← Chapters

မင်းကို တစ်ချက်ပုတ်ရုံနဲ့ သတ်နိုင်တယ်

Vol. 39 Ch. 531

မင်းကို တစ်ချက်ပုတ်ရုံနဲ့ သတ်နိုင်တယ်

Vol. 39 Ch. 531

ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ကျန်းရီကြောင့် ဖီးနစ်အော်သံနယ်မြေတွင် ဒေါသများ အမှန်တကယ် လာရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

သူ၏တစ်ဦးတည်းသောသား အသတ်ခံလိုက်ရသည်။ ကျန်းရီနောက် အချိန်ကြာမြင့်စွာ လိုက်ပြီးချိန်၌ နောက်ဆုံးတွင် မိုးကြိုးပင်လယ်ထဲတွင် ကိုယ်တိုင် လက်စားချေနိုင်တော့မှာ ဖြစ်သည်။ သို့သော် ကျန်းရီက အဆုံးတွင် ပျောက်ကွယ်သွားတော့၏။ ခြင်္သေ့ချီနတ်ဆိုးဘုရင်သည် လဝက်ခန့် ပင်လယ်ထဲ၌ ခြေဦးတည့်ရာ ရှာဖွေခဲ့သည်။ သို့သော် သူ့ရင်ထဲရှိ ဒေါသတို့ မကျေမချမ်း ဖြစ်မှုတို့က အမြင့်ဆုံးအထိ ရောက်လာတော့သည်။

သူက ရေသူမျိုးနွယ်စု၏ နယ်မြေဖြစ်သော ဖီးနစ်အော်သံနယ်မြေ၏ အနောက်ဘက်သို့ လှည့်လှည် သွားလာနေခဲ့သည်။ ရေသူမျိုးနွယ်ဝင်များကလည်း သတိထားမိပြီး သူတို့က လာရောက်မေးကြရာ ခြင်္သေ့ချီဧကရာဇ်၏သားကို ကျန်းရီသတ်လိုက်ကြောင်း သူတို့ သိသွားသည့် အချိန်၌ ရေသူမျိုးနွယ်စု၏ ဧကရာဇ်က ချက်ချင်းပင် အကြံတစ်ခုကို အကောင်အထည် ဖော်တော့သည်။ ကျန်းရီကို ဖီးနစ်အော်သံနယ်မြေ၌ မြင်ခဲ့ကြောင်း ခြင်္သေ့ချီဧကရာဇ်ကို ပြောရန် သူ့လူများကို ပို့လိုက်၏။

သတင်းရသောအခါ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ဒေါသထွက်သွားသည်။ ကျန်းရီက ဖီးနစ်အော်သံနယ်မြေဆီသို့ ဦးတည်ထွက်သွားပုံရသည်။ သူက အထူးအရည်အချင်းတချို့ကို သုံးပြီး နယ်မြေထဲတွင် ပုန်းနေတာ ဖြစ်နိုင်ပေ၏။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က သူ့သားအတွက် လက်စားချေလိုစိတ်တို့ ပေါ်နေသောကြောင့် သူကိုယ်တိုင် ဖီးနစ်အော်သံနယ်မြေဆီသို့ ဂမူးရူးထိုးသွားခဲ့ပြီး လက်အောက်ငယ်သားများကိုတောင် မဆင့်ခေါ်ခဲ့ပေ။

အဖြစ်အပျက်များက ထိုသို့ ဖြစ်လာခဲ့သည်။ ရေသူမျိုးနွယ်စုက ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်နောက် လိုက်ရန် တပ်ဖွဲ့ကို လွှတ်ခဲ့ပြီး ဖီးနစ်အော်သံနယ်မြေ၏ အနောက်ဘက်ကမ်းရိုးတမ်းကို အတူတကွ တိုက်ခိုက်ခဲ့၏။ တစ်ရက်အတွင်း၌ မြို့ဆယ့်သုံးမြို့ ကျရှုံးခဲ့ပြီး စစ်သားတစ်သန်းကျော် သေဆုံးခဲ့သည်။

ရေသူမျိုးနွယ်စုနှင့် ဖီးနစ်အော်သံနယ်မြေကြားရှိ စစ်ပွဲများက အတိတ်တုန်းက တိုက်ပွဲအသေးစားများသာ ဖြစ်ပွားခဲ့ကြတာ ဖြစ်ပြီး နှစ်ဦးနှစ်ဖက်လုံးရှိ သိုင်းပညာရှင်များက တိုက်ပွဲထဲ အလွယ်တကူ ဝင်မပါခဲ့ပေ။ ဆိုရလျှင် နှစ်ဘက်လုံးသည် မည်သူကမှ မည်သူ့ကို အပြည့်အဝ အနိုင်ယူနိုင်ခြင်း မရှိတာကို ကောင်းကောင်း သတိပြုမိ၏။ သူတို့က တိုက်ခိုက်ခဲ့လျှင် နှစ်ဖက်လုံး ဆုံးရှုံးနှစ်နာမှုကြီး ကြုံတွေ့ရမှာပဲ ဖြစ်သည်။ သို့သော် နှစ်ဖက်ကြားထဲ၌ နှစ်တစ်ရာလျှင် တစ်ကြိမ် ဖြစ်ပွားသည့် တိုက်ပွဲက ဖြေရှင်းမရနိုင်တော့သည့် အခြေအနေသို့ ရောက်လာခဲ့သည်။ တစ်ဦးနှင့်တစ်ဦး စစ်ဖြစ်ကို ဖြစ်မှ ရပေမည်။

ယခုအခေါက်၌ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်ကြောင့် အခြေအနေက အပြည့်အဝပြောင်းပြန် ဖြစ်သွားတော့သည်။ ရှေ့ပြေးတပ်ဖြင့် သူ့ကို မည်သူက တားနိုင်မည်နည်း။ ဒေသသခင်မချင်းယွီတောင် ချက်ချင်း သတ်ဖြတ်ခံရနိုင်၏။ သာမန်သိုင်းပညာရှင်များဆိုလျှင် ပိုဆိုးချေသေး၏။

သတင်းကြားသည့် အချိန်၌ ဖီးနစ်အော်သံနယ်မြေတစ်ခုလုံးက ဆူညံပွက်လောရိုက်ကုန်၏။ ဖီးနစ်အော်သံနယ်မြေ၏ ဧကရာဇ်က နန်းတော်ထဲမှ ကမန်းကတမ်း ထွက်ခွာပြီး အကူအညီတောင်းရန်အတွက် အရှေ့ပိုင်းရှိ နယ်မြေနှစ်ခုကို သံတမန်များ ချက်ချင်းစေလွှတ်ခဲ့သည်။

ထိုနယ်မြေနှစ်ခုက ဖီးနစ်အော်သံနယ်မြေထက် ပိုသေးပြီး ဖီးနစ်အော်သံနယ်မြေ၏ မှီခိုနေထိုင်သူများ ဖြစ်ခဲ့သည်။ သူတို့၏ အရှင်သခင်များကလည်း ဖီးနစ်အော်သံနယ်မြေ သိမ်းပိုက်ခံခဲ့ရလျှင် ရေသူမျိုးနွယ်စု၏ မျိုးပွားနိုင်သော အရှိန်ဖြင့် အရှေ့အရပ်ဆီသို့ လျင်မြန်စွာ ပြန့်လာမည်မှန်း သူတို့လည်း သတိပြုမိသည်။ ထိုအချိန်ရောက်လျှင် သူတို့ ပျက်စီးရန် အလှည့် ရောက်လာပေလိမ့်မည်။

နယ်မြေ၏ စစ်သည်တော်များကလည်း အနောက်အရပ်ဆီသို့ ဆက်လက်ချီတက်နေကြသည်။ ကျန်ရှိသည့် သိုင်းပညာရှင်(၁၄)ဦးက သူတို့၏ မျိုးနွယ်စု အသီးသီးမှ သိုင်းပညာရှင်များကို ဦးဆောင်လျက် အနောက်အရပ်ရှိ ပင်လယ်နတ်ဆိုးများကို ခုခံတော့သည်။ အချိန်တိုအတွင်း အနောက်အရပ်သည် စစ်မီးလျှံများ မီးခိုးများဖြင့် တိမ်ဖုံးနေတော့၏။

ဒေသသခင်မချင်းယွီသည် ရှေ့တန်းသို့ တပ်ဖွဲ့နှင့်အတူ ထွက်သွား၏။ ကျန်းရီကမူ အကျဉ်းချခံထားရဆဲ ဖြစ်သည်။ ချင်းယွီက အလျင်စလို ထွက်သွားခဲ့ပြီး မည်သည့်အမိန့်မျှ မပေးခဲ့ပေ။ ကျန်းရီကို စောင့်ကြည့်နေသည့် အစောင့်နှစ်ဦးက သူတို့အလုပ်ကို မလစ်ဟင်းရဲ သူ့ကို အနိုင်မကျင့်ရဲချေ။ ဆိုရလျှင် ထိုညက ကျန်းရီ ပြုမူခဲ့ပုံက မည်မျှရဲတင်းလွန်းကြောင်း သူတို့ မြင်ခဲ့ပြီး ဖြစ်သည်။ သို့သော် သူတို့ဒေသသခင်မချင်းယွီက သူ့ကို သည်းခံပြီးရင်း သည်းခံခဲ့သည်။ ကျန်းရီ၏ နောက်ခံက ဘာမှန်း သူတို့မသိ၊ ဒေသသခင်မချင်းယွီတောင် သူ့ကို ထိုမျှ ကြောက်နေစေ၏။

သို့သော် ကျန်းရီကို ငါးရက်တာ စောင့်ဆိုင်းပြီးနောက် အစောင့်နှစ်ဦးသည် အဆုံးသို့ တွန်းပို့ခံရလုနီးပါး ဖြစ်ခဲ့သည်။ ချင်းမျိုးနွယ်၏ တင်းကျပ်သော စည်းမျဉ်းများအတွက်ကြောင့်သာ မဟုတ်လျှင် သူတို့သည် ကျန်းရီကို သေသည်အထိ နှုတ်နှုတ်ဆင်းပြီးလောက်ပြီ ဖြစ်သည်။

“ဟေ့ အဲဒီကမိန်းကလေးတွေ ဆီးအိုး သွားယူခဲ့အုံး ငါဆီးသွားချင်တယ်”

“ဆီးအိုးကို နည်းနည်း မလိုက်အုံး၊ ပြီးတော့ မင်းတို့ မပြုံးနိုင်ဘူးလား၊ မင်းရဲ့စုတ်ပြတ်နေတဲ့ မျက်နှာကို မြင်ရတဲ့အချိန် ငါ ဘယ်လိုလုပ် ဆီးသွားနိုင်မှာလဲ.. မျက်နှာပေါ်ဆီးသွားမိရင် နှစ်ယောက်လုံးအတွက် ကောင်းမှာ မဟုတ်ဘူး”

“ငါ ဗိုက်ဆာနေပြီ၊ စားစရာတွေ ပြင်ဆင်ဖို့ စားတော်ကဲတွေကို ပြောလိုက်၊ ပြီးခဲ့တဲ့အခေါက်က နဂါးညိုလျှာက အရသာရှိတယ်.. အဲဒါ နည်းနည်း ပိုပေး မနေ့က သေရည်က ကောင်းတယ် ကရားနည်းနည်း ပိုယူလာခဲ့..”

“ဒီအတိုင်း စားရတာ အတော်ပျင်းဖို့ကောင်းတယ် ငါ့အတွက် ကပြပေးဖို့ အလှလေးတချို့ ရှာလာခဲ့.. ပြီးတော့ တူရိယာလေး ဘာလေး တီးတတ်တဲ့သူ မရှိဘူးလားကွာ သူတို့ကို ဒီခေါ်လာခဲ့အုံးလေ..”

“မီးလင်းဖိုတချို့ သွားယူခဲ့အုံး ဒီအခန်းက အတော်အေးတာ အမွှေးနံ့သာလေးတွေ ထွန်းအုံးလေ အခန်းထဲက လေထုက သိပ်မကောင်းဘူး”

“..”

ငါးရက်တာ ကာလအတွင်း အိပ်သည့်အချိန်မှအပ ကျန်းရီသည် စုစုပေါင်း အမိန့်(၈၀)ကျော် ပေးခဲ့သည်။ အစောင့်နှစ်ဦးက သူ၏ ခွေးကဲ့သို့ အမိန့်ပေးခြင်း ခံနေရကာ သူ၏ စောဒကတက်မှုများ စော်ကားမှုများကို သူတို့ သည်းခံနေရသည်။

ထူးခြားသည့် အဆင့်အတန်းဖြင့် အကျဉ်းသားတစ်ဦး ဖြစ်နေသေးသည်။ သူသည် အဘယ်ကြောင့် ထိုကဲ့သို့ ပြုမူနိုင်ရသနည်း။

သူ၏ကိုယ်ပိုင်အဆင့်အတန်းကိုသာ မသိထားခဲ့လျှင် သူ အဆုံးသတ် ကောင်းမှာ မဟုတ်ပေ။

ဘန်း..

ကျန်းရီသည် သူ့ခြေထောက်ကို ဆေးပေးရန် တာဝန်ကျ အမျိုးသမီးအစောင့်တစ်ဦးကို ပြောပြီးနောက် အစောင့်သည် နောက်ဆုံး၌ သူမ၏ ဒေါသကို မဖိနှိပ်နိုင်တော့ပေ။ ကျန်းရီကို သတ်ဖြတ်လိုသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ အတွင်းအားများ စုလျက် သူမက ကျန်းရီဘေးရှိ လေးထောင့်စားပွဲကို လက်တစ်ဖက်တည်းဖြင့် ရိုက်ချလိုက်သည်။ ချက်ချင်းပင် စားပွဲက ပြာဖြစ်သွားတော့၏။

ကျန်းရီ၏ နှုတ်ခမ်းထောင့်၌ လှောင်ပြုံး ပေါ်လာတော့သည်။ သူက နှာခေါင်းရှုံ့ကာ ပြောလိုက်တော့၏။

“ဟေ့ မင်း အခု ဒေါသထွက်နေတာလား၊ ငါ သိပ်ကြောက်တာပဲကွာ.. ဘယ်လိုလုပ် စိတ်ဝိညာဉ်မျောလွင့် ပထမအဆင့် သိုင်းပညာရှင်တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် မောက်မာရဲတာလဲ မင်း အရည်အချင်းရှိရင် ငါ့ကို သတ်လိုက်လေ”

ထိုအမျိုးသမီးအစောင့် ချင်းညောင်ဟု ခေါ်သည်။ သူမက အသက်(၁၈) (၁၉) သာ ရှိပြီး အတော်လေး လှပ၏။ သူမက ချင်းမျိုးနွယ်စု၏ မျိုးဆက်လည်း ဖြစ်သည်။ သူမက ချင်းမျိုးနွယ်စုထဲတွင် ရာထူးကြီးသည့်သူ မဟုတ်သော်ငြား ချင်းမျိုးနွယ်စုဝင် တစ်ဦး ဖြစ်နေသေးပြီး သူမ မျိုးနွယ်စုအဆင့်၏ သင်္ကေတပင် ဖြစ်သည်။

ငါးနှစ်တာ ကာလအတွင်း အနောက်အရပ်၌ တိုက်ပွဲများစွာ ဖြစ်ပွားခဲ့သည်။ ခြင်္သေ့ချီနတ်ဆိုးဧကရာဇ်က ပိုရက်ရက်စက်စက် တိုက်ခိုက်ခဲ့လျှင် ဧကရီကိုယ်တိုင် လာရောက်ရန် သိပ်မကြာတော့ပေ။ ရေသူမျိုးနွယ်စုက ယခုအခေါက်တွင် အရာအားလုံးကို စွန့်စားလိုစိတ် ရှိပုံပေါ်၏။

ကြိမ်နက်ဒေသ၏ မြို့ငါးဆယ်ကျော်က ဖျက်ဆီးခံခဲ့ရသည်။ မြို့နေလူဦးရေ တစ်သောင်းကျော်က သေကြေးပြီး ဒဏ်ရာရခဲ့ကြသည်။ ချင်းမျိုးနွယ်စု၏ တပ်သားများနှင့် သိုင်းပညာရှင်များကလည်း ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။

ကြိမ်နက်မြို့ဆီသို့ သတင်းများ ပြန်ရောက်လာပြီး ချင်းမျိုးနွယ်စုဝင်များကို အတော်လေး စိတ်ဓာတ်ကျစေခဲ့၏။ သူတို့က ဒေါသလည်းထွက် စိတ်လည်း မသက်မသာ ဖြစ်နေကြကာ ကြီးမားသည့် ဖိအားအောက် ရောက်နေ၏။ ချင်းညောင်နှင့် ကျန်သည့် အမျိုးသမီးအစောင့်က ဤရက်ပိုင်းအတွင်း စိတ်အခြေအနေမကောင်း ဖြစ်နေသည်။ ထို့အပြင် ကျန်းရီ၏ ညှဉ်းပန်းမှုကို သူတို့က ခံနေရ၏။ သူတို့စိတ်မလွတ်လျှင် ဆန့်ကျင်မှုတစ်ရပ် ဖြစ်နေမှာပင်။

ချင်းညောင်က ကျန်းရီ၏ စကားကို ကြားသောအခါ ဒေါသထွက်သွားသည်။ သူမက ဓားရှည်ကို ရုတ်တရက် ဆွဲထုတ်ပြီး ကျန်းရီ၏ လည်ပင်းပေါ် တင်လိုက်၏။ ကျန်းရီ၏အရေပြားက ချွန်ထက်သောဓားကြောင့် ပြတ်သွားပြီး သွေးများ ဖြည်းဖြည်းချင်း စီးကျလာသည်။ သူမက ကျန်းရီကို အေးတိအေးစက် စိုက်ကြည့်လိုက်၏။

“ငါ နင့်ကို မသတ်ရဲဘူးလို့ တကယ်ထင်နေတာလား”

“ဖွီး..”

ကျန်းရီက မကြောက်လန့်ပေ။ ထိုအစား မြေပြင်ပေါ် တံထွေးထွေးလိုက်ပြီးနောက် သူမကို အထင်တသေး ကြည့်ကာ ပြောလိုက်သည်။

“မင်းက ဘယ်သူလဲ စိတ်ဝိညာဉ်မျောလွင့်ခရီးသွား ပထမအဆင့် သိုင်းပညာရှင်က ရာရာစစ လာရှုပ်ရဲတယ်ပေါ့ ငါသာ ကြိုးအတုပ်မခံထားရရင် မင်းကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်”

“ရှင်..”

ချင်းညောင်က ဒေါသထွက်လွန်းသောကြောင့် ရယ်မိလုနီးပါး ဖြစ်သွားသည်။ ကျန်းရီ အစွမ်းထက်တာကို သူမ မသိခဲ့ပေ။ ဤနေရာသို့ ရောက်မလာခင်၌ ကျန်းရီသည် သူ့အရှိန်အဝါကို ဖုံးကွယ်ခဲ့၏။ ပြီးနောက် ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးဖြင့် အတုတ်ခံထားရကာ အတွင်းအား မသုံးနိုင်ခဲ့ပေ။ ချင်းညောင်အဖို့ ကျန်းရီက နောက်ခံအချို့ရှိသည့် ဆော့ကစားစရာ ကောင်လေးထက် မပိုပေ။

ကျန်းရီကလည်း ဒေါသထွက်သွား၏။

“သေစမ်း ရာရာစစ ငါ့ကို ရယ်ပြီး အထင်သေးရဲတယ်ပေါ့ ငါ မင်းနဲ့ နှစ်ယောက် တိုက်ခိုက်ချင်တယ်.. ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်နိုင်တယ်ဆိုတာ ယုံလား”

“ကြိုက်သလောက် လုပ်လိုက်လေ”

ချင်းညောင်က ဓားရှည်ကို ဘေးသို့ ချိပ်လိုက်၏။ သူက ဒေါသထွက်နေသော‌ ခွေးပေါက်လေးနှယ်.. ကျန်းရီကို အော်ဟစ်လိုက်တော့သည်။

“နင်လား နင့်ရဲ့ခွန်အား နည်းနည်းလေးနဲ့လေ ငါ့ကို တစ်ချက်တည်းနဲ့ သတ်ဖို့ အိပ်မက်မက်နေတယ်တဲ့လား”

“နင် ငတုံးမ ရုပ်ဆိုးမ အဘွားကြီး ငါ့ကို သနားစရာကောင်းတယ်လို့ ခေါ်ရဲတယ်ပေါ့”

ကျန်းရီကလည်း ဒေါသထွက်နေသည့် ဘဲတစ်ကောင်ပမာ ပြုမူပြီး ဒေါသတကြီး အော်ဟစ်လိုက်၏။

“ငါ့ကို ကြိုးဖြည်ပေး၊ မင်းကို တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် ဒူးထောက်ပြီး မင်းရဲ့ခြေထောက်ကို ဆေးပေးမယ်”

“နင်သာ ငါ့ကို တစ်ချက်တည်းနဲ့ မသတ်နိုင်ရင် နင်က ဒူးထောက်ပြီး.. ငါ့ခြေထောက်ကို ဆေးပေးမယ်ပေါ့ ကောင်းတယ် ကောင်းတယ် ကောင်းချက်ပဲ”

ချင်းညောင်က ဒေါသထွက်သွား၏။ ကျန်းရီကို လက်ညှိုးထိုးပြီး သူမက တုန်ယင်တာ မရပ်နိုင်တော့ဘဲ မျက်လုံးက နီရဲလာတော့သည်။ ရုတ်တရက် သူမလက်ထဲ၌ အတွင်းအားများ ပေါ်လာ၏။ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို ဆုပ်ကိုင်လိုက်သည်။ သူမက ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးကို ဖြည်ပြီး ကျန်းရီကို တိုက်ခိုက်ခွင့် ပေးတော့မည့်ပုံရသည်။ သူမ အသက်ရှင်ခဲ့လျှင် သူက ဒူးထောက်ပြီး သူမခြေထောက်ကို ဆေးပေးမှာ ဖြစ်သည်။

“ပြီးပြီ..”

ကျန်းရီ၏ မျက်နှာတွင် ဒေါသများ ပြည့်နေသည်။ သို့သော် စိတ်ထဲတွင်မူ စိတ်လှုပ်ရှားနေ၏။ () အားစိုက်ထုတ်မှုက ယခုအခိုက်အတန့်အတွက် ဖြစ်သည်။ ဝိညာဉ်ချုပ်နှောင်ခြင်း ချိန်းကြိုးပြုတ်သွားသည်နှင့် သူ ဤနေရာမှ ဖောက်ထွက်နိုင်မှာပဲ ဖြစ်သည်။ ကုန်လွန်ခဲ့သည့် ငါးရက်တာအတွင်း သူက အရှက်ခွဲ ရန်စကာ ထိုအမျိုးသမီးအစောင့်နှစ်ဦးကို အမိန့်များ ပေးခဲ့၏။ သူတို့ကို ဒေါသထွက်စေရန်အတွက် ဖြစ်သည်။ သူတို့၏ အမူအကျင့်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် ချင်းညောင်က ပိုပြီး တုံးအသည်။ တစ်နည်းဆိုရလျှင် ထိန်းချုပ်ရ ပိုလွယ်ကူသူ ဖြစ်ကြောင်း တွေ့လိုက်ရ၏။ ထို့ကြောင့် ကျန်သည့် အစောင့်တစ်ဦးကို ပစ္စည်းသွားယူခိုင်းပြီးနောက် ချင်းညောင်ကို ဒေါသထွက်အောင် လုပ်နေတာပဲ ဖြစ်သည်။ ယခု ရလဒ်က အလွန်ကောင်းမွန်နေပုံရ၏။

***

All Chapters