← Chapters

အခန်း (၁၄၁၉-၁၄၂၀)

Vol. 105 Ch. 1419-1420

အခန်း (၁၄၁၉-၁၄၂၀)

Vol. 105 Ch. 1419-1420

အခန်း (၁၄၁၉) ထပ်မံပြောင်းလဲမှု

တာတုန်းမြို့တွင် လှည့်လည်သွားလာနေသော ပြိတ္တာကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ကြောက်မက်ဖွယ် သက်ရောက်မှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

ဟဲယွဲ့လျန်၏ တစ္ဆေခေါ်သံကြောင့် တစ္ဆေများ ပိုမိုများပြားလာပြီး လမ်းမပေါ်တွင် စည်ကားနေသည်။ ဒီတစ္ဆေများသည် ပြိတ္တာ၏ အဆင့်ဆင့် ပြောင်းလဲလာသော ပုံစံများ ဖြစ်ပြီး ယန်ကျန့်အတွက် မစိမ်းလှပေ။

သို့သော် ဒီတစ္ဆေများသည် ခေါင်းဆောင် ၃ ဦးကို မထိခိုက်နိုင်ပေ။

လောင်ကျွမ်းနေသော တစ္ဆေမီး ကိုပင် မကျော်ဖြတ်နိုင်ဘဲ မီးထဲသို့ တိုးဝင်ကာ သေဆုံးသွားကြသည်။

တစ္ဆေကလေးများ၊ တစ္ဆေလူငယ်များ ပိုမို များပြားလာသည်နှင့်အမျှ တစ္ဆေမီး လောင်ကျွမ်းမှု ပိုမို ပြင်းထန်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံး မီးပင်လယ် ဖြစ်သွားသည်။ မီး၏ အပူရှိန်ကြောင့် ယန်ကျန့်၏ အရေပြားပင် ပူလောင်လာပြီး မီးစွဲလုနီးပါး ဖြစ်နေသည်။

တစ္ဆေမီး ထိန်းချုပ်သူ ကိုယ်တိုင်တောင် မခံနိုင်ဘူး ဆိုကတည်းက ဒီမီးက ဘယ်လောက် ကြောက်စရာ ကောင်းလဲ ဆိုတာ တွေးကြည့်လို့ ရသည်။

သို့သော် ဟဲယွဲ့လျန်ကတော့ အနီရောင် မင်္ဂလာဝတ်စုံနှင့် ခေါင်းဆောင်း ခြုံထားသဖြင့် မီးဒဏ်ကို မခံစားရပေ။ လင်းပေကတော့ ထိပ်ပြောင်ကို ပွတ်ရင်း ညည်းညူနေသည်။

"ဒီမီး ဆက်လောင်နေရင် ငါတို့ ကျက်သွားလိမ့်မယ် လျှော့လို့ မရဘူးလား"

"မရဘူး လောင်စာ ရှိနေသရွေ့ မီးလောင်နေဦးမှာပဲ တစ္ဆေတွေ ကုန်သွားမှ မီးငြိမ်းသွားလိမ့်မယ်"

ယန်ကျန့် ပြောလိုက်သည်။

"ဒါက ကောင်းတဲ့အချက်ပဲ တစ္ဆေလေးတွေကို ရှင်းပြီးသား ဖြစ်သွားတာပေါ့ မူလ ပြိတ္တာကြီး ပေါ်လာရင်တော့ တစ္ဆေမီး က သူ့ကို လောင်ကျွမ်းနိုင်မှာ မဟုတ်ဘူး အဲဒီကျရင် ငါတို့ ပေါင်းတိုက်လိုက်ရင် ကိစ္စပြတ်ပြီ"

"လွယ်ကူပြီး ထိရောက်တဲ့ နည်းလမ်းပဲ ဒါပေမဲ့ အလောင်းကောင်သံချောင်း စားထားတဲ့ ပြိတ္တာက ကိုင်တွယ်ရ ခက်လိမ့်မယ် မင်းလက်ထဲက သံချောင်းပါ ထပ်စားလိုက်ရင် ဘယ်လိုလုပ်မလဲ"

လင်းပေ စိုးရိမ်စွာ ပြောလိုက်သည်။

"အဲဒါက အဆိုးရွားဆုံး အခြေအနေပဲ ဖြစ်လာမှာ မဟုတ်ပါဘူး"

ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။

အချိန်ကြာလာသည်နှင့်အမျှ တစ္ဆေကလေးများ လျော့နည်းလာပြီး တစ္ဆေမီးလည်း အရှိန်လျော့လာသည်။

ရုတ်တရက်...အပြာရောင် မြူခိုးများ ထူထဲလာပြီး အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာသည်။ မီးတောက်များကြားမှတဆင့် ခံစားမိနေသည်။

မြူခိုးများ နက်ရှိုင်းသော နေရာမှ ပိန်လှီပြီး ဗိုက်ပူနေသော လူတစ်ယောက် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်လာသည်။ ခြေလှမ်းတိုင်းက လေးလံနေပြီး သေမင်းတမန် အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဒါ လူမဟုတ်ဘူး….. တစ္ဆေအစစ် ဖြစ်သည်။

တစ္ဆေပေါ်လာသည်နှင့် တစ္ဆေမီးများ ငြိမ်းသွားသည်။ မီးပင်လယ်ထဲတွင် လမ်းကြောင်းတစ်ခု ပေါ်လာပြီး တစ္ဆေမီးများက သူ့ကို မထိခိုက်နိုင်ပေ။

"ပြိတ္တာ ရောက်လာပြီ"

ယန်ကျန့် အာရုံခံစားမိလိုက်သည်။

"တွေ့ပြီ ငါ သူ့လှုပ်ရှားမှုကို ခဏတာ ပိတ်ဆို့ထားပေးနိုင်တယ် လိုရင် ပြောလိုက်"

လင်းပေ ပြောလိုက်သည်။

"အလောင်းကောင်သံချောင်း အလုပ်ဖြစ်မဖြစ် စောင့်ကြည့်ရဦးမယ် အလုပ်မဖြစ်ရင် ငါတို့ ၃ ယောက် ပေါင်းတိုက်လည်း အလကားပဲ ငါ အရင် စမ်းတိုက်ကြည့်မယ် အဆင်ပြေရင် ငါတစ်ယောက်တည်း ရှင်းလို့ ရလောက်တယ်"

ယန်ကျန့် အနီရောင် လှံရှည်ကို ကိုင်ပြီး ရှေ့တိုးသွားသည်။

တစ္ဆေမီး ကတောင် မထိခိုက်နိုင်ဘူး ဆိုကတည်းက ဒီကောင်က သာမန် S အဆင့်ထက် ကျော်လွန်နေပြီ ဆိုတာ သေချာသည်။

"ခေါင်းဆောင်ယန် ဂရုစိုက်ပါ"

ဟဲယွဲ့လျန် သတိပေးလိုက်သည်။

"ကိစ္စမရှိပါဘူး မနိုင်ရင် ထွက်ပြေးပြီး နိုင်ငံခြား ပို့လိုက်ရုံပဲ ဘာမှ မဖြစ်ဘူး"

ယန်ကျန့် ပြန်ဖြေလိုက်သည်။

မီးများ ငြိမ်းသွားသည်။

ယန်ကျန့် ပြိတ္တာနှင့် မျက်နှာချင်းဆိုင် လျှောက်သွားသည်။ အကွာအဝေး နီးကပ်လာသည်။

ပြိတ္တာ သူ့ကို မြင်လိုက်တာနဲ့ တိုက်ခိုက်လိမ့်မယ်။ ဒါက သတ်ဖြတ်ခြင်း နိယာမပဲ။

ဒါပေမဲ့ ယန်ကျန့်က ချက်ချင်း မတိုက်ခိုက်သေးဘူး။

သူ လှမ်းရပ်လိုက်ပြီး လှံရှည်ပေါ်က အလောင်းကောင်သံချောင်းကို ဖြုတ်လိုက်သည်။

"အခွင့်အရေးက တစ်ကြိမ်ပဲ ရှိတယ် သံချောင်း ပျောက်သွားလို့ မဖြစ်ဘူး"

ပြိတ္တာက ရှေ့ဆက်လျှောက်လာနေတုန်းပဲ။ ယန်ကျန့်က မီးတောက်တွေကြားကနေ သူ့ကို သတ်ဖို့ ပြင်ဆင်နေတာကို မသိဘူး။

တစ်နှစ်ကြာပြီးမှ ပြန်လည် ဆုံတွေ့ခြင်း ဖြစ်သည်။

ဒီတစ်ခါ ယန်ကျန့်က တစ္ဆေနယ်မြေ ကို မသုံးဘူး။ တစ္ဆေမီးတောင် မတိုးနိုင်တဲ့ ကောင်ကို ၆ ထပ် တစ္ဆေနယ်မြေ နဲ့ တားဆီးလို့ မရမှန်း သိလို့ပါ။

ဒါ့ကြောင့် သူ အလောင်းကောင်သံချောင်း ကို တန်းပစ်လိုက်သည်။

သံချောင်းက လေထဲမှာ ပျံသန်းသွားပြီး ပြိတ္တာရဲ့ ရင်ဘတ်ကို တန်းတန်းမတ်မတ် စိုက်ဝင်သွားသည်။ ဘာအတားအဆီးမှ မရှိပေ။ ပြိတ္တာရဲ့ တစ္ဆေနယ်မြေ က ကျဉ်းမြောင်းသွားလို့ အကာအကွယ် မပေးနိုင်တော့ဘူး။

"သေချာပေါက် ထိမှန်ဖို့အတွက် ခေါင်းကို မပစ်ဘဲ ရင်ဘတ်ကို ပစ်လိုက်တာ"

ယန်ကျန့် ချက်ချင်း ပြေးထွက်သွားသည်။

တစ္ဆေမျက်လုံး ပွင့်လာပြီး တစ္ဆေနယ်မြေ လွှမ်းခြုံသွားသည်။

ဒါပေမဲ့ သံချောင်းစိုက်ထားတဲ့ ပြိတ္တာက ငြိမ်သက်မသွားဘူး။ ဆက်ပြီး လမ်းလျှောက်နေတုန်းပဲ။

အလောင်းကောင်သံချောင်း ရဲ့ ဖိနှိပ်မှု စွမ်းအားက ပထမဆုံးအကြိမ် မအောင်မြင်ဘူး ဖြစ်သွားသည်။

ဒါကို ကြိုတွေးထားပြီးသားပါ။

သံချောင်း တစ်ချောင်း စားထားပြီးသား ဆိုတော့ နောက်တစ်ချောင်းနဲ့ ထပ်သတ်လို့ မရတော့ဘူး။ တတိယမြောက် သံချောင်း ရှိမှ ရမယ်။

ဒါပေမဲ့ ဒီသံချောင်းက ပြိတ္တာကို သတ်ဖို့ မဟုတ်ဘူး။ သူ့စွမ်းအားကို လျှော့ချဖို့ပဲ။

သံချောင်း စိုက်ဝင်သွားတာနဲ့ ယန်ကျန့်ရဲ့ တစ္ဆေနယ်မြေ လွှမ်းခြုံသွားတယ်။

သူ ပြိတ္တာ ရှေ့ရောက်သွားပြီး တစ္ဆေဓားနဲ့ ခုတ်ပိုင်းလိုက်တယ်။

ပြိတ္တာက ယန်ကျန့်ကို လှည့်ကြည့်လိုက်တယ်။ မျက်လုံးထဲမှာ ရက်စက်မှုတွေ ပေါ်လာတယ်။ သတ်ဖြတ်ခြင်း နိယာမ အသက်ဝင်လာပြီ။

ဒါပေမဲ့ ယန်ကျန့်က လက်ဦးသွားတယ်။ ဓားချက်က လည်ပင်းကို ဖြတ်သွားသည်။

"မလုံလောက်သေးဘူး"

ဒုတိယ၊ တတိယ၊ စတုတ္ထ ဓားချက်တွေ ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။

ဒီကောင်က အရမ်း ကြမ်းတမ်းလွန်းလို့ တစ်ချက်တည်းနဲ့ မသေနိုင်ဘူး။ အပိုင်းပိုင်း ပြတ်အောင် ခုတ်မှ ရမယ်။

တစ္ဆေဓား ရဲ့ စွမ်းအား ပြသလိုက်ပြီ။

ပြိတ္တာရဲ့ ခေါင်းပြတ်ကျသွားသည်။ လက်တွေ၊ ခြေထောက်တွေ ပြတ်ကျသွားသည်။ တစ်စက္ကန့်အတွင်း အပိုင်းပိုင်း ဖြစ်သွားသည်။

ယန်ကျန့် ပြန်လည်စတင်ခြင်းလုပ်ပြီး တစ္ဆေဓား ကျိန်စာကို ဖျောက်ဖျက်လိုက်သည်။ ပြီးတော့ အပိုင်းပိုင်း ပြတ်နေတဲ့ အလောင်းကို စိုက်ကြည့်နေသည်။

"သီအိုရီအရ ဆိုရင်တော့ နိုင်ပြီ တစ္ဆေဓားနဲ့ ခုတ်ပိုင်းလိုက်နိုင်ပြီလေ ပြီးတော့ အရင်က အတွေ့အကြုံအရ ပြိတ္တာက ပြန်မစနိုင်တော့ဘူး "

ဒါပေမဲ့ စိတ်မချရသေးပေ။

"ယန်ကျန့် အောင်မြင်ပြီလား"

လင်းပေ မေးလိုက်သည်။

"မသေချာဘူး"

ယန်ကျန့် ကိုယ်တိုင် စစ်ဆေးကြည့်မှ ရမယ်။

သူ အလောင်းကောင်သံချောင်း ကို ပြန်နုတ်ယူဖို့ လက်လှမ်းလိုက်သည်။

သံချောင်းကို ထိလိုက်တာနဲ့ တခြား အပိုင်းအစတွေက လျင်မြန်စွာ ပျောက်ကွယ်သွားကာ သံချောင်း စိုက်ထားတဲ့ အပိုင်းကတော့ မျက်စိတစ်မှိတ် အတွင်း မူလအတိုင်း ပြန်ဖြစ်သွားသည်။

ဖြတ်တောက်ထားတဲ့ အရာတွေ အကုန် ပျောက်သွားပြီး ပြိတ္တာက မူလအတိုင်း ပြန်ဖြစ်လာသည်။

"မကောင်းတော့ဘူး"

ယန်ကျန့် မျက်လုံး ပြူးကျယ်သွားသည်။။

ပြိတ္တာက ပါးစပ်ဟပြီး သူ့ဆီ ခုန်အုပ်လာကာ အပြာရောင် မြူခိုးတွေကလည်း သူ့ကို လွှမ်းခြုံသွားသည်။

"ယန်ကျန့် ထွက်ပြေးတော့"

လင်းပေ အော်လိုက်သည်။

အနီရောင် အလင်းတန်း တစ်ချက် လက်သွားပြီး ယန်ကျန့် ပြန်ဆုတ်လာသည်။

သူ့မျက်နှာ မည်းမှောင်နေတယ်။ လက်ထဲမှာ သံချေးတက်နေတဲ့ အလောင်းကောင်သံချောင်း ပါလာသည်။

သီသီလေး လွတ်လာတာ။ ၆ ထပ် တစ္ဆေနယ်မြေ သုံးပြီး ပြိတ္တာကို ခဏ ရပ်တန့်စေကာ သံချောင်း ယူပြီး ထွက်ပြေးလာခဲ့တာ။

"မအောင်မြင်ဘူး အလောင်းကောင်သံချောင်း က သူ့စွမ်းအားကို လျှော့ချပေးနိုင်ပေမယ့် သူက အရင်ကထက် ပိုတိုးတက်လာတယ် လင်းပေ... မင်းတို့ တိုက်ခိုက်တုန်းက ထူးခြားတာ ဘာတွေ့လဲ"

ယန်ကျန့် မေးလိုက်သည်။

လင်းပေ ခေါင်းခါလိုက်သည်။

"မတွေ့ပါဘူး ဒါပေမဲ့ မင်းပြောမှ သတိရတယ် ဝမ်ချာလင်း ဘေးနားမှာ တစ္ဆေ ၄ ကောင် ရှိတယ်လေ မိဘတွေ၊ အဘိုးအဘွားတွေ... ဒါပေမဲ့ ငါတို့ တိုက်ခိုက်တုန်းက သူ့အဘွား ထွက်မလာဘူး"

"သူ့အဘွားကို ပြိတ္တာ စားလိုက်တာလား"

ယန်ကျန့် မျက်နှာ ပျက်သွားသည်။

"မဖြစ်နိုင်ဘူး စားလိုက်ရင် သူ ပြောမှာပေါ့ ငါ ထင်တာတော့ သူ့အဘွား ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားလို့ ထွက်မလာတာ ဖြစ်မယ်"

လင်းပေ ပြန်ဖြေသည်။

"တစ်စိတ်တစ်ပိုင်း စားလိုက်ရင်တောင် ပြိတ္တာက ကြီးထွားလာနိုင်တယ် ခုနက ပြန်လည် ကောင်းမွန်လာတဲ့ နှုန်းက အရမ်း မြန်တယ် ပြန်လည်စတင်ခြင်း လုပ်တာနဲ့ မတိမ်းမယိမ်းပဲ ၃ စက္ကန့်လောက်ပဲ ကြာတယ် အစီအစဉ် ပြောင်းမှ ရမယ်"

ယန်ကျန့် ပြောလိုက်လေသည်။

"ခေါင်းဆောင်ယန် ပြိတ္တာ လာနေပြီ တားလို့မရဘူး"

ဟဲယွဲ့လျန် သတိပေးလိုက်သည်။

"ဒါပေမဲ့ လင်းပေ ပြောတာကို သတိရသွားတယ် ငါ ပြိတ္တာကို တစ္ဆေပန်းချီကား ထဲမှာ ပိတ်လှောင်ထားလို့ ရနိုင်တယ်"

"စမ်းကြည့်လိုက် မရရင် ပိတ်လှောင်ဖို့ ကြိုးစားကြည့်မယ်"

ယန်ကျန့် ပြောလိုက်သည်။

သူ အလောင်းကောင်သံချောင်း ကို ပြန်ယူချင်နေသေးသည်။

အခန်း (၁၄၂၀) သေတ္တာ သုံးလုံး

"အလောင်းကောင်သံချောင်း သုံးတာတောင် အလုပ်မဖြစ်ဘူး ဆိုတော့ အခြေအနေ တော်တော် ဆိုးနေပြီ ပြိတ္တာက သဘာဝလွန် စွမ်းအားတွေကို လျစ်လျူရှုနိုင်ရုံတင် မကဘူး ဝမ်ချာလင်း အဘွားရဲ့ စွမ်းအား တစ်စိတ်တစ်ပိုင်းကိုပါ စားထားလိုက်သေးတယ် ပြန်လည်စတင်ခြင်း ကို မထိန်းချုပ်နိုင်သေးပေမယ့် ပြန်လည် ကောင်းမွန်လာတဲ့ နှုန်းက တော်တော် ကြောက်စရာ ကောင်းနေပြီ ၃ စက္ကန့်တောင် မကြာဘဲ မူလအတိုင်း ပြန်ဖြစ်သွားတာ မယုံနိုင်စရာပဲ"

လင်းပေ က ထိပ်ပြောင်ကို ပွတ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ပြိတ္တာ မရောက်လာခင် ဒုတိယ အစီအစဉ် ဆွဲရမယ်"

ယန်ကျန့် စဉ်းစားလိုက်သည်။ လက်ထဲမှ အလောင်းကောင်သံချောင်း ကို ကြည့်ပြီး စိတ်မချ ဖြစ်နေသည်။

ဒီသံချောင်းက ခြံဝင်းပိုင်ရှင် ဦးခေါင်းကို စိုက်ထားတာလေ။ အခု ဖြုတ်ယူလိုက်ပြီ ဆိုတော့ ခြံဝင်းပိုင်ရှင် လွတ်နေပြီ။ ခြံဝင်းပိုင်ရှင်ကို ထိန်းချုပ်ဖို့ တခြား နည်းလမ်းတွေ သုံးထားပေမယ့် စွမ်းအားကြီးတဲ့ 'ဘုရင်' တစ်ပါး ဆိုတော့ စိတ်မချရဘူး။ ပြဿနာ မတက်စေချင်ဘူး။

ဟဲယွဲ့လျန် ပြောလိုက်သည်။

"ငါ့အကြံကတော့ ပြိတ္တာကို တစ္ဆေပန်းချီကား ထဲမှာ ထည့်ထားလိုက်တာ ပိုကောင်းမယ် ထင်တယ် အရင်က တစ္ဆေတမာန်တော် ကိုတောင် ထိန်းချုပ်ထားနိုင်တာပဲ အခုလည်း ရလောက်ပါတယ်"

"တစ္ဆေပန်းချီကား ထဲမှာ ထားလိုက်ရင် မင်းရဲ့ တစ္ဆေနယ်မြေ ကို သုံးလို့ရတော့မှာ မဟုတ်ဘူး ဒါက ငါတို့အတွက် အရှုံးပဲ နောက်ပိုင်း ဘုရင်အဖွဲ့အစည်း နဲ့ တိုက်ရဦးမှာ ဒီလို လုပ်လို့ မဖြစ်ဘူး အရင်က မအောင်မြင်ခဲ့ပေမယ့် အရေးကြီးတဲ့ အချက်အလက်တွေ ရခဲ့တယ်"

ယန်ကျန့် ပြောလိုက်သည်။

"အလောင်းကောင်သံချောင်း က ထိရောက်မှု ရှိတယ် ဆိုတာ သက်သေပြလိုက်ပြီ ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ် ငါ ခုနကလိုပဲ ပြိတ္တာကို သံချောင်းနဲ့ ထိုးပြီး အပိုင်းပိုင်း ဖြတ်တောက်လိုက်မယ် ပြီးရင် ၃ ပိုင်း ခွဲလိုက်မယ် တစ်ပိုင်းကို ဟဲယွဲ့လျန် ယူ၊ တစ်ပိုင်းကို လင်းပေ ယူ၊ ကျန်တစ်ပိုင်းကို ငါ ယူမယ်"

လင်းပေ မျက်လုံး အရောင်တောက်သွားသည်။

"အကြံကောင်းပဲ ပြိတ္တာကို ၃ ပိုင်း ခွဲပြီး တစ်ပိုင်းစီကို မတူညီတဲ့ နေရာတွေမှာ ထားလိုက်ရင် ပြန်ကောင်းလာနိုင်စရာ အကြောင်း မရှိတော့ဘူး တစ်ပိုင်းကို တစ္ဆေပန်းချီကား ထဲမှာ၊ တစ်ပိုင်းကို မှန်ကမ္ဘာ ထဲမှာ၊ နောက်တစ်ပိုင်းကို လက်တွေ့ကမ္ဘာမှာ ထားလိုက်မယ်"

ပြိတ္တာ တစ်ကောင်လုံးကို ထိန်းချုပ်ဖို့ ခက်ခဲပေမယ့် အစိတ်အပိုင်း တစ်ခုတည်းကို ထိန်းချုပ်ဖို့က လွယ်ကူသည်။

"မဆိုးပါဘူး စမ်းကြည့်လို့ ရတယ်"

ဟဲယွဲ့လျန် ထောက်ခံလိုက်သည်။

"တကယ်လို့ မအောင်မြင်ရင် တတိယ အစီအစဉ်က ပြိတ္တာကို နိုင်ငံခြား ခေါ်သွားပြီး ပို့လိုက်တာပဲ ငါ ကိုယ်တိုင် မျှားခေါ်သွားမယ်"

ယန်ကျန့် ဆုံးဖြတ်ချက် ချလိုက်သည်။

"ဒါဆို ဘာစောင့်နေဦးမှာလဲ လုပ်ကြစို့ ပြိတ္တာ ရောက်လာပြီ ငါ သူ့လှုပ်ရှားမှုကို နှောင့်ယှက်ထားပေးမယ်"

လင်းပေ ရှေ့ကို ကြည့်ပြီး ပြောလိုက်သည်။

ပြိတ္တာက လျှောက်လာနေပြီ။ ကံကောင်းတာက သူ့တစ္ဆေနယ်မြေ ကျဉ်းမြောင်းသွားလို့ လှုပ်ရှားမှု နှေးကွေးနေတာ။ မဟုတ်ရင် စောစောကတည်းက ရောက်လာပြီး လူသတ်နေလောက်ပြီ။

"ငါလည်း အဆင်သင့်ပဲ"

ဟဲယွဲ့လျန် ပြောလိုက်သည်။

ယန်ကျန့် ခေါင်းငြိမ့်ပြီး ရှေ့တိုးသွားသည်။

တစ္ဆေမီးများ ငြိမ်းသွားပြီ။

စက္ကူပြာများ လွင့်ပျံနေပြီး ပတ်ဝန်းကျင် တစ်ခုလုံး တစ္ဆေပန်းချီကား ၏ လွှမ်းမိုးမှုကို ခံနေရသည်။ အပြာရောင် မြူခိုးများက ပြိတ္တာ ဘေးနားမှာပဲ ရှိတော့သည်။

ယန်ကျန့် ပြိတ္တာ ရှေ့တွင် ရပ်လိုက်သည်။

ပြိတ္တာက သူ့ကို မြင်ပြီးသား ဖြစ်လို့ သူ့ကို သတ်ဖို့ လာနေတာ။

"အချိန်မရွေး လှုပ်ရှားလို့ ရတယ် ငါ အနောက်က ကြည့်ပေးထားမယ်"

လင်းပေ ပြောလိုက်သည်။

ပြိတ္တာက ယန်ကျန့်ကို စိုက်ကြည့်နေသည်။ မျက်နှာက ထုံထိုင်းမနေတော့ဘဲ ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည်။

"ကြာပြီ ဆိုပေမယ့် သူက ကျိုးကျန့် မျက်နှာနဲ့ပဲ ရှိသေးတာပဲ"

ယန်ကျန့် ပြိတ္တာကို သေချာ ကြည့်လိုက်သည်။ လက်ထဲတွင် အလောင်းကောင်သံချောင်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။

ပြိတ္တာ ရှေ့တိုးလာသည်။

သို့သော် ခြေလှမ်း အနည်းငယ် လှမ်းပြီးနောက် လှုပ်ရှားမှု နှေးကွေးသွားသည်။ တစ်စုံတစ်ခုက ချုပ်နှောင်ထားသကဲ့သို့ ဖြစ်နေသည်။ ပတ်ဝန်းကျင်က မြူခိုးများလည်း စုတ်ပြဲကုန်သည်။

လင်းပေ လက်စွမ်းပြလိုက်ပြီ။

ပြိတ္တာက သဘာဝလွန် စွမ်းအားတွေကို လျစ်လျူရှုနိုင်ပေမယ့် လင်းပေက သူ့ကို ထိန်းချုပ်နိုင်သေးတယ်။ ဒီကောင် မလွယ်ဘူး။

"ယန်ကျန့် အခုပဲ"

လင်းပေ အော်လိုက်သည်။

ပြိတ္တာ လုံးဝ ရပ်တန့်သွားကာ တောင့်တင်းသွားသည်။

ယန်ကျန့် အခွင့်အရေး ယူပြီး အလောင်းကောင်သံချောင်း ကို ပစ်လွှတ်လိုက်သည်။

အတားအဆီး မရှိဘဲ ပြိတ္တာ ကိုယ်ထဲ စိုက်ဝင်သွားသည်။

နောက်တစ်ခဏတွင်...တစ္ဆေနယ်မြေ လွှမ်းခြုံသွားပြီး ယန်ကျန့် ပြိတ္တာ ရှေ့ရောက်သွားကာ တစ္ဆေဓားဖြင့် နှစ်ချက် ဆက်တိုက် ခုတ်ပိုင်းလိုက်သည်။ ပြိတ္တာ ၃ ပိုင်း ကွဲသွားသည်။

"ခွဲလိုက်တော့"

ဟဲယွဲ့လျန်၊ လင်းပေ နှင့် ယန်ကျန့် တို့ တပြိုင်နက် လှုပ်ရှားလိုက်ကြသည်။

ပြိတ္တာ ဦးခေါင်းကို စက္ကူပြာများ ဖုံးလွှမ်းသွားပြီး ပျောက်ကွယ်သွားသည်။ ခန္ဓာကိုယ် တစ်ဝက်ကို လင်းပေက မှန်ကမ္ဘာ ထဲသို့ ပို့လိုက်သည်။ ကျန်တစ်ဝက်ကို ယန်ကျန့်က အလောင်းကောင်သံချောင်း စိုက်လျက် လက်တွေ့ကမ္ဘာမှာ ထားလိုက်သည်။ ထို့နောက် ကောက်ရိုးကြိုးများဖြင့် ၅ ထပ်၊ ၆ ထပ် ရစ်ပတ်ပြီး ချည်နှောင်လိုက်သည်။

ကောက်ရိုးကြိုးက ဌာနချုပ် ပစ္စည်း ဖြစ်ပြီး တစ္ဆေတွေကို ချည်နှောင်ဖို့ သုံးတာ။

ကိစ္စပြီးတာနဲ့ တစ္ဆေပန်းချီကား နယ်မြေ နဲ့ မှန်ကမ္ဘာ ချက်ချင်း ပျောက်ကွယ်သွားတယ်။ တစ်ခုနဲ့တစ်ခု မဆက်စပ်တော့ဘူး။ ပြိတ္တာ ပြန်လည် မပေါင်းစည်းနိုင်အောင်လို့။

"အလောင်းကောင် လှုပ်ရှားနေတယ်"

ယန်ကျန့် ကြည့်လိုက်သည်။ အပိုင်းပိုင်း ပြတ်နေပြီး ကြိုးတုပ်ထားတာတောင် လှုပ်ရှားနေသေးတယ်။

ဒါပေမဲ့ ခဏနေတော့ ငြိမ်သွားတယ်။

"ငါ့ဘက်က အဆင်ပြေတယ်"

ဟဲယွဲ့လျန် ပြောလိုက်သည်။

တစ္ဆေပန်းချီကားထဲက လမ်းမတစ်ခုပေါ်မှာ ပြိတ္တာ ခေါင်းပြတ်ကြီး လိမ့်နေတယ်။ ထွက်ပြေးလို့ မရဘူး။

"ငါ့ဘက်လည်း အဆင်ပြေတယ် ပြန်မကောင်းလာဘူး ငါတို့ နည်းလမ်း မှန်တယ် ၃ နေရာ ခွဲထားလိုက်တော့ ပြန်မဆက်နိုင်တော့ဘူး"

လင်းပေ ပြောလိုက်သည်။

ယန်ကျန့် ခေါင်းငြိမ့်လိုက်သည်။

"ပြိတ္တာက ပြန်လည်စတင်ခြင်း မရသေးတာ ကံကောင်းတယ် မဟုတ်ရင် ချက်ချင်း ပြန်ကောင်းလာမှာ"

"ဝမ်ချာလင်း ဒီကောင် ယုတ်မာတယ် ဒီလောက် အရေးကြီးတာကို ဖုံးကွယ်ထားတယ်"

လင်းပေ ဆဲလိုက်သည်။

"သူလည်း ပြိတ္တာ ဒီလောက် မြန်မြန် ကြီးထွားလာမယ်လို့ ထင်မထားမိဘူး နေမှာပါ ထားလိုက်တော့ အခု ဒီအကောင်ကို သေတ္တာထဲ ထည့်ပိတ်ထားမှ ရမယ်"

ယန်ကျန့် မြို့ထဲက ရွှေတချို့ ရှာပြီး သေတ္တာတစ်လုံး လုပ်လိုက်တယ်။ ပြိတ္တာ ခန္ဓာကိုယ် တစ်ဝက်ကို ထည့်ပြီး ပိတ်လိုက်တယ်။ မပိတ်ခင် အလောင်းကောင်သံချောင်း ကို ပြန်နုတ်ယူလိုက်တယ်။

နောက်တစ်ချောင်း ထပ်အစာမကျွေးနိုင်ဘူးလေ။

"ငါ့ကိုလည်း ရွှေနည်းနည်း ပေးပါဦး ငါလည်း သေတ္တာထဲ ထည့်ထားချင်တယ် မှန်ကမ္ဘာ ထဲမှာ ထားရတာ စိတ်မချဘူး"

လင်းပေ ပြောလိုက်သည်။

ယန်ကျန့်က နောက်ထပ် သေတ္တာ ၂ လုံး လုပ်ပေးလိုက်တယ်။ လင်းပေနဲ့ ဟဲယွဲ့လျန် တို့က သူတို့အပိုင်းတွေကို ထည့်ပြီး ပိတ်လိုက်ကြတယ်။

သေတ္တာ ၃ လုံး စီစီရီရီ ရှိနေတယ်။ သေတ္တာတွေက တုန်ခါနေတယ်။ အထဲက ကောင်တွေက ထွက်ချင်နေကြတယ်။

ဒါပေမဲ့ သေတ္တာတွေက ထူထဲလွန်းလို့ ထွက်မရကြဘူး။

"ဒီသေတ္တာ ၃ လုံးကို တပြိုင်နက် ဖွင့်လိုက်ရင် ပြိတ္တာ ပြန်ထွက်လာပြီး ၃ စက္ကန့်အတွင်း မူလအတိုင်း ပြန်ဖြစ်သွားလိမ့်မယ် ဒါ့ကြောင့် ဒီကောင်က ငါတို့အတွက် လက်နက်ပဲ လိုအပ်ရင် သုံးလို့ရတယ်"

ယန်ကျန့် မျက်လုံးကျဉ်းမြောင်းပြီး ပြောလိုက်သည်။

"ပြန်လွှတ်ပေးဖို့ စဉ်းစားနေတုန်းလား တော်ပါတော့ကွာ ဒီနေ့ ဖမ်းနိုင်တာ ကံကောင်းလို့ပါ ဒီကောင်က ပြန်လည်စတင်ခြင်း ရဖို့ နည်းနည်းလေးပဲ လိုတော့တာ တခြား တစ္ဆေတစ်ကောင်ကောင်ကို စားပြီး ပြန်လည်စတင်ခြင်း ရသွားရင် ငါတို့ ခေါင်းဆောင်တွေ အကုန်ပေါင်းတိုက်ရင်တောင် နိုင်မှာ မဟုတ်ဘူး"

လင်းပေ ခေါင်းခါပြီး ကြောက်လန့်တကြား ပြောလိုက်သည်။

"တကယ် အဲဒီအဆင့် ရောက်လာရင် ဘာမှ ဂရုစိုက်နေလို့ မရတော့ဘူး"

ယန်ကျန့် ပြောလိုက်သည်။

All Chapters