← Chapters

အနှစ်တစ်ထောင်ကျား ဝိညာဉ်တံတား

Vol. 1 Ch. 9

အနှစ်တစ်ထောင်ကျား ဝိညာဉ်တံတား

Vol. 1 Ch. 9

ချန်းကျိုးတစ်ယောက် နာကျင်မှုကြားမှမလွတ်မြောက်နိုင်ဖြစ်နေရသည်။

[မကောင်းဆိုးဝါးလေးရေ၊ ကာကွယ်ပေးလိုက်ပါဦး။]

ချန်းကျိုးခန္ဓာကိုယ်ထဲမှ အနက်ရောင်ဓာတ်ငွေ့တစ်စပျံထွက်လာပြီး ပြီးခဲ့တဲ့ညကမြင်တွေ့ခဲ့ရသည့် သရဲမလေးအဖြစ်ပြောင်းလဲကာ တံတားအလယ်ပျံဝဲလို့နေသည်။ သရဲမလေးကိုမြင်ချိန် လူတိုင်းနောက်ဆုတ်ဖို့ပြင်ကြသည်။

ထိုသို့နောက်ဆုတ်ကြရာမှ ၎င်းတို့နောက်ဟို့ ဧရာမသတ္တဝါကြီးတစ်ကောင် လိုက်လာသည်ကိုသတိပြုမိလိုက်သည်။

အားလုံးလက်ထဲမှအဆောင်ကို တစ်ပြိုင်နက်တည်းမြှောက်တင်လိုက်ကြသည်။ ထိုသို့စည်းကမ်းတကျပြုမူခဲ့သည်မှာ လေ့ကျင့်ရေးတုန်းပင်မရှိခဲ့ဖူးချေ။

ဧရာမသတ္တဝါကြီး ပိုပြီးနီးကပ်လာရာ သူ့ပုံရိပ်အားလူတိုင်း ရှင်းရှင်းလင်းလင်းမြင်လိုက်ကြရသည်။

ထိုသည်မှာ သရဲတစ္ဆေလိုအငွေ့အသက်များနှင့်ကျားတစ်ကောင်ဖြစ်ပြီး သူ့ရဲ့ကိုယ်ခန္ဓာသည်ဆင်တစ်ကောင်လောက် ကြီးနေခဲ့သည်။

မျက်လုံးများမှာအနီရောင်တောက်နေပြီး တစ်ကိုယ်လုံးသတ် ဖြတ်လိုသည့် အငွေ့အသက်များထွက်ပေါ်နေသည်။

[နှစ်တစ်ထောင်ကျားဝိညာဉ်၊ သရဲလောကရဲ့အလယ်အ လတ်အဆင့်၊ အစောပိုင်းအဆင့် ကျားလက်သည်းကိုပိုင်ဆိုင်ထားပြီး ဆယ်စင်တီမီတာအထူရှိတဲ့ သံမဏိပြားကိုဖောက် ထွင်းနိုင်တယ်၊ သွေးနံ့ခံပြီး အစာရှာလေ့ရှိတယ်]

ချန်းကျိုး မတော်တဆနှာခေါင်းပေါက်သွားခဲ့ရာ သွေးနံ့မှနှစ်တစ်ထောင် ကျားဝိညာဉ်အားဆွဲဆောင်လိုက်ခြင်းပင်။

ရှေ့မှာ သရဲမလေး၊ နောက်မှာ နှစ်တစ်ထောင်ကျားဝိညာဉ်ဆိုတော့ ကျိုးအိုက်ကော်နှင့်တခြားသူများ အခက်တွေ့ကုန်ကြ တော့သည်။

"ဝေါင်း..."

နှစ်တစ်ထောင်ကျားဝိညာဉ်၏ ဟိန်းသံကမှာလေပြင်းတစ်ချက်ကဲ့သို့တိုက်ခတ်သွားပြီး ချန်းကျိုးအပါအဝင် လူတိုင်းအားတံတားလက်ရန်းနားအထိ လွင့်ထွက်သွားစေသည်။

ယခုလိုရှောင်လွှဲလို့မရသည့် သားကောင်များနှင့်တွေ့ရာ နှစ်တစ်ထောင်ကျားဝိညာဉ်သည် သရော်သည့်သဘောဖြင့် သူ့မွေးများအားလျှာနှင့်လျက်လိုက်သည်။ သူ့ပျင်းရိလေးတွဲသည့် ခြေလှမ်းများမှာ တိုက်ခိုက်ဖို့ဆန္ဒမရှိသလို၊ ဒါမှမဟုတ် သူ့ပြိုင်ဘက်မှာ တိုက်ခိုက်ဖို့ လုံးဝမရဲရဲလောက်အောင်အင်အားကြီးမားလွန်းလို့ပင်။

မကောင်းဆိုးဝါးကလေးမလေးသည် ကျားအားအရင်ဆုံး တိုက်ခိုက်လိုက်သည်။ ယင်စွမ်းအင်တစ်စမှာ နှစ်တစ်ထောင် ကျားဝိညာဉ်၏လည်ပင်းကို ရစ်ပတ်ပြီး တဖြည်းဖြည်းတင်း ကြပ်လာသည်။

နှစ်တစ်ထောင်ကျားဝိညာဉ် ခေါင်းကိုမော့ပြီး မကောင်းဆိုး ဝါးကလေးအား သူ့နောက်ဘက်ဆီသို့ပစ်ထုတ်လိုက်သည်။

လူ့အသက် ၁၇ ခုလောက်သာသတ်နိုင်သေးသည့် ကြမ်းတမ်းတဲ့သရဲတစ်ကောင်မှာ လူ့အသက် အနည်းဆုံးတစ်ရာကျော် သတ်ဖြတ်နိုင်ခဲ့သော နှစ်တစ်ထောင်ကျားဝိညာဉ်အားမည်သို့ယှဉ်နိုင်မည်နည်း။

နှစ်တစ်ထောင်ကျားဝိညာဉ်သည် မကောင်းဆိုးဝါးကလေးအား အလွယ်တကူရှင်းပစ်လိုက်ပြီး သူ့ပါးစပ်ကိုလျက်ကာ လူတွေရှိရာသို့လျှောက်လာသည်။

ငါးမီတာ ~

လေးမီတာ ~

သုံးမီတာ ~

နှစ်မီတာ ~

ရုတ်တရက် ရွှေရောင်အလင်းတန်းများက လူတိုင်းအားဝန်းရံလိုက်သည်။

အလင်းတန်းတွေရဲ့ ပုံစံတွေမှာ ပူပေါင်းလို ငါးလေးတွေ၊ ပန်းတွေ၊ အပင်တွေနဲ့ ကောက်ကွေးရှုပ်ထွေးနေတဲ့ မျဉ်းကြောင်းတွေ ပါဝင်နေသည်။

ဒီပုံစံတွေက ရှုပ်ထွေးပြီး တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေသည်။

လူအုပ်ကြီး၏ကြောက်လန့်နေသော မျက်နှာထက် အံ့ဩမှုများ ရောနှောလို့နေသည်။

စိတ်မမှန်တဲ့သူတစ်ယောက် မဆင်မခြင် ဆွဲလိုက်တဲ့ ပုံတစ်ခုမှာ ဒီလောက် အားကြီးတဲ့ စွမ်းအင်တွေပါဝင်နေတာလား ?

နှစ်တစ်ထောင်ကျားဝိညာဉ်သည် ရွှေရောင်အလင်းတန်းတွေကြောင့် မျက်လုံးဖွင့်မရဖြစ်နေသည်။

ဒါဆိုရင်တော့ သူ့ရဲ့ပြိုင်ဘက်ကို တိုက်ရိုက်ရင်ဆိုင်ရတော့မည်။

နှစ်တစ်ထောင် ကျားဝိညာဉ်က သူ့ရဲ့ပျင်းရိတဲ့ ပုံစံကို ဖျောက်လိုက်ပြီး ကျားလက်သည်းတွေကို တံတားကြမ်းပြင်မှာ နက်ရှိုင်းစွာ စိုက်ဝင်အောင်လုပ်ကာ ရှေ့ဆက်လှမ်းနေသည်။

ခြေလှမ်းတိုင်းမှာ သူ့ကို နောက်သို့တွန်းပို့နေတဲ့ ခုခံအားတစ်ခု ရှိနေသလိုမျိုး နီးလာလေလေ ခုခံအားက ပိုအားကောင်းလာလေလေပင်။

အကွာအဝေးက တဖြည်းဖြည်း နီးကပ်လာပြီး ခြေလှမ်းတွေက ပိုတိုလာသည်။

နောက်ဆုံးမှာတော့ သူ ဘယ်လိုမှ ရှေ့ဆက်လို့မရတော့ပဲ လူတွေနဲ့ တစ်မီတာရဲ့ တစ်ဝက်အကွာမှာ ရပ်တန့်သွားသည်။

သူ့ရဲ့အင်အားတွေ အကုန်ထုတ်သုံးလိုက်သော်လည်း တစ်ပေတောင် ရှေ့ဆက်လို့မရခဲ့ပေ။

ဒီရွှေရောင်အလင်းတန်းတွေက နှစ်တစ်ထောင်ကျားဝိညာဉ်အား အန္တရာယ်မပေးနိုင်သော်လည်း သူ့ကို တိုးလို့မရအောင်တော့ တားဆီးထားသည်။

လူတိုင်းက အောင်ပွဲခံလိုက်ရသလို ခံစားလိုက်ရပြီး အဆောင်တွေကို ပိုမိုအားထည့်ပြီး ကိုင်ထားလိုက်ကြသည်။

လူအုပ်ကြီးရဲ့ စိတ်ဓာတ်တွေ ပိုတက်လာတာနဲ့အမျှ နှစ်တစ်ထောင် ကျားဝိညာဉ်က တကယ်ကို နောက်သို့ရွှေ့သွားခဲ့သည်။

နှစ်ဖက်စလုံး အချေအတင်ဖြစ်နေတဲ့ အချိန်မှာ လူအုပ်ကြားထဲကနေ သွေးစွန်းနေတဲ့ လက်တစ်ဖက်ထွက်လာပြီး ကျား၏ ခေါင်းကိုလှမ်းလိုက်သည်။

လက်ညှိုးတစ်ချောင်းက နှစ်တစ်ထောင် ကျားဝိညာဉ်ရဲ့ နှာခေါင်းကို ထိုးလိုက်သည်။

ဖောင်းခနဲ ~

အံ့သြသွားကြသည်။

အံ့သြခြင်း + ၁။

အံ့သြခြင်း + ၂။

အံ့သြခြင်း + ၃။

......

ဒါက သေဖို့ပြင်နေတာပဲ။

နှစ်တစ်ထောင် ကျားဝိညာဉ်တစ်ယောက် ကြောင်သွားသည်။

ထိုလက်က ကျားရဲ့နှာခေါင်းကို မဆင်မခြင်ကိုင်လိုက်ပြီး ကျားရဲ့ခေါင်းပေါ် တက်ကာ အမွေးတွေကိုပွတ်သပ်သည်။

ရုတ်တရက် အားလုံးမြင်ကွင်းရှေ့မှာ ထိုလက်က ကျားမွေးတစ်ချောင်းကို ဆွဲလိုက်သည်။

လက်ကို မြှောက်လိုက်သည်။

ကျားအမွေးကို ဆွဲနုတ်ပစ်လိုက်သည်။

ထိုလက်က ပြန်လည်ဝင်သွားသည်။

"ဟိန်း..."

ကျားဟိန်းသံမှာ တံတားတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နှစ်ပေါင်းတစ်ထောင်အတွင်းမှာ သူ့ရဲ့ကျားခေါင်းကို ဘယ်သူမှ မထိရဲခဲ့ကြပေ။ အမွေးကို နုတ်ရဲတဲ့သူဆိုတာ ဝေးရော။

နှစ်တစ်ထောင် ကျားဝိညာဉ်က ကြီးမားတဲ့ အရှက်ရမှုနဲ့ အပုပ်ချခံရမှုတွေကို ခံစားလိုက်ရပြီး ဒီလက်ပိုင်ရှင်ကို အသားစတွေဖြစ်အောင် ဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ ဟိန်းဟောက်လိုက်သည်။

သူ ဟိန်းဟောက်လိုက်သည်။

ရွှေရောင်အကာအရံအား အတင်းဝင်ဆောင့်လာသည်။

[နှစ်တစ်ထောင် ကျားဝိညာဉ် ပေါက်ကွဲထွက်လာပြီး သူ့ရဲ့အင်အား တိုးလာသည်!]

ချန်းကျိုး နှစ်တစ်ထောင် ကျားဝိညာဉ်ကို အောင်မြင်စွာ ဒေါသထွက်အောင် လုပ်နိုင်ခဲ့သည်။

အဆောင်ကို ကိုင်ထားတဲ့ လူတွေက နှစ်တစ်ထောင် ကျားဝိညာဉ်၏တိုက်ခိုက်မှုတိုင်းကို ခံစားနေရပြီး သူတို့ရဲ့လက်တွေ တုန်ခါပြီး ထုံကျင်လာသည်။

အဆောင်တွေက အားကောင်းသော်လည်း ရုပ်ပိုင်းဆိုင်ရာအားနဲ့တင်ဆိုရင် ကြာကြာမခံနိုင်ပေ။

"မြန်မြန်၊ အရင်ဆုံး ဆုတ်ကြ..."

ကျိုးအိုက်ကော်က အမိန့်ပေးလိုက်သည်။

လူတိုင်းက ခြေလှမ်းတွေကို တစ်ပြိုင်နက်တည်း ရွှေ့လိုက်ကြသည်။

လူအုပ်ကြားထဲမှာ ချန်းကျိုး အရမ်းကိုမသက်မသာဖြစ်နေပြီး လူအုပ်ထဲကနေ ပြုတ်ကျသွားသည်။

သူ့လက်ထဲမှာတော့ ကျားခေါင်းကနေ ဆွဲနုတ်ထားတဲ့ အမွေးတွေ ကိုင်ထားတုန်းပင်။

နှစ်တစ်ထောင် ကျားဝိညာဉ်က တစ်ယောက်တည်းကျန်နေခဲ့တဲ့ ချန်းကျိုးကို ချက်ချင်းပစ်မှတ်ထားလိုက်သည်။

သူ့ကို ဘယ်လိုမှ အနှောင့်အယှက်မပေးနိုင်တဲ့ ရွှေရောင်အလင်းတန်းက သူ့ပါးစပ်ထဲ အရောက်ပို့ခံရတဲ့ အသားလို ဖြစ်နေသည်။

နောက်ခြေထောက်တွေကို ကုန်းလိုက်ပြီး ခုန်လိုက်ရာ သူ့ရဲ့ကိုယ်က လေထဲသို့မြောက်တက်သွားသည်။

သို့သော်လည်း လေထဲမှာ ခုန်တက်သွားတဲ့ ကျားဝိညာဉ်က ရုတ်တရက် ရပ်တန့်သွားသည်။

သူ့နောက်မှာတော့ မကောင်းဆိုးဝါးကလေးက အနက်ရောင်ဓာတ်ငွေ့တစ်စကို အသုံးပြုပြီး ကျားဝိညာဉ်ရဲ့နောက်ခြေထေ ာက်တစ်ဖက်ကို အတင်းညှပ်ထားရာ တိုက်ခိုက်လို့မရအောင်နဲ့ တံတားပေါ်ကနေ ပြုတ်မကျအောင် လုပ်ထား သည်။

"နင် တခြားသူတွေကို စားလို့ရတယ်၊ ဒါပေမယ့် ငါ့သခင်ကိုတော့ စားလို့မရဘူး" ဟု မကောင်းဆိုးဝါးကလေးမက မောက်မာစွာ ပြောလိုက်သည်။

သူမက ဒီနှစ်တစ်ထောင် ကျားဝိညာဉ်အား မနိုင်လျှင်ပင် နှစ်တစ်ထောင်ကျားဝိညာဉ်မှာ ချန်းကျိုးအားစားလို့မရပေ။

တံတားကြမ်းပြင်ပေါ်သို့ ပြန်ကျလာတဲ့ နှစ်တစ်ထောင် ကျားဝိညာဉ်က လှည့်လိုက်ပြီး မကောင်းဆိုးဝါးကလေးကို ဟိန်းလိုက်သည်။

"ဟိန်း!"

အနက်ရောင် လေထုလှိုင်းတစ်စက မကောင်းဆိုးဝါးကလေးကို အလွယ်တကူ လွင့်ထွက်သွားစေသည်။

ကျိုးအိုက်ကော်နဲ့ တခြားလူတွေက မကောင်းဆိုးဝါးကလေး ကျားဝိညာဉ်ကို လှည့်စားနေတဲ့ အခွင့်အရေးကိုယူပြီး ချန်းကျိုးကို လူအုပ်ထဲသို့ ပြန်ဆွဲခေါ်ဖို့ ကြိုးစားသည်။

ကံမကောင်းစွာနဲ့ပဲ သူတို့ တစ်ဝက်သာရောက်သေးပြီး ကျားဝိညာဉ်က မကောင်းဆိုးဝါးကလေးကို ရှင်းပစ်လိုက်ပြီး လှည့်ကြည့်လိုက်တဲ့အခါ သူတို့ အကူအညီပေးဖို့လာနေသည်ကို မြင်လိုက်ရသည်။

ဒီအခြေအနေမှာတော့ သူတို့ နှစ်ခွဖြစ်နေသည်။

ကျားဝိညာဉ်ရှေ့မှာရပ်နေသည့် ချန်းကျိုးသည် သူ့လက်ထဲရှိအမွေးမျာူကို လွှတ်ပစ်လိုက်ပြီး စက်ဆုပ်စွာနှင့်လက်ခုပ်တီးလိုက်သည်။

"ငါ ဒီလောက်ကြီးတဲ့ ကြောင်ကြီးကို တစ်ခါမှ မမြင်ဖူးဘူး"

[ဒါက ကျားလေကွာ၊ ကြောင်ကြီးမဟုတ်ဘူး။]

ချန်းကျိုးက ရှေ့သို့ လှမ်းသွားပြီး ကြောင်ကြီး၏ရှေ့ခြေ ထောက်တွေကို ပွေ့ဖက်လိုက်ကာ သွေးထွက်သံယိုဖြစ်နေတဲ့ သူ့မျက်နှာကိုကြောင်ကြီးရဲ့ အမွေးတွေနှင့်ပွတ်သပ်သည်။

သူ့ ခါးထက် ပိုတုတ်တဲ့ခြေထောက်တစ်ချောင်း။ သူ့ရဲ့ခမ်းနားတဲ့ ပုံစံကြောင့် ချန်းကျိုးက ကြောင်ကြီး၏မေးအထိသာ မှီသည်။

ချန်းကျိုးက ဖနောင့်ကို ကြွလိုက်ပြီး ကြောင်ကြီး၏နုတ်ခမ်းမွေးကို ဆွဲလိုက်သည်။

"ဝေါင်း~..."

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ နှစ်တစ်ထောင် ကျားဝိညာဉ်ရဲ့ နုတ်ခမ်းမွေးကို ဆွဲရဲတယ်ပေါ့၊ ဒါ အရင်ဆုံးသေချင်နေတာပဲ။

ကျားဝိညာဉ်က ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့ရဲ့ချွန်ထက်တဲ့ အစွယ်တွေကို ပြလိုက်ရာ တစ်ကိုက်တည်းနဲ့ ဒီလူရဲ့ခေါင်းကို ဖောက်ထွင်းသွားနိုင်မည်။

"အိုက်ယားအိုက်ယား သုန်းသုန်းယောင်ရေ၊ သူက မင်းကို စားတော့မှာ" ဟု ကျိုးအိုက်ကော် လူအုပ်ထဲမှအော်ပြောလိုက်သည်။

နောက်ဆုံးတော့ အန္တရာယ်ကို ခံစားမိသွားတဲ့ ချန်းကျိုးက နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

"မင်းကို ငါက အိမ်မွေးတိရစ္ဆာန်အဖြစ်ထားဖို့ စဉ်းစားနေတာကို မင်းက ငါ့ကို စားဖို့ ကြိုးစားနေတာလား"

ကျားရဲ့ပါးစပ်မှာ ချန်းကျိုး ခေါင်းဆီသို့ကျလာသည်။

အားလုံးက အလိုလိုမျက်လုံးတွေကို မှိတ်လိုက်ကြသည်။ အရင်က သေဆုံးသွားခဲ့ရတဲ့သားကောင်ကို ပြန်သတိရသွားသည်။

ချန်းကျိုးက ပွန်းပဲ့နေတဲ့ သူ့လက်ကိုမြှောက်လိုက်ပြီး ကျားရဲ့အစွယ်ကို လက်သီးနဲ့ ထိုးလိုက်သည်။

[စနစ်က အိမ်ရှင်ရဲ့လက်သီးကို အားဖြည့်ပေးနေသည်- ပေါင်တစ်ထောင် တူရွင်းချက်!]

"မင်းကို ငါ့ထက် မာနထောင်လွှားနေတာကို မြင်ချင်လို့၊ ဥက္ကာခဲလက်သီးစာ"

ကျားရဲ့သွားတစ်ချောင်းက ကျားဝိညာဉ်ရဲ့ပါးစပ်ထဲကနေ ထွက်လာသည်။

အားက အလွန်ကြီးမားလွန်းတဲ့အတွက် ကျားဝိညာဉ်ကို မြေပြင်ပေါ်သို့ လှဲကျသွားစေသည်။

နှစ်တစ်ထောင် ကျားဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲက အရိုးတွေအားလုံးတုန်ခါသွားတာကို ခံစားလိုက်ရသည်။

ကျားဝိညာဉ်က မြေပြင်ပေါ်ကနေ ထလိုက်သည်။

သို့သော်လည်း မတ်တပ်မရပ်ခင်မှာပဲ ချန်းကျိုးရဲ့ လက်သီးစာကို ထပ်မံကြုံတွေ့ရသည်။

[စနစ်က အိမ်ရှင်ရဲ့လက်သီးကို အားဖြည့်ပေးနေသည်- ပေါင်တစ်ထောင် တူရွင်းချက်!]

"ကြောင်လက်သီး"

လက်နှစ်ဖက်စလုံးက အလှည့်ကျ တိုက်ခိုက်သည်။

လက်သီးများနှင့် ထိုးချသည်။

အရှေ့တံတားပေါ်မှာတော့ ကျားဝိညာဉ်ရဲ့ ညည်းတွားသံတွေက ကြေကွဲဝမ်းနည်းစရာ ဖြစ်နေသည်။

ကျားဝိညာဉ်က ပြန်မတိုက်တာ မဟုတ်ပါဘူး၊ ချန်းကျိုးက ပြန်တိုက်ဖို့ အခွင့်အရေးတောင် မပေးခဲ့လို့ပင်။

မကြာခင်မှာပဲ နှစ်တစ်ထောင် ကျားဝိညာဉ်က အိမ်မွေးခွေးတစ်ကောင်လို မြေပြင်ပေါ်မှာ လှဲလျောင်းနေပြီး ဆယ်စင်တီမီတာအထူရှိတဲ့ သံမဏိပြားတွေကို ဖောက်ထွင်းနိုင်တဲ့ သူ့ရဲ့လက်သည်းနှစ်ဖက်က ချန်းကျိုးအား ထိုးခွင့်ပေးထားသည်။

ချန်းကျိုး အရမ်းကို ပျော်နေသည်။

ဒီအဆင့်လောက်က သူ့အတွက် အရေးမကြီးသေးပါဘူး၊ သူ့အသက်ကို တပ်မက်ဝံ့တယ်ပေါ့။

ငါ့ကိုက်စားဖို့ ကြိုးစားရင် သွားတွေ ကျိုးသွားလိမ့်မယ်။

ဟိန်းသံကြောင့် လွင့်ထွက်သွားခဲ့တဲ့ မကောင်းဆိုးဝါးကလေးက ယိမ်းထိုးရင်း ပြန်ရောက်လာပြီး ပါးစပ်ကနေ "နင် ငါ့သခင်ကို စားချင်တယ်ဆိုရင် ငါ့ကို အရင်ဆုံး နင်းပြီးသွား"

ချန်းကျိုး ပင်ပန်းသွားပြီဖြစ်တာကြောင့် မကောင်းဆိုးဝါးကလေးကို လက်ဝေ့ယမ်းပြသည်။

"လာခဲ့၊ ကြောင်ကြီးကို စီးရအောင်"

မကောင်းဆိုးဝါးကလေးက ရှေ့သို့ ပျံဝဲသွားပြီး သူ့ရဲ့ဝိညာဉ်က လှုပ်ရှားနေသည်။ ချန်းကျိုးက သူ့ကို ဆွဲပြီး ကျားရဲ့ကျောပေါ် တင်ပေးလိုက်သည်။

"ဖြန်း...ဖြန်း...ဖြန်း..."

ချန်းကျိုး ကျားဝိညာဉ်၏တင်ပါးကို ရိုက်လိုက်သည်။

ကျားက 'ရှူး'ခနဲ အသံပြုပြီး သူ့ရဲ့ကံကြမ္မာကို လက်ခံလိုက်ရသည်။

သူက ခြေလှမ်းတွေလှမ်း၊ ပြေးပြီး ကျယ်ပြောလှတဲ့ ညထဲသို့ ပျောက်ကွယ်သွားခဲ့သည်။

တံတားပေါ်မှာတော့ လူတွေအားလုံးလေတိုက်ခံရင်း ကျန်ရစ် ခဲ့ကြသည်။

"ဒါရိုက်တာ၊ ချန်းကျိုးက ကျားကြီးကို စီးပြီးထွက်ပြေးသွားပါပြီ"

"ငါက အဲဒီလောက် မျက်စိကန်းနေလို့လား၊ မင်း ငါ့ကို သတိပေးရအောင်၊ မင်း မြင်နိုင်တာ ငါ မမြင်နိုင်ဘူးလို့ ထင်နေတာလား ? ဘာလုပ်နေတာလဲ၊ ရှာကြ၊ လိုက်ကြလေ"

"...... ဘယ်ကို လိုက်ရမှာလဲ ?"

"ဘယ်ကိုလိုက်ရမယ်ဆိုတာ ငါ သိတယ်၊ ငါ ချန်းကျိုးကို ရှာမတွေ့ဘူးဆိုရင် မင်းတို့ နောက်လမှာ တခြားအိမ်တစ်အိမ်ကို သွားရလိမ့်မယ်"

All Chapters