← Chapters

အခန်း (၁၄၂၇-၁၄၂၈)

Vol. 106 Ch. 1427-1428

အခန်း (၁၄၂၇-၁၄၂၈)

Vol. 106 Ch. 1427-1428

အခန်း (၁၄၂၇) ကယ်တင်ခြင်းနှင့် လိုက်လံရှာဖွေခြင်း

တာဖူမြို့ တာဝန်ခံ မာကျွင်း ဘုရင်အဖွဲ့အစည်း ရဲ့ တိုက်ခိုက်မှု ခံလိုက်ရပြီတဲ့လား။

တာတုန်းမြို့ နင်းအန်း အဆောက်အအုံ ထဲမှာ ရှိနေသေးတဲ့ ယန်ကျန့် ဒီသတင်းကို ကြားတော့ အံ့သြသွားတယ်။ ပြီးတော့ မျက်လုံးတွေ ကျဉ်းမြောင်းသွားပြီး လူသတ်ချင်စိတ်တွေ ပေါ်လာတယ်။

"သူတို့ တကယ် လှုပ်ရှားနေတာပဲ ငါတို့က အပေးအယူ ကိစ္စကို သဘောတူလိုက်ပြီး ချောင်ယန်၊ လီလဲ့ဖိန် နဲ့ လင်းပေ တို့ ၃ ယောက်ကို ဟောင်ကောင်ဘက် စေလွှတ်လိုက်တာနဲ့ တပြိုင်နက် သူတို့ တိုက်ခိုက်လာတာပဲ လီကျွင်း နဲ့ လျိုစန်း ကလည်း တာဖူမြို့ကို မရောက်သေးဘူး"

လုကျီဝမ် သဘောပေါက်သွားတယ်။

"ဒါပေမဲ့ အံ့သြစရာ ကောင်းတာက တာဖူမြို့ တာဝန်ခံမာကျွင်း က သတင်းပို့နိုင်ခဲ့တာပဲ ပုံမှန်ဆိုရင် ဘုရင်အဖွဲ့အစည်း က တာဝန်ခံတွေကို လုပ်ကြံတဲ့အခါ သတင်းပို့ချိန်တောင် မပေးဘဲ သတ်ပစ်လေ့ ရှိတယ် ကြည့်ရတာ မာကျွင်း က ခဏတာ တောင့်ခံထားနိုင်ပြီး သတင်းပို့ချိန် ရသွားပုံရတယ် မဟုတ်ရင် တာဝန်ခံ အသတ်ခံရတာကို နာရီဝက်လောက် နေမှ သိရမှာ"

"အဲဒီအချိန်ကျရင် အပေးအယူ လုပ်နေတဲ့ အချိန် ဖြစ်နေပြီ"

"ဒါတွေကို ငါတို့ မျှော်လင့်ထားပြီးသားပါ အခု စစ်ကူ လိုက်သွားရင် မီလောက်ပါသေးတယ်"

ဝမ်ချာလင်း ဝင်ပြောလိုက်သည်။

လုကျီဝမ် ဆက်ပြောလိုက်သည်။

"ဒါက ငါတို့ကို မျှားခေါ်တဲ့ အကွက် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ သူတို့က လူအင်အား များတယ် ငါ့အကြံကတော့ လီကျွင်း နဲ့ လျိုစန်း ကိုပဲ လွှတ်လိုက်တာ ကောင်းမယ် ဒီဘက်က လူတွေ မလှုပ်ရှားသင့်သေးဘူး နောက်ထပ် ဖြစ်ရပ်တွေ ဖြစ်လာနိုင်သေးတယ် ငါတို့ရဲ့ အဓိက အင်အားတွေကို ဒီလို အကွက်လေးနဲ့ ဆွဲထုတ်မခံသင့်ဘူး"

ယန်ကျန့်ကတော့ ဒီဆွေးနွေးချက်တွေကို နားထောင်မနေတော့ဘူး။ အနီရောင် လှံရှည်ကို ကိုင်ပြီး တစ္ဆေမျက်လုံး ဖွင့်ကာ တစ္ဆေနယ်မြေ ဖြန့်ကျက်လိုက်တယ်။ တာဖူမြို့ဘက်ကို ဦးတည်လိုက်တယ်။

"အချိန်ဖြုန်းနေလို့ မရဘူး ငါတစ်ယောက်တည်း သွားကြည့်လိုက်မယ် မင်းတို့ တာတုန်းမြို့မှာပဲ နေခဲ့ကြ ဘာမှ မလုပ်ကြနဲ့"

နောက်တစ်ခဏတွင်...

ယန်ကျန့် နင်းအန်း အဆောက်အအုံ အပေါ်ဆုံးထပ်မှ ပျောက်ကွယ်သွားသည်။

လုကျီဝမ် ပြောတာ အကျိုးကြောင်း ဆီလျော်ပေမယ့် လီကျွင်း နဲ့ လျိုစန်း နှစ်ယောက်တည်း လွှတ်လိုက်ရင် အထိနာနိုင်တယ် ဆိုတာ သူ သိတယ်။ အခု လျိုစန်းက စက္ကူလူပဲ ရှိတာ။ လူအစစ်က ဘယ်ရောက်နေမှန်း မသိရဘူး။

ဒါ့ကြောင့် လီကျွင်း တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး။

ယန်ကျန့် တစ္ဆေနယ်မြေ သုံးပြီး အမြန်သွားလိုက်တယ်။ ၁၀ စက္ကန့်လောက် အတွင်းမှာ တာဖူမြို့ကို ရောက်သွားတယ်။

အပေါ်စီးကနေ ကြည့်လိုက်တော့...

အရာအားလုံး ပုံမှန်ပါပဲ။ ဘာမှ ထူးခြားတာ မရှိဘူး။

ဒါပေမဲ့ ထူးဆန်းတဲ့ အငွေ့အသက် တစ်ခုက မြို့တစ်မြို့လုံးကို လွှမ်းခြုံထားတယ်။

ယန်ကျန့် တစ္ဆေမျက်လုံး နဲ့ ကြည့်လိုက်တော့ သဘာဝလွန် စွမ်းအား တစ်ခုက မြို့တစ်မြို့လုံးကို လွှမ်းမိုးထားတာ တွေ့လိုက်ရတယ်။ အမြင်အာရုံတွေ ဝေဝါးနေတယ်။

"ဒါ တစ္ဆေနယ်မြေ ပဲ တစ်ယောက်ယောက်က တစ္ဆေနယ်မြေ သုံးပြီး မြို့တစ်မြို့လုံးကို လွှမ်းမိုးထားတာ ဒါ မာကျွင်းရဲ့ လက်ရာ ဖြစ်လောက်တယ် အန္တရာယ်ရှိတဲ့ အရာတွေကို တစ္ဆေနယ်မြေ ထဲ ဆွဲထည့်လိုက်ပြီး သာမန်လူတွေကို ကာကွယ်ပေးထားတာ ဖြစ်မယ် ငါ သတင်းရပြီး ရောက်လာတာ တစ်မိနစ်တောင် မကြာသေးဘူး"

"ဒါ့ကြောင့် ရန်သူတွေ တာဖူမြို့ထဲမှာ ရှိနေနိုင်သေးတယ်"

ယန်ကျန့် တစ္ဆေမျက်လုံး လှုပ်ရှားလိုက်ပြီး တစ္ဆေနယ်မြေ ထဲ ကျူးကျော် ဝင်ရောက်လိုက်တယ်။

တစ္ဆေနယ်မြေ ထဲမှာ တာဖူမြို့ မြင်ကွင်းတွေ ပေါ်လာပေမယ့် လူသူကင်းမဲ့နေတယ်။ တစ္ဆေမြို့တော်လို ဖြစ်နေတယ်။

"ဒီမြို့ တာဝန်ခံက ဒီလောက် စွမ်းအားကြီးတာလား မြို့တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်တယ်"

ယန်ကျန့် အံ့သြသွားတယ်။

မာကျွင်းသာ ဒီလောက် စွမ်းအားကြီးရင် ခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း ရှိတယ်။

ဒါပေမဲ့ အခု ဒါတွေ တွေးနေရမယ့်အချိန် မဟုတ်ဘူး။ မာကျွင်းကို အမြန် ရှာရမယ်။

ယန်ကျန့် အနီရောင် လှံရှည်ကို ကိုင်ပြီး ဆုတောင်းလိုက်တယ်။

"မာကျွင်း ရှိတဲ့ နေရာကို လမ်းပြပေးပါ"

ဆုတောင်းပြည့်တစ္ဆေ ရဲ့ စွမ်းအားက ရန်သူကို တိုက်ခိုက်ဖို့ သက်သက် မဟုတ်ဘူး။ တခြား နေရာတွေမှာလည်း သုံးလို့ ရတယ်။

ယန်ကျန့် လှံရှည်ကို ပစ်လွှတ်လိုက်တယ်။

အနီရောင် လှံရှည်က အဝေးတစ်နေရာဆီ ပျံသန်းသွားတယ်။

ယန်ကျန့် နောက်က လိုက်သွားတယ်။

ခဏအကြာတွင်...

လှံရှည်က မြေကြီးပေါ် စိုက်ဝင်သွားတယ်။

ယန်ကျန့် လှံရှည် ကျတဲ့ နေရာ၊ ပန်းခြံထောင့် တစ်နေရာကို ရောက်လာတယ်။

လှံရှည် ဘေးနားက ခုံတန်းလျားပေါ်မှာ အမျိုးသား တစ်ယောက် ထိုင်နေတာ တွေ့လိုက်ရတယ်။ မျက်နှာက သေလူလို ဖြစ်နေပြီး ခန္ဓာကိုယ်က အေးစက်နေတယ်။ အသက် ၃၀ ကျော် ရုံးဝန်ထမ်း ပုံစံပေါက်နေတယ်။ ဒါပေမဲ့ သူက သေနေပြီ။

ကြောက်စရာ ကောင်းတာက အလောင်းကောင်က ရံဖန်ရံခါ လှုပ်ရှားနေတယ်။ ပြန်လည် နိုးထလာတော့မယ့် ပုံစံပေါက်နေတယ်။

"အသတ်ခံလိုက်ရပြီလား ဒါဆို အခု မာကျွင်းက တစ္ဆေနိုးထနေတဲ့ အခြေအနေ ဖြစ်နေပြီ ဒါ့ကြောင့် သူ့စွမ်းအားက မြို့တစ်မြို့လုံးကို လွှမ်းမိုးထားနိုင်တာ သူ အသတ်ခံရတော့မယ် ဆိုတာ သိလို့ ရန်သူတွေကို ဆွဲထားဖို့ ကြိုးစားခဲ့တာ ဖြစ်မယ်"

ယန်ကျန့် အခြေအနေကို သဘောပေါက်လိုက်တယ်။

"ဒါပေမဲ့ မာကျွင်း သေတာ မကြာသေးဘူး ကြီးမားတဲ့ အတိုင်းအတာနဲ့ ပြန်လည်စတင်ခြင်း လုပ်လိုက်ရင် သူ့ကို ပြန်ကယ်လို့ ရနိုင်တယ် အချိန်ကြာသွားရင်တော့ ငါ့ ပြန်လည်စတင်ခြင်း အတိုင်းအတာထက် ကျော်လွန်သွားပြီး ကယ်လို့ရမှာ မဟုတ်တော့ဘူး"

ယန်ကျန့် မတုံ့ဆိုင်းတော့ဘဲ ၈ ထပ် တစ္ဆေနယ်မြေ ဖွင့်လိုက်တယ်။

အနီရောင် အလင်းတန်းတွေ ပန်းခြံထောင့်ကို လွှမ်းခြုံသွားတယ်။

ပြန်လည် စတင်လိုက်တယ်။ အသတ်ခံရပြီးသား တာဝန်ခံ တစ်ယောက်ကို သေမင်းလက်ထဲက ပြန်လုယူဖို့ ကြိုးစားလိုက်တယ်။

ဒါ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။ ၈ ထပ် တစ္ဆေနယ်မြေ ဖွင့်ရတာ တန်တယ်လို့ ယန်ကျန့် ယူဆတယ်။

ပြန်လည်စတင်လိုက်တာနဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ပြောင်းလဲလာတယ်။

တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...

ဘာမှ မပြောင်းလဲသေးဘူး။ မာကျွင်း အလောင်းက မလှုပ်မယှက် ရှိနေတုန်းပဲ။

ယန်ကျန့် စိတ်မပူပါဘူး။ မာကျွင်း သတင်းပို့တာ ၁၀ မိနစ်တောင် မပြည့်သေးဘူး။ သူ့ ပြန်လည်စတင်ခြင်း အတိုင်းအတာက ဒီထက် ပိုကြာတယ်။

၄ မိနစ်ကျော် ကြာတဲ့အခါ...

မာကျွင်း အလောင်း လှုပ်ရှားလာတယ်။ လက်က ရင်ဘတ်ကို ဖိထားပြီး မျက်လုံးတွေ မှေးမှိန်သွားတယ်။

ဒါ သူ သေဆုံးတဲ့ အချိန်ပဲ။

၅ မိနစ် ရောက်တဲ့အခါ...

မာကျွင်း အသက်ရှင်နေသေးတယ်။ ဒါပေမဲ့ နာကျင်နေတဲ့ ပုံစံပေါက်နေတယ်။ သေဖို့ ၁၀ စက္ကန့်လောက်ပဲ လိုတော့တယ်။ သူ စွမ်းအား ကုန်ခန်းသွားပြီး မတောင့်ခံနိုင်တော့တဲ့ အချိန်ပေါ့။

ယန်ကျန့် ဆက်ပြီး Restart လုပ်ဖို့ ကြိုးစားပေမယ့် မာကျွင်း ပုံရိပ် ဝါးသွားပြီး ပျောက်ကွယ်လုနီးပါး ဖြစ်သွားတာ တွေ့လိုက်သည်။

"ဆက်ပြီး ပြန်လည်စတင်ခြင်း လုပ်လို့ မဖြစ်တော့ဘူး မာကျွင်းက တခြားနေရာကနေ ဒီကို ထွက်ပြေးလာတာ ဆက်လုပ်ရင် သူ ပျောက်သွားပြီး ငါ ကယ်လို့ရမှာ မဟုတ်တော့ဘူး"

ယန်ကျန့် အခြေအနေ မဟန်မှန်း သိလိုက်ပြီး ပြန်လည်စတင်ခြင်းကို ရပ်လိုက်သည်။

ပြန်လည်စတင်ခြင်း ပြီးဆုံးသွားသည်။

ပန်းခြံထောင့်က လွန်ခဲ့တဲ့ ၅ မိနစ် အခြေအနေကို ပြန်ရောက်သွားသည်။

မာကျွင်း ပြန်ရှင်လာသည်။ ဒါပေမဲ့ အခြေအနေ ဆိုးနေကာ မျက်နှာ ရှုံ့မဲ့နေပြီး နာကျင်နေသည်။ တစ္ဆေနိုးထနေတဲ့ အခြေအနေပဲ။

သေခါနီး ဆဲဆဲမှာ ယန်ကျန့်ကို မြင်လိုက်ရတယ်။

"ယန်... ယန်ကျန့်လား ငါ အမြင်မှားနေတာလား"

မာကျွင်း သတိမကပ်တော့ဘဲ အမြင်မှားတယ် ထင်နေသည်။

နောက်တစ်ခဏတွင်...

မီးလောင်ထားတဲ့ လက်မည်းတွေ လေထဲက ထွက်ပေါ်လာပြီး မာကျွင်းကို ဖိနှိပ်လိုက်သည်။

အေးစက်တဲ့ အငွေ့အသက်တွေ လွှမ်းခြုံသွားပြီး တစ္ဆေနိုးထမှုကို လျှော့ချပေးလိုက်သည်။

"မင်း ခန္ဓာကိုယ်ထဲမှာ တစ္ဆေ ၃ ကောင် ရှိတယ် ငါ တစ်ကောင်ကို ဖိနှိပ်ပေးထားတယ် ဒါမှ မင်း ချက်ချင်း မသေမှာ ဒါပေမဲ့ မင်းရဲ့ ဟန်ချက်ညီမှု ပျက်စီးသွားပြီ ကယ်ချင်ရင် တခြား နည်းလမ်း သုံးမှ ရမယ်"

ယန်ကျန့် တည်ငြိမ်စွာ ပြောလိုက်သည်။

တစ္ဆေလက်တွေက လူသတ်လို့ ရသလို လူကယ်လို့လည်း ရလေသည်။

မာကျွင်း နာကျင်မှု သက်သာသွားပြီး သတိပြန်လည်လာသည်။ လှုပ်ရှားဖို့ ကြိုးစားပေမယ့် မရဘူး။

"မင်းက တစ္ဆေမျက်လုံး ယန်ကျန့် လား တောင်းပန်ပါတယ် ငါ အမြင်မှားတယ် ထင်နေတာ စစ်ကူ ဒီလောက် မြန်မြန် ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး ငါ့ရွေးချယ်မှု မှန်ကန်ခဲ့တာပဲ"

"ငါ့ကို ထားလိုက်ပါ ရန်သူကို ဒီမှာ ပိတ်မိနေအောင် လုပ်ထားတယ် သူတို့ကို ရှာပြီး သတ်ပစ်လိုက်ပါ ဒါပေမဲ့ တစ်ယောက်ကို သတိထားနော် ကောင်းဘွိုင် ဦးထုပ်ဆောင်းပြီး သေနတ်ကိုင်ထားတဲ့ လူ..."

"နောက်ကျသွားပြီ ရန်သူ ထွက်ပြေးသွားပြီ မင်းကို အရင် ကယ်ရမယ်"

ယန်ကျန့် ပြောလိုက်သည်။

သူ ခံစားမိသည်။ မာကျွင်းကို သတ်ပြီးတာနဲ့ ရန်သူတွေ တာဖူမြို့ကနေ ထွက်ခွာသွားကြပြီ။

မာကျွင်း အသက်ပေးပြီး လုပ်ခဲ့တာတွေက ထင်သလောက် ခရီးမရောက်ခဲ့ဘူး။

မာကျွင်း ကြောင်သွားတယ်။ တစ္ဆေနယ်မြေ ကို စစ်ဆေးကြည့်လိုက်တော့ ရန်သူတွေ မရှိတော့တာ တွေ့လိုက်ရတယ်။

"နေဦး... တစ်ခုခု မှားနေတယ် ငါ အခုလေးတင် အသတ်ခံလိုက်ရတာလေ ဘယ်လိုလုပ် သူတို့ ဒီလောက် မြန်မြန် ထွက်ပြေးသွားနိုင်မှာလဲ"

ယန်ကျန့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။

"မင်း သေသွားတာ ၅ မိနစ် ရှိပြီ ငါ အချိန်ကို ပြန်လှည့်ပြီး မင်းကို ပြန်ကယ်လိုက်တာ မင်း သေနေတဲ့ ၅ မိနစ် အတွင်း သူတို့ ထွက်ပြေးသွားတာ မဆန်းပါဘူး ငါ့စစ်ကူက မင်း ထင်သလောက် မမြန်ဘူး"

"ငါ သေသွားတာ ၅ မိနစ် ရှိပြီ ဟုတ်လား"

မာကျွင်း မျက်လုံး အံ့သြလွန်းလို့ ပြူးကျယ်သွားသည်။ ၅ မိနစ်လောက် သေပြီးမှ ပြန်ရှင်လာတယ် ဆိုတာ ယုံနိုင်စရာ မရှိဘူး။

အချိန်ကို ပြောင်းလဲပြီး သေလူကို ပြန်ရှင်စေတာလား။ ဒါ တရားဥပဒေစိုးမိုးရေး ခေါင်းဆောင်ရဲ့ စွမ်းအားလား။

"အရမ်း မအံ့သြပါနဲ့ အချိန်ကို ပြန်လည်စတင်ခြင်း လုပ်တာက စွမ်းအားကြီးတဲ့ တစ္ဆေတွေ လုပ်နိုင်တဲ့ ကိစ္စပါ မင်း အခြေအနေကို မင်း ဂရုစိုက်ပါဦး ငါ့တစ္ဆေလက်တွေက အမြဲတမ်း ဖိနှိပ်ပေးထားနိုင်မှာ မဟုတ်ဘူး နာရီဝက်လောက် နေရင် မင်း တစ္ဆေနိုးထပြီး ပြန်သေလိမ့်မယ်"

ယန်ကျန့် ပြောလိုက်သည်။

"ငါ သိပါတယ် ငါ သေရတော့မှာပါ"

မာကျွင်း မျက်နှာ ပျက်သွားကာ သေနတ်မှန်တဲ့ ကိစ္စကို ပြောပြလိုက်သည်။

"ဆိုင်မွန် ဆိုတဲ့ကောင်က ငါ့ကို သေနတ်နဲ့ ပစ်လိုက်တာ အဲဒီကျည်ဆန်က တစ္ဆေတစ်ကောင် ဖြစ်နေတယ် ငါ့ခန္ဓာကိုယ်ထဲ ဝင်လာပြီး ဟန်ချက်ပျက်အောင် လုပ်လိုက်တာ ဒါ့ကြောင့် ငါ ဒီလို ဖြစ်သွားရတာ"

"သြော်... ဒါကြောင့်ကိုး ငါက မင်း စွမ်းအား အကုန်သုံးပြီး တိုက်လို့ တစ္ဆေနိုးထတယ် ထင်နေတာ အတင်းအကျပ် နိုးထအောင် လုပ်ခံလိုက်ရတာကိုး တစ်ဖက်လူက ယုတ်မာလိုက်တာ တစ္ဆေကို ကျည်ဆန်အဖြစ် သုံးပြီး ပစ်တယ် ထိမှန်တာနဲ့ ဟန်ချက်ပျက်ပြီး သေသွားနိုင်တယ် ခေါင်းဆောင်တွေတောင် ထိရင် မလွယ်ဘူး"

ဒီနိုင်ငံခြားသားက တော်တော် ဉာဏ်များကာ ဒီလို လက်နက်မျိုး တီထွင်ထားသည်။

"ယန်ကျန့် ငါ မရှင်နိုင်တော့ပါဘူး ငါ့ကို ထားခဲ့လိုက်ပါ တခြားမြို့တွေကို သွားကူလိုက်ပါ ဘုရင်အဖွဲ့အစည်း က ငါတစ်ယောက်တည်းကို ပစ်မှတ်ထားတာ မဟုတ်လောက်ဘူး တခြား တာဝန်ခံတွေလည်း အတိုက်ခိုက်ခံရနိုင်တယ်"

မာကျွင်း ပြောလိုက်သည်။

"မင်းပြောတာ ငါ သိတယ် ဒါပေမဲ့ ငါ ပြန်လည်စတင်ခြင်းတောင် လုပ်ပြီးပြီ မင်းကို ဒီအတိုင်း ပစ်ထားလိုက်ရင် နှမြောစရာ ကောင်းတယ် ကယ်ပြီ ဆိုမှတော့ ဆုံးခန်းတိုင်အောင် ကယ်လိုက်တော့မယ်"

ယန်ကျန့် တစ်စုံတစ်ရာကို သတိရသွားသည်။ ခြေအောက်က ရေအိုင်ထဲကနေ ဖြူဖျော့တဲ့ လက်တစ်ဖက် ထွက်လာတယ်။

လက်ထဲမှာ ဆေးထုပ်တစ်ထုပ် ပါလာတယ်။

ယန်ကျန့် ယူလိုက်တော့ လက်က ရေထဲ ပြန်ဝင်သွားတယ်။

"ဆေးဆိုင်ပိုင်ရှင် အဘိုးကြီးက ငါ့ကို ဆေး ၃ ထုပ် ပေးထားတယ် တစ္ဆေနိုးထတာကို နှောင့်နှေးစေတယ် တစ်ထုပ်ကို ပိုင်ဆွေမြို့က လျိုချီ ဆီမှာ သုံးလိုက်ပြီ ဒါ ဒုတိယ တစ်ထုပ်..."

နှမြောပေမယ့် ယန်ကျန့် ဆေးထုပ်ကို မာကျွင်း ပါးစပ်ထဲ ထိုးထည့်လိုက်တယ်။

"ဒါကို စားလိုက် တစ္ဆေနိုးထတာကို နှောင့်နှေးစေလိမ့်မယ် ဘယ်လောက်ကြာကြာ ခံမလဲတော့ မသိဘူး"

မာကျွင်း မငြင်းတော့ဘဲ စက္ကူပါ မခွာဘဲ ဝါးစားလိုက်တယ်။

ချက်ချင်းပင်...မယုံနိုင်စရာ ကောင်းလောက်အောင် မာကျွင်း ခန္ဓာကိုယ်ထဲက တစ္ဆေနိုးထမှုတွေ လျော့ကျသွားတယ်။ ပိုမို စွမ်းအားကြီးတဲ့ အရာတစ်ခုက တစ္ဆေတွေကို ငြိမ်သက်သွားစေတယ်။

ဆေးစွမ်းပြသွားပြီ။

ဒါပေမဲ့ ဒီဆေးက အချိန်အတိုင်းအတာ တစ်ခုထိပဲ ခံမယ် ဆိုတာ မာကျွင်း ခံစားမိတယ်။ အချိန်တန်ရင် တစ္ဆေနိုးထပြီး သေမှာပဲ။

ယန်ကျန့် တစ္ဆေလက်တွေကို ပြန်ရုပ်သိမ်းလိုက်တယ်။

"မင်း ကံကောင်းတယ် ပထမဆုံး တိုက်ခိုက်ခံရတဲ့ တာဝန်ခံ ဖြစ်လို့ နောက်လူတွေ ဆိုရင် ဒီလောက် ကံကောင်းမှာ မဟုတ်ဘူး"

ဆေးက တစ်ထုပ်ပဲ ကျန်တော့သည်။ လွယ်လွယ်ကူကူ သုံးလို့ မဖြစ်တော့ဘူး။

"ကျေးဇူးတင်ပါတယ်" မာကျွင်း မတ်တတ်ထရပ်လိုက်တယ်။ အခြေအနေ ကောင်းသွားလို့ ကျေးဇူးတင်နေသည်။

ယန်ကျန့် ဆက်ပြောလိုက်သည်။

"လီကျွင်း နဲ့ လျိုစန်း ကို တာဖူမြို့ လာခိုင်းထားတယ် မင်း သူတို့ကို ကူညီပေးလိုက် တာဖူမြို့က တစ္ဆေသင်္ဘော ကမ်းကပ်မယ့် နေရာ ဖြစ်နိုင်တယ် ဘုရင်အဖွဲ့အစည်း ဝင်ရောက်လာမှာကို သတိထားရမယ် ငါ သွားတော့မယ် ဒီမှာ အချိန်ဖြုန်းနေလို့ မရဘူး ပြီးတော့ မင်း ပြန်ရှင်လာတဲ့ ကိစ္စကို လျှို့ဝှက်ထားပါ တတ်နိုင်သမျှ ကြာကြာ ဖုံးကွယ်ထားပါ ရက်အနည်းငယ်လောက် သေချင်ယောင် ဆောင်နေလိုက်"

ရန်သူတွေ ထွက်ပြေးသွားပြီ ဆိုတော့ သူ ဆက်နေစရာ အကြောင်း မရှိတော့ဘူး။

မှာစရာ ရှိတာ မှာပြီး ယန်ကျန့် ထွက်ခွာသွားသည်။

"ရက်အနည်းငယ် သေချင်ယောင် ဆောင်နေရမယ် ဟုတ်လား ဒါဆို မနက်ဖြန် ရုံးမတက်ရတော့ဘူးပေါ့"

မာကျွင်း မျက်မှောင်ကြုတ်လိုက်သည်။ ပြန်ရှင်လာတာကို သိပ်မပျော်သလို ဖြစ်နေသည်။

တချိန်တည်းမှာပင်...

တာဖူမြို့သို့ သွားနေသော လီကျွင်းနှင့် လျိုစန်း တို့သည် လမ်းကြောင်းပြောင်းပြီး အခြားဘက်သို့ ဦးတည်သွားကြသည်။

"လီကျွင်း ငါတို့ တာဖူမြို့ကို သွားသင့်တယ် မာကျွင်း တိုက်ခိုက်ခံရတယ် ဆိုတဲ့ သတင်း ရပြီးပြီလေ အခု လမ်းကြောင်းပြောင်းတာ မကောင်းဘူး"

လျိုစန်း ဖျောင်းဖျလိုက်သည်။ သူက စက္ကူလူ ဖြစ်နေလို့ လီကျွင်းကို တားမရဘူး။

"သူတို့ မာကျွင်းကို သတ်ပြီး ထွက်ပြေးသွားကြပြီ အခု တာဖူမြို့ သွားရင် အလကား ဖြစ်သွားလိမ့်မယ် လမ်းတစ်ဝက်ကနေ ဖြတ်တိုက်မှ သူတို့ အကြံအစည်ကို တားဆီးနိုင်မယ် ငါ အာရုံရနေတယ် ဟိုဘက်မှာ... လိုက်သွားရင် မိမှာ သေချာတယ်"

လီကျွင်း မျက်နှာ မည်းမှောင်နေသည်။ အဝေးကို စိုက်ကြည့်နေသည်။ ရန်သူကို မြင်နေရသလိုပင်။

"မင်း အကဲဖြတ်တာ ဟုတ်နိုင်ပါတယ် ဒါပေမဲ့ ရန်သူက တာဖူမြို့မှာ ကျန်နေခဲ့ရင် ဘယ်လိုလုပ်မလဲ" လျိုစန်း ခေါင်းခါလိုက်သည်။

"အာ့ဟုန်... မင်း လီကျွင်းကို ပြောပါဦး"

"လျိုစန်း မင်း လီကျွင်းကို ယုံလိုက်ပါ သူက ချိန်ချောင်ယန် ရဲ့ တစ္ဆေကို ထိန်းချုပ်ထားတာ တစ္ဆေထိန်းကျောင်းသူ အသစ်ပဲ တစ္ဆေတွေကို အာရုံခံနိုင်စွမ်း ရှိတယ် မမှားနိုင်ဘူး"

အာ့ဟုန် က ဝင်ပြောလိုက်သည်။

"ဒါပေမဲ့ ရန်သူနဲ့ တွေ့ရင် ငါတို့ အင်အား မလုံလောက်ဘူးလေ ငါက စက္ကူလူပဲ ရှိတာ စွမ်းအား အပြည့် မသုံးနိုင်ဘူး"

လျိုစန်း ပြောလိုက်သည်။

"ငါ မင်းတို့ကို ဒုက္ခ မရောက်စေချင်ဘူး ဒါ့ကြောင့် ခဏ စောင့်ကြည့်ပါဦး နောက်ထပ် ခေါင်းဆောင် တစ်ယောက်လောက် လာကူညီမှ၊ ဒါမှမဟုတ် ငါ့ကိုယ်အစစ် ရောက်လာမှ သွားကြမယ်"

"မစောင့်နိုင်တော့ဘူး ခေါင်းဆောင်တိုင်းမှာ အလုပ်ကိုယ်စီ ရှိကြတယ် အကူအညီ တောင်းတာက သူများကို ဝန်ပိစေတာပဲ ကိုယ့်ဘာသာ ဖြေရှင်းရမယ်"

လီကျွင်း ငြင်းပယ်လိုက်သည်။ ရန်သူကို တွေ့နေရပြီ ဖြစ်သဖြင့် လက်မလွှတ်ချင်ပေ။

အခန်း (၁၄၂၈) ညပိုင်း လှုပ်ရှားမှု

ယန်ကျန့် တာဖူမြို့သို့ ရောက်သွားသော်လည်း ဘုရင်အဖွဲ့အစည်း ဝင်များကို ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် တာဝန်ခံ မာကျွင်း ကို ကယ်တင်နိုင်ခဲ့သဖြင့် အလကားတော့ မဖြစ်ခဲ့ပေ။

"မာကျွင်းကို လုပ်ကြံတဲ့ တရားခံကို လိုက်ရှာဖို့ အချိန်ဖြုန်းမနေတော့ဘူး ဒီည ကိစ္စတွေ အများကြီး ဖြစ်လာတော့မယ်လို့ ငါ ခံစားနေရတယ် ဘုရင်အဖွဲ့အစည်း က လူတွေ စီစဉ်ထားပြီး လှုပ်ရှားနေတာ ကြည့်ရတာ သူတို့ စိတ်မရှည်တော့ဘူး တစ္ဆေသင်္ဘောကိုပဲ အားကိုးမနေတော့ဘဲ ငါတို့ အင်အားကို ကြိုတင် လျှော့ချပစ်ချင်နေကြတာ"

"ဒါပေမဲ့ သူတို့ မသိတာက ငါတို့ ခေါင်းဆောင်တွေ အားလုံး စုစည်းထားပြီးပြီ ဆိုတာပဲ တာတုန်းမြို့မှာ ခံစစ်စည်း တည်ဆောက်ထားပြီးပြီ သူတို့သာ ငါတို့ အစည်းအဝေး လုပ်နေတယ် ဆိုတာ သိရင် မာကျွင်းကို လုပ်ကြံဖို့ သတ္တိရှိကြမှာ မဟုတ်ဘူး ဒါ့ကြောင့် ဒါက အန္တရာယ်လည်း ဖြစ်သလို အခွင့်အရေးလည်း ဖြစ်တယ်"

"ငါတို့ ကောင်းကောင်း တုံ့ပြန်နိုင်ရင် ဒီတစ်ခေါက် ဘုရင်အဖွဲ့အစည်း ကို အထိနာသွားစေနိုင်တယ်"

ယန်ကျန့် တာတုန်းမြို့ရှိ အဆောက်အအုံ တစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်ရင်း စဉ်းစားနေသည်။ အခြေအနေကို သုံးသပ်ကြည့်ပြီးနောက် အခွင့်အရေးကို မြင်လာသည်။

မာကျွင်း တိုက်ခိုက်ခံရခြင်းသည် ဆိုးရွားသော ကိစ္စ မဟုတ်ဘဲ ကောင်းသော ကိစ္စဟု ယူဆသည်။ တစ်ဖက်လူက ရေလွှမ်းမိုးခြင်း စီမံကိန်း ကြောင့် ကြောက်လန့်သွားပြီး အသေအလဲ မတိုက်ရဲတော့ဘဲ ကြိုတင် လှုပ်ရှားလာခြင်း ဖြစ်သည်။

ဒါသည် ဌာနချုပ် အတွက် အခွင့်အရေး ဖြစ်သည်။

ယန်ကျန့် နင်းအန်း အဆောက်အအုံ သို့ ချက်ချင်း ပြန်သွားသည်။

ခေါင်းဆောင်များ အားလုံး စောင့်ဆိုင်းနေကြသည်။

"ယန်ကျန့် တာဖူမြို့ အခြေအနေ ဘယ်လိုလဲ" လုကျီဝမ် မေးလိုက်သည်။

ဟဲယင်အာ ကလည်း "ရန်သူကို မိလား သတ်လိုက်ပြီလား" ဟု မေးသည်။

ယန်ကျန့် အကျဉ်းချုံး ရှင်းပြလိုက်သည်။

"သူတို့ မာကျွင်းကို လုပ်ကြံရဲတယ် ဆိုကတည်းက ငါတို့ စုစည်းထားတာကို မသိသေးဘူး ဆိုတဲ့ သဘောပဲ သူတို့က လက်ဦးမှု ယူလိုက်လို့ ငါတို့ နည်းနည်း နစ်နာသွားတယ် ဒါပေမဲ့ ဒီည ပြန်တိုက်ရမယ် သူတို့ ဆက်ပြီး လှုပ်ရှားဦးမှာ"

ဝမ်ချာလင်း မတ်တတ်ထရပ်ပြီး ပြောလိုက်သည်။

"သူတို့က ကမူးရှူးထိုး လုပ်နေကြတာပဲ နောက်ဆုံး တိုက်ပွဲကြီးကို မစောင့်ရဲတော့လို့ ကြိုတင် လှုပ်ရှားတာပဲ ခေါင်းဆောင် ၁၁ ယောက်နဲ့ 'ဘုရင်' ၁၄ ပါး တိုက်ရမှာ ဆိုတော့ ဘယ်သူနိုင်မလဲ မသေချာဘူးလေ ပြီးတော့ ငါတို့မှာ ရေလွှမ်းမိုးခြင်း စီမံကိန်း လည်း ရှိသေးတယ် ယန်ကျန့်က 'ဘုရင်' တစ်ပါးကို သတ်လိုက်တာကလည်း သူတို့ကို စိတ်ဓာတ်ကျစေတာပဲ"

"ဒါ့ကြောင့် အပေးအယူ ကိစ္စကို အခွင့်ကောင်းယူပြီး ငါတို့ အင်အားကို ခွဲထုတ်လိုက်တာ လုကျီဝမ် ပြောတာ မှန်တယ် အပေးအယူက ဟန်ပြပဲ ဒီည လှုပ်ရှားမှုတွေကို ဖုံးကွယ်ချင်လို့ လုပ်တာ မာကျွင်းကို တိုက်ခိုက်တာက အစပဲ ရှိသေးတယ် တခြား တာဝန်ခံတွေလည်း အန္တရာယ် ရှိနေပြီ"

"မှန်တယ်"

လုကျီဝမ် ခေါင်းငြိမ့်လိုက်သည်။

"ဒါ သူတို့ရဲ့ တကယ့် ရည်ရွယ်ချက်ပဲ ငါတို့ စုစည်းထားတာကို မသိသေးခင် ဒီညက ပြန်တိုက်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"ယန်ကျန့် ဘာစောင့်နေဦးမှာလဲ စလိုက်ကြစို့"

ဟဲယင်အာ စိတ်မရှည် ဖြစ်နေသည်။

ယန်ကျန့် ပြောလိုက်သည်။

"သူတို့က ဒီည တာဝန်ခံတွေကို လိုက်သတ်ပြီး ငါတို့ကို အင်အားချိနဲ့သွားအောင် လုပ်ချင်နေတာ ဆိုတော့ ဘုရင်တွေ ဦးဆောင်ပြီး လာကြမှာ သေချာတယ် ဒါ့ကြောင့် တစ်ယောက်တည်း မသွားကြနဲ့ နှစ်ယောက် တစ်တွဲ သွားရမယ် ဟဲယင်အာ... မင်းက ကျိုးဒန် နဲ့ တွဲလိုက် ဝမ်ချာလင်း... မင်းက လုကျီဝမ် နဲ့ တွဲလိုက် ငါနဲ့ ဟဲယွဲ့လျန် ကတော့ တစ်ယောက်တည်း သွားမယ်"

"မင်းကတော့ ထားလိုက်ပါတော့ သူက အဆင်ပြေပါ့မလား တစ္ဆေပန်းချီကား က ကြောက်စရာ ကောင်းပေမယ့် သူက လူသစ်လေ"

ဟဲယင်အာ သံသယ ဝင်နေသည်။

"အဆင်ပြေမပြေ ဒီည ပြီးရင် သိရမှာပါ" ယန်ကျန့် ပြောလိုက်သည်။

လုကျီဝမ် မြေပုံတစ်ချပ် ထုတ်လိုက်ပြီး ရှင်းပြလိုက်သည်။

"ယန်ကျန့် အစီအစဉ်ကို သဘောတူတယ် ဒီည ခေါင်းဆောင်တွေ အကုန် ထွက်ပြီး ဘုရင်အဖွဲ့အစည်း ကို လိုက်ရှာကြမယ် 'ဘုရင်' တစ်ပါးလောက် သတ်နိုင်ရင် ငါတို့ မရှုံးဘူး ငါနဲ့ ဝမ်ချာလင်း က တာတုန်းမြို့ကနေ ဒီလမ်းကြောင်းအတိုင်း သွားမယ်"

သူ လမ်းကြောင်းတစ်ခု ဆွဲပြလိုက်သည်။ မြို့ငယ်လေးတွေ ဖြတ်သွားတဲ့ လမ်းကြောင်း ဖြစ်သည်။

"ငါက ဒီလမ်းကြောင်းအတိုင်း သွားမယ်" ဟဲယင်အာ လည်း လမ်းကြောင်းတစ်ခု ဆွဲပြလိုက်သည်။

ဟဲယွဲ့လျန် ပြောလိုက်သည်။

"ငါက တာအိုမြို့ဘက်ကို တာဝန်ယူမယ် ငါ့တစ္ဆေနယ်မြေက ကျယ်တော့ ဒီဧရိယာ တစ်ခုလုံးကို လွှမ်းခြုံနိုင်တယ်"

"ငါက ပင်လယ်မြို့ဘက်ကို သွားမယ် တာဖူမြို့နားမှာ လီကျွင်း နဲ့ လျိုစန်း ရှိနေပြီ ဆိုတော့ ပြဿနာ မရှိလောက်ဘူး အကူအညီ လိုရင် ငါ့ကို ဒါမှမဟုတ် ဟဲယွဲ့လျန် ကို ဆက်သွယ်လိုက် ငါတို့က အမြန်ဆုံး ရောက်လာနိုင်တယ်"

ယန်ကျန့် ပြောလိုက်သည်။

"ချောင်ယန် နဲ့ လင်းပေ တို့ အဆင်ပြေပါ့မလား"

ဟဲယင်အာ စိုးရိမ်စွာ မေးလိုက်သည်။

"အဆင်မပြေလည်း သူတို့ဘာသာ ရှင်းရမှာပဲ ခေါင်းဆောင် ၃ ယောက် အတူတူ ရှိနေတာ ဆိုတော့ ငါတို့ထက် လုံခြုံပါသေးတယ် မတုံ့ဆိုင်းကြနဲ့တော့ အခုပဲ သွားကြမယ် တစ်မိနစ် နောက်ကျရင် တာဝန်ခံ တစ်ယောက် အသတ်ခံရနိုင်တယ်"

"လုကျီဝမ် သွားကြစို့"

ဝမ်ချာလင်း သူ့အဘိုးကို ခေါ်ထုတ်လိုက်ပြီး တစ္ဆေနယ်မြေ သုံးကာ ထွက်ခွာသွားသည်။

"ငါလည်း သွားပြီ"

ဟဲယွဲ့လျန် ပျောက်ကွယ်သွားသည်။

ဟဲယင်အာ ကျိုးဒန်ကို ကြည့်ပြီး မေးလိုက်သည်။

"မင်းမှာ တစ္ဆေနယ်မြေ ရှိလား"

"ရှိတာပေါ့ ငါ့ကို အထင်မသေးနဲ့" ကျိုးဒန် ပြန်ပြောလိုက်သည်။

"ဒါဆို သွားကြမယ်"

ယန်ကျန့် တားလိုက်သည်။

"ကျိုးဒန် နေဦး"

"ဘာဖြစ်လို့လဲ" ကျိုးဒန် ရပ်လိုက်သည်။

"ဘယ်လို အခြေအနေမျိုးပဲ ရောက်ရောက် ဟဲယင်အာ ကို ကာကွယ်ပေးရမယ် သူက ဝိညာဉ်ခေါ်သူလေ ဌာနချုပ်အတွက် အရေးကြီးတယ် ကျန်းကျွင်း အသတ်ခံရပေမယ့် သူ့အလောင်း ပြန်ရရင် ဟဲယင်အာက ပြန်ခေါ်ပေးနိုင်တယ် တခြား ခေါင်းဆောင်တွေ သေရင်လည်း သူတို့ ပစ္စည်းတွေကို သုံးပြီး ပြန်ခေါ်ပေးနိုင်တယ် အဲဒီလိုဆိုရင် ငါတို့ အဖွဲ့က ဘယ်တော့မှ ပျက်စီးမှာ မဟုတ်ဘူး အခြေအနေ ဆိုးသွားမှာ မဟုတ်ဘူး"

"နားလည်ပါပြီ စိတ်ချပါ ငါ သူ့ကို ကာကွယ်ပေးပါ့မယ်"

ကျိုးဒန် လေးလေးနက်နက် ခေါင်းငြိမ့်လိုက်သည်။

"မင်းကို ယုံလို့ ဟဲယင်အာ နဲ့ တွဲပေးလိုက်တာ"

ယန်ကျန့် ပြောလိုက်သည်။

ကျိုးဒန် အံ့သြသွားသည်။ ယန်ကျန့်က သူ့ကို ဒီလောက် ယုံကြည်လိမ့်မယ်လို့ မထင်ထားဘူး။

"ငါလည်း သွားတော့မယ်"

ယန်ကျန့် မှာစရာ ရှိတာ မှာပြီး ထွက်ခွာသွားသည်။

ဟဲယင်အာ ယန်ကျန့် ထွက်သွားတာကို ကြည့်ပြီး ကျိုးဒန်ကို ပြောလိုက်သည်။

"မင်း ကိုယ့်ကိုယ်ကိုယ် အရင် ဂရုစိုက်ပါ မင်းက ခေါင်းဆောင် နေရာကို ကံကောင်းလို့ ရလာတာ ငါ သိတယ် ဒါပေမဲ့ သတိပေးလိုက်မယ် ငါ့ကို ဒုက္ခ မပေးနဲ့ မဟုတ်ရင် ငါ သည်းခံမှာ မဟုတ်ဘူး"

"ဟုတ်ကဲ့ပါ မင်းပြောတာ မှန်ပါတယ် သွားကြစို့ အချိန်မဖြုန်းပါနဲ့တော့"

ကျိုးဒန် မိန်းမတွေနဲ့ ရန်မဖြစ်ချင်လို့ အလျှော့ပေးလိုက်ပြီး ဟဲယင်အာကို ခေါ်ကာ ထွက်ခွာသွားသည်။

ခေါင်းဆောင်များ အားလုံး ထွက်ခွာသွားကြပြီ။ ဘုရင်အဖွဲ့အစည်း ကို တားဆီးရန် ပြင်ဆင်နေကြပြီ။

ယန်ကျန့် ပထမဆုံး လှုပ်ရှားသည်။ တစ္ဆေနယ်မြေ သုံးပြီး သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း မြို့ငယ်လေး တစ်မြို့သို့ ရောက်ရှိလာသည်။

ဒီမြို့မှာ တာဝန်ခံ မရှိပေမယ့် တစ္ဆေမျက်လုံး နဲ့ ကြည့်လိုက်တော့ ပုန်းအောင်းနေတဲ့ တစ္ဆေဆရာ ၃ ယောက်ကို တွေ့လိုက်ရတယ်။

အဆောက်အအုံ ခေါင်မိုးပေါ်မှာ မီးပုံဖိုပြီး စကားပြောနေကြတယ်။

"ဘုရင်အဖွဲ့အစည်းက ရူးနေပြီ ဒီည တာဝန်ခံတွေကို လိုက်သတ်ခိုင်းနေတယ် ငါက အားကိုးစရာ ရှာချင်လို့ ဝင်လာတာ ဒီလို အရှုပ်အထွေးတွေထဲ ပါချင်လို့ မဟုတ်ဘူး"

မျက်နှာ ဖြူဖျော့နေတဲ့ လူငယ်တစ်ယောက်က ညည်းညူနေတယ်။

"စစ်တိုက်ရင် အောက်ခြေလူတန်းစားတွေ အရင် သေတာပဲ ငါတို့ ဒီမြို့မှာ ပုန်းနေရင် အန္တရာယ် မရှိလောက်ပါဘူး တာဝန်ခံလည်း မရှိဘူး ဆိုတော့ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး ဘုရင်အဖွဲ့အစည်း ကလည်း ငါတို့ကို လိုက်စစ်ဆေးနေမှာ မဟုတ်ဘူး"

နောက်တစ်ယောက်က ဝင်ပြောတယ်။

"ဟုတ်တယ် ငါတို့က လူကောင်သေးလေးတွေပါ ပုန်းနေရင် ဘာမှ ဖြစ်မှာ မဟုတ်ဘူး"

နောက်ဆုံးတစ်ယောက်က ထောက်ခံလိုက်တယ်။

သူတို့က အခြေအနေ ကြည့်ပြီး ဘက်ပြောင်းတတ်တဲ့ လူတွေပဲ။ ဘုရင်အဖွဲ့အစည်း အားကောင်းတယ် ဆိုပြီး ဝင်လာကြတာ။ ဒါပေမဲ့ အလကား မရဘူး။ တာဝန်တွေ လုပ်ပေးရမယ်။ တာဝန်ခံ တစ်ယောက်ကို သတ်တာ၊ ဒါမှမဟုတ် သဘာဝလွန် ဖြစ်ရပ် တစ်ခု ဖန်တီးတာတွေ လုပ်ပေးရမယ်။

သူတို့က အားနည်းတော့ တာဝန်ခံကို မသတ်ရဲဘူး။ ဒါ့ကြောင့် ဒီမြို့မှာ သဘာဝလွန် ဖြစ်ရပ် တစ်ခု ဖန်တီးဖို့ ရောက်လာကြတာ။

ဒါပေမဲ့ ချက်ချင်း မလုပ်ရဲသေးဘူး။ ပုန်းအောင်းပြီး အခြေအနေ စောင့်ကြည့်နေကြတာ။

စကားပြောနေတုန်း မီးပုံက အရောင်ပြောင်းသွားတယ်။ အစိမ်းရောင် ဖြစ်သွားတယ်။

အပူချိန် မရှိတော့ဘဲ အေးစက်လာတယ်။ ဒါပေမဲ့ မီးရောင် ဟပ်လိုက်တော့ ခန္ဓာကိုယ်တွေ ပူလောင်လာသလို ခံစားရတယ်။

"ဒါ... တစ္ဆေမီး လား" လူငယ်တစ်ယောက် သတိထားမိလိုက်တယ်။

တစ္ဆေမီး ဆိုတာ လီကျွင်းရဲ့ သင်္ကေတပဲ။ ခေါင်းဆောင် လီကျွင်း ရောက်လာပြီလို့ ထင်လိုက်ကြတယ်။

ဒါပေမဲ့ သူတို့ သတင်း အဟောင်းတွေပဲ ရထားတာ။ အခု တစ္ဆေမီး ပိုင်ရှင်က ယန်ကျန့် ဖြစ်နေပြီ။

"လီကျွင်း ရောက်လာတာလား ပြေးကြ"

သူတို့ ထွက်ပြေးဖို့ ပြင်လိုက်ကြတယ်။

ဒါပေမဲ့ တစ္ဆေမီး က ရုတ်တရက် ကြီးထွားလာပြီး ခေါင်မိုးတစ်ခုလုံးကို ဝါးမြိုလိုက်တယ်။ သူတို့ ၃ ယောက်လုံး မီးထဲ ပါသွားတယ်။

"မသတ်ပါနဲ့ ဘုရင်အဖွဲ့အစည်း အကြောင်းတွေ ပြောပြပါ့မယ် ငါတို့ ဘာမှ မလုပ်ရသေးပါဘူး..."

တစ်ယောက်က အော်ဟစ် အသနားခံပေမယ့် အသံတိတ်သွားတယ်။

မီးလောင်ကျွမ်းပြီး ပြာကျသွားကြတယ်။

မီးငြိမ်းသွားပြီး ရေအိုင်ထဲ နစ်မြုပ်သွားကြတယ်။

အလောင်း ၃ လောင်း နစ်မြုပ်သွားပြီးနောက်...

နိုင်ငံခြား မြစ်တစ်စင်းထဲကနေ တစ္ဆေ ၃ ကောင် ကုန်းပေါ် တက်လာကြတယ်။

"တစ္ဆေရေကန် ပြည့်နေပြီ ဆိုတော့ ဝင်လာသလောက် ပြန်လွှတ်ပေးရမှာပဲ"

ယန်ကျန့် တွေးပြီး ထွက်ခွာသွားတယ်။

ဒီည အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး။ ဘုရင်အဖွဲ့အစည်း ကို အထိနာအောင် လုပ်ရမယ်။

" ဘုရင်တစ်ပါးလောက် မိရင် ကောင်းမယ် မဟုတ်ရင် တွက်ခြေမကိုက်ဘူး"

တချိန်တည်းမှာပင်...

လီကျွင်း နဲ့ လျိုစန်း တို့က မြို့ငယ်လေး တစ်ခုမှာ လူတစ်ယောက်ကို တားဆီးလိုက်ကြတယ်။

"နေဦး... သူတို့ ငါတို့ကို တွေ့သွားပြီ စောင့်နေကြတယ် လီကျွင်း သတိထား"

လျိုစန်း သတိပေးလိုက်တယ်။

လမ်းမအလယ်မှာ ကောင်းဘွိုင် ဦးထုပ် ဆောင်းထားပြီး မုတ်ဆိတ်မွေးတွေနဲ့ နိုင်ငံခြားသား တစ်ယောက် ရပ်နေတယ်။ အေးစက်စက် ပြုံးနေတယ်။

"မိတ်ဆွေတို့... မင်းတို့ လိုက်မလာသင့်ဘူး ငါ့အစီအစဉ်အရ ဒီနေ့ ခေါင်းဆောင်တွေနဲ့ တိုက်ခိုက်ဖို့ မရည်ရွယ်ထားဘူး"

All Chapters