← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

ကျောက်လင်းသည် ပတ်ဝန်းကျင်ရှိ လမ်းမများကို အကဲခတ်ရင်း စဉ်းစားခန်း ဝင်နေမိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိကျနေပြီး အားနည်းလှသော လရောင်ဖျော့ဖျော့သာ လမ်းမပေါ်သို့ ကျရောက်နေသည်။

ရပ်ကွက်ဂိတ်ဝတွင် တာဖန်းအစောင့်ရှိနေသဖြင့် သာမန်လှည့်လည်နေသော ဇွန်ဘီများပင် ထိုအနီးအနားသို့ မကပ်ရဲကြချေ။ ပတ်ဝန်းကျင်မှာ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်လွန်းလှရာ ကျောက်လင်းသည် ဘေးဘီဝဲယာကို အဆက်မပြတ် ကြည့်ရှုနေမိသည်။

"ဒီကိုယ်ပျောက်ဆိုတဲ့ စွမ်းအားရှင်က ချိန်းဆိုမှုကို ဖျက်မှာတော့ မဟုတ်ပါဘူးနော်"

"တစ်ဖက်လူက ဒီလောက်အထိ ယုံကြည်မှုအပြည့်နဲ့ ကမ်းလှမ်းခဲ့တာဆိုတော့ ကတိပျက်မယ့်သူမျိုးတော့ မဖြစ်နိုင်ပါဘူး"

ကျောက်လင်းသည် ကိုယ်ပျောက်စွမ်းအားရှင်မှာ သူမ၏ အနီးအနားသို့ ရောက်ရှိနေပြီလားဟု တွေးတောရင်း ပတ်ဝန်းကျင်ကို အသေအချာ စစ်ဆေးနေမိသည်။

"ကိုယ်ပျောက်နိုင်စွမ်းက တကယ့်ကို အစွမ်းထက်တာပဲ။ အစအနမကျန်ဘဲ သွားလာနိုင်တာဆိုတော့ ငါတောင် သူရှိနေတဲ့နေရာကို အာရုံခံလို့မရဘူး"

သို့သော် မကြာမီမှာပင် ကျောက်လင်း စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းလိုက်သည်။ ကိုယ်ပျောက်နိုင်စွမ်းက ကောင်းပေမဲ့ ငါ့ရဲ့ ပြန်လည်ရှင်သန်နိုင်ခြင်းစွမ်းရည်ကမှ တကယ့် လက်တွေ့အကျဆုံးပဲ။ အမှန်တော့ ဒီစွမ်းရည်သာ မရှိရင် ငါဟာ အခုလောက်ဆို သေနေတာ ကြာလှပြီ။

"ကိုယ်ပျောက်နေတဲ့ ကျွမ်းကျင်သူကြီးရေ... ငါတို့ ကြိုတင်သဘောတူထားတဲ့အတိုင်းပဲနော်။ ဒီညတော့ ငါ့ကို လာနောက်မနေနဲ့ဦး"

ကျောက်လင်းသည် ထိုကျွမ်းကျင်သူ ကြားနိုင်ရန် ရည်ရွယ်၍ အရပ်မျက်နှာအနှံ့သို့ တိုးတိုးလေး ရေရွတ်လိုက်သည်။ ထို့နောက် သူမသည် ရပ်ကွက်ဂိတ်ဝဆီသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားတော့သည်။

ဧရာမတူကြီးကို ကိုင်ဆောင်ထားသော ဇွန်ဘီကြီးကို မြင်လိုက်ရသောအခါ ကျောက်လင်း၏ မျက်ဝန်းအစုံ၌ တိုက်ခိုက်လိုစိတ်နှင့် သတ်ဖြတ်လိုသော အငြိုးအတေးများ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ ဤဇွန်ဘီကြီး၏ လက်ချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် အသတ်ခံခဲ့ရသဖြင့် သာမန်လူတစ်ယောက်ဆိုလျှင်ပင် ဒေါသထွက်နေမည်မှာ အမှန်ပင်။

"ဟေး လူကောင်ကြီး... နင့်ကို ငါ ထပ်လာကစားပေးမယ်"

တင့်ကားအမျိုးအစားဇွန်ဘီကြီး၏ အနီးသို့ ချဉ်းကပ်ရင်း ကျောက်လင်းက ကျယ်လောင်စွာ အော်လိုက်တော့သည်။

ဤသည်မှာ သူမနှင့် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူတို့အကြား ကြိုတင်သဘောတူညီထားသည့် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ သူမက ရှေ့တန်းမှနေ၍ ဇွန်ဘီများ၏ အာရုံကို ဆွဲဆောင်ရန်ဖြစ်သည်။

တိတ်ဆိတ်ငြိမ်သက်နေသော လမ်းမထက်တွင် ကျောက်လင်း၏ အသံမှာ အလွန်တရာ ကျယ်လောင်စူးရှနေပြီး တာဖန်း၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ခုနစ်လွှာရှိ ဧည့်ခန်းအတွင်း၌ စိတ်စွမ်းအားများကို ပြန်လည်ဖြည့်တင်းနေသော လုချွမ်းသည်လည်း ချက်ချင်းပင် နိုးကြားသွားခဲ့သည်။

“နင် နောက်တစ်ခါ ထပ်လာပြန်ပြီလား။ ဘယ်တော့မှ မပြီးနိုင်တော့ဘူးလား”

လုချွမ်း၏ မျက်ဝန်းအစုံ၌ ဒေါသရိပ်များ လျှပ်ခနဲ ဖြတ်ပြေးသွားသည်။ ချီချီလေးရှိနေသဖြင့် သူသည် ရပ်ကွက်အတွင်း၌သာ စည်းကမ်းတကျ နေထိုင်ခဲ့ပြီး မည်သူ့ကိုမျှ ရန်စခဲ့ခြင်း မရှိပေ။ သို့သော် ဤရဲမေမှာမူ သူ့ကိုသာ တစိုက်မတ်မတ် ပစ်မှတ်ထားနေပြီး အကြိမ်ကြိမ် လာရောက်နှောင့်ယှက်နေတော့သည်။ လွန်ခဲ့သော နှစ်ရက်ခန့်က ငြိမ်သက်နေသဖြင့် အေးအေးဆေးဆေး နေရပြီဟု သူထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ ယနေ့ညတွင် သူမ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။

ဟွန်း…

“နင်ကပဲ အသေခံချင်နေမှတော့... ဘာပဲဖြစ်ဖြစ် ဒီညတော့ နင့်ကို ဒီမှာပဲ ထာဝရ အဆုံးသတ်ပေးလိုက်မယ်”

မသေနိုင်တဲ့ ခန္ဓာကိုယ်ဟုတ်လား။ အဲဒီလိုဆိုရင်လည်း နင့်ရဲ့ ခြေလက်တွေကို ချိုးပစ်ပြီး နင် ဘယ်တော့မှ နေ့အလင်းရောင် မမြင်ရအောင် ငါ လုပ်ပေးမယ်။ မသေနိုင်ဘူးဆိုတာ ပြန်ရှင်လာစရာ မလိုဘူးလို့ ဆိုလိုတာလား။

လုချွမ်းသည် ချက်ချင်းပင် အောက်ထပ်သို့ ပြေးဆင်းသွားပြီး ရပ်ကွက်ဂိတ်ဝဆီသို့ တည့်တည့်မတ်မတ် ဦးတည်လိုက်သည်။ သူ၏ သွေးရောင်လွှမ်းနေသော မျက်ဝန်းအစုံမှာ သတ်ဖြတ်လိုသော အငြိုးအတေးများဖြင့် ပြည့်နှက်နေတော့သည်။ ဤရဲမေက သူ့ကို အဖန်ဖန်လာရောက် ရန်စနေခြင်းက သူ့ကို အကြီးအကျယ် ဒေါသထွက်စေခဲ့ပြီ ဖြစ်သည်။

အိပ်ခန်းအတွင်း၌ အိပ်ချင်ဟန်ဆောင်နေသော ကျိရုရွှယ်သည်လည်း အပြင်ဘက်မှ လှုပ်ရှားသံများကို ကြားလိုက်ရသည်နှင့် အမြန်ထလိုက်သည်။

“အစီအစဉ် စပြီ”

“ဟဲဟဲ... ဇွန်ဘီဘုရင် အခုကတော့ မင်းကို အမဲလိုက်ရမယ့် အချိန်ပဲ”

ကျိရုရွှယ်သည် အောက်ထပ်သို့ တိတ်တဆိတ် ဆင်းလာခဲ့ပြီးနောက် အဆောက်အအုံ ၁ ၏ ဒုတိယထပ်ဆီသို့ ခိုးကြောင်ခိုးဝှက် ချဉ်းကပ်သွားတော့သည်။

ဤနေရာမှာ ယခင်က ကျောက်လင်းကို သူမ လျှို့ဝှက်ကူညီပေးခဲ့ဖူးသည့် အခန်းဖြစ်သည်။ ဤနေရာမှကြည့်လျှင် ဂိတ်ဝ၏ အခြေအနေအရပ်ရပ်ကို အထင်အရှား မြင်တွေ့နိုင်သလို မိမိကိုယ်ကိုလည်း လူမသိအောင် ဖုံးကွယ်ထားရန် အကောင်းဆုံးနေရာပင်။

ကျိရုရွှယ် အဆောက်အအုံ ၁ သို့ ရောက်ရှိချိန်တွင် ရပ်ကွက်ဂိတ်ဝအပြင်ဘက်၌ တိုက်ပွဲမှာ အရှိန်ရနေပြီဖြစ်သည်။ လုချွမ်းမှာမူ အနီးအနားတွင် ပုန်းအောင်းနေဆဲဖြစ်ပြီး တာဖန်းနှင့် အလျင်နှုန်းအမျိုးအစားနှစ်ကောင်ကို ရှေ့တန်းတင်ကာ စတင်တိုက်ခိုက်စေခဲ့သည်။

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် တာဖန်း၏ လက်နှစ်ဖက်ရှိ ဧရာမတူကြီးများမှာ အလွန်တရာ ပြင်းထန်လှသော အားမာန်ဖြင့် ဝှေ့ယမ်းနေတော့သည်။ စိတ်စွမ်းအားများ ပေါက်ကွဲထွက်မတတ် မြင့်တက်လာမှုကြောင့် လုချွမ်းသည် တိုက်ပွဲအတွင်း တာဖန်းကို ယခင်ကထက် ပိုမိုထိရောက်စွာ စေခိုင်းနိုင်စွမ်း ရှိနေသည်။ ကျောက်လင်း၏ တိုက်ကွက်များကို ရှောင်တိမ်းစေရုံသာမက အခွင့်အရေးရသည်နှင့် ပြန်လည်တုံ့ပြန် တိုက်ခိုက်စေခဲ့သည်။

လုချွမ်း၏ တိကျသော စေခိုင်းမှုကြောင့် တာဖန်း၏ တူကြီးများမှာ တစ်ချက်ပြီးတစ်ချက် အဟုန်မပျက် ကျရောက်လာသည်။ တူနှစ်စင်း၏ ဟန်ချက်ညီညီ ရိုက်ခတ်မှုများမှာ ကျောက်လင်းအား အသက်ရှူပင် မဝနိုင်လောက်အောင် အကျပ်ရိုက်စေတော့သည်။

ဗုန်း…ဗုန်း…ဗုန်း…

ဧရာမတူကြီးများ မြေပြင်ပေါ်သို့ ရိုက်ခတ်မိသံမှာ ပဲ့တင်ထပ်သွားပြီး ကျောက်လင်း၏ ခြေဖဝါးများပင် ထုံကျဉ်သွားရသည်။ တူကြီးများ ဝှေ့ယမ်းလိုက်တိုင်း ထွက်ပေါ်လာသော လေပြင်းများမှာ သူမ၏ ကျောရိုးတလျှောက် စိမ့်တက်သွားစေသည်။

“ဘာတွေဖြစ်နေတာလဲ။ ဒီဆင့်ကဲဇွန်ဘီရဲ့ တိုက်ကွက်တွေက အရင်ကထက် ဘာလို့ ဒီလောက်တောင် လိမ္မာပါးနပ်နေရတာလဲ”

ကျောက်လင်းသည် တိုက်ကွက်များကို ရှောင်တိမ်းရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤတင့်ကားအမျိုးအစားဇွန်ဘီကြီးဆီမှ ခံစားနေရသော ဖိအားမှာ ယခင်ကထက် များစွာ သာလွန်နေသည်။ ၎င်း၏ ခွန်အားမှာ သိသိသာသာ တိုးမလာသော်လည်း သူမ ရှောင်တိမ်းမည့်နေရာကို အမြဲတမ်း တိကျစွာ ခန့်မှန်းနိုင်နေပြီး သူမ၏ လျှို့ဝှက်တိုက်ကွက်များကိုပင် ဧရာမတူကြီးဖြင့် အချိန်ကိုက် ပိတ်ဆို့နိုင်စွမ်း ရှိနေသည်။

ဦးနှောက်မရှိတဲ့ ဇွန်ဘီတွေကတောင် လူသားတွေရဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို သင်ယူနိုင်နေကြတာလား။

ဤသို့တွေးမိသောအခါ ကျောက်လင်း ပို၍ပင် စိုးရိမ်စိတ်ဝင်လာသည်။ သို့သော်လည်း သူမသည် ဒုတိယအဆင့် စွမ်းအားရှင်တစ်ဦးဖြစ်ရာ ထူးကဲသော ကိုယ်ကာယခွန်အားနှင့် ကြွယ်ဝသော တိုက်ပွဲအတွေ့အကြုံများကြောင့် ယခင်ကထက် ပိုမိုအန္တရာယ်များနေသော်လည်း အခြေအနေကို ကောင်းစွာ ထိန်းထားနိုင်ဆဲပင်။

ရွှစ်... ရွှစ်...

ထိုစဉ် လေခွဲသံ နှစ်ချက် ထွက်ပေါ်လာပြီး ကျောက်လင်း တစ်ကိုယ်လုံး စိမ့်ခနဲ ခံစားလိုက်ရသည်။ သူမသည် တုံ့ပြန်မှု အသိဖြင့် နောက်ပြန် ဂျွမ်းထိုးကာ အလျှင်အမြန် ရှောင်တိမ်းလိုက်ရသည်။ သူမ မြေပြင်ပေါ်သို့ ပြန်လည်ခြေချလိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျောက်လင်း ကျောချမ်းသွားရတော့သည်။

သူမ ရှောင်တိမ်းခဲ့သော လမ်းကြောင်းပေါ်တွင် စတီးဓားရှည် နှစ်စင်းစီ ကိုင်ဆောင်ထားသည့် အလျင်နှုန်းအမျိုးအစားနှစ်ကောင် ပေါ်လာခြင်းပင်။ အကယ်၍ သူမသာ တစ်စက္ကန့်မျှ နောက်ကျခဲ့ပါက ထိုဓားချက်များအောက်တွင် ခန္ဓာကိုယ် အပိုင်းပိုင်း ပြတ်သွားနိုင်ချေ ရှိသည်။ ကျောက်လင်းသည် ပေါ့ဆ၍ မရတော့ကြောင်း သိလိုက်သဖြင့် စစ်သုံးဓားမြှောင် နှစ်စင်းကို အမြန်ထုတ်ယူလိုက်သည်။

"ဟင်း... နင်က စွမ်းအားရှင်တစ်ယောက်မို့လို့ အနိုင်မရနိုင်ဘူးလို့ ထင်နေတာလား။ ဒီနေ့တော့ နင် ပေးဆပ်ရမယ့် တန်ဖိုးကို ငါ သိအောင်လုပ်ပေးမယ်"

လုချွမ်း၏ မျက်ဝန်းအစုံမှာ သတ်ဖြတ်လိုသော အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။ စိတ်စွမ်းအား တိုးတက်လာပြီးနောက် သူသည် ဤဇွန်ဘီရုပ်သေးများကို ပိုမို လိုက်လျောညီထွေစွာ စေခိုင်းနိုင်လာသည်။ ထို့ပြင် တိုက်ပွဲအတွင်း အခွင့်အရေးကို ဖမ်းဆုပ်နိုင်စွမ်းမှာလည်း ယခင်ကထက် များစွာ တိကျလာခဲ့သည်။ တိုက်ပွဲများ ဆက်တိုက် ဆင်နွှဲလာရသည်နှင့်အမျှ လုချွမ်း၏ တိုက်ခိုက်ရေး နည်းဗျူဟာများမှာလည်း ပိုမို ပီပြင်လာခဲ့သည်။

လျှပ်စီးဇွန်ဘီနှစ်ကောင်မှာ ညှပ်ပူးညှပ်ပိတ် တိုက်စစ်ကို ဆင်နွှဲလာပြီး လရောင်အောက်တွင် တလက်လက် တောက်ပနေသော ငွေရောင်ဓားသားများမှာ ကျောက်လင်းကို သတိကြီးစွာ ထားစေတော့သည်။ ရှေ့တန်းမှ တာဖန်းကလည်း ဧရာမတူကြီးများဖြင့် ကြောက်မက်ဖွယ်ကောင်းသော အားမာန်ဖြင့် ဝင်ရောက်တိုက်ခိုက်ရာ ကျောက်လင်းမှာ တိုက်ရိုက် ရင်မဆိုင်ရဲဘဲ ရှောင်တိမ်းနေရုံသာ တတ်နိုင်တော့သည်။

လုချွမ်း၏ ခွန်အားများ မြင့်တက်လာမှုကြောင့် ကျောက်လင်းမှာ တစ်ယောက်တည်းနှင့် သုံးယောက်ကို ရင်ဆိုင်ရန် ပိုမိုခက်ခဲလာခဲ့သည်။ ရှောင်တိမ်းလိုက်တိုင်းလည်း ကပ်သီးကပ်သပ်မျှသာ လွတ်မြောက်နေရသည်။ အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက်တွင် လုချွမ်းသည် သူ၏ အားကောင်းလှသော စိတ်စွမ်းအားကို အသုံးပြု၍ ကျောက်လင်း၏ လှုပ်ရှားမှုများကို ဖတ်ယူနိုင်ခဲ့သည်။

ချက်ချင်းပင် ဘယ်ဘက်လက်မှ တူကြီးဖြင့် တိုက်ခိုက်မှုကို ပြောင်းလဲလိုက်ပြီး လျှပ်စီး ၁ နှင့် လျှပ်စီး ၂ တို့၏ နှောင့်ယှက်မှုကြောင့် ကျောက်လင်းမှာ အလစ်အငိုက် မိသွားတော့သည်။ ဧရာမတူကြီးမှာ သူမ၏ ဝမ်းဗိုက်ဆီသို့ ကျရောက်တော့မည့် အချိန်တွင် တာဖန်း၏ ခန္ဓာကိုယ်မှာ လေထဲ၌ တစ်စက္ကန့်မျှ ထူးဆန်းစွာ ရပ်တန့်သွားခဲ့သည်။ ဤအခွင့်အရေးကို အသုံးချကာ ကျောက်လင်းမှာ ကပ်သီးကပ်သတ် ရှောင်တိမ်းနိုင်ခဲ့သည်။

လုချွမ်း မျက်မှောင်ကြုတ်သွားသည်။ ထို့နောက် နောက်ထပ် တိုက်စစ်တစ်ခုကို ထပ်မံဆင်နွှဲပြန်သည်။

သူ သတိပြုမိလိုက်သည်မှာ တာဖန်းဖြစ်စေ၊ လျှပ်စီးညီအစ်ကိုများ ဖြစ်စေ ကျောက်လင်းကို တိုက်ခိုက်မိတော့မည့် အချိန်တိုင်းတွင် သူတို့၏ လှုပ်ရှားမှုများမှာ အကြောင်းပြချက် မရှိဘဲ တစ်စက္ကန့်မျှ ရပ်တန့်သွားတတ်ခြင်းပင်။ ဤအချက်ကြောင့် ရှုံးနိမ့်သင့်နေပြီဖြစ်သော ကျောက်လင်းမှာ အကြိမ်ကြိမ် လွတ်မြောက်နေခြင်း ဖြစ်သည်။

လုချွမ်း၏ မျက်ဝန်းအစုံ၌ အေးစက်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

"ထင်ထားတဲ့အတိုင်းပဲ... ဒီအနီးအနားမှာ တခြား စွမ်းအားရှင်တွေ ရှိနေတာပဲ"

All Chapters