← Chapters

အကြံအစည်

Vol. 53 Ch. 785

အကြံအစည်

Vol. 53 Ch. 785

နှစ်ပေါင်းသိန်းချီကြာမှ တည်ထောင်သည့် ကောင်းကင်ရုံးတော်က တရားဝင်ရုံးတော်အစစ်ဖြစ်လာမည်ဟု လုယန်မျှော်လင့်မထားခဲ့။

သို့သော် သေချာတွေးကြည့်လျှင် အောင်းလင်းစကားကလည်း မမှား။

အောင်းလင်းစိတ်ထဲ ကောင်းကင်ရုံးတော်အဖွဲ့ဝင်တစ်ယောက်ကို နည်းနည်းဘဝင်မကျဖြစ်နေသည်။

"အကိုပြောတဲ့ ယွမ်ကျိဆိုတာ ဘယ်သူလဲတော့ ကျွန်မမသိဘူး။ ဒါပေမယ့်သူက တကယ်ဂိုဏ်းချုပ်လား။ မသေမျိုးအမထက် ရာထူးတစ်ဆင့်ပဲနိမ့်ပြီး လျန်ယိထက်တောင် ရာထူးမြင့်နေပါလား"

လုယန်ရှင်းပြရန်ပြင်နေစဉ် နတ်မယ်က ကြားဖြတ်ဝင်ပြောသည်။

"ရှောင်ယွမ်က ငါ့ရဲ့အဓိကရန်သူပါ။ သူနဲ့ငါက စွမ်းအားချင်းအတူတူလောက်ပဲ။ ငါ့မူလစွမ်းအား ပြန်ရတဲ့အခါ ငါရယ်၊ နင်ရယ်၊ ဒုခေါင်းဆောင်ရယ်၊ လျန်ယိရယ် လေးယောက်အတူပေါင်းပြီး တိုက်ခိုက်ရင် ရှောင်ယွမ်ကို သေချာပေါက်နိုင်မှာပါ"

လုယန် နတ်မယ်ကို တအံ့တဩလှမ်းကြည့်သည်။ ဘာကြောင့် သူ့ကိုပြဿနာထဲ ဆွဲထည့်သည်မသိ။

နတ်မယ်က သူ့အတွေးကို ရိပ်စားမိဟန်ဖြင့်

"နင်က ဒုခေါင်းဆောင်ပဲလေ။ ငါတို့အားလုံး သေအတူရှင်မကွာ ကောင်းအတူဆိုးအတူ ဖြစ်ရမှာပေါ့"

ဒုခေါင်းဆောင်ဖြစ်၍ ပေးဆပ်ရသည့်တန်ကြေးက များလွန်းသည်ထင်သည်။

..ကျုပ်ခင်ဗျားကို အသက်သွင်းပြီးတဲ့အချိန်ကစလို့ တစ်ရက်ကလေးတောင် စိတ်ချမ်းချမ်းသာသာနေခဲ့ရဖူးလို့လား...

"ဒီလောက်ပါရမီထူးခြားတဲ့လူမျိုး ရှိတယ်ပေါ့"

အောင်းလင်း အံ့ဩမိသည်။ မသေမျိုးအမက အဓိကရန်သူဟု သတ်မှတ်ထားသည့် ဤမျိုးဆက်သစ်ကို အထင်သေး၍မရ။

"လျန်ယိက သူနဲ့လက်ရည်စမ်းပြီးပြီ"

နတ်မယ်ကပြောသည်။

"အဆုံးသတ်က ဘယ်လိုလဲ"

"သရေပါ"

နတ်မယ် အလေးအနက်လေသံဖြင့်ပြောသည်။

အောင်းလင်း စိတ်သက်သာရာရသွားသည်။ ထိုယွမ်ကျိသည် ထင်ထားသလောက်ရင်ဆိုင်ရခက်မည့်ပုံမရှိ။

"အမလင်း၊ ဒီပုလဲထဲကနေ ထွက်ကြတော့မလား"

ပုလဲအတွင်းပိုင်းပတ်ဝန်းကျင်က နှစ်လိုဖွယ်ကောင်းပါသည်။ တစ်ကိုယ်တော်ကျင့်ကြံသူတို့ သဘောကျလောက်သည့်နေရာမျိုးဖြစ်သည်။

သို့သော် ဤနေရာတွင် အမြဲနေဖို့မဖြစ်နိုင်။

"ထွက်မှာပေါ့"

အောင်းလင်းခေါင်းငြိမ့်သည်။ ထို့နောက် ပြန်မေးသည်။

"ဒါပေမယ့် ဘယ်လိုထွက်ကြမှာလဲ"

ဤအတွင်းပိုင်းနယ်မြေကို ချီလင်မသေမျိုး ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထွက်ဖို့နည်းလမ်းမဆိုထားနှင့်။ ဤနေရာအကြောင်း နတ်မယ်နှင့်အောင်းလင်းပင်မသိ။

လုယန် "..."

နတ်မယ်က ယုံကြည်ချက်အပြည့်ဖြင့် ကြေညာသည်။

"လွယ်ပါတယ်။ ဒါက ပုလဲပျက်တစ်ခုပဲလေ။ ခွဲလိုက်ရုံပေါ့။ ဒါဆိုအပြင်ထွက်လို့ရပြီပဲ"

အပြင်ဘက်မျှ ပုလဲကိုအတင်းဖျက်ဝင်လျှင် အတွင်းလေဟာနယ် နေရာပြောင်းသွားမည်။ သို့သော် အတွင်းမှ အပြင်သို့ချိုးဖျက်ဖို့တော့ ပြဿနာမရှိလောက်။

လုယန် အံ့အားသင့်သွားသည်။ ဤပုလဲသည် ကြယ်ကမ္ဘာတစ်ခုလုံးကို သန့်စင်ထားသည့် မသေမျိုးရတနာဖြစ်သည်။ အဆိပ်အားလုံးကို ဖြေနိုင်သည်။ အထဲတွင် ကမ္ဘာငယ်တစ်ခုပါသည်။

"အဲလိုတော့ မလုပ်သင့်ဘူးထင်ပါတယ်"

မသေမျိုးရတနာကို သာမန်ပစ္စည်းတစ်ခုလို ခွဲပစ်ဖို့ပြောခြင်းသည် အတော်လေးတန်ဖိုးမသိရာကျသည်။

"ဒါဆို နင့်မှာ တစ်ခြားအကြံတစ်ခုခုရှိလို့လား"

လုယန် ခေါင်းကုတ်သည်။ သူက ပို၍ပင်မသိ။

"ဒါနဲ့...ကျုပ်ဒီထဲကို ရောက်တဲ့အချိန်မှာ ဒီပုလဲက အဆက်မပြတ်ပျံသန်းနေတာ။ အခုဘယ်နေရာကို ရောက်နေလဲမသိဘူး"

....

ဖန်လိုင်ကျွန်းအတွင်းပိုင်း နဝမအဆင့်ဝိညာဉ်ကြောဗဟိုတွင်ဖြစ်သည်။

အရှေ့ပင်လယ်မှ လူသားမျိုးနွယ် ကူးဖြတ်ခြင်းအဆင့်သုံးယောက် လျှို့ဝှက်စုဝေးနေသည်။

"အကိုကြီး၊ ကျုပ်တို့ တကယ်လှုပ်ရှားတော့မှာလား"

ထိုမေးခွန်းမေးသူက ယင်ကျိုးကျွန်းသခင်ဖြစ်သည်။

တောင်သုံးလုံးအရှင် သက်ပြင်းတစ်ချက်ချသည်။

"တစ်ခြားရွေးချယ်စရာမရှိဘူးလေ။ ငါက ယုံကြည်မှုစွမ်းအားထဲမှာ နစ်မြုပ်နေပြီ။ ဒီထဲကနေ ရုန်းထွက်လို့မရတော့ဘူး။

အရိယဖလသန္ဓေတည်ဆောက်တာကို အထောက်အပံ့ဖြစ်ဖို့ နေရာစုံက ယုံကြည်မှုစွမ်းအားတွေကိုယူပြီး မသေမျိုးတစ်ဝက်အဆင့်ကို ငါရောက်လာတာ။

ယုံကြည်မှုစွမ်းအားမှာ အားနည်းချက်တွေလည်းရှိတယ်။ ငါ့ကို အဆင့်မြင့်ပုဂ္ဂိုလ်တစ်ယောက်က ရှိခိုးလို့ သွေးအန်ခဲ့ရပြီးပြီ။

ဒါပေမယ့် ဒါက သိပ်မဆိုးလှသေးဘူး။ ဒီလိုစွမ်းအားရှင်တွေက ငါ့ကို နေ့တိုင်းရှိခိုးနေမှာမဟုတ်ဘူး။ ကြုံတောင့်ကြုံခဲ တိုက်ဆိုင်သွားတာ။

အဆိုးဆုံးက ယုံကြည်မှုစွမ်းအားတွေ လွှမ်းမိုးနေလို့ ငါ့ရုပ်ခန္ဓာကို မထိန်းချုပ်နိုင်တဲ့ကိစ္စပဲ။ လှုပ်ရှားမှုတိုင်းက ယုံကြည်သူတွေရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနေရတယ်"

ခန္ဓာကိုယ်က သူ့အမိန့်ကိုမနာခံဘဲ သူ့ဆန္ဒကိုဆန့်ကျင်ခဲ့သည့်အဖြစ်မျိုး အကြိမ်ကြိမ်ကြုံခဲ့ရသည်။

"ငါ့ရုပ်ခန္ဓာက ငါလုံးဝထိန်းချုပ်လို့မရတော့သလောက် ဖြစ်နေပြီ။ နည်းနည်းထိန်းချုပ်နိုင်တုန်း ဒီအခြေအနေကနေလွတ်မြောက်အောင်လုပ်မှဖြစ်မယ်"

သူမသေမျိုးတစ်ဝက်ဖြစ်လာသည့်အကြောင်းကို ဖန်ကျန်းကျွန်းသခင်နှင့် ယင်ကျိုးကျွန်းသခင်သာ သိသည်။

ဆိုးဝါးသည့်အခြေအနေကြောင့်သာမဟုတ်လျှင် ဟိုအရင်ကတည်းက မသေမျိုးတစ်ဝက်အဖြစ် အများသိကြေညာ၍ အရှေ့ပင်လယ်ကို သိမ်းပိုက်ခဲ့ပြီးဖြစ်လိမ့်မည်။

"ငါ့နာမည်ပျက်အောင် ငါ့သမီးကို မကောင်းတာတွေလုပ်ခွင့်ပေးပြီး ကြိုးစားကြည့်တယ်။ ဒါပေမယ့် ငါ့အပေါ် အရှေ့ပင်လယ်ကျင့်ကြံသူတွေရဲ့ယုံကြည်မှုက အမြစ်ခိုင်နေပြီ။

မကောင်းတာနည်းနည်းလုပ်ရုံနဲ့ ငါ့ကိုအဆိုးမြင်လာအောင် လုပ်လို့မရတော့ဘူး"

"အရှေ့ပင်လယ်မှာ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူတွေ မနည်းလှပါဘူး။ ဘာကြောင့် နဂါးအိုအင်ပါယာကိုမှ အကိုကြီးပူးကပ်ချင်ရတာလဲ။

အရှေ့ပင်လယ်ကူးဖြတ်ခြင်းအဆင့်ထဲမှာ သူကစွမ်းအားအကြီးဆုံးဆိုပေမယ့် သူ့သက်တမ်းက ကုန်ခါနီးနေပါပြီ"

ဖန်ကျန်းကျွန်းသခင်က မေးသည်။

တောင်သုံးလုံးအရှင် လမ်းယမ်းပြသည်။

"အဲဒီ့ကိစ္စ စိုးရိမ်စရာမလိုပါဘူး။ မသေမျိုးတစ်ဝက်နဲ့ မသေမျိုးအစစ်က မတူဘူး။ မသေမျိုးတွေရဲ့ ကျင့်စဉ်စွမ်းအားက ဝိညာဉ်ရော ခန္ဓာကိုယ်မှာပါရှိတယ်။

မသေမျိုးတစ်ဝက်ရဲ့ ကျင့်စဉ်စွမ်းအားကျတော့ ဝိညာဉ်မှာပဲရှိတယ်။ အရိယဖလသန္ဓေက ဝိညာဉ်မှာတည်တယ်။ နဂါးအိုအင်ပါယာကို ငါပူးကပ်လိုက်ရင်လည်း ငါကမသေမျိုးတစ်ဝက် ဖြစ်နေဦးမှာပဲ။

နဂါးအိုရဲ့ သက်တမ်းလည်း နှစ်တစ်သောင်းကနေ နှစ်တစ်သိန်းထိ ခုန်တက်သွားမှာ။ သက်တမ်းပြဿနာအတွက် စိုးရိမ်စရာမလိုဘူး။

ပြီးတော့ နဂါးအိုက နဂါးမျိုးနွယ်တစ်ခုလုံးကို အမိန့်ပေးနေတဲ့လူ။ နဂါးမျိုးနွယ်ဆိုတာက နဂါးဘိုးဘေးအောင်းလင်း မွေးဖွားခဲ့တဲ့မျိုးနွယ်ပါ။ ချီလင်မသေမျိုးရဲ့ဇနီးဆိုတာကိုတောင် ထည့်မပြောသေးဘူး။

ဒီတော့ နဂါးမျိုးနွယ် ဘယ်လောက်ချမ်းသာလဲဆိုတာ တွေးကြည့်ပေါ့။ ဝိညာဉ်ကျောက်တွေတင်မဟုတ်ဘူး။ မသေမျိုးတစ်ဝက်အဆင့်၊ မသေမျိုးအဆင့်ရတနာတွေတောင် ရှိနိုင်တယ်။

နဂါးအိုအမြဲတမ်းရစ်ပတ်ထားတဲ့ ကျောက်တိုင်လိုမျိုးပေါ့။ အဲဒါက အနည်းဆုံး မသေမျိုးတစ်ဝက်အဆင့်ရှိတဲ့ ရတနာပဲ။

နဂါးအိုကို ငါဝင်ပူးကပ်လိုက်တာနဲ့ ဒါတွေအားလုံး ငါတို့အပိုင်ဖြစ်လာမှာ"

သူ့စကားကြောင့် ကျန်သည့်ကျွန်းသခင်နှစ်ယောက် သွေးများဆူပွက်လာသည်။

"ဒီအဘိုးကြီးက ကျောက်တိုင်ကနေမခွာတာ ဆိုးတယ်။ သူ့မွေ့နေ့စားသောက်ပွဲကျမှပဲ ငါတို့လှုပ်ရှားလို့ရမှာ"

တောင်သုံးလုံးအရှင် သက်ပြင်းချသည်။ နဂါးနန်းတော်၏အင်အားကို ခန့်မှန်း၍မရ။ မသေမျိုးတစ်ဝက်ဖြစ်သည့်တိုင် လက်လွတ်စပယ်မလှုပ်ရှားရဲ။

ဖန်ကျန်းကျွန်းအရှင်က ထပ်မေးသည်။

"ဒါပေမယ့် လူအများရှေ့မှာ နဂါးအိုကို ဝင်ပူးကပ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ အားလုံးမြင်ကြမယ်ဆိုရင် ပူးကပ်ရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။

ဒါကို အသာထားဦး။ ပိုအရေးကြီးတာက အကိုကြီးရဲ့ အရိယဖလသန္ဓေကလည်း သူ့ကိုပူးကပ်တဲ့အခါ အကူအညီဖြစ်မှာမဟုတ်ဘူး။ အကိုကြီးရဲ့ဝိညာဉ်စွမ်းအားကလည်း နဂါးအိုလောက် အားမကောင်းဘူး။ အဲဒါကို ဘယ်လိုလုပ်မှာလဲ"

တောင်သုံးလုံးအရှင် အေးစက်စက်ပြုံးသည်။ ထိုအတွက် သူကြိုပြင်ဆင်ထားပြီးဖြစ်သည်။

"ဖန်ကျန်းသခင်၊ ယင်ကျိုးကျွန်းပေါ်က 'မဟာလေဟာနယ်မသေမျိုးမြက်'ကို မင်းမေ့နေ့ပြီလား"

ဖန်ကျန်းသခင် အံ့အားသင့်သွားသည်။

"မဟာလေဟာနယ်မသေမျိုးမြက်..."

ထာဝရအသက်ကိုပေးနိုင်သည့် မသေမျိုးမြက်တစ်ပင် ယင်ကျိုးကျွန်း အဋ္ဌမအဆင့်သွေးကြောထဲတွင် ပေါက်နေကြောင်း ကောလဟာလရှိသည်။

ရှေးဟောင်းခေတ်အတွင်း အမြဲစိမ်းအရှင်(အချိန်မသေမျိုး)က စိုက်ပျိုးခဲ့သည်ဟု ဆိုသည်။

သို့သော် အမှန်တော့ အများပြောသလိုတော့မဟုတ်။ မဟာလေဟာနယ်မသေမျိုးမြက်သည် စိတ်အာရုံထင်မှားမှုများကို ဖြစ်စေသည်။

ထိုမြက်ပင်ကြောင့် အဆိပ်သင့်သူများ ပုံရိပ်ယောင်နယ်မြေတစ်ခုသို့ ကျသွားသည်။ စိတ်ကူးအိပ်မက်ထဲတွင် ကိုယ့်ကိုယ်ကို မသေမျိုးဟု ယုံကြည်လာသည်။

ထိုသို့ဖြင့် 'ထာဝရအသက်ကိုပေးနိုင်သည့်မသေမျိုးမြက်'ဟူသည့် ကောလဟာလ ပေါ်လာခြင်းဖြစ်သည်။

ထိုမြက်ပင်၏အဆိပ်သည် မသေမျိုးတစ်ဝက်များကိုပင် ဒုက္ခပေးနိုင်စွမ်းရှိသည်။ အလွန်တရာကြောက်စရာကောင်းသည်။

ရှည်လျားသည့်နှစ်ကာလအတွင်း ယင်ကျိုးသခင်က ထိုမြက်ပင်၏အဆိပ်ကို ဖြေနိုင်သည့်နည်းလမ်း ရှာတွေ့ထားပြီးဖြစ်သည်။

"လေဟာနယ်မသေမျိုးမြက်ကို မွေ့နေ့ပွဲမှာ လက်ဆောင်အဖြစ်ပေးလိုက်ရုံပါပဲ။ နဂါးအို အငိုက်မိသွားမှာပါ။ အဲဒါဆို ငါတို့ကလွဲလို့ နဂါးအိုနဲ့ကျန်တဲ့လူအားလုံး အဆိပ်သင့်ပြီး ပုံရိပ်ယောင်နယ်မြေထဲ ရောက်သွားမယ်။

ဒီအဆိပ်က ဝိညာဉ်ကိုတောင် ထိခိုက်အောင်လုပ်နိုင်တယ်။ အဲဒီ့အချိန်ကို အခွင့်ကောင်းယူပြီး နဂါးအိုကို ငါပူးကပ်လိုက်မယ်။ အဲဒီ့နောက်ပိုင်း မွေးနေ့ပွဲမှာ ဘာဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှသိတော့မှာမဟုတ်ဘူး"

နဂါးအိုကိုပူးကပ်ဖို့ တောင်သုံးလုံးအရှင် အချိန်ကြာမြင့်စွာ ပြင်ဆင်ခဲ့သည်။ ဖြစ်နိုင်ခြေအားလုံးကို ကြိုတွက်ပြီး စိတ်ချရအောင် စီစဉ်ထားသည်။

********************************

All Chapters