← Chapters

သံသယ

Vol. 26 Ch. 381

သံသယ

Vol. 26 Ch. 381

ယီယွင်က မှော်စာလုံးချိတ်တံဆိပ် ဆယ်ခုကျော် ပြီးစီးထားပြီး တစ်ခုချင်းစီက အပြစ်အနာအဆာမရှိလေသောကြောင့် အသက်လတ်ပိုင်းလူက အံ့ဩဘနန်းပုံစံဖြင့် ဆိုလေသည်..." အကြီးအကဲစုရဲ့ တပည့်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လအနည်းငယ်လောက်ပဲ လေ့ကျင့်ဖူးတယ်ဆိုတာ တကယ်ပဲလား "

အခြေခံအချို့ရှိသော ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦးက ဤကိစ္စကို လုပ်နိုင်သည်ဆိုလျှင် သူ လက်သင့်ခံနိုင်သေးလေ၏။ လက်သစ်တစ်ဦးက ဤမျှလောက်အထိ လုပ်နိုင်နေသည်မှာ ချဲ့ကားလွန်းနေချေသည်။

စုကျဲက ဘာမှမပြောချေ။ တစ်ခဏအကြာတွင် ယီယွင်က မှော်စာလုံးချိတ်တံဆိပ် ၂၀ ကျော် ပြီးစီးသွားချေပြီ။ ဆန်းကြယ်သလင်းလက်တွင် အကြမ်းဖျင်းအားဖြင့် မှော်စာလုံးချိတ်တံဆိပ် တစ်ရာကျော် ရှိလေသည်။ ယင်းသည် ယီယွင်က ဆန်းကြယ်သလင်းလက်အား ၂၀% ကျော် ပြီးမြောက်နေပြီဟု ဆိုနိုင်လေပြီး အားလုံးကလည်း ပြီးပြည့်စုံနေသည်။

" ဒီကောင်စုတ်လေးက တကယ်ပဲ ၄၀% ပြီးလိမ့်မယ်လို့တော့ ငါ့ကို လာမပြောနဲ့နော် "

စုကျဲ ရေရွတ်လိုက်လေသည်။ ထို့နောက်တွင် သူ၏ခန့်မှန်းချက်ကို အတည်ပြုလိုက်သည့်အလားပင် ယီယွင်၏လက်မှ မှော်စာလုံးချိတ်တံဆိပ်များ တစ်ခုပြီးတစ်ခု မိုးရွာသည်ပမာ ထွက်ပေါ်လာသည်။

၃၈ ၊ ၃၉ ၊ ၄၀...။

ချိတ်တံဆိပ် ၄၀ ရောက်နေသည့်တိုင်အောင် ယီယွင်က မရပ်သေးပေ။

စင်စစ်တွင် ဆန်းကြယ်သလင်းလက်ထံမှ မှော်စာလုံးချိတ်တံဆိပ် တစ်ရာကျော် ထုတ်လွှတ်ရန် မလိုအပ်ပေ။ မှော်စာလုံးချိတ်တံဆိပ် ၆၀ ၊ ၇၀ ဆိုလျှင် ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရန် လုံလောက်လေသည်။

လက်ရှိတွင် ယီယွင်က မှော်စာလုံးချိတ်တံဆိပ် ၅၀ ကျော် ထုတ်လွှတ်ပြီးချေပြီ။ နောက်ထပ် မှော်စာလုံးချိတ်တံဆိပ် တစ်ဒါဇင်ခန့်ဆိုလျှင် လုံလောက်ချေပြီ။

ယခုအခါ၌ အဖြစ်အပျက်များကြောင့် စွန်းမျိုးရိုး လူလတ်ပိုင်းနှင့် တပည့်မတို့အပြင် အခြားသော ပျက်စီးခြင်းကောင်းကင်နည်းစနစ် အလုပ်သင်အချို့အလည်း စုစည်းလာကာ ကြည့်ရှုနေကြသည်။

စုကျဲနှင့် အသက်လတ်ပိုင်းလူတို့၏ အမူအရာများကြောင့် သူတို့အဖို့ မည်သို့ဖြစ်နေကြောင်း စပ်စုကြည့်ရန် လုံလောက်လေသည်။ အသက်လတ်ပိုင်းလူ၏ တပည့်ဖြစ်သူမှာ ရှင်းပြပေးနေရသော အနေအထားသို့ ရောက်နေရသည်။ သူမ အခြေအနေများကို ရှင်းပြပြီးချိန်တွင် လူတိုင်း မယုံကြည်နိုင်သော အမူအရာများ ဖြစ်နေကြလေ၏။

တဖြည်းဖြည်းချင်း လူများ ပိုစုစည်းမိလာသည်။ ယီယွင်က ဆန်းကြယ်သလင်းလက် ၅၅ ခု ပြီးစီးခဲ့ပြီ ဖြစ်ချေ၏။

သို့သော် ယီယွင်သည် ဆန်းကြယ်သလင်းလက်ကို ပထမဆုံးအကြိမ် ထိတွေ့မိဖူးခြင်း ဖြစ်လေသောကြောင့် အစောပိုင်းက စုကျဲ စွမ်းအင်ချိတ်တံဆိပ်များ ထုတ်လွှတ်သည်ကို ရှင်းလင်းစွာ မြင်ခဲ့ရသည့်တိုင်အောင် ပြီးပြည့်စုံစွာ အတုခိုးနိုင်ခြင်း မရှိသေးချေ။ မှော်စာလုံးချိတ်တံဆိပ် ၅၆ ခု ထုတ်လွှတ်လိုက်ချိန်တွင် အပြစ်အနာအဆာ ပေါ်ထွက်လာခဲ့၏။

ယီယွင် စိတ်တုန်လှုပ်သွားသည်။ စွမ်းအင်မြင်ကွင်းထဲတွင် ထိုမှော်စာလုံးချိတ်တံဆိပ်၏ မှော်စာလုံးစွမ်းအင်မျဥ်းများက တစ်ခုနှင့်တစ်ခု ဟန်ချက်ညီမနေသည်ကို သူ မြင်လိုက်ရသည်။

" အမှားတစ်ခု ရှိနေတယ် "

ယီယွင် အနည်းငယ် မျက်မှောင်ကုတ်လိုက်၏။ သူက ဆန်းကြယ်သလင်းလက်ကို ပထမဆုံးအကြိမ် လေ့ကျင့်ဖူးခြင်းသာဖြစ်၍ မည်သည့်နေရာတွင် အမှားပါနေကြောင်းကို နားမလည်ချေ။

တဖြည်းဖြည်းချင်း ယီယွင်၏ လှုပ်ရှားမှုများ နှေးကွေးသွားလေ၏။ သူ အမှားလုပ်မိခဲ့ပြီ ဖြစ်လေသောကြောင့် ဆက်လက်၍ ခေါင်းမာနေစရာ မလိုနေတော့ပေ။

ယီယွင် မှော်စာလုံးချိတ်တံဆိပ်များ ဆက်လက်ထုတ်ဖော်ပြီး ပျက်စီးခြင်းအရိုးအမတေကို ဖန်တီးနိုင်ခဲ့လျှင်ပင် အမှားလုပ်မိထားခဲ့သည်သာ ဖြစ်ချေသည်။ ထိုကဲ့သို့ ပျက်စီးခြင်းအရိုးအမတေ၏ အရည်အသွေးက သိသာစွာပင် နိမ့်ကျနေလိမ့်မည်။ အမတေ၏ အာနိသင်သည်ပင် ပြဿနာရှိလာနိုင်သည်။

ထို့နောက်တွင် ယီယွင် လက်လျော့လိုက်လေ၏။

ဖောင်း...။

ကျယ်လောင်သော အက်ကွဲသံတစ်ခုနှင့်အတူ ချိတ်တံဆိပ် ပေါင်းစည်းမှု လျော့ရဲသွားကာ ပေါက်ကွဲသွားလေ၏။ ရောင်စုံအလင်းစက်များ ပြန့်ကျဲသွားကာ အမြင်လှပသွားခဲ့လေသည်။

ကြည့်ရှုနေသူများ ငေးငိုင်နေကြလေ၏။

" ချိတ်တံဆိပ် ၅၆ ခု ဖော်ဆောင်နိုင်ခဲ့တယ် " အသက်လတ်ပိုင်းလူ၏ တပည့်သည် ပါးစပ်အား လက်ဖြင့်အုပ်ထားလေ၏။ အရေအတွက်က လှောင်နေသလိုပင်။

ထိုလူငယ်၏ပါရမီက သူမျှော်မှန်းနိုင်သည်ထက် များစွာသာလွန်နေသည်။

" ဂျူနီယာညီမလင်ချင်းက ဒီကောင် အရူးလုပ်တာကို ခံလိုက်ရတာပဲ "

ပျက်စီးခြင်းကောင်းကင်နည်းစနစ် အစိမ်းရောင် အလုပ်သင်ဝတ်စုံနှင့် လူငယ်တစ်ဦး လျှောက်လာကာ ခေါင်းယမ်းလိုက်လေပြီး..." ဒီကောင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ယူခဲ့တာ လအနည်းငယ်လောက်ပဲ ရှိသေးတယ်ဆိုပြီး ခုနကတင်ပဲ မင်း ပြောခဲ့တယ်။ ဒီကောင် လိမ်နေတာပဲဖြစ်မယ်။ ဒီကောင် ဆန်းကြယ်သလင်းလက်နဲ့ ထိတွေ့ဖူးတာ ကြာပြီပဲဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် စွမ်းအင်ထိန်းချုပ်မှုကို ဒီလောက်ကျွမ်းကျင်မှာမဟုတ်ဘူး။ ဒီကောင်က ပါရမီကောင်းလောက်ပေမဲ့ အရေးတယူလုပ်ရတဲ့အထိ မဟုတ်သေးပါဘူး။ ဒီကောင်က ပါရမီကို ပြချင်တာကြောင့် လိမ်ခဲ့တာပဲ "

အခြားသူများ နားလည်သွားကြလေ၏။ ဟုတ်ချေသည်။ ထိုကောင်က လိမ်ညာမနေဟု မည်သူကများ အာမခံနိုင်လေသနည်း။

လင်မိသားစုထဲတွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို တီးမိခေါက်မိရှိကြသည့် လူငယ်မျိုးဆက်များက မည်သူကပိုတော်ကြောင်းကို အမြဲတမ်းလိုပင် ပြိုင်ဆိုင်တတ်ကြသည်။ အရှုံးမပေးဘဲ ပြိုင်ဆိုင်ခြင်းကသာ လူငယ်များကို မောင်းနှင်အားပေးလေသည်။

မိန်းကလေးလင်ချင်း ပြောပြသရွေ့အရဆိုလျှင် ယီယွင်က ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို လအနည်းခန့်သာ သင်ကြားခဲ့ရပြီး ဆန်းကြယ်သလင်းလက်ကို ယခုမှသင်ကြားကာ မှော်စာလုံးချိတ်တံဆိပ် ၅၆ ခု ပြီးစီးနိုင်ခဲ့ခြင်းသည် ထိုကောင့်အား မွန်းစတားဟု ခေါ်ဆိုရန်ပင် မလုံလောက်တော့ချေ။

စုကျဲ ၊ လက်တစ်ထောင်ဖွားဖွား ၊ ပျက်စီးခြင်းကောင်းကင်သခင်လောကထဲမှ ဆရာသခင်များအားလုံး ငယ်ရွယ်စဥ်အချိန်ကပင် ဤကောင်လေးကို ယှဥ်နိုင်ခြင်းမရှိပေ။

ထိုကောင် မည်မျှအထိပဲ အံ့ဩဖွယ်ကောင်းနေစေကာမှု ဒဏ္ဍာရီဆန်သော ထိုပုဂ္ဂိုလ်များကို ထိုကောင့်၏ခြေဖျားအောက်တွင် ထားရှိရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ယီယွင် လိမ်ညာနေသည်မှာ ပိုမို၍ပင် ယုံကြည်နိုင်ဖွယ်ရာဖြစ်လာ၏။

" လိမ်တာလား "

လင်ချင်း အံ့အားသင့်သွားကာ ချက်ချင်းတုန့်ပြန်နိုင်ခြင်း မရှိခဲ့ပေ။

" ဟားဟား... ဂျူနီယာညီမလင်ချင်းက တုံးလွန်းတယ်။ ဒီကောင်လေးက ဆန်းကြယ်သလင်းလက်ကို အရင်ကတည်းက သင်ခဲ့ဖူးတာ ဖြစ်ဖို့များတယ်။ ဒီကောင်က မှော်စာလုံးချိတ်တံဆိပ် ၅၆ ခုပဲ ဖန်တီးနိုင်ခဲ့တယ်။ ငါသာဆိုရင် ၉၀ လောက်ကို အသာလေး ဖန်တီးနိုင်တယ်။ ပြီးရင် ငါက ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သုံးရက်ပဲ သင်ကြားဖူးတာလို့တောင် ပြောပစ်ဦးမယ် "

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်က သရော်လိုက်သည်။ သူ့စကားကြောင့် အခြားသူများ ရယ်ကြလေ၏။

အများစုသည် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ကြားဖူးကာ မှော်စာလုံးချိတ်တံဆိပ် ၉၀ ဖန်တီးနိုင်ကြသည်။ ယင်းက မခက်ပေ။ အချို့ဆိုလျှင် မှော်စာလုံးချိတ်တံဆိပ်အားလုံးကို ဖန်တီးနိုင်ကြလေ၏။ ယင်းကိစ္စက ကြွားစရာမဟုတ်ပေ။

သို့သော် သူတို့သာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို သင်ခါစသာဖြစ်သည်ဟု ဆိုလိုက်ပါက လှောင်ရယ်စရာ ဖြစ်သွားပေလိမ့်မည်။ ယင်းကိစ္စက အလိမ်အညာဖြစ်ကြောင်း ကလေးတစ်ဦးပင် သိလေသည်။

ထိုလူငယ်များ၏ ဆွေးနွေးပြောဆိုမှုများကို ယီယွင် ကြားလေ၏။ လူအများ သံသယဝင်သည်မှာ ပုံမှန်သာဖြစ်သည်။ စုကျဲက သူ့အား မေးခဲ့ခြင်းကြောင့် သူ ပျက်စီးခြင်းကောင်းကင်နည်းစနစ်အား လေ့လာနေသည်မှာ မည်မျှကြာခဲ့ကြောင်း ပြောပြခဲ့ခြင်းဖြစ်သည်။ အခြားသူများက လာမေးမည်ဆိုလျှင် ပြောပြမည်မဟုတ်ပေ။ ယီယွင်က အခြားသူများ၏ အတွေးများကို အဖက်လုပ်နေမည်မဟုတ်ပေ။

" အကြီးအကဲစုရဲ့တပည့်က လူတွေကြားထဲက နဂါးတစ်ကောင်ပါပဲ "

စွန်းမျိုးနွယ် အသက်လတ်ပိုင်းလူက ပြုံးနေသည်။ သူက ယီယွင်အား ယုံသည် ၊ မယုံသည်ကို ထုတ်မပြောပေ။ သူက အကြီးအကဲစု စိတ်မဆိုးစေရန်သာ ပြောခဲ့လေသည်။

" အင်း...ဒါပေါ့လေ " လက်ရှိတွင် စုကျဲ မည်သို့ပြောနိုင်မည်နည်း။ ယီယွင်၏စကားကို သူ ယုံချင်မိသည်။ ထိုကိစ္စက ရယ်စရာကောင်းနေသော်လည်း အမှန် ၊ အမှားကိုမူ သူ မပြောတတ်ပေ။ ထို့အပြင် ယီယွင်က သူ၏အမည်ခံတပည့် ဖြစ်လေ၏။ ယီယွင်သာ မထိုက်တန်သော ကျော်ကြားမှုကို တောင့်တနေသည်ဆိုလျှင် သူသည်လည်း မျက်နှာပန်းလှမည်မဟုတ်ပေ။

" ယီယွင်... ငါနဲ့လိုက်ခဲ့ "

စုကျဲက လက်ခါပြလိုက်သည်။ ယီယွင် လူအုပ်ကို ချန်ထားခဲ့ပြီး ဘေးခန်းမဆောင်ထဲသို့ ဝင်သွားခဲ့သည်။ လူအများက ယီယွက်ကို လက်ညှိုးထိုးကာ ဆွေးနွေးနေကြဆဲပင်။

" ဒီကောင်လေးက ဆရာသခင်စုကျဲရဲ့ အမည်ခံတပည့်လား "

လူအများသည် လင်ချင်းထံမှ သတင်းအသစ်တစ်ခု ထပ်မံကာ သိလိုက်ကြရလေ၏။

စုကျဲက အံ့ဩဖွယ်ရာဖြစ်သော်လည်း အမည်ခံတပည့်ဆိုသည်မှာမူ အရေးမကြီးလှပေ။ ပုံမှန်ဆိုလျှင်အမည်ခံတပည့်များ အဖိုးတန်သော နည်းစနစ်များကို သင်ကြားခွင့်မရပေ။

" အမည်ခံတပည့်ဆိုတာ ပရောဂဆရာထက်တောင် ပိုဆိုးသေးတယ်။ ဒါဆိုရင်တော့ သံသယဖြစ်စရာမရှိတော့ပါဘူး။ ငါတို့တွေ သွားကြမယ်။ ဒီနေ့ကိစ္စကို ဟာသတစ်ခုလို့ပဲ မှတ်ယူလိုက်ကြရအောင် "

အစိမ်းရောင်ဝတ်စုံနှင့် လူငယ်က လူစုခွဲရန် လက်ခါပြလိုက်သည်။ သူက လူငယ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးပမာပင်ယ

" ဂျူနီယာညီမလင်ချင်းမှာ ပျက်စီးခြင်းကောင်းကင်နည်းစနစ်နဲ့ ပတ်သတ်ပြီး ပြဿနာကြုံလာခဲ့ရင် ငါ့ကို စိတ်ကြိုက်လာမေးလို့ရတယ်နော် " အစိမ်းရောင်ဝတ်စုံနှင့် လူငယ်က လင်ချင်း၏နံဘေးသို့ ရောက်ရှိလာကာ စိတ်ဝင်စားဟန်ဖြင့် ပြောလေသည်။

လက်ချင်း အနည်းငယ်ခန့် စိတ်ရှုပ်ထွေးနေသည်။ လက်ရှိအချိန်၌ ယီယွင်က စုကျဲ၏နောက်မှလိုက်၍ အခန်းတစ်ခုထဲ ဝင်သွားခဲ့သည်။

ထိုအခန်းသာ် ပျက်စီးခြင်းကောင်းကင်သခင်များအတွက် အရိုးသန့်စင်အခန်း ဖြစ်လေသည်။ ထိုအခန်းသည် အစောပိုင်းက ခန်းမထက် အရည်အသွေး ပိုမြင့်လေ၏။

ငါးမီတာခန့်ရှည်သော ပျက်စီးခြင်းကောင်းကင်နည်းစနစ် ကျောက်ခုံရှည်တစ်ခု ရှိလေသည်။ ကျောက်ခုံရှည်ပေါ်တွင် ပစ္စည်းမျိုးစုံနှင့် အရိုးသန့်စင်အစီရင်ပြား တင်ထားလေ၏။

ကျောက်ခုံရှည်၏အောက်တွင်မူ ပျက်စီးခြင်းစွမ်းအင်များ ဖွဲ့စည်းရာတွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို အထောက်အကူပေးသည့် ပိုမိုကြီးမားသော အစီအရင်တစ်ခု ရေးဆွဲထားသည်။

ထိုအရိုးသန့်စင်အခန်းကလည်း သီးခြားဖြစ်လေ၏။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လေ့ကျင့်ရန်အတွက် သီးခြားအခန်းများက ဆူညံနေသော ခန်းမများထက် ပိုမိုကာ သက်တောင့်သက်သာ ရှိလေသည်။

" ယီယွင်... မင်း ဒီအရိုးသန့်စင်အခန်းကို သုံးလို့ရတယ်။ ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော် ကျင်းပဖို့က နှစ်လလိုသေးတယ်။ ဒီနှစ်လအတွင်းမှာ ငါလည်း ကောင်းကောင်းကြိုတင်ပြင်ဆင်ဖို့ လိုတယ်။ ငါ မင်းကို သင်ကြားပေးဖို့ အချိန်အများကြီးမရှိဘူး "

စင်စစ်တွင် ပျက်စီးခြင်းကောင်းကင်နည်းစနစ် လက်ဖက်ရည်ပွဲတော်သည် လူငယ်တပည့်များ၏ ပြိုင်ဆိုင်မှုများက စုကျဲနှင့် အခြားဆရာသခင်များ၏ ပြိုင်ဆိုင်မှုများကဲ့သို့ အရေးမကြီးလှပေ။ ထို့ကြောင့် စုကျဲအဖို့ မဖြစ်မနေပင် ကြိုတင်ပြင်ဆင်ရမည်။

All Chapters