← Chapters

မကောင်းဆိုးဝါး ယီယွင်

Vol. 26 Ch. 375

မကောင်းဆိုးဝါး ယီယွင်

Vol. 26 Ch. 375

“မဟာမိတ်အဖွဲ့အကြောင်းက...”

အစောင့်က စကားလုံးစဥ်းစားကာ ပြောသည်... “ လက်ရှိမှာ လင်မိသားစုက အဲ့ဒီလိုရွေးချယ်မှုမျိုးနဲ့ တကယ်ကို ရင်ဆိုင်နေရတယ်။ ရာထူးမြင့်အကြီးအကဲထဲက အများစုကလည်း အဲ့ဒွရွေးချယ်မှုကို လိုလားနေကြတယ်...” ဘဏ္ဍာစိုးမှ ထိုသို့ပြောသည့်အခါ ယီယွင်စိတ်ပျက်အားငယ်သွားရသည်။

သူတို့က မဟာမိတ်ဖွဲ့ဖို့ကို တကယ်လုပ်နေကြတာပဲ။ ယီယွင် ထျန်းယွမ်ကမ္ဘာကို ရောက်လာသည်မှာ မကြာသေးပေ။ ထိုကမ္ဘာတွင် သူ၏ခွန်အားမှာ အတော်လေး နည်းပါးလှသည်။ သူတစ်ယောက်တည်း ကမ္ဘာတစ်ဝှမ်း ထွက်ပြေးရမှာလား။ အကယ်၍ သူထွက်ပြေးရမည်ဆိုလျှင် ရှန်းထူမိသားစု၏ မသေမချင်းလိုက်သတ်ခြင်းကို ရင်ဆိုင်ရနိုင်သည်။

“ သူတို့က အဲ့ဒီရွေးချယ်မှုကို လိုလားနေကြတာလား။ အဲ့ဒီလူမိုက်ကြီးတွေက ဘာတွေတွေးနေတာလဲ။ ရှန်းထူမိသားစုက ဘာမှမကောင်းဘူး။ သူတို့နဲ့ မဟာမိတ်ဖွဲ့တာက ကျားတစ်ကောင်ရဲ့ အရေခွံကိုတောင်းတာနဲ့ အတူတူပဲ မဟုတ်ဘူးလား ” စုကျဲက ချက်ချင်းပဲ ကျိန်ဆဲလိုက်သည်။

အစောင့်က ခါးသီးစွာပြုံးလိုက်ပြီး... “ အကြီးအကဲ စု ကျွန်တော် ပြောပါရစေ။ တကယ်တော့ ဒီကိစ္စက ခင်ဗျားနဲ့ပတ်သတ်တယ်...”

“အိုး ငါနဲ့ပတ်သတ်တာလား” စုကျဲ အံ့အားသင့်သွားသည်။

“ အတိအကျပြောရရင် အကြီးအကဲရဲ့တပည့် ရှင်းထုံနဲ့ပတ်သတ်နေတာ…”

လင်ရှင်းထုံလား။

ယီယွင်ရင်တွေ တဒိတ်ဒိတ်ခုန်လျှက်ရှိနေသည်။ ဒါက လင်ရှင်းထုံကို အိမ်ပြန်ခေါ်တာနဲ့ သက်ဆိုင်နေတာလား။ ထိုနောက် အစောင့်က နောက်ထပ်ပြောလာသော စကားများသည် ယီယွင်၏ ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်သည်။

“ အကြီးအကဲ စု... လင်ရှင်းထုံရဲ့ ယင်သွေးကြောကိစ္စကို အကြီးကဲ သိပါတယ်…” အစောင့်က ယီယွင်ကို ကြည့်လိုက်ပြီး သူ့စကားတွေကို လျှော့ချဖို့ရည်ရွယ်ချက်ဖြင့် ပြောလိုက်သည်။ ယီယွင်၏ရှေ့တွင် လင်ရှင်းထုံရဲ့ပြဿနာကို မဆွေးနွေးချင်ပေ။ သို့သော် စုကျဲက ယီယွင်အတွက် စိတ်ပူရန်မလိုဟူသောသဘောဖြင့် လက်ခါပြကာ..." တည့်တည့်ပြော "

“အိုး… သဘာဝ ယင်သွေးကြောရှိတာက လူတစ်ယောက်ဟာ အသက် ၅၀၀ အတွင်း သေရလိမ့်မယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ်ခံပညာလမ်းကြောင်းရဲ့ အဆုံးသတ်ပဲ။ ပြီးတော့ ဒါဟာ ကုသလို့မရတဲ့ ရောဂါတစ်ခုပဲ။”

“ အဲ့ဒီယင်သွေးကြောပြဿနာက မိုးကောင်းကင်ရဲ့ ကျိန်စာတစ်ခုပါပဲ။ ဒါပေမယ့်... တစ်စုံတစ်ယောက်က ကောင်းကင်ကို ဆန့်ကျင်ပြီး သဘာဝယင်သွေးကြောတွေကို ပေါင်းစည်းနိုင်ပြီဆိုရင် မယုံနိုင်စရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ ရှေးခေတ်တုန်းက သဘာဝယင်သွေးကြောတွေရဲ့ အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်းတဲ့ မဟာဧကရီတစ်ဦး ရှိခဲ့ပြီး သူမရဲ့ ကျင့်ကြံမှုအဆင့်ဟာ မြင့်တက်လာပြီး သူမရဲ့ မျိုးဆက်မှာ နံပါတ်တစ်ပုဂ္ဂိုလ် ဖြစ်လာခဲ့တယ်။ သူမရဲ့ ခွန်အားဟာ မယုံနိုင်လောက်အောင်ပဲ... မဟာဧကရီဟာ ကျုပ်တို့ခေတ်ရဲ့ လင်မိသားစုရဲ့ အဖွားတော်နဲ့ ရှန်းထူဘိုးဘေးတွေထက်တောင် အများကြီးပိုအားကောင်းတယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တယ်...”

“ပြီးတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ရှန်းထူမိသားစုဟာ လဆန်းကြယ်နယ်မြေတစ်ခုက ရှေးဟောင်းပျက်စီးခြင်းကောင်းကင်နည်းစနစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်။ ဒါဟာ ပြိုင်စံရှားမဟာဧကရီနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိတယ်...”

“ ရှန်းထူမိသားစုက အဲ့ဒီရှေးဟောင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်ဟာ လင်ရှင်းထုံရဲ့ ပိတ်နေတဲ့ယင်သွေးကြောတွေကို ပြန်ဆက်ပေးနိုင်တယ်လို့ ယုံကြည်ကြတယ်။ ဒါကြောင့် မိသားစုရဲ့ အဆင့်မြင့်ပိုင်းတွေက သူမကို ပြန်ခေါ်လာတာပါ "

“ ဒါပေမယ့် မိသားစုရဲ့ အဆင့်မြင့်ပိုင်းတွေ အဲ့ဒီနည်းစနစ်ကို သံသယဝင်နေကြတုန်းပဲ။

ဒါဟာ ရှေးဟောင်း ပျက်စီးခြင်းကောင်းကင်နည်းစနစ်တစ်ခုဖြစ်ပေမယ့် ပြိုင်စံရှားမဟာဧကရီ ချန်ထားခဲ့တာလို့ အတည်မပြုနိုင်ဘူး။ ပြီးတော့ ကုသနည်းက သဘာဝယင်ယင်သွေးကြောတွေကို တကယ်ပဲ ကုသနိုင်ရင်တောင် ရှန်းထူမိသားစုမှာ ပျက်စီးခြင်းအရိုးအမတေကို သန့်စင်နိုင်မယ်လို့ အာမခံချက်ရှိတယ်လို့ မိသားစုရဲ့ရာထူးမြင့်ပိုင်းတွေက မယုံကြည်ကြဘူး”

ထိုစကားများ ကြားလိုက်ရသောအခါ စုကျဲ အံ့အားသင့်သွားသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သူက လင်ရှင်းထုံကို နေရာအတော်များများကို ခေါ်သွားခဲ့သော်လည်း သူမ၏ သဘာဝယင်သွေးကြော ပြန်ဆက်ရန်နည်းလမ်းရှာမတွေ့ခဲ့ပေ။

ယခုတွင် ရှန်းထူမိသားစုက ရှေးဟောင်းမဟာဧကရီနှင့် ဆက်စပ်နေသည့် ပျက်စီးခြင်းကောင်းကင်နည်းစနစ် ဖော်စပ်နည်းတစ်ခုကို ရှာတွေ့ခဲ့သည်လို့ ကြေညာခဲ့သည်။ ယခင်က လင်ရှင်းထုံသည် လင်မိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ဥွးဖြစ်ပြီး နှစ်ပေါင်းတစ်ထောင်အတွင်း မမြင်ဖူးသော ပါရမီရှင်တစ်ဦးဖြစ်နိုင်သောကြောင့် အဖွားတော်၏ချစ်မြတ်နိုးမှုကို ခံခဲ့ရသည်။

သို့သော် သူမ၏ ပိတ်ဆို့နေသော သဘာဝယင်သွေးကြောများကြောင့် လင်မိသားစုတွင် သူမ၏အဆင့်အတန်းမှာ မြင့်မားခြင်းမရှိတော့ပေ။ လင်မိသားစုအတွက် အရာအားလုံးကို စည်းမျဉ်းများနှင့်သာ သွားရသည်။ ထိုစည်းမျဉ်းများက အေးစက်ရက်စက်သည်ဟုသာ ဖော်ညွှန်းရချေမည်။

မိသားစုကြီးများ၏ သားသမီးများသည် အမြဲတမ်းလိုပင် ယှဉ်ပြိုင်နေကြ၏။ လင်ရှင်းထုံက အဖွားတော်၏ချစ်ခင်မှုကို ခံခဲ့ရသောကြောင့် မနာလိုမှုများစွာ ဖြစ်ပေါ်ရသည်။ ထို့အပြင် လင်ရှင်းထုံသည် အသက်တူသောကံကြမ္မာရှိသောကြောင့် အခြေခံအားဖြင့် သူမက မသန်စွမ်းသူတစ်ဦးသာ ဖြစ်သည်။ ထို့ကြောင့် သူမသည် မိသားစုအတွင်း၌ ပျော်ရွှင်သောဘဝကို မနေထိုင်ခဲ့ရပေ။ ထို့ကြောင့်ပင် သူမ စုကျဲနှင့်အတူ လေ့ကျင့်ရေးခရီးထွက်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် လင်ရှင်းထုံ၏ ပိတ်ဆို့နေသော ယင်သွေးကြောများ ပြန်ဆက်သွားလျှင် သူမ၏အဆင့်အတန်းက လုံးဝကွဲပြားသွားလိမ့်မည်။ သဘာဝယင်သွေးကြောများ ပြောင်းလဲသွားပြီးသည်နှင့် လင်ရှင်းထုံ၏ အနာဂတ်သည် အကန့်အသတ်မရှိ ဖြစ်လာလိမ့်မည်။ ထိုအရာက လင်မိသားစု၏ သမိုင်းအတွက် ကောင်းမွန်သော အဖြစ်အပျက်တစ်ခုပင်။

“ အခြေအနေတွေ ဘယ်လိုရှိလဲ ” စုကျဲက လေးနက်သောအသံဖြင့် မေးလိုက်သည်။ သူ့အနေနှင့် ထိုကိစ္စနှင့်ပတ်သက်ပြီး မကောင်းတဲ့အရာများဖြစ်လာမည်ကို ကြိုခံစားမိနေသည်။ ရှန်းထူမိသားစုတွင် ထိုကဲ့သို့ ပျက်စီးခြင်းကောင်းကင်နည်းစနစ် ကုသနည်းရှိနေပါက လင်ရှင်းထုံ၏ ပိတ်ဆို့နေသော ယင်သွေးကြောတွေနှင့် အလကားပြန်ဆက်ပေးမည် မဟုတ်ချေ။ ထိုအထဲတွင် အခြေအနေတောင်းဆိုချက်များ ပါဝင်ပေလိမ့်မည်။

“ အဲ့ဒီအခြေအနေက လင်ရှင်းထုံကို ရှန်းထူမိသားစုနဲ့ လက်ထပ်ပေးဖို့ပဲ။ အဲ့ဒီအနေအထားအရဆိုရင် ရှန်းထူမိသားစုက အကျိုးကျေးဇူးအများကြီး ရိတ်သိမ်းနိုင်လိမ့်မယ်။ လင်ရှင်းထုံ၏ခန္ဓာကိုယ်က ထူးခြားပြီးတော့ အမျိုးသားတစ်ယောက်နဲ့ လိင်ဆက်ဆံတာက မဟာအခွင့်အရေးကောင်းတစ်ခု ဖြစ်လာလိမ့်မယ်။ အထူးသဖြင့် လင်ရှင်းထုံ၏ ပိတ်ဆို့နေတဲ့ ယင်သွေးကြောတွေ ပြန်ဆက်သွားခဲ့ရင် လင်ရှင်းထုံ၏ရှေးဦးယင်ကို ရရှိထားတဲ့ အမျိုးသားကို အကျိုးကျေးဇူးတွေ အများကြီးဖြစ်စေပြီးတော့ သူ့ရဲ့စွမ်းအားတွေကို နယ်ပယ်တစ်ခု တိုးမြင့်သွားစေလိမ့်မယ်။ အဲ့ဒီအမျိုးသားက လင်ရှင်းထုံ ထိုးထွင်းသိမြင်ထားတဲ့ ဥပဒေသတွေကိုတောင် ရသွားနိုင်တယ် "

“ အဲ့ဒီလိုသာဆိုရင် ရှန်းထူမိသားစုမှာ ရှန်းထူဘိုးဘေးထက် တစ်ဆင့်ပိုမြင့်တဲ် ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ထပ်ရှိလာလိမ့်မယ်။ ပုံမှန်အခြေအနေအရဆိုရင် အဲ့ဒီလူရဲ့ အနာဂတ်က ရှန်းထူဘိုးဘေးထက်တောင် ပိုပြီး အားကောင်းသွားလိမ့်မယ် "

“ ဒါ့အပြင် လင်ရှင်းထုံက ရှန်းထူမိသားစုနဲ့ လက်ထပ်လိုက်ရင် သူမဟာ ရှန်းထူမိသားစုဝင်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ရှန်းထူမိသားစုမှာ ပြိုင်ဘက်ကင်းပညာရှင်နှစ်ယောက် ချက်ချင်းပဲ ရသွားလိမ့်မယ် "

ယီယွင် နားလည်သွားသည်။ ရှန်းထူမိသားစု၏ လှည့်ကွက်က အလွန်ကောင်းမွန်လှသည်။

ယခုဆိုလျှင် ရှန်းထူမိသားစုသည် အားနည်းနေပြီဖြစ်ပြီး လင်မိသားစုနှင့် မဟာမိတ်ဖွဲ့ပြီးသည်နှင့် ထိုအားနည်းချိန်ကာလကို ကျော်လွှားနိုင်ပေလိမ့်မည်။ ထို့နောက်ပိုင်းတွင် ရှန်းထူဘိုးဘေးနှင့် အဆင့်တူသော ကလေးတစ်ယောက်နှင့် ပြိုင်စံရှားမဟာဧကရီတစ်ပါးကို ထပ်ရလာလိမ့်မည်။ ထိုသို့ဆိုလျှင် ရှန်းထူမိသားစုက ထျန်းယွမ်ကမ္ဘာကြီးထဲတွင် နံပါတ်တစ်မိသားစု ဖြစ်လာမည်မှာသေချာသည်။

“ လင်မိန်းကလေးရဲ့ အိမ်ထောင်ဖက်က ဘယ်သူလဲ” ယီယွင်က ရုတ်တရက်မေးလိုက်သည်။

အစောင့် မျက်မှောင်ကြုတ်လိုက်သည်။ အဓိကတောင်ထိပ်ရဲ့ အစောင့်တစ်ဦးဖြစ်သည့် သူ့၏အဆင့်အတန်းက အတော်လေးမြင့်မားသည်။

သူနှင့်စုကျဲ စကားပြောနေချိန်တွင် အမည်ခံတပည့်ငယ်တစ်ယောက်မှ ရုတ်တရက် ဝင်ပြောလိုက်သည်ကို သူ မကြိုက်ပေ။ ဒါ့အပြင် သူက သခင်မလင်ရှင်းထုံကို လင်မိန်းကလေးဟု ခေါ်ခဲ့သည်။ သူမက ဒီလို လွတ်လပ်စွာ ပြောဆိုနိုင်တဲ့သူလား။ စုကျဲ ရှိနေချိန်၌ ယီယွင်ကို ချက်ချင်း မဆုံးမနိုင်သော်လည်း မနှစ်မြို့ဖွယ် လေသံဖြင့် " အင်း... ရှန်းထူမိသားစုရဲ့ နံပါတ်တစ် သူရဲကောင်း ရှန်းထူနန်ထျန်းပါ။ သူတစ်ယောက်တည်းသာ သခင်မရှင်းထုံနဲ့ ထိုက်တန်ပါတယ် " ဟု မနှစ်မြို့ဖွယ် လေသံနဲ့ ပြန်ဖြေခဲ့သည်။

တကယ်ကို အဲဒီခွေးမသား ရှန်းထူနန်ထျန်းပဲ။

ယီယွင် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ တကယ်တော့ ရန်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက် လမ်းချင်း ဆုံမိတတ်ကြသည်။ ထျန်းယွမ်ကမ္ဘာကို ရောက်လာချိန်တွင် ရှန်းထူနန်ထျန်းနဲ့ ထိပ်တိုက်တွေ့မည်ကို သူ သိသော်လည်း သည်လောက် မြန်မြန်ဆန်ဆန် ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားပေ။

ထျန်းယွမ်ကမ္ဘာကို သူ မကြာသေးခင်ကမှ ရောက်လာပြီး ခြေထောက်နှင့်မြေကြီးကိုတောင် နွေးအောင်မထိရသေးခင် ရှန်းထူနန်ထျန်းနှင့် ပြန်လည်ချိတ်ဆက်မိသွားပြီ ဖြစ်သည်။

“ လင်ရှင်းထုံနဲ့လက်ထပ်ပြီး သူမရဲ့ သန့်စင်တဲ့ယင်ခန္ဓာကိုယ်က အသန့်စင်ဆုံး ရှေးဦးယင်ကို ရယူပြီးတော့ အဆင့်ကြီးတစ်ခုလုံး ချိုးဖြတ်ပြီး လင်ရှင်းထုံ ထိုးထွင်းသိမြင်ထားတဲ့ ဥဒေသတွေကိုလည်း ရယူဦးမယ်။ တစ်ချိန်တည်းမှာပဲ ဒီကောင်က ပြိုင်စံရှားမဟာဧကရီတစ်ပါးကို ဇနီးအဖြစ်ရရှိနိုင်မဲ့အပြင် ထျန်းယွမ်ကမ္ဘာရဲ့ နံပါတ်တစ်မိသားစုရဲ့ အာဏာရှိသူဖြစ်လာလိမ့်မယ်…”

“ ကောင်းတဲ့အရာအားလုံးက မင်းအပေါ်ကိုပဲ ကျရောက်လိမ့်မယ်။ အဲဒီအချိန်ကျရင် ငါ ဒေါသထွက်လွန်းပြီး သေသွားနိုင်တယ် မဟုတ်ဘူးလား” ယီယွင်ရဲ့မျက်နှာက မှုန်မှိုင်းမှိုင်းဖြစ်သွားသည်။

သူနှင့် ကျန်းရှောင်ယုတို့ ရှန်းထူနန်ထျန်းရဲ့သတ်ဖြတ်မှုကို ခံရလုနီးပါး ဖြစ်ခဲ့ရသည်။ နောက်ပိုင်း ရှန်းထူနန်ထျန်းကြောင့် ကျန်းရှောင်ယုနှင့် သူ ကွဲကွာသွားခဲ့သည်။ သူတို့နှစ်ယောက်ကြားမှ ကြီးမားတဲ့ရန်ငြိုးများအရ ရှန်းထူနန်ထျန်းက အကျိုးအမြတ်အားလုရရှိပြီး အလွန်တိုးတက်သွားမည်ကို ယီယွင်က အဘယ်သို့များ လက်ပိုက်ကာ ကြည့်နေပါမည်နည်း။

“ တကယ်ပဲ အဲဒီခွေးမသားပဲ ”

စုကျဲက ဆဲဆိုလိုက်သည်... "အဲဒီကောင်စုတ်လေး ရှန်းထူနန်ထျန်းက သိုးရေခြုံထားတဲ့ ဝံပုလွေပဲ။ ဒီကောင်က လူကောင်းမဟုတ်ဘူး။ ရှင်းထုံက ဒီကောင့်ကို ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ။ လင်မိသားစုရဲ့ ဆုံးဖြတ်ချက်ကရော ဘာတဲ့လဲ။ သူတို့ သဘောတူပြီးပြီလာ "

စုကျဲ၏မျက်နှာ မှိုင်းညို့နေသည်။ အစောင့်က ပြောသည်... "မဆုံးဖြတ်ရသေးဘူး... ဒါပေမယ့် အဆင့်မြင့်ပိုင်း အကြီးအကဲတော်တော်များများက သဘောတူချင်နေကြတယ်။

သဘောမတူသေးတဲ့ အကြီးအကဲတွေကတော့ ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်နည်းစနစ်ကို မြင်ချင်နေကြတယ်။ ရှင်းထုံရဲ့ ပိတ်ဆို့နေတဲ့ သဘာဝယင်သွေးကြောတွေကို ကုသနိုင်စွမ်းရှိလားဆိုတာ သူတို့ကို အရင်ဆုံးသက်သေပြရမယ် "

အစောင့်၏အဖြေက စုကျဲ၏ မျှော်လင့်ချက်နှင့် ကိုက်ညီသည်။ မိသားစုကြီးတစ်ခုသည် ထျန်းယွမ်ကမ္ဘာတွင် ရှင်သန်ရန်အတွက် မိသားစုစည်းမျဉ်းများကို လိုက်နာရမည်။ မိသားစု၏ပထမဆုံးစည်းမျဉ်းက အရာအားလုံးထက် မိသားစု၏အကျိုးစီးပွားကိုသာ ရှေ့တန်းတင်ရမည်။

မိသားစုမှ ပြိုင်စံရှားမဟာဧကရီတစ်ပါးကို မွေးဖွားနိုင်မည်ဆိုလျှင် လင်မိသားစုက ဒီကိစ္စကို အထမြောက်ဖို့ ဘာမဆို စွန့်လွှတ်မည်ဖြစ်သည်။

လင်မိသားစု အကြီးအကဲများ၏နောက်ဆုံး ဆုံးဖြတ်ချက်က မည်သူမှမငြင်းဆန်နိုင်သော အမြင့်ဆုံးအမိန့်ပင် ဖြစ်သည်။ ရှန်းထူမိသားစုမှ လင်ရှင်းထုံ၏ သဘာဝယင်သွေးကြောများကို ကုသပေးနိုင်ကြောင်း သက်သေပြနိုင်ပါက လင်းမိသားစုက လက်ထပ်ပွဲကို သဘောတူမည်ဖြစ်သည်။

မည်သူ ကန့်ကွက်ပါစေ အဓိပ္ပာယ်မရှိပါချေ။ စုကျဲ ဆယ်ယောက်ပင် လုံလောက်မည်မဟုတ်ပေ။ စဉ်းစားရင်း စုကျဲ သက်ပြင်းချလိုက်သည်။ သူလည်း အကူအညီမဲ့နေသည်။ သူ မတော်တဆ ယီယွင်ကို ပြန်ကြည့်လိုက်သည်။ ယီယွင်ရဲ့ မျက်နှာက မှိုင်းညို့နေတာကို သူမြင်လိုက်ရပေမယ့် သူ့မျက်လုံးတွေက တစ်ခုခုကို စဉ်းစားနေသလို တောက်ပနေတယ်။

“ ဒီသနားစရာကလေး... သူ ထွက်ပြေးရမလဲဆိုတာ စဉ်းစားနေတာဖြစ်မယ်...” စုကျဲက ယီယွင်ကို စာနာသည်။ ယီယွင်က တကယ်ကို ကံမကောင်းချေ။ တိုင်အာနတ်ပြည်ထောင်တွင် သူ ကောင်းမွန်စွာနေထိုင်ခဲ့ပြီး အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုတွေ အများကြီးရရှိမှာဖြစ်သော်လည်း ရုတ်တရက်ပေါ်လာသော သားရဲအုပ်ကြီးက တိုင်းပြည်ကို ပျက်စီးလုနီးပါး ဖြစ်စေခဲ့သည်။ ရှန်းထူနန်ထျန်းက သူ့ကို ပိတ်လှောင်ထားခဲ့ပြီး သေမင်းရဲ့လက်သည်းတွေကနေ လွတ်မြောက်အောင် မနည်းကြိုးစားခဲ့ရသည်။ ယခုအခါ သူ လင်မိသားစုသို့ ရောက်လာပြီး လင်းမိသားစုတွင် ဘေးကင်းစွာ နေထိုင်နိုင်သည်။ မိသားစုနှစ်ခုက ပဋိပက္ခရှိလေသောကြောင့် ရှန်းထူနန်ထျန်းကို မကြောက်ဘဲ လင်မိသားစုကို အားကိုးနိုင်၏။ သို့သော် လင်မိသားစုက ရှန်းထူမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစားနေတဲ့ အခြေအနေမျိုးမှာ သူ့ကို ထားခဲ့တယ်။ မိသားစုနှစ်စုဟာ နှစ်ပေါင်းများစွာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပေမဲ့ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း မဟာမိတ်တွေ ဖြစ်လာပုံရတယ်။

ကံမကောင်းတဲ့အခါ ရေအေးသောက်မိလို့ သွားတွေတောင် ကျွတ်သွားနိုင်တယ်။ သူ့ရန်သူဟာ ကြီးမားတဲ့ အခွင့်အရေးတစ်ခုနဲ့ အဆုံးမရှိ အကျိုးကျေးဇူးတွေ ရရှိတော့မှာဖြစ်ပြီး သူ့ရဲ့ ကျင့်ကြံမှုမှာ ဖောက်ထွက်ပြီး အလှတရားတစ်ခု ရရှိလာမှာ သူဟာ တစ်နေ့မှာ ထျန်းယွမ်ကမ္ဘာတစ်ခုလုံးရဲ့ အရှင်သခင် ဖြစ်လာနိုင်တယ်။ ယီယွင်အတွက်တော့ သူဟာ ထွက်ပြေးသူတစ်ယောက် ပြန်ဖြစ်လာပြီး အဆုံးမရှိ အမဲလိုက်ခံရတာကို ခံရဦးမှာပါ။ ဒါဟာ ဘဝရဲ့ အဆိုးရွားဆုံး ဖြစ်နိုင်တယ်။

စုကျဲ သက်ပြင်းချလိုက်သည်။ ယီယွင်ဟာ သနားစရာကောင်းတယ်လို့ သူ တကယ်ပဲ ထင်မိသည်။ လက်ရှိယီယွင်ဟာ အားနည်းလွန်းပြီး ကြီးထွားဖို့ရာ အခွင့်အလမ်းအရှိချေ။ ဒီလိုအခြေအနေမျိုးမှာ ယီယွင်မှာ ဇွဲလုံ့လရှိလျှင်ပင် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မယ်လို့ စုကျဲ မယုံကြည်ပါဘူး။ စုကျဲကိုယ်တိုင်ပင် မည်သည်ကိုမျှ ပြောင်းလဲလို့ မရပါဘူး။ လင်မိသားစုရဲ့ အထက်တန်းလွှာတွေရဲ့ ဆုံးဖြတ်ချက်က အဆုံးသတ်ပါပဲ။

ဒါဟာ လင်မိသားစုရဲ့ အနာဂတ်ကို တိုက်ရိုက် လွှမ်းမိုးခဲ့တဲ့ ကိစ္စပါ။ စုကျဲ ခေါင်းခါပြီး ယီယွင် ဆီမှအကြည့်လွှဲလိုက်သည်။ ယီယွင်အတွက်တော့ သူ့မျက်လုံးတွေက လှုပ်ရှားနေပြီး မကောင်းဆိုးဝါး အတွေးတစ်ခုက သူ့စိတ်ထဲမှာ ပေါ်လာသည်။ သူ နောက်တစ်ခါ ထွက်ပြေးချင်တာမျိုး မရှိဘူး။ သူဟာ ထွက်ပြေးတိမ်းရှောင်သူတစ်ယောက်ရဲ့ဘဝကို ဖြတ်သန်းရတာ လုံလောက်ပြီ။ အခုချိန်မှာတော့ လင်းမိသားစုရဲ့ အကြီးအကဲတိုင်းက သဘောတူညီထားတာမဟုတ်တဲ့အတွက် သူ့မှာ အချိန်ရှိပါသေးတယ်။

“ ရှန်ထူနန်ထျန်း... ငါ မင်းကို ပြဿနာမရှာဘူးဆိုရင် ငါ့ရဲ့ကိုယ်ပိုင်ကျင့်စဉ်ကို ဖျက်ဆီးပြီး ရဟန်းဝတ်လိုက်တော့မယ်”

ထိုအတွေးကို စိတ်ထဲမှာထားပြီး ယီယွင်၏ခေါင်းထဲတွင် အကြံဥာဏ် အများကြီးပေါ်လာသည်။ အလွန်ဆိုးရွားတဲ့ အတွေးတစ်ခုပင် ယီယွင်ရဲ့စိတ်ထဲ၌ ရုတ်တရက်ပေါ်လာသည်။

" ငါ ရှန်းထူနန်ထျန်းကို လင်ငယ်ဖြစ်အောင် လုပ်လိုက်မယ်ဆိုရင်ရော "

All Chapters