လက်စားချေခြင်းနဲ့ နောက်ကျောကို ထိုးခြင်း
Vol. 26 Ch. 376
သူသာ ရှန်းထူနန်ထျန်းကို လင်ငယ်ဖြစ်အောင် လုပ်နိုင်ခဲ့ပါက ရှန်းထူနန်ထျန်း စောင့်မျှော်နေသည့် အကျိုးကျေးဇူးအားလုံး သူ့ဆီသို့ ရောက်ရှိလာမည် မဟုတ်ပေလော။
ထိုအတွေးက ယီယွင်ရဲ့စိတ်ထဲမှာ ဖြတ်ပြေးသွားသည်။ သူမျက်မှောင်ကြုတ်ပြီး အံ့အားသင့်သွားသည်။ သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်... "ငါ ဘယ်တုန်းက ဒီလောက်ဆိုးယုတ်လာတာလဲ။ ဒီတစ်ချိန်လုံး ငါ့ကိုယ်ငါ လူကြီးလူကောင်းဆန်တယ်လို့ မထင်မိပေမဲ့ပေါ့လေ "
ယီယွင်သည် ပြီးခဲ့သည့် နှစ်နှစ်အတွင်းမှ အတွေ့အကြုံများကို ပြန်အမှတ်ရနေသည်။ လျှိုင်ချမ်းယု၊ တောက်ယွင်ရှောင်း ဒါမှမဟုတ် ယန်ဟောက်ရန်ပဲဖြစ်ဖြစ် ယီယွင်သည် အမြဲတမ်း လျှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်ခဲ့သည်။ တစ်ကိုယ်ကောင်းဆန်ပြီး ရူးသွပ်တဲ့ လော့ဟော်အာတောင် ယီယွင်က သူ့ကို နောက်ပြောင်ချင်တဲ့အခါ နောက်ပြောင်ခံခဲ့ရပြီး လော့ဟော်အာဟာ ထိုအချိန်တုန်းက မည်သူက သူမကို ရှက်ရွံ့စေခဲ့လဲဆိုတာ မသိသေးပေ။
လက်စားချေခြင်းနဲ့ နောက်ကျောကို ဓားနှင့်ထိုးခြင်းဟာ ယီယွင်၏ အားသာချက်ဟုဆိုရမလိုပင်။ ရှန်းထူနန်ထျန်းကြောင့် ယီယွင်သည် အကြီးအကျယ် ဒုက္ခရောက်ခဲ့ရပြီးပြီ။ သူ့ကို တစ်ခါ စိတ်အနှောင့်အယှက်ဖြစ်စေရုံပါပဲ။ ဒုတိယအကြိမ် စိတ်အနှောင့်အယှက်ဖြစ်ရင် သူ့ဒေါသကြောင့် အတွင်းဒဏ်ရာတွေတောင် ရနိုင်သည်။ ရှန်းထူမိသားစုသည် ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ် ချက်နည်းကို ကြီးကျယ်ခမ်းနားစွာ ထုတ်ဖော်ပြသခဲ့ပါသည်။
ချက်နည်း၏တန်ဖိုးအပြင် ချက်နည်းအတွက် အသုံးပြုသောပစ္စည်းတွေကပင် အဖိုးမဖြတ်နိုင်ပေ။ ထိုမျှလောက်ကြီးမားသောဈေးနှင့် သူမ၏လက်ကိုရဖို့ ကမ္ဘာကို ကြေငြာဖို့များပါတယ်။ ထို့အပြင် အင်အားကြီးနိုင်ငံအားလုံးက အိမ်ထောင်ရေးလက်ဆောင်အမျိုးမျိုးကို ရရှိပေမည်။ ဒီအချိန်မှာ ရှန်းထူနန်ထျန်းကို လင်ငယ်အဖြစ် ဆက်ဆံလိုက်မယ်ဆိုရင်... ဒေါသကြောင့် သွေးအန်မှာ မဟုတ်ဘူးလား။
စစ်သည်တစ်ယောက်ဟာ ကိုယ်ခံပညာလေ့ကျင့်ဖို့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့အခြေအနေ လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဆယ်စုနှစ်များစွာ တစ်ကိုယ်တော်လေ့ကျင့်မှုတွေ လုပ်ရပါတယ်။ ဒီကာလအတွင်းမှာ လူတစ်ယောက်ဟာ တစ်ယောက်တည်းထိုင်ပြီး စိတ်က ရေလိုငြိမ်သက်နေမှာပါ။ တစ်ခါတစ်ရံမှာ နယ်ပယ်တစ်ခုကို ဖြတ်ကျော်တဲ့အခါ စိတ်ဝိညာဉ်နတ်ဆိုးတွေရဲ့ နှောင့်ယှက်မှုကို ခံနိုင်ရည်ရှိဖို့ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တဲ့အခြေအနေ လိုအပ်ပါတယ်။ ဒါပေမယ့် ဒေါသရဲ့ဝေဒနာတွေက နှလုံးသားထဲမှာ ကျန်နေခဲ့ပါက လမ်းဆုံးသွားပါလိမ့်မယ်။
လူသားတွေဟာ ဒေါသကြောင့် သေဆုံးနိုင်ပါတယ်။ ဒေါသကို ကြာရှည်စွာ မျိုသိပ်ထားရင် အသက်တိုနိုင်ပါတယ်။ ဒေါသဟာ စစ်သည်တော်ရဲ့ သက်တမ်းကို မထိခိုက်စေပေမယ့် စစ်သည်တော်ရဲ့ နှလုံးသားကို ထိခိုက်ပြီး ကျင့်ကြံမှုအမြန်နှုန်းကို နှေးကွေးစေပါတယ်။ ရှန်းထူနန်ထျန်းသာ လင်ငယ်ဖြစ်ခဲ့ရပြီး သူ့ရဲ့ အကျိုးကျေးဇူးအားလုံးကို ယူဆောင်သွားသူသည် တစ်ချိန်က သူ အထင်သေးပြီး အလွယ်တကူ သတ်နိုင်တဲ့ ပုရွက်ဆိတ်ဖြစ်နေကြောင်းကို သိခဲ့မည်ဆိုလျှင် ရှန်းထူနန်ထျန်း၏အတွေးများ ဘယ်လိုဖြစ်နေမလဲဆိုတာ သိချင်မိသည်။
ယီယွင်က နောက်ဆုံးမှာ ခေါင်းခါလိုက်သည်။ ရှန်းထူနန်ထျန်းကို စိတ်နတ်ဆိုးတစ်ကောင် ဖန်တီးဖို့ ဒေါသထွက်စေချင်ပေမယ့် လင်ရှင်းထုံကို အသုံးချပြီး ရှန်းထူနန်ထျန်းကို လက်စားချေချင်တာ မဟုတ်သေးပါဘူး။ ယီယွင်က သူ့ကိုယ်သူ သမာဓိရှိသူတစ်ယောက်လို့ မယူဆသော်လည်း သူ့တွင် အောက်ခြေစည်းရှိသည်။
ယီယွင်၏နှလုံးသားထဲတွင် လင်ရှင်းထုံက ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးလို ဖြူစင်လှသည်။ သူမသည် တည်ငြိမ်ပြီး လေပြေလေညင်းလေးကဲ့သို့ အမူအရာပြသော်လည်း အမှန်တကယ်တွင် သူမသည် အလွန်စိတ်ဓာတ်ပြတ်သားသူတစ်ဦး ဖြစ်လေ၏။ သူမ၏ စစ်သည်နှလုံးသားသည် တုန်လှုပ်ချောက်ချားမှုမရှိပေ။ ထိုနေ့တွင် ယီယွင်သည် လင်ရှင်းထုံနှင့် လမင်းအောက်တွင် တွေ့ဆုံခဲ့ပြီး လင်ရှင်းထုံက လူတိုင်းတွင် ကိုယ်ပိုင်ကံကြမ္မာရှိသည်ဟု ပြောခဲ့သည်။
သူမ၏ ယင်သွေးကြောများသည် အဆုံးသတ်ရန် ကျိန်စာသင့်နေပြီး ကောင်းကင်ဘုံမှ လက်မခံသော်လည်း မျှော်လင့်ချက်တစ်စက်မျှပင် မစွန့်လွှတ်ခဲ့ပေ။ သူမ၏ တိုတောင်းသောသက်တမ်းကို အဆုံးထိ တိုက်ခိုက်ရန် အသုံးပြုလိုခဲ့သည်။ ထိုကဲ့သို့သော စိတ်ပိုင်းဖြတ်ထားသော မိန်းကလေးသည် မည်သို့ ပေါ့ပေါ့ပါးပါး စိတ်နေစိတ်ထား ရှိနိုင်မည်နည်း။
ယီယွင်က လင်ရှင်းထုံကို ကျေးဇူးကြွေးတင်နေသည်။ ယီယွင်သည် လင်ရှင်းထုံ၏ သဘာဝယင်သွေးကြောများအကြာင်းကို သိရှိချိန်၌ပင် လင်ရှင်းထုံ၏ အခြေအနေကို ကုသပေးရန်အတွက် ရှာဖွေမည်ဟု ယခင်ကတည်းက စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ထိုအချိန်တုန်းက လင်ရှင်းထုံက ယီယွင် နှင့် ထိတွေ့တဲ့အခါတွင် သူမ၏ရပ်တန့်သွားသော ယင်သွေးကြောများ ထူးဆန်းစွာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်သွားတာကို ခံစားရသည်ဟုအရင်က ပြောခဲ့ဖူးသည်။
သိသိသာသာ မဟုတ်သော်လည်း တကယ်ဖြစ်ပျက်ခဲ့ခြင်းပင်။ ထိုစဉ်က ယီယွင်တွင် သန့်စင်တဲ့ ယန်ခန္ဓာကိုယ် မရှိပေ။ သူ့မှာ ရှိခဲ့လျှင်တောင် သူ့ခန္ဓာကိုယ်က လင်ရှင်းထုံ ၏ရပ်တန့်သွားသော ယင်သွေးကြောများကို တုံ့ပြန်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်စေလိမ့်မည်ဟု သူ မယုံကြည်ခဲ့ချေ။
ထူးဆန်းတဲ့ ပြောင်းလဲမှုဟာ ခရမ်းရောင်သလင်ကျောက်ကြောင့်သာ ဖြစ်ပေါ်နိုင်သည်။ ဒီနှစ်နှစ်အတွင်း ခရမ်းရောင်သလင်ကျောက်ဟာ အံ့ဖွယ်အမှုတစ်ခုပြီးတစ်ခု ဖန်တီးခဲ့ပါပေသည်။ ဓားနဲ့ ဓားမောက်ဂူဗိမာန်လို လျှို့ဝှက်ဆန်းကြယ်တဲ့ နယ်ပယ်တွေသာမက ဓားနန်းတော်၏ လျှို့ဝှက်ဆန်းကြယ်မှုတွေပဲဖြစ်ပါစေ ယီယွင် က ခရမ်းရောင်သလင်ကျောက် ကို အသုံးပြုပြီး အောင်မြင်စွာ ဖော်ထုတ်နိုင်ခဲ့ပေသည်။ လမ်းပြလူငယ်ကဲ့သို့ စွမ်းအားကြီးသည့် သူတစ်ယောက်တောင် ခရမ်းရောင်သလင်းကျောက်အကြောင်း ဘာမှမတွေ့ရှိခဲ့ပေ။ ထို့ကြောင့် ယီယွင်သည် ခရမ်းရောင်သလင်ကျောက်၏ ရဲ့ နယ်ပယ်မှာ ရှေးခေတ် မဟာဧကရီထက် များစွာ သာလွန်သည်ဟု ယုံကြည်ခဲ့သည်။
ထို့အပြင် လင်ရှင်းထုံ၏ ယင်သွေးကြောသည် ခရမ်းရောင်သလင်ကျောက်အား တုံ့ပြန်ခဲ့သောကြောင့် ဤအခြေအနေများတွင် ယီယွင်သည် ခရမ်းရောင်သလင်ကျောက်က လင်ရှင်းထုံကို ကုသပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ပေသည်။ ၎င်းသည် ရှန်းထူနန်ထျန်း၏ မျှော်လင့်ချက်များကို ဖျက်ဆီးရန် သူအားကိုးနိုင်သော အကောင်းဆုံးအရာဖြစ်သည်။
ယီယွင်က ဤအရာကို စဉ်းစားနေစဉ် စုကျဲက ရုတ်တရက် မေးလိုက်သည်။
"ရှင်းထုံ ဘယ်မှာလဲ။ ငါ သူ့ကို တွေ့ချင်တယ်" စုကျဲသည် မိသားစု၏ အထက်တန်းလွှာ၏ ဆုံးဖြတ်ချက်များကို ပယ်ဖျက်ရန် အင်အားမရှိသော်လည်း အနည်းဆုံးတော့ သူ၏တပည့်နှင့် တွေ့ဆုံနိုင်ပြီး သူမ၏အတွေးများကို နားလည်ပေးနိုင်သည်။
ဖြစ်နိုင်ပါက သူမအတွက် တိုက်ပွဲဝင်ရန်နှင့် အသေးစားလိုက်လျောမှုအချို့ ရယူရန်ပင် ကူညီပေးချင်သည်။ မိသားစု၏ အကျိုးစီးပွားနှင့် ယှဉ်ပြိုင်သောအခါ ကလေးတိုင်း၏ အကျိုးစီးပွားကို စွန့်လွှတ်ရသည်။ လင်မိသားစု၏ အမျိုးသမီးများအတွက် ပို၍ပင် ဆိုးသည်။ စုကျဲသည် လင်ရှင်းထုံအတွက် ဝမ်းနည်းကြေကွဲနေမိသည်။
" သခင်မရှင်းထုံဟာ လက်ရှိမှာ သီးခြားလေ့ကျင့်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သခင်မရှင်းထုံဟာ ဒီကိစ္စကို သိသွားတဲ့အခါ အပြင်မထွက်တော့ဘဲ သီးခြားလေ့ကျင့်နေခဲ့တာပါ။ အကြီးအကဲတချို့က သူမနဲ့တွေ့ချင်ကြပေမယ့် သီးခြားလေ့ကျင့်နေတာကြောင့် ငြင်းပယ်ခံခဲ့ရပါတယ်..."
" သီးခြားလေ့ကျင့်မှု... မျှော်လင့်ထားတဲ့အတိုင်းပဲ..." စုကျဲ ခေါင်းခါလိုက်သည်။ ယခင်က အသံပို့လွှတ်နည်းစနစ်ကို အသုံးပြုသောအခါတွင် လင်ရှင်းထုံနှင့် ဆက်သွယ်ရန် လို့မရပေ။ ထို့ကြောင့် တစ်စုံတစ်ခုဖြစ်ပျက်သွားသည်ဟု သူ ခံစားခဲ့ရသည်။
အကြီးအကဲများသည် မိသားစု၏ အကျိုးစီးပွားအတွက် လင်ရှင်းထုံကို စွန့်လွှတ်ရန် တွန့်ဆုတ်မည်မဟုတ်ပါ။ သို့သော် ယခုအခါ ကွဲပြားသွားပါပြီ။ လင်ရှင်းထုံ၏ သဘာဝယင်သွေးကြောများကို ကုသပြီးလျှင် သူမက ပြိုင်စံရှားမဟာဧကရီတစ်ပါး ဖြစ်လာကာ သူမ၏အဆင့်အတန်းသည်လည်း ထင်ရှားလာမည်ဖြစ်သည်။
လင်မိသားစု၏ မဟာအကြီးအကဲသည်ပင် လင်ရှင်းထုံအပေါ် သူ၏သဘောထားများကို ဂရုစိုက်ရလိမ့်မည်။ နောက်ဆုံးဆုံးဖြတ်ချက်ကို အကြီးအကဲများ ချမှတ်မည်ဖြစ်သော်လည်း မည်သူမျှ လင်ရှင်းထုံကို ဖိအားမပေးရဲပေ။ အဘယ်ကြောင့်ဆိုသော် လင်မိသားစုသည် မိသားစုနှင့် သက်ဆိုင်သည်ဟု ခံစားရသော မဟာဧကရီတစ်ဦးကို လိုချင်သောကြောင့် ဖြစ်သည်။
အနာဂတ်မှာ လင်ရှင်းထုံဟာ လင်မိသားစုကြီးပွားတိုးတက်ဖို့အတွက် အထောက်အပံ့တစ်ခု ဖြစ်လာနိုင်သည်။ အတိတ်ကခံစားချက်တွေကြောင့် လင်မိသားစုကို တစ်ကြိမ်နှစ်ကြိမ်ကူညီပေးရင်တောင်မှ လူတိုင်းမျှော်လင့်နိုင်တဲ့အရာပါပဲ။ထိုအရာသည် လင်မိသားစုလိုချင်တဲ့ရလဒ်မဟုတ်ပေ။ ထို့ကြောင့် ဒီကိစ္စကို ရွှေ့ဆိုင်းထားခဲ့ခြင်းပင်။
“ရှင်းထုံကို သူ့ဆရာပြန်လာပြီး သူနဲ့တွေ့ချင်တယ်လို့ ပြောလိုက်ပါ” လို့ စုကျဲက အစောင့်ကို ပြောလိုက်ပါတယ်။ လင်ရှင်းထုံဟာ သူ့မိသားစုရဲ့ အကြီးအကဲတွေနဲ့ တွေ့ဆုံဖို့ ငြင်းဆန်နိုင်ပေမယ့် စုကျဲနဲ့တော့ သေချာပေါက်တွေ့ဆုံမှာပါ။ “ဟုတ်ကဲ့၊ အကြီးအကဲစု” အစောင့်က ရိုသေလေးစားစွာ ပြန်ဖြေပါတယ်။
အစောင့်က ခဏစဉ်းစားပြီးနောက် “အကြီးအကဲ စု... လက်ရှိမှာ အကြီးအကဲတွေရဲ့ ထက်ဝက်နီးပါးဟာ လက်ထပ်ခွင့်တောင်းတာကို သဘောတူလိုက်ကြပါပြီ။ ကျန်တစ်ဝက်ကတော့ ကန့်ကွက်တာမဟုတ်ဘဲ စောင့်ကြည့်နေတဲ့ သဘောထားနဲ့ပါ။ အကြီးအကဲ စု၊ သတိပြုမိမယ်လို့ မျှော်လင့်ပါတယ်…” ဟု တိုက်တွန်းခဲ့သည်။
ဘဏ္ဍာစိုးက သူ့စကားကို တစ်ဝက်လောက်တွင် ရပ်လိုက်သည်။သူက စုကျဲအား လင်ရှင်းထုံကို ဒီကိစ္စကို ကန့်ကွက်အောင် မီးမွှေးပြီး မလုပ်ဖို့ ယဉ်ကျေးစွာ ပြောထားခြင်းပင်။ ဒီနှစ်နှစ်အတွင်း၌ လင်ရှင်းထုံကို ကိစ္စတွေကို စဉ်းစားဖို့ အချိန်ပေးရန် လင်မိသားစု၏ အကြီးအကဲများအတွက် မလွယ်ကူခဲ့ပေ။
သို့သော် စုကျဲက ညည်းညူပြီး “ ကျုပ်က မဟာဧကရီရဲ့ဆေးညွှန်းက မှန်လားတောင် မသိဘူး။ ရှန်းထူမိသားစုကလည်း ဒါကို ပြုပြင်နိုင်မှာမဟုတ်ဘူး။ ရှန်းထူမိသားစုက တကယ်ပဲ ကျွန်တော်တို့ကို လှည့်စားနေတာလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။” ဟုဆိုသည်။
မဟာဧကရီရဲ့ဆေးနည်းကို ဘယ်လိုလုပ် အလွယ်တကူ ပြုပြင်နိုင်မှာလဲ။ စုကျဲတောင်မှ ရှေးဟောင်းဆေးနည်းကို ပြုပြင်နိုင်တယ်လို့ မပြောရဲပါဘူး။ "အိုး… ငါတို့ ပြန်ပြင်လို့ မရတော့ဘူးလို့ မင်းပြောတယ်မလား" ထိုအချိန်မှာပင် အသက်ကြီးတဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ ယီယွင် မော့ကြည့်လိုက်သောအခါ ငွေရောင်ဆံပင်များဖြင့် အဘွားအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူမက လမ်းလျှောက်တုတ်တစ်ချောင်းကို ကိုင်ကာ ဖြည်းဖြည်းချင်း လျှောက်လာနေသည်။
အဘွားအို၏နောက်ကွယ်တွင် ပျက်စီးခြင်းကောင်းကင်သခင် ဝတ်ရုံများဝတ်ဆင်ထားသော လူတချို့လိုက်ပါလာသည်။ခန့်မှန်းချေ အယောက် ၃၀ ကျော်ရှိမည်။ ထိုလူများသည် ရှန်းထူ မိသားစုနှင့် သူတို့၏ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကျွမ်းကျင်သူများပင်ဖြစ်သည်။ ထိုငွေရောင်ဆံပင်ရှိသော အဘွားအိုကိုမြင်လိုက်ရသောအခါ စုကျဲ မင်သက်မိသွားသည်။ သူထို အဘွားအိုကို သိသည်။
သူမသည် ရှန်းထူမိသားစု၏ လက်ရှိခေါင်းဆောင်၏ အစ်မကြီးတော်စပ်သူ ဖြစ်သည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အသိုင်းအဝိုင်း၌ သူမသည် အလွန်ကျော်ကြားပြီး လူတွေက သူမအား လက်တစ်ထောင်ဖွားဖွားဟု ခေါ်ဆိုကြသည်။ သူမသည် အေ အစိမ်းရောင်ဝတ် အကြီးအကဲထက် အများကြီးပိုသာလွန်သည်။
“ နှစ်နှစ်…” အဘွားအိုဟာ ရပ်လိုက်ပြီး ရုတ်တရက် မြေပြင်ပေါ်မှကြွေပြားများပေါ်သို့ သူမ၏တောင်ဝှေးကို ရိုက်ချလိုက်သောကြောင့် အားလုံးတိတ်ဆိတ်သွားကြသည်။ထို့နောက် “ငါတို့ ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်သခင်တွေက လင် မိသားစုမှာ နှစ်နှစ်ကြာနေခဲ့ကြတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ငါတို့ရဲ့ ကောင်းမွန်တဲ့ ယုံကြည်ချက်ကို ပြသခဲ့ပြီး ဆီမီးတောက်ဝိညာဉ်တောင်တန်း လက်ဖွဲ့အဖြစ်တောင် အသုံးပြုခဲ့တယ်။
ဒါပေမယ့် ဒီလက်ထပ်ခွင့်တောင်းမှုက လက်ခံဖို့ နှောင့်နှေးနေခဲ့တယ်။”
“အခုတော့ မသိနားမလည်တဲ့သူတစ်ယောက် ဒီကိုလာပြီး ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ရဲ့ စံနှုန်းကို မေးခွန်းထုတ်နေတယ်။ တကယ့်ကို ဟာသပဲ” လက်တစ်ထောင်ဖွားဖွားက ထိုသို့ပြောရင်း စုကျဲကို အေးစက်စွာကြည့်လိုက်လေသည်။
ဒီအဖွားကြီးက သူ့ကို မသိနားမလည်တဲ့သူလို့ ထောက်ပြရဲလား။ဒါက တကယ်ကို ဆက်ဆံရေးအားလုံးကို ဖြတ်တောက်လိုက်တာပဲ။
“အဖွားကြီး၊ အိမ်သာသွားပြီးရင် ပါးစပ်မဆေးဘူးလား။ မဟုတ်ရင် ဘာလို့ ပါးစပ်က အနံ့ဆိုးထွက်နေတာလဲ။” စုကျဲက အ ဆူခံရတဲ့အခါ ပိုဆိုးတဲ့အရာတစ်ခုခုနဲ့ မတုံ့ပြန်ဘူးဆိုပါက သူဘယ်လိုခံနိုင်မလဲ။
“အိုး”
လက်တစ်ထောင်ဖွားဖွားရဲ့မျက်လုံးထဲမှာ သတ်ဖြတ်ချင်တဲ့ ရည်ရွယ်ချက်တစ်ခု ပေါ်လာပြီး ...“စုကျဲ... နင်က သေချင်နေတာပဲ ”
“ဟား..... ဟား ...တစ်ခုခုလုပ်ချင်လား” စုကျဲရယ်လိုက်သည်။ သူ ဆူပူဖို့ မကြောက်ပေ။ ဒါက လင်မိသားစုရဲ့ နယ်မြေပင်။ လင်မိသားစုက ရှန်းထူမိသားစုရဲ့ အခြေအနေတွေကို လက်ခံဖို့ ရည်ရွယ်ထားပေမယ့် အဲဒါအားလုံးဟာ သူတို့ရဲ့ အကျိုးစီးပွားကြောင့်ပါ။ ဒါပေမယ့် သူနဲ့ ရှန်းထူမိသားစုက ရန်လိုလာပါက လင်းမိသားစုက လျစ်လျူရှုပြီး ရှန်းထူမိသားစုကို တာဝန်ခံခိုင်းမှာ မဟုတ်ပါပေ။
ကိစ္စတွေဖြစ်လာပါက လက်တစ်ထောင်ဖွားဖွားက ဒုက္ခခံရမှာ သေချာသလောက်ပင်။ သူမ၏အရေးအကြောင်းများသည် သင်္ချိုင်းဂူမှ တူးဖော်တွေ့ရှိထားသော ရှေးဟောင်းအလောင်းသကဲ့သို မှိုင်းညို့သွားသည်။
“ လျှာတိုက်ပွဲမှာ နင် အနိုင်ရသွားတော့ရော ဘာဖြစ်လဲ။ ဒီလောက်အသက်အရွယ်မှာတောင် နင်က ကလေးစိတ် မကုန်သေးဘူး "
“ဒီတစ်ခါတော့ ရှန်းထူမိသားစုက ထျန်းယွမ်ကမ္ဘာကြီးရဲ့ ပျက်စီးခြင်းကောင်းကင်သခင်တွေနဲ့ သူတို့ရဲ့ တပည့်တွေကို ဖိတ်ကြားထားတယ်။ နှစ်လအတွင်းမှာ ထျန်းဟွာတောင်ထိပ်မှာ ပျက်စီးခြင်းနည်းစနစ် လက်ဖက်ရည်ပွဲတစ်ခု ကျင်းပပါမယ်။ အဲဒီမှာ ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က စံနှုန်းနဲ့ ကိုက်ညီမှုရှိမရှိ ကြည့်ရှုပေမယ်။
" အကြီးအကဲစု... မင်းတက်ဖို့ သတ္တိမရှိဘူး မဟုတ်လား”