← Chapters

နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီ

Vol. 1 Ch. 2

နောက်ဆုံးတော့ မင်းရောက်လာခဲ့ပြီ

Vol. 1 Ch. 2

သရဲမသည် တစ်ညတာလုံး သန့်ရှင်းရေးနှင့်တိုက်ချွတ်ဆေး ကြောမှုများလုပ်‌နေရပြီး အရုဏ်တက်ချိန်လောက်မှ ချန်ကျိုးပေးထားသော အလုပ်များကိုပြီးစီးခဲ့လေသည်။

အလုပ်ပြီးသောသရဲမသည် ထွက်မသွားရဲသေးဘဲ ချန်ကျိုး အိပ်ရာဘေး၌ ရပ်ကာအိပ်ပျော်နေသော ချန်ကျိုးအား ဖြည်း ဖြည်းချင်းတွန်းနိုးလိုက်၏။

နိုးလာသော ချန်ကျိုးမှာ အလွန်စိတ်မကြည်မသာ ဖြစ်နေတော့သည်။

"မင်း မျက်စိကန်းနေတာလား ငါအိပ်နေတာကို မင်းမမြင်ဘူးလား"

သရဲမမှာ သန့်ရှင်းသပ်ရပ်နေသောကြမ်းပြင်အား လက်ညှိုး ထိုးပြကာ အလုပ်ပြီးပြီဆိုသည့်အကြောင်း ပြသလိုက်၏။

ချန်ကျိုးမှာ သမ်းလိုက်ပြီး ပေါ့ပေါ့တန်တန်ပင် ကြည့်လိုက်ကာ

"ဒီတစ်ခါတော့ မင်းကို မှတ်ထားလိုက်မယ်"

သရဲမမှာ ခေါင်းညိတ်ပြလိုက်သည်။

"တစ်ပတ် တစ်ခါလာခဲ့ တာဝန်ကျတဲ့ဇယားကိုကြည့်သွား ငါ့နာမည်ပါတဲ့ ညမတိုင်ခင် ရှင်းလင်းပေးရမယ် နားလည်လား"

သရဲမမှာ ခေါင်းညိတ်လိုက်၏။

"သွားတော့"

ချန်ကျိုးမှာ ပြန်လှဲချပြီးပါးစပ်ဟကာ ဆက်အိပ်လိုက်သည်။

သရဲမမှာ ချန်ကျိုး စိတ်ပြောင်းသွားမည်အား ကြောက်မိသောကြောင့် အလျင်အမြန်ပင် လူနာဆောင်ထဲမှထွက်သွားပြီး တံခါးကိုပါ ဆွဲပိတ်သွားခဲ့လေ၏။

တာဝန်ကျခန်းထဲရှိ ဆရာဝန်နှစ်ယောက်မှာ စောင့်ကြည့်ကင်မရာအား ညလုံးပေါက် စိုက်ကြည့်နေကြပြီး အသက်ပင်မရှူရဲလောက်အောင် ကြောက်နေကြတော့သည်။အဘယ်ကြောင့်ဆိုသော် သရဲသည် အသံကြားပြီး သူတို့အသက်အားလာနှုတ်သွားမည်စိုး၍ပင်။

မနက်ပိုင်းတွင် ချန်ကျိုးအား သူနာပြုမှ နိုးလိုက်၏။

မျက်လုံးဖွင့်လိုက်သော် ဆေးရုံကုတင်ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော လူအုပ်ကြီးနှင့် အပြာရောင်ဝတ်စုံဝတ်ထားသော လုံခြုံရေးများ ဘယ်နှယောက်မှန်းမသိ ရပ်နေကြသည်ကို တွေ့လိုက်ရသည်။

မြန်ရှန့်ဆိုသည်မှာ တာဝန်ကျနေရာပြောင်းလာသော လုံခြုံ ရေးအသစ်ဖြစ်သင့်ပြီး သူမလက်ထဲတွင် လက်ကိုင်တုတ်ရှိမနေဘဲ သူမ အဝတ်အစားများမှာလည်း ထူးထူးဆန်းဆန်းကြည့်ကောင်းနေသော အမျိုးသမီးလုံခြုံရေးဖြစ်၏။

နောက်ဆုံးမှာတော့ သူ့အား ဆေးထိုးပေးခဲ့ဖူးသော ဒေါက် တာအားယွမ်ထံ အကြည့်ရောက်သွားသည်။

သူ့အမူအရာသည် အပြုံးတစ်ခုအသွင်ပြောင်းလဲသွားကာထထိုင်လိုက်၏။

"အာခံတဲ့လူယုတ်မာ ငါအိပ်နေတုန်း ငါ့ကို ချောင်းပြီးတိုက် ခိုက်တယ်ပေါ့လေ၊ ငါ့ ခေါင်းထဲရှိနေတဲ့ ကိုယ်ခံပညာကိုတောင် မသုံးဘူး၊ ငါ အိပ်နေတုန်း မင်းတို့ငါ့ကို ရိုက်ခဲ့တာမှတ်လား၊ မင်းတို့က ယုတ်မာပြီးအာခံတတ်တဲ့ကောင်တွေပဲ"

စိတ်ရောဂါကုဆေးရုံဒါရိုက်တာ လင်းချင်ရှန်းမှာ ယူနီဖောင်းဝတ်ထားသည့် ရဲဘော်ထံလှည့်ကြည့်ကာ

"ရဲဘော် ခင်ဗျားမြင်တဲ့အတိုင်းပဲ သူက ပြင်းထန်တဲ့စိတ် ရောဂါ ရှိနေတယ်၊ ပြီးတော့ မနေ့က သူရိုက်ခဲ့တာ သရဲမဆိုတာတောင် သူသိမှာမဟုတ်ဘူး"

ချန်ကျိုးမှာ ရုတ်တရက် သဘောပေါက်သွား၏။

"ဪ ငါ ဒီလိုဖြစ်လာမယ်ဆိုတာ အရင်ထဲကတွေးမိထားသင့်တာ မင်းတို့က ညဘက်မှာအပြင်ထွက်နိုင်ပြီး ငါ့အပေါ်ရေဆိုး ရေညစ်တွေပက်ဖို့ တစ်ယောက်ယောက်ကို ရှာခဲ့တာပဲ၊ မင်းတို့က ငါ့နေရာကို တမင်ညစ်ပတ်အောင်လုပ်ပြီး ငါ့ကို တစ်နေ့လုံး အလုပ်လုပ်ခိုင်းဖို့လုပ်ထားတာမလား ? မင်းတို့ ဒီလောက်တောင် မျက်နှာပြောင်တိုက်ကြတာလား"

ရဲဘော်တွေလို့ ခေါ်ခံလိုက်ရသည့် ဝန်ထမ်းများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီး

"သူနိုးလာတာ ဟုတ်ရော ဟုတ်ရဲ့လား"

ဒါရိုက်တာမှာ လက်လျှော့လိုက်ဟန်ဖြင့် ခေါင်းခါလိုက်၏။

လှပသောအရာမှန်သမျှသည် ဆန့်ကျင်ဘက်လိင်၏အာရုံအား ဆွဲဆောင်နိုင်လေသည်။ စိတ်ရောဂါသည်များ၏အ ကြည့်လည်း အပါအဝင်ပေါ့။

ချန်ကျိုး၏မျက်လုံးများမှာ အမျိုးသမီးရဲမေထံရောက်သွား ၏။ ထွင်းထုထားသလို သိမ်မွေ့လှသည့် မျက်နှာလှလှလေးနှင့် တက်ကြွဟန်ရှိသောပိုနီတေးဖြင့် သူ့ ခန္ဓာကိုယ်မှာ ယူနီဖောင်း အောက်တွင် လုံးဝဖုံးကွယ်မထားနိုင်ပေ။

အမျိုးသမီးရဲမေမှာ ချောင်းဟန့်၍ ချန်ကျိုး၏ပူလောင်ပြင်း ပြသောအကြည့်မှနေ ရှောင်တိမ်းရန် နောက်သို့အသာဆုတ်လိုက်သည်။

[စနစ်စစ်ဆေးမှု]

သူ့ရှေ့ရှိ အလှလေးသည် ချန်ကျိုးမျက်လုံးထဲ၌ အရိုးစုတစ်ခုအဖြစ်ပြောင်းလဲသွားလေ၏။

ရင်ဘတ်ပေါ်ရှိ ဘောလုံးနှစ်လုံးထက်တွင် အနီရောင်အစက်လေးများ ရှိနေသည်။

[ကျန်းယိုယို

ရင်သားကင်ဆာနောက်ဆုံးအဆင့်

အကြောင်းရင်း - ယင်စွမ်းအင်ကို အချိန်အတော်ကြာ ရှူရှိုက်ခြင်းကြောင့်ဖြစ်သည် ]

"မင်းရှေ့က ဘောလုံးနှစ်လုံးက ဖျားနေတယ်၊ ဘာလို့ အစော ကြီး ဆရာဝန်သွားမပြတာလဲ၊ အခုတော့ နောက်ကျသွားပြီ"

ချန်ကျိုးမှာ အပြုံးကြီးပြုံးရင်းအလှလေး၏ ရင်ဘတ်ထံ လက်ညှိုးထိုးပြလိုက်သည်။

ကျန်းယိုယို မျက်နှာလေးမှာ ချက်ချင်းနီရဲသွားပြီး ဒေါသတကြီးဆဲဆိုကာ ရှက်ရွံ့စွာဖြင့် သူ့လုပ်ဖော်ကိုင်ဖက်များနောက် ပုန်းနေလိုက်၏။

"လူယုတ်မာ"

အရူးတစ်ယောက်သည် မည်သည်အားသူပြောသင့်သည် မပြောသင့်သည်အား သိနိုင်ရာ သူ့အသံကိုမြှင့်၍ပြောလိုက် ၏။

"ငါ မင်းရဲ့ ရှောင်ချိုးချိုး(ဘောလုံးသေးသေးလေး)တွေကို ကုသပေးလို့ရတယ်၊ မဟုတ်ရင် မင်းရဲ့ဘောလုံးသေးသေးလေးတွေက ပုံပျက်သွားလိမ့်မယ်"

ဒါရိုက်တာမှာ ရှက်ရွံ့စွာဖြင့်

"သူက အဲဒီလိုပဲ"

မည်သူမှ စိတ်ရောဂါသည်တစ်ဦးပြောသည့်စကားကို ဂရုမစိုက်ကြဘဲ လူအုပ်ကြီးမှာ လူနာခန်းထဲမှ ဟိတ်ကြီးဟန်ကြီးဖြင့်ထွက်သွားလိုက်သည်။

လူနာခန်းအပြင်ဘက်…...

"သူက စားတာသောက်တာရယ် အိပ်တာရယ်ကလွဲရင် တစ်နေ့လုံး ဘာလုပ်လဲ"

"သူက ကိုယ့်ကိုယ်ကို ဂြိုလ်သားမာစတာတစ်ယောက်လို့ ထင်နေတာလေ၊ အားရင် နေအောက်မှာထိုင်ပြီး လေ့ကျင့်တယ်၊ ဒါကြောင့်လည်း အပူရှပ်တာမျိုးဖြစ်ဖူးတယ်။၊ ဒါပေမဲ့ ဒီအပတ်ထဲတော့ သူ နေ့ခင်းဘက် လေ့ကျင့်တာမျိုးမတွေ့ရတော့ဘူး၊ သူ့ဖိနပ်တွေနဲ့ ဂြိုလ်သားတွေကို လှမ်းဆက်သွယ်နေ တော့တာပဲ"

"ဂြိုလ်သား ?"

"ပြီးခဲ့တဲ့လတုန်းက ဆေးရုံက ဂြိုလ်သားရုပ်ရှင်ပြခဲ့တယ်‌ လေ၊ အဲဒါက သူ့ကို လှုံ့ဆော်ပေးလိုက်ပုံပဲ"

-

စိတ်ရောဂါကုဆေးရုံ၏မနက်ခင်းတွင် အလုပ်များနေသည့် ဆေးဝန်ထမ်းများအား နေရာအနှံ့တွင် တွေ့ရမည်ဖြစ်၏။

အိပ်ရာထသည်နှင့် မျက်နှာသစ်၊ အစားအသောက်စားဖို့ တန်းစီ သည်မှာ သာမန်လူများရှိမျက်လုံးထဲတွင် မထူးဆန်း သောအရာတစ်ခု ဖြစ်နိုင်ပေသိစိတ်ရောဂါကုဆေးရုံတွင်တော့ ထိုအလုပ်မှာ ပရောဂျက်ကြီးတစ်ခုဖြစ်လေသည်။

ကံကောင်းစွာပင် စားသောက်ရေးနှင့် ပတ်သက်လာလျှင် ချန်ကျိုးထက် ပိုတက်ကြွသူမည်သူမျှမရှိပေ။ သူ့မျက်လုံးထဲတွင်တော့ အစားအသောက်သည် ကျင့်ကြံအားထုတ်မှုလုပ်သလို အရေးကြီးလှ၏။

ချန်ကျိုးသည် ထမင်းစားရန်တန်းစီသည့်အဖွဲ့ထဲတွင် အမြဲ တမ်းပထမဆုံးဖြစ်သည်။ လက်နှစ်ဖက်ဖြင့် ထမင်းပန်းကန် လုံးကိုယူလိုက်သည်မှာ မြင့်မြတ်သောနှစ်ခြင်းအားလက်ခံရရှိနေသလိုပင်။

စားဖိုဆောင်ပြတင်းပေါက် ဖြည်းဖြည်းချင်းပွင့်လာချိန်တွင် ချန်ကျိုးသည် သူ့ထမင်းပန်းကန်အား နွေးထွေးသောအပြုံးလေးဖြင့် ကမ်းပေးလိုက်၏။

"သုန်းသုန်းမိစ္ဆာက ဌာနချုပ်ကို အသားနည်းနည်းပိုပေးဖို့ သတင်းပို့ပါတယ်"

"ဒီကလေးပဲ ဖြစ်နေတာကိုး၊ ကောင်းပြီ အန်တီ မင်းကို အသားချပ်လေးနည်းနည်းပိုထည့်ပေးမယ်"

စိတ်ရောဂါသည်များသည် သာမန်လူများလိုပင် တချို့မှာ ချစ်ခင်စရာကောင်းပြီး တချို့မှာတော့ စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလှ၏။ ချန်ကျိုးသည်တော့ ရှေ့မှအချက်နှင့်တူနေသောကြောင့် ဆွေမျိုးသားချင်းမရှိပေသိ စိတ်ရောဂါကုဆေးရုံတွင် ကောင်းမွန်သော ဆက်ဆံမှုအားရရှိနေ၏။

သူ့နေရာတွင်ထိုင်ပြီးနောက် ချန်ကျိုးသည် မတ်မတ်ထိုင်ကာ ရှေ့သို့ ကြည့်နေလိုက်သည်။ ဤသည်မှာ သူ့ထမင်းဝိုင်းထုံး တမ်းစဉ်လာဖြစ်၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် ထိုအစီအစဥ်ပြီးဆုံးသွားပြီး သူ စတင်စားသောက်တော့သည်။

[ဂုဏ်ပြုပါတယ် host သရဲမတစ်ကောင်ကို အောင်မြင်စွာ ယဉ်ပါးအောင် လုပ်နိုင်ခဲ့တာကြောင့် စနစ်က ကံစမ်းမဲတစ်စောင် ဆုချလိုက်ပါတယ်။ hostရဲ့ စိတ်အခြေအနေကြောင့် ကံစမ်းမဲစနစ်က အော်တိုမြေတွင်းနတ်ဆိုးနှင် အဆောင်တစ်ခုကို အလိုအလျောက်ရွေးချယ်ပေးပါလိမ့်မယ်။ ပြီးတော့ ဆွဲနည်းကို သင်ယူပါ။]

သူ့စိတ်ထဲမှ ရုတ်တရက်ထွက်ပေါ်လာသောစက်သံကြောင့် ချန်ကျိုး လက်ထဲရှိတူများမှာ အောက်ပြုတ်ကျသွားလေ၏။

တစ်ချိန်တည်းမှာပင် အဝါရောင်အဆောင်တစ်ခုမှာ လေထဲမှတစ်ဆင့် ချန်ကျိုးလက်ထဲ ရောက်လာသည်။

ချန်ကျိုးမှာ ကျီးဇိုနတ်ဆိုးနှင်အဆောင်ကို ကောက်ယူပြီး နှစ်ကြိမ်လောက်ကလိလိုက်၏။ ကြမ်းပြင်ပေါ်ကျသွားသည့် အသားချပ်အားကုန်းကောက်ကာ အသားချပ်များအား အဆောင်ဖြင့် သုတ်လိုက်သည်။

အသားချပ်အား သူ့ပါးစပ်ထဲပစ်ထည့်လိုက်ပြီး အဆောင်ကိုမူ ဘောလုံးလိုဖြစ်အောင်လုံး၍ မည်သူမှမသိအောင် နောက်ဘက်စားပွဲအောက်ပစ်လိုက်ပြီး ဘာမှမဖြစ်ခဲ့သလိုဆက်စားနေလိုက်၏။

စနစ်: ...

မနက်စာစားပြီးနောက် ချန်ကျိုးမှာ နောက်ထပ် ပျင်းရိဖွယ်‌ ကောင်းသောနေ့တစ်နေ့ကို စတင်ခဲ့သည်။

စိတ်ရောဂါသည်များ၏ဘေးကင်းလုံခြုံမှုကို သေချာစေဖို့အတွက် ကျန်းယိုယိုအပါအဝင် နတ်ဆိုးနှင်ရဲအများအပြားမှာ ဆက်လက်ဆောင်ရွက်မှုများ စတင်ခဲ့ပြီး စိတ်ရောဂါကုဆေးရုံ၏ထောင့်တိုင်းတွင် နတ်ဆိုးနှင်ပစ္စည်းများတပ်ဆင်ခဲ့ကြ၏။

ကျွမ်းကျင်သောရှုထောင့်မှကြည့်လျှင် စောင့်ကြည့်ဗီဒီယိုထဲရှိ ချန်ကျိုး၏သရဲမအပေါ် ထိခိုက်မှုမှာ ရုပ်ပိုင်းဆိုင်ရာအရ တည် ရှိကြောင်း ပြသနေခြင်းဖြစ်သည်။ ရှိပြီးသား မှတ်တမ်းများအရ သရဲမသည် အာရုံခံစားမှုမရှိဘဲ နာကျင်မှုကို မခံစားရပေ။ ဆိုလိုသည်မှာ ချန်ကျိုးသည် သရဲမအား သိသိသာသာ ထိခိုက်မှုမဖြစ်စေခဲ့ဟူ၍။

ထိုမှတစ်ဆင့် သရဲမပြန်လာရန် အလားအလာရှိသည်ဟု ကောက်ချက်ချနိုင်၏။

နေ့လယ်ပိုင်းတွင် ပစ္စည်းများတပ်ဆင်ပြီးသွားသည့် နတ်ဆိုးနှင်ရဲများမှာ ခြံထဲရှိ ခုံတန်းလျားများထက်ထိုင်ပြီး အနားယူနေကြသည်။ ချန်ကျိုးသည်လည်း မလှမ်းမကမ်း၌ကစားနေလေ၏။

မည်သည့်နေရာမှနေ သူရလာမှန်းမသိသော ချည်သားအင်္ကျီကို ကိုယ်အပေါ်ပိုင်း၌ တင်းတင်းကျပ်ကျပ်ဖုံးအုပ်ထားပြီး အောက်ပိုင်းတွင် ဘောင်းဘီတစ်ထည်ဝတ်ထားကာ ခြံပတ် ပတ်လည်၌ ရူးရူးနှမ်းနှမ်းလျှောက်ပြေးနေသည်။

သူ့နောက်တွင်တော့ သူနာပြုတစ်ယောက်နှင့် လုံခြုံရေးနှစ်ယောက် ပါလာလေ၏။

"ငါက ဆောင်းရာသီမှာ စာကလေးငှက်လေးတစ်ကောင်ပါ ပျံသန်းရင်း ပျံသန်းလိုက် ပျံသန်းရင်း ပျံသန်းလိုက်"

"ချန်ကျိုး မပြေးနဲ့တော့၊ ဆောင်းရာသီက ပြီးပြီ နွေရာသီရောက်တော့မယ်၊ မယုံရင် နေ ဘယ်လောက်ပူလဲဆိုတာ ကြည့်လိုက်"

သူနာပြုများမှာ ဤအရာနှင့်ပတ်သက်၍ အတွေ့အကြုံရှိလှသည်။

ချန်ကျိုးသည် ရပ်လိုက်ပြီး နေကို မော့ကြည့်လိုက်၏။

"နွေရာသီ - ........"

စကားမဆုံးခင်မှာပင် သူအားလုံခြုံရေးမှ မြေပေါ်ဖိထားပြီး သူ့ချည်သားအင်္ကျီကို အတင်းအကျပ်ချွတ်လိုက်သည်။

"မင်းတို့ ခွေးကောင်တွေ ခွေးကတိုက်ခိုက်နေတာပဲ"

ချန်ကျိုးမှာ မြေပေါ်ထိုင်ပြီး ဆဲဆိုတော့သည်။

ဘယ်သူမှ ဂရုမစိုက်ကြရာ ချန်ကျိုးသည် ခဏကြာတော့ ကျော်သွားပြီဖြစ်သောအချိန်ကိုဆက်မဆိုတော့ဘဲ နွေရာသီပုံစံကို ပြန်ပြောင်းလိုက်၏။

"နွေရာသီရောက်လာပြီဆိုတော့ ငါ ရေသွားကူးတော့မယ်"

သူနာပြုမှတုံ့ပြန်ရန် အခွင့်အရေးမပေးဘဲ သူ့အဝတ်များနှင့် ဘောင်းဘီများပါချွတ်ပြီး အတွင်းခံဘောင်းဘီလေးသာ ဝတ်ထားလိုက်သည်။ ထို့နောက်သဲပုံပေါ်တွင် ကိုယ့်ကိုယ်ကို ပွတ်သပ်နေတော့သည်။

ထိုစဉ်ဝတုတ်တုတ် စိတ်ရောဂါသည်တစ်ယောက် ဖြတ်သွားပြီး ချန်ကျိုး၏ဘောလုံးပုံစံ ခြေအိတ်များအားကြည့်လိုက် ၏။ထို့နောက် ကောက်ကိုင်ကာသူ့နှာခေါင်းအောက်ထား၍ အနံ့ခံလိုက်ပြီး ရတနာတစ်ခုလို သူ့အိတ်ထဲထည့်လိုက်သည်။

ဤမြင်ကွင်းကို မလှမ်းမကမ်းရှိနတ်ဆိုးနှင်ရဲများမှ မြင်လိုက်ရရာသူတို့သည်ရယ်မောလိုက်ကြ၏။

ညရောက်လာပြီပင်။

စိတ်ရောဂါကုဆေးရုံမှာ ထုံးစံအတိုင်းပထမဆုံး ရုတ်ရုတ် သဲသဲ ဖြစ်ပြီးမှတည်ငြိမ်သွားကာ အိပ်သင့်တဲ့သူများလည်းအိပ်ကုန်ကြသည်။

မီးပိတ်ထား၍စင်္ကြံလမ်းမှာ မှောင်မည်းနေသော်လည်း သူတို့အချင်းချင်း အသံကျယ်ကျယ်ဖြင့် ဟောက်နေကြ၍ စိတ်ကူးထားသလောက် ကြောက်စရာကောင်းမနေပေ။

ဝန်ထမ်းအားလုံးမှာ တာဝန်ကျခန်းထဲတွင် ပုန်းနေကြပြီး စောင့်ကြည့်ကင်မရာထဲရှိ လှုပ်ရှားမှုကို ကြည့်နေကြသည်။

ချန်ကျိုးမှာ ယနေ့စောစောစီးစီး အိပ်ရာဝင်ခဲ့သော်လည်း ညသန်းခေါင်နားရောက်သော် ရုတ်တရက် နိုးလာ၏။

နိုးလာပြီးနောက် ချန်ကျိုးသည် ဆေးရုံကုတင်ထက် တင်ပလ္လင်ချိတ်ထိုင်ကာ ဒူးနှစ်ဖက်ပေါ် လက်တင်၍ ဝင်လေထွက်လေရှုနေလိုက်သည်။ (တရားထိုင်ဟန်)

အချိန်မှာ တစ်မိနစ်ပြီးတစ်မိနစ် ကုန်ဆုံးသွားပြီး ၁၂ နာရီ ကျော်လွန်သွားလေ၏။

[သတိပေးချက်! သတိပေးချက်! စနစ်က အန္တရာယ်ရောက် လာတာကို စစ်ဆေးတွေ့ရှိလိုက်ပါပြီ]

ချန်ကျိုးမှာ လျှို့ဝှက်နက်နဲဟန်ဖြင့် မထူးမခြားနားသောအမူအယာရှိနေသည်။

"နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ"

All Chapters