← Chapters

အခန်း (၄၈၅)

Vol. 38 Ch. 485

အခန်း (၄၈၅)

Vol. 38 Ch. 485

အခန်း ၄၈၅

ရှောင်ဟူမှ သေရည်နောက်တစ်ခွက် ငှဲ့လိုက်ချိန်တွင် သူတို့၏ရှေ့ မနီးမဝေး၌ လူတစ်ယောက် ရောက်လာခဲ့သည်။

လက်အောက်ငယ်သားများအားလုံးသည် ချက်ချင်း အရိုအသေပြုကြ၏။

“လူကြီးမင်းကျိုး”

“ရို့ ညီနောင်တွေအားလုံး ဒီမှာ‌ရှိနေကြတာပဲ။ ရှောင်ဟူ တစ်ယောက်တည်းသောက်နေတာလား”

ကျိုးချူကို မြင်သောအခါ ရှောင်ဟူမှ ပြောသည်။

“ဘာလဲ ဒီနေ့ ဘာမှလုပ်စရာမရှိဘူးလား”

ကျိုးချူမှ ‌ပြောသည်။

“ငါ့အလုပ်တွေ အကုန်ပြီးသွားပြီ။ ဒါနဲ့ ငါ့ဘက်မှာ ကစားပွဲတစ်ခုစီစဉ်ထားတယ်။ မင်း ကစားချင်လား”

“ဘာကစားပွဲလဲ”

ရှောင်ဟူသည် ကျိုးချူကို ကြည့်၏။ ကျိုးချူမှ ပြောသည်။

“ပိုင်ကျို”

“ပိုင်ကျိုလား ကျစ် ကျစ်…”

ရှောင်ဟူ၏မျက်လုံးများ တောက်ပသွား၏။ ကျိုးချူမှ မေးသည်။

“မင်း ကစားမှာလား မကစားဘူးလား”

ရှောင်ဟူမှ ပြောသည်။

“ခန်းမအရှင်သခင်က ကျွန်တော့်ကို သိုလှောင်ရုံကိုစောင့်ကြပ်ခိုင်းထားတယ်ဗျ”

ကျိုးချူမှ ပြောသည်။

“သိုလှောင်ရုံအစုတ်တစ်လုံးက ဘာတွေများ စိတ်ဝင်စားစရာကောင်းနေလို့လဲ။ တန်ဖိုးမရှိတဲ့ဆေးတွေပဲဟာ။ လာပါ တစ်ပွဲနှစ်ပွဲလောက် ‌ကစားရအောင်”

“ဒါပေမဲ့ ခန်းမအရှင်သခင်ကို ဘယ်လိုလုပ်မလဲ”

ကျိုးချူမှ ပြောသည်။

“မင်းတို့ကောင်တွေ သူ့အတွက် ဖုံးထားပေးလိုက်ကြ။ ခန်းမအရှင်သခင်ရောက်လာခဲ့ရင် လူကြီးမင်းဟူ သန့်စင်ခန်းသွားတယ်ပဲ ဖြေလိုက်ကြပေါ့။ ငါတို့တွေ ဟိုနားလေးမှာပဲ ရှိနေမှာ မဝေးဘူး။ တစ်ခုခုဖြစ်ခဲ့ရင်လည်း ချက်ချင်း ပြန်လာလို့ရတယ်”

ကျိုးချူသည် လမ်းထောင့်မှ အိမ်တစ်လုံးကို ညွှန်ပြ၏။

ထိုအခါ ရှောင်ဟူမှ ပြောသည်။

“ငါသွားသင့်လား”

ထိုအခါ အနီးဝန်းကျင်ရှိ လက်အောက်ငယ်သားများ အားလုံးသည် ရယ်မောလိုက်ကြပြီး ပြောသည်။

“လူကြီးမင်းဟူ သွားလိုက်ပါဗျာ ဟားဟားဟား။ ကျွန်တော်တို့ စောင့်ကြည့်ပေးနေပါ့မယ်။ ကိစ္စတစ်ခုခုရှိခဲ့ရင် ကျွန်တော်တို့ ချက်ချင်း လာခေါ်ပါ့မယ်”

“ဟုတ်ပါတယ်။ ဒီအချိန်ကြီးကို ခန်းမအရှင်သခင်လည်း ရောက်လာမှာ မဟုတ်ပါဘူး”

အားလုံး၏ဖျောင်းဖျမှုတွင် ရှောင်ဟူသည် စိတ်ယိုင်သွားတော့သည်။

“ကောင်းပြီ။ တစ်ပွဲနှစ်ပွဲလောက် ကစားကြတာပေါ့။ ငါလိုက်ခဲ့မယ်”

သို့ဖြင့် ရှောင်ဟူသည် ကျိုးချူနှင့်အတူ ရယ်မောပြောဆိုလျက် ထွက်ခွာသွားတော့သည်။

ထိုစဉ် ခေါင်မိုးထက်ရှိ ချောင်ဟုန်ယန်၏မျက်နှာထက်တွင် လှောင်ပြုံးရိပ်တစ်ခု ထင်ဟပ်သွား၏။ ချန်ကျိုစစ်၏ လက်အောက်ငယ်သားများသည် လောင်းကစားသမားများဖြစ်နေလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။

သို့ဖြစ်ရာ သူမလည်း ထိန်းချုပ်မနေတော့ပေ။

ဝှစ်…

ချောင်ဟုန်ယန်သည် နံပါတ်၈သိုလှောင်ရုံခေါင်မိုးထက်သို့ ခုန်လိုက်သည်။ ထို့နောက် အုပ်ကြွပ်များကို ဖယ်၍ ကြိုးစတစ်ဖက်ကို ခေါင်မိုးအစွန်းတွင်ချည်ပြီး ကျန်တစ်ဖက်ကို သူမ၏ခါးတွင် ချည်လိုက်သည်။ ထို့နောက် သိုလှောင်ရုံထဲသို့ ခုန်ဆင်းသွားလိုက်သည်။

နတ်ဘုရားရော တစ္ဆေသရဲပါ မသိနိုင်လောက်မည့် ခိုးကြောင်ခိုးဝှက်လှုပ်ရှားမှုမျိုးဖြင့် သူမ သိုလှောင်ရုံထဲသို့ ဝင်ရောက်နိုင်ခဲ့သည်။

“ဘာလို့ အရမ်းမှောင်နေတာလဲ”

ချောင်ဟုန်ယန်သည် သိုလှောင်ရုံထဲ ခုန်ဆင်းပြီးနောက်တွင် သိုလှောင်ရုံအတွင်းမှာ အလင်းတစ်စမျှ ထွန်းညှိမထားကြောင်း သိလိုက်ရသည်။ အခန်းတစ်ခန်းလုံး မည်းမှောင်နေ၏။

ချောင်ဟုန်ယန်သည် ရင်ဘတ်ထဲမှ မီးကျည်တောက်တစ်ခုကို ထုတ်ယူလိုက်သည်။

ဝှစ် ဝှစ်…

မီးကျည်တောက်ကို လေမှုတ်လိုက်သောအခါ အလင်းရောင်ဖျော့ဖျော့ ထွက်ပေါ်လာ၏။ ထိုအလင်းရောင်ဖြင့် ချောင်ဟုန်ယန်သည် သိုလှောင်ရုံကို လှည့်ပတ်ကြည့်သည်။

ဟင်? ဘာလို့ ဘာမှမရှိတာလဲ?!!

ချောင်ဟုန်ယန် အံ့ဩသွား၏။ သူမ မယုံကြည်နိုင်စွာ ပတ်ဝန်းကျင်ကို ထပ်မံကြည့်သည်။ ကြီးမားကျယ်ဝန်းသည့် သိုလှောင်ရုံကြီးမှာ ဘာမျှရှိမနေပေ။ ဆေးများကို မဆိုထားနှင့် ပစ္စည်းတင်စင်များပင် မရှိချေ။ ကြွက်ဖြတ်ပြေးလျှင်တောင် မြင်တွေ့နိုင်သည်အထိ ဗလာကျင်းနေခဲ့သည်။

“မိန်းကလေးဟုန်ယန် တစ်ခုခုရှာနေတာလားဗျ”

ချောင်ဟုန်ယန် ရှာဖွေနေစဉ် သူမ၏နောက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။ သူမ ချက်ချင်း သတိချပ်၍ နောက်လှည့်ကြည့်လိုက်သည်။

ထိုအခါ သူမ၏နောက်ရှိ အမှောင်ထုထဲတွင် ထိုင်နေသည့် အမျိုးသားကို မြင်တွေ့လိုက်ရသည်။

“မီးအိမ်တွေ ထွန်းလိုက်!”

ဝှစ် ဝှစ်…

ဆူညံသံအချို့ကြားလိုက်ရပြီးနောက် သိုလှောင်ရုံထဲရှိ မီးတုတ်များအားလုံး ထွန်းညှိခံလိုက်ရရာ သိုလှောင်ရုံတစ်ခုလုံး လင်းထိန်သွားတော့သည်။

ထို့နောက် ချန်ကျိုစစ်သည် စားပွဲတစ််လုံးရှေ့တွင်ထိုင်၍ ရေနွေးအိုးတည်နေသည့်မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင််လိုက်ရလေသည်။ သူ၏ဘေးတွင် မီးတုတ်ကိုင်ထားသည့် အစောင့်များစွာလည်း ရပ်နေခဲ့သည်။

ချောင်ဟုန်ယန် အံ့ဩထိတ်လန့်သွား၏– ဒါက ထောင်ချောက်ပဲ။

ချောင်ဟုန်ယန်သည် ဤသည်မှာ သူ့ကို အထူးတလည်စောင့်ဆိုင်းနေသည့် ထောင်ချောက်ဖြစ်ကြောင်း လျင်မြန်စွာပင် နားလည်သွားခဲ့သည်။

နားလည်လိုက်သည်နှင့် ချောင်ဟုန်ယန်သည် အမြန်ထွက်ပြေးရန် ကြိုးပမ်းသည်။

ချန်ကျဲ့မှ အော်ပြောသည်။

“မိန်းကလေးဟုန်ယန် ကျွန်တော်တို့ ခဏလောက်ထိုင်ပြီး စကားပြောရအောင်လေ?”

ချောင်ဟုန်ယန်သည် အံ့ဩသွား၏။

သူ သူက ငါ့ရဲ့သရုပ်မှန်ကို ခန့်မှန်းမိထားပြီးသားပဲ။ ဘယ်လို ဘယ်လိုဖြစ်နိုင်မှာလဲ! မဖြစ်ဘူး၊ ငါလွတ်အောင် ထွက်ပြေးရမယ်!

ထိုသို့တွေးလျက် ချောင်ဟုန်ယန်သည် ခေါင်မိုးပေါ်သို့ ပြန်ခုန်တက်ရန် ကြိုးစားသည်။ သို့သော် ချန်ကျဲ့သည် လက်ဖက်ရည်ခွက်အဖုံးကို အမြန်ပစ်လွှတ်ကာ သူမ၏ခါးတွင်ချည်ထားသည့်ကြိုးကို ဖြတ်ပစ်လိုက်သည်။

ချောင်ဟုန်ယန် ပြန်ပြုတ်ကျသွားရ၏။

ထို့နောက် ချန်ကျဲ့သည် စားပွဲကို ကန်ထုတ်လိုက်ပြီး ပြောသည်။

“ဧည့်သည်ကို လက်ခံစကားပြောဖို့ လုပ်နေတာကို ဘာလို့ ထွက်သွားဖို့ အလျင်လိုနေရတာလဲ”

ချောင်ဟုန်ယန်သည် ဘုန်းခနဲ ပြုတ်ကျသွားပြီးနောက် သူမထံ ပျံသန်းလာနေသည့် စားပွဲကို မြင်လိုက်ရသည်။ သို့ဖြင့် အရှိန်ပြင်းစွာ ရိုက်ပစ်လိုက်ရာ စားပွဲသည် အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားတော့သည်။

ချန်ကျဲ့ သူမအနီးသို့ ချက်ချင်း တိုးကပ်သွားလိုက်သည်။

ချောင်ဟုန်ယန်မှ စားပွဲကို ရိုက်ချိုးပစ်လိုက်သည့် တဒင်္ဂတွင် ချန်ကျဲ့သည် ချောင်ဟုန်ယန်၏ရင်ဘတ်ကို ဦးတည်၍ လက်ဝါးရိုက်ချက်တစ်ချက်ကို နောက်တစ်ကြိမ်ပစ်လွှတ်လိုက်သည်။

အဟွတ် အဟွတ်…

ချောင်ဟုန်ယန်သည် ထိတ်လန့်သွားပြီး လက်ဝါးရိုက်ချက်ဖြင့် အမြန်ပြန်၍ ခုခံလိုက်သည်။ သို့ဖြင့် လက်ဝါးရိုက်ချက်နှစ်ခု ထိခတ်သွား၏။

ဘုန်း ဘုန်း…

ချောင်ဟုန်ယန်သည် နောက်သို့ယိုင်သွားသော်ငြား ချန်ကျဲ့သည် မရပ်တန့်ဘဲ ဆက်လက်တိုက်ခိုက်သည်။

ဒုတိယမြောက်ရိုက်ချက်!

ဤတစ်ကြိမ်တွင်လည်း ချန်ကျဲ့၏ပစ်မှတ်သည် ချောင်ဟုန်ယန်၏ရင်ဘတ်ဖြစ်သည်။

ချောင်ဟုန်ယန်သည် ဒေါသတကြီးဖြင့် ထပ်မံ ခုခံသည်။

တတိယရိုက်ချက်သည်လည်း ရင်ဘတ်ကိုသာ ဦးတည်ပြန်သည်။

ချောင်ဟုန်ယန်သည် အလွန်အမင်း ဒေါသထွက်သွား၏။

“ချန်ကျိုစစ် လူယုတ်မာကောင်၊ မင်း မင်းဘာလုပ်ချင်နေတာလဲ!”

ချန်ကျဲ့မှ အမြန်ပြန်ပြောသည်။

“အဟမ်း ဟမ်း.. ဒါက တိုက််ခိုက်နေတာလေ၊ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူး။ မိန်းကလေးဟုန်ယန် အထင်မလွဲပါနဲ့”

“ဘာကိုအထင်လွဲရမှာလဲ ဒီသောက်ကောင်တော့!”

ချောင်ဟုန်ယန်သည် ချက်ချင်း ဒေါသထွက်သွားပြီး ချန်ကျဲ့၏မျက်နှာတည့်တည့်သို့ လက်ဝါးရိုက်ချက်ဖြင့် ဦးတည်တိုက်ခိုက်၏။ သူမလာရာလမ်းကြောင်းတစ်လျှောက်၌ မွှေးရနံ့တစ်ခု လေနှင့်အတူ လွင့်ပါလာခဲ့သည်။

ချန်ကျဲ့မျက်နှာအမူအရာ ပြောင်းလဲသွား၏။

ထိုမွှေးရနံ့သည် တကယ်တမ်းတွင် ချောင်ဟုန်ယန်၏ လက်ဝါးသိုင်းဖြင့် ပေါင်းစည်းထားသည့် အဆိပ်မှုန့်တစ်မျိုးဖြစ်သည်။ အမှန်တကယ် မိန်းမလိုက်စားသူတစ်ယောက်ဖြစ်ပါက ထိုမွှေးရနံ့ကို အများကြီးရှူရှိုက်မိလိုက်လျှင် နောက်ဘဝသို့ ကူးပြောင်းသွားပြီး ဖြစ်ချေရော့မည်။

ချန်ကျဲ့ အသက်ရှူအောင့်လိုက်ပြီး ဆက်လက်တိုက်ခိုက်သည်။ ချောင်ဟုန်ယန်သည် တောင်ဖျက်ဆီးမက်မွန်လက်ဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်သည်။

ချန်ကျဲ့သည် ချောင်ဟုန်ယန်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းလိုက်ပြီးနောက် ပြောသည်။

“မိန်းကလေးဟုန်ယန်၊ မင်းက ကျုပ်ရဲ့လက်ဝါးရိုက်ချက်ကြောင့် အဆုတ်မှာ ဒဏ်ရာရထားတာပါ။ အချိန်မီ မကုသဘူးဆိုရင် အရမ်းအန္တရာယ်များပါတယ်။ ကျုပ်အထင်တော့ ကျုပ်တို့နှစ်ယောက် သေချာလေး စကားပြောသင့်တယ်ထင်တာပဲ မဟုတ်ဘူးလား”

ချောင်ဟုန်ယန်မှ ဒေါသတကြီး ချေပသည်။

“စကားပြောရအောင် ဘာကိုပြောမှာလဲ၊ အကောင်စုတ်လေး သေလိုက်စမ်း!”

ချန်ကျဲ့သည် ချောင်ဟုန်ယန်၏တိုက်ခိုက်မှုကို ခုခံလိုက်သည်။ ချောင်ဟုန်ယန်တွင် စကားပြောလိုသည့် ဆန္ဒမရှိကြောင်း မြင်တွေ့ရသည်တွင် ချန်ကျဲ့ မျက်မှောင်ကြုတ််သွား၏။

“မိန်းကလေးဟုန်ယန် အဆုတ်မှာ ဒဏ်ရာရထားတယ်ဆိုတာ အရေးကြီးပါတယ်။ သုံးရက်အတွင်း မကုသရင် အင်အားယုတ်လျော့လာပြီး နာတာရှည်ဝေဒနာခံစားရမှာပါ။ မတော်ရင် အသက်အန္တရာယ်တောင် ရှိလာနိုင်ပါတယ်။ မိန်းကလေးဟုန်ယန်လည်း အဲဲဒီလိုမဖြစ်ချင်ပါဘူး ဟုတ်တယ်မလား”

“လူယုတ်မာကောင် ဒါတွေအကုန် နင့်အပြစ်တွေပဲ သေလိုက်တော့!”

ချောင်ဟုန်ယန်သည် ဒေါသဖြင့် ချန်ကျဲ့ကို လက်ဝါးရိုက်ချက်များစွာဖြင့် ဆက်တိုက်တိုက်ခိုက်သည်။ ချန်ကျဲ့သည် နှစ်ကြိမ်မျှ အားထုတ်ခုခံလိုက်ပြီးနောက်တွင် ချောင်ဟုန်ယန်မှာ ဆွေးနွေးညှိနှိုင်းရန်ဆန္ဒ လုံးဝ မရှိနေကြောင်း ထပ်မံ အတည်ပြုလိုက်ရသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်၏။

“မိန်းကလေးဟုန်ယန် ကျုပ်က ရိုးသားတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့တာပေမဲ့ ခင်ဗျားက စကားပြောလိုစိတ်မရှိမှတော့ ကျုပ်ရဲ့လက်ဝါးရိုက်ချက်ကိုသာ လက်ခံလိုက်ပါတော့”

All Chapters