← Chapters

မိသားစုဝင်ခုနစ်ဦးလုံး အသတ်ခံခဲ့ရတယ်

Vol. 1 Ch. 4

မိသားစုဝင်ခုနစ်ဦးလုံး အသတ်ခံခဲ့ရတယ်

Vol. 1 Ch. 4

မနက်စာပင် မစားရသေးခင် မနက်စောစော၌ ချန်ကျိုးအား အရင်းနှီးဆုံး သူနာပြုမှ ဒါရိုက်တာရုံးခန်းတံခါးဆီခေါ်သွားလေ၏။

တံခါးအား တွန်းဖွင့်လိုက်သော် ရုံးခန်းထဲတွင် ရုပ်တည်ကြီးများဖြင့် ယူနီဖောင်းဝတ်ထားသော ခေါင်းဆောင်ဆယ်ယောက်ထက်မနည်းမှ လေးနက်ဟန်ဖြင့်ထိုင်နေကြသည်ကို တွေ့လိုက်ရသည်။

ချန်ကျိုးမှာ တံခါးဝ၌ မလှုပ်မယှက် ရပ်နေလိုက်၏။

ငါ့ရဲ့ အထောက်အထား ပေါ်သွားတာများလား ?

ဒီငတုံးအုပ်စုက သူ့ကို လုပ်ကြံဖို့ ကြိုးစားနေတာလား ?

"မင်္ဂလာမနက်ခင်းပါ ချန်ကျိုး မင်းအကြိုက်ဆုံး ကြက်ခြေထောက်တွေ ဒီမှာရှိတယ်၊ ကြည့်ပါဦး အဲ့ဒါတွေက စားပွဲပေါ်မှာ"

သူနာပြုမှ ချော့မော့ပြောလာ၏။

ဒါရိုက်တာရုံးခန်း စားပွဲထက်တွင် သူ့အကြိုက်ဆုံး ကြက်ခြေထောက်များ အမှန်ရှိနေလေသည်။

သို့သော်ငြား သူ့ဆင်ခြင်တုံတရားမှာ သူ့အားပြောနေ၏။

ဒါက ထောင်ချောက်တစ်ခုဖြစ်ရမယ်။

လောဘကြောင့် ဘယ်တော့မှ မင်းအသက်ကို မဆုံးရှုံးစေနဲ့။

"ချန်ကျိုး မင်း ကြက်ခြေထောက် မစားချင်ဘူးလား"

သူနာပြုမှာ အနည်းငယ်စိုးထိတ်လာ၍ ချန်ကျိုးအား အထဲတွန်းပို့ရန်လုပ်လိုက်သည်။

ချန်ကျိုးမှာ သူနာပြုလက်အား ရိုက်ထုတ်ပစ်ကာ ဖြောင့်မတ်ဟန်ဖြင့် ပြောလိုက်၏။

"ငါ မင်းတို့ကို တကယ်ပဲ လျှော့တွက်မိသွားတယ်၊ မင်းတို့က ဒီလူဆိုးအုပ်စုနဲ့ ငါ့ကိုတစ်ကယ် သတ်ဖို့လုပ်နေတာပဲ"

ပြောပြီးသည်နှင့် ချန်ကျိုးမှာ ပြေးထွက်သွားတော့သည်။

ပြောစရာစကားရှာမရ‌သောလူအုပ်ကြီးမှာ ရှုပ်ထွေးစွာကျန်ရစ်ခဲ့လေ၏။

ဒါရိုက်တာမှာ အခြေအနေအား ဝင်ထိန်းလိုက်ရသည်။

"ပြေးသွားတဲ့တစ်ယောက်က ခင်ဗျားတို့ရှာနေတဲ့ သူရဲကောင်းကြီးပါ၊ ချန်ကျိုးမှာ တစ်စုံတစ်ယောက်က လိုက်နှောင့်ယှက်နေတယ်ဆိုတဲ့အတွေးနဲ့ သံယလွန်ကဲမှုရှိနေတော့ သူက လူစိမ်းတွေကို သတိထားတတ်တယ်"

"လွန်ခဲ့တဲ့နှစ်ရက်က စောင့်ကြည့်ကင်မရာကို ကြည့်ပြီးသွားလို့ ကျွန်တော်တို့ ဒါကိုနားလည်ပါတယ်၊ ကျွန်တော်တို့ရဲ့ ရဲစခန်းက တော့ ချန်ကျိုးဟာ တကယ်ကို ထူးချွန်တယ်လို့ ထင်ပါတယ်၊ ဒါနဲ့ရဲစခန်းကိုယ်စား တောင်းဆိုမှုလေးတစ်ခု လုပ်လို့ရမလား"

စကားပြောလိုက်သူမှာ နတ်ဆိုးနှင်ရဲစခန်း ဒါရိုက်တာကျိုးအိုက်ကော်ဖြစ်ပြီး ယခုလက်ရှိအချိန်တွင် သရဲများနှင့်နှစ်ပါးသွားနေရသူဖြစ်ပြီး ညအချိန်ဆိုလျှင်လမ်းမများတွင် သရဲများ၏ငိုငြီးသံများနှင့် ဝံပုလွေများ၏ အူသံတို့ကိုပင် သူကြားနေရပြီဖြစ်သည်။

အထက်မှခေါင်းဆောင်များနှင့် အောက်ရှိပြည်သူများ၏ ဖိအားနှစ်မျိုးလုံးမှာ သူ့အား အသက်ရှူကြပ်စေသည်။

ယခုလိုအချိန်တွင် ထူးချွန်သည့်စွမ်းရည်ရှိ‌ေသာပါရမီရှင်တစ်ယောက်မှာ ရူးနေလျှင်ပင် သူအရမ်းဂရုစိုက်မနေနိုင်တော့ပေ။

"ပြောပါ"

ဒါရိုက်တာမှ အပြုံးလေးဖြင့်ပြောလိုက်သည်။

"သူ့အခြေအနေနဲ့ဆို ကျွန်တော်တို့ ရဲတပ်ဖွဲ့က သူ့ရဲ့စွမ်းရည်ကို ကောင်းကောင်းအသုံးချနိုင်မယ်ဆိုတာ ခင်ဗျားသိပါတယ်"

"ဒါကတော့... ပြောဖို့ခက်တယ်၊စိတ်မမှန်တဲ့လူတစ်ယောက်ရဲ့ အပြုအမူက စည်းမျဥ်း‌တွေကို လိုက်နာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ခင်ဗျားက သူ့ကို အရှေ့သွားခိုင်းပေမယ့် သူက အနောက်ကို သွားမှာပဲ လုံးဝထိန်းချုပ်လို့ မရဘူး"

"ကျွန်တော်......"

ကျိုးအိုက်ကော်မှ စကားစပြောလိုက်သည့်အချိန်တွင် တံခါး‌ ဝ၌ စောင်တစ်ထည်ခြုံထားသည့် စိတ်ဝေဒနာရှင်တစ်ဦးပေါ်ချလာ၏။

ထိုလူနာမှာချန်ကျိုးမှလွဲလို့ မည်သူ ဖြစ်နိုင်ပါဦးမည်နည်း။

ချန်ကျိုးမှာ ထွက်လာပြီးနောက်တွင် စားပွဲပေါ်ရှိ ကြက်ခြေထောက်များအား အမှန်သတိရနေခဲ့သော်ငြား အခန်းထဲရှိ ယူနီဖောင်းဝတ်ထားသော လူများကိုလည်း ကြောက်နေမိ သည်။

သူ့ခေါင်းအားကုတ်ရင်း ချန်ကျိုးမှာ နည်းလမ်းကောင်းတစ်ခုအား စဉ်းစားမိလိုက်၏။ သူ့ ကိုယ်ပျောက်ဝတ်ရုံအားဝတ်ကာ မည်သူမှမသိအောင် ခိုးယူသင့်ပေသည်။

ဤသည်ကိုမြင်လိုက်ရသော ဒါရိုက်တာမှာ လူတိုင်းအား တိုးတိုးလေးပြောလိုက်၏။

"သူ့ကို မကြည့်ကြနဲ့ မမြင်ချင်ယောင်ဆောင်နေကြ"

လူတိုင်းသည် အချင်းချင်းအချက်ပြ၍ သူတို့အကြည့်များအားရွှေ့လိုက်ကြသည်။

စောင်ခြုံထားသည့် ချန်ကျိုးမှာ တံခါးမှတစ်ဆင့် ခေါင်းပြူကြည့်လိုက်ရာ သူ့အားမည်သူမှမမြင်ကြသည်ကို သိလိုက်ရရာ ရုံးခန်းထဲသို့ ပျော်ပျော်ကြီးပြေးဝင်သွားလိုက်၏။

လုံခြုံမှုရှိသည်အား သေချာစေရန် ချန်ကျိုးသည် ကျိုးအိုက်ကော်ရှေ့၌ တမင်တကာ လှုပ်ယမ်းပြနေလိုက်သည်။ ကျိုးအိုင်ကော်မျက်လုံးများမှာ ရှောင်ဖယ်နေရပြီး နောက်ဆုံးမှာတော့ ရွေးချယ်စရာတစ်ကယ်မရှိတော့၍ သူ့မိုဘိုင်းဖုန်းကိုသာထုတ်ပြီး ကြည့်နေသလို ဟန်ဆောင်လိုက်ရ၏။

ဒီအရူးကြီးအုပ်စုက ငါ့ကို မမြင်နိုင်တော့ဘူးပဲ။

ချန်ကျိုးမှာ အလွန်ပျော်ရွှင်သွားပြီး စားပွဲဆီကို ‌ပြုံးပြုံးကြီးလျှောက်သွားလိုက်သည်။

"တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး၊ တစ်ဆယ်၊ တစ်ဆယ်၊ ကြက်ခြေထောက်ဆယ်ခု တစ်ခုလျော့နေတာ မမြင်နိုင်တော့ဘူး"

ချန်ကျိုးသည် ကြက်ခြေထောက်တစ်ချောင်းအား ခိုးလိုက်ပြီး သူ့လက်မောင်းထဲ ထည့်လိုက်၏။

သူသည်ထွက်သွားရန်ပြင်ပြီးမှ ကြက်ခြေထောက်တစ်ချောင်းတောင် မသိသာရင် သုံးချောင်းဆိုရင်ရော မသိသာလောက်ဘူးမလား ?

ချန်ကျိုးသည် ပြုံးစိစိဖြင့် သုံးချောင်းထပ်ယူလိုက်၏။

‌ဒီကောင်လေးက တွက်ချက်တဲ့နေရာမှာ မတော်မှာကို ငါစိုးရိမ်မိတယ်။

သုံးချောင်းယူပြီးလျှင်ပင် သူသည်စိတ်မကျေနပ်သေးသော ကြောင့် ထပ်ခါ ထပ်ခါယူပြီးရင်းယူလိုက်ရာ စားပွဲထက်ရှိ ကြက်ခြေထောက်အားလုံးမှာ သူ့လက်ထဲရောက်သွားတော့ သည်။

ရုံးခန်းထဲရှိ လူများမှာ ရယ်ချင်စိတ်အား မထိန်းနိုင်တော့ပေသိ မရယ်ရဲကြရာ နောက်ဆုံးတွင်တော့ ချောင်းဟန့်သံများအဖြစ်ပြောင်းလိုက်ကြရ၏။

လူတိုင်းမှာ ချန်ကျိုးအား မျက်စိထောင့်မှကြည့်နေကြစဉ် တံခါးဝဆီသွားနေသော ချန်ကျိုးမှာပြန်လှည့်လာသည်။

ဒီလူတွေက ငါ့ကိုအန္တရာယ်ပြုဖို့ ကြံစည်နေကြတာလေ။ သူတို့က ငါ့ကို မမြင်နိုင်မှတော့ သူတို့ဘာတွေကြံနေတယ်ဆိုတာကို နားထောင်လိုက်တာ ပိုကောင်းမယ်။

ချန်ကျိုးသည် သူ့အဝတ်အစားပေါ် စောင်ခြုံပြီး လူတိုင်း ၏ထိုင်ခုံပတ်လည်တွင် ပြေးလွှားကာ သူ့လက်ထဲရှိကြက် ခြေထောက်များအား ကိုက်စားနေပြီး ကျန်နေသည့်အရိုးများကို အနီးဆုံးလူ၏အိတ်ကပ်များထဲ ထိုးထည့်လိုက်သည်။

မနှစ်သက်မှု +1

မနှစ်သက်မှု +2

မနှစ်သက်မှု +3

မနှစ်သက်မှု +4

မနှစ်သက်မှု ......

ဤလူများသည် အချိန်အတော်ကြာသည်ထိ စကားပြောမလာသောကြောင့် ချန်ကျိုးမှာ ငြီးငွေ့စွာကြက်ခြေထောက် ကိုက်ရင်း ထွက်သွားတော့၏။

ချန်ကျိုးမှ ရှေ့ခြေလှမ်းဖြင့်ထွက်သွားသည်နှင့် လူတိုင်းမှာ နောက်ခြေလှမ်းတွင် သက်ပြင်းချလိုက်မိကြသည်။

စိတ်ဝေဒနာရှင်နဲ့ ဆက်သွယ်ရတာ တစ်ကယ်လက်လန်ရသည်။

သာမန်အချိန်ဆိုလျှင် ဒါရိုက်တာမှာ လုံခြုံရေးအားခေါ်ပြီး ချန်ကျိုးကို အပြင်ခေါ်ထုတ်ခိုင်းမှာပင်။ သို့သော်နတ်ဆိုးနှင်ရဲစခန်း၏ဒါရိုက်တာမှ ဤနေရာတွင်ရှိနေပြီး စကားပြောခွင့်မပေးသဖြင့် မည်ကဲ့သို့ပြောထွက်နိုင်မည်နည်း။

ရုံးခန်းထဲဆွေးနွေးနေကြစဉ်တွင် ယူနီဖောင်းဝတ်ရဲဝန်ထမ်းတစ်ဦးမှာ ပျာပျာသလဲပြေးဝင်လာပြီး

"ဗျူရို... ဒါရိုက်တာ နန်ချန်းခရိုင်မှာ ပြဿနာထပ်ဖြစ်ပြန်ပြီ"

"ဘာဖြစ်တာလဲ"

"ကြောက်စရာကောင်းတဲ့ ကောင်မလေးက မနေ့ညက ထပ်ပေါ်လာတယ်၊ နေထိုင်သူတစ်ဦးဆီကနေ ဖုန်းဝင်လာတာ မိသားစုဝင် ခုနစ်ယောက်လုံး အသတ်ခံရတယ်တဲ့"

ယူနီဖောင်းဝတ်ရဲသားမှာ အ‌မောတကောပြန်ဖြေလိုက်သည်။

ဒါရိုက်တာကျိုးအိုက်ကော်မှာ ဒေါသထွက်နေပေသိပေါက်ကွဲစရာနေရာမရှိရာ မျက်မှောင်သာကြုံ့လိုက်မိ၏။

"ဒါရိုက်တာ ကျွန်တော် ခင်ဗျားကို အမှန်အတိုင်းပြောပြမယ်၊ ဒီလိုကိစ္စမျိုး တစ်ခုမကဖြစ်ခဲ့ပြီးပြီ၊ အပိုတွေ မပြောတော့ဘူး ဒီနေ့က ချန်ကျိုးအတွက်ကိုပဲ တကူးတကလာခဲ့တာပါ"

နီးကပ်လာပြီဖြစ်သောဖိအားကြောင့် သူသည် ဒါရိုက်တာနှင့် စကားစမြည်ပြောရန် စိတ်ကူးမရှိတော့ဘဲ လိုရင်းကိုသာတန်းပြောလိုက်တော့သည်။

All Chapters