလုံးစုံကို ကြားသိခဲ့ရပြီးဖြစ်သည်။ အမှန်တကယ်ပင် အဓိကအကြောင်းရင်းမှာ ထန်ယွီ၏ ဆိုးသွမ်းမှုကြောင့်ပင်။

သူ့သားသမီး သုံးဦးအနက် ယန်ခန်းဟိုင်မှာ လွတ်လပ်ပေါ့ပါးသော စရိုက်ရှိပြီး ယန်ချန်းရွှယ်မှာ ခေါင်းမာကာ စိတ်ဓာတ်ပြင်းထန်သည်။ ယန်ချန်းလန်မှာမူ အေးဆေးသော်လည်း အမှန်တရားကို အမြတ်နိုးဆုံး ဖြစ်သည်။ ယနေ့တွင် ထန်ယွီသည် ယန်မိသားစုစစ်တပ်မှ မိသားစုဝင်တစ်ဦးကို စော်ကားရန် ကြံစည်ခဲ့ခြင်းဖြစ်ရာ ထန်ယွီဘက်မှ သေသေချာချာ တောင်းပန်ခြင်းမရှိပါက ယန်ချန်းလန်အနေဖြင့် စစ်ဥပဒေဖြင့် အရေးယူမည်မှာ အမှန်ပင်။ သို့သော်လည်း အသုံးမကျသည့်တိုင်အောင် သူတို့မှာ ယန်မိသားစုဝင်များပင်။

"ချန်းလန်... ယန်မိသားစုစစ်တပ် ကိစ္စအတွက် ချန်းရွှယ်က မင်းကို ရှင်းပြရလိမ့်မယ်။ ဒါပေမဲ့ ဒါတွေက မိသားစုကိစ္စတွေပဲ။ စစ်ဥပဒေအထိ သုံးဖို့ မလိုပါဘူး။ မင်းလည်း ရိုက်နှက်ပြီးပြီ။ ယုယုရဲ့ ဒူးတွေကိုတောင် ကျိုးအောင် လုပ်လိုက်ပြီပဲ။ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်စို့။ ဒါပေမဲ့ မင်းကတော့..."

ယန်ပါးဟို၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ဒေါသတကြီး မျက်လုံးများက ယွင်ရှန်းထံသို့ ကျရောက်သွားသည်။

"မိန်းကလေး... မင်းက ငါ့သမီးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သလို ငါ့ရဲ့ ကိုယ်ရံတော်တွေကိုလည်း ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ဒီနေ့ ငါ ယန်ပါးဟိုက မင်းဆီကနေ တရားမျှတမှုတစ်ခုကို မတောင်းဆိုဘူးဆိုရင် ငါတို့ သိုင်းသူတော်စင် စစ်သူကြီးအိမ်တော်က မဟာကျိုးနိုင်ငံမှာ ခြေကုပ်ယူဖို့တောင် ခက်ခဲလိမ့်မယ်လို့ ငါစိုးရိမ်မိတယ်"

ယန်ပါးဟိုက လူသတ်ငွေ့များ ပါဝင်နေသော လေသံဖြင့် ပြောလိုက်သည်။

စားသောက်ဆိုင်အတွင်းမှ ရုတ်ရုတ်သဲသဲ ဖြစ်ရပ်များကို မည်မျှပင် ဖုံးကွယ်ထားစေကာမူ မြို့တော်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီမှာ သေချာသည်။ မနက်ဖြန် နန်းတွင်းညီလာခံတွင် အမတ်ကြီးချန်နှင့် စာပေအရာရှိတစ်စုမှာ ယန်ပါးဟိုအား မိသားစုကို စနစ်တကျ မဆုံးမနိုင်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ကြပေတော့မည်။

ဤအခြေအနေမျိုးတွင် ယန်ပါးဟိုသည် ယနေ့ဖြစ်ရပ်အတွက် ဓားစာခံတစ်ဦးကို ရှာဖွေရမည်ဖြစ်ပြီး လက်ရှိတွင် အသင့်တော်ဆုံးပုဂ္ဂိုလ်မှာ ယွင်ရှန်းပင်။

ယွင်ရှန်းသည် အေးစက်စွာ လှောင်ပြောင်လိုက်မိပြီး သူမ၏ရင်ထဲတွင် ခံပြင်းစိတ်များ ပြည့်နှက်လာသည်။

"အဖေ... မိန်းကလေးယန်က ကျွန်တော့်ရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ ကျွန်တော့်လက်ကို သူကုပေးခဲ့တာလို့ ပြောရင်လည်း မမှားပါဘူး။ အဖေက ချန်းရွှယ်နဲ့ သူ့သားကိုပဲ ဘက်လိုက်ကာကွယ်ပြီး မိန်းကလေးယန်ကို မတရားအပြစ်ပုံချမယ်ဆိုရင်တော့ ကျွန်တော် လုံးဝသဘောမတူနိုင်ပါဘူး"

ယန်ချန်းလန်သည် သမဖခင်က အပြစ်အားလုံးကို ယွင်ရှန်းအပေါ် လွှဲချလိမ့်မည်ဟု မထင်ထားခဲ့ပေ။

အဖေ... သူ စိတ်များ လွတ်သွားပြီလား။

ယန်ချန်းရွှယ်နှင့် သူမ၏သားမှာမူ မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကြသည်။ ယန်ပါးဟိုသာ လက်ပါလိုက်လျှင် ထိုစိတ်ပျက်စရာကောင်းသော မှော်ဆရာမလေးမှာ မလွဲမသွေ သေလူဖြစ်သွားတော့မည် မဟုတ်ပါလား။

"ငါ စကားမဆုံးသေးဘူး။ မင်းက ယန်ချန်းရွှယ်နဲ့ သူ့သားကို ဒဏ်ရာရအောင် လုပ်ခဲ့တာမှန်ပေမဲ့ မင်းဟာ ယန်အိမ်တော်အတွက် တကယ့်ကို ကြီးမားတဲ့ ကျေးဇူးရှင်တစ်ဦး ဖြစ်ခဲ့တာလည်း အမှန်ပဲ။ ချန်းလန်ရဲ့ လက်ဟာ မင်းရဲ့ကုသမှုကြောင့် ပြန်ကောင်းလာခဲ့တာမို့ ငါ အရမ်းပဲ ကျေးဇူးတင်ပါတယ်"

ထိုသိုပြောကာ ယန်ပါးဟိုသည် ယွင်ရှန်းကို အနည်းငယ် ဦးညွှတ်၍ ဂါရဝပြုလိုက်သည်။

ယန်ပါးဟို၏ အပြုအမူကြောင့် စားသောက်ဆိုင်အတွင်းရှိ လူအားလုံးမှာ ထိတ်လန့်မှင်

သက်သွားကြသည်။ ယန်ပါးဟိုသည် မဟာကျိုးနိုင်ငံ၏ သိုင်းသူတော်စင်တစ်ဦးဖြစ်ပြီး အဆင့်အမြင့်ဆုံး အာဏာရှိသူလည်း ဖြစ်သည်။ ကွယ်လွန်သူ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်က သူ့အား နန်းတွင်းညီလာခံတွင် ဓားဆောင်ခွင့်နှင့် ဧကရာဇ်ကို ဒူးထောက်ရန်မလိုသည့် အထူးအခွင့်အရေးများ ပေးအပ်ထားသူ ဖြစ်သည်။

ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးက ယွင်ရှန်းကို ဦးညွှတ်ခြင်းမှာ မဟာကျိုးဧကရာဇ်ပင် မရရှိဖူးသော ဂုဏ်ပြုမှုမျိုး ဖြစ်သည်။ ယွင်ရှန်း၏ ရင်ထဲတွင်လည်း ထိတ်လန့်သွားရသည်။ အကြီးအကဲ အရွယ်အစားအရဆိုလျှင် ယန်ပါးဟိုမှာ သူမ၏ အရင်းအချာ အဘိုးမဟုတ်ပါလား။ သူမအနေဖြင့် ဤဦးညွှတ်မှုကို ဘယ်လိုလုပ် ခံယူနိုင်မှာလဲ။

သူမသည် ချက်ချင်းပင် ဘေးသို့ ရှောင်လိုက်ပြီး ဟွမ်ချွဲကို ရှေ့သို့ တွန်းပို့လိုက်သည်။

"စစ်သူကြီးဟောင်း... ဒီဂါရဝကို ကျွန်မ မခံယူဝံ့ပါဘူး။ သမားတော်တစ်ယောက်အနေနဲ့ လူနာကို ကုသပေးတာက သဘာဝပါပဲ။ အကယ်၍ ယန်အိမ်တော်အနေနဲ့ တစ်စုံတစ်ခုကို တကယ်ပေးဆပ်ဖို့ အကြွေးတင်နေတယ်ဆိုရင် အဲဒါဟာ ယန်မိသားစုစစ်တပ်က စစ်သည်တော်တွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေပဲ ဖြစ်ပါလိမ့်မယ်"

ယန်ပါးဟိုသည် ယန်မိသားစုစစ်တပ်၏ အခြေအနေကို စုံစမ်းပြီးဖြစ်သည်။ ယန်ချန်းရွှယ်သည် စစ်သည်များ၏ လစာငွေများကို အမှန်တကယ်ပင် ရပ်ဆိုင်းထားခဲ့ပြီး လွန်ခဲ့သော ငါးနှစ်အတွင်း ယန်အိမ်တော်သည် စစ်သည်များထံသို့ လစာတစ်ပြားတစ်ချပ်မှ ထုတ်ပေးခဲ့ခြင်း မရှိသည်မှာ အမှန်ပင် ဖြစ်နေသည်။

စစ်သည်မိသားစုအများအပြားမှာ ငတ်မွတ်ခေါင်းပါးမှုနှင့် အအေးဒဏ်ကို အလူးအလဲ ခံစားနေကြရပြီး ယခင်က ကျစ်လျစ်ခိုင်မာခဲ့သော ယန်မိသားစုစစ်တန်းလျားကြီးမှာလည်း ယခုအခါ စုစည်းမှုမရှိသော သဲသောင်ပြင်အလား ဖြစ်နေရုံမက နှစ်စဉ်လူအများအပြား အငတ်ဘေးနှင့် အအေးဒဏ်ကြောင့် သေဆုံးနေကြရသည်။

"ဟင့်အင်း... ဟွမ်ချွဲ မဝံ့ရဲပါဘူး"

ဆံပင်ဖြူဖြူနှင့် အရှိန်အဝါကြီးမားလှသော ယန်ပါးဟိုကို မြင်လိုက်ရချိန်တွင် ဟွမ်ချွဲမှာ အသိစိတ်လွတ်မတတ် ကြောက်လန့်သွားကာ ဒူးထောက်၍ အကြိမ်ကြိမ် ဦးတိုက်တော့သည်။

"ဟွမ်ချွဲတို့မှာ ယန်အိမ်တော်အပေါ် နာကျည်းချက်တွေ ရှိခဲ့တာမှန်ပေမဲ့ စစ်သူကြီးဟောင်းရဲ့ မိသားစုအပေါ်မှာတော့ ဘယ်တုန်းကမှ အငြိုးမထားခဲ့ပါဘူး။ ဟွမ်ချွဲရဲ့အမေ မီးဖွားချိန်မှာ သွေးသွန်ခဲ့တုန်းက စစ်သူကြီးငယ်ကပဲ သမားတော်ကို အပြေးအလွှား ခေါ်ပေးခဲ့လို့ သမီး အသက်ရှင်ခဲ့ရတာပါ။ ဟွမ်မိသားစုဟာ တစ်သက်လုံး ယန်အိမ်တော်ရဲ့ လက်အောက်ငယ်သားတွေပဲလို့ အဖေက အမြဲပြောခဲ့ပါတယ်"

ဟွမ်ချွဲ၏ နဖူးမှာ ကြက်ပေါက်လေး ဆန်ကောက်သကဲ့သို့ ကြမ်းပြင်နှင့် အဆက်မပြတ် ရိုက်ခတ်နေသဖြင့် ချက်ချင်းပင် ဖူးရောင်ကာ သွေးထွက်လာတော့သည်။ ဤသည်ကို မြင်ရသောအခါ ယန်ချန်းလန်၏ ရင်ထဲတွင် ပို၍ပင် နောင်တများ ပြည့်နှက်လာခဲ့သည်။

ယန်ပါးဟို၏ မျက်ဝန်းများထဲတွင်လည်း မှောင်ရိပ်တစ်ခု ဖြတ်သန်းသွားသည်။ ဖခင်တစ်ဦး၏ မေတ္တာကြောင့် သူသည် ယနေ့တွင် အမှားနှင့်အမှန်ကို ပြောင်းပြန်လှန်ကာ ယန်ချန်းရွှယ်နှင့် သူမ၏သားကို ကာကွယ်နေခြင်းဖြစ်သော်လည်း၊ မပြစ်မှားအပ်သော အပြစ်မဲ့သူများအပေါ် ကျရောက်သွားသည့် ဝန်ထုပ်ဝန်ပိုးကြောင့် သူ၏နှလုံးသားမှာ လုံးဝမအေးချမ်းလှပေ။

"တာဝန်ခံမှုဆိုတာ ငါတို့ယန်အိမ်တော်ရဲ့ ဘိုးဘွားစဉ်ဆက် လမ်းညွှန်ချက်ပဲ။ ငါတို့ဆီက အကြွေးတင်တာမှန်သမျှ ငါ မလွဲမသွေ ပြန်ဆပ်မယ်။ ဒါပေမဲ့ ငါတို့အပေါ် အကြွေးတင်တာကိုလည်း ငါ ပြန်တောင်းရလိမ့်မယ်။ မိန်းကလေး... မင်းက ငါ့သားအသက်ကို ကယ်ခဲ့တာကို ထောက်ထားပြီး မင်းအသက်ကိုတော့ ငါချမ်းသာပေးမယ်။ ဒါပေမဲ့ မင်းရဲ့ မှော်ဝိညာဉ်ကိုတော့ ဒီအတိုင်း ထားခဲ့လို့ မရဘူး"

ယန်ပါးဟို၏ ဆိုလိုရင်းမှာ ယွင်ရှန်း၏ မှော်စွမ်းအားများကို ဖျက်ဆီးပစ်ရန်ဖြစ်သည်။

"ဟက်... ဒါပေမဲ့ ကျွန်မက ငြင်းဆန်တယ်ဆိုရင်ကော"

ယွင်ရှန်း၏ မျက်နှာမှာ ညိုမှောင်သွားပြီး သူမ၏နှလုံးသားမှာ အေးစက်သွားရသည်။ ဤသူမှာ သူမ၏ ချစ်လှစွာသော အဘိုးအရင်းလား။ အသုံးမကျသော မြေးတစ်ဦးကို ကာကွယ်ရန်အတွက် သူသည် သူမ၏ မှော်ဝိညာဉ်ကို ဖျက်ဆီးပစ်ရန် ကြံစည်နေသည်လား။ ဤမျှအထိ အာဏာရှင်ဆန်ပြီး ကျိုးကြောင်းဆင်ခြင်မှု ကင်းမဲ့လှသောကြောင့်လည်း သူမ၏ဖခင် ယန်ခန်းဟိုင်သည် စစ်သူကြီးအိမ်တော်မှ ဒေါသတကြီး ထွက်ခွာသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

"တကယ့်ကို မိုက်မဲတဲ့ မိန်းကလေးပဲ။ ဒီလိုအခြေအနေမျိုးမှာတောင် အသက်ကို မတောင်းပန်သေးဘူးလား"

ယန်ပါးဟိုသည် စိတ်ပျက်သွားမိသည်။ သူသည် ယွင်ရှန်းအား မှော်ပညာကိုသာ ဖျက်ဆီးပြီး အသက်ရှင်ခွင့်ပေးခြင်းဖြင့် လမ်းစတစ်ခု ပေးထားပြီးဖြစ်သည်။ အကယ်၍ သူမကသာ အသနားခံခဲ့ပါက သူသည် စိတ်ပျော့သွားကောင်း သွားနိုင်သော်လည်း၊ ယခုကဲ့သို့ ပြတ်သားစွာ ပြန်လည်ရင်ဆိုင်နေခြင်းက ယန်ပါးဟိုကို လုံးဝ အရှက်ရသွားစေသည်။

"ဟွန့်... လူငယ်ဆိုတော့လည်း မသိနားမလည်တာ သဘာဝပါပဲ။ ငါ့ရှေ့မှာတော့ မင်းရဲ့ ငြင်းဆန်မှုက ဘာမှအဓိပ္ပာယ်မရှိဘူး။ လူတွေက ငါ့ကို လူကြီးက လူငယ်ကို နှိပ်စက်တယ်လို့ မပြောနိုင်အောင် ငါ့ရဲ့ စွမ်းအား ၁၀ ရာခိုင်နှုန်းကိုပဲ သုံးပြီး မင်းနဲ့ ယှဉ်ပြိုင်မယ်။ အကယ်၍ မင်းသာ ငါ့ရဲ့ တိုက်ကွက် ၃ ကွက်ကို ခံနိုင်ရည်ရှိမယ်ဆိုရင် မင်းကို လွှတ်ပေးမယ်"

ယန်ပါးဟိုသည် တင်းမာလှသော မျက်လုံးများဖြင့် ယွင်ရှန်းကို စိုက်ကြည့်လိုက်သည်။ ယန်ချန်းလန်သည် တားဆီးရန် ရှေ့သို့တိုးလာသော်လည်း အိမ်တော်၏ လျှို့ဝှက်ကိုယ်ရံတော်များ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ သိုင်းသူတော်စင်၏ တိုက်ကွက် ၃ ကွက်ကို ရင်ဆိုင်ရမည့် စိန်ခေါ်မှုကို ရှောင်လွှဲ၍ မရတော့ပေ။

ယွင်ရှန်းသည် ခါးသီးသော အပြုံးတစ်ခုဖြင့် ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။

"အဲဒါဆိုရင်လည်း စစ်သူကြီးဟောင်း...ရဲ့ တိုက်ကွက်တွေကို ထုတ်သုံးဖို့ ဖိတ်ခေါ်ပါတယ်"

ယွင်ရှန်းသည် မှော်လှံတံကို ကိုင်ဆောင်လျက် လက်သီးဆုပ်ကာ ဂါရဝပြု၍ အသင့်ပြင်လိုက်တော့သည်။

All Chapters