← Chapters

ဆရာကြီးရှေ့တွင် ဆရာလုပ်ခြင်း

Vol. 27 Ch. 265

ဆရာကြီးရှေ့တွင် ဆရာလုပ်ခြင်း

Vol. 27 Ch. 265

"၉ လွှာကို တန်းတက်ကြတာပေါ့"

ရှန်းချန်ကောက အနည်းငယ် ခေါင်းညိတ်ပြပြီး အရေးမစိုက်သော လေသံဖြင့် ပြောလိုက်လေသည်။

သူသည် ယနေ့ကြုံတွေ့ရမည့် အခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးသား ဖြစ်သဖြင့် အံ့သြခြင်း မရှိပေ။

ဖုန်းလင်းတန်သည် ရှန်းချန်ကော၏ဂရုမစိုက်သော အမူအရာကို မြင်လိုက်ရသောအခါ လေးစားမိသွားပေသည်။

ကုမျိုးနွယ်စု၏ ဆက်ခံသူတစ်ဦးရှေ့တွင်ပင် ဤမျှ တည်ငြိမ်အေးဆေး နေနိုင်သေးသည်ပါလား။ သူ၏ စိတ်နေသဘောထားမှာ အလွန်ပင် မြင့်မြတ်လွန်းလှပေသည်။

ထို့နောက် သူသည် ရှန်းချန်ကော၏ စမ်းသပ်မှုများကို တွေးမိပြီး မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာလေသည်။ သူသည် ကုနန်ဖုန်းအတွက် အနည်းငယ် သနားမိသလို ခံစားလိုက်ရသည်။

ကုနန်ဖုန်းအနေဖြင့် သူ မည်ကဲ့သို့သော သတ္တဝါဆန်းကို သွားရောက်ရန်စမိမှန်း သိမည်မဟုတ်ပေ။

ထို့နောက် သူတို့နှစ်ဦးသည် ၉ လွှာသို့ ယှဉ်တွဲလျက် လျှောက်တက်သွားကြပြီး ကောင်းကင် အမှတ် ၁ ခန်းမ၏ အပြင်ဘက်သို့ ရောက်ရှိလာကြလေသည်။

ရှန်းချန်ကောနှင့် ဖုန်းလင်းတန်တို့သည် လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် ခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာကြပေသည်။

ရှန်းချန်ကောသည် ခန်းမဆောင်အတွင်းရှိ အရာအားလုံးကို မြင်တွေ့လိုက်ရလေသည်။ သူတော်စင်အကယ်ဒမီ၏ ပုံစံအတိုင်း တည်ဆောက်ထားသော စားသောက်ဆိုင် ဖြစ်ပေသည်။

အင်မော်တယ်ယစ်မှူး စားသောက်ဆိုင်၏ ပိုင်ရှင်သည် ချမ်းသာပြီး ဂုဏ်သရေရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေလိမ့်မည်။ သာမန်လူများအနေဖြင့် ဤမျှ ကြီးကျယ်ခမ်းနားအောင် ပြုလုပ်နိုင်မည် မဟုတ်ပေ။

ခန်းမဆောင်အတွင်း၌ နံရံများကို လက်ရာမြောက်သော ပုံစံများ ထွင်းထုထားပြီး အလွန်အဖိုးတန်သော လမင်းကျောက်တုံးများဖြင့် စီချယ်ထားလေသည်။

၎င်းတို့သည် လရောင်ကို ထုတ်လွှတ်နေသဖြင့် ခန်းမဆောင်တစ်ခုလုံးကို ကောင်းကင်ယံရှိ လနတ်နန်းတော်တစ်ခုအလား ထင်မှတ်ရစေသည်။

အလွန် အေးချမ်းပြီး လှပလှပေသည်။

ထို့အပြင် ခန်းမဆောင်၏ ကြမ်းခင်းကို နတ်ဘုရားကျောက်စိမ်းများဖြင့် ခင်းကျင်းထားလေသည်။ ၎င်းသည် ကြည်လင်တောက်ပနေပြီး မျက်စိပသာဒ ဖြစ်စေသော ရောင်စဉ်များ ဖြာထွက်နေပေသည်။

ပင်မခန်းမဆောင်အတွင်း ရပ်နေလိုက်သည်နှင့် ကြမ်းပြင်ပေါ်တွင် လူတစ်ယောက်၏ ပုံရိပ်ကို ရှင်းလင်းစွာ ထင်ဟပ်နေသည်ကို မြင်တွေ့နိုင်ပေသည်။

ဖြောင်း... ဖြောင်း... ဖြောင်း...

ထိုအချိန်တွင် ခန်းမဆောင်အတွင်း၌ လက်ခုပ်တီးသံများ ထွက်ပေါ်လာလေသည်။ ကုနန်ဖုန်းသည် ပြုံးလျက် လက်ခုပ်တီးနေခြင်း ဖြစ်ပေသည်။

သူ၏အပြုံးသည် ပြောင်စပ်စပ်နိုင်လှပေ၏။

"ကြိုဆိုပါတယ်... ဧည့်သည်တော်ကြီးနှစ်ပါး။ ခင်ဗျားတို့ ရောက်လာမှပဲ ဒီစားသောက်ပွဲက ပြီးပြည့်စုံသွားတော့တာ"

"မင်္ဂလာပါ သခင်လေးဖုန်း..."

ခန်းမဆောင်အတွင်း၌ လူတိုင်း၏မျက်နှာထားမှာ လေးနက်သွားကြပြီး လက်သီးဆုပ်ကာ ဖုန်းလင်းတန်ကို ဦးညွှတ်လိုက်ကြလေသည်။

သူတို့သည် အလွန်ယဉ်ကျေးပုံရသော်လည်း နေရာမှ လုံးဝမရွေ့ကြသလို မတ်တတ်လည်း မရပ်ကြပေ။

သူတို့သည် သိပ်ပြီး လေးစားမှု မရှိကြောင်း သိသာလှပေသည်။

ယင်းကို မြင်လိုက်ရသော်လည်း ဖုန်းလင်းတန်၏ မျက်နှာထားမှာ နူးညံ့သိမ်မွေ့နေဆဲဖြစ်ပြီး ဒေါသထွက်ခြင်း မရှိပေ။

ကုမျိုးနွယ်စုနှင့် ဖုန်းမျိုးနွယ်စုကြား ဆက်ဆံရေးမှာ မကောင်းလှပေ။ ရှန်းချန်ကောကိစ္စ ဖြစ်ပွားပြီးနောက်တွင် သူတို့၏ ဆက်ဆံရေးသည် ရေခဲမှတ်အထိ ရောက်ရှိသွားပြီး ရေနှင့် မီးကဲ့သို့ ဖြစ်နေပြီဟု ဆိုနိုင်ပေသည်။

ဤလူများအားလုံးသည် ကုမျိုးနွယ်စုနှင့် နီးစပ်သူများဖြစ်ပြီး ကုနန်ဖုန်းကို လေးစားသူများ ဖြစ်ကြသည်။

သဘာဝကျစွာပင် သူတို့သည် ဖုန်းကောင်းကင်မျိုးနွယ်စု၏ သခင်လေးဖြစ်သော သူ့ကို သိပ်ပြီး လေးစားမှု မရှိကြပေ။

ဖုန်းလင်းတန်သည် ဘာမျှမပြောဘဲ ရှန်းချန်ကောဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ယနေ့ပွဲ၏ အဓိကဇာတ်ကောင်မှာ သူမဟုတ်ကြောင်း သူ သိထားလေသည်။

ရှန်းချန်ကောသာလျှင် ဤစားသောက်ပွဲ၏ အဓိကဇာတ်ကောင် ဖြစ်ပေသည်။

"ထိုင်ကြပါဦး..."

ထိုအချိန်တွင် ဘယ်ဘက် ပထမဆုံးထိုင်ခုံ၌ ထိုင်နေသော ဝတ်ရုံနက်လူငယ်သည် ရှန်းချန်ကောနှင့် ဖုန်းလင်းတန်ကို ပြုံး၍ ကြည့်လိုက်လေသည်။

သူသည် လက်ကိုမြှောက်၍ ဝင်ထိုင်ရန် ညွှန်ပြလိုက်ရာ အလွန် ယဉ်ကျေးပျူငှာပုံ ရပေသည်။

သူ ညွှန်ပြနေသော နေရာများမှာ ညာဘက်ခြမ်းရှိ ပထမနှင့် ဒုတိယ နေရာများ ဖြစ်ကြလေသည်။

ထိုနေရာလွတ်နှစ်ခုကို ရှန်းချန်ကောနှင့် ဖုန်းလင်းတန်တို့အတွက် သီးသန့် ချန်ထားခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

ချက်ချင်းပင် ခန်းမဆောင်အတွင်းရှိ လူတိုင်းက သူတို့နှစ်ဦးကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြလေသည်။

ခန်းမဆောင်၏ အမြင့်ဆုံးနေရာတွင် ရှိနေသော ကုနန်ဖုန်း၏မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိပေ။

သူသည်လည်း အောက်ဘက်ရှိ လူနှစ်ယောက်ကို ငုံ့ကြည့်နေလေသည်။

ပြိုင်ပွဲမစမီမှာပင် သူသည် အရှက်ခွဲနေပြီ ဖြစ်ပေသည်။

မှန်ပေသည်။

ဤနေရာထိုင်ခင်း လုပွဲသည် မမြင်ရသော မီးခိုးငွေ့တစ်ခုကဲ့သို့ပင် ဖြစ်ပြီး မမြင်ရသော အရှက်ခွဲမှုတစ်ခုလည်း ဖြစ်ပေသည်။ အမူအရာ ပြောင်းလဲခြင်း မရှိသော်လည်း အရှက်ခွဲမှုမှာ အလွန် ပြင်းထန်လှပေသည်။

၎င်းသည် ဘယ်ဘက်ကို အထွတ်အထိပ် ထားသော ခေတ်ကာလတစ်ခု ဖြစ်ပေသည်။

သို့သော် သူသည် ညာဘက်ခြမ်းရှိ ပထမနှင့် ဒုတိယ နေရာများကို ချန်လှပ်ထားခဲ့လေသည်။

သူသည် အလွန် လေးစားသမှုရှိပြီး ယဉ်ကျေးပုံရသော်လည်း လက်တွေ့တွင်မူ သူတို့ကို နှိမ်ချရန်နှင့် အရှက်ခွဲရန် ကြိုးစားနေခြင်း ဖြစ်ပေသည်။

ရှန်းချန်ကောကို မဆိုထားနှင့်

ဖုန်းမျိုးနွယ်စု၏ ဆက်ခံသူ ဖုန်းလင်းတန်သည်ပင်လျှင် ဤနေရာ၌ မည်သို့ ထိုင်နိုင်ပါမည်နည်း။

အကယ်၍ ဤသည်မှာ ကိုယ့်အဆင့်အတန်းကို နှိမ့်ချခြင်း မဟုတ်လျှင် ဘာဖြစ်ပါမည်နည်း။

"မင်းက ဘယ်သူမို့လို့... ငါ့အထက်မှာ ထိုင်ဖို့ အရည်အချင်းရှိတယ်လို့ ထင်နေတာလဲ"

မျှော်လင့်ထားသည့်အတိုင်းပင် ဖုန်းလင်းတန်၏ မျက်နှာထားမှာ အေးစက်သွားပြီး စကားပြောလိုက်သူကို စူးရှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်လေသည်။

ဤအချိန်တွင် ဖုန်းလင်းတန်သည် မောက်မာသည်၊ လွှမ်းမိုးလိုစိတ်ရှိပြီး ဘဝင်မြင့်နေပေသည်။ သူ၏ အရှိန်အဝါမှာ အလွန်ပြင်းထန်လှသဖြင့် ရှန်းချန်ကောပင် အံ့သြသွားမိသည်။

သူသည် ရှန်းချန်ကော၏ ပါရမီနှင့် စွမ်းအားကြောင့် ရှန်းချန်ကောအပေါ် ယဉ်ကျေးခြင်း ဖြစ်ပေသည်။ အခြားသူများအပေါ်တွင်မူ သူ ဤမျှ ယဉ်ကျေးမည် မဟုတ်ပေ။

ထို့နောက် သူသည် ဘယ်ဘက် ပထမဆုံးထိုင်ခုံဆီသို့ လျှောက်သွားလိုက်လေသည်။

သို့သော် သူ ခြေလှမ်းစလိုက်သည်နှင့် ရှန်းချန်ကော ပြောလိုက်သော စကားကို ကြားလိုက်ရလေသည်။

"အစ်ကိုဖုန်း... သူက အစေခံတစ်ယောက်ပဲလေ၊ ဘာလို့ သူနဲ့ သွားဖက်ပြိုင်နေမှာလဲ။ အလကားနေရင်း ကိုယ့်အဆင့်အတန်း ကိုယ်နှိမ့်ချရာ ရောက်နေပါ့မယ်"

ဖုန်းလင်းတန် တစ်ခဏမျှ ကြောင်အမ်းသွားလေသည်။ ၎င်းသည် ဖြစ်သင့်သည်ဟု သူ ခံစားလိုက်ရသဖြင့် ဘယ်ဘက် ပထမနေရာကို ယူမည့် အကြံအစည်ကို ဖျက်သိမ်းလိုက်လေသည်။

ခန်းမဆောင်၏အောက်ခြေတွင် ရှန်းချန်ကောသည် သူ၏ လက်များကို အသာအယာ ဝှေ့ယမ်းလိုက်လေသည်။ သူ၏ ဝတ်ရုံဖြူသည် လှုပ်ခါသွားပြီး အမြင့်ဆုံးနေရာဆီသို့ ခြေလှမ်းလှမ်းလိုက်လေသည်။

ကုနန်ဖုန်း၏နေရာသည် ခန်းမဆောင်အတွင်း၌ အမြင့်မြတ်ဆုံးနေရာ ဖြစ်ကြောင်း သံသယဖြစ်စရာ မလိုပေ။

"အစ်ကိုဖုန်း... ဒီဘက်ကို ကြွပါ"

ရှန်းချန်ကောသည် လူအုပ်ကြီးကို လျစ်လျူရှုပြီး စားပွဲတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် သူသည် အောက်ဘက်ရှိ ဖုန်းလင်းတန်ကို ငုံ့ကြည့်ကာ ပြုံး၍ ပြောလိုက်လေသည်။

"ဒီနေရာကမှ ကျွန်တော့်အဆင့်အတန်းနဲ့ နည်းနည်းလေး ကိုက်ညီမှု ရှိတာ"

ယင်းကို မြင်လိုက်ရသောအခါ ဖုန်းလင်းတန်သည် မျက်ဝန်းထဲတွင် နက်ရှိုင်းသော အပြုံးတစ်ခုနှင့်အတူ အသာအယာ ခေါင်းညိတ်လိုက်လေသည်။

သူက စိတ်ထဲတွင် တွေးလိုက်မိသည် 'ဒီအစ်ကိုရှန်း မောက်မာလာပြီဆိုရင်တော့ ဘာအကြောင်းပြချက်မှ ပေးနေစရာ မလိုတော့ဘူးပဲ'

ထို့နောက် ဖုန်းလင်းတန်သည်လည်း အမြင့်ဆုံးနေရာသို့ လိုက်လာခဲ့လေသည်။

ဤအချိန်တွင် သူတို့သုံးဦးသည် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြပြီး ခန်းမဆောင်ဘက်သို့ မျက်နှာမူထားသော ဘက်ကို ချန်လှပ်ထားလိုက်ကြသည်။

ခန်းမဆောင်အတွင်းရှိ လူတိုင်း၏ မျက်နှာထားမှာ မဲမှောင်သွားကြလေသည်။ အထူးသဖြင့် ဘယ်ဘက် ပထမဆုံးထိုင်ခုံမှ လူ၏ မျက်နှာသည် မိုးတိမ်များကဲ့သို့ မဲမှောင်နေပေသည်။

သူ၏နေရာသည် အမြဲတမ်း အလွန် မြင့်မြတ်ခဲ့သော်လည်း ရှန်းချန်ကော သုံးနှုန်းလိုက်သော အစေခံ ဆိုသည့် စကားလုံးသည် သွေးမစွန်းဘဲ လူသတ်နိုင်သော ထက်မြက်သည့် ဓားတစ်လက်ကဲ့သို့ပင်။

၎င်းသည် သူ့ကို ချက်ချင်း တန်ဖိုးကျသွားစေပြီး အသုံးမဝင်သော အရာတစ်ခု ဖြစ်သွားစေလေသည်။

"ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ..."

ကုနန်ဖုန်းသည် သူ့ဘေး ဘယ်ညာတွင် ထိုင်နေသော လူနှစ်ယောက်ကို ကြည့်လိုက်ရာ မျက်လုံးများ စူးရှနေပေသည်။

သူသည် ရှန်းချန်ကောကို ကြည့်ကာ လှောင်ပြောင်လိုက်လေသည်။

"ဖုန်းလင်းတန်က ဖုန်းမိသားစု သခင်လေးနေရာကို ဆက်ခံမယ့်သူတွေထဲက တစ်ယောက်မို့ ငါနဲ့ အတူထိုင်ဖို့ ထိုက်တန်ပါတယ်။ မင်းက ဘာအခွင့်အရေးရှိလို့လဲ"

"ငါက မင်းထက် ပိုသန်မာတယ်ဆိုတဲ့ အချက်က လုံလောက်ပြီမလား"

ရှန်းချန်ကော၏ မျက်နှာထားမှာ အေးစက်နေပြီး ပေါ့ပေါ့ပါးပါးပင် ရှိနေသေးသည်။ သူသည် စားပွဲပေါ်ရှိ ဝိုင်ခွက်ကို ကောက်ယူပြီး အပြည့်ငှဲ့လိုက်လေသည်။

ထို့နောက် တစ်ရှိန်ထိုး မော့သောက်လိုက်ပြီးမှ စကားပြောလိုက်ခြင်း ဖြစ်ပေသည်။

သူ၏ နက်ရှိုင်းသော ကြယ်တာရာ မျက်လုံးများသည် ကုနန်ဖုန်းကို စိုက်ကြည့်နေပေသည်။

သူ၏ တည်ငြိမ်သော မျက်ဝန်းများတွင် စိတ်ခံစားမှု အနည်းငယ်မျှ လှုပ်ခတ်ခြင်း မရှိပေ။ ၎င်းမှာ လူ့လောကမှ ပုရွက်ဆိတ်ကို ငုံ့ကြည့်နေသော နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေလေသည်။

သူ၏ မျက်ဝန်းတွင် မည်သည့်အရောင်အဆင်းမျှ မရှိပေ။

သူ၏ မျက်လုံးများတွင် ၃၀ ရာခိုင်နှုန်းသော မထီမဲ့မြင်ပြုမှုနှင့် ၂၀ ရာခိုင်နှုန်းသော အထင်သေးမှုတို့ ပါဝင်နေသကဲ့သို့ ထင်ရပေသည်။

ဤကဲ့သို့ အရှက်ခွဲခံရသော အကြည့်အောက်တွင် ကုနန်ဖုန်း၏ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာလေသည်။

ထို့နောက် အစွမ်းထက်သော ဖိအားတစ်ခုသည် သူ၏ခန္ဓာကိုယ်မှ ပြန့်ကားထွက်လာပြီး ကြီးမားသော လှိုင်းလုံးကြီးတစ်ခုအလား ရှန်းချန်ကောအပေါ်သို့ ဖိချလိုက်လေသည်။

...

ရုတ်ချည်းဆိုသလိုပင် ဖန်ဆင်းခြင်းနယ်မြေ ကျွမ်းကျင်သူတစ်ဦး၏ဖိအားသည် ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားရာ အောက်ဘက်ရှိ လူတိုင်း၏ အကြည့်များ လေးနက်သွားကြပေသည်။

ဤဖိအား၏အဓိက ပစ်မှတ်မှာ သူတို့မဟုတ်ဘဲ ရှန်းချန်ကော ဖြစ်ကြောင်း သူတို့ သိကြပေသည်။

ရှန်းချန်ကောသည် သူ့ခန္ဓာကိုယ်ပေါ် ကျရောက်လာသော ဖိအားကို ခံစားရပုံမပေါ်ပေ။ လေပြေလေညှင်းတစ်ခု သူ၏မျက်နှာကို ဖြတ်တိုက်သွားသကဲ့သို့ပင် ဖြစ်နေပြီး သူ၏ ရှည်လျားသော ဆံနွယ်နက်များကိုသာ လေထဲတွင် ရမ်းခါသွားစေလေသည်။

"မင်းက ဖန်ဆင်းခြင်းနယ်မြေ အဆင့်လောက်လေးနဲ့ ဆရာကြီးရှေ့မှာ လာပြီး ဆရာလုပ်ချင်နေတာလား"

ရှန်းချန်ကော၏မျက်လုံးများ နောက်ဆုံးတွင် အရောင်လက်သွားလေသည်။ သူသည် ကုနန်ဖုန်းကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် လက်ထဲမှ ဝိုင်ခွက်ကို စားပွဲပေါ်သို့ အသာအယာ တင်လိုက်လေသည်။

ဘုန်း... ဘုန်း... ဘုန်း...

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြီးမားကျယ်ပြန့်သော နတ်ဘုရားအရှိန်အဝါသည် ရှန်းချန်ကော၏ခန္ဓာကိုယ်မှ ရေကာတာကျိုးပျက်သွားသော မြစ်ရေကဲ့သို့ ပေါက်ကွဲထွက်ပေါ်လာလေသည်။

၎င်းသည် ကောင်းကင်ယံကို လွှမ်းခြုံသွားပြီး ကုနန်ဖုန်းအပေါ်သို့ ဖိချလိုက်ပေသည်။

စွမ်းအားနှစ်ခု လေထဲတွင် ထိပ်တိုက်တွေ့သွားရာ ကုနန်ဖုန်း၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွားလေသည်။

သူ၏လက်ထဲမှ ဝိုင်ခွက်သည် ဘန်းခနဲ ပေါက်ကွဲသွားပြီး အမှုန့်များအဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။

ဘန်း... ဘန်း... ဘန်း...

မွန်းကျပ်သော အသံတစ်ခုနှင့်အတူ သူတို့သုံးဦးကြားရှိ တန်ဖိုးကြီးသော ပါရာဆောသစ်သားစားပွဲကြီးသည် ပေါက်ကွဲထွက်သွားလေသည်။ သစ်သားစများသည် ထက်မြက်သော နတ်ဘုရားဓားများကဲ့သို့ လေထဲတွင် လွင့်ပျံသွားပြီး ပတ်ဝန်းကျင်ရှိ နံရံများကို ထိုးဖောက်သွားကာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ကျန်ရစ်စေခဲ့လေတော့သည်။

All Chapters