← Chapters

သုန်းသုန်းချီသည် တကယ်အရည်အချင်းရှိသော စစ်သည်တော်တစ်ဦးပင်

Vol. 1 Ch. 5

သုန်းသုန်းချီသည် တကယ်အရည်အချင်းရှိသော စစ်သည်တော်တစ်ဦးပင်

Vol. 1 Ch. 5

နတ်ဆိုးနှင်ရဲစခန်းမှ ဝန်ထမ်းများနှင့် Castle Peak စိတ် ရောဂါဆေးရုံမှ ဆေးဝန်ထမ်းများသည် မနက်ခင်းတစ်ပိုင်းလုံး အစီအစဉ်များစွာရေးဆွဲခဲ့ကြသည်။

Plan A: ချန်ကျိုးအား နတ်ဆိုးနှင်ရဲစခန်းမှဝန်ထမ်းများနှင့် အလျင်အမြန်ရင်းနှီးစေပြီး လုံခြုံမှုခံစားရစေရန် ဖန်တီးပါ။

ရဲစခန်းဝန်ထမ်းများသည် စိတ်ရောဂါဆေးရုံမှဝတ်စုံများကို ဝတ်ဆင်ပြီး သရေစာအိတ်ကြီးတစ်အိတ်သယ်ကာ ချန်ကျိုးဘေးတွင်ထိုင်လိုက်ကြသည်။

ဝန်ထမ်းများစကားမပြောမီနှင့် အနီးကပ်မလာခင်မှာပင် ချန်ကျိုးထွက်ပြေးသွားသည်။

အကျင့်ဟောင်းအတိုင်းပင် ချန်ကျိုး စောင်ကြီးခြုံလာပြီး သရေစာအိတ်အား ဘာစကားမှမပြောဘဲ ယူသွားခဲ့သည်။

Plan A - ကျရှုံး !

Plan B: ချန်ကျိုးအား နတ်ဆိုးနှင်ဝတ်စုံဝတ်ဆင်စေပြီး သူ့ဂုဏ်သိက္ခာကိုမြှင့်တင်ကာ နတ်ဆိုးနှင်ခြင်းထဲသို့ပေါင်းစည်းစေပြီး ချန်ကျိုး၏ နတ်ဆိုးနှင်သူများအပေါ် ကြောက်ရွံ့မှုကို ပပျောက်စေရန်။

နတ်ဆိုးနှင်ဝတ်စုံကိုပြောင်းလဲဝတ်ဆင်လိုက်သော ချန်ကျိုး သည် အနည်းငယ်ချောမောနေပြီး မှန်ရှေ့အချိန်အကြာကြီး ရပ်ကြည့်နေသည်။

သို့သော် လူတိုင်းမျှော်လင့်ထားသလို နတ်ဆိုးနှင်ရဲများနှင့် စတင်ဆက်သွယ်ခြင်းမပြုခဲ့ပေ။

ယင်းအစား သူသည် နတ်ဆိုးနှင်ရဲယူနီဖောင်းဝတ်ဆင်ပြီး လွတ်လပ်သော လိပ်ပြာတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ပျံရင်း ပျံရင်း အဝေးသို့ ပျံသန်းသွားခဲ့သည်။

Plan B - ကျရှုံး !

စိတ်ရောဂါရှိခြင်းသည် တုံးအခြင်းမဟုတ်ပေ။ ၎င်းတို့၏ ယုတ္တိဗေဒသည် ပုံမှန်လူများ၏ယုတ္တိဗေဒနှင့်ကွဲပြားသည်။

Plan C အား မစတင်မီတွင် ချန်ကျိုး ဦးဆောင်မှုအခွင့်အရေးကို သူ့လက်ထဲဆုပ်ကိုင်ထားခဲ့သည်။

သူ ယခုအခါ အာရုံခံစားမှုမရှိတော့ဘဲ လျှို့ဝှက်သောထောင့်တစ်ခုကိုရှာဖွေပြီး ပုန်းကွယ်ကာ နတ်ဆိုးနှင်ရဲများကို တိတ် တဆိတ်စောင့်ကြည့်ခဲ့သည်။

တစ်ချိန်တည်းတွင် သူသည် ရုပ်ရှင်ထဲမှပုံစံများကို အတုယူပြီး ဆက်သွယ်ရေးကိရိယာအားနှိပ်ကာသတင်းစကားပေးပို့သည်။

"သုန်းသုန်းယောင်က ဌာနချုပ်ကိုခေါ်ဆိုနေပါတယ်၊ သုန်းသုန်းယောင်ကို လူမိုက်တွေစောင့်ကြည့်နေတယ်လို့ ခံစားရတယ်၊ သုန်းသုန်းယောင်က ဦးဆောင်မှုယူရမယ်၊ အို အို အို အို"

မော့ကြည့်ပြီး ဆက်စောင့်ကြည့်သည်။

ဆက်လက်ပြီး

"နီးစပ်ရာမှ သုန်းသုန်းယောင်အား ဆက်သွယ်ခြင်းမပြုရ၊ သုန်းသုန်းယောင်ဘက်ကသာ ဌာနချုပ်သို့ဆက်သွယ်ပါမယ်၊ သုန်းသုန်းယောင်က ဂြိုလ်သားတွေရဲ့ဂုဏ်ကို ကာကွယ်မယ်လို့ကျိန်ဆိုပါတယ်၊ အို အို အို"

[စနစ်: ... ငါ တကယ် ပိတ်လိုက်ချင်နေပြီ]

စားဖိုဆောင်ဝင်ပေါက်တွင် ရဲစခန်းအရာရှိတစ်ဦးရေဝယ်နေ သည်။

ချန်ကျိုး ရှေ့သို့တက်တက်ကြွကြွ လျှောက်သွားပြီး သူ့ညာလက်ကိုပစ္စတိုပုံစံလုပ်ကာ ရဲစခန်းဝန်ထမ်းခါးကို ဖိထားလိုက်သည်။

"လက်မြှောက်!"

ရဲစခန်းဝန်ထမ်း ရှုပ်ထွေးနေသည်။ ဘယ်သူမှ သူ့အားဇာတ် ညွှန်းပေးမထားချေ။

ချန်ကျိုး သူ့အားထုတ်မှုကို တိုးမြှင့်လိုက်သည်။

"မြန်မြန်လုပ်၊ မဟုတ်ရင် ငါ တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်မယ်။"

နတ်ဆိုးနှင်ရဲစခန်းမှ ဝန်ထမ်းမှာ အမြန်စဉ်းစားနေရသည်။

ဒါ အစီအစဉ်ရဲ့တစ်စိတ်တစ်ပိုင်းဆိုရင် ဘယ်လိုလုပ်မလဲ ?

အခြေအနေတစ်ခုလုံးကို အာရုံစိုက်ရမယ်။

သူ စကားနားထောင်စွာ လက်နှစ်ဖက်ကိုမြှောက်လိုက်သည်။

"ပြော၊ မင်းကို ဘယ်သူလွှတ်လိုက်တာလဲ"

"ကျွန်တော် မသိပါဘူး"

"ငါ့ကို လှည့်စားမနေနဲ့၊ အဲ့အတွက်အကျိုးဆက်ကို မင်း သိစေရမယ်၊ ငါ သုံးစက္ကန့်ရေမယ်၊ မင်း မပြောရင် မင်းကိုပစ်ချလိုက်မယ်"

"ကျွန်တော် တကယ်မသိတာပါ"

"၁၀၊ ၉၊ ၈၊ ၇၊ ၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁"

"ကျွန်တော် တကယ်မသိပါဘူး"

"ကြောက်တတ်လိုက်တာလွန်ရော၊ မင်း ဘောင်းဘီမှာ ဆီးတွေ ပေနေပြီ၊ မင်းက သူများအတွက် အလုပ်လုပ်ပေးနေတဲ့ကောင်လေးပဲဖြစ်ရမယ်၊ ထွက်သွားစမ်း"

ရဲဝန်ထမ်းသည် အလိုအလျောက်ပင် သူ့ဘောင်းဘီကိုငုံ့ကြည့်လိုက်သည်။ ဆီး မရှိချေ။

ချန်ကျိုး သူ့လက်ကို ခါးပတ်ထဲသို့ထိုးထည့်လိုက်သည်။

သူ ဘေးကင်းသည်ဟုထင်သော နေရာတစ်ခုတွင် ပုန်း အောင်းလိုက်သည်။

တစ်ဖက်လူ အချိန်အကြာကြီးပြင်ဆင်ထားပုံရသည်။ နောက် ဆက်တွဲပြဿနာများလုံးဝမရှိချေ။

သူတို့ကို အထင်သေးလို့မရဘူး။

စိတ်ရောဂါသည်တစ်ဦးအတွက် အစီအစဉ်အားလုံး အချည်း နှီးသာ။

မှောင်ခါနီးပြီဖြစ်သောကြောင့် ချန်ကျိုး ထိုနေရာတွင်တိုးတတ်မှုမရှိချေ။

ထို့အတူ ဒါရိုက်တာကျိုးအိုင်ကော်လည်း မထိန်းနိုင်တော့ပေ။ မှောင်လာခြင်းသည် အန္တရာယ်ပြန်လည်ရောက်ရှိလာခြင်းကိုဆိုလိုသည်။

သူ အံကြိတ်ပြီးခြေဆောင့်လိုက်သည်- "သူ့ကို မြို့တောင်ပိုင်းအရင်ခေါ်သွားလိုက်"

ရန်သူ့လှုပ်ရှားမှုကို အဆက်မပြတ်စောင့်ကြည့်နေသော ချန်ကျိုးအား လုံခြုံရေးငါးဦး အလွယ်တကူဖမ်းဆီးလိုက်သည်။

"မင်းတို့ နောက်ဆုံးတော့ မထိန်းနိုင်တော့ဘူးပေါ့၊ နောက်ဆုံး ငါ့ကို တိုက်ခိုက်ကြတော့မယ်ပေါ့လေ"

ရုန်းကန်လိုက်သည်။

အော်ဟစ်ကာ ~

အသည်းအသန် ရုန်းကန်‌နေသည် ~

အသည်းအသန် အော်ဟစ်နေခဲ့သော်ငြား ~

ဆေးထိုးအပ်တစ်ချောင်းကြောင့် ငြိမ်သက်သွားရသည်။

မျက်လုံးများ လှိမ့်လိုက်သည် ~

ခြေနှစ်ဖက်ဖြင့် ကန်ကျောက်လိုက်ကာ သတိလစ်မေ့မြောသွားတော့သည်။

သူ့ဆေးရုံဝတ်စုံအား တခြားသူများချွတ်ယူလိုက်သည်။ ရိုးရိုးအဝတ်အစားများ ပြောင်းလဲဝတ်ဆင်ပေးပြီး စိတ် ရောဂါဆေးရုံမှ လူနာတင်ယာဉ်ထဲသို့ထည့်လိုက်သည်။

ကားထဲတွင် ဆရာဝန်တစ်ဦး၊ သူနာပြုတစ်ဦးနှင့် ချန်ကျိုးအားလုံခြုံမှုပေးနိုင်သော အဝတ်စုတ်အိတ်ကြီးတစ်အိတ်ရှိသည်။

နတ်ဆိုးနှင်ရဲစခန်း၏ရဲကားသည် ရှေ့မှမောင်းကာ လူနာတင် ယာဉ်က နောက်မှလိုက်သွားသည်။

ချန်ကျိုး ငယ်စဉ်ကတည်းကနေထိုင်ခဲ့သော စိတ်ရောဂါဆေးရုံဝင်းမှထွက်ခွာသွားခဲ့သည်။

ချန်ကျိုး သတိပြန်ရလာသောအခါ သူ ထူးဆန်းသောအိပ် ခန်းတစ်ခုတွင် သူ့လက်နှင့်ခြေထောက်များအား ကုတင်တိုင်တွင် ချည်နှောင်ခံထားရပြီး ပြတင်းပေါက်အပြင်ဘက်ကောင်းကင်သည် မှောင်နေပြီဖြစ်သည်။

သူ့ ရန်သူသည် အနက်ရောင်ဝါဒဖြင့် သူ့အားဖမ်းဆီးထား သည်။

ချန်ကျိုး သူ့ကိုယ်ခန္ဓာအားလိမ်ကွေးလိုက်ပြီး ခြေထောက်များကို ဟိုယိမ်းသည်ယိမ်းကန်ကျောက်ကာ သံကုတင်ကိုတဒိုင်းဒိုင်းတုန်ခါစေသည်။

"မင်းတို့ လူဆိုးတွေ၊ ခွေးမသားတွေ၊ မင်းတို့ သတ္တိရှိရင် ငါ့ကို လွှတ်လိုက်၊ ပုန်းလျှိုးကွယ်လျှိုးတိုက်ခိုက်စရာမလိုဘူး"

ချန်ကျိုး ပေါက်ကွဲကာ ကျိန်ဆဲတော့သည်။

မကြာမီ တံခါးကိုအပြင်မှ တွန်းဖွင့်လိုက်ပြီး ယူနီဖောင်းဝတ်ထားသော အဘိုးအိုတစ်ဦးဝင်လာသည်။ သူသည် ဒါရိုက်တာရုံးခန်းတွင်တွေ့ခဲ့ဖူးသော နတ်ဆိုးနှင်ရဲအကြီးအကဲ ကျိုးအိုင်ကော်ဖြစ်သည်။

"သုန်းသုန်းယောင်"

ကျိုးအိုင်ကော် အသံကျယ်ကျယ်ဖြင့် စကားသုံးလုံးပြောလိုက်သည်။

ထိုစကားသုံးလုံးအားကြားလိုက်ရသောအခါ ချန်ကျိုးသည် ချက်ချင်းငြိမ်သက်သွားသည်။

သူ့မျက်နှာသည် မှောင်မိုက်သွားကာ

"ခင်ဗျား ကျနော့်ရဲ့လျှို့ဝှက်ကုဒ်ကို ဘယ်လိုသိတာလဲ"

"ဌာနချုပ်က ငါ့ကို မင်းကိုကူညီဖို့အတွက်လွှတ်လိုက်တာ၊ ငါက မင်းရဲ့အဖော်၊ သုန်းသုန်းချီပဲ"

ချန်ကျိုး သူ့ရှေ့ရှိ အဘိုးအိုကို သံသယဖြင့်ကြည့်လိုက်သည်- "ပြေးတယ်၊ အနိုင်ကျင့်တယ်၊ လှည့်ပတ်လည်ပြေးတယ်"

ကျိုးအိုင်ကော်သည် ဆရာဝန်ညွှန်ကြားချက်များကို ပြန် လည်အမှတ်ရလိုက်သည်။ ချန်ကျိုးထံ လျှို့ဝှက်ကုဒ်များစွာရှိသော်လည်း အမှန်တကယ်တွင် ချန်ကျိုးကိုယ်တိုင်ပင် ထိုလျှို့ဝှက်ကုဒ်များကိုမဖြေဆိုနိုင်ပေ။

ရှင်းရှင်းပြောရလျှင် မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ သူ့ကိုယ်ပိုင် စိတ်ခံစားမှုအပေါ်တွင်သာ မူတည်သည်။

"အာ...."

ကျိုးအိုင်ကော်က သီချင်းဆိုလိုက်သည်။ သူ့မြေး သူ့အား သင်ပေးခဲ့ခြင်းပင်။

ချန်ကျိုး စဉ်းစားခန်းဝင်သွားရသည်။

စက္ကန့်အနည်းငယ်အတွင်း ကျိုးအိုင်ကော်သည် ရာစုနှစ်တစ်စုကြာ စောင့်ဆိုင်းခဲ့ရသလိုခံစားနေရသည်။ ၎င်းသည် သူဤနေရာသို့ လာနေစဉ်လမ်းတစ်လျှောက်တွင် ရုတ်တ ရက်ဖြစ်ပေါ်လာသော သူ့စိတ်ကူးပင်။ အလုပ်ဖြစ်မဖြစ်ကို သူ မသိပေ။

ကျိုးအိုင်ကော်သည် ချန်ကျိုးအားအလေးအနက်ထားပြီး ကြည့်နေသည်။ မျှော်လင့်ချက် တစ်ဝက်ကိုပင် မပြရဲပေ။

ကြာရှည်စွာတိတ်ဆိတ်ပြီးနောက် ချန်ကျိုးသည် ထိုနည်းတူပင် လေးနက်သောအသံဖြင့်ပြောလာသည်။

"ဂြိုလ်ပေါ်မှာ အတောက်ပဆုံးသော စစ်သည်တော်များဖြစ်တဲ့ သရဲသုန်းသုန်းနဲ့ သုန်းသုန်းချီ ချိတ်ဆက်မှုအောင်မြင်ပြီ"

ဤစကားကိုကြားလိုက်သောအခါ ကျိုးအိုင်ကော်မျက်လုံးများ လင်းလက်သွားရသည်။

နောက်ဆုံးတော့ အောင်မြင်သွားပြီ၊ ဒါပေမဲ့ မလွယ်ကူခဲ့ဘူး။

သူ့ရင်ထဲကကျောက်တုံးကြီး မြေပြင်ပေါ်သို့ပြုတ်ကျသွားသလိုပင်။ ကျိုးအိုင်ကော်သည် သူ့ခါးကိုဖြောင့်လိုက်ပြီး ချန်ကျိုးအား အမိန့်တစ်ခုပေးလိုက်သည်။

"ဌာနချုပ်က ကမ္ဘာကိုသိမ်းပိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ တကယ့်ပြိုင်ဘက်က လူတွေမဟုတ်ဘူး၊ ကမ္ဘာပေါ်ကသောင်းနှင့်ချီတဲ့ သရဲတွေပဲ၊ သူတို့မှာအစွမ်းထက်တဲ့ စွမ်းအင်တွေရှိတယ်၊ ဌာနချုပ်ရဲ့အမြင့်ဆုံးစစ်သူကြီးကိုယ်စား ငါ အမိန့်ပေးတယ်၊ ရဲရင့်တဲ့စစ်သည်တော် သုန်းသုန်းယောင်ကို သူတို့ကိုဖျက်ဆီးပစ်ဖို့အမိန့်ပေးတယ်"

"သုန်းသုန်းယောင် အမိန့်ကိုနာခံပါမယ်"

ချန်ကျိုး ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်သည်။

ချန်ကျိုး စိတ်ခံစားမှုများတည်ငြိမ်သွားကြောင်း သေချာစေပြီးနောက် ကျိုးအိုင်ကော်သည် ချန်ကျိုးလက်နှင့်ခြေထောက်များကို ချည်ထားသောကြိုးကို ဖြေလိုက်ပြီး တစ်ဦးနှင့်တစ်ဦး ခိုင်မာသောယုံကြည်ချက်ကိုပေးလိုက်သည်။

စကားပုံတစ်ခုတွင်ဆိုထားသည်မှာ ရွာသားချင်းတွေ့တော့ မျက်ရည်ကျကြသည်ဟူ၍ပင်။

ချန်ကျိုးသည် သုန်းသုန်းချီနှင့် စကားအနည်းငယ်ပြောချင်သေးသော်လည်း ချန်ကျိုး ဦးခေါင်းထဲမှစနစ်သံက သူ့အား သတိပေးလိုက်သည်။

[စနစ်က အန္တရာယ်ရောက်လာပြီဖြစ်ကြောင်းသတိပေးလာသည်။]

ဒီခွေးမသားမျောက်က ဘာတွေလဲ၊ ငါ့ခေါင်းထဲမှာ ဘာတွေဖြစ်နေတာလဲဟ ??

သူ့ခေါင်းပေါ်ရှိမီးများသည် ရှော့ဖြစ်သွားသကဲ့သို့ နှစ်ကြိမ် တိုင်လင်းလာသည်။

ကျိုးအိုင်ကော် အလျင်အမြန် တံခါးကိုကြည့်လိုက်သည်။

တံခါးအပြင်ဘက်တွင်စောင့်နေသော ဝန်ထမ်းများက "ယင်စွမ်းအင် လှုပ်ခတ်မှုများအားစစ်ဆေးတွေ့ရှိခဲ့သည်" ဟု ပြန်ဖြေလိုက်သည်။

ကျိုးအိုင်ကော်သည် ချန်ကျိုးအားတစ်ချက်ကြည့်လိုက်ပြီး ဘာမှမပြောဘဲ တံခါးမှအလျင်အမြန်ထွက်ခွာသွားသည်။

ချန်ကျိုးသည် သုန်းသုန်းချီသည် လူမိုက်များ၏အတွင်းပိုင်းသို့ထိုးဖောက်ဝင်ရောက်နေကြောင်း သိလိုက်သည်။ တစ်ဦးနှင့်တစ်ဦး လျှို့ဝှက်အထောက်အထားကို မဖော်ထုတ်မိစေရန် လူမိုက်များရှေ့တွင် ဆက်သွယ်လို့မရပေ။

သုန်းသုန်းချီ၊ သူသည် တကယ်ကို ဂြိုလ်ပေါ်ရှိအရည်အချင်းအရှိဆုံး စစ်သည်တော်ထဲကတစ်ဦးပင်!

ချန်ကျိုး သူ့စိတ်ထဲ သက်ပြင်းချလိုက်သည်။

သုန်းသုန်းချီ အကြောင်းတွေးရာမှ သတိပြန်ဝင်လာပြီး ငယ်စဉ်ကတည်းကစိတ်ရောဂါကုဆေးရုံတွင် နေထိုင်ခဲ့သော ချန်ကျိုး သည် အိမ်ထဲရှိပရိဘောဂများကို အလွန်အမင်းစိတ် ဝင်စားလို့နေသည်။

စားပွဲပေါ်ရှိဂီတသေတ္တာတစ်လုံးကို ကောက်ယူလိုက်ရာ၊ ထိုအပေါ် ကနေသောအရုပ်တစ်ရုပ်ရှိသည်။

ဂီယာများကို လှည့်လိုက်သည်။

ဂီတသေတ္တာမှ သာယာနာပျော်ဖွယ် တေးဂီတတစ်ခုထွက်ပေါ် လာသည်။

ချန်ကျိုး အလိုအလျောက်ပင် သူ့အဝတ်အစားထဲသို့ထည့်လိုက်သည်။ သူ ရှုပ်ပွနေသည်ကိုတွေ့ရှိသွားမည်အားကြောက်သောကြောင့်ပင်။

ဂီတသေတ္တာမှ တေးဂီတရပ်သွားသည်အထိ ချန်ကျိုးသည် တံခါးဝရှိ လူပုံသဏ္ဌာန်အစွန်းအထင်းကြောင့် စိတ်ဝင်စားမှုရှိခဲ့သည်။

ချန်ကျိုးသည် ၎င်းသည် ရာဇဝတ်မှုကျူးလွန်ခဲ့သည့်နေရာဖြစ် ကြောင်းမသိပေ။ သူ ရယ်စရာကောင်းသည်ဟုသာထင်သည်။

သူသည် ထိုလူပုံသဏ္ဌာန်အစွန်းအထင်းတွင် သူ့လက်နှင့်ခြေ ထောက်များကို ဟိုရွှေ့ဒီရွှေ့လုပ်နေသော်လည်း မည်သို့ထားထား အဆင်မပြေပေ။

သူ ထိုထဲတွင် ရိုးရှင်းစွာထိုင်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို အစွန်း အထင်း၏အစွန်အဖျားသို့ ကပ်လိုက်သည်။

ဟုတ်ပြီ~

အိမ်လေးထဲမှာ ပျော်ရွှင်စွာဆော့ပြီးနောက် ချန်ကျိုးသည် မျက်နှာဖုံးစောင်ကိုဝတ်ဆင်ပြီး ဧည့်ခန်းသို့လျှောက်သွားကာ မီးဖိုချောင်ထဲသို့ဝင်ပြီး ငှက်ပျောသီးတစ်လုံး ခိုးယူလာသည်။

ဧည့်ခန်းထဲတွင် ကျိုးအိုင်ကော်က သူ့လက်အောက်ခံများကို ညွှန်ကြားနေသည်- "ဒီတစ်ကြိမ် ငါတို့ လာရောက်ရတဲ့ ရည် ရွယ်ချက်က သရဲသေးသေးလေးကို ဖယ်ရှားဖို့မဟုတ်ဘူး၊ ဒီသရဲရဲ့ယင်စွမ်းအင်တန်ဖိုးကို စုဆောင်းဖို့ပဲ"

"နားလည်ပါပြီ"

ငှက်ပျောသီးတစ်လုံးစားပြီးသော ချန်ကျိုးသည် နောက်တစ် လုံးထပ်စားချင်ပြီး နောက်တစ်လုံးထပ်ယူရန်ပြင်ဆင်လို့နေ သည်။

ရုတ်တရက် သူ့စိတ်ထဲ နေရာပြမြေပုံတစ်ခုပေါ်လာပြီး ထိုမြေပုံပေါ်တွင် အနီရောင်အစက်လေးတစ်ခုရှိသည်။ ထိုအနီရောင်အစက်လေးသည် သူ့ထံသို့ချဉ်းကပ်လာသည်။

သူ သူ့ခေါင်းကိုမော့လိုက်ပြီး တံခါးကိုကြည့်လိုက်သည်။ ၎င်းသည် အလွန်နီးစပ်နေပြီး တံခါးအပြင်ဘက်တွင်ရှိနေသည်။

ခွေးမသား အဖြူရောင်ဝတ်ထားတဲ့ သူခိုးအဘိုးကြီးက ငါ မရှိတော့တာကိုမြင်သွားပြီး တစ်ယောက်ယောက်ကိုပြန်ဖမ်းဖို့ လွှတ်လိုက်တာပဲ။ ဒါပေမဲ့ မင်းတို့ ဘယ်လိုလှည့်ကွက်တွေသုံးမလဲဆိုတာ ငါ ကြည့်ဦးမယ်။

ချန်ကျိုး ခြေလှမ်းကျယ်ကျယ်ဖြင့် တံခါးဆီသို့ပြေးသွားပြီး တံခါးကိုဆွဲဖွင့်လိုက်သည်။

All Chapters