← Chapters

အကြံပေးခြင်း။

Vol. 21 Ch. 228

အကြံပေးခြင်း။

Vol. 21 Ch. 228

လီယောင်သည် ဧကရာဇ်ရဲ့ မေးခွန်းတွေကို ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ ပျင်းရိလွန်းသောကြောင့် စာတွေကို သူ့သလွန်ပေါ် တင်ပေးလိုက်သည်။

ဧကရာဇ်က စာတွေအကုန်လုံးကို ဖတ်ကြည့်ပြီးသွားသောအခါ သူမ ထင်ထားသလို ဒေါသထွက်တဲ့ အမူအရာတွေ ပေါ်လာရမည့်အစား ပိုလို့တောင် တည်ငြိမ်သွားတာကို တွေ့ရသည်။

“ တကယ်တော့ အိမ်ရှေ့စံမင်းသားရဲ့ ယုတ်မာကောက်ကျစ်တဲ့ ရည်ရွယ်ချက်တွေကို ငါတို့ သိထားတာ ကြာလှပြီ။ သူက တရားရုံးတော်ထဲက ဝန်ကြီးအများစုကိုလည်း သူ့ဘက်‌ပါအောင် စည်းရုံးသိမ်းသွင်းထားတယ်။ ” ဟု ဧကရာဇ်က အေးဆေးတည်ငြိမ်သော အသံဖြင့် ပြောသည်။ “ သူ လူရိုင်းတွေနဲ့ပါ ပူးပေါင်းပြီး တာ့လင်စစ်တပ်ကို အားနည်းအောင် အရူးလိုမျိုး လုပ်လိမ့်မယ်လို့တော့ ငါတို့ ထင်မထားခဲ့ဘူး။ ”

“ တော်ဝင်တပ်မှူးချုပ်ရှုလည်း အကျဉ်းချခံထားရတယ်။ ”

“ ဟားဟား … အဲ့ကလေးက တကယ့်ကို အကွက်ကျကျ စီစဉ်ထားတာပဲ။ ” ဧကရာဇ်က ရယ်မောနေသည်။ “ ထီးနန်းလုယူချင်ရင် တော်ဝင်တပ်မှူးချုပ်ရှုကို အရင်ဆုံး ထိန်းချုပ်ထားဖို့ လိုတယ်လေ။ မဟုတ်ရင် တပ်မှူးချုပ်ရှာက လက်တစ်ချက် ဝှေ့ယမ်းလိုက်တာနဲ့ စစ်တပ်က နေပြည်တော်ကို ချီတက်လာလိမ့်မယ်။ ”

“ အဲ့ဒါတွေကို အရှင် သိရင်လည်း ဘာလို့ စောစောစီးစီး ပြင်ဆင်မထားတာလဲ။ ”

“ ဘာကို ပြင်ဆင်ရမှာလဲ။ ကိုယ့်သားအရင်းနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ရမှာလား … ကိုယ့်ဝန်ကြီးတွေနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်ရမှာလား။ အရာအားလုံးကို ဆန့်ကျင်နေရင် ကမ္ဘာကြီးကို ဘယ်လိုလုပ် အုပ်ချုပ်နိုင်မှာလဲ။ ”

လီယောင် : ဒီစကားက အဓိပ္ပာယ်တော့ ရှိသားပဲ။

“ ဒါပေမဲ့ ငါတို့လည်း ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ပြီး လျို့ယွင်ကိုတော့ ယိကျိုးစီရင်စုကို ပို့ထားခဲ့ပါတယ် ၊ အဲ့ဒီမှာဆို သူ အသက်အန္တရာယ်ကင်းမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။ ” ဧကရာဇ်က ခပ်တိုးတိုး သက်ပြင်းချလိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံဖြင့် သူမဘက်ကို လှည့်လာသည်။ “ ဒါနဲ့ မင်းက ဘယ်သူလဲ။ ”

လီယောင်သည် တာ့လင်တိုင်းပြည်ရဲ့ ဧကရာဇ်ကို တုံးအသော ဘုရင်တစ်ပါး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူမရဲ့ မျက်နှာပေါ်က အနက်ရောင်အဝတ်စကို ချွတ်ပြီး မျက်နှာကို ထုတ်ပြလိုက်သည်။ “ ကျွန်မက လီယောင်ပါ။ ”

ဧကရာဇ်က လီယောင့်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ သတိဝင်လာသည်။ “ ဒါဆို မင်းက လီယောင်ပေါ့။ ယွင်အာ မင်းအကြောင်း မကြာခဏ ပြောတာ ငါ ကြားဖူးတယ်။ သူက ငါ့ကို စိတ်ချမ်းသာအောင် ပြောခဲဘတာ မဟုတ်ဘူးပဲ။ မင်းရဲ့ သတ္တိတစ်ခုတည်းနဲ့တင် ကမ္ဘာပေါ်က ယောက်ျားအများစုကို အရည်အချင်းကင်းမဲ့သွားစေဖို့ လုံလောက်တယ်။ ”

“ အရှင်က ကျွန်မကို ချီးကျူးလွန်းနေပါပြီ။ ”

“ မင်းက ငါ့ကို လာကယ်တာလို့ ပြောတယ်နော်။ ”

“ မှန်လှပါ။ ”

“ မင်းရဲ့ ကူညီချင်စိတ်ကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ငါ နန်းတော်ထဲက ထွက်သွားလို့ မရဘူး။ ငါ ခြေတစ်လှမ်း ထွက်လိုက်တာနဲ့ ကျိုးကြောင်းနည်းလမ်းအရ အိမ်ရှေ့စံမင်းသားက ထီးနန်းဆက်ခံပိုင်ခွင့်ရှိတယ်။ အဲ့လို ဖြစ်တာနဲ့ ငါ့ကို ချက်ချင်း သတ်လိုက်တာနဲ့က ဘာများ ကွာခြားသေးလို့လဲ။ ”

အမှန်တကယ်ပဲ ကွာခြားမှုမရှိပါ။

“ အဲ့ဒီတော့ မင်း သွားလို့ ရပြီ။ နေပြည်တော်မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို ဆက်ဂရုစိုက်မနေနဲ့တော့။ အခုအချိန်မှာ အိမ်ရှေ့စံမင်းသားက အရမ်း အာဏာကြီးနေပြီ။ သူ ငထီးနန်းလုယူပြီး ဘုရင်အရိုက်အရာဆက်ဆံမှာကို ဘယ်သူမှ မတားနိုင်ဘူး။ ” ဟု ဧကရာဇ်က ပြောလိုက်သည်။ “ ယိကျိုးစီရင်စုကို ပြန်သွားပြီး ယွင်အာကို ငါ့အတွက် လက်စားချေဖို့ မစဉ်းစားနဲ့လို့ ပြောလိုက်ပါ။ အဲ့ဒီအစား ယိကျိုးစီရင်စုမှာပဲ ကောင်းကောင်းမွန်မွန် နေထိုင်သွားလို့။ ”

“ ကောင်းပါပြီ။ ဒါဆို ကျွန်မ ပြန်ပါတော့မယ်။ ”

စာတွေကို ပို့ဆောင်ပေးပြီးပြီမို့ သူမ လုပ်နိုင်တာက ဒီမှာတင် ပြီးဆုံးသွားပြီ ဖြစ်သည်။ ထိုစာတွေကို ဧကရာဇ် အသုံးပြု ၊ မပြုက သူမနှင့် မဆိုင်ပါ။

လီယောင်သည် ကြိုးပေါ်ကို ဖျတ်လတ်သွက်လက်စွာ ပြန်တွယ်တက်နေစဉ် ကြိုးတစ်ဝက်အရောက်မှာ ဧကရာဇ်ရဲ့ “ မင်း ဒီအတိုင်း တကယ် ပြန်သွားတော့မလို့လား။ ” ဆိုတဲ့ စကားသံကို ကြားလိုက်ရလေသည်။

“ အရှင့်မှာ ပြောစရာကျန်သေးလို့လား။ ”

“ ငါတို့ … ” ဧကရာဇ်က ရုတ်တရက်ပဲ ဘာပြောလို့ ပြောရမှန်း မသိတော့ပေ။ “ ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ မင်း ငါနဲ့ ခဏလောက် ဆက်နေပြီး စကားစမြည်မပြောချင်ဘူးလား။ ”

အသက်ကြီးသူတွေ သေမင်းခံတွင်းဝကို ရောက်နေချိန်မှာ အမျှော်လင့်ဆုံးအရာက သားသမီးတွေကို သူတို့ဘေးမှာ ရှိစေချင်တာပဲ ဖြစ်သည်။ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့ သားကတော့ အကြံကြီးသော ဗီလိန် ဖြစ်နေပြီး လျို့ယွင်ကလည်း ဟိုးအဝေး ယိကျိုးစီရင်စုမှာ ရောက်နေခဲ့သည်။

ကဲပါလေ … ဘာပဲဖြစ်ဖြစ် ‌အချိန်စောပါသေးတယ်။ ငါလည်း ကုသိုလ်ကောင်းမှု နည်းနည်းပါးပါး လုပ်သလို ဖြစ်သွားတာပေါ့ … ။

လီယောင်သည် ကြိုးပေါ်က ပြန်လျှောဆင်းလာခဲ့ပြီး ထိုင်ခုံတစ်လုံးကို ဧကရာဇ်ရဲ့ သလွန်ဘေးသို့ ဆွဲသွားကာ ထိုင်လိုက်သည်။ “ အရှင် ဘာအကြောင်းတွေ နားထောင်ချင်ပါသလဲ။ ”

“ ငါ့ကို ယိကျိုးစီရင်စုက အကြောင်းတွေပဲ ပြောပြပါ။ မင်း အဲ့ဒီမှာ စိတ်ဝင်စားစရာကောင်းတဲ့ ပစ္စည်းတွေ အများကြီး ဖန်တီးထားတယ်လို့ ငါ သတင်းကြားတယ်။ ”

“ အဲ့လောက် စိတ်ဝင်စားစရာမကောင်းပါဘူး။ ဒီတိုင်း အသေးစားကိရိယာ နည်းနည်းပါးပါးပါပဲ။ ”

……

“ ငါ သိချင်လို့ပါ။ အဲ့ဒီ ဘီးနှစ်ဘီးနဲ့ ရထားလုံးတွေက လဲမကျဘူးလား။ ”

……

“ ကန်စွန်းဥဆိုတဲ့ သီးနှံတွေကရော တကယ်ပဲ တစ်မူကို ကတ်တီ ထောင်ချီထွက်တာလား။ ”

……

“ ပြီးတော့ … ပြီးတော့ … ကျောက်မီးသွေးတစ်ပုံးကရော လူတွေကို ဘယ်လိုလုပ်ပြီး ကောင်းကင်ပေါ်မှာ ပျံသန်းနိုင်အောင် လုပ်နိုင်တာလဲ။ ”

……

ဧကရာဇ်သည် စူးစမ်းချင်စိတ်ပြင်းပြ‌နေသော ကလေးတစ်ယောက်ပမာ တစ်ညလုံး မေးခွန်းတွေ တရစပ် မေးနေခဲ့သည်။ သူ့ဆီမှာ ဘုရင်ရယ်လို့ ဟိတ်ကြီးဟန်ကြီးတွေ မရှိတာကြောင့်လားတော့ မသိဘဲ လီယောင်လည်း သူ့ကို နှစ်လိုမိသည်။

တကယ်တော့ ဧကရာဇ်နှင့် ပေါ့ပေါ့ပါးပါး စကားပြောရခြင်းက တစ်သက်မှာ တစ်ခါသာ ကြုံတွေ့နိုင်တဲ့ ဘဝအတွေ့အကြုံ ဖြစ်သည်။ ထိုအတွေ့အကြုံက ရှားပါးပြီး တန်ဖိုးရှိသည်။

သူတို့နှစ်ယောက်လုံး သတိမပြုမိခင်မှာပဲ အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးကာ နောက်တစ်နေ့ မနက်စောစောအချိန်ကို ရောက်သွားခဲ့သည်။

“ ကျွန်မ အခု သွားမှဖြစ်တော့မယ် အရှင်။ ”

“ ကောင်းပြီ … သွားပါ။ ငါနဲ့ အကြာကြီး စကားပြောပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းလည်း အခုကစပြီး ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်ပါ။ ”

လီယောင် ခေါင်မိုးပေါ်ကို တွယ်တက်ကာ တွဲလောင်းကျနေသော ကြိုးကို ပြန်ဆွဲယူလိုက်ချိန်မှာပဲ အိမ်ဆောင်တံခါး ပွင့်သွားပြီး နန်းတွင်းသမားတော်တွေဟာ အငွေ့တထောင်းထောင်းထနေသော ဆေးတစ်ခွက်ကို ကိုင်ထားလျက် ဧကရာဇ်ရဲ့ သလွန်ဆီသို့ လျှောက်လာခဲ့ကြသည်။

“ ဆေးသောက်ဖို့ အချိန်ကျပါပြီ အရှင်မင်းကြီး။ ”

ဧကရာဇ်က မည်းနက်နေသော ဆေးရည်တွေကို ကြည့်ရုံသာကြည့်ပြီး တစ်ကျိုက်တည်း မော့သောက်ပစ်လိုက်သည်။ အစကနေအဆုံးထိ သူ စကားတစ်ခွန်းမှ မပြောဖြစ်ပါ။

ဒီနန်းတွင်းသမားတော်တွေက အိမ်ရှေ့စံမင်းသားရဲ့ ဘက်တော်သားဖြစ်နေတာ ကြာပြီဖြစ်ကြောင်း သူ သိသည်။ ဒီဆေးရည်ကလည်း သူ့အသက်ကို နှုတ်ယူဖို့ ရည်ရွယ်ထားတဲ့ အဆိပ်ဖြစ်ဖို့ များသည်။

လီယောင်ကလည်း ထိုအတိုင်းပဲ ခန့်မှန်းမိတာမို့ သမားတော်တွေ ထွက်သွားသည်နှင့် သူမရဲ့ ကြိုးကို လျှောချပြီး အောက်ကို ပြန်ဆင်းခဲ့လိုက်သည်။

“ မင်း ဘာလို့ ထပ်ပြီး ပြန်လာတာလဲ။ ”

“ အရှင် ခုနတုန်းက သောက်လိုက်တဲ့ ဆေးက တစ်ခုခု မှားယွင်းနေနိုင်တယ်။ ”

“ ငါ သိသားပဲ။ ” ဟု ဧကရာဇ်က ပြန်ပြောလိုက်သည်။ “ ဒါပေမဲ့ အဲ့လိုဆိုတော့ရော ဘာတတ်နိုင်မှာလဲ။ ငါ မသောက်ချင်လည်း သူတို့က ငါ့ကို အတင်းအကြပ် သောက်ခိုင်းမှာပဲ။ ငါ့ဘာသာ အသာတကြည် သောက်လိုက်တာကမှ ပိုသက်သောင့်သက်သာဖြစ်ဦးမယ်။ ”

“ ဒါပေမဲ့ အရှင် ပြန်ထွေးထုတ်လို့ ရတယ်။ ”

“ ဟမ် … ဘယ်လိုမျိုးလဲ။ ”

လီယောင်က လက်နှစ်ချောင်းထောင်ပြရင်း “ အရှင့်ရဲ့ လက်တွေကို လည်ချောင်းအတွင်းထဲထိ ထိုးထည့်လိုက်ပါ။ ” ဟု ပြောလိုက်သည်။

ဧကရာဇ် : ……

တိုင်းပြည်ကို ရာစုနှစ်ပေါင်းများစွာ အုပ်ချုပ်လာပြီးနောက် တစ်နေ့မှာ အမျိုးသမီးတစ်ယောက်က သူ့အား လည်ချောင်းထဲကို လက်ထိုးထည့်ပြီး အန်ချအောင်လုပ်နည်း သင်ပေးလိမ့်မည်ဟု သူ့ဘဝမှာ တစ်ခါမှ တွေးမကြည့်ဖူးပါ။

“ ဒီလို လုပ်တော့ရော ဘာအသုံးဝင်မှာလဲ။ သူတို့ ငါ့ကို ဆေးတိုက်ပြီး လုပ်ကြံလို့ မရရင်တောင် တခြားနည်းလမ်းတွေ ရှိဦးမှာပဲ။ ”

“ အချိန်ဆွဲထားပါ။ ”

“ အချိန်ကရော ဘယ်လောက် ဆွဲလို့ ရမှာမလို့လဲ။ အိမ်ရှေ့စံမင်းသားက အခုကတည်းက တော်တော်လေး စိတ်မရှည်ဖြစ်နေပြီ။ ”

“ ဆယ်ရက်လောက် အချိန်ဆွဲထားပေးရင် အရှင် အသက်ဘေးကနေ လွတ်နိုင်ပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ ကျွန်မ ယိကျိုးစီရင်စုကို တပ်ဖွဲ့တွေ ဆင့်ခေါ်လာဖို့ ဒီနေ့ပဲ သတင်းပို့ပြီးသွားပြီ ၊ မြောက်ပိုင်းနယ်စပ်ကိုလည်း သတင်းပို့ထားတယ်။ သူတို့ လာတဲ့နှုန်းသာ မြန်မယ်ဆိုရင် ယိကျိုးစီရင်စုနဲ့ မြောက်ပိုင်းနယ်စပ်က တပ်ဖွဲ့တွေ လဝက်အတွင်း နေပြည်တော်ကို ရောက်လာလိမ့်မယ်။ ”

“ သူတို့က မင်းကို … ယုံပါ့မလား။ ”

“ ယုံမှာပါ။ ယိကျိုးစီရင်စုကတော့ သေချာပေါက် မကူညီဘဲ နေမှာ မဟုတ်ဘူး။ မြောက်ပိုင်းနယ်စပ်က တပ်ဖွဲ့တွေအတွက်ကတော့ တော်ဝင်တပ်မှူးချုပ်ရှုက အဲ့ဒီမှာ မရှိပေမဲ့လည်း ကျွန်မရဲ့ သားက တပ်မှူးတွေရဲ့ ယုံကြည်မှုကို ရထားတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ”

မျှော်လင့်ချက်အလင်းရောင် မှုန်ပျပျလေး ရှိနေသရွေ့ ဘယ်သူမှ မသေချင်ပါ။

သဘာဝကျစွာပင် ဧကရာဇ်သည်လည်း ထိုလူတွေထဲကတစ်ယောက် ဖြစ်သည်။ ငြိမ်းသေနေတဲ့ မျှော်လင့်ချက်မီးပွင့်လေးဟာ သူ့နှလုံးသားထဲမှာ ဟုတ်ခနဲ အသစ်တစ်ဖန် ပြန်လည်တောက်ပလာခဲ့သည်။

“ ဒါပေမဲ့ ငါ အဲ့လောက်ထိ အချိန်ဆွဲနိုင်ပါ့မလားတော့ သိပ်မသေချာဘူး။ ”

“ အရှင်မင်းကြီးသာ ပူးပေါင်းဆောင်ရွက်ရင် ဖြစ်နိုင်ပါတယ်။ ” ဟု လီယောင်က ပြောလိုက်သည်။ “ အိမ်ရှေ့မင်းသားက အရှင့်ကို အချိန်သုံးရက် ပေးထားတာ ဆိုတော့ သုံးရက်မြောက်နေ့မှာ အရှင့်ရဲ့ ဘဝနေဝင်ချိန် နီးကပ်လာသလို ဟန်ဆောင်လိုက်ပါ။ အဲ့ဒါဆို အိမ်ရှေ့မင်းသားက အရှင့်ကို လုပ်ကြံဖို့ ထပ်မကြိုးစားတော့ဘဲ အရှင့်ဘာသာ သေသွားမယ့် အချိန်ကိုပဲ စောင့်လိမ့်မယ်။ နောက်ပိုင်းကိစ္စတွေကတော့ ကျွန်မက လှည့်ကွက်တချို့ သုံးပြီး အရှင့်ကို ကြာရှည်သတိလစ်သွားအောင် လုပ်လိုက်ပါ့မယ်။ ယိကျိုးစီရင်စုနဲ့ မြောက်ပိုင်းနယ်စပ်က တပ်ဖွဲ့တွေ နေပြည်တော်ကို ရောက်လာတဲ့အခါ အရှင် အိမ်ရှေ့မင်းသားကို ပြန်တိုက်ခိုက်နိုင်ပါပြီ။ ”

“ ကောင်းပြီ … ငါ မင်းပြောတဲ့အတိုင်း လုပ်မယ်။ ”

…

All Chapters