← Chapters

အရှက်မဲ့သူတစ်ဦးကို မျက်မြင်တွေ့ခြင်း

Vol. 39 Ch. 529

အရှက်မဲ့သူတစ်ဦးကို မျက်မြင်တွေ့ခြင်း

Vol. 39 Ch. 529

ကျွီး ကျွီး..

ဒေသသခင်မချင်းယွီ၏ လက်သည်းက ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတို့နှင့်အတူ ကျန်းရီကို ဆုတ်ဖြဲတော့မည့်ဟန် ပြင်လိုက်၏။ ယင်းက ပြီးခဲ့သည့် အခေါက်နှင့် ဆင်တူပေသည်။ ကျန်းရီက လှုပ်ရှားမှု မရှိဘဲ ဧရာမလက်သည်းကိုသာ စိုက်ကြည့်နေ၏။ သူက ကြောက်လန့်ရိပ် မပြရုံသာမက လှောင်ပြုံးလည်း ရှိနေပေသည်။

“ဖြန်း..”

ဒေသသခင်မချင်းယွီ၏ နုနယ်သောလက်က နောက်ဆုံးအခေါက်ကကဲ့သို့ ရိုက်ရန်ပြင်ကာ သူမ၏ အတွင်းအားကို ထုတ်ဖော်လျက် ကျန်းရီကို ရိုက်ချလိုက်သည်။ ယခုအခေါက်တွင်မူ ယခင်အချိန်နှင့် မတူတော့ပေ။ သူမ၏ နုနယ်သော လက်က ကျန်းရီ၏မျက်နှာကို ရိုက်ချမည့် လက်ဝါးရာတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှင်းလင်းသည့် ရိုက်ချက် အမှန်အသားတစ်ခုကို ချန်ထားရစ်ခဲ့သည်။

“သေစမ်း.. ငါ ပထမဆုံးအကြိမ် အမျိုးသမီးတစ်ယောက် ရိုက်တာ ခံရတော့မှာပဲ”

ကျန်းရီက ဒေါသထွက်သွား၏။ ဒေသသခင်မချင်းယွီ သူ့လက်ထဲ ကျရောက်လာခဲ့လျှင် ယနေ့အတွက် လက်စားချေရန် ကရုဏာမဲ့စွာ အရှက်ခွဲမည်ဟု၍ သူ့ရင်ထဲ၌ ကျိန်ဆိုခဲ့သည်။

စိတ်ထဲတွင် ဒေါသထွက်နေသော်ငြား သူ့မျက်နှာထက်၌ မဖော်ပြပေ။ ယင်းက သူ၏ သေရေးရှင်ရေးနှင့် သက်ဆိုင်နေသည့် ကိစ္စဖြစ်သောကြောင့် ဂရုမစိုက်၍ မရချေ။ အစကနေ အဆုံးအထိ သူက တည်ငြိမ်သော အနေအထားကို ထိန်းသိမ်းထားလျက် ဒေသသခင်မချင်းယွီကို ကြည့်နေသည်။ သူ့မျက်နှာထက်ရှိ လှောင်ပြောင်သော အပြုံးက ရှိနေသေးဆဲ ဖြစ်၏။

ဒေသသခင်မချင်းယွီ၏ မျက်နှာက အေးစက်သွားကာ သူမ၏ အရှိန်အဝါ တည်ရှိမှုတို့က ပေါ်ထွက်လာသည်။ သူမသည် ကျန်းရီကို အချိန်အတော်ကြာ စိုက်ကြည့်နေသည့် မိစ္ဆာမတစ်ဦးနှင့် တူနေတော့သည်။ ပြီးနောက် သူမက အေးတိအေးစက် ပြောလိုက်၏။

“သူလျှိုကောင် မင်းက သေတော့မဲ့ အချိန်မှာတောင် ငါ့ကို ခြိမ်းခြောက်ဖို့ ကြိုးစားနေသေးတယ်ပေါ့”

“ခွီး.. ခွီး..”

ကျန်းရီက ရယ်မောပြီး ရှုတ်ချလိုက်သည်။

“ငါက မင်းကို ခြိမ်းခြောက်ရုံဆိုတော့ မင်းကရော ဘာကြောင့် မသတ်တာလဲ မင်းတို့ မိန်းမတွေအားလုံးက ဒီပုံအတိုင်းပဲ ကိုယ့်အကြောက်တရားကို အမြဲတမ်း ငြင်းဆန်နေကြတာ”

“မင်း အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ”

မြို့သခင်မချင်းယွီက ဒေါသချက်ချင်း ထွက်သွား၏။ သူမလက်ကို မြောက်ပြီး ရိုက်ချရန် ပြင်လိုက်သည်။ သို့သော် ကျန်းရီ၏ မျက်နှာကို နောက်ဆုံး၌ ဖြတ်ကျော်သွားပြီး ရှင်းလင်းသည့် ရိုက်ချက်တစ်ချက် ချန်ထားရစ်ခဲ့သည်။

ကျန်းရီက ယခုအခေါက်တွင် ဘာမှမပြောခဲ့ပေ။ သူ၏ အပြုံးက ပျောက်ကွယ်သွားပြီးနောက် သူမကို တည်တည်ကြည်ကြည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ကြည့်နေသည်။

ဒေသသခင်မချင်းယွီ၏ လှပသော မျက်တောင်က တဖျတ်ဖျတ် ခတ်သွားလျက် သူမဘာသာ ရေရွတ်ပြောလိုက်သည်။ လက်ကို ပြန်ကြည့်ပြီးနောက် အစောင့်နှစ်ဦးကို ဖယ်ရှားလိုက်တော့၏။ ပြီးနောက် အေးစက်စက် အသံဖြင့် ပြောလိုက်၏။

“ပြောလိုက်စမ်း ခုနတုန်းက ဘာကို ဆိုလိုတာလဲ”

ကျန်းရီသည် ပြန်မပြောဘဲ ဒေသသခင်မချင်းယွီကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ သူမက ကျန်းရီကို နောက်ထပ်တစ်ကြိမ် ရိုက်ချင်လာသည့် အချိန်တွင် ကျန်းရီက ရယ်မောပြီး ပြောလိုက်၏။

“ကျုပ် အရေးတကြီး ဆီးသွားချင်နေတယ် ကျုပ်ကိုယ်ကျုပ် ဖြေလျော့ဖို့အတွက် ဆီးအိုးတစ်အိုး ရှာပေး”

“ဘာ..”

မြို့သခင်မချင်းယွီက နားကြားမှားသည်ဟု တွေးထင်ခဲ့သည်။ ခဏအကြာ၌ သူမက ဒေါသထွက်သွားတော့၏။ လက်မြောက်ကာ ကျန်းရီ၏ မျက်နှာကို ကြမ်းတမ်းစွာ လှည့်ရိုက်လိုက်တော့၏။ ကျန်းရီသည် ထပ်အရိုက်မခံချင်ပေ။ ထို့ကြောင့် တင်းမာစွာ အော်ပြောလိုက်သည်။

“ကျုပ်ကို ထပ်ရိုက်ရဲတယ်ပေါ့ ကျုပ်ကိုယ်ကျုပ် ချက်ချင်းသတ်သေလိုက်နိုင်တယ် ဆိုတာ ယုံလား အထီးကျန် အရှေ့ပိုင်းပင်လယ်ထဲက အရေးကိစ္စတွေ အကြောင်း ခင်ဗျားကို ဘာတစ်ခုမှ ပြောပြမှာ မဟုတ်ဘူး”

“အမ်..”

မြို့သခင်မချင်းယွီ၏ လက်က လေထဲ၌ ရုတ်တရက် ရပ်တန့်သွားသည်။ အထီးကျန် အရှေ့ပိုင်းပင်လယ်က သူမ၏ ခန္ဓာကိုယ် စိတ်ဝိညာဉ်ထဲကို တုန်ယင်စေသည်အထိ ဖြစ်စေသော ကျိန်စာတစ်ခု ဖြစ်နေသည်။ သူမက ကျန်းရီ၏ မျက်လုံးများကို နီးကပ်စွာ ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။ ပြီးနောက် အော်ပြောလိုက်တော့သည်။

“ဒေါ်လေးဟွား ဆီးအိုးတစ်အိုး ဒီကို ယူလာခဲ့”

“ကောင်းပါပြီ”

တံခါးအပြင်ဘက်ရှိ အစောင့်များထဲမှ တစ်ဦးက သွက်သွက်လက်လက် သွားပြီး လှပသည့် အဖြူရောင်ဆီးအိုးတစ်အိုးကို ယူပြီး မြန်မြန်ဆန်ဆန် ရောက်လာတော့သည်။ သူမက ကျန်းရီရှေ့၌ ချပေးပြီးနောက် တလေးတစား ထွက်သွားတော့သည်။

မြို့သခင်မချင်းယွီက လှည့်ကြည့်လာပြီး ကျန်းရီ ဘာမှမလုပ်တာကို သတိပြုမိသည့် အချိန်၌ သူမ၏ အေးစက်သော မျက်ဝန်းများဖြင့် ကြည့်ကာ ပြောလိုက်သည်။

“နင်ဘာတွေ စောင့်နေတာလဲ”

“အစ်မကြီးရယ်..”

ကျန်းရီက မျက်လုံးလှန်ပြပြီးနောက် ပြောလိုက်၏။

“ကျုပ်ရဲ့လက်နဲ့ခြေထောက် အတုတ်ခံထားရတာ ဘယ်လိုများ ဆီးသွားစေချင်တာလဲ၊ ဆီးသွားဖို့ဆိုရင် ဘောင်းဘီချွတ်ဖို့ မလိုဘူးလား”

“နင် အယုတ်တမာ..”

ဒေသသခင်မချင်းယွီက ဒေါသထွက်သွားသည်။ သို့သော် သူမ မည်သို့ ပြုလုပ်ရမည်မှန်း မသိခဲ့ပေ။ ကျန်းရီနားတွင် ရှိနေစဉ်၌ သူမက မပြောပြနိုင်သည့် အမျက်ဒေါသမျိုး အမြဲတမ်းခံစားနေရပြီး သူ့ကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင် နေသည်။ သို့သော် ကျန်းရီ၌ အချက်အလက်အချို့ အမှန်တကယ် ရှိပုံရ၏။ ထို့အပြင် အထီးကျန်အရှေ့ပိုင်း ပင်လယ်နှင့် သက်ဆိုင်နေသည်။

ပင်လယ်နတ်ဆိုးတပ်ဖွဲ့၏ တိုက်ခိုက်မှုက အန္တရာယ်ကျရောက်အံ့ ဆဲဆဲ ဖြစ်ပြီး ကြိမ်နက်ဒေသက ဖီးနစ်အော်သံနယ်မြေ၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ သူမ၏ ဒေသက တိုက်ခိုက်မှုကို အပြည့်အဝ ခံရမည် ဖြစ်သည်။ သူမ ဂရုမစိုက်ခဲ့မိလျှင် သူမ၏ တိုင်းသူပြည်သားအများစုသည သေကြေပျက်စီးကြတော့မည်။ ကျန်းရီကို သူမက စိတ်ရှည်လက်ရှည်ဖြင့် သည်းခံမှရပေမည်။

အခြေအနေကို ဖြေရှင်းပြီးသည်နှင့် ကျန်းရီကို အပိုင်းပိုင်းခုတ်ထစ်ပစ်မည်ဟု သူမရင်ထဲ၌ ကျိန်ဆိုလိုက်သည်။ ယခုအချိန်၌ သူမဒေါသကို ထိန်းချုပ်ထားရမည်။ လေးနက်သည့်အသံဖြင့် သူမက အော်ပြောလိုက်၏။

“တစ်ယောက်ယောက် ဝင်လာပြီး သူ့ဘောင်းဘီကို ချွတ်ပေးလိုက်..”

အစောင့်တစ်ဦးက အထဲသို့ ဝင်လာပြီး ကျန်းရီ၏ ဘောင်းဘီကို တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ချွတ်ပေးလိုက်သည်။ ကျန်းရီက အမှန်တကယ်ပင် ဆီးသွားရန် အရေးကြီးနေ၏။ သူက အရှက်ရမှုကို သည်းခံကာ ဖြေလျော့ရန်အတွက် ဆီးအိုးထဲသို့ ဆီးသွားလိုက်သည်။ ပြီးနောက် အစောင့်ကို ထူးမခြားနား ပြောလိုက်တော့သည်။

“ဒီသခင်ရဲ့ဘောင်းဘီကို ပြန်တင်ပေးအုံး”

အစောင့်ကလည်း ဒေါသထွက်သွားသည်။ မြို့သခင်မ ချင်းယွီအတွက်ကြောင့်သာ မဟုတ်လျှင် သူမက ကျန်းရီကို အကြမ်းဖက်ပြီး ဖြစ်သည်။ ကျန်းရီ၏ ဘောင်းဘီကို နာနာခံခံ ဆွဲတင်ပေးပြီးနောက် သူ့ကို စိန်းစိန်းဝါးဝါး ကြည့်ကာ ခပ်ရှက်ရှက်ဖြင့် ထွက်သွားတော့သည်။

မြို့သခင်မ ချင်းယွီက လှည့်ကြည့်ပြီး အဆင်မပြေသည့် လေသံဖြင့် ပြောလိုက်သည်။

“အခု နင်ပြောလို့ ရပြီ မဟုတ်လား”

“မရဘူး..”

ကျန်းရီက မည်သည့်ခွန်အားမှ မရှိဘဲ ပြောလိုက်သည်။

“ငါ ဗိုက်ဆာနေပြီ စကားပြောဖို့ ခွန်အားမရှိဘူး”

မြို့သခင်မချင်းယွီက ဒေါသကြောင့် ရူးလုနီးပါး ဖြစ်သွားသည်။

“ငါ နင့်ကို လုံလောက်အောင် ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့ပြီးပြီ နင်အခု အကန့်အသတ် ကျော်နေပြီ ဒီသခင်မက နင်သေဖို့ တောင်းဆိုရအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ရာ ရှိတယ် ဆိုတာ ယုံလား”

“ဪ..”

ကျန်းရီက မည်သည့်အားနည်းချက်ကိုမျှ မပြဘဲ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ သူက ထပ်တူညီသည့် အေးစက်သောလေသံဖြင့် ပြန်ပြောလိုက်၏။

“လာလေ လာပေါ့ လာလိုက်လေ ဒီသခင်လေးက ဈေးပေါတဲ့ အရိုးတွေနဲ့ မွေးဖွားလာတာ မင်းမှာရှိတဲ့ နည်းလမ်းတွေ အားလုံးသုံးလိုက်၊ ဒီသခင်လေးက မင်းကို တစ်ခွန်းပြောခဲ့ရင် မင်းရဲ့မိသားစုနာမည်ကို ငါ သုံးလိုက်မယ်၊ ဒီသခင်လေးက မင်းတို့ရဲ့ဖီးနစ်အော်သံ နယ်မြေထဲမှာ သေဖို့ ပြင်ဆင်ထားပြီးသား.. အဲဒီလို ဖြစ်လာခဲ့ရင် မင်းတို့နယ်မြေရဲ့တိုင်းသူပြည်သား လူဦးရေသန်းချီက ငါနဲ့အတူ မြှုပ်နှံခံရမှာပဲ”

သူ၏မျက်လုံးများက ပြူးကျယ်နေကာ ခြိမ်းခြောက်နိုင်စွမ်း ရှိသော ရောင်ဝါကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။ သူက ထွန်းတောက်လာသည့် ခြင်္သေ့ဘုရင်တစ်ပါးနှင့် တူနေပေတော့သည်။

မြို့သခင်မချင်းယွီသည် သူ့ကို အကြိမ်ပေါင်းများစွာ အပြစ်ပေးရန် အမိန့်ပေးလိုခဲ့သည်။ သို့သော် သူမနှုတ်မှ စကားထွက်လာခါနီးသည့် အချိန်၌ သည်းခံခဲ့သည်။ ထိုအစား ကျန်းရီ၏ မျက်လုံးများကို ကြည့်နေစဉ်၌ သူမ အနည်းငယ် ကြောက်လာပြီး သူမ အကြည့်ကို အမြန်လွှဲလိုက်၏။

“ဟား ဟား..”

ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းနောက်လှန်ပြီး ရယ်မောလျက် သူက အောင်နိုင်သူ ကြက်ဖတစ်ကောင်နှယ် ဖြစ်နေတော့သည်။ ယင်းက မြို့သခင်မချင်းယွီ၏ ဖိနှိပ်ထားသော ဒေါသများကို ထပ်မံ ပေါ်ထွက်လာစေ၏။

ကျန်းရီသည် ယခုအချိန် အတော်လေး သိမ်မွေ့သည့် အမျိုးသမီးနှင့် ရင်ဆိုင်တွေ့ရတာ ကံကောင်းသည်။ ဖီးနစ်အော်သံနယ်မြေရှိ ကျန်သည့် အမျိုးသမီးများ ဖြစ်ခဲ့လျှင် သူ အရေခွံဆုတ်ခံရလောက်ပြီ ဖြစ်သည်။

ချင်းယွီက သူမလက်ကို လွှဲယမ်းလျက် တစ်ဖက်သို့ လှည့်ထွက်သွားသည်။ သူမက ဒေါသတကြီး အော်လိုက်တော့၏။

“တစ်ယောက်ယောက် သူ့အတွက် ထမင်းတစ်နပ်ပြင်ပေးလိုက်”

ကျန်းရီက ချက်ချင်း ထပ်ထည့်ပြောလိုက်သည်။

“ဟင်းနည်းနည်း ပိုယူပြီး သေရည်ကောင်းတချို့ ယူလာခဲ့ဖို့ သတိရ ငါက ထမင်းတစ်နပ်စားပြီးရင် သစ်သီးစားတာ ကြိုက်တယ် ဒီတော့ သစ်သီးတွေပါ ပြင်ထားအုံး”

ဖောက်..

ပြေးဝင်လာသည့် အမျိုးသမီးအစောင့်သည့် ကျန်းရီ၏ တောင်းဆိုချက်ကို ကြားသောအခါ မြေကြီးထဲ ရုတ်တရက် လဲကျသွား၏။ သူမသည် ယခင်က အရှက်မဲ့သည့်သူများကို တွေ့ခဲ့ဖူးသည်။ သို့သော် မည်သူကမှ သူ့လောက် အရှက်မမဲ့ပေ။ သူတို့နှစ်ဦးသည် ဤအကျဉ်းထောင်ကို စောင့်ကြပ်ခဲ့တာ အတော်ကြာခဲ့ပြီ ဖြစ်သည်။ ထိုသို့ မထီလေးစားနိုင်သော အကျဉ်းသားများကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ သူ့ကိုယ်သူ အရှင်သခင်များ ထင်နေတာလား။

မက်မွန်ဥယျာဉ်ထဲရှိ စားဖိုမှူးများကလည်း အလွန်အရည်အချင်း ရှိပြီး ဟင်းပွဲမျိုးစုံကို မြန်မြန်ဆန်ဆန် ပြင်ဆင်လိုက်၏။ ကျန်းရီသည် ထိုဟင်းပွဲများကို တစ်ခါမှ မကြားခဲ့ဖူးပေ။ သို့သော် သူတို့က အဖိုးထိုက်တန်ပုံပေါ်ပြီး အစောင့်နှစ်ဦးက တူတစ်စုံကို ကိုင်ထားပြီးနောက် ကျန်းရီကို ခွံကျွေးရန် ပြင်ဆင်လိုက်သည်။ ကျန်းရီက စိတ်အားထက်သန်စွာ မော့ကြည့်လျက် ချင်းယွီကို ပြုံးကာ ပြောလိုက်သည်။

“လာ လာ လာလေ မြို့သခင်မ ဒီမှာ လာစားပါအုံး၊ ညလယ်ခေါင်ကြီးဆိုတော့ ခင်ဗျားလည်း ဗိုက်ဆာနေမှာပဲ”

“အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ နင်နဲ့လျှာကို ငါ ဖြတ်ပစ်မယ်ဆိုတာ ယုံလား”

မြို့သခင်မချင်းယွီက လက်သီးကျစ်ကျစ် ဆုပ်ပြီးနောက် သွေးကြောများ ဖောင်းထလာပြီး သူမက အံကြိတ်ထားလျက် တကျွီကျွီ မြည်နေတော့သည်။

ကျန်းရီက ထပ်မစရဲတော့ပေ။ ကိစ္စရပ်များက သူထင်ထားသည်နှင့် ပြောင်းပြန်ဖြစ်သွားနိုင်သည်။ မြို့သခင်မချင်းယွီက အမျိုးသားများကို နှစ်သက်ခြင်းမရှိ၊ သူတို့ကို မုန်းတီးသည်။ သူမကို ဖိအားပေးလွန်းခဲ့လျှင် သူမ ရူးသွားပြီး သူ့ကို သတ်နိုင်သည်။

“မင်း ဘာကြည့်နေတာလဲ ငါ့အတွက် စွပ်ပြုတ်တစ်ပန်းကန် ခပ်ပေးလေ”

“ဒါ ဒါက.. ကြည့်လို့ကောင်းတယ် မြည်းစမ်းကြည့်အုံးမယ် နည်းနည်း သေးသေးလေး ထည့်ပေး”

“မင်း ဝက်လား”

“သေစမ်း.. ငါ့ကို အပူလောင်အောင် လုပ်နေတာလား နမော်နမဲ့နိုင်လိုက်တာ အစေခံပဲ ဖြစ်နိုင်တာ အံ့ဩစရာမရှိဘူးပဲ”

“ဒီဟင်းအရသာက ကောင်းပေမဲ့ နည်းနည်းတော့ ပေါ့တယ် နောင်ကျ ဆားပိုထည့်ဖို့ မင်းတို့ရဲ့စားတော်ကဲကို သွားပြောလိုက်”

“ဖွီး.. ဒီဟင်းရွက်တွေက ဘာလို့ ညှီနေရတာလဲ ဖီးနစ်အော်သံနယ်မြေကလူတွေရဲ့အကြိုက်က ထူးဆန်းကြတာပဲ”

“...”

ကျန်းရီသည် ဟင်းပွဲတစ်ဒါဇင်ခန့်ကို မျိုးစုံစားသောက် မြည်းစမ်းခဲ့၏။ တစ်ခါတရံတွင် သက်ပြင်းချပြီး မှတ်ချက်ချခဲ့သည်။ အစောင့်နှစ်ဦးက သူ့နားတွင် အမိန့်ပေးခြင်း ခံနေရပြီး ရံဖန်ရံခါတွင် ဆူငေါက်ခံရ၏။ ထိုသို့ ဆက်ဆံခံရပြီးနောက် သူတို့ ငိုလုနီးပါး ဖြစ်သွားသည်။ ဘေးတွင် ရပ်နေသည့် မြို့သခင်မချင်းယွီ၏ အမူအရာက အင်မတန် အရုပ်ဆိုးနေသည်။ သူမ၏ နုနယ်သော ခန္ဓာကိုယ်သည် ရံဖန်ရံခါ၌ တုန်ယင်လာပြီး ဒေါသကြောင့် မေ့လဲလုနီးပါး ဖြစ်သွားသည်။ သူမသည် အရှက်မဲ့သည့်သူများစွာကို တွေ့ဖူး၏။ သို့သော် ကျန်းရီလိုလူမျိုးကို မတွေ့ဖူးပေ။

***

All Chapters