အခန်း (၄၈၈)
Vol. 38 Ch. 488
အခန်း ၄၈၈
ထိုနေ့က တောအုပ်ထဲတွင် ချန်ကျိုစစ်၏လက်ဝါးရိုက်ချက်သည် သူမ၏ ညာဘက်ရင်ဘတ်တည့်တည့်သို့ ထိမှန်ခဲ့သည်။
ထိုနေရာမှာ ယခုထိတိုင် အနည်းငယ်မျှ ကိုက်ခဲနာကျင်နေဆဲပင်။
ဘယ်လိုတောင် ရှက်ဖို့ကောင်းလိုက်သလဲ!
ထိုသို့အတွေးတွင် သူမ၏ ဓားသိုင်းသည် ပို၍လျင်မြန်သွက်လက်လာခဲ့သည်။
“လူယုတ်မာကောင် သွားသေလိုက်တော့!”
ချောင်ဟုန်ယန်၏စကားတွင် ချန်ကျဲ့ မျက်နှာမဲ့လိုက်သည်။
“မိန်းကလေးဟုန်ယန် ကျုပ် ထောင်လွှားတာတော့ မဟုတ်ရပါဘူး။ ဒါပေမဲ့ ယီးဟုန်ဂေဟာဖွင့်ထားတဲ့ ဂေဟာသခင်မက ကျုပ်ကို လူယုတ်မာလို့ခေါ်တာတော့ နည်းနည်းများနေသလားလို့?”
ထိုသို့ပြောနေချိန်တွင် ချန်ကျဲ့သည် ပတ်ဝန်းကျင်တစ်ခွင်ကို အကဲခတ်ကြည့်နေရင်း ဦးနှောက်မှလည်း နည်းဗျူဟာတစ်ခုကို စဉ်းစားနေခဲ့သည်။
ဒီအခြေအနေမှာ ငါဘယ်လိုတုံ့ပြန်ရမလဲ? မကြာခင် ရှောင်ဟူရောက်လာတော့မှာပေမဲ့ ဒီရန်သူသုံးယောက်ရဲ့အင်အားက ရှောင်ဟူထက် ပိုအင်အားကြီးကြတယ်။ အဖြူဝတ်အလှလေးက ဒဏ်ရာရထားလို့ အားနည်းနေပေမဲ့ ရှောင်ဟူက သူ့ရဲ့ပြိုင်ဘက်ဖြစ်နိုင်ဖို့ မသေချာဘူး။
ချန်ကျဲ့တွေးတောနေစဉ် သူ့ထံ ဦးတည်လာနေသည့် စွင်းထျဲချွေ့၏တူကြီးကို မြင်လိုက်ရသည်။ စွင်းထျဲချွေ့ကို အရင်ရှင်းပြီးမှ အမျိုးသမီးနှစ်ယောက်ကို ရှင်းရန် ချန်ကျဲ့ဆုံးဖြတ်လိုက်သည်။
သို့ဖြင့် ချန်ကျဲ့သည် အဖြူဝတ်မိန်းကလေး၏ တိုက်ကွက်ကို ရှောင်တိမ်းလိုက်ပြီးနောက် ချက်ချင်းပင် သံမဏိလက်ဝါးသိုင်း၈ကွက်မြောက်– နဂါးဖမ်းချုပ်လက်ဝါးသိုင်းဖြင့် စွင်းထျဲချွေ့ကို တိုက်ခိုက်လိုက်သည်။
စွင်းထျဲ့ချွေ့သည် ချန်ကျဲ့သို့ တူဖြင့်ဝှေ့ယမ်းတိုက်ခိုက်နေရင်းမှ ချန်ကျဲ့သည် သူ၏တိုက်ခိုက်မှုကို မရှောင်ရှားဘဲ လက်ဝါးသိုင်းဖြင့် တန်ပြန်တိုက်ခိုက်လာကြောင်း မြင်တွေ့လိုက်ရသည်။
ဂါးး…
ချန်ကျဲ့၏လက်ဝါးရိုက်ချက်မှ မမျှော်လင့်ဘဲ နဂါးဟိန်းဟောက်သံဖျော့ဖျော့ ထွက်ပေါ်လာခဲ့ရာ စွင်းထျဲချွေ့မှာ ရုတ်ချည်း လန့်ဖျပ်သွားတော့သည်။
အဖြူဝတ်အမျိုးသမီးမှ အော်ပြော၏။
“သတိထား! အဲဒါက သူ့ရဲ့အင်အားအကြီးဆုံးသိုင်းကွက် နဂါးဖမ်းချုပ်လက်ဝါးသိုင်းပဲ!”
သို့သော် သူမ သတိပေးသည်မှာ အလွန်နောက်ကျသွားခဲ့သည်။ ချန်ကျဲ့သည် လက်ဝါးရိုက်ချက်ကို အရှိန်အဟုန်ပြင်းစွာ ထုတ်လွှတ်လိုက်ပြီးဖြစ်သည်။ စွင်းထျဲချွေ့သည် အလွန်ထိတ်ပျာသွားပြီး သူ၏တူကြီးကို ရင်ဘတ်ရှေ့တွင် ကာလိုက်သည်။
အသံကျယ်ကြီးထွက်ပေါ်လာပြီး စွင်းထျဲချွေ့သည် သူ၏တူကြီးနှင့်အတူ လွင့်ထွက်သွားခဲ့ကာ ခြံဝင်းတံတိုင်းနှင့်တိုက်မိသွားပြီး တံတိုင်းပြိုကျသွားတော့သည်။
“အစ်ကိုစွင်း!”
ထိုမြင်ကွင်းတွင် အမျိုးသမီးနှစ်ဦးစလုံးသည် စိုးရိမ်တကြီး အော်လိုက်ကြသည်။ ထို့နောက် နှစ်ဦးသား အကြည့်ဖလှယ်လိုက်ကြသည်။ အမျိုးသမီးမှ ဒေါသတကြီး ပြောသည်။
“လူယုတ်မာ ငါတို့ကိုလှည့်စားရဲတယ်၊ သွားသေလိုက်တော့!”
ချွင်~
အမျိုးသမီးနှစ်ဦးသည် ဓားနှစ်ချောင်းကို ထိခတ်စေလိုက်ရာ နောက်တဒင်္ဂတွင် ဓားများမှ မတူညီသော ဓားရောင်ခြည်များ ဖြာထွက်လာသည်။
အနက်ရောင်ဝတ်အမျိုးသမီး၏ ဓားရောင်ခြည်သည် ပန်းရောင်တောက်ပပြီး အဖြူရောင်ဝတ်အမျိုးသမီး၏ ဓားရောင်ခြည်သည် ရေခဲပြာရောင်တောက်ပသည်။
ထို့နောက် အမျိုးသမီးနှစ်ဦးသည် အင်အားပူးပေါင်း၍ ချန်ကျဲ့ထံ ဦးတည်ချီတက်လာကြသည်။
သူတို့နှစ်ဦးသည် အံ့ချီးဖွယ်သော ပေါင်းစည်းဓားသိုင်းကို အသုံးပြုကြ၏။ ၎င်းပေါင်းစည်းဓားသိုင်းသည် ခုနက သုံးဦးပေါင်း၍ ချန်ကျဲ့ကို တိုက်ခိုက်နေသည့်အင်အားထက် ပို၍အင်အားကြီးမားသည်။
အတိအကျဆိုရသော် ခုနက တိုက်ပွဲတွင် စွင်းထျဲချွေ့၏ဇာတ်ရုပ်သည် လွီပုအား သုံးဦးပေါင်းတိုက်ခိုက်ခြင်းတွင် ရှုပ်ထွေးမှုများကို ဖန်တီးလုပ်ဆောင်ရန် တာဝန်ယူရသည့် လျိုပေ့၏ဇာတ်ရုပ်နှင့် အလားတူသည်။
ချောင်ဟုန်ယန်နှစ်ဦး အင်အားပေါင်းစည်းတိုက်ခိုက်ခြင်းသည် ကြောက်ခမန်းလိလိသောအင်အားဖြစ်၏။
သူတို့ကိုင်ဆောင်ထားသည့် ဓားများမှာလည်း အနက်ရောင်ဝတ်အမျိုးသမီး၏ ဓားမှာ ယင်းဟယ်ဖြစ်ပြီး အဖြူရောင်ဝတ်အမျိုးသမီး၏ ဓားမှာ ချူးရွှယ်ဖြစ်သည်။
ဓားတစ်လက်သည် မီးစွမ်းအင်ရှိပြီး နောက်တစ်လက်သည် ရေခဲစွမ်းအင်ရှိသည်။
ဤအမျိုးသမီးနှစ်ဦး၏ ကျင့်ကြံမှုသည်လည်း အလားတူပင် ဖြစ်သည်။ အနက်ရောင်ဝတ်အမျိုးသမီးသည် မီးစွမ်းအင်ကို အထူးကျင့်ကြံပြီး အဖြူရောင်ဝတ်အမျိုးသမီးသည် ရေခဲစွမ်းအင်ကို အထူးကျင့်ကြံသည်။
ထို့အပြင် သူတို့နှစ်ဦးသည် တစ်ချိန်တည်းမွေးဖွားလာသည့် အမြွာများဖြစ်ကြရာ သူတို့၏စိတ်များသည်လည်း အလွယ်တကူ ဆက်သွယ်နိုင်ကြသည်။
သို့ဖြစ်ရာ သူတို့နှစ်ဦးပူးပေါင်းလိုက်သောအခါ အလွန်အင်အားကြီးမားသည့် ပေါင်းစည်းတိုက်ခိုက်သိုင်းကွက်ဖြစ်သော ရေခဲမီးလျံ နဝမနိဗ္ဗာန်သိုင်းကို ဖြစ်တည်လာစေသည်။
၎င်းသည် အလွန်အင်အားကြီးမားသည့် ဓားသိုင်းတစ်ခုဖြစ်ပြီး ၎င်းသိုင်းကို ကျင့်ကြံရန်အတွက် လိုအပ်ချက်များမှာ အလွန်ခက်ခဲ၏။ ပထမလိုအပ်ချက်မှာ ကျင့်ကြံသူများသည် စိတ်ဝိဉာဉ်ဆက်နွယ်မှုရှိသည့် အမြွာညီအစ်မများ ဖြစ်ရမည်။
ဒုတိယလိုအပ်ချက်မှာ ကျင့်ကြံသူနှစ်ဦးစလုံးသည် ချွင်းချက်မရှိ သိုင်းပညာပါရမီရှင်များ ဖြစ်ရမည်။
ချောင်ဟုန်ယန်အမြွာညီအစ်မနှစ်ဦးသည် ထိုလိုအပ်ချက်များနှင့် ပြီးပြည့်စုံစွာ ကိုက်ညီသည်။
ဓားသိုင်းသည် အလွန်တရာ ရှုပ်ထွေးဆန်းပြားသောကြောင့် ချောင်ဟုန်ယန်အမြွာနှစ်ဦးသည် မီးရေခဲနဝမနိဗ္ဗာန်သိုင်းကို ထုတ််သုံးရုံမျှသာ သုံးနိုင်ကြခြင်းဖြစ်သည်။
သို့သော်ငြား ၎င်းသိုင်း၏ အင်အားအကြီးမားဆုံးအဆင့်သည် နဝမနိဗ္ဗာန်အဆင့်ဖြစ်ပြီး ကောင်းကင်ဘုံအောက်ရှိ သိုင်းပညာရှင်အားလုံးကို စိန်ခေါ်နိုင်စွမ်းရှိသည်ဟူသည့် ကောလာဟလများ ရှိပေသည်။
ချောင်ဟုန်ယန်အမြွာနှစ်ဦးမှ ထိုသိုင်းကို ထုတ််သုံးလိုက်သည်တွင် ချန်ကျဲ့မှာ ကောင်းကင်ကြီးသည် နှစ်ခြမ်းကွဲသွားတော့မည့်အလား ခံစားလိုက်ရသည်။ ဓားရှည်နှစ်လက်သည် မီးနှင့်ရေခဲအရောင်အဝါများ ဖြာထွက်တောက်ပနေခဲ့သည်မှာ ကောင်းကင်ဘုံကို ထိုးဖောက်သွားတော့မည့်အလားပင်။
လက်ယာဘက်မှာ နေမင်းကြီးကဲ့သို့ တောက်လောင်နေကာ လက်ယာဘက်သည်တော့ နှင်းဖုံးလွှမ်းသည့်ဒေသအလား အေးစက်နေခဲ့သည်။
နှစ်ခုပေါင်းစည်းလိုက်သောအခါ နွေဦးနှင့်ဆောင်းဦးတို့ကို ကိုယ်စားပြုပုံဖော်နေခဲ့သည်။
၎င်းသိုင်းပညာ၏အင်အားကို ခံစားမိလေရာ ချန်ကျဲ့သည် နေရာတွင် တောင့်တင်းသွားတော့သည်။
သူတို့မျန့်ရွှေစီရင်စုမှာ မိန်ဂိုဏ်းအတွက် ဒီလိုတာဝန်ထမ်းဆောင်ရဲတယ်ဆိုတာ သူတို့မှာ အားထားရာရှိနေလို့ပဲ။ ပြီးတော့ အဲဒီအားထားရာက ဒီပေါင်းစည်းဓားသိုင်းပဲ။
“လူယုတ်မာ ငါတို့ရဲ့ မီးရေခဲ တတိယနိဗ္ဗာန်ဘုံသိုင်းကွက်ကို ခံစားကြည့်လိုက်!”
ချောင်ဟုန်ယန်သည် အော်ပြောလိုက်ပြီးနောက် ချန်ကျဲ့သို့ ချက်ချင်းတိုက်ခိုက်သည်။ ထိုအခိုက်အတန့်၌ ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့သည့် စွင်းထျဲချွေ့သည် အပျက်အစီးပုံများကြားထဲမှ ခက်ခက်ခဲခဲရုန်းထွက်နေသည်။
စွင်းထျဲချွေ့သည် ချန်ကျဲ့၏လက်ဝါးရိုက်ချက်ကြောင့် Cပုံသဏ္ဍာန်ကွေးညွတ်သွားသည့် သူ၏တူကြီးကို ကြည့်လျက် ချန်ကျဲ့၏ ကြောက်မက်ဖွယ်သောအင်အားကို ခံစားမိလိုက်သည်။
ကံကောင်းလို့ ခုနက တူကိုသုံးပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်လိုက်လို့ မဟုတ်လို့ကတော့ ငါ အခုနေ ဒဏ်ရာအပြင်းအထန်ရသွားလောက်ပြီ။
စွင်းထျဲချွေ့စဉ်းစားနေစဉ် သူ၏ဘေးရှိ ခြံဝင်းတံတိုင်းပေါ်သို့ လူတစ်ယောက် ခုန်တက်လာသည်ကို မြင်လိုက်ရသည်။
ထိုလူသည် တံတိုင်းပေါ်မှနေ၍ ခြံဝင်းထဲသို့ အလွန်အလျင်လိုနေသည့် မျက်နှာအမူအရာဖြင့် ကြည့်နေသည်။
စွင်းထျဲချွေ့ ထိုလူကို ချက်ချင်းမှတ်မိလိုက်သည်။
အဲဒါက ချန်ကျိုစစ်ရဲ့ အနီးကပ်လူယုံတော်ချန်ရှောင်ဟူ မဟုတ်လား?
ထိုသို့အတွေးဖြင့် စွင်းထျဲချွေ့ ထရပ်လိုက်သည်။
ချန်ကျဲ့ထံမှ အကူအညီတောင်းသည့် အမိန့်ကို လက်ခံရရှိပြီးနောက်တွင် ချန်ရှောင်ဟူသည် နှစ်ကြိမ်ပြန်မစဉ်းစားဘဲ အပြေးလိုက်လာခဲ့ခြင်းဖြစ်သည်။
ရုပ်ရည်ဆင်တူသည့် ချောင်ဟုန်ယန်နှစ်ယောက်မှ အလွန်အင်အားကြီးမားသည့် ပေါင်းစည်းဓားသိုင်းတစ်မျိုးဖြင့် ချန်ကျဲ့ကို တိုက်ခိုက်တော့မည့်မြင်ကွင်းကို မြင်တွေ့လိုက်သည်တွင် ချန်ရှောင်ဟူသည် ချက်ချင်း အော်ခေါ်လိုက်သည်။
“ခန်းမအရှင်သခင် ကျွန်တော်လာကူညီမယ်!”
ထိုအခါ အမြွာနှစ်ဦးသည် တဒင်္ဂမျှ ရပ်တန့်သွားပြီး ချန်ရှောင်ဟူဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ စွင်းထျဲချွေ့သည် ဝေဝေဝါးဝါးဖြင့် ထရပ်ကာ ချန်ရှောင်ဟူနှင့် ဘေးချင်းယှဉ်ရပ်လိုက်သည်။
“မိန်းကလေးတို့ ငါတို့ပူးပေါင်းပြီးတော့ မကောင်းတဲ့ကောင်တွေကို တိုက်ခိုက်ကြမယ်။ ဒီလူသစ်လေးကိုတော့ ငါတာဝန်ယူလိုက်မယ်”
ထိုအခါ အမြွာနှစ်ဦးသည် အကြည့်ပြန်လွှဲလိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်၌ ချန်ကျဲ့မှ ပြောလာသည်။
“ရှောင်ဟူ ဆင်းမလာနဲ့”
ထိုအခါ ရှောင်ဟူသည် တွန့်ဆုတ်သွား၏။ ထိုအခါ စွင်းထျဲချွေ့သည်လည်း ချန်ကျဲ့ကို လှည့်ကြည့်လာပြီး လှောင်ရယ်သည်။
“ဟက် ချန်ကျိုစစ်၊ အမြွာညီအစ်မနှစ်ယောက်ကို မီးရေခဲပေါင်းစည်းသိုင်းထုတ်သုံးလာတဲ့အထိ ဖိအားပေးနိုင်တာ မင်းကိုယ်မင်းဂုဏ်ယူသင့်တယ်”
ချန်ကျဲ့မှ ပြန်ပြောသည်။
“အို တကယ့်ကိုဂုဏ်ယူစရာပါပဲ”
စွင်းထျဲချွေ့မှ ဆက်ပြောသည်။
“မင်းမှာ ဒီလောက်ကြီးမားတဲ့ ဂုဏ်ယူစရာရှိနေပြီပဲ။ ဘာလို့ ဒီသိုင်းကွက်အောက်မှာ ဒီတိုင်းသေမပေးလိုက်လဲ!”
စာစဉ်ပြီး၏