အခန်း (၄၈၄)
Vol. 38 Ch. 484
အခန်း ၄၈၄
ချန်ကျဲ့ ရယ်မောလိုက်သည်။
“အင်း ဒါဆိုကောင်းပြီ”
…
ယီးဟုန်ဂေဟာ၌
အစေခံမိန်းကလေးတစ်ဦးမှ ချောင်ဟုန်ယန်ကို ပြောသည်။
“ဂေဟာသခင်မ၊ ကျားဖြူခန်းမက သွေးတန့်ဆေးအားလုံးကို ယုံချန်းလမ်းက နံပါတ်၈သိုလှောင်ရုံမှာ သိမ်းထားပါတယ်။ အစောင့်တွေလည်း တိုးမြှင့်ထားပါတယ်တဲ့”
ချောင်ဟုန်ယန်သည် မှန်တင်ခုံတွင်ထိုင်၍ မျက်နှာချေမှုန့် လိမ်းကျံပြီးနောက် မှန်ထဲမှ သူမ၏ပုံရိပ်ကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးအစုံတွင် စူးရှစွာသော အကြည့်အချို့ ထင်ဟပ်ဖြတ်သန်းသွား၏။
လွန်ခဲ့သည်တစ်နှစ်ကပင် မထင်မရှားလူတစ်ယောက်ဖြစ်ခဲ့သည့် ချန်ကျိုစစ်သည် အချိန်တိုလေးအတွင်း၌ မျန့်ရွှေစီရင်စု၏ အထင်ကရများထဲမှ တစ်ဦးဖြစ်လာခဲ့ကာ သူမပင်လျှင် သတိထားရသည့်လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။
“အဟွတ်… မင်းသွားလို့ရပြီ”
ချောင်ဟုန်ယန်သည် မျက်နှာချေမှုန့်များကြောင့် ချောင်းဆိုးသွားရသည့်အလား မျက်နှာချေမှုန့်ဘူးကို ပြန်ဖွင့်လိုက်သည်။ ထို့နောက် အစေခံမိန်းကလေးကို နောက်တစ်ကြိမ် အမြန်အမိန့်ပေးလိုက်သည်။
“အင်း ငါသိပြီ၊ မင်းသွားလို့ရပြီ”
“ဟုတ်ကဲ့ပါ ဂေဟာသခင်မ”
ချောင်ဟုန်ယန်သည် အစေခံမိန်းကလေးထွက်ခွာသွားသည်ကို ကြည့်နေပြီးနောက် မျက်နှာချေတစ်လွှာ ထပ်လိမ်းလိုက်သည်။ ထို့နောက် အိပ်ရာအောက်မှ သစ်သားသေတ္တာတစ်လုံးကို ထုတ်ယူ၍ ဖွင့်လိုက်ပြီးနောက် သေတ္တာအောက်ခြေမှ ညဝတ်ရုံတစ်စုံကို ယူလိုက်သည်။
ချောင်ဟုန်ယန်သည် အပြင်ဝတ်များကို ချွတ်၍ ညဝတ်ရုံကို ဝတ်ဆင်ကာ မျက်နှာကိုလည်း အနက်ရောင်ပုဝါဖြင့် ဖုံးအုပ်စည်းနှောင်လိုက်သည်။ ယခုတွင် သူမသည် ထိုနေ့က လုပ်ကြံသူ၏အသွင်အပြင်သို့ ပြောင်းလဲသွားပြီဖြစ်သည်။
ချောင်ဟုန်ယန်သည် ယီးဟုန်ဂေဟာ၏အပေါ်ဆုံးအထပ် ၅ထပ်၏ပြတင်းပေါက်တံခါးကို ဖွင့်လိုက်ပြီးနောက် မျန့်ရွှေမြို့တစ်မြို့လုံးကို ကြည့်ရှုနေခဲ့သည်။ လက်ရှိအချိန်၌ မျန့်ရွှေမြို့သည် အမှောင်ထုကြီးစိုးနေလျက် အိမ်ရာထောင်ချီမှ ထွန်းလင်းနေသည့် မီးအလင်းရောင်လေးများသာလျှင် လင်းလက်နေသည်။
ထိုအလင်းရောင်များလင်းလက်နေသည့်မြင်ကွင်းသည် ချောင်ဟုန်ယန်အား နာကျင်ဖွယ်မှတ်ဉာဏ်တစ်စကို ပြန်လည်သတိရစေသည်။
သူမသည် ဟန့်လူမျိုးများအတွက် ငရဲဘုံဖြစ်သည့် မြောက်ပိုင်းဒေသတွင် မွေးဖွားလာခဲ့သူဖြစ်သည်။ သူမ၏မိခင်သည် မုလန်လူမျိုးများ၏ အစေခံမိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏ဖခင်သည်လည်း ကျွန်တစ်ယောက်ဖြစ်သည်။ သူမ မှတ်မိနိုင်သည့်အချိန်ကတည်းက မှတ်ဉာဏ်များတွင် သူမ၏မိခင်သည် မကြာခဏဆိုသလို မုလန်လူမျိုးများ၏ အရုပ်တစ်ရုပ်အဖြစ် ဆော့ကစားခံရလေ့ရှိခဲ့သည်။
ထိုမုလန်လူမျိုးများသည် သားရဲတိရစ္ဆာန်များဖြစ်၏။ မုလန်လူမျိုးများသည် သူမ၏မိခင်ကို ခွေးထိန်းသံကြိုးများဖြင့် ချည်နှောင်၍ သူမ၏ဖခင်အား ထိုသို့မြင်ကွင်းကို စောင့်ကြည့်ခိုင်းစေရခြင်းကို အလွန်မွေ့လျော်ကြသည်။
ချောင်ဟုန်ယန် ၅နှစ်အရွယ်သို့ရောက်သောအခါ မုလန်လူမျိုးများသည် သူမကို အာရုံကျလာကြသည်။
သူတို့သည် သူမကို…
သူမ၏ဖခင်သည် ထိုမုလန်လူမျိုးများကို အားရှိသမျှ အစွမ်းကုန်ပြန်တိုက်ခိုက်ခဲ့ပြီး မုလန်လူမျိုး မြင်းစီးစစ်သည်များ၏ မြင်းဖြင့်ဆွဲ၍ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားခဲ့ရသည်။
သူမ၏မိခင်သည် သူမကိုခေါ်၍ ထွက်ပြေးခဲ့သည်။ ချောင်ဟုန်ယန် ထိုနေ့ညကို လုံးဝ မမေ့နိုင်ပါချေ— ထိုနေ့ညသည် အလွန််ရှည်ကြာပြီး ခက်ခဲကြမ်းတမ်းသည့် ညတစ်ညဖြစ်ခဲ့သည်။
သူတို့သည် သားကောင်ငယ်လေးများကဲ့သို့ အသက်လုပြေးနေခဲ့ရပြီး မုလန်လူမျိုးမြင်းစီးစစ်သည်များသည် သူတို့သားအမိနှစ်ယောက်ကို ခွေးမောင်းနေသည့်အလား အရသာခံကြည့်ရင်း နောက်မှလိုက်နေခဲ့ကြသည်။
သူတို့ အရမ်းမောပန်းသွားပြီး ထပ်မပြေးနိုင်တော့ချိန််တွင်မူ မုလန်လူမျိုးများသည် မြင်းပေါ်မှ ဆင်းလာခဲ့ကြကာ သူမ၏မိခင်၏ လက်နှစ်ဖက်ကို ဓားဖြင့် မြေကြီးပေါ်တွင် ထိုးစိုက်ခဲ့သည်။
ထို့နောက် ထိုလူကြီးများသည် သူမဆီသို့ ချဉ်းကပ်လာကြသည်။
၅နှစ်အရွယ်ချောင်ဟုန်ယန်လေးသည် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်နေခဲ့ပြီး သူမ၏မိခင်သည် မုလန်လူမျိုးများအား သနားညှာတာပေးပါရန် ငိုကြွေးတောင်းပန်နေခဲ့သည်။ သို့သော် မုလန်လူမျိုးများသည် သားရဲတိရစ္ဆာန်များသာ မဟုတ်ပါလော။
သို့သော် သူမတို့၏ ကူကယ်ရာအမဲ့ဆုံးအချိန်တွင် သူမ၏ဆရာသခင် ရောက်လာခဲ့သည်။
ထိုနေ့က သူမ၏ ဆရာသခင်ဖြစ်သူ၏ ပုံရိပ်ကို ချောင်ဟုန်ယန် ဒီဘဝတွင် ဘယ်သောအခါမျှ မေ့လျော့သွားလိမ့်မည် မဟုတ်ပါချေ။ ဆရာသည် တောက်ပသည့် အနီရဲရဲဝတ်ရုံကို ဝတ်ဆင်ထားပြီး ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးအလား မကောင်းဆိုဝါးမိစ္ဆာတစ်စုကို လက်တစ်ချက်အဝှေ့ဖြင့် သုတ်သင်ရှင်းလင်းပစ်ခဲ့ကာ သူမတို့၏ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။
ချောင်ဟုန်ယန်သည် ပြတင်းပေါက်မှတစ်ဆင့် မျန့်ရွှေ့မြို့မြင်ကွင်းကို ရပ်ကြည့်နေဆဲပင်။ တောင်ပိုင်းဒေသမှ လူများသည် အစစ်အမှန်သော ကောင်းချီးပြည့်စုံသည့် ဘဝများကို ပျော်မွေ့ခံစားနေရချိန်တွင် မြောက်ပိုင်းဒေသသည်တော့ ကိုယ်စိတ်ပြင်းစွာ နာကျင်ခံစားကြရကာ အသက်ရှင်သန်ဖို့ ရုန်းကန်နေကြရသည်။
ချောင်ဟုန်ယန်သည် စိတ်ဝင်စားဖို့ကောင်းသည့် အမျိုးသားတစ်ဦးကို ရုတ်တရက် တွေးမိသွား၏။ တောင်ပိုင်းဒေသမှ စာပေပညာရှင်တစ်ဦးဖြစ်သည်။ တစ်နေ့သ၌ ထိုလူသည် သေရည်အမြောက်အများသောက်သုံးပြီးနောက် သူ၏ထိုင်ခုံမှ ဒေါသတကြီး ထရပ်ကာ ဂေဟာတစ်ခုလုံးရှိ အမျိုးသမီးများကို လက်ညှိုးထိုး၍ အော်ငေါက်ပြောဆိုသည်။
“ဂေဟာမယ်တွေက တိုင်းပြည်ရဲ့ယိုယွင်းမှုကို မသိနားမလည်ကြဘဲ အနောက်ဥယျာဉ်က ပန်းတွေအကြောင်း သီချင်းဆိုနေကြသေးတယ်”
ထိုအကြောင်းကို တွေးမိသည်တွင် ချောင်ဟုန်ယန်ရယ်မောမိသည်။ ထိုစာပေပညာရှင်သည် ကြီးမြတ်လှစွာသော စည်းမျဉ်းနိယာမ တစ်ပုံတစ်ပင်နှင့် မျိုးချစ်စိတ်အပြည့်ဖြစ်၏။ သို့တိုင် တိုင်းပြည်နှင့်လူမျိိုးအတွက် ဘာတစ်ခုမျှ လုပ်ဆောင်ပေးခဲ့ဖူးခြင်း မရှိပေ။
ထိုလူသည် အသံံံကျယ်ကျယ်ဖြင့် “ဂေဟာမယ်များသည် တိုင်းပြည်ရဲ့ယိုယွင်းမှုတို့ကို မသိနားမလည်ကြ”ဟု အော်ဟစ်ပြောဆိုရုံသာ တတ်နိုင်လေသည်။
ဒါပေမဲ့ လက်တွေ့မှာ သနားစရာကောင်းတဲ့ ဂေဟာမယ်တွေကသာ တိုင်းပြည်ကို ကယ်တင်နေကြတယ်ဆိုတာကို သူဘယ်လိုသိနိုင်ပါ့မလဲ။
အရေးမကြီးပါဘူး၊ အရေးမကြီးပါဘူး။
ဆရာပြောခဲ့သလိုပဲ.. တိုင်းပြည်ဖိနှိပ်ခံရချိန်မှာ ကိုယ်တိုင်က ထရပ်ပြီး မခုခံလည်း ထရပ်ပြီးခုခံတဲ့ တခြားတစ်ယောက်ယောက်ကတော့ အမြဲရှိနေမှာပဲတဲ့။ ခုခံတဲ့လုပ်ရပ်က ဘယ်တော့မှ မမှားယွင်းနိုင်ဘူး။
တစ်ယောက်တည်းဖြစ်ခဲ့ရင်တောင်မှ အဲဒီတစ်ယောက်က အထီးကျန်သူရဲကောင်းဖြစ်ပေးရမှာပဲ။
ဟူး…
ချောင်ဟုန်ယန်သည် တစ်ချက််ခုန်လိုက်ရာ မျက်နှာချင်းဆိုင်အဆာက်အဦ၏ ခေါင်းမိုးပေါ်သို့ ရောက်သွားခဲ့သည်။ ထို့နောက် လျင်မြန်စွာပင် ပျောက်ကွယ်သွားတော့သည်။
မိန်ဂိုဏ်းသည် အဘယ်မီးကို ကိုးကွယ်သနည်း။
အနန္တမီးလျံ။
အနန္တမီးလျံဟူသည် အဘယ်နည်း။
လောကကိုကယ်တင်သည့်မီးလျံ၊ လူအပေါင်းကို စားနပ်ရိက္ခာလုံလောက်စေပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်အောင် လုပ်ဆောင််ပေးနိုင်သည့်အရာ၊ ၎င်းသည် အနန္တမီးလျံဖြစ်သည်။
အနန္တမီးလျံသည် လောကကြီးကိုကယ်တင်ကာ ဖိနှိပ်ကျွန်ပြုခြင်းများမှ လွတ်မြောက််အောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်။
အနန္တမီးလျံသည် လောကကြီိးကိုကယ်တင်ကာ လူအပေါင်းအား သူတို့၏စင်ကြယ်သည့်မူလနေအိမ်သို့ ပြန်သွားနိုင်ပြီး သူတို့၏အသက်အရွယ်မကြီးရင့်သေးသည့် မိခင်ကို မြင်တွေ့နိုင်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မည်။
ဝှစ် ဝှစ် ဝှစ်…
ချောင်ဟုန်ယန်သည် ညအချိန်တွင် လှုပ်ရှားတတ်သည့် သွက်လက်ဖျတ်လတ်သည့် ဝိဉာဥ်တစ်ကောင်အလား ခေါင်မိုးများထက်တွင် ခုန်လွှားသွားလာနေခဲ့ပြီး ယုံချန်းလမ်းမဆီသို့ ရောက်ရှိလာခဲ့သည်။ ထို့နောက် အုပ်ကြွပ်မိုးအိမ်တစ်လုံး၏ ခေါင်းမိုးထပ်တွင် ရပ်လိုက်သည်။
ထို့နောက် ကြောင်တစ်ကောင်ကဲ့သို့ ကိုယ်ဟန်အနေအထားဖြင့် ထိုင်ချလိုက်သည်။
တစ်ဖက်လမ်းတွင်ရှိနေသည်မှာ သူမ အလိုရှိနေသည့် သွေးတန့်ဆေးများ သိမ်းဆည်းထားသော ကျားဖြူခန်းမ၏ နံပါတ်၈သိုလှောင်ရုံဖြစ်သည်။
ချန်ကျိုစစ်သည် ကြောက်မက်ဖွယ်ကောင်းသူတစ်ယောက်ဟု သတ်မှတ်နိုင်ပေသည်။ သူမ သတိမထားမိလိုက်ချိန်အတွင်း သွေးတန့်ဆေးအားလုံးကို ဝယ်ယူသွားခဲ့ပြီး သူမအား လာရောက်ခိုးယူစေရန်် ဖိအားပေးခဲ့သည်။
ချောင်ဟုန်ယန်သည် တွေးတောနေခဲ့ရင်း မျက်နှာချင်းဆိုင်ရှိ သိုလှောင်ရုံကို စောင့်ကြည့်လေ့လာခဲ့သည်။ ကျားဖြူခန်းမ၏ လုံခြုံရေးထားရှိမှုသည် အလွန်တင်းကြပ်ကြောင်း ဝန်ခံရပေမည်။ သာမန်လူတစ်ယောက်ဖြစ်ပါက မည်သို့မျှ အထဲဝင်ရောက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့သော် သူမ ဝင်ရောက်ဖို့အတွက်မူ ပြဿနာမရှိပါချေ။
လျင်မြန်သည့်အရှိန်နှုန်းဖြင့် ချောင်ဟုန်ယန်သည် သိုလှောင်ရုံနှင့် အနီးဆုံးနေရာတွင် ခုန်ဆင်းလိုက်သည်။ သိုလှောင်ရုံဝင်ပေါက်တွင် လူတစ်အုပ် ထိုင်နေသည်။ တစ်ဦးသည် အနည်းငယ် ဝံ့ကြွားတတ်ဟန်ရှိကာ ကြက်ကင်တစ်တုံးကို သေရည်ပြင််းဖြင့် အားရပါးရ စားသောက်နေ၏။
ထိုလူသည် တစ်ကိုယ်တည်း ရေရွတ်၏။
“တကယ်ပါပဲ။ တန်ဖိုးမရှိတဲ့ဆေးပင်တွေ အပြည့်ဖြည့်ထားတဲ့ သိုလှောင်ရုံလေးတစ်ခုကိုများ ခန်းမအရှင်သခင်က ငါကိုယ်တိုင်စောင့်ကြပ်ခိုင်းသေးတယ်။ ငါ့မှာ ညဘက် ကောင်းကောင်းမအိပ်ရတော့ဘူး”
ထိုအခါ လက်အောက်ငယ်သားတစ်ဦးမှ ပြောသည်။၏
“လူကြီးမင်းဟူ အဲဒါက ခန်းမအရှင်သခင်က ခင်ဗျားကို တန်ဖိုးထားတယ်လို့ ဆိုလိုနေတာပဲ မဟုတ်ဘူးလားဗျာ”
ရှောင်ဟူမှ ပြန်ပြောသည်။
“အမှန်ပဲ။ ခန်းမအရှင်သခင်က ငါ့ကို ဘာမှလည်း အပြစ်ရှာစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီအလေအလွင့်ဆေးနည်းနည်းလောက်ကို ငါ့ကိုစောင့်ကြည့်ခိုင်းတာ ဘာလုပ်ဖို့လဲ? တစ်ယောက်ယောက်က ဒီဆေးတွေကို လာခိုးမှာလည်း မဟုတ်ဘဲနဲ့”
လက်အောက်ငယ်သား : “ဟုတ်ပါတယ်။ လူကြီးမင်းဟူ ဒီမှာလာစောင့်ကြပ်ရတာ တကယ့်ကို လိုတာထက် ပိုလွန်းပါတယ််။ ဒီလိုဆေးလေးတွေလောက်က လူကြီးမင်းဟူ အားစိုက်ထုတ်ဖို့ မထိုက်တန်ပါဘူး ဟား ဟား… တစ်ခွက်ထပ်သောက်ပါဦး လူကြီးမင်းဟူ၊ သောက်ကြရအောင်”