အခန်း (၄၈၀)
Vol. 38 Ch. 480
အခန်း ၄၈၀
ချန်ကျဲ့ ရယ်မောလိုက်သည်။
“ဟားဟား သေချာပေါက် လက်နက်သွန်းလုပ်မလို့ပဲပေါ့”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ဪ ဒါဆို ကျွန်တော့်နောက်လိုက်ခဲ့ပါ”
သူတို့နှစ်ဦးသည် တစ်ခဏအတွင်း အရှေ့မြို့သို့ ရောက်ခဲ့ကြသည်။
မျန့်ရွှေကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဟု ခွဲခြားထားပြီး မြို့တစ်မြို့စီတွင် ၎င်းမြို့၏ထူးခြားချက်ရှိသည်။ အရှေ့မြို့တွင် အထက်တန်းလွှာများ နေထိုင်ကြပြီး အနောက်မြောက်မြို့များသည် အဓိကကုန်သည်အဖွဲ့ကြီးများ အခြေစိုက်ရာဖြစ်သည်။ တောင်မြို့သည်တော့ လူဆိုးလူကောင်း ရောနှောနေရာအရပ်ဖြစ်သည်။ သနားစဖွယ်သော သာမန်လူများသည်တော့ အလယ်တွင် ဒရွတ်တိုက်ဆွဲနေရပေသည်။
ဤသည်မှာ မျန့်ရွှေ၏ ဖွဲ့စည်းပုံဖြစ်သည်။
အရှေ့မြို့တွင် အထက်တန်းလွှာများ နေထိုင်သည်၏ ဆိုလိုရင်းမှာ မုလန်လူမျိုးများစွာ နေထိုင်သည့် အရပ်ဒေသဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အရှေ့မြို့သည် မုလန်လူမျိုးများ၏ စုရပ်ဖြစ်သည်။
ထို့ကြောင့် အရှေ့မြို့ကို ကြီးမြတ်ခြင်းများ ပြည့်နှက်နေသည့်မြေဟု ခေါ်ဆိုတတ်ကြသည်။
အနောက်မြောက်မြို့များမှ အနောက်မြို့သည် ငါးဖမ်းကုန်သည်အဖွဲ့၏ပိုင်နက်ဖြစ်ပြီး မြောက်မြို့သည် ချောင်ကုန််သည်အဖွဲ့၏ပိုင်နက် ဖြစ်သည်။ ၎င်းမြို့နှစ်မြို့တွင် အင်အားကြီးကုန်သည်အဖွဲ့ကြီးနှစ်ခု အခြေစိုက်ထားရှိသည်။
ထို့နောက် တောင်မြို့သည် အရာအားလုံး ရောပြွန်းနေသည့် နေရာဖြစ်သည်။ နောက်ဆုံးဖြစ်သည့် အစိုးရရုံးတော်နှင့် နီးကပ်သည့် နေရာတွင်တော့ မည်သည့်ကုန်သည်အဖွဲ့မျှ မရှိဘဲ သာမန်ပြည်သူများသာ နေထိုင်ကြသည်။ သို့သော်ငြား ဤသို့ခေတ်ကာလမျိုးတွင် အစိုးရရုံးတော်အနီး နေထိုင်ရခြင််းသည် ကောင်းမွန်သည့်အရာများကို သယ်ဆောင်လာပါမည်လော?
ပြည်သူများသည် မကြာခဏ အစိုးရရုံးတော်၏ စစ်မှုမထမ်းမနေရဥပဒေဖြင့် စစ်တပ်ထဲ ဆွဲသွင်းခံရတတ်သည်။ ထို့ကြောင့် ပြည်သူများမှာ အလွန််သနားဖွယ်ကောင်းလှ၏။
စွင်းမိသားစုပန်းပဲရုံသည် အရှေ့မြို့တွင် တည်ရှိခြင်းဖြစ်သည်။ ချန်ကျဲ့နှင့် စစ်ရှီးတို့သည် အရှေ့မြိို့သို့ရောက်ရှိပြီးနောက်တွင် ကြီးမားသည့် ပန်းပဲရုံကြီးကို အဝေးမှ လှမ်းမြင်လိုက်ရသည်။
ပန်းပဲရုံသည် ပိတ်ထား၏။ သို့သော် ပန်းပဲရုံ၏ မီးခိုးခေါင်းတိုင်မှ မီးခိုးများ တလူလူထွက်နေသည်ကို မြင်တွေ့နိုင်ပေသည်။ သို့ဖြစ်ရာ ပန်းပဲရုံထဲတွင် ပစ္စည်းသွန်းလုပ်နေကြကြောင်း ထင်ရှားသည် မဟုတ်ပါလော။
ချန်ကျဲ့ သိချင်စိတ်ပြင်းပြစွာ မေးလိုက်သည်။
“အယ် သံထည်သွန်းလုပ်နေရင် ပန်းပဲရုံကို ပိတ်ထားဖို့ လိုအပ်လို့လား”
ထိုအခါ စစ်ရှီးမှ ပြောသည်။
“ပုံမှန်အားဖြင့်တော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ စွင်းထျဲချွေ့က သူ့မှာ လျို့ဝှက်နည်းလမ်းတစ်ခုခုရှိတာကြောင့် လူမမြင်စေချင်လို့ ဖြစ်နိုင်ပါတယ်”
ချန်ကျဲ့ ရယ်လိုက်သည်။
“ဟားဟား အဓိပ္ပာယ်ရှိတယ်။ ငါတို့ တံခါးသွားခေါက်ရအောင်”
စစ်ရှီး ချက်ချင်း တံခါးခေါက်လိုက်သည်။
ဒေါက် ဒေါက် ဒေါက်…
တံခါးခေါက်သံ ဆက်တိုက်ထွက်ပေါ်လာသည်။ အချိန်အတော်ကြာမြင့်ပြီးနောက်မှသာ လူတစ်ယောက်မှ တံခါးလာဖွင့်ပေး၏။ တံခါးလာဖွင့်ပေးသူမှာ လူငယ်အလုပ်သမားလေးတစ်ဦးဖြစ်ပြီး တံခါးကြားမှ ခေါင်းပြူထုတ်လာကာ မေးမြန်းသည်။
“ဘယ်သူ့ကိုရှာတာလဲဗျ”
ထိုအခါ ချန်ကျဲ့ ရှေ့တိုးလိုက်ပြီး ပြောသည်။
“ကျုပ်နာမည် ချန်ကျိုစစ်ပါ။ သခင်ကြီးစွင်းကို လာနှုတ်ဆက်တာပါ”
ထိုအခါ လူငယ်အလုပ်သမားလေးသည် တွေဝေသွားပြီး ပြောသည်။
“လူကြီးမင်းက ကျွန်တော့်ဆရာကို ရှာနေတာလား? ခဏစောင့်ပါ။ ကျွန်တော် ဆရာတူအစ်ကိုကြီးကို သွားအကြောင်းကြားလိုက်ဦးမယ်”
အလုပ်သမားလေးသည် တံခါးပြန်ပိတ်လိုက်ပြီးနောက် အော်ပြောသည်။
“ဆရာတူအစ်ကိုကြီး ချန်ကျိုစစ်ဆိုတဲ့လူတစ်ယောက် အပြင်မှာရောက်နေတယ်”
ထိုစကားတွင် ခြံဝင်းအတွင်း၌ ရုတ်ချည်း တိတ်ဆိတ်သွား၏။ ထို့နောက်တွင် ဆရာတူအစ်ကိုကြီးဆိုသူသည် တံခါးဝသို့ အမြန်ပြေးလာပြီး ပြောသည်။
“ဒီငတုံးကောင်လေးတော့၊ ချန်ကျိုစစ်ဆိုတာ မင်းပါးစပ်က ခေါ်လို့ရတဲ့နာမည်လား? မြန်မြန်တံခါးဖွင့်လိုက်စမ်း!”
သို့ဖြင့် အလုပ်သမားလေးသည် ချက်ချင်း တံခါးဖွင့်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ဖွံ့ထွားသည့် အမျိုးသားတစ်ဦးမှ ချန်ကျဲ့အား လက်သီးယှက်အရိုအသေပြုနှုတ်ဆက်သည်။
“ကျွန်တော့်ရဲ့ဆရာတူညီလေးက ရိုင်းပျမိသွားပါတယ်။ ခန်းမအရှင်သခင်ချန် ရောက်လာမှာကို မသိခဲ့တာကြောင့် သေချာလေး ကြိုဆိုဖို့ ပျက်ကွက်သွားခဲ့ရပါတယ်”
ချန််ကျဲ့မှ ပြန်၍ လက်သီးယှက်နှုတ်ဆက်လိုက်ကာ ပြောသည်။
“ဂုဏ်ပုဒ်တွေဆိုတာ ထိတွေ့ဆုပ်ကိုင်မရတဲ့အရာတွေပါပဲ။ ဒါနဲ့ သခင်ကြီးစွင်းရှိသလား? ကျုပ် လက်နက်တစ်ခုသွန်းလုပ်ဖို့အတွက် သခင်ကြီးစွင်းကို အလုပ်အပ်နှံချင်လို့ပါ”
ထိုအခါ ဆရာတူးအစ်ကိုကြီးမှ ပြောသည်။
“အို ကျေးဇူးပြုပြီး စောင့်ဆိုင်းပေးပါ။ ဆရာက အနောက်ခြံဝင်းထဲမှာပါ။ ရှောင်လျို့ ခန်းမအရှင်သခင်ချန်ကို လက်ဖက်ရည်နဲ့ ဧည့်ခံဖို့ အရှေ့ခြံဝင်းဆီ ခေါ်သွားလိုက်”
ထိုအခါ ခုနက ရောက်လာသည့် အလုပ်သမားလေးမှ ပြောသည်။
“ခန်းမအရှင်သခင်ချန် ဒီဘက်ကိုကြွပါ”
ချန်ကျဲ့လည်း ခြံဝင်းထဲသို့ ဝင်ခဲ့သည်။ ခြံဝင်းသည် အတော်လေးကျယ််ဝန်းပြီး သံထည်သွန်းလုပ်သည့် မီးပြင်းဖိုစုစုပေါင်း ၁၀ဖိုခန့်ရှိသည်။ ချန်ကျဲ့သည် မီးပြင်းဖိုများကို ဖြတ်လျှောက်သွားရင်း တစ်နေရာအရောက်တွင် ရပ်သွား၏။ တစ်စုံတစ်ရာ ပြုတ်ကျလာခြင်းကဲ့သို့ ပုံရိပ်ကို မြင်လိုက်ရခြင်း ဖြစ်သည်။
ချန်ကျဲ့ စစ်ရှီးကို မျက်လုံးအချက်ပြလိုက်သည်။ စစ်ရှီးလည်း ထိုအရာကို သတိထားမိသဖြင့် ထိိတ်လန့်သွားခြင်းနှင့်အတူ ချက်ချင်း ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပြုတ်ကျလာသည့် ထိုအရာကို အင်္ကျီလက်ထဲ ကောက်ဖွက်လိုက်သည်။
ချန်ကျဲ့သည်တော့ ဘာမှမပြောပေ။ ထိုစဉ် ပန်းပဲရုံ၏ အတွင်းခန်းမထဲသို့ ရောက်လာခဲ့သည်။
သူတို့ထိုင်လိုက်ပြီးနောက် လက်ဖက်ရည််တစ်အိုးကို နှပ်ပေး၏။
ချန်ကျဲ့နှင့် စစ်ရှီးတို့သည် လက်ဖက်ရည်သောက်နေလိုက်ကြသည်။ ထိုစဉ် ဆရာတူအစ်ကိုကြီးဖြစ်သူသည် သီးသန့်ခြံဝင်းလေးတစ်ခုထဲသို့ အလျင်စလို ပြေးဝင်သွားခဲ့သည်။
၎င်းသီးသန့်ခြံဝင်းလေးထဲ၌ ချောင်းဆိုးသံများထွက်ပေါ်နေခဲ့သည်။
အဟွတ် အဟွတ်…
အမျိိုးသမီးတစ်ယောက်၏ ချောင်းဆိုးသံဖြစ်သည်။
ခြံဝင်းထဲ၌ စွင်းထျဲချွေ့သည် သူ၏ရှေ့ရှိ အဆက်မပြတ် ချောင်းဆိုးနေသော မျက်နှာဖုံးဇာဝတ်ဆင်ထားသည့် အမျိုးသမိးကို ပြောသည်။
“အားလျန် မင်းအဆင်ပြေရဲ့လား”
“အဟွတ် အဟွတ် ကျွန်မအဆင်ပြေပါတယ်။ အဆုတ်မှာ ဒဏ်ရာရထားတာကြောင့် အဆက်မပြတ် ချောင်းဆိုးနေတာပါ။ ချန်ကျိုစစ်က အဲဒီလောက်အင်အားကြီးမယ်လို့ လုံးဝ ထင်မထားမိခဲ့ဘူး။ အဲဒီနောက်ဆုံးလက်ဝါးရိုက်ချက်တစ်ချက်က ဘယ်လိုမှ ရှောင်မရခဲ့တာ။ ရှင်တို့လည်း နောက်ကို သေချာဂရုစိုက်ကြပါ။ သူ့ကို ပေါ့ပေါ့လေး သဘောမထားလိုက်နဲ့”
ထိုအခါ စွင်းထျဲချွေ့မှ ပြန်ပြောသည်။
“အင်း ငါနားလည်ပါတယ်။ ဒါပေမဲ့ အားလျန်် ပြဿနာတစ်ခုရှိတယ်”
“ဘာလဲ”
စွင်းထျဲချွေ့မှ ပြောသည်။
“ငါဒီနေ့ ဆေးဝယ်ဖို့ လူလွှတ်လိုက်တယ်။ ဒါပေမဲ့ အံ့ဩဖို့ကောင်းလောက်အောင်ပဲ မျန့်ရွှေစီရင်စုတစ်ခုလုံးမှာ သွေးတန့်ဆေးတွေ ပြတ်လပ်နေတယ်တဲ့။ ငါတို့ နည်းနည်းလေးမှ ဝယ်မရခဲ့ဘူး။ ဒီလိုသာဆို မင်းရဲ့ဒဏ်ရာကို ကုသဖို့ဆေးက ပြင်ဆင်ဖို့ခက်ခဲလိိမ့်မယ်။ မင်းရဲ့ဒဏ်ရာကို ဘယ်လိုလုပ်ကြမလဲ”
အမျိုးသမီးမှ ပြန်ပြောသည်။
“သွေးတန့်ဆေးတွေအကုန် ပြတ်ကုန်တာလား? ဘယ််လိုဖြစ်နိုင်မှာလဲ? ရှားပါးတဲ့ဆေးလည်း မဟုတ်ဘဲနဲ့”
စွင်းထျဲချွေ့မှ ပြောသည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ဆေးက တကယ်ပဲ ပြတ်နေတာ။ ပြီးတော့ သွေးတန့်ဆေးမရှိရင် မင်းရဲ့ဒဏ်ရာကို ကုသလို့မရနိုင်ဘူး”
“အဟွတ် အဟွတ်… ဒါ တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ ဖြစ်လိမ့်မယ်”
“အင်း ငါသေချာမေးမြန်းစုံစမ်းပြီးပြီ။ စျေးကွက်ထဲက သွေးတန့်ဆေးအားလုံးကို ကျားဖြူခန်းမက ဝယ်သွားတာတဲ့”
“ချန်ကျိုစစ်ပဲ ဟားဟား ချန်ကျိုစစ်ပဲ သေချာတယ်။ ကျွန်မ ခန့်မှန်းချက်က မှန်ကန်လိမ့်မယ် အဟွတ် အဟွတ် ဟွတ်…”
ထိုအခါ စွင်းထျဲချွေ့သည် အမျိုးသမီးကို ကြည့်၍ ပြောသည်။
“အားလျန် မင်းမစိုးရိမ်နဲ့။ ငါ အနီးအနားက စီရင်စုနှစ်ခုကို လူလွှတ်ပြီး သွေးတန့်ဆေးဝယ်ခိုင်းထားပြီ။ သူတို့တွေ တစ်ညအိပ်တစ်ရက်ပြီးရင် ပြန်ရောက်လိမ့်မယ်”
အမျိုးသမီး၏ ချောင်းဆိုးခြင်းမှာ ပို၍ပြင်းထန်လာခဲ့သည်။ အမျိုးသမီးမှ ခေါင်းခါလျက် ပြောသည်။
“အဟွတ် အဟွတ်.., အစ်ကိုစွင်း အားကုန်မခံပါနဲ့တော့။ ချန်ကျိုစစ်က မျန့်ရွှေတစ်ခုလုံးက သွေးတန့်ဆေးတွေကို အကုန်ဝယ်ထားတယ်ဆိုရင် အနီးအနားက စီရင်စုတွေမှာလည်း အကုန်လိုက်ဝယ်ထားမှာပဲ။ သူ ကျွန်မတို့ကို အခွင့်အရေးချန်ထားပေးမှာ မဟုတ်ဘူး အဟွတ် အဟွတ်…”
“အားလျန် ဟုတ်ပါ့မလားကွာ? ချန်ကျိုစစ်က အဲဒီလောက်အထိ လုပ်နိုင်ပါ့မလား? အဲဒါဆိုလည်း ငါ တခြားစီရင်စုတွေကို လူထပ်လွှတ်လိုက်မယ်။ သူ ပြည်နယ်တစ်ခုလုံးက စီရင်စုတွေအားလုံးမှာ အကုန်လိုက်ဝယ်သိမ်းနိုင်မယ်လို့ ငါမယုံဘူး”
အမျိုးသမီးမှ ခေါင်းခါသည်။
“ကျွန်မရဲ့ဒဏ်ရာက တစ်ရက်ကြာနေပြီးပြီ။ ဒီဒဏ်ရာကို ကုသဖို့ အကောင်းဆုံးအချိန်က သုံးရက်အတွင်းပဲ။ သုံးရက်ကျော်သွားရင် အဟွတ် အဟွတ်… ကုသဖို့ ခက်ခဲမှာစိုးရတယ်။ ကျွန်မတို့ ဝေးလံတဲ့စီရင်စုတွေကို အားထားလို့ မရနိုင်ဘူး။ ချန်ကျိုစစ်လည်း အဲဒါကို ကြိုတွက်ထားပြီးလောက်မယ်လို့ ကျွန်မထင်တယ်”
“အာ ဒါဆိုဘယ်လိုလုပ်မလဲ? မင်းရဲ့ဒဏ်ရာ အခြေအနေပိုဆိုးလာတာကို ဒီတိုင်းထိုင်ကြည့်နေရမှာလား”
စွင်းထျဲချွေ့မှ စိုးရိမ်ပူပန်စွာ ပြောသည်။ ထိုအခါ အမျိုးသမီးမှ ပြန်ပြောတော့မည်တွင် အပြင်ဘက်မှ တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“ဘယ်သူလဲ”
စွင်းထျဲချွေ့၏ အမေးစကားကို အပြင်ဘက်မှ အလွန်စိတ်လှုပ်ရှားနေသော အသံဖြင့် ပြန်ဖြေလာသည်။
“ဆရာ၊ လူတစ်ယောက် ဆရာ့ကိုလာရှာပါတယ်”
“ဘယ်သူလဲ”
“ချန်ကျိုစစ်ပါ”
“ဘယ်သူ?!!”
စွင်းထျဲချွေ့မှ အော်ပြောမိလိုက်သည်အထိပင်။ သူသည် အသံကျယ်လောင်သွားခြင်းနှင့်အတူ ခြံဝင််းအပြင်ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။