ကြောက်မက်ဖွယ်ကောင်းသော ကောင်မလေး
Vol. 1 Ch. 6
အသံကြားလိုက်သောအခါ လူတိုင်းသည် တံခါးကိုငေးကြည့်နေကြသည်။
လူတစ်ဦးတည်းမဟုတ်ဘဲ တံခါးခေါက်မည့် သရဲလေးပင် ထိုနေရာတွင်အေးခဲသွားသည်။ သူမ တံခါးမခေါက်ရသေးခင် တံခါးကအရင်ပွင့်လာသည်။
သရဲလေးသည် ဟောင်းနွမ်းညစ်ပတ်ပြီး အဝါရောင်သန်းနေသော အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမ၏သံပြာရောင်အသားအရေပေါ် အနက်ရောင်သွေးကြောများထွက်ပေါ်နေပြီး သူမ ရင်ခွင်ထဲဟောင်းနွမ်းစုတ်ပြတ်နေသောအရုပ်တစ်ရုပ်ကိုကိုင်ထားပြီး သူ့နှလုံးသားအား သစ်သားချောင်းဖြင့်ထိုးဖောက်ထားသည်။
သရဲလေးသည် သူမ ခေါင်းကိုမော့လိုက်ရာ သူ့သေနေသော အဖြူရောင်မျက်နှာပေါ်တွင် မျက်လုံးများနက်မှောင်နေ သည်။
[ကြောက်မက်ဖွယ်ကောင်းသော ကလေးမလေး - နာကြည်းသောသရဲ၊ အသက်တိုကာ စောစီးစွာသေဆုံးခဲ့သည်။ မိသားစုထဲ တတိယအကြီးဆုံးဖြစ်ပြီး သူမ မိဘများနှင့် ငယ် ရွယ်စဉ်မှာပင်သေဆုံးခဲ့သည်။ မှော်အတတ်ကိုနားယောင်ပြီး သူမ ဝိညာဉ်အားပြန်လည်မွေးဖွားခြင်းမှတားဆီးကာ သူမ ဆွေမျိုးများချောချောမွေ့မွေ့ဘေးကင်းလုံခြုံပြီး၊ မိသားစု ကြီးပွားချမ်းသာစေရန်အတွက် အလွန်အားကြီးသောယင်စွမ်း အင်ရှိသည့်နေရာတွင် တပ်စွဲနေထိုင်ခဲ့သည်။ မတော် တဆ တစ်ယောက်ယောက်မှ အစီအစဥ်အားချိုးဖျက်ခဲ့ရာ နာကြည်းသောသရဲအဖြစ်ပြောင်းလဲသွားပြီး လူဆယ့်ခုနစ်ယောက်အား သတ်ဖြတ်ခဲ့သည်။
စနစ်၏အကြံပြုချက်- အပြစ်ပေးခံရလိမ့်မည်!!
Host ၏စိတ်ရောဂါကို ထည့်သွင်းစဉ်းစားပြီး အောက်ပါအတိုင်းမှတ်ချက်ပြုသည်- သင်မြင်ရသော သရဲလေးသည် သူမ အသက်ရှင်စဉ်က မောင်နှမများစွာရှိခဲ့သည်...
သရဲလေး ပါးစပ်ဖွင့်ပြီး စကားပြောမည်အပြု
ချန်ကျိုး သရဲလေးခေါင်းကိုဖိလိုက်ပြီး သူ့ရင်ဘတ်နှင့် ကောင် မလေး၏ခေါင်းထိပ်ကိုဖိထားလိုက်ကာ အိမ်ပြင်ဘက်အားတစ်ချက်ကြည့်လိုက်သည်။
တံခါးအပြင်တွင် ယင်ကောင်တစ်ကောင် ကြောင်တစ်မြီးပင်မရှိချေ။
ချန်ကျိုး ပြန်ဝင်လာပြီး သရဲလေးကိုမေးလိုက်သည်- "နင်လာတုန်းက တခြားလူတွေတွေ့ခဲ့သေးလား ? အထူးသဖြင့် အဖြူရောင်ဝတ်စုံဝတ်ထားတဲ့သူတွေလေ"
ကလေးမလေးက ခေါင်းခါသည်။
"သေချာ စဉ်းစားကြည့်"
သရဲလေး တကယ်ပင် နာခံစွာခဏလောက်စဉ်းစားပြီး ဆက်ပြီး ခေါင်းခါနေပြန်သည်။
ချန်ကျိုးမျက်လုံးများ သရဲလေးပေါ်သို့ကျရောက်သွားပြီး လက်များကို သူ့ရင်ဘတ်ပေါ်တင်ကာစိုက်ကြည့်နေသည်။
ချန်ကျိုး သူ့စိတ်ထဲက စနစ်အား အဖြူရောင်ဝတ်စုံဝတ်ထားတဲ့သူတွေ လုပ်ထားခြင်းဟုဆုံးဖြတ်လိုက်သည်။ အဖြူရောင်ဝတ်စုံသည် သူ့ရန်သူဖြစ်ပြီး စနစ်ကလည်း သူ့ရန်သူပင်။ ရန် သူက အန္တရာယ်လို့ပြောရင် လုံခြုံသည်ဟုကိုဆိုလိုခြင်းသာ။ ရန်သူရဲ့ ရန်သူကတော့ မိတ်ဆွေဖြစ်သည်။
[စနစ်- မင်းမှာ ဦးနှောက်တွေအများကြီးရှိရမယ်]
ကလေးမလေး သူ့ခေါင်းကိုစောင်းလိုက်သည်။ ဘာလို့ တစ်ခုခု မတူသလို ခံစားနေရတာလဲ ??
"ငါနဲ့ လာကစား"
ကလေးမလေး သူ့အရုပ်ကို လက်နှစ်ဖက်ဖြင့်ပေးလိုက်သည်။
ချန်ကျိုး သရဲလေးပေးလာသည့်အရုပ်ကို အထင်အမြင်သေးစွာကြည့်လိုက်သည်။ ညစ်ပတ်နေပြီး မျက်လုံးတစ်လုံးလည်း ကျွတ်နေသေးတယ်၊ သူ လုံးဝ ယူချင်စိတ်ရှိေမနေဘူးနော်။
သို့သော် တဖက်လူ၏ သဘောထားမှာအရမ်းရိုးသားနေလေရာ ရွံရှာမှုကိုထိန်းချုပ်ပြီး ချန်ကျိုး အရုပ်ဆံပင်အား လက်မနှင့်လက်ညှိုးဖြင့်ဆွဲကိုင်ကာ မြှင့်ကြည့်လိုက်သည်။
အရုပ်ဆံပင်ထဲမှ လှုပ်ရှားနေသည့် ရေပိုးကောင်တစ်ကောင် တွားသွားထွက်လာခဲ့သည်။
တောင်းပန်ပါတယ်၊ ငါ တကယ်မထိန်းနိုင်ဘူး၊ ချန်ကျိုး တံခါးအပြင်ဘက်ကို လွှင့်ပစ်လိုက်သည်။
သရဲလေးသည် သူ့အရုပ်အားပစ်ချလိုက်သည်ကိုမြင်ချိန် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အနက်ရောင်အငွေ့တွေထွက်လာပြီး သူ့မျက်လုံးများ မှောင်မည်းကာတောက်ပလာသည်။
ချန်ကျိုး သရဲလေး၏ဒေါသကို လုံးဝသတိမထားမိဘဲ လက်ဆန့်ထုတ်ပြီး သရဲလေးပခုံးကိုပုတ်လိုက်သည်။
"ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ၊ ဝင်ခဲ့ သူတို့က ဒီညမလုံခြုံဘူးလို့ပြောတယ် နားထောင်လိုက်တာပေါ့"
ချန်ကျိုး ပြောတဲ့လူများမှာ အထူးသေနတ်များကိုင်ထားပြီး ဧည့်ခန်း၏ထောင့်တစ်နေရာမှာ တုန်ယင်စွာပုန်းနေခဲ့ကြသည်။ ယင်စွမ်းအင်စစ်ဆေးကိရိယာမှာ အနီရောင်မီးလင်း နေသဖြင့် ဒါ သူတို့ရင်ဆိုင်နိုင်သည့် သရဲမျိုးမဟုတ်တော့ပေ။
ကျိုးအိုင်ကော်အား ပြန်ကြည့်ရာ ချွေးများရွှဲလို့နေသည်။
ချန်ကျိုး သရဲလေးအား တံခါးဝကနေခေါ်သွင်းပြီး ဆိုဖာပေါ်မှာထိုင်ခိုင်းလိုက်သည်။
"ငါ မင်းအတွက် စားလို့ကောင်းတာလေးတွေ သွားယူပေးမယ်"
ချန်ကျိုး မီးဖိုချောင်ထဲကိုပြေးသွားသည်။
ကျိုးအိုင်ကော် ဦးဆောင်ပြီး နတ်ဆိုးနှင်ရဲအုပ်စုသည် နောက် မှတရစပ်လိုက်လာကြသည်။ ချန်ကျိုး သတိမထားမိသည့်အချိန်မှာ တစ်ယောက်စ၊ နှစ်ယောက်စ အစရှိသဖြင့် သရဲလေးထံမှလျှို့ဝှက်အသတ်ခံရမည်ကြောက်ကာ တစ်ယောက်ပြီးတစ်ယောက် မီးဖိုချောင်ထဲဝင်လာကြသည်။
ချန်ကျိုး ရေခဲသေတ္တာထဲမှ အသီး၊ ကိုလာနှင့် ရေခဲချောင်းတစ်ချောင်းထုတ်ကာ သူ့ခေါင်းကိုလှည့်လိုက်ချိန် မီးဖိုချောင်ထဲ လူ အပြည့်ဖြစ်ကာ ထွက်လို့မရတော့ချေ။
"မင်းတို့လည်း စားစရာလာယူကြတာလား"
"မဟုတ်ဘူး... ဟုတ်တယ်၊ ဟုတ်တယ်"
နတ်ဆိုးနှင်သူများမှာ ခေါင်းခါပြီး ခေါင်းပြန်ညိတ်လိုက်ကြရသည်။
ချန်ကျိုး သေချာစဉ်းစားပြီး ရေခဲသေတ္တာဖွင့်ကာ အသီးအား လုံးကို သူ့ရင်ခွင်ထဲထည့်လိုက်သည်- "အရင်လာတဲ့သူက အရင်ရတယ်"
စိတ်ရောဂါဆေးရုံမှာ အရင်စားတဲ့သူက အသားရတယ်၊ နောက်ဆုံးတန်းစီတဲ့သူက ဟင်းရည်ပဲ သောက်ရတယ်။
မထွက်ခွာခင်မှာ သူက ကျိုးအိုင်ကော်ထံ အသေးဆုံးပန်းသီးတစ်လုံးအား အထူးအနေနှင့်ပေးခဲ့သေးသည်။
ချန်ကျိုး ပျော်ရွှင်စွာအသီးအနှံများအား သူ့ရင်ခွင်ထဲထည့်ပြီး ဧည့်ခန်းကိုပြေးသွားကာ သရဲလေးရှေ့ထားပေးလိုက်သည်။
နတ်ဆိုးနှင်ရဲများ နံရံဘေး၌ တစ်တန်းတည်းစီရပ်နေကြပြီး အဝေးကနေကြည့်ကာ ရှေ့တိုးဖို့ ဒါမှမဟုတ် ပြေးဖို့ပင်မဝံ့ရဲကြချေ။
ဆိုဖာပေါ်ရှိ ချန်ကျိုးသည် သူ့ပေါင်ကိုပုတ်လိုက်သည်- "ငါသတိရပြီ၊ အခန်းထဲမှာ လှည့်လိုက်တာနဲ့ မြည်တဲ့ ပစ္စည်းတစ်ခုရှိတယ်၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒါက ငါ့ပစ္စည်းတော့ဟုတ်မနေဘူး"
ချန်ကျိုး လှည့်ပြီး နံရံဘေးမှာရပ်နေသည့် နတ်ဆိုးနှင်ရဲတွေအား မေးလိုက်သည်- "ငါ သွားယူလို့ရမလား"
နတ်ဆိုးနှင်ရဲများသည် ဒါရိုက်တာကျိုးအိုင်ကော်ထံ ကြည့်လိုက်ကြသည်။
မင်းမေ.. ဒီအချိန်မှာ မင်း ဒီအိမ်ကိုလိုချင်တယ်ပြောရင် တောင် ငါ ဘယ်လိုလုပ် ငြင်းရဲမှာလဲ ??
"ရပါတယ်၊ ရပါတယ်"
ကျိုးအိုင်ကော်က တုန်ယင်စွာနှစ်ကြိမ်ဆက်တိုက် ပြောလိုက်သည်။
ချန်ကျိုး ထပ်ထကာ အခန်းထဲဝင်သွားသည်။
နတ်ဆိုးနှင်ရဲ : လောင်တရာ ကျနော် နောက်ဆုံးမှ နေရာကောင်းလေးတစ်ခုရတာ ခင်ဗျား ဟိုပြေး ဒီပြေးမလုပ်ပါနဲ့လား ?? ခင်ဗျား ဘာလိုချင်လဲ ? ခင်ဗျားအတွက် ယူလာပေးဖို့ ကျနော် တို့ကိုပြောလို့ရတယ်လေ
ချန်ကျိုး ကစားစရာအများကြီးထုတ်လာကာ ဆိုဖာပေါ်ထိုင်လိုက်သည်။
"ဒါ မြည်ရုံတင်မကဘူး၊ ကပါ ကသေးတယ်၊ ကြည့်ကြည့် အော်၊ လှဖို့ဆိုရင် မီးတွေပိတ်ထားမှရမယ်ထေ"
"မလိုဘူး"
သရဲလေး သူ့လက်ကိုမြှောက်လိုက်ရာ မီးတွေပိတ်သွားသည်။
"အမေးဇင်း"
နတ်ဆိုးနှင်ရဲများအား စိတ်ပိုင်းဆိုင်ရာအရိပ်နယ်မြေထဲဖုံး ကွယ်ထားဖို့ရာ တောင်းဆိုလိုက်သည်။
[ T/N : Psychological shadow area : စိတ်ပိုင်းဆိုင်ရာအရိပ်နယ်မြေလို့ ပြန်ထားပါတယ်။ Psychological shadow area ကို Carl Jung ဆိုတဲ့စိတ်ပညာရှင်က တီထွင်ခဲ့တာဖြစ်ပြီး၊ လူတစ်ယောက်ရဲ့ပင်ကိုယ်စိတ်ထဲမှာ ကိုယ်တိုင် လက်မခံချင်တဲ့ ဒါမှမဟုတ် ဖုံးကွယ်ထားချင်တဲ့အတွေးတွေ၊ စိတ်ခံစားချက်တွေ၊ အားနည်းချက်တွေနဲ့ စိတ်ဆန္ဒတွေကိုဆိုလိုပါတယ်။ အဲဒီလိုအရိပ်နယ်မြေ (shadow area) ထဲကအရာတွေကို ထုတ် ဖော်မပြချင်တာကြောင့် မသိစိတ်ထဲ ဖုံးကွယ်ထားတတ်ကြပါတယ်။]
"ငါ နင့်ကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်၊ ငါ့မှာ မျက်နှာဖုံးစောင်ရှိတယ်"
"ငါ မယုံဘူး"
"နင် မယုံရင် ငါ ပြမယ်၊ မီးဖွင့်လိုက်"
မီး ပြန်လင်းလာပြီး ချန်ကျိုး သူ့စောင်ကိုခြုံလိုက်သည်။
"နင် ငါ့ကို မြင်နိုင်လား ?"
ကလေးမလေး ခေါင်းညိတ်လာသည်။
"မဖြစ်သင့်ဘူး"
ချန်ကျိုး နံရံဘေးမှ နတ်ဆိုးနှင်ရဲတွေဆီပြေးသွားပြီး သူတို့ရှေ့မှာပတ်ပြေးနေသည်။
"မင်း ငါ့ကို မြင်နိုင်လား ?"
နတ်ဆိုးနှင်ရဲများသည် သူတို့မျက်လုံးများဖြင့် ရှောင်တိမ်းနေကြသည်။
"ငါ မမြင်နိုင်ဘူးလို့ပဲ ပြောခဲ့တာ၊ နင် ဒီကိုကစားဖို့လာတယ်ဆိုတာကို ငါ မယုံဘူး"
ချန်ကျိုး သရဲလေးအတွက် စောင်ခြုံပေးလိုက်ပြီး သရဲလေးအားနတ်ဆိုးနှင်သူတွေရှေ့မှာ တွဲလောင်းကျနေစေသည်။
"မင်း ပိုနီးနီးသွားလေ"
ကလေးမလေး နာခံစွာ မြေပြင်ကနေကြွတက်သွားပြီး နတ်ဆိုးနှင်သူတစ်ယောက်၏ ခေါင်းနှင့်တစ်တန်းတည်းဖြစ်သွားသည်။ သူမ၏မှောင်မည်းနေသောမျက်လုံးများမှာ နတ်ဆိုးနှင်သူ၏ မျက်လုံးနှင့်ဆုံသွားပြီး နှာခေါင်းထိပ်သည်စင်တီမီတာ အနည်းငယ်ခန့်သာ ကွာဝေးတော့သည်။
နတ်ဆိုးနှင်သူခမျာ သေမလောက်ကြောက်နေရှာသည်။
မမြင်ရဘူးဟု ကြိုးစားဟန်ဆောင်နေရသည်။
စိတ်ရောဂါသည်တစ်ဦးနှင့် သရဲတစ်ကောင်သည် ညဉ့်နက် သည်အထိ ဆူညံစွာကစားနေခဲ့ကြသည်။
ချန်ကျိုး မြေပြင်ပေါ်မှာထိုင်ပြီး သူ့လက်တွေအား ဆိုဖာပေါ်တင်ကာ ပါးစပ်ဟပြီးသမ်းဝေနေသည်။ သူ ကောင်မလေး ရင်ဘတ်ပေါ်က သစ်သားသံမှိုအားလက်ညှိုးထိုးပြပြီး
"ဘာလို့ နင့်ရင်ဘတ်မှာ သစ်သားချောင်းထိုးထားတာလဲ"
သရဲလေး သူ့ခေါင်းကို ငုံ့ပြီး သူ့ရင်ဘတ်ကိုထိလိုက်သည်။ ပြီးတော့ ချန်ကျိုးအား ရိုးသားစွာပြောပြသည်- "ကျမ ကိုယ်ပေါ်မှာ သစ်သားချောင်း ခြောက်ခုရှိတယ်"
ကလေးမလေး သူ့ ဖိနပ်နှစ်ရံကိုချွတ်လိုက်ရာ သူ့ခြေဖဝါးတစ် ဖက်စီတွင် သစ်သားချောင်းတစ်ခုစီရှိနေသည်။
သူ့လက်များကိုဖြန့်လိုက်ရာ သူ့လက်ဖဝါးထဲတွင်လည်း သစ် သားချောင်းတစ်ခုစီရှိနေပြန်သည်။
သူ့ခေါင်းထိပ်ရှိဆံပင်များကို ဆွဲလိုက်ရာတွင်လည်း သစ် သားချောင်းတစ်ခုရှိနေသည်။
"ဘယ်ကောင် နင့်ကို ထိုးထားတာလဲ ? ငါ သူ့ကို ခုတ်ပြီးခွေးစာကျွေးပစ်မယ်" ချန်ကျိုး ဒေါသတကြီးမေးလိုက်သည်။
"သူတို့သေသွားပြီ"
ကလေးမလေး သူ့ မိဘများအကြောင်း မပြောတော့ချေ။
ချန်ကျိုး ခဏစဉ်းစားပြီး "ငါ နင့်ကို ထုတ်ပေးရမလား"
"ထုတ်လို့မရဘူး"
"ငါ ကြိုးစားကြည့်မယ်"
ကလေးမလေးအား ငြင်းပယ်ဖို့ အခွင့်အရေးမပေးခင် ချန်ကျိုးသည် ကလေးမလေး ရင်ဘတ်ပေါ်က သစ်သားချောင်းကိုဆွဲကိုင်လိုက်သည်။
အားနှင့်ဆွဲလိုက်ရာ သရဲလေး သူ့ကိုယ်ခန္ဓာပါ ချန်ကျိုးအပေါ်သို့ပြုတ်ကျလာသည်။
"မဟုတ်သေးဘူး၊ နင် ကြမ်းပေါ်မှာလဲနေ၊ ငါ နင့်ကိုကန်ပြီးဆွဲကြည့်မယ်"
သရဲလေး ကြမ်းပြင်ပေါ်နာခံစွာလဲလျောင်းနေသည်။ ချန်ကျိုး သူ့ခြေထောက်အား သရဲလေးအပေါ်ဖိထားပြီး လက်နှစ်ဖက်နဲ့ သစ်သားချောင်းကို တင်းတင်းဆွဲကိုင်လိုက်သည်။
[ဝိညာဉ်ငါးခု ချိတ်ပိတ်ခြင်း၊ ချိတ်ပိတ်ဖယ်ရှားခြင်းနည်းလမ်း၊ နှလုံးသားတံခါးချိတ်ပိတ်ခြင်း]
"နှလုံးချိတ်ပိတ်!" ချန်ကျိုး အားအပြည့်နှင့်သစ်သားချောင်းအား တစ်ချက်တည်းဆွဲထုတ်လိုက်သည်။
"အား!"
သရဲခေါင်းလေး ပြင်းပြင်းထန်ထန်အော်ဟစ်လိုက်ပြီး အနက်ရောင်လေများလွင့်ထွက်လာကာ မှန်ပစ္စည်းအားလုံးကိုကွဲအက်စေသည်။
ရုတ်တရက် မှောင်မိုက်သွားသည် ~
ထိုအမှောင်ထုသည် အလင်းရောင်မရှိခြင်းပေလား ဒါမှမဟုတ် ယင်စွမ်းအင် အရမ်းများနေခြင်းကြောင့်လားဆိုတာ မသိတော့ချေ။
ချန်ကျိုး အမှောင်ထုထဲဖြတ်ပြီး လေထဲပျံဝဲနေသော သရဲလေးကိုမြင်လိုက်သည်။ သူ့ ဆံပင်များ နေရာတိုင်းသို့ဆန့်ထွက်နေ သည်။
"အဆင်ပြေရဲ့လား ?"
ချန်ကျိုး ခေါင်းမော့ပြီးမေးလိုက်သည်။
သရဲလေး ချန်ကျိုးအားငုံ့ကြည့်ပြီး တိတ်ဆိတ်စွာကျလာကာ သူ့လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။
ချန်ကျိုး သရဲလေးလက်ဖဝါးထဲမှ သစ်သားချောင်းကို ဆွဲကိုင်လိုက်သည်- "အဆင်သင့်ပဲလား"
ကလေးမလေး ခေါင်းညိတ်သည်။
[ဝိညာဉ်ငါးခု ချိတ်ပိတ်ခြင်း၊ ချိတ်ပိတ်ဖယ်ရှားခြင်းနည်းလမ်း၊ နန်းတော်မြို့ဘယ်ဘက်ချိတ်ပိတ်]
"ဘယ်ဘက်... မမှတ်မိတော့ဘူး၊ ဘယ်ဘက်လက်ချိတ်ပိတ်"
ချန်ကျိုး အော်ဟစ်ပြီး ကလေးမလေး၏ဘယ်ဘက်လက်ပေါ်မှ သစ်သားချောင်းကိုဆွဲထုတ်လိုက်သည်။
ဒီတစ်ကြိမ်မှာတော့ နှလုံးချိတ်ပိတ်ကဲ့သို့တုံ့ပြန်မှုကြီးကြီးမားမားမရှိချေ။ အနက်ရောင်စွမ်းအင် ပိုပြီးပြင်းထန်လာသည်။
[ဝိညာဉ်ငါးခုအား ချိတ်ပိတ်ခြင်း၊ ချိတ်ပိတ်ဖယ်ရှားခြင်းနည်းလမ်း၊ နန်းတော်မြို့ညာဘက်ချိတ်ပိတ်]
[ဝိညာဉ်ငါးခု ချိတ်ပိတ်ခြင်း၊ ချိတ်ပိတ်ဖယ်ရှားခြင်းနည်းလမ်း၊ ဘယ်ဘက်နတ်ဘုရားနေရာအားဖိချေခြင်း]
[စနစ်အန္တရာယ်သတိပေးချက် - ကြောက်မက်ဖွယ်ကောင်း သော ကောင်မလေးကိုစစ်ဆေးတွေ့ရှိသည်၊ ကောင်းကင်ဘုံနန်းတော်နေရာသည် ဆိုးယုတ်သောနေရာဖြစ်သည်၊ ထိုနေရာအား ချိတ်ပိတ်ဖယ်ရှားလို့မရနိုင်ပါ။]
ချန်ကျိုး ဂရုမစိုက်ဘဲ ကလေးမလေးခေါင်းထိပ်ရှိ သစ်သားချောင်းကို ဆွဲကိုင်ပြီးအားကုန်သုံးလိုက်သည်။
[ဝိညာဉ်ငါးခု ချိတ်ပိတ်ခြင်း၊ ချိတ်ပိတ်ဖယ်ရှားမည့်နေရာသို့သွားပါ၊ ကောင်းကင်ဘုံနန်းတော်နေရာ]
ချန်ကျိုး သူ့ခေါင်းပေါ်ရှိ သစ်သားလက်သည်းကိုဆွဲထုတ်လိုက်သောအခါ သစ်သားချောင်းရှိ အက်ကြောင်းမှယင်စွမ်းအင်များ အဆက်မပြတ်ထွက်လာပြီး သရဲလေး ချန်ကျိုးအား မြှင့်တင်လိုက်သည်။