← Chapters

အခန်း (၄၇၉)

Vol. 38 Ch. 479

အခန်း (၄၇၉)

Vol. 38 Ch. 479

ကြိုးစာစဉ် ၃၈

အခန်း 479

“စိစစ်ရေးတမန်တော် ထွက်ခွာသွားတာနဲ့ သံသတ္တုထုတ်လှုပ်မှုကို ပြန်လည်စတင်မယ်။ ငါ မင်းတို့ကို သံသတ္တုတွင်းတွေ ပြန်ပေးမယ်၊ ဘယ်လိုလဲ”

ချန်ကျဲ့၊ လျိုလောင်ကွေ့နှင့် နန်ပါးထျန်းတို့သုံးဦးသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ကြည့်လိုက်ကြသည်။

အရမ်းကောင်းတာပေါ့။ တူးဖော်ထုတ်လုပ်ပြီးသား ပစ္စည်းတွေကိုမှ အကုန်ထိန်းသိမ်းဦးမှာတဲ့။ အရမ်းကောင်းတယ် အရမ်းကောင်းတယ်။

သုံးဦးသားသည် တစ်ဖန် အပြန်အလှန် ကြည့်လိုက်ကြပြန်သည်…

သူတို့သုံးဦးသည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် အချိန်ခဏမျှထပ်နေပြီးနောက် ထွက်ခွာလာခဲ့ကြသည်။

အိမ်တော်အပြင်သို့ရောက်သည်နှင့် သုံးဦးသည် တစ်ဦးကိုတစ်ဦး အပြန်အလှန်ကြည့်လိုက်ကြပြန်ကာ နန်ပါးထျန်းမှ နာကျည်းမုန်းတီးစွာဖြင့် လျိုလောင်ကွေ့ကို ပြောသည်။

“လျိုလောင်ကွေ့ ခင်ဗျား တကယ် အဆင်အခြင်မဲ့တာပဲ။ ကျုပ်ကို ဒုက္ခပေးဖို့အတွက်နဲ့ သံသတ္တုတွင်းလုပ်ငန်းကို ပိတ်သိမ်းစေပြီး ကိုယ့်လူရှစ်ရာကို စတေးပြီး ရန်သူတစ်ထောင်ကို ထိခိုက်စေတဲ့အကွက်ကို သုံးလိုက်တာပဲ။ ခင်ဗျား တကယ်ကောက်ကျစ်စဉ်းလဲတာပဲ”

ထိုအခါ လျိုလောင်ကွေ့သည် နန်ပါးထျန်းကို တစ်ချက်မျှ ပြန်ကြည့်လိုက်ပြီးနောက် ပြောသည်။

“နန်ပါးထျန်း မင်းနဲ့ငါနဲ့ကြားက ရန်ငြိုးကို စာရင်းမရှင်းရသေးဘူး။ မင်းက ကုချင်းဖုန်းနဲ့ ပူးပေါင်းပြီး ငါ့သားကို လုပ်ကြံခဲ့တယ်။ ဒီရန်ငြိုးကို စာရင်းမရှင်းရသေးဘူး။ မင်းစောင့်နေ၊ မင်း တစ်နေ့မှာ ပြန်ပေးဆပ်ရစေမယ်!”

နန်ပါးထျန်းမှ အေးစက်စက် နှာခေါင်းရှုံ့သည်။

“ဟမ့် တောင်စဉ်ရေမရ လျှောက်ပြောမနေနဲ့၊ ခင်ဗျားမှာ သက်သေရှိလို့လား? ခင်ဗျားက ကျုပ်နဲ့ ကုချင်းဖုန်းနဲ့ ပူးပေါင်းထားပါတယ်လို့ ပြောချင်တိုင်းပြောနေတာ ခင်ဗျားတို့ချောင်ကုန်သည်အဖွဲ့က အဲဒီလောက်တောင် ဖြားယောင်းသိမ်းသွင်းဖို့ လွယ်ကူတာပဲလား”

“ပြီးတော့ ခုနကပဲ သခင်ကြီးယဲ့လုပြောလိုက်တယ် မဟုတ်လား။ အတိတ်က ရန်ငြိုးအားလုံးကို ကျေအေးထားရမယ်လို့။ သခင်ကြီးယဲ့လု ခင်ဗျားကို မေးခွန်းထုတ်လာမှာကို မကြောက်ရင် ခင်ဗျား ပြဿနာရှာကြည့်လိုက်လေ”

ထိုအခါ လျိုလောင်ကွေ့မှ အေးစက်စွာ ပြောသည်။

“ဟားဟား အရာအားလုံးကို သင်ပုန်းချေမယ်တဲ့.. အဲဒီစကားကို မင်းက ယုံတယ်လား”

နန်ပါးထျန်းသည် အလျှော့မပေးပေ။

“သခင်ကြီးယဲ့လုက ခင်ဗျားကို ယုံကြည်စေချင်တာကို ခင်ဗျားက ငြင်းဆန်ရဲသလား”

လျိုလောင်ကွေ့သည် မျက်လုံးတို့မှေးကျုံ့လျက် ခွန်းတုံ့ပြန်လုနီးတွင် ချန််ကျဲ့မှ ကြားဝင်ပြောလိုက်သည်။

“ဟားဟား ခေါင်းဆောင််ကြီးတို့ ခေါင်းဆောင််ကြီးတို့၊ အမျက်ဒေါသက ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။ ဘယ်လိုရန်ငြိုးတွေပဲရှိနေပါစေ သခင်ကြီးယဲ့လုက သင်ပုန်းချေလိုက်ပြီလို့ပြောရင် သင်ပုန်းချေလိုက်တာပဲ။ ဒေါသကို ဖြေဖျောက်ပြီး ရင်တွင်းအပူမီးကို ငြှိမ်းသတ်ပါလေ”

ထိုအခါ နှစ်ဦးစလုံး ချန်ကျဲ့ကို လှည့်ကြည့်လာကြသည်။ လျိုလောင်ကွေ့မှ ပြောသည်။

“ချန်ကျိုစစ်၊ နန်ပါးထျန်းက မင်းကို အကြိမ်ကြိမ်အခါခါ အန္တရာယ်ပြုနေခဲ့တာ၊ အဲဒါကို မင်းက ဒီလိုလွယ်လွယ်နဲ့ ခွင့်လွှတ်ပေးနိုင်တယ်လား”

ချန်ကျဲ့မှ ရယ်မောလျက် ပြန်လည်တုံ့ပြန်သည်။

“ဟားဟား? ခေါင်းဆောင်နန်က ကျွန်တော့်ကို စမ်းသပ်နေရုံပါပဲ။ ကျွန်တော်နားလည်ပါတယ်”

နန်ပါးထျန်းမှ ချန်ကျဲ့ကိုကြည့်လျက် ပြောသည်။

“ဟူးး ကျိုစစ်က ဒီလူအိုကြီးနဲ့မတူဘဲ ဒီလိုအမြင်ကောင်းရှိတာပဲ။ ကျိုစစ် ဒါကိုမြဲမြဲမှတ်ထားပါ၊ မင်းက ချောင်ကုန်သည်အဖွဲ့သား မဟုတ််ဘဲ ငါးဖမ်းကုန်သည်အဖွဲ့သားပဲ”

ချန်ကျဲ့မှ အမြန်ပြန်တုံ့ပြန်သည်။

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ ကျွန်တော် မမေ့ရဲပါဘူး။ တခြားကိစ္စမရှိတော့ရင် ကျွန်တော့်ကို ခွင့်ပြုပါဦး”

ထို့နောက် သုံးဦးသည် ကိုယ်စီဦးတည်ရာအသီးသီးသို့ ထွက်ခွာခဲ့ကြသည်။

သို့သော် သုံးဦးစလုံး၏ မျက်နှာအမူအရာများသည်တော့ အတော်လေး ကြည့်ရဆိုးနေခဲ့ကြ၏။ လျိုလောင်ကွေ့သည် တစ်ကိုယ်တည်း ရေရွတ်နေ၏။

“နန်ပါးထျန်း ငါ့သားကို လုပ်ကြံသတ်ဖြတ်တဲ့ ရန်ငြိုးက ခွင့်လွှတ်လို့မရနိုင်ဘူး။ တစ်နေ့နေ့မှာ ငါကိုယ်တိုင် မင်းကို သတ်ပစ်မယ်”

နန်ပါးထျန်းသည်လည်း လက်နှစ်ဖက််ကို နောက်ပစ်လျက် လမ်းလျှောက်ထွက်ခွာသွားသည်။ နန်ပါးထျန်းသည် မသေချာမရေရာခြင်းသော အရိပ်အယောင်များ မျက်နှာထက်တွင် ထင်ဟပ်နေခဲ့ကာ စိတ်ထဲမှ တွေးတောနေခဲ့သည်။

“လျိုလောင်ကွေ့ ချန်ကျိုစစ် မင်းတို့စောင့်နေ။ အခုလောလောဆယ်တော့ မင်းတို့ကို ရက်နည်းနည်းလောက် အေးချမ်းခွင့်ပေးထားလိုက်မယ်။ ဒါပေမဲ့ စိစစ်ရေးတမန်တော် ပြန်သွားပြီးတဲ့နောက်တော့ ငါ မင်းတို့ကို လုံးဝ သက်ညှာပေးနေမှာ မဟုတ်ဘူးပဲ။ ငါမင်းတို့ကို သေခြင်းကို တောင်းဆိုလို့မရနိုင်၊ ရှင်ခြင်းကိုလည်း တောင်းဆိုမရနိုင်အောင် လုပ်ပစ်မယ်။ ငါနဲ့ ရန်ငြိုးဖွဲ့ခဲ့တာကို နောင်တရသွားအောင် လုပ်ပစ်မယ်”

ထိုအချိန်၌ ချန်ကျဲ့သည်လည်း နောက်လိုက်နှစ်ဦးနှင့်အတူ ထွက်ခွာလာခဲ့သည်။ ချန်ကျဲ့သည်လည်း မရေရာခြင်းသော မျက်နှာအမူအရာဖြစ်နေခဲ့သည်။

ချန်ကျဲ့ စိတ်ထဲမှ တွေးနေခဲ့သည်။

သခင်ကြီးယဲ့လုက လက်ရှိအခြေအနေတွေကို အေးချမ်းတဲ့ညဉ့်အချိန်လို ပြောင်းလဲပစ်ချင်တယ်။ ဒါပေမဲ့ ငါကတော့ အဲဒါကို သဘောမတူနိုင်ဘူး။ ရန်သူတွေဖြစ်နေပြီးမှတော့ အပစ်အခတ်ရပ်စဲတယ်ဆိုတာမျိုး ဘယ်မှာရှိနိုင်ပါ့မလဲ? အပစ်အခတ်ရပ်စဲတယ်ဆိုတာ ဟာသသက်သက်ပဲ။

သုံးဦးသည် ကိုယ်စီအတွေးများဖြင့် တစ်ဦးကိုတစ်ဦး ကျောခိုင်းကာ တဖြည်းဖြည်းချင်း အဝေးသို့ လျှောက်လှမ်းသွားခဲ့ကြသည်။

ချန်ကျဲ့ ကျားဖြူခန်းမအိမ်တော်သို့ ပြန်ရောက်ခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် သူတို့အတွက် အစားအသောက်ပြင်ဆင်ပေးရန်ပင် စိတ်မဝင်စားပေ။ မည်သို့ပင်ဖြစ်စေ ချန်ကျဲ့သည်လည်း စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် စားသောက်မည် မဟုတ်ပေ။

သခင်ကြီးယဲ့လုဖုန်းရဲ့ ငါးအသားလွှာနှစ်ခြိုက်မှုဒဏ်ကို ဘယ်သူက ခံနိုင်ရည်ရှိမှာတဲ့လဲ?

ချန်ကျဲ့သည် အိမ်သို့ အမြန်ပြန်လာပြီးနောက် စူးယွင်ကျင်းကိုယ်တိုင် လုပ်ပေးသည့် ကြက်ဥလက်လုပ်ခေါက်ဆွဲကို စားသည်။ စူးယွင်ကျင်း၏ ဟင်းချက်လက်ရာသည် ချန်ကျဲ့၏အကြိုက်နှင့် အကိုက်ဆုံးဟု ဆိုနိုင်ပေသည်။ အိမ်တော်၏ အရည်အသွေးမြင့်စားဖိုမှူးကြီးများသည်ပင် စူးယွင်ကျင်း၏လက်ရာလောက် အရသာရှိအောင် မချက်နိုင်ကြချေ။

ချန်ကျဲ့ ဗိုက်ပြည့်အောင် စားပြီးချိန်တွင် ရှောင်ဟူလည်း သွေးတန့်ဆေးများ အပြည့်တင်ထားသည့် လှည်းကြီးနှင့်အတူ ပြန်ရောက်လာခဲ့သည်။

ရှောင်ဟူမှ ရယ်မောလျက် ပြောသည်။

“အစ်ကိုကျိုစစ်၊ အစ်ကိုအမိန့်ပေးတဲ့အတိုင်း မျန့်ရွှေ့စီရင်စုတစ်ခုလုံးက သွေးတန့်ဆေးအားလုံးကို ဝယ်လာခဲ့ပါပြီ။ ပြီးတော့ အနီးအနားက စီရင်စုနှစ်ခုကိုလည်း လူတွေ လွှတ်ထားပါပြီ”

“ဆေးစုဆောင်းမှုက မနက်ဖြန်နေ့လယ်မှာ ပြီးမြောက်မယ်လို့ ခန့်မှန်းထားပါတယ်။ အစ်ကို့ရဲ့ညွှန်ကြားချက်အတိုင်း ဝယ်ယူလိုက်တဲ့ဆေးတွေကို မျန့်ရွှေဆီ ပို့ဆောင်မယ့်အစား ဒေသအလိုက် သိုလှောင်ဖို့ နေရာရှာဖွေပြီး ဖွက်ထားပါလိမ့်မယ်”

“အဲဒါကြောင့် လမ်းခရီးမှာ လုယက်ခံရနိုင်တဲ့ အန္တရာယ်ကို ရှောင်လွှဲပြီးသား ဖြစ်ပါလိမ့်မယ်”

ထိုအခါ ချန်ကျဲဲ့မှ ပြောသည်။

“အင်း ကောင်းကောင်းစီမံထားတာပဲ။ ငါတို့ နောက်ထပ်လုပ်ရမှာက စောင့်နေဖို့ပဲ ကျန်တော့တယ်”

“ဒီသွေးတန့်ဆေးတွေကို နံပါတ်၈သိုလှောင်ရုံကို ပို့ဆောင်ဖို့ အကြောင်းကြားလိုက်ပါ”

“အာ အစ်ကိုကြီး၊ ကျွန်တော်တို့ ပေါ်တင်ပဲ ပို့ဆောင်ရမှာလား”

ချန်ကျဲ့ ရယ်လိုက်သည်။

“ဒါပေါ့ကွ။ မဟုတ်ရင်ရော? ငါတို့က ခိုးကြောင်ခိုးဝှက်လုပ်နေရမှာလား”

စကားအဆုံး၌ ချန်ကျဲ့သည် မိမိ၏အိတ်ကပ်ကို ပုတ်ပြကာ ရှောင်ဟူကို ပြောသည်။

“ရှောင်ဟူ၊ ဆေးတွေကို နံပါတ်၈သိုလှောင်ရုံကို မင်းပဲ သွားပို့လိုက်ပါ။ ဒါနဲ့ စစ်ရှီးကို ခေါ်ပေးပါဦး”

“ဪ”

ရှောင်ဟူသည် ချက်ချင်း လုပ်ဆောင်သည်။ မကြာမီ စစ်ရှီးရောက်လာ၏။

“ခန်းမအရှင်သခင် ကျွန်တော့်ကိုခေါ်ပါသလား”

ချန်ကျဲ့မှ ပြောသည်။

“အင်း ငါနဲ့အတူ အပြင်လိုက်ခဲ့”

“အာ ခန်းမအရှင်သခင်၊ ကျွန်တော်တို့ ဘယ်သွားကြမလို့လဲ”

ချန်ကျဲ့ ခဏမျှတွေးတောပြီးနောက် မေးလိုက်သည်။

“မြို့ထဲက ဘယ်ပန်းပဲရုံမှာ အကောင်းဆုံး ပန်းပဲဆရာရှိလဲ”

ထိုအခါ စစ်ရှီးမှ ပြန်ဖြေသည်။

“အဲဒါဆို စွင်းမိသားစုပန်းပဲရုံက အကောင်းဆုံးဖြစ်ပါလိမ့်မယ်”

“စွင်းမိသားစုပန်းပဲရုံ?”

စစ်ရှီးမှ ပြောသည်။

“ဟုတ််ပါတယ်၊ ခန်းမအရှင်သခင် မသိဘူးလား? စွင်းမိသားစုပန်းပဲရုံက မျန့်ရွှေစီရင်စုမှာ အကြီးဆုံးပန်းပဲရုံပါ”

“စွင်းမိသားစုက ဘိုးဘေးစဉ်ဆက် ပန်းပဲဆရာတွေဖြစ်ပြီး ပန်းပဲပညာရပ်မှာ နတ်ဘုရားလို အရည်အချင်းရှိကြပါတယ်။ အို ဟုတ်သား ခန်းမအရှင်သခင် စွင်းမိသားစုသခင်ကြီးကို သိလောက်မှာပါ၊ စွင်းထျဲချွေ့လေ?”

ချန်ကျဲ့ အံ့ဩသွားကာ စစ်ရှီးကို ကြည့်လိုက်သည်။

“အဲဒီစွင်းထျဲချွေ့က အရမ်းအမည်ကျော်ကြားတာလား?”

စစ်ရှီးမှ ပြောသည်။

“အစောင့်အရှောက်ကြီး၁၃ဦးထဲမှာ ပန်းပဲဆရာတစ်ယောက်ပါဝင်တာကို ခန််းမအရှင်သခင် သိတယ်မလား”

ချန်ကျဲ့ အနည်းငယ် မင်သက်သွားခဲ့သည်။ ချန်ကျဲ့သည် အခြားသူများကို မသိကောင်း မသိနိုင်သော်ငြား အစောင့်အရှောက်ကြီး၁၃ဦးကိုမူ သိပါသည်။

သူကိုယ်တိုင်သည်လည်း အစောင့်အရှောက်ကြီး၁၃ဦးအဖွဲ့ဝင်တစ်ဦးပင် မဟုတ်ပါလော။ အစောင့်အရှောက်ကြီး၁၃ဦးထဲတွင် အမှန်တကယ်ပင် ပန်းပဲဆရာတစ်ဦး ပါဝင်ပါသည်။

အဲဒီပန်းပဲဆရာဆိုတာက စွင်းထျဲချွေ့လား?

စစ်ရှီးမှ ပြောသည်။

“အမှန်ပါပဲ။ ခန်းမအရှင်သခင် တွေးနေတာ မှန်ကန်ပါတယ်။ စွင်းထျဲချွေ့က အဲဒီပန်းပဲဆရာပါပဲ”

ထိုအခါ ချန်ကျဲ့မှ ပြောသည်။

“ဪ အရမ်းအမည်ကျော်ကြားတဲ့ ဆရာကြီးဆိုမှတော့ ငါတို့ သွားနှုတ်ဆက်ကြတာပေါ့”

ထိုအခါ စစ်ရှီးမှ မေးသည်။

“ခန်းမအရှင်သခင်က သခင်ကြီးစွင်းထျဲချွေ့ကို တွေ့ချင်တာလား”

All Chapters