စိတ်ရောဂါကုဆေးရုံမှ လူများ
Vol. 1 Ch. 1
Castle Peak စိတ်ရောဂါကုဆေးရုံ၊ ညနေခင်းအချိန်
လူနာများအားစောင့်ကြပ်နေသည့် သူနာပြုနှစ်ယောက်စုမိကြသည်။
"နင် ကြားမိလား၊ အရှေ့တံတားပေါ်မှာ အရက်မူးနေတဲ့လူတစ်ယောက် သေသွားတယ်တဲ့၊ မနက်ရောက်လို့ ရှာတွေ့တော့ သူ့ကိုယ်တစ်ပိုင်းက ပျောက်နေပြီတဲ့"
"နင် အဲ့ဒါက ဘာမှမဟုတ်သေးဘူး၊ နန်ချန်းခရိုင်မှာ ပိုကြောက်စရာကောင်းတယ်၊ ကလေးမလေးတစ်ယောက်က အိမ်တံခါးတွေလိုက်ခေါက်ပြီး တံခါးဖွင့်လိုက်ရင် သူ့အမေလားဆိုပြီး လိုက်မေးနေတာတဲ့"
"ဒါတော့ ငါ မကြားမိပါလား"
"သတင်းတွေ ပိတ်ထားတာဟဲ့၊ ရဲစခန်းသရဲနှင်တဲ့လူတွေက ညဘက်တံခါးလာခေါက်ရင် မဖွင့်ပေးဖို့ တစ်အိမ်တက်ဆင်း လိုက်အသိပေးနေရတာ"
"ဒါဆို အိမ်ပြင်မှာရှိတဲ့ မိသားစုတွေက ဘယ်လိုလုပ်ကြမလဲ"
"ဒါဆိုရင်တော့ နင် ရွေးရမှာပေါ့၊ လူတစ်ယောက်ရဲ့အသက်ကို လိုချင်လား၊ မိသားစုတစ်စုလုံးရဲ့အသက်ကို လိုချင်လားဆိုတာကိုပေါ့"
...
ချန်ကျိုး အစင်းကျားပုံပါသည့် စောင်တစ်ထည်အား သူ့အ တွက် ပုံမှန်မျက်နှာဖုံးတစ်ခုလိုဝတ်ကာ သူနာပြုများ၏စကားဝိုင်းကိုနားထောင်နေခဲ့သည်။
ခြေတစ်ဖက်တွင်မူ ခြေအိတ်မပါချေ။
အခြားတစ်ဖက်တွင်မူ ခြေအိတ်နှစ်ထည်စွပ်ထားကာ ခုံတန်း လျားပေါ်မတ်တပ်ရပ်နေခဲ့သည်။
ချန်ကျိုး သူ့ပတ်ဝန်းကျင်မှ လူအုပ်ကြီးအားသေချာကြည့်ပြီး ဘေးကင်းကြောင်းသေချာမှ သူ့၏မညီမညာဖြစ်နေသော စောင်ထဲ ခေါင်းကိုမြှုပ်လိုက်သည်။
စောင်ထဲတွင် ချန်ကျိုးသည် သူ့ညာလက်ထဲ ဖိနပ်တစ်ဖက် ကိုင်ထားပြီး ဘယ်လက်နဲ့ သူ့ ညာလက်ဘက်အား လိုက်လံထိုးဆွလို့နေသည်။
"အေးဂျင့် 001 ကို ကမ္ဘာမြေဆီ စေလွှတ်လိုက်ပါပြီ၊ ဌာနချုပ်ကို ချိတ်ဆက်ခွင့်တောင်းဆိုနေပါတယ်၊ ဌာနချုပ်မှ လက်ခံရရှိပါက အကြောင်းပြန်ပေးပါ၊ အို အို အို အို"
"ကမ္ဘာမြေကို သရဲတွေ သိမ်းပိုက်ထားပါပြီ၊ ဒီအခွင့်အရေးကို အသုံးချပြီး သူတို့နောက်ကနေ တိတ်တိတ်လေးတိုက်ခိုက်လို့ရပါတယ်၊ ဌာနချုပ်မှ လက်ခံရရှိပါက အကြောင်းပြန်ပေးပါ၊ အို အို အို အို"
အချိန်အတော်ကြာတဲ့အထိ အကြောင်းမပြန်တဲ့အတွက် ချန်ကျိုးဟာ စောင်တစ်ဖက်စွန်းကိုဆွဲဖယ်လိုက်သည်။
ဘယ်သူမှ သူ့အားသတိမထားမိတာကြောင့် သူဟာ သူ့ဆက်သွယ်ရေးကိရိယာ ဘေးကင်းစေဖို့အတွက် သူ့ပေါင်ကြားထဲ ပြန်ထည့်လိုက်သည်။
ချန်ကျိုး ခုံရှိသည့်ဘက်ကိုကြည့်ပြီး ခုံရဲ့နောက်ဘက်ကိုသွားဖို့ ခြေလှမ်းခိုင်ခိုင်လှမ်းလိုက်၏။
ထို့နောက်
ချန်ကျိုး ကြက်သွန်နီတစ်လုံးကဲ့သို့ ခေါင်းနှင့်အောက်ကို ပြုတ်ကျသွားပြီး ကျောက်တုံးတစ်တုံးနှင့်တိုက်မိသွားသည်။
ဘယ်စိတ်ရောဂါသည်မှန်းမသိ “ပွဲတော်တည်မယ်၊ ပွဲတော် တည်မယ်” ဟု အော်လိုက်သည်။
တခြားစိတ်ရောဂါသည်များကလည်း ၎င်းတို့လက်တွေကို ခေါင်းပေါ်မြှောက်ပြီး ချန်ကျိုးပတ်ပတ်လည် ပျော်ရွှင်စွာ အော်ဟစ်ဆူညံနေကြသည်။
...
ချန်ကျိုး ပြန်နိုးလာတဲ့အခါ သူ လူနာဆောင်ထဲရှိနေပြီး ပြတင်း ပေါက်အပြင်ဘက်ရှိ ကောင်းကင်ကြီးမှာမှောင်နေလေပြီ။
[စနစ်ကို စတင်ချိတ်ဆက်လိုက်ပါပြီ၊ Host ရဲ့ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးနေပါတယ်၊ ပြင်းထန်သော စိတ်ရောဂါဝေဒနာခံစားနေရပါတယ်၊ ကုသမှုကို လက်ခံမလား ?]
ချန်ကျိုး သူ့မျက်လုံးတွေကိုပွတ်သပ်ပြီး ခေါင်းခါလိုက်သည်။ စနစ် Screen သည် သူ့ရှေ့ထက် လှုပ်ရှားမှုမရှိဘဲ ရပ်တန့်နေခဲ့ပြီး သူ့တည်ငြိမ်မှုမှာ အထူးကောင်းမွန်လို့နေသည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? အဖြူရောင်ဝတ်စုံဝတ်ထားတဲ့ လူယုတ်မာတွေ ငါ အိပ်နေတုန်းဆေးခတ်လိုက်တာပဲဖြစ်ရ ယုတ် မာတဲ့လူယုတ်မာတွေ၊ တိုက်မယ်လို့တောင် မပြောဘူး"
[Host ကုသမှုကို လက်ခံမလား ?]
"မင်းသာ စိတ်ရောဂါသည်၊ မင်း မိသားစုတစ်စုလုံးကသာ စိတ် ရောဂါသည်တွေ၊ မင်းရဲ့ဘိုးဘေး ၁၈ ဆက်ကိုကုသလိုက်စမ်း၊ သွားစမ်း၊ နေနဲ့လရဲ့အနှစ်သာရတွေ ငါ စုပ်ယူနေတာကိုလာ ပိတ်ဆို့နေတယ်"
[Host ကုသမှု မအောင်မြင်ပါ!]
ထိုစဉ်
ချန်ကျိုး ကုတင်ပေါ်ခြေချိတ်ထိုင်ပြီး အသက်ရှူသွင်းအသက်ရှူထုတ်သည့် နည်းလမ်းအားလေ့ကျင့်နေစဉ် လူနာဆောင်အပြင်ဘက်မှ ရေစက်ကျသံများထွက်ပေါ်လာသည်။
ချန်ကျိုး အာရုံစိုက်ပြီး ဆက်လေ့ကျင့်လို့မရတော့သဖြင့် စင်္ကြန်လမ်းအပြင်ဘက်က လှုပ်ရှားမှုကိုနားစွင့်နေလိုက်သည်။
အဲဒါ ကြမ်းတိုက်တဲ့အသံနဲ့တူပြီး ခြေသံကပေါ့ပါးနေတယ်။
ဘယ်သူက ညဘက်ကြီး အပြင်မှာကြမ်းတိုက်နေတာလဲ ??
မဟုတ်ဘူး၊ မနက်ဖြန်က ငါ့တာဝန်၊ တစ်ယောက်ယောက်ကများ နေ့ခင်းပိုင်းတုန်းက အမှားလုပ်မိလို့ သူတို့ကိုယ်ဘာသာ သူတို့ လာရှင်းနေတာများလား ??
ဟေး ဟေး ~
တကယ့် အရူးပဲ
ဘယ်သူက ငါ့အတွက် ကြမ်းလာတိုက်ပေးနေတဲ့ အရူးလဲဆိုတာ ကြည့်ရသေးတာပေါ့
စိတ်ရောဂါကုဆေးရုံမှ လူနာဆောင်များအား ညဘက်အိပ်ခါနီး တံခါးသော့ခတ်ရသည်။ ထို့ကြောင့် ချန်ကျိုး တံခါးပေါ်မှပြ တင်းပေါက်လေးကိုသာဖွင့်ပြီး အပြင်ကိုကြည့်လို့ရသည်။
မှောင်မည်းနေသည့် စင်္ကြန်လမ်းအပြင်ဘက် အရိပ်တစ်ရိပ် လရောင်အောက် ဖြည်းဖြည်းချင်းလျှောက်နေသည်ကိုသာမြင်ရသည်။ သူ့ခြေလှမ်းများမှာ အရမ်းနှေးပြီး လူနာဆောင်တစ်ဆောင်စီဖြတ်သွားတိုင်း ထိုအရိပ်က ခဏရပ်ပြီးကြည့်နေတတ်သည်။
ဒီအရူးက သန့်ရှင်းရေးကို အရမ်းသေသေချာချာလုပ်တာပဲ။
ချန်ကျိုး သူ့လည်ပင်းကို ဆန့်ပြီးကြည့်လိုက်သည်။
နောက်ဆုံး ချန်ကျိုး အဲ့အရူး သူ့တံခါးရှေ့ရောက်လာတဲ့အထိ စောင့်နေခဲ့သည်။
တံခါးအပြင်ဘက်၌ ဖျော့တော့ပြီးရောင်ရမ်းနေသည့် မျက် နှာတစ်ခုရှိနေသည်။ မျက်နှာထက် အရေးအကြောင်းများနှင့် ရေထဲအချိန်အကြာကြီး အစိမ်ခံထားရသလိုပင်။ သူ့၏ရှုပ်ပွနေ သောဆံပင်ထဲမှ ရေများတရစပ်ဆက်လက်စီးဆင်းနေ သည်။
အဲဒါ အမျိုးသမီးတစ်ယောက်ဆိုတာကို ခပ်ပါးပါးလေးပြောလို့ရသည်။
မြင်ဖူးပုံမရဘူး
ဒီလိုရုပ်မျိုးဆိုရင် သေချာပေါက် အထင်ကြီးစရာဖြစ်ရမှာကို
သူက အသစ်လား ??
[စနစ်စစ်ဆေးမှု]
[သရဲမ၊ ဒုတိယအဆင့် သရဲအစောပိုင်း၊ ရေနစ်သေဆုံးပြီးနောက် ဝိညာဉ်ကအလောင်းထဲပိတ်မိနေကာ နတ်ဆိုးအဖြစ် ပြောင်းလဲသွားသည်။ ဤသရဲမသည် သားကောင်အား လိုက်လံရှာဖွေကာ ၎င်းနှင့် မျက်လုံးချင်း ၃ စက္ကန့်ထက်ပို၍ စိုက်ကြည့်ရမည်ဖြစ်သည်။ ဤစနစ်သည် Host ၏စွမ်းရည်အညွှန်းကိန်းကိုကိုးကားပြီး အန္တရာယ်အညွှန်းကိန်းမှာ - အလွန်မြင့်မားသည်။ Host အနေဖြင့် မျက်လုံးများကို ချက်ချင်းမှိတ်ထားရန် ပြင်းပြင်းထန်ထန်အကြံပြုအပ်ပါသည်။]
သရဲမ မျက်လုံးများသည် စက်ရုပ်လိုလှည့်လာပြီး ချန်ကျိုး ၏ မခံချင်သည့်မျက်လုံးများနှင့်အကြည့်ဆုံသွားသည်။
[အန္တရာယ်ရှိသည်၊ Host မျက်လုံးများကို အမြန်ဆုံးပိတ်ရန် တောင်းဆိုပါတယ်]
စိတ်ရောဂါရှိသူ၏အတွေးသည် ပုံမှန်လူများနှင့် အမြဲတမ်းကွဲပြားလို့နေသည်။
"နင် ငါ့ကို စိုက်ကြည့်နေတာ၊ ငါ့ကို အထင်သေးလို့လား ? ငါ့ကို နိမ့်ကျတယ်လို့ ထင်လို့လား ?"
ချန်ကျိုး ပြတင်းပေါက်အပြင်ဘက်ရှိ မိန်းမသရဲကို လက် ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။
"နင် မိန်းမတစ်ယောက်ဖြစ်လည်း ဂရုမစိုက်ဘူး၊ ငါအပြင်ထွက်လာတာနဲ့ တစ်ခါတွေ့ရင် တစ်ခါရိုက်မယ်၊ ငါ့ကိုစိုက်ကြည့်နေတယ်ပေါ့လေ၊ ငါ ဒေါသထွက်နေတာကြောင့် နင့်ရုပ်ဆိုးမှုတွေကို မကုပေးနိုင်တော့ဘူး"
သရဲမ ရုတ်တရက်ဆိုသလို အပြုံးဆိုးတစ်ခုနှင့် ပြုံးလိုက်ပြီး အကြည့်လွှဲသွား၏။
တံခါးအပြင်ဘက် သတ္တုတစ်ခုပြုတ်ကျသံထွက်ပေါ်လာပြီး မူလပွန်းပဲ့နေသော သစ်သားတံခါးသည် အတွင်းဘက်ထဲတဖြည်းဖြည်းအော်ဟစ်သံနှင့် ပွင့်လာသည်။
သရဲမသည် အဖြူရောင်ဂါဝန်ရှည်ဝတ်ထားပြီး သူ့ကိုယ်ပေါ်မှာ အနက်ရောင်ရေတွေ စီးဆင်းလို့နေသည်။
ထိုသည်ကိုမြင်ချိန် ချန်ကျိုး ခြေတစ်ဖက်ကြွလိုက်ပြီး သူ့ဖိနပ်ကိုဆွဲချွတ်လိုက်ကာ သရဲမ မျက်နှာအားပိတ်ရိုက်လိုက်သည်။
"မနက်ဖြန်က ငါ့ တာဝန်၊ နင် ငါ့ကို ရေမဲတွေနဲ့ ညစ်ပတ်အောင် လုပ်နေတယ်၊ နင် တမင်ပြဿနာရှာနေတာ၊ ငါ နင့်ကို မသတ်နိုင်ဘူးမထင်နဲ့"
သရဲမ အရိုက်ခံရသော်လည်း လှုပ်ရှားမှုမရှိချေ။
[အဆင့်မြင့်သတိပေးချက်၊ ရှောင်တိမ်းရန် ဂရုပြုပါ]
ချန်ကျိုး သူ့ညာလက်ကိုမြှောက်ပြီး လက်ညှိုးကိုဆန့်ထုတ်လိုက်ကာ သရဲမ၏မျက်လုံးတွေကို ထိုးလိုက်သည်။
"နင်က အသစ်လား၊ မသစ်လားတော့ ငါ မသိဘူး၊ ဒီနေရာကို ရောက်လာပြီဆိုရင် စည်းကမ်းတချို့ကိုနားလည်ရမယ်၊ ငါနင့်ကို သင်ခန်းစာပေးရမယ်၊ ငါ့ကို စိုက်ကြည့်နေသေးတယ်ပေါ့လေ၊ ဘာလဲ နင် မကျေနပ်ဘူးလား"
သရဲမ သူ့ပါးစပ်အား အကျယ်ကြီးဖွင့်လိုက်ရာ ပါးစပ်ထောင့်တွေ စုတ်ပြဲနေပြီး သူ့လည်ချောင်းထဲမှ အော်သံပြင်းပြင်းထွက်လာခဲ့သည်။
သူ ဒေါသထွက်လာချေပြီ။
ချန်ကျိုး ခေါင်းအား ကိုက်ဖြတ်ကာ သူ့မျက်လုံးများကို ဖောက်ထုတ်ပစ်ချင်နေလေသည်။
သရဲမ သူ့သွေးထွက်နေသည့် ပါးစပ်ကိုဖွင့်ဟလိုက်ပြီး ချန်ကျိုးရဲ့ခေါင်းဆီကို ပြေးလာခဲ့သည်။
[စနစ်က Host အားကောင်းစေမယ့် နိယာမကိုအခြေခံပြီး Host အတွက် တစ်မိနစ်စွမ်းအင်တစ်ခုဖန်တီးပေးနေပါတယ်၊ ကျေးဇူးပြုပြီး... မေ့ပစ်လိုက်ပါတော့]
ချန်ကျိုး သူ့လက်တွေ ပူနွေးလာသည်ဟုသာ ခံစားလိုက်ရပြီး ဖိနပ်ကိုင်ထားသည့်လက်နှင့် သရဲမမျက်နှာအား ပြင်းပြင်း ထန်ထန်ပိတ်ရိုက်လိုက်သည်။
ဖိနပ်ဖြင့် သရဲမ မျက်နှာအားထိလိုက်ချိန် စူးစူးဝါးဝါးအသံ ထွက်လာပြီး အားပြင်းလွန်းသဖြင့် သရဲမကိုပင် လူနာဆောင်အပြင်ဘက်သို့ တိုက်ရိုက်လွင့်ထွက်သွားစေသည်။
ချန်ကျိုး သူ့ဖိနပ်ကိုကိုင်ကာ လူနာဆောင်ထဲကနေထွက်လာပြီး စင်္ကြန်လမ်းထက်ရှိ အနက်ရောင်ရေများကိုလှည့်ကြည့်လိုက်သည်။
"နင် ရုပ်ဆိုးမ၊ ဘယ်သူက နင့်ကို ဒီကိုခေါ်လာတာလဲ ?"
ချန်ကျိုး သူ့ဖိနပ်ကိုကောက်လိုက်ပြီး သရဲမ ကိုယ်အားထပ်ရိုက်လိုက်သည်။
သရဲမသည် အရိုက်ခံရလွန်းသဖြင့် တုန်ယင်နေပြီး ထောင့်တစ်နေရာမှာပုန်းအောင်းနေကာ မလှုပ်ရှားရဲတော့ချေ။
ချန်ကျိုး သရဲမ ဂါဝန်ထောင့်မှ အနက်ရောင်ရေတွေ စီးကျ နေသည်ကိုမြင်ပြီး သရဲမ၏ဂါဝန်စကိုလက်ညှိုးထိုးကာ ဆိုးဆိုးဝါးဝါးပြောလိုက်သည်။
သရဲမသည် အသိစိတ်မရှိသော်ငြား သူ့ဂါဝန်စကိုအသာလေးသိမ်းလိုက်ပြီး ရေတစ်စက်မှထပ်မကျရဲတော့ပေ။
ချန်ကျိုးရဲ့ဦးဆောင်မှုအောက်မှာ သရဲမသည် ချန်ကျိုး၏ ညွှန်ကြားချက်အတိုင်း သူညစ်ပတ်အောင်လုပ်ထားသည့် စင်္ကြန်လမ်းအား သန့်ရှင်းရေးပြန်လုပ်ပေးခဲ့ရသည်။ တခြားလူ နာဆောင်များ၏ တံခါးသော့များကိုဖျက်ဆီးကာ လူနာဆောင်များအား သန့်ရှင်းရေးလုပ်ပေးဖို့ပင် မတွန့်ဆုတ်တော့ချေ။
သန့်ရှင်းရေးလုပ်သည့်အသံမှာ စိတ်ရောဂါသည်တချို့အားနိုးထလာစေသည်။
"ချန်ကျိုး၊ သူ မင်း စကားနားထောင်တာလား ? အဲ့တာဆို ငါ့ ခြေအိတ်တွေကို လျှော်ခိုင်းလို့ရလား ?"
"ချန်ကျိုး၊ ငါ့ဘောင်းဘီကိုလည်း လျှော်ခိုင်းပေးဦး"
"သူ နောက်တစ်ခါ ဘယ်တော့လာမှာလဲ ? ငါ့ အဝတ်ညစ်ပတ် နေတာတွေ စုပြီး သူ့ကိုလျှော်ခိုင်းဖို့သိမ်းထားဦးမှ"