← Chapters

ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လျင်မြန်စွာကျွမ်းကျင်ခြင်း

Vol. 26 Ch. 379

ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လျင်မြန်စွာကျွမ်းကျင်ခြင်း

Vol. 26 Ch. 379

စုကျဲ နေထိုင်သည့်နေရာတွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရန်အတွက် ခန်းမတစ်ခု ရှိလေသည်။ ယင်းအခန်းသည် စုကျဲ၏ လေ့ကျင့်ရေးအခန်းအဖြစ် ရည်ရွယ်ထားသည်မဟုတ်လေဘဲ လင်မိသားစုထဲရှိ ပျက်စီးခြင်းကောင်းကင်သခင် တပည့်များ ပျက်စီးခြင်းကောင်းကင်နည်းစနစ်များကို လေ့ကျင့်ကြသည့်အခန်း ဖြစ်လေသည်။

ယီယွင် ခန်းမအလယ်သို့ ဝင်သွားလိုက်ရာ ခန်းမထဲတွင် ကျောက်ခုံရှည်များ သေသပ်စွာချထားသည်ကို မြင်လိုက်ရသည်။ ကျောက်ခုံရှည်များက တစ်ရာကျော်ခန့် ရှိလေသည်။

ထိုကျောက်ခုံရှည်များပေါ်တွင် ပစ္စည်းမျိုးစုံနှင့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် အစီရင်ပြားများ တင်ထားလေ၏။ ထိုကျောက်ခုံရှည်များအကြားတွင် ပျက်စီးခြင်းကောင်းကင်သခင် ဝတ်စုံများ ဝတ်ဆင်ထကြသည့် လူအချို့ ကူးလူးသွားလာနေကြလေ၏။

အသက်ကြီးသူများ မနည်းကြသလို ရည်မွန်ပုံရသည့် လူလတ်ပိုင်း အမျိုးသားများနှင့် အမျိုးသမီးများလည်း ရှိလေသည်။ ထိုသူများက လင်မိသားစု၏ ကျောထောက်နောက်ခံ ပျက်စီးခြင်းကောင်းကင်သခင် အင်အားစုဖြစ်ကြောင်း သိသာလေ၏။

ပျက်စီးခြင်းကောင်းကင်သခင်များအပြင် လူငယ်များနှင့် မိန်းမပျိုများလည်း ရှိနေကြလေ၏။ ထိုသူများက တပည့်များဖြစ်သည်မှာ ရှင်းလင်းလှသည်။

" အကြီးအကဲစု ပြန်လာပြီလား " ပျက်စီးခြင်းကောင်းကင်နည်းစနစ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူလတ်ပိုင်းတစ်ဦးက အလွန်ရိုသေလေးစားသော လေသံနှင့် နှုတ်ဆက်လိုက်လေသည်။

" မတွေ့ရတာကြာပြီ ပျက်စီးခြင်းကောင်းကင်သခင်စွန်း " စုကျဲ ခေါင်းညိတ်လိုက်၏။

လူလတ်ပိုင်းက ယီယွင်ကို တစ်ချက်ကြည့်ကာ..." ဒါက အကြီးအကဲစုရဲ့ တပည့်အသစ်လား "

စုကျဲကြောင့် လူလတ်ပိုင်းက ယီယွင်ကို အလွန်ဖော်ရွေသောပုံစံနှင့် ကြည့်နေလေသည်။

ယီယွင်က လက်သီးဆုပ်ကာ ယဥ်ကျေးစွာဖြင့် ဦးညွတ်လိုက်သည်။

" ဟားဟား... ပါရမီရှိပြီး ရုပ်ရည်ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ပဲ။ အကြီးအကဲစုရဲ့ တပည့်ဆိုတော့ ထူးချွန်လိမ့်မယ်။ မင်းက ပျက်စီးခြင်းကောင်းကင်နည်းစနစ်မှာ အရမ်းကို ပါရမီထူးလောက်မယ် "

လူလတ်ပိုင်းက စကားပြောလိုက်ချိန်တွင် နောက်တွင်ရှိနေသည့် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးက ယီယွင်ကို စူးစမ်းဟန်ဖြင့် ကြည့်နေသည်။ ယင်းသည် ဤလူငယ်က မည်သည့်ကဏ္ဍတွင် ထူးချွန်လေသောကြောင့် စုကျဲက သဘောကျသွားရလေသနည်းဟု ကြည့်နေသည့်ပမာပင်။

သို့သော် စုကျဲက လက်ခါပြကာ..." ခင်ဗျားပြောတဲ့ ထူးချွန်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျုပ်က သူ့ကို ရုတ်တရက် စိတ်ကူးပေါက်သွားလို့ အမည်ခံတပည့်အဖြစ် လက်ခံထားတာ။ ကျုပ်က သူ့ကို သာမန်ကာလျှံကာလောက်ပဲ သင်ပေးတာပါ "

စုကျဲက သူနှင့်ယီယွင်တို့၏ ပတ်သတ်မှုကို အလျင်အမြန်ပင် ရှင်းပြလိုက်လေ၏။ ယင်းကြောင့် ယီယွင် မျက်ဖြူလန်သွားရသည်။ ယီယွင်က သူ့အား အရှက်ခွဲလိမ့်မည်ကို ဤအဖိုးကြီးက အမှန်ပင် ကြောက်လှချေသည်။

လူလတ်ပိုင်းသည် ယီယွင်က အမည်ခံတပည့်သာဖြစ်သည်ဟု ကြားခဲ့သည့်တိုင်အောင် အလွန်ယဥ်ကျေးပြနေဆဲဖြင့်..." အကြီးအကဲစုရဲ့ အမည်ခံတပည့်ဆိုရင်တောင် ထူးချွန်လောက်မှာပါလေ...ဟားဟားဟား "

လင်မိသားစုက စုကျဲကို အလွန်လေးစားသည်။ ပျက်စီးခြင်းကောင်းကင်သခင် အသိုင်းအဝိုင်းအကြားတွင် ပို၍ပင် အလေးစားခံရလေ၏။

ပျက်စီးခြင်းကောင်းကင်သခင်များက သန်မာသူများကို မလေးစားလောက်သော်လည်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တစ်ဖက်ကမ်းခပ် ကျွမ်းကျင်ကြသည့် ဆရာသခင်များကိုမူ အလွန်လေးစားကြသည်။

ယီယွင် တုန့်ပြန်ခြင်းမပြုပေ။ အသက်လတ်ပိုင်းလူက ယဥ်ကျေးပြနေသည်ကို သူ သိသည်။ သူတို့ အသက်လတ်ပိုင်းလူထံမှ ထွက်လာပြီးနောက် ယီယွင်က ချောင်းချောက်ဟန့်ကာ စုကျဲကို ပြောသည်..." စီနီယာစုကျဲ... ကျုပ်ရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်က အတော်လေး အဆင်ပြေပါတယ်ဗျာ။ ကျုပ်က ပျက်စီးခြင်းစွမ်းအင် ထိန်းချုပ်တာနဲ့ အရိုးအမတေ ဖန်တီးတာကို မသင်ရသေးဘူးဆိုရင်တောင် ခင်ဗျားအနေနဲ့ ကျုပ်ရဲ့ပါရမီအထုံအလိုက် သင်ကြားပေးတာမျိုး မလုပ်ရသေးဘဲ အကဲမဖြတ်သင့်ဘူးမလား "

လက်ရှိတွင် ယီယွင်က စွမ်းအင်ထုတ်ယူခြင်းကိုသာ လုပ်နိုင်သေးသည်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အလုပ်သင် အစပျိုးအဆင့်မျှသာ ဖြစ်လေ၏။

စုကျဲက ဆိုသည်..." မင်းရဲ့အစွမ်းအစကို ပြသဖို့အတွက် အခွင့်အရေးတွေ အများကြီး ရောက်လာမှာပါကွာ။ ရက်အနည်းငယ်လောက်ကြာရင် ငါက တံခါးပိတ်လေ့ကျင့်ပြီး ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်အတွက် စပြီးပြင်ဆင်တော့မယ်။ ဒီနေ့ ငါ မင်းကို နည်းစနစ်နှစ်ခု သင်ပေးမယ်။ မနက်ဖြန်ကျရင် ငါ ရှင်းထုံကို သွားတွေ့မယ် "

စုကျဲက ဆန်းကြယ်နယ်မြေထဲတွင် နှစ်နှစ်ကျော် ပိတ်မိနေလေသောကြောင့် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။ လက်ဖက်ရည်ပွဲတော်တွင် ကျွမ်းကျင်သူမျိုးစုံ တက်ရောက်ကြမည်ဖြစ်ပြီး အချို့သူများက စုကျဲထက်ပင် ပိုတော်ကြလေသည်။

စုကျဲသည်လည်း ကြိုတင်ပြင်ဆင်ရန် လိုအပ်လေ၏။ တံခါးပိတ်လေ့ကျင့်မှသာ လက်ဖက်ရည်ပွဲတော်တွင် သူ၏ အကောင်းဆုံးအနေအထားကို ထိန်းနိုင်ပေလိမ့်မည်။

" ကောင်းပြီလေ " ယီယွင် စိတ်ပျက်လက်ပျက် ပခုံးတွန့်ပြလိုက်၏။

လက်ရှိတွင် စုကျဲက ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်အတွက်သာ စိတ်နှစ်ထားသည်။ ဆရာသခင်စုက တပည့်ဖြစ်သူ လင်ရှင်းထုံကို စိုးရိမ်ခြင်းမှလွဲ၍ လက်ရှိအချိန်၌ လိုက်ရှုပ်နေမည့် ကလေးတစ်ဦးကို စိုးရိမ်နေရန် အချိန်မရှိသေးပေ။

စုကျဲက ယီယွင် ကျောက်ခုံရှည်တစ်ခုဆီသို့ ခေါ်သွားလေသည်။

တိုက်ဆိုင်စွာဖြင့်ပင် အသက်လတ်ပိုင်းလူဖြစ်သည့် ကောင်းကင်သခင်စွန်းနှင့် တပည့်မတို့က သူတို့၏နံဘေးရှိ ကျောက်ခုံရှည်တစ်ခုတွင် ရပ်နေကြလေ၏။

အသက်လတ်ပိုင်းလူက တပည့်မကို ပျက်စီးခြင်းကောင်းကင်နည်းစနစ် သင်ကြားပေးနေသည်။ အနီးနားတွင် လူငယ်များစွာ ရပ်နေကြသည့် အခြားသော ကျောက်ခုံရှည်များလည်း ရှိသည်ဖြစ်ပြီး အားလုံးက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူနေကြသည်။

" ချိတ်တံဆိပ်တစ်ထောင်နည်းစနစ်နဲ့ ဆန်းကြယ်သလင်းလက်နည်းစနစ်က အဆင့်နိမ့် နည်းစနစ်တွေပဲ။ ဒီနည်းစနစ်တွေက စတင်ဖို့ လွယ်ကူပြီးတော့ ဘယ်တစ်ခုကမှ ကျွမ်းကျင်ဖို့အတွက် မခက်ခဲဘူး။ ဒါပေမဲ့ ဒီနည်းစနစ်တွေက မနက်နဲဘူး "

စုကျဲက ကျောက်ခုံရှည်၏ရှေ့တွင် ရပ်ကာ ပျက်စီးခြင်းကောင်းကင်နည်းစနစ် အစီရင်ပြားတစ်ခု ထုတ်ယူလိုက်သည်။ အစီရင်ပြားပေါ်တွင် ကျောက်စိမ်းရောင် ပျက်စီးခြင်းအရိုးတစ်ခု ရှိနေလေ၏။

ထိုပျက်စီးခြင်းအရိုးက တစ်ပေခန့်ရှည်က အသွေးမြင့်သော်လည်း အထဲတွင်ရှိနေသည့် ပျက်စီးခြင်းစွမ်းအင်များကမူ ဖရိုဖရဲဆန်နေသည်။ ၎င်းက သာမန်အဆင့် ပျက်စီးခြင်းအရိုးတစ်ခု ဖြစ်ဖို့များလေသည်။

စုကျဲက သာမန်ပင် လက်ချောင်းထိပ်နှင့် ထိလိုက်လေရာ ပျက်စီးခြင်းအရိုး ပြင်းထန်စွာ တုန်ခါသွားရပြီး အထဲတွင်ရှိနေသည့် ပျက်စီးခြင်းစွမ်းအင်များကို စုကျဲက ချက်ချင်းပင် ထုတ်ယူသွားခဲ့သည်။

ပျက်စီးခြင်းအရိုး၏ အရောင်အသွေးက စတင်ပြောင်းလဲလာသည်ကို ယီယွင် သာမန်မျက်စိဖြင့်ပင် မြင်နေရလေ၏။ နဂိုက ကျောက်စိမ်းရောင်သည် မီးခိုးဖြူရောင်သို့ ပြောင်းလဲသွားလေ၏။

အလားတူစွာဖြင့် စုကျဲ၏ လက်ချောင်းထိပ်တွင် အလင်းစက်တစ်ခု ပေါ်လာသည်။ ထိုအလင်းစက်က ပျက်စီးခြင်းအရိုးထံမှ ထုတ်ယူထားသည့် စွမ်းအင်အဆီအနှစ်ဖြစ်ကြောင်း သိသာလေ၏။ စွမ်းအင်အားလုံးက စုကျဲ၏ လက်ချောင်းထိပ်တွင် စုစည်းနေလေသည်။

ထိုစွမ်းအင်ထုတ်ယူသည့် နည်းစနစ်ကြောင့် ယီယွင် အံ့ဩနေရသည်။ လုပ်ငန်းစဥ်သည် အလွန်ချောမွေ့ကာ ရိုးရှင်းသောပုံစံဖြင့် ပြီးဆုံးသွားခဲ့ချေသည်။ ယီယွင် ခရမ်းရောင်သလင်းကျောက် အသုံးပြုကာ လုပ်ဆောင်မည်ဆိုလျှင်ပင် စုကျဲကဲ့သို့ မြန်ဆန်မည်မဟုတ်ပေ။

ခရမ်းရောင်သလင်းကျောက်က စွမ်းအင်များကို ထိန်းချုပ်ရာတွင် ပြိုင်ဘက်ကင်းသော်လည်း ယီယွင် ခရမ်းရောင်သလင်းကျောက်အား ထိန်းချုပ်သည်ကမူ ပြီးပြည့်စုံရန် များစွာလိုနေသေးလေသည်။

ခရမ်းရောင်သလင်းကျောက်က အစွမ်းထက်လှပြီး စွမ်းအင်မျိုးစုံကို ထိန်းချုပ်နိုင်ကာ သန့်စင်ယန်ဓားနန်းတော်၏ စွမ်းအင်ကိုပင် ပိတ်လှောင်ထားနိုင်သည်။ စွမ်းအင်အားလုံးက ခရမ်းရောင်သလင်းကျောက်၏ ခြေတော်ဦးတွင်သာ ဝပ်တွားကြရ၏။ ယီယွင်အဖို့ ခရမ်းရောင်သလင်းကျောက် အသုံးပြုကာ စွမ်းအင်များ စုပ်ယူရန်မှာ အလွန်လွယ်ကူသည်။

သို့သော် ယီယွင်အတွက် အလွန်ခက်ခဲသည်မှာ ခရမ်းရောင်သလင်းကျောက်ကို နှိုးဆွခြင်းနှင့် ထိန်းချုပ်ခြင်းလုပ်ငန်းစဥ်တွင် ဖြစ်လေ၏။ လက်ရှိ ယီယွင်၏ စိတ်စွမ်းအားနှင့်ဆိုလျှင် ခရမ်းရောင်သလင်းကျောက်ကို ထိန်းချုပ်ရသည်မှာ လွယ်ကူမည်မဟုတ်ချေ။ ထို့ကြောင့်ပင် သူက စုကျဲကဲ့သို့ မလုပ်နိုင်သလို ပျက်စီးခြင်းအရိုးတစ်ခု၏ စွမ်းအင်များကို ချက်ချင်းထုတ်ယူနိုင်စွမ်းလည်း မရှိပေ။

စုကျဲက အစိမ်းရောင်စွမ်းအင်လုံးကို လက်ထဲတွင် ထိန်းထားလျက်ဖြင့် ယီယွင်ကို တစ်ချက်ကြည့်ပြီး ပျင်းရိဟန်ဖြင့် ဆိုလိုက်လေသည်..." သေချာကြည့်ထား ကောင်လေး။ ဒါက ဆန်းကြယ်သလင်းလက်ပဲ။ ငါ အကြိမ်အနည်းငယ် လုပ်ပြပြီးလို့မှ မင်း မတတ်သေးဘူးဆိုရင် ငါ့ကို သင်မပေးဘူးလို့ အပြစ်မတင်လေနဲ့ "

စုကျဲ၏ လက်ချောင်းများ စတင်ကာ လှုပ်ရှားလာသည်။ ချိတ်တံဆိပ်များက လေထဲတွင် လှပစွာပုံပေါ်ကာ ပျံသန်းလာကြ၏။

ယီယွင် အသက်အောင့်ကာ အာရုံစိုက်ထားနေ၏။ သူ စွမ်းအင်မြင်ကွင်းကို ဖွင့်ထားသည်။ စုကျဲထံမှ ထွက်ပေါ်လာသော ချိတ်တံဆိပ်တိုင်းထံမှ မူလစွမ်းအင်များ၏ စီးဆင်းပုံများကို သူ ရှင်းလင်းစွာပင် မြင်နေရလေ၏။

စုကျဲ၏ လုပ်ဆောင်ပုံများကို သာမန်မျက်စိနှင့် ကြည့်သည်နှင့် စွမ်းအင်မြင်ကွင်းနှင့် ကြည့်သည်မှာ ကွဲပြားလေသည်။

သာမန်မျက်စိတွင် လူတစ်ဦး၏ ထိုးထွင်းသိမြင်မှုနှင့် နားလည်နိုင်စွမ်းတို့ လိုအပ်လေသည်။ သို့သော် စွမ်းအင်မြင်ကွင်းနှင့်ဆိုလျှင် စွမ်းအင်များ၏ လှုပ်ရှားမှုများကို သူ တိုက်ရိုက်မြင်နေရလေ၏။

အမှန်တကယ်တွင် ချိတ်တံဆိပ် ဆိုသည်မှာ စွမ်းအင်ပုံစံ မှော်စာလုံးမျဥ်းများသာ ဖြစ်လေ၏။ စွမ်းအင်များကို မြင်ရလျှင် မှော်စာလုံးမျဥ်းများအတွင်းမှ ဥပဒေသဇာစ်မြစ်ကိုလည်း မြင်ရသည်။

ပျက်စီးခြင်းကောင်းကင်သခင်တိုင်းက ပျက်စီးခြင်းအရိုးအမတေ စတင်သန့်စင်ချိန်တွင် စွမ်းအင်ဥပဒေသများအပေါ် ကိုယ်ပိုင်နားလည်မှုများ အသုံးပြုကာ စွမ်းအင်များ ထုတ်ယူကြသည်။

လုပ်ဆောင်သူ၏ စွမ်းအင်များအပေါ် ကိုယ်ပိုင်သိမြင်နားလည်မှုများကို အခြေပြုပြီး တူညီသော နည်းစနစ်တစ်ခုက လုံးဝအဆင့်မတူသော ပျက်စီးခြင်းအရိုးအမတေများ ဖြစ်လာနိုင်လေသည်။

ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်းထဲတွင် ယီယွင်က စုကျဲ၏ ထိန်းချုပ်လှုပ်ရှားမှုများက လှပကာ စီးချက်ညီနေသည်ကို မြင်နေရသည်။

စုကျဲက ချိတ်တံဆိပ်နည်းစနစ်များတွင် နှံစပ်ကျွမ်းကျင်သည်ကို ယီယွင် သိသည်။ စုကျဲက ပျက်စီးခြင်းစွမ်းအင်များကို သဘာဝဥပဒေသများအတိုင်း လိုက်လျောညီထွေ လုပ်ဆောင်နိုင်သည်။ သို့မှသာ ပျက်စီးခြင်းအရိုးအမတေက ပြီးပြည့်စုံပေလိမ့်မည်။

ထိုအချိန်တွင် စုကျဲ၏လက်သည် ကြီးမားသော စွမ်းအင်ပမာဏများ ထည့်သွင်းလိုက်ခြင်းကြောင့် သလင်းပမာပင် ကြည်လင်သွားလေ၏။ လက်များက ထွင်းဖောက်၍ပင် မြင်ရလုနီးပါး ဖြစ်နေသည်။ ယင်းကြောင့်ပင် " ဆန်းကြယ်သလင်းလက် " ဟု အမည်ပေးထားဟန် ရှိလေ၏။

ဤကဲ့သို့ဖြစ်စဥ်အား လုပ်ဆောင်နိုင်ရန်အတွက်ကမူ လူတစ်ဦး၏ ဆန်းကြယ်သလင်းလက်အား တတ်သိကျွမ်းကျင်မှုအပေါ်တွင် လုံးဝမူတည်နေလေ၏။

လက်ရှိတွင် စုကျဲ၏လက်က သလင်းကျောက်ပမာ ဖြစ်နေသည်ကို ယီယွင် မြင်နေရလေသည်။ စုကျဲက ဆန်းကြယ်သလင်းလက်အား ကျွမ်းကျင်မှုတွင် ပြီးပြည့်စုံနေကြောင်း သံသယဖြစ်ရန်မလိုပေ။

စုကျဲ၏ ထိန်းချုပ်မှုဖြင့် ပျက်စီးခြင်းအရိုးထံမှ ပျက်စီးခြင်းစွမ်းအင်များက မှော်စာလုံးမျဥ်း ချိတ်တံဆိပ်များအဖြစ် လျင်မြန်စွာ ဖွဲ့စည်းသွားလေ၏။

ဆန်းကြယ်သလင်းလက် ပြီးဆုံးသွားသည့်နောက် ထပ်လာမည်မှာ ချိတ်တံဆိပ်တစ်ထောင်နည်းစနစ် ဖြစ်လေ၏။

စုကျဲ နည်းစနစ်ပြောင်းလဲလိုက်ရာ ရှေ့တွင်ရှိနေသည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် အစီရင်ပြားက စတင်ကာ လည်ပတ်လာသည်။ ပျက်စီးခြင်းစွမ်းအင်မှ ဖြစ်တည်လာသည့် မှော်စာလုံးမျဥ်း ချိတ်တံဆိပ်များအားလုံးကို အစီရင်ပြားက စုပ်ယူသွားလေသည်။ စုကျဲ၏ ထိန်းချုပ်မှုအောက်တွင် မှော်စာလုံးမျဥ်း ချိတ်တံဆိပ်များအားလုံး တစ်ခုတည်းအဖြစ် ဖွဲ့စည်းသွားကြလေ၏။

စုကျဲက ရာထောင်ချီသော ချိတ်တံဆိပ်များ ထုတ်ဖော်နေလေသည်။ နောက်ဆုံးတွင် စွမ်းအင်ချိတ်တံဆိပ်များ အတူဖွဲ့စည်းသွားကာ တောက်ပသော အလင်းတစ်ခု ထွက်ပေါ်လာလေ၏။

ဒေါက်...။

ထိုအဖြူရောင်အလင်းထဲမှ သလင်းကျောက်ပမာ ပုတီးစေ့ပုံစံ ပျက်စီးခြင်းအရိုးအမတေတစ်ခုသည် အစီရင်ပြားပေါ်သို့ ကျသွားလေပြီး စူးရှသောမြည်သံတစ်ခု ထွက်လာသည်။

စုကျဲက ယီယွင်ကို လှည့်ကြည့်ကာ... " အခု ငါက ချိတ်တံဆိပ်ဖော်တဲ့ အမြန်နှုန်းကို ဆယ်ဆလောက် လျော့ချပေးထားတာနော်။ မင်း ငါ့ရဲ့နည်းစနစ်ကို ဘယ်လောက်အထိ မြင်လိုက်သလဲ။ ဘယ်နှစ်ရာခိုင်နှုန်းလောက်အထိ တုပနိုင်လဲ "

All Chapters