← Chapters

အခန်း (၃၇၇)

Vol. 26 Ch. 377

အခန်း (၃၇၇)

Vol. 26 Ch. 377

“ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်တဲ့လား "

စုကျဲက လှောင်ပြောင်ပြီး “ ကျုပ် ဘာကြောင့်တက်ရဲတဲ့ သတ္တိမရှိရမှာလဲ”

ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်ဆိုသည်မှယ အမှန်တကယ်တမ်းတွင် လူအိုတစ်စု၏ စုံစည်းပွဲတစ်ခု သက်သက်ဖြစ်သည်။ သူတို့ စားရင်းသောက်ရင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်အကြောင်းများကို ဆွေးနွေးကြသည်။

ထို့အပြင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် သူတို့၏ အောင်မြင်မှုများကိုလည်း ကြွားဝါကြသည်။ ကြွားဝါနေစဉ်အတွင်းပင် သူတို့၏နည်းစနစ်တချို့ကို ပြသတတ်သေးသည်။ ပုံမှန်အားဖြင့် ယှဉ်ပြိုင်ရန်မလိုအပ်ပေ။ စုကျဲက ထျန်းယွမ်ကမ္ဘာမှ လူအိုများအကြောင်းကို ကောင်းကောင်းသိသည်။

ထိုလူတွေက ရယ်စရာကောင်းလောက်အောင် မောက်မာလှသည်။ တစ်ယောက်ယောက်က သူတို့ကို နှိမ့်ချပြောဆိုမိသည်နှင့်ပင် ချက်ချင်း ဒေါသထွက်ကြသည်။ လက်သီးလက်မောင်းတန်းပြီယ အာဘောင်အာရင်းသန်သန်ဖြင့် စကားများ ရန်ဖြစ်မှာ အသေချာပင်။

ထို့ကြောင့် ဤအလွန်အမင်း မောက်မာပြီး မိမိကိုယ်ကိုယ် အထင်ကြီးသူများ၏ နှိမ့်ချမှုဖြင့် ပြည့်နှက်နေသော စကားအမျိုးမျိုးကို ကြားရသောအခါ၌ စုကျဲမှာ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ သို့သော် လက်တစ်ထောင်ဖွားဖွား ပြောသည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲ၏ အဓိကအကြောင်းအရင်းမှာ တစ်ယောက်ကိုတစ်ယောက် ချီးကျူးခြင်း သို့မဟုတ် ကြွားဝါခြင်းအတွက်မဟုတ်ပေ။

ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတွင် ပါဝင်သူများသည် ၎င်းတို့၏ကိုယ်ပိုင်မိသားစုမျိုးနွယ်စုတို့၏ ကိုယ်စားပြုသူများ ဖြစ်လိမ့်မည်။

ယခင်က ဤကဲ့သို့သော လက်ဖက်ရည်ပွဲများတွင် ၎င်းတို့၏ကျွမ်းကျင်မှုကို ပြသသူများက တပည့်များသာဖြစ်သည်။ အကြောင်းမှာ အသက်ကြီးသူများသည် သူတို့၏ဂုဏ်သတင်းကို အလွန်တန်ဖိုးထားကြသည်။ နည်းစနစ်တစ်ခုကို ပြသပြီးတိုင်း ပိုကောင်းသောသူတစ်ဦး ပေါ်လာကာ သူတို့ကို ရှက်ရွံ့စေပါက ရှက်စရာကောင်းပေလိမ့်မည်။ တပည့်များ ရှုံးနိမ့်ပါက အကြောင်းမဟုတ်ပေ။

သို့သော် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲ၏ ရည်ရွယ်ချက်အမှန်မှာ တပည့်များအကြား ယှဉ်ပြိုင်မှုမဟုတ်ကြောင်း ထင်ရှားလှသည်။

ရှန်းထူမိသားစုသည် ထိုအခွင့်အရေးကို အသုံးချပြီး မဟာမိတ်ဖွဲ့ရန် သဘောမတူသည့် အကြီးအကဲများကို ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတွင် သူတို့၏ အစွမ်းအစများကို မြင်တွေ့စေမည်ဖြစ်သည်။

"ကိုယ့်ကိုယ်ကိုယ် အရမ်း ယုံကြည်မနေစမ်းပါနဲ့ မဟုတ်ရင် အရှက်ရနေပါဉီးမယ်" လက်တစ်ထောင်ဖွားဖွားက ထိုသို့ပြောလိုက်ပြီး သူမအင်္ကျီလက်ကို ခါယမ်းကာ လှည့်ထွက်သွားလိုက်သည်။

ရှန်းထူမိသားစုမှ လူအားလုံးက ယုံကြည်မှုရှိနေကြသည်။ လူကြီးမျိုးဆက်က စုကျဲကိုကြည့်ပြီး လူငယ်မျိုးဆက်ကမူ ယီယွင်ကို စိုက်ကြည့်ကြသည်။

ထိုသူများသည် စုကျဲ၏နံဘေးမှ ကလေးက စုကျဲရဲ့တပည့်ဖြစ်လိမ့်မည် ဟုတွေးနေကြသည်။ ပျက်စီးခြင်းကောင်းကင်သခင်နည်းစနစ် လက်ဖက်ရည်ပွဲတွင် အသက်ကြီးတဲ့ ဆရာတွေက ပွဲရဲ့တောက်ပတဲ့ကြယ်ပွင့်တွေ ဖြစ်လာမှာ သေချာသကဲ့သို့ သူတို့ရဲ့တပည့်တွေကလည်း တောက်ပနေမည်ပင်။

လူငယ်မျိုးဆက်က အနာဂတ်ကို ကိုယ်စားပြုသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ်တွင် ထူးချွန်ထက်မြက်သော ပါရမီရှင်တစ်ယောက်သည် မိသားစုကြီးတစ်စုအတွက် အဖိုးမဖြတ်နိုင်သည့် ကြွယ်ဝမှုတစ်ခုပင်။ လက်တစ်ထောင်ဖွားဖွားနှင့် အဖွဲ့သားများ ထွက်သွားပြီးနောက် စုကျဲက ယီယွင်ကို သူ့အိမ်သို့ ခေါ်လာခဲ့သည်။

သူတို့မဝင်ခင်မှာပဲ စုကျဲက ရုတ်တရက် ခေါင်းလှည့်ပြီး “ငါပြောမယ် ကောင်လေး... မင်း လင်မိသားစုမှာ မနေနဲ့။ ငါ မကောင်းတဲ့လက္ခဏာတွေကို မြင်ယောင်နေတယ်။ မင်း ဒီမှာဆက်နေရင် အသက်ဆုံးရှုံးသွားနိုင်တယ်။ ဒီလူကြီးက... လင်မိသားစုမှာ ခဏနေကြည့်မယ်။

ရှင်းထုံ သဘောတူရင်... ရှန်းထူမိသားစုက လူတွေက ရှင်းထုံကို တကယ်ကုသနိုင်ပြီး ပျောက်ကင်းသွားခဲ့ရင် ငါလည်း လင်မိသားစုကနေ ထွက်သွားမယ်။”

စုကျဲက နဂိုကတည်းကပင် လင်မိသားစုမှ မဟုတ်ဘဲ မိသားစုအမည်ကွဲပြားသော ဧည့်သည်တစ်ယောက်ပင်ဖြစ်သည်။ သူ ကလွတ်လပ်စွာ သွားလာနိုင်ပြီး လင်မိသားစုရဲ့ တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိပေ။

လင်ရှင်းထုံက လက်ထပ်ပွဲကို သဘောတူပြီး သူမ၏ ပိတ်ဆို့နေသော ယင်သွေးကြောများ ပျောက်ကင်းသွားမည်ဆိုပါက ထိုအရာသည် လင်းရှင်းထုံအတွက် အလွန်ကောင်းမွန်သော ကိစ္စပင်ဖြစ်သည်။ ထို့အပြင် လင်းရှင်းထုံသည် အားနည်းသည့် အမျိုးသမီးတစ်ယောက် မဟုတ်ပေ။ သူမသည် မှားယွင်းသောအိမ်ထောင်စုနှင့် လက်ထပ်ခဲ့လျှင်ပင် ၎င်းသည် ကြောက်စရာကောင်းသောကိစ္စမဟုတ်ပေ။

အနာဂတ်တွင် လင်ရှင်းထုံသည် ပြိုင်စံရှားမဟာဧကရီတစ်ပါးဖြစ်လာသောအခါ သူမအတွက် သူမ၏ကံကြမ္မာကို ထိန်းချုပ်ရန် အလွန်လွယ်ကူသွားလိမ့်မည်။ ထို့ကြောင့် စုကျဲသည် သူလည်း ထွက်သွားသင့်သည်ဟု ခံစားခဲ့ရသည်။

သူ၏တပည့်တွင် တောက်ပသောအနာဂတ်ရှိပါက သူမရွေးချယ်မှုဖြစ်သရွေ့ သူပျော်ရွှင်မည်မှာ သေချာသည်။

“ကောင်လေး ငါတို့တွေ့ဆုံခြင်းကလည်း ကံကြမ္မာတစ်မျိုးပဲ။ ထျန်းယွမ်ကမ္ဘာမှာ ငါ့ မိတ်ဆွေဟောင်းတွေရှိတယ်။ မင်းအတွက် စာရေးပေးမယ်။ မင်း သူတို့ဆီကို စာယူသွားရင် သူတို့က မင်းကို လက်ခံလိမ့်မယ်။”

စုကျဲသည် ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ပြီး စုတ်တံနှင့် စက္ကူကို ထုတ်ယူလိုက်သည်။

ယီယွင်က အဘိုးကြီးစုကို ကြည့်လိုက်သည်။ စုကျဲ၏ ဆံပင်များသည် ဖြူဖွေးနေပြီး သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် ကုန်းနေသည်။ စာရေးနေသည့် စုကျဲ၏ကျောပြင်ကို ကြည့်ရင်း ယီယွင် ရုတ်တရက် စိတ်ထိခိုက်သွားသည်။ ငါ ဒီအဘိုးကြီးကြောင့် မဟုတ်ရင် ကြယ်ကြွေဂိတ်ထဲမှာ သေသွားလောက်ပြီ။

ယခုတွင်မူ စုကျဲက သူ့ကို ပြန်ပို့ဖို့ စာတစ်စောင် ပေးနေပြီ။ ယီယွင်၌ ခရမ်းရောင်သလင်းကျောက်သာ မရှိပါက ထွက်သွားမိမည်မှာ သေချာသည်။ ထိုအဘိုးကြီးက သူ့အပေါ် အရမ်းကြင်နာခဲ့သည်။

“အကြီးအကဲ စုကျဲ” ယီယွင်က တိုးတိုးလေး ပြောလိုက်သည်။

“ အကြီးအကဲမှာ လူတစ်ယောက်ရဲ့ အသွင်အပြင်ကို ဖုံးကွယ်ဖို့အတွက် ပစ္စည်း ဒါမှမဟုတ် ကျွမ်းကျင်မှုလိုမျိုး အဆင့်မြင့် နည်းလမ်းတွေ ရှိလားလို့ မေးချင်တယ်။ အဲဒါက ကျင့်ကြံမှုအဆင့် မြင့်မားတဲ့သူတွေကို ကျွန်တော့်ရဲ့ မူလရုပ်ကို မမြင်နိုင်အောင် တားဆီးပေးတယ်မဟုတ်လား…” ယီယွင်၏မေးခွန်းကြောင့် စုကျဲ အံ့အားသင့်သွားသည်။

သူစာရေးတာကို ရပ်လိုက်ပြီး “မင်းက သတိထားမိသွားမှာကို ကြောက်နေတာလား။ သတိထားတာကောင်းပေမယ့်... အရေးမကြီးပါဘူး။ ထျန်းယွမ်ကမ္ဘာက အရမ်းကျယ်တယ်။ ရှန်းထူနန်ထျန်းကလည်း မင်း ထျန်းယွမ်ကမ္ဘာကို ရောက်လာတာကို မသိတဲ့အတွက် သူ မင်းကို ရှာတွေ့နိုင်ခြေက အရမ်းနည်းတယ်”

“ ကျုပ် ထွက်သွားချင်တာမဟုတ်ဘူး” ယီယွင်က ပြောလိုက်သည်။

“နှစ်လအတွင်းလုပ်မယ့် ပျက်စီးခြင်းကောင်းကင် နည်းစနစ် လက်ဖက်ရည်ပွဲကို ကျွန်တော်ကြည့်ချင်တယ် "

“ဟမ်... မင်းက ထွက်မသွားဘူးလား” စုကျဲ အံ့အားသင့်သွားသည်။

“ လင်မိသားစုမှာ ဆက်နေတာက အန္တရာယ်များတယ်။ လင်မိသားစုနဲ့ ရှန်းထူမိသားစုက မဟာမိတ်မဖွဲ့ရသေးပေမယ့် အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။”

“ပြီးတော့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲကို ဘာလို့ ကြည့်ချင်ရတာလဲ။ ဒီနေ့...အဲဒီမိန်းမကြီးကို ငါပြောတဲ့စကားတွေက ခက်ထန်နေပေမယ့် ငါ တကယ်ကို ယုံကြည်မှုမရှိဘူး " စုကျဲက ခေါင်းခါရင်း သက်ပြင်းချလိုက်သည်။

“ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ပတ်သက်ပြီး လင်မိသားစုဟာ ရှန်းထူမိသားစုထက် အမှန်တကယ် နိမ့်ကျတယ်။ ဒါ့အပြင် ဒီတစ်ခါ ရှန်းထူမိသားစုဟာ ထျန်းယွမ်ကမ္ဘာက ပျက်စီးခြင်းကောင်းကင်နည်းစနစ် ပညာရှင်တော်တော်များများကို ဖိတ်ခေါ်ခဲ့တယ်။ နှစ်လအကြာ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်မှာ ရှန်းထူမိသားစုက အောင်နိုင်သူ ဖြစ်လာနိုင်တယ်”

“ဒီလိုအရေးကြီးတဲ့အချိန်မှာ ရှန်းထူထျန်နန်း ရောက်လာမှာ အသေချာပဲ။ မင်းရဲ့ရန်သူက အောင်မြင်မှုရဲ့ အထွတ်အထိပ်မှာ ရောက်နေတာကို မြင်ချင်လို့လား”

စုကျဲက ယီယွင်ကို မေးလိုက်သည်။ ယီယွင် က “ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲမှာ ကျွန်တော်လည်း ပါချင်လို့ပါ။ အဲဒါကြောင့် အကြီးကဲက ဒီနှစ်လအတွင်းမှာ ကျုပ်ကို ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်ပေးနိုင်မလား”

ဘယ်လို.....။

စုကျဲ အံ့အားသင့်သွားပြီး ယီယွင်ကို မယုံနိုင်စွာ ကြည့်လိုက်သည်။ “မင်းကပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တကယ်ပဲသင်ယူချင်တာလား။ နှစ်လအတွင်း လက်ဖက်ရည်သောက်ပွဲတက်ဖို့လား။ မင်းရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က ရှန်တူးမိသားစုရဲ့ မျိုးဆက်သစ်တွေနဲ့ ယှဉ်ပြိုင်ချင်တယ်လို့တော့ ငါ့ကို မပြောနဲ့နော် ကောင်လေး” စုကျဲ လုံးဝစကားမပြောနိုင်ဖြစ်နေသည်။

ပြောတဲ့သူသည် ယီယွင်မဟုတ်ပဲ တခြားတစ်ယောက်သာဆိုရင် ထုလူကို အဖိုးကြီးစုကျဲ အရူးလို့ ထင်မှာပင်။ ယခု ယီယွင်ဖြစ်သည့်တိုင် စုကျဲက သူ့ကို အရူးတစ်ယောက်လိုမြင်နေတုန်းပင်။

ယီယွင်က “ဒီဂျူနီယာက တိုင်အာနတ်မြို့မှာရှိချိန်တုန်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ထိတွေ့ခဲ့ဖူးပါတယ်။ နည်းစနစ်ရဲ့ အစပျိုးအဆင့်မှာ ရှိနေတယ်လို့ ပြောလို့ရတယ် "

စုကျဲက ယီယွင်ကို စကားမပြောနိုင်စွာ ကြည့်လိုက်သည်။ ယီယွင်ပ သိုင်းပညာကို နှစ်နှစ်ကျော်ကြာ မလေ့ကျင့်ဘဲ သူတို့ ကွဲကွာသွားကတည်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို စတင်သင်ယူနေခဲ့လျှင်ပင် ယခုအခါ၌ ဘာများလုပ်နိုင်ပါမည်နည်း။ သူသည် အခြားသူများကို ရက်စက်စွာ ရှုံးနိမ့်နေဦးမည်ဖြစ်သည်။

"လအနည်းငယ်....အရင်က ဆရာသခင်ယွဲ့ဟွားနဲ့ ခဏလောက် သင်ယူခဲ့ဘူးတယ်။" ပျက်စီးခြင်းကောင်းကင်သခင်နည်းစနစ်ကို လအနည်းငယ်သာ သင်ယူခဲ့သည်ဟုသာ ပြောပါက စုကျဲသည် သူ၏စံနှုန်းများကို နိမ့်ကျစွာတွေးမည်ကို ယီယွင် သိသည်။

ထို့ကြောင့် စုကျဲအား ယုံကြည်မှုရှိစေရန် ဆရာသခင်ယွဲ့ဟွား၏အမည်ကို မြှောက်ပြောရခြင်းဖြစ်သည်။ သို့သော် စုကျဲသည် အရူးတစ်ယောက်ကို ကြည့်နေသကဲ့သို့ ယီယွင်ကို ကြည့်နေဆဲဖြစ်ပြီး "ကောင်လေး... မင်း စိတ်ဓာတ်ကျစရာတွေ အများကြီး ခံစားခဲ့ရတယ်လို့ ငါ့ကို မပြောနဲ့။ အခု မင်းက ဒီလူအိုကြီးကို အသုံးပြုပြီး ကိုယ့်ကိုယ်ကိုယ် အားတက်အောင် လုပ်နေတာလား "

“ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာ အဆင့်ကြီးသုံးဆင့်ရှိတယ်ဆိုတာ သိထားသင့်တယ်။ ပထမအဆင့်က ပျက်စီးခြင်း စွမ်းအားကို ထုတ်ယူခြင်း။ ဒုတိယအဆင့်က ပျက်စီးခြင်းစွမ်းအင်ကို ချိတ်တံဆိပ်နဲ့ ထိန်းချုပ်တာ။ တတိယအဆင့်က အမတေဖွဲ့စည်းတာပဲ "

“ ဒီအတွက် ပျက်စီးခြင်းစွမ်းအားကို ထုတ်ယူဖို့က နှစ်အတော်ကြာ ကြိုးစားအားထုတ်ရတယ်။ ပျက်စီးခြင်းစွမ်းအားကို ထုတ်ယူရာမှာ သေချာမလုပ်ဆောင်ဘူးဆိုရင် ပစ္စည်းတွေကို အလဟဿဖြစ်စေလိမ့်မယ်။ ပျက်စီးခြင်းအရိုးအမတေကိုလည်း ကောင်းကောင်းသန့်စင်နိုင်မှာ မဟုတ်ဘူး "

“အဲဒါတွေအပြင် ပျက်စီးခြင်းစွမ်းအား ချိတ်တံဆိပ်ကို ထိန်းချုပ်ခြင်း။ လက်ဟန်သင်္ကေတနည်းစနစ်တွေ ထောင်ပေါင်းများစွာရှိတာကြောင့် ပိုရှုပ်ထွေးတယ်။ ပျက်စီးခြင်း ဓယတ်စွမ်းအားအမျိုးမျိုးအတွက် ချိတ်တံဆိပ်နည်းစနစ် အမျိုးမျိုးကိုလည်းတတ်ထားဖို့ လိုအပ်သေးတယ်။ အဲ့လိုမှမဟုတ်ရင် ထုတ်ယူထားတဲ့ ပျက်စီးခြင်းစွမ်းအားတွေ အလွယ်တကူ ပျောက်ကွယ်သွားပြီး ပေါက်ကွဲမှုဖြစ်သွားလိမ့်မယ်။”

" ချိတ်တံဆိပ်နည်းစနစ်က ၃၀၀၀ ကျော်ရှိတယ်။ တစ်ခုချင်းစီကို သင်မယ်ဆို လေ့ကျင့်မှုတွေအများကြီး လိုအပ်တယ်"

"တတိယအဆင့်အနေနဲ့ကတော့ အမတေဖွဲ့စည်းတာပဲ။ ဒါက ပထမအဆင့်နှစ်ဆင့်ထက် ပိုလွယ်တယ်။ အမတေဖွဲ့စည်းဖို့ အသုံးပြုတဲ့ နည်းစနစ်ထောင်ပေါင်းများစွာလည်း ရှိတယ်။ နည်းစနစ်တစ်ရာထက်ပိုပြီး နားမလည်ရင် ပျက်စီးခြင်းကောင်းကင်သခင်လို့ မခေါ်နိုင်ဘူး။"

ယီယွင်က စုကျဲပြောခဲ့သော စကားများကို သိထားပြီးဖြစ်သည်။ သူပျက်စီးခြင်းကောင်းကင်သခင်နည်းစနစ် သင်ခန်းစာများကို စနစ်တကျ သင်ယူခဲ့ဖူးသည်။ ယီယွင်အတွက် ပျက်စီးခြင်း စွမ်းအားကို ထုတ်ယူဖို့က အလွန်လွယ်ကူသည်။

ခရမ်းရောင်သလင်းကျောက် အစွမ်းနှင့်ဆိုလျှင် ယီယွင်က ထိုကိစ္စတွင် စုကျဲထက် အများကြီး သာလွန်သည်။ ပြဿနာက ချိတ်တံဆိပ်နည်းစနစ်ပင် ဖြစ်သည်။ ခရမ်းရောင်သလင်းကျောက်ဖြင့် ယီယွင်က သူလိုအပ်သလို စွမ်းအင်ကို ထိန်းချုပ်နိုင်သော်လည်း ယီယွင်၏ အာရုံခံစားမှုကိုတော့ မတိုးတက်စေနိုင်ပေ။

ချိတ်တံဆိပ်နည်းစနစ်ကို သင်ယူရန်မှာ အချိန်လိုအပ်သည်။ ယီယွင်၏ အာရုံစူးစိုက်မှုက ကောင်းမွန်သော်လည်း ချိတ်တံဆိပ်နည်းစနစ်များစွာကို နှစ်လအတွင်း သင်ယူနိုင်မည်မဟုတ်ပေ။

ထိုအရာသည် ယီယွင်အတွက် ပျက်စီးခြင်းကောင်းကင်သခင်နည်းစနစ်ကို မြန်မြန်တိုးတက်ကျွမ်းကျင်အောင် လုပ်ဆောင်ဖို့ အကြီးမားဆုံး အခက်အခဲလည်း ဖြစ်သည်။

All Chapters